KNPP/KNDF အဖွဲ့နှင့် PDF ဖျက်ဆီးတိုက်ခိုက် သတ်ဖြတ်မှုကြောင့် နှစ်နစ်ခန့်ပိတ်ထားရသော လွိုင်ကော်တက္ကသိုလ်တွင် အဝေးသင် သင်တန်း ပြန်လည်ဖွင့်လှစ်မည်

အောက်တိုဘာ ၅

KNPP/KNDF အဖွဲ့နှင့် PDF ဖျက်ဆီးတိုက်ခိုက် သတ်ဖြတ်မှုကြောင့် နှစ်နစ်ခန့်ပိတ်ထားရသော လွိုင်ကော်တက္ကသိုလ်တွင် အဝေးသင် သင်တန်း တက်ရောက်ရမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာနက ယနေ့ကြေညာသည်။

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ တောင်ကြီးတက္ကသိုလ်၏ ၂၀၂၅ ပညာသင်နှစ် အဝေးသင် သင်တန်းတွင် ကျောင်းအပ်နှံထားသော လွိုင်ကော်တက္ကသိုလ် (အဝေးသင်သင်တန်း) မှ ကျောင်းသား၊ ကျောင်းသူများသည် ၂၀၂၅ ပညာသင်နှစ်၊ ဒုတိယအသုတ်နှင့် တတိယအသုတ် အနီးကပ်သင်တန်းနှင့် စာမေးပွဲများကို လွိုင်ကော်တက္ကသိုလ်တွင် တက်ရောက်ဖြေဆိုကြရမည် ဖြစ်သည်။

KNPP/KNDF အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများက ကယားပြည်နယ်အတွင်း အစိုးရ၏အုပ်ချုပ်မှုယန္တရား ပျက်ပြားစေရန် ရည်ရွယ်၍ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှ စတင်ကာ လူနေအဆောက်အဦများ၊ ဘာသာရေး၊ ကျန်းမာရေး၊ ပညာရေးဆိုင်ရာ အဆောက်အဦများကို အကာအကွယ်ရယူ၍ အဖျက်အမှောင့်လုပ်ရပ်များကို လုပ်ဆောင်ခဲ့ကြသည့်အပြင် ၂၀၂၃ ခုနှစ် စက်တင်ဘာ ၁၃ ရက်နှင့် ၁၄ ရက်တို့တွင် စစ်ရေးနှင့်သက်ဆိုင်သော ပစ်မှတ်မဟုတ်သည့် ကယားပြည်နယ် လွိုင်ကော်တက္ကသိုလ်အား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရည်ရွယ်ချက်ရှိရှိ လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ကာ ပညာရေးဆိုင်ရာ အဆောက်အဦများ ဖျက်ဆီးခြင်းများကို လုပ်ဆောင်ခဲ့ကြသည်။

ထို့ပြင် လွိုင်ကော်တက္ကသိုလ်တွင် တာဝန်ထမ်းဆောင်နေသည့် ပါမောက္ခချုပ်အပါအဝင် ဆရာ/ဆရာမများနှင့် ပညာရေးဝန်ထမ်း ၁၃၂ ဦးနှင့်အတူ မှီခိုသူမိသားစုဝင် ၆၄ ဦး၊ စုစုပေါင်း ၁၉၆ ဦးနှင့် ကျောင်းသားများကို အသုတ်လိုက် အတင်းအဓမ္မ ဖမ်းဆီးချုပ်နှောင် ခေါ်ဆောင်သွားခြင်းခံခဲ့ရသလို ဆရာ၊ ဆရာမအချို့ကိုလည်း သတ်ဖြတ်လိုက်ကြသဖြင့် ထိုအချိန်မှစကာ လွိုင်ကော်တက္ကသိုလ် မဖွင့်လှစ်နိုင်တော့ဘဲ ၂၀၂၄ ခုနှစ်အတွင်း အကြမ်းဖက်သမားများကို ရှင်းလင်းပြီးနောက်တွင်လည်း ယင်းတို့ဖျက်ဆီးခဲ့သော လွိုင်ကော်တက္ကသိုလ်၏ ၃ ထပ် ပင်မဆောင် ၊ ၂ ထပ် ဘွဲ့နှင်းသဘင်ခန်းမ၊ ၂ ထပ် စာသင်ဆောင်များ၊ ရေသန့်စနစ်နှင့် လျှပ်စစ်ကဏ္ဍဆိုင်ရာ ဆက်စပ်ပစ္စည်းများ၊ ၂ ထပ် ဆရာ၊ ဆရာမများဆောင်၊ အရာရှိ အိမ်ရာ၊ ၄ ခန်းတွဲ ၂ ထပ် ဝန်ထမ်းအိမ်ရာများ၊ ၄ ခန်းတွဲ ၄ ထပ်၊ ၈ ခန်းတွဲ ၂ ထပ် ဝန်ထမ်းအိမ်ရာများ၊ ပါမောက္ခချုပ်နေအိမ်၊ ဒုတိယပါမောက္ခချုပ်နေအိမ်များ၊ ၂ ထပ် ကျောင်းသား ကျောင်းသူ ဆောင်များ၊ အားကစားရုံနှင့်အားကစားခန်းမ၊ ၂ ထပ် စာကြည့်တိုက်များ၊ ၂ ထပ် ကျောင်းသားကျောင်းသူ နားနေဆောင်ပျက်စီးခဲ့မှုများကို ပြန်လည်ပြုပြင်နေရသဖြင့် ယခုမှသာ အဝေးသင် သင်တန်းများ ပြန်လည်ဖွင့်လှစ်နိုင်ခြင်းဖြစ်သည်။

KNPP/KNDF နှင့် PDF များက လွိုင်ကော်တက္ကသိုလ်ကို စီးနင်းချိန်က ပညာရေးဝန်ထမ်းများကို စစ်ပွဲကြားမှ ကယ်ထုတ်သည်ဟု လိမ်လည်ခဲ့သော်လည်း နောက်ပိုုင်းတွင် ပါမောက္ခချုပ်အပါအဝင်အများအပြားကို ဖမ်းဆီးထောင်ချကာ ငွေဒဏ်ရိုက်မှု၊ ဖမ်းဆီးသွားသော ဆရာ၊ ဆရာမများ ဝန်ထမ်းမိသားစုများထံမှ ရွှေ၊ ငွေ၊ ဖုန်းပါရှိသမျှ လုယက်ထားခဲ့လိုက်ကြသည်။

Credit - Myanmar Transparency News Agency

#centralnewsnaypyitaw

image
image
image
image

ရန်ကုန်ကနေ မန္တလေးကို မိသားစုသုံးဦး အလုပ်ရှာ‌ဖွေဖို့ ထွက်လာရင်း လူကွဲသွားရာက သားဖြစ်သူ အသက် ၁၂ နှစ်အရွယ် မောင်ဘုန်းမင်းခန့်ကို လူမှုကူညီရေး အသင်းက စောင့်ရှောက်ပေးထားရပြီး မိသားစုဝင်များ သိရှိဆက်သွယ်ရန် အကူအညီတောင်းခံ

အောက်တိုဘာ ၅

မိသားစု သုံးယောက် ရန်ကုန်ကနေ မန္တလေးကို အလုပ်ရှာ‌ဖွေလုပ်ကိုင်ဖို့ ထွက်လာရင်း လူကွဲသွားပြီး သားဖြစ်သူ အသက် ၁၂ နှစ်သားအရွယ်မှာ လူမှုကူညီရေး အသင်းထံရောက်ရှိနေတာကြောင့် လူမှုကူညီရေးအသင်းက ဆိုရှယ်မီဒီယာပေါ် မိသားစုဝင်တွေ တွေ့ရှိနိုင်ဖို့ အသိပေးတင်ပြလာပါတယ်။

အဆိုပါ ကလေးရဲ့နာမည်က မောင်ဘုန်းမင်းခန့် ‌(ခေါ်) ထွန်းလင်းနိုင်လို့သိရပြီး မိဘတွေက အဖ ဦးအောင်ကျော်ဦး၊ အမိ ဒေါ်သီသီလွင်တို့ဖြစ်တယ်လို့ ဆိုပါတယ်။ သူတို့တွေက ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ ပတ္တမြားရပ်ကွက်မှာ နေထိုင်ပြီး အလုပ်နဲ့လာရင်း မိဘတွေနဲ့ကွဲသွားတာကြောင့် မြရည်နန္ဒာလူမှုကယ်ဆယ်ရေးအဖွဲ့ က စောင့်ရှောက်ထားပါတယ်။

မြရည်နန္ဒာလူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူက "ကလေးက ပြောတာတော့ သူ့အမေက သူ့ကို ထားခဲ့တယ်ပြောတာပဲ။ ရထားပေါ် အိတ်ကျန်ခဲ့လို့ ဆိုပြီး ပြန်တက်ယူပြီး သူ့ကို ချန်ခဲ့တာတဲ့။ ကျွန်တော်တို့ဆီ မရောက်ခင် ရပ်ကွက် လမ်းပေါ်သွားနေတာ သုံးရက်ရှိပြီတဲ့။ ထမင်းလည်း မစားရသေးဘူးတဲ့။ ကျွန်တော်တို့ကတော့ ယုံတော့ မယုံပါဘူး။ ကလေးပြောတာဆိုတော့လေ။ ကျွန်တော့်ဆီ ရပ်ကွက်အုပ်ချုပ်ရေးမှူးက မနက် ၈ နာရီလောက် (၄.၁၀.၂၀၂၅ ရက်နေ့ မနက် ၈ နာရီ ) လာအပ်တာ။ ရောက်ရောက်ချင်း လက်ဖက်ရည်နဲ့ နံပြား သူစားချင်တာ ကျွေးထားပါတယ်" လို့ ဆိုပါတယ်။

မိဘနဲ့ ကွဲကွာလာသူ သားငယ် မောင်ဘုန်းမင်းခန့် ‌(ခေါ်) ထွန်းလင်းနိုင်က "သူ့ကို ရန်ကုန်ပြန်တဲ့ ကားပေါ်သာ တင်ပေးပါ။ သူ ရန်ကုန်ရောက်ရင် ရွှေပြည်သာက သူတို့နေထိုင်ခဲ့တဲ့ အိမ်ကို လမ်းလျှောက်ပြီး‌တောင် ပြန်နိုင်‌ကြောင်းနဲ့ ၊ ဆွေမျိုးသားချင်း‌ တွေရှိပါတယ်လို့ ဆိုပေမယ့် မြရည်နန္ဒာ အသင်းအနေနဲ့ ကလေးကို မိဘ ဆွေမျိုးတစ်ဦးဦးက ဆက်သွယ် ခေါ်ယူတာမျိုးမဟုတ်ရင် လက်လွတ်စပယ် ဘယ်ကို မှ ပေးသွားမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

မြရည်နန္ဒာ လူမှုကူညီရေး အသင်းတာဝန်ရှိသူက "မိဘ ‌ဆွေမျိုး တစ်ဦးဦးက ဆက်သွယ်လာရင်တော့ ကျွန်တော်တို့ မိတ်ဖက်အသင်းတွေနဲ့ ချိတ်ဆက်ပေးပြီး ကလေးပြန်ပို့တာ ဖြစ်ဖြစ်၊ ကားပေါ်တင်ပေးရတာဆိုရင်လည်း ကားနံပါတ်ကအစ သေချာမှတ်ပြီး ဝင်ထွက်ချိန်၊ ရောက်ချိန် ဒါတွေကအစ စနစ်တကျ လုပ်ဆောင်ပြီး ပို့ပေးရမှာပါ။ ကျွန်တော်တို့လက်ထဲကနေမှ ပြန်ပျောက်သွားတာမျိုး ဖြစ်လို့မရပါဘူး။ တာဝန်ကြီးပါတယ်။ သက်ဆိုင်ရာကိုလည်း သတင်းပို့ထားပါတယ်ခင်ဗျာ့" လို့ MT News ကို ပြောပါတယ်။

အဆိုပါ သားငယ် မောင်ဘုန်းမင်းခန့် ‌(ခေါ်) ထွန်းလင်းနိုင် ကို သိရှိပါက မြရည်နန္ဒာ လူမှုကူညီရေးအသင်းရဲ့ ဖုန်းနံပါတ် 09255255416 ကို ဆက်သွယ်နိုင်ပါတယ်လို့လည်း အသိပေးထားပါတယ်။


Credit - Myanmar Transprency News Agency

#သတင်းဟင်းလေးအိုးကြီး

image

ယခုရာသီ ဘိုင်ယန်အတွက် ၁၀ ပွဲတွင် ၁၈ ဂိုးအထိ သွင်းကာ မှတ်တိုင်သစ်စိုက်ထူလာပြန်တဲ့ ဟယ်ရီကိန်း

အောက်တိုဘာ ၅

ဟယ်ရီကိန်းဟာ မနေ့ညတုန်းက ဖရန့်ဖတ်အား အနိုင်ရတဲ့ပွဲမှာ ဘိုင်ယန်မြူးနစ်အတွက် ထပ်မံ ဂိုးသွင်းယူကာ အံ့ဩစရာကောင်းတဲ့ ဂိုးသွင်းမှတ်တမ်းအား ဆက်လက် ရေးသားနေပါတယ်။

မနေ့ညက ပွဲတွင် ဘိုင်ယန်မြူးနစ်ဟာ ဖရန့်ဖတ်အား ၃-၀ ဂိုးဖြင့် အနိုင်ယူကာ ယခုရာသီ ပွဲအားလုံး အနိုင်ရတဲ့ မှတ်တမ်းကြီးကိုလည်း ဆက်လက် ပိုင်ဆိုင်လာပါတယ်။

မကြာသေးမီတုန်းက ဥရောပထိပ်သီးလိဂ်ကြီး ၅ ခုမှာ ဂိုးရာပြည့် အမြန်ဆုံးသွင်းနိုင်သူအဖြစ် သမိုင်းမှတ်တိုင်စိုက်ထူခဲ့တဲ့ ဟယ်ရီကိန်းဟာ မနေ့ညက ဖရန့်ဖတ်နဲ့ပွဲမှာ လူးဝစ်ဇ်ဒီယာ့ဇ်ရဲ့ ဖန်တီးမှုကနေ ဒုတိယဂိုးအား သွင်းယူပြီးတဲ့နောက် ယခုရာသီ ဘိုင်ယန်မြူးနစ်အတွက် ၉ ပွဲ ကစားထားရာမှာ ၁၈ ဂိုးအထိ သွင်းထားနိုင်ပြီ ဖြစ်ပါတယ်။

အင်္ဂလန်အသင်းခေါင်းဆောင်ဟာ ဖရန့်ဖတ်ပွဲမှ ဂိုးကြောင့် ဘွန်ဒက်စ်လီဂါအဖွင့်ပွဲ ၆ ပွဲမှာ ၁၁ ဂိုးအထိ သွင်းထားနိုင်တဲ့ ပထမဆုံးကစားသမားအဖြစ်လည်း သမိုင်းမှတ်တိုင်စိုက်ထူလာပါတယ်။

ဘိုင်ယန်မြူးနစ်ဟာ နိုင်ငံတကာပွဲစဉ်များအပြီးမှာ ချန်ပီယံဆုအတွက် အဓိကခြိမ်းခြောက်နေတဲ့ ဒေါ့မွန်နှင့် ရင်ဆိုင်ကစားရပါမယ်။

Credit - Playmaker Journal

#ဘောလုံးသတင်းစုံ

image

ကျောက်ဆည်ဆင်အကအလှပြိုင်ပွဲ Rehearsal ဖွင့်ပွဲအခမ်းအနား

#centralnewsnaypyitaw

image
image
image
image

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ

အောက်တိုဘာ ၅

#ရွှေဈေး

-ကမ္ဘာ့ရွှေဈေး
တအောင်စ ၃၈၈၆ ဒေါ်လာ

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း

- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၅၉၉၀၀၀၀ ကျပ်

ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း

* စနစ်ဟောင်း
(၁ိ - ၁၆.၆၀၆ ဂရမ် = ၁၂၈ ရွေး)

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၇၉၈၀၀၀၀ ကျပ်
ဝယ်ဈေး ၇၉၄၀၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၇၅၈၀၀၀၀ ကျပ်
ဝယ်ဈေး ၇၅၄၀၀၀၀ ကျပ်

* စနစ်သစ်
(၁ိ - ၁၆.၃၂၉၃၂၅ ဂရမ် = ၁၂၀ ရွေး)

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၇၈၆၀၀၀၀ ကျပ်
ဝယ်ဈေး ၇၈၂၀၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၇၄၆၀၀၀၀ ကျပ်
ဝယ်ဈေး ၇၄၂၀၀၀၀ ကျပ်

“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”

(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)

#နိုင်ငံခြားငွေလဲလှယ်နှုန်း

-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၅၉၉ ကျပ်

ပြင်ပပေါက်စျေး

-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၀၈၅ ကျပ်
ဝယ်ဈေး - ၃၉၈၅ ကျပ်

-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၁၇၀ ကျပ်
ဝယ်ဈေး - ၃၀၉၀ ကျပ်

-ယူရို
ရောင်းဈေး - ၄၈၀၀ ကျပ်
ဝယ်ဈေး - ၄၆၈၀ ကျပ်

-ထိုင်းဘတ်
ရောင်းဈေး - ၁၂၆.၅၈ ကျပ်
ဝယ်ဈေး - ၁၂၃.၄၆ ကျပ်

-မလေးရှားရင်းဂစ်
ရောင်းဈေး - ၉၇၁ ကျပ်
ဝယ်ဈေး - ၉၄၇ ကျပ်

-တရုတ်ယွမ်
ရောင်းဈေး - ၅၇၄ ကျပ်
ဝယ်ဈေး - ၅၆၀ ကျပ်

-ဂျပန်ယန်း
ရောင်းဈေး - ၂၇.၇၂ ကျပ်
ဝယ်ဈေး - ၂၇.၀၄ ကျပ်

-အိန္ဒိယရူပီး
ရောင်းဈေး - ၄၆.၀၆ ကျပ်
ဝယ်ဈေး - ၄၄.၉၃ ကျပ်

-ကိုရီးယားဝမ်
ရောင်းဈေး - ၂.၉ ကျပ်
ဝယ်ဈေး - ၂.၈၃ ကျပ်

-စတာလင်ပေါင်
ရောင်းဈေး - ၅၅၁၀ ကျပ်
ဝယ်ဈေး - ၅၃၇၅ ကျပ်

-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၇၀၀ ကျပ်
ဝယ်ဈေး - ၂၆၃၀ ကျပ်

-ကနေဒါဒေါ်လာ
ရောင်းဈေး - ၂၉၃၀ ကျပ်
ဝယ်ဈေး - ၂၈၅၅ ကျပ်

-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၂၅ ကျပ်
ဝယ်ဈေး - ၅၁၃ ကျပ်

-ယူအေအီး
ရောင်းဈေး - ၁၁၁၃ ကျပ်
ဝယ်ဈေး - ၁၀၈၅ ကျပ်

ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။

Credit - Voice of Myanmar News Agency

#သတင်းဟင်းလေးအိုးကြီး

image

ခြေစမ်းပွဲတွေကစားမယ့် အာဂျင်တီးနား လူစာရင်းမှာ မက်ဆီ ပါဝင်

အောက်တိုဘာ ၅

ဗင်နီဇွဲလား၊ ပွာတိုရီကို အသင်းတို့နဲ့ မိုင်ယာမီ၊ ချီကာဂိုတို့မှာ ခြေစမ်းပွဲ ယှဉ်ပြိုင်မယ့် အာဂျင်တီးနားအသင်းရဲ့ ကစားသမား ၂၈ ဦးလူစာရင်းမှာ အသင်းခေါင်းဆောင် မက်ဆီနဲ့ ကွင်းလယ်လူ ဒီပေါလ်တို့ ပါဝင်ခဲ့ပါတယ်။

အာဂျင်တီးနားအသင်းဟာ ဗင်နီဇွဲလားအသင်းနဲ့ အောက်တိုဘာ ၁၀ ရက်မှာ ခြေစမ်းပွဲ ယှဉ်ပြိုင်မှာဖြစ်ပြီး နောက်တစ် ရက်အကြာမှာ အင်တာမိုင်ယာမီအသင်းက အတ္တလန္တာအသင်းနဲ့ အရေးကြီးတဲ့ မေဂျာလိဂ်ပွဲစဉ် ကစားဖို့ရှိနေတဲ့အတွက် မက်ဆီနဲ့ ဒီပေါလ်တို့ဟာ အာဂျင်တီးနားအသင်းအတွက် ပါဝင်နိုင်ဖို့ သံသယဖြစ်ဖွယ် ရှိ နေတာပါ။

အာဂျင်တီးနားအသင်းဟာ ပွာတိုရီကိုအသင်းနဲ့ ခြေစမ်းပွဲကို အောက်တိုဘာ ၁၃ ရက်မှာ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

အင်တာမိုင်ယာမီအသင်းဟာ မေဂျာလိဂ် ပလေးအော့ဖ် ဝင်ခွင့်ရရှိထားပေမယ့် အိမ်ကွင်းအားသာချက်ကို ရရှိစေဖို့အတွက် မေဂျာလိဂ်အရှေ့ပိုင်းဇုန်အမှတ်ပေးဇယား ထိပ်ဆုံးနေရာ ရပ်တည်နိုင်ဖို့ တိုက်ပွဲဝင်နေတာပါ။

အောက်တိုဘာ ၁၁ ရက်မှာ ယှဉ်ပြိုင်မယ့် အတ္တလန္တာအသင်းနဲ့ ပွဲစဉ်ရလဒ်အပေါ် မူတည်ပြီး အင်တာမိုင်ယာမီ အသင်းဟာ Supporters' Shield အတွက်လည်း တိုက်ပွဲဝင်နိုင်တာဖြစ်ပါတယ်။

အင်တာမိုင်ယာမီအသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ချီကာဂိုအသင်းနဲ့ ပွဲစဉ်မှာ ၅ ဂိုး-၃ ဂိုးနဲ့ အရေးနိမ်ခဲ့ပြီးနောက် အရှေ့ပိုင်းဇုန် အမှတ်ပေးဇယားအဆင့် ၄ နေရာမှာ ရပ်တည်နေတာပါ။

၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်ပြီးသားဖြစ်တဲ့ အာဂျင်တီးနားအသင်းဟာ လာမယ့် နိုင်ငံတကာပွဲစဉ်မှာ ခြေစမ်းပွဲတွေကစားပြီး ပြင်ဆင်သွားမှာ ဖြစ်ပါတယ်။

အာဂျင်တီးနားအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ မတိုင်မီ မတ်လထဲမှာ ၂၀၂၆ Finalissima ပွဲအဖြစ် စပိန်အသင်းနဲ့ ယှဉ်ပြိုင်သွားမှာပါ။

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအသင်းကို ချန်ပီယံဖြစ်အောင် ဦးဆောင်ပေးထားတဲ့ မက်ဆီဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ဖို့နဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက် ချရခြင်းမရှိသေးတာ ဖြစ်ပါတယ်။

Source: ESPN

ပုံ - မက်ဆီကို တွေ့ရစဉ်

Credit - Central News Independence

#ဘောလုံးသတင်းစုံ

image

ရွှေတိဂုံစေတီတော် အင်္ဂါထောင့်၊ ရင်ပြင်ပေါ်တွင် အပေါ်စွန့်သော အမျိုးသား ကို ဖမ်းမိ

အောက်တိုဘာ ၅

ရွှေတိဂုံစေတီတော် အင်္ဂါထောင့်၊ ရင်ပြင်ပေါ်တွင် အပေါ်စွန့်သော အမျိုးသား ကို ဖမ်းမိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ထံက သိရသည်။

အမျိုးသား တစ်ဦး က ရွှေတိဂုံစေတီတော်ရင်ပြင်ပေါ်ရှိ အင်္ဂါထောင့်မြေစိုက် စေတီအမှတ်-၄၈ နှင့် အုတ်ဂူစေတီအမှတ်-၁၁၈ ကြားတွင် အပေါ့စွန့်နေသည်ကို အခြား သူ တစ်ဦး က ဗွီဒီယို ရိုက်ကူးခဲ့သော ရုပ်သံဖိုင်မှာ အောက်တိုဘာလ ၁ ရက်တွင် အင်တာနက် လူမှုကွန်ယက်၌ ပြန့်နှံ့လာသောကြောင့် ဒဂုံမြို့မ ရဲစခန်းက စစ်ဆေးခဲ့ကြောင်း သိရသည်။

စစ်ဆေးချက်အရ ထိုသို့ အပေါ့စွန့်ခဲ့သူမှာ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၇)ရပ်ကွက်နေ အသက် (၂၉) နှစ်အရွယ် တင်မျိုးဝင်း(ခ) ဝက်နီ ဆိုသူ ဖြစ်ကြောင်း အောက်တိုဘာလ ၂ ရက်တွင် စုံစမ်း ဖော်ထုတ်နိုင်ခဲ့ကာ ၎င်းသည် စက်တင်ဘာ ၂၁ ရက်က ရွှေတိဂုံစေတီတော်မြတ်ကြီးအား သွားရောက် ဖူးမြော်ပြီး ဘုရားပေါ်မှပြန်ဆင်းစဉ် ထိုသို့ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထားရာ ရွှေတိဂုံစေတီတော်ရင်ပြင်ပေါ်တွင် အပေါ့စွန့်ခဲ့သူ တင်မျိုးဝင်း(ခ)ဝက်နီအား ဒဂုံမြို့မရဲစခန်း၌ ရာဇသတ်ကြီးပုဒ်မ ၂၉၅-က ဖြင့် သတင်းချက်ရေးဖွင့်ကာ ဥပဒေနှင့်အညီ ထိရောက်စွာ အမှုဖွင့်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Credit - NP News Agency

#သတင်းဟင်းလေးအိုးကြီး

image

❝တက္ကသိုလ်၏ အသက်သွေးကြောဖြစ်သည့် “သုတေသန”များကို ဆောင်ရွက်ကြရမည်ဟု ယာယီသမ္မတပြောကြား❞

အောက်တိုဘာ ၅

တက္ကသိုလ်များတွင် ဝိဇ္ဇာနှင့် သိပ္ပံဘာသာရပ်များ၊ ခေတ်မီဘာသာရပ်များကို ထည့်သွင်းသင်ကြားရုံဖြင့် မလုံလောက်ဘဲ တက္ကသိုလ်၏ အသက်သွေးကြောဖြစ်သည့် “သုတေသန”များကိုလည်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

အောက်တိုဘာ ၄ ရက်၊နံနက်ပိုင်းက မန္တလေးတက္ကသိုလ် နှစ်(၁၀၀)ပြည့် ရာပြည့်သဘင် အထိမ်းအမှတ် ဖွင့်ပွဲအခမ်းအနားတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပြီး သုတေသနကျမ်းများ ပြုစုရာတွင်ဖြစ်စေ၊ သင်ကြားသင်ယူရာတွင်ဖြစ်စေ စာကြည့်တိုက် အခြေပြုလေ့လာမှု အားကောင်းစေရေးဆောင်ရွက်ကြရန်ကိုလည်း တိုက်တွန်းမှာကြားခဲ့သည်။

ဆက်လက်၍လည်း ယာယီသမ္မတက တက္ကသိုလ်များတွင် ရတုအဆက်ဆက် ပညာအမွေပေးနိုင်ရန် အစိုးရမှာသာမက သက်ဆိုင်သူအားလုံးနှင့် ပြည်သူတစ်ဦးချင်းစီတွင် တာဝန်ရှိကြောင်း ပြောကြားခဲ့သလို အဓိကမှာ တိုင်းပြည်တည်ငြိမ် အေးချမ်းရန်လိုကြောင်းနှင့် တည်ငြိမ်အေးချမ်းပြီး အဖျက်အမှောင့်များကင်းဝေးမှသာ ပညာကိုအေးချမ်းစွာသင်ယူနိုင်မည်ဖြစ်ကြောင်း၊ အသိပညာ၊ အတတ်ပညာရှိမှ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ဖြင့် ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ကြမည်ဖြစ်သဖြင့် ပြည်သူလူထုတစ်ရပ်လုံး ပညာတတ်ရန်၊ နိုင်ငံရေးအသိရှိရန်လိုကြောင်း ပြောကြားသည်။

အလားတူ ယနေ့ နည်းပညာဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ နိုင်ငံတကာတွင် ဉာဏ်ရည်တု Al နည်းပညာကို နယ်ပယ်စုံတွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးချနေကြပြီဖြစ်သဖြင့် မြန်မာနိုင်ငံ တက္ကသိုလ်များကလည်း သင်ကြားသင်ယူမှုတွင် နည်းပညာ (Technology) နှင့်အတူ AI ပညာရပ်ကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ရေးအတွက် ပညာရှင်များက ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားသည်။

ထို့ပြင် နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်သည့် လူသားအရင်းအမြစ်များ၊ ပညာတတ်များ၊ အသိပညာရှင်၊ အတတ် ပညာရှင်၊ ကျွမ်းကျင်သူများ၊ ပါရဂူများကို မွေးထုတ်ပေးပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးစားအားထုတ်ကြရန်လည်း တိုက်တွန်းပြောကြားခဲ့သည်ဟု သိရသည်။

#centralnewsnaypyitaw

image
image
image
image
image

ဘယ်သူမှ မလိုချင်တဲ့ မှတ်တမ်းဆိုးကို ပိုင်ဆိုင်လာတဲ့ အာဆင်နယ်အသင်းခေါင်းဆောင်မာတင်အိုဒီဂတ်

အောက်တိုဘာ ၅

လွန်ခဲ့တဲ့ သုံးရက်တုန်းက အိုလံပီယာကို့စ်နှင့် ချန်ပီယံလိဂ်ပွဲစဉ်မှာ အပျံစားခြေစွမ်းကို ပြသခဲ့ပြီးတဲ့နောက် မာတင်အိုဒီဂတ်ဟာ နောက်ထပ် စိတ်ပျက်စရာတစ်ခု ထပ်မံ ကြုံလာရပြန်ပြီ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းခေါင်းဆောင်ဟာ စနေနေ့တုန်းက ဝက်စ်ဟမ်းကို ၂-၀ ဂိုးဖြင့် အနိုင်ရတဲ့ပွဲစဉ်ရဲ့ ပွဲချိန် မိနစ် ၃၀ မှာပင် လူစားလဲလှယ်ခြင်းခံရပြီးတဲ့နောက် ပရီးမီးယားလိဂ်သမိုင်းတွင် ပထမဆုံး သုံးပွဲဆက် ပထမပိုင်းမပြီးခင် လူစားလဲလှယ်ခံရတဲ့ ပွဲထွက်ကစားသမားအဖြစ် ဘယ်သူမှ မလိုချင်တဲ့ မှတ်တမ်းဆိုးကို ပိုင်ဆိုင်လာပါတယ်။

အသက် ၂၆ နှစ်ရှိ အိုဒီဂတ်ဟာ ဝက်စ်ဟမ်းပွဲမတိုင်မီ လိဒ်၊ နော်တင်ဟမ်ဖောရက်စ်တို့နှင့်ပွဲစဉ်တွေမှာလည်း ပထမပိုင်းမှာပင် လူစားလဲလှယ်ခဲ့ရတာပါ။

ယခင်ပွဲတွေတုန်းက အိုဒီဂတ်ဟာ ပုခုံးဒဏ်ရာကြောင့် လူစားလဲလှယ်ခံခဲ့ရတပါ။ ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ အိုဒီဂတ်ဟာ ဝက်စ်ဟမ်းတိုက်စစ်မှူးဆမ်းမားဗီလီနှင့် ဒူးချင်းတိုက်မိပြီးတဲ့နောက် လူစားလဲလှယ်ခဲ့ရတာ ဖြစ်ပါတယ်။

အာတီတာက "ခုလေးတင် သူနဲ့ စကားပြောလာတယ်။ အပြုသဘောမဆောင်ဘူး။ နာနေတယ်။ ကျွန်တော်တို့ စောင့်ရမယ်။ ဆရာဝန်တွေ စစ်ရဦးမယ်။ ဒါပေမယ့် ကံကောင်းလာမှာတော့ မဟုတ်ဘူး။ ရာသီစကတည်းက အခြားပြဿနာကြောင့် သူ့ကို မသုံးလာနိုင်ခဲ့ဘူး။ ပုခုံးဒဏ်ရာ ၂ ကြိမ်ရတယ်။ အခု ဒီဒဏ်ရာထပ်ရတယ်။ ဒဏ်ရာအခြေအနေ ဘယ်လိုလဲ ကြည့်ရဦးမယ်။ အဖြေရှာမယ်။ ဒါပေမယ့် သူက ကျွန်တော်တို့ရဲ့ အသင်းခေါင်းဆောင်ပါ။ သူက အထူးသဖြင့် အသင်းရဲ့ တိုက်စစ်မှာ ကွဲပြားတဲ့ အမြင်နဲ့ ကစားတဲ့ ကစားသမားပါ။ ဘာဖြစ်လာမလဲ ကြည့်ရမယ်။ မဆိုးဖို့တော့ မျှော်လင့်တယ်"လို့ ပြောကြားသွားပါတယ်။

အိုဒီဂတ်ဟာ ပြီးခဲ့တဲ့ရာသီတုန်းကလည်း ခြေကျင်းဝတ်ဒဏ်ရာပြဿနာကြုံခဲ့ရပြီး အာဆင်နယ်အတွက် ပြိုင်ပွဲအရပ်ရပ်တွင် ၄၅ ပွဲကစားနိုင်ခဲ့ပါတယ်။

အာဆင်နယ်ဟာ နွေရာသီတုန်းက အပြောင်းအရွှေ့အသုံးစရိတ် ပေါင်သန်း ၂၅၀ အသုံးပြုခဲ့မှုနှင့်အတူ အိုဒီဂတ် ဒဏ်ရာရရှိချိန်မှာ ကြီးမားတဲ့ ပြဿနာကြုံလာမှာတော့ မဟုတ်ဘူး။

အာတီတာအနေဖြင့် အိုဒီဂတ်နေရာမှာ ဆိုစီဒက်မှ ပေါင်သန်း ၆၀ ဖြင့် ခေါ်ယူထားတဲ့ ဇူဘီမန်ဒီနှင့် အစားထိုး အသုံးပြုနိုင်ပါတယ်။

အာဆင်နယ်အတွက် နောက်ထပ် ထိုးနှက်ချက်တစ်ခု ဝက်စ်ဟမ်းနှင့်ပွဲတွင် ကွင်းလယ်ကစားသမားဒီကလန်ရိုက်စ် ကျောဒဏ်ရာရရှိခဲ့တာပါ။ လက်ရှိအချိန်မှာ အင်္ဂလန်ကွင်းလယ်ကစားသမားရဲ့ ဒဏ်ရာအတိမ်အနက်ကို မသိရသေးပါဘူး။

Credit - Playmaker Journal

#ဘောလုံးသတင်းစုံ

image

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး အတွက် အမှုထမ်းနေရာ ၂၀ ခေါ်ယူစာ

#govjob

imageimage