အိမ်ထောင်စု (၆၀၀၀) နီးပါးကို လျှပ်စစ်ဓာတ်အားပေးနိုင်မည့် နန့်ပင အသေးစား ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်နေ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင် ၊ ဟုမ္မလင်းမြို့နယ်၊ နန့်ပငချောင်းပေါ်တွင် ရေထိန်းတမံတည်ဆောက်၍ ရေသို လှောင်ပြီး ရရှိရေအားအမြင့်ကို အသုံးချလျက် (၆)မဂ္ဂါဝပ် ထွက်ရှိမည့် အသေးစား ရေအားလျှပ်စစ်တည်ဆောက်လျက်ရှိသည်။
အဆိုပါ စီမံကိန်းမှ ထွက်ရှိလာမည့် လျပ်စစ်ဓာတ်အားကို ဟုမ္မလင်းမြို့နှင့် အနီးပတ်ဝန်းကျင်ကျေးရွာ (၂၆)ရွာရှိ အိမ်ထောင်စု (၅၉၇၀)ခန့်ကို ဓါတ်အားထုတ်လုပ်ဖြန့်ဖြူးနိုင်မည်ဖြစ်ကြောင်း သိရသည်။
နမ့်ပင အသေးစား ရေအားလျှပ်စစ်စီမံကိန်းသည် ဟုမ္မလင်းမြို့၏ အနောက်ဘက် (၇.၅) မိုင်ခန့်အကွာ၊ နားသကျိုက်ကျေးရွာအနီးတွင် တည်ရှိကာ Concrete Gravity Dam တမံ အမျိုးအစားဖြစ်ကာ တပ်ဆင်စက်အင်အားမှာ (၆) မဂ္ဂါဝပ်မှ နှစ်စဉ် လျှပ်စစ်ဓာတ်အား (၃၄.၆၈) သန်းကီလိုဝပ်နာရီ ပျဉ်းမျှထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

image