Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
အရင်တုန်းက ကျွန်မဟာ ဗိုက်အောင့်ဗိုက်နာ ခဏခဏ ဖြစ်တတ်ပြီး ဘာစားစား အစာမကြေ၊ လေထိုးလေအောင့် မကြာခဏ ဖြစ်တတ်သူတစ်ယောက်ပါ။ လက်တွေ၊ ခြေတွေလည်း အေးတတ်ပြီး တစ်ခါတစ်လေ လေချုပ်လွန်းလို့ ရင်ဘတ်အောင့်တဲ့အထိတောင် ဖြစ်ဖူးပါတယ်။
အဲဒီလို ဖြစ်နေချိန်မှာ အမေက ဂျင်းပြုတ်ရည် သောက်ကြည့်ဖို့ ပြောပါတယ်။ အစတုန်းက ဂျင်းက စပ်မှာစိုးလို့ မကြိုက်ခဲ့ပါဘူး။ ဒါပေမဲ့ ကိုယ်တိုင်သာ ပြုတ်သောက်ကြည့်လိုက်တော့ ပျားရည်လေး နည်းနည်းထည့်လိုက်တာ "အဲ......!" ထင်ထားတာထက်တောင် ပိုပြီး အရသာရှိနေတယ်။
🍵 ဂျင်းပြုတ်ရည် အိမ်မှာ အလွယ်တကူ လုပ်သောက်နည်း
• ဂျင်းအစိမ်းကို ပါးပါးလှီးထားတာ (၇) ပြားမှ (၁၀) ပြားခန့်
• ရေ ၅၀၀ မီလီလီတာ (ခန့်မှန်းခြေ ရေ ၂ ခွက်)
• ဂျင်းထည့်ပြီး ၅ မိနစ်မှ ၁၀ မိနစ်ခန့် ဆူအောင်တည်ပါ။
• ချိုချင်ရင် ပျားရည်နည်းနည်း ထည့်ပြီး သောက်နိုင်ပါတယ်။
နွေးနွေးလေး သောက်လိုက်တာနဲ့ ဗိုက်ထဲမှာ အရမ်းသက်သာတာကို ခံစားရတယ်။ ဆက်သောက်ရင်းနဲ့ ဗိုက်ချောင်လာပြီး အရင်လို ဗိုက်မအောင့်တော့ဘူး။ လေကောင်းကောင်းထွက်ပြီး အရေးအကြီးဆုံးကတော့ လက်ခြေတွေ အေးတာပါ ပျောက်သွားတယ်။
တချို့ရက်တွေဆို ဂျင်းပြုတ်ရည် မလုပ်ဖြစ်ရင် ဂျင်းအစိမ်းကို ဝါးစား ပါတယ်။
ဂျင်းအစိမ်းကို ပါးပါးလှီးပြီး တစ်နေ့ကို ၂-၃ ပြားလောက် အစိမ်းဝါးစားကြည့်တာ စပ်ဖျဉ်းဖျဉ်းနဲ့ တကယ်ပဲ ဗိုက်ချောင်ပြီး လေလည်တာ အရမ်းကောင်းပါတယ်။ အလွယ်ကူဆုံးနည်းလမ်းကို ကြိုက်သူတွေအတွက်ကတော့ အစိမ်းဝါးစားတာက အဆင်ပြေပါတယ်။
အခုဆိုရင်တော့ အကျင့်ဖြစ်နေပါပြီ။ တစ်ခါတလေ ဂျင်းပြုတ်ရည် သောက်တယ်၊ တစ်ခါတလေ အစိမ်းဝါးစားတယ်။ အထူးသဖြင့် အဆီများတဲ့ အစားအစာတွေ၊ ကြော်ထားတဲ့ အစားအစာတွေ စားတဲ့နေ့ ဒါမှမဟုတ် ဗိုက်အောင့်တယ်လို့ ခံစားရတဲ့နေ့ဆိုရင် သောက်လိုက်တာနဲ့၊ ဝါးလိုက်တာနဲ့ တကယ်ပဲ ဗိုက်သက်သာတာကို ချက်ချင်း သိသာပါတယ်။
ဒီလိုကောင်းမှန်းသာ သိခဲ့ရင် အရင်ကတည်းက စားခဲ့ပြီးပြီပေါ့လို့ တွေးမိပါတယ်ရှင်။
ဒီမှိုလေးတွေ🍄
စားလို့ရလားလို့တော့
မေးမနေတော့ဘူးဗျာ (စားပီးသွားပီ)😂
မှိုတွေရတာ များလွန်းလို့
ချက်လည်းချက်တယ်/ပြုတ်ပီးသုပ်လည်းသုပ်စားလိုက်တယ်
မှိုအရသာကတော့
မေးမနေပါနဲ့တော့ဗျာ
ချိုချိုထုတ်ထုတ်လေးနဲ့ လွှတ်ကောင်း😂
မှိုနာမည်လေးကတော့
ကျနော်တို့ ဘက်ကတော့ ဝါးမှိုလို့ခေါ်ကြတာပဲ
@(ဝါးငုတ်ဆွေးတွေမှာ ဒီအချိန်ဆိုရင် ပေါက်တတ်တယ်ဗျ)
@(ဝါးတိုင်းမှာ ကပ်ပေါက်တတ်တဲ့မှိုတိုင်းက စားလို့တော့မရဘူးနော်)
ဝါးငုတ်ဆွေးက မှိုလေးတွေကို နူတ်ယူ
အရိုးလေးတွေ ကပ်ကြေးနဲ့ညှပ်ထုတ်ပစ်ရတယ်ဗျ(အရိုးလေးတွေက
မှိုရင့်နေတဲ့အခါမာတယ် ဝါးလို့မရဘူး)
ပီးရင် ရေပြောင်အောင်ဆေး
#ငရုပ်သီးပုလေးထောင်း ဆိတ်ဖူးလေးထုထောင်းထည့်ပီး
အရည်စပ်စပ်လေးချက်စားလို့ရတယ်
#ပြုတ်ပီး ကြက်သွန်နီ/ဖြူ ဆီချက်လေးချက်
ပဲမှုန့်အကျတ်မှုန့်လေး /ငရုပ်သီးစိမ်း သံပုရာရည်လေးထဲ့ပီးသုပ်စား
(လျှာကျွမ်းထိုး သွားမယ်ဗျ)😂😂😂
ပြောပါတယ်
တောမှာက အစားအသောက်
မရှားပါဘူး ဆိုတာ 😍
တောထဲမှာ ရှာဖွေစားတတ်ရင်
အိမ်စရိတ်တောင်ပျောက်တယ်ဗျ😁
ဆားခါးဆိုတာ မဂ္ဂနီဆီယမ် ဆာလဖိတ် ဓာတုဒြပ်ပေါင်းတမျိုးဖြစ်ပြီး အပင်အတွက် လိုအပ်တဲ့ မဂ္ဂနီဆီယမ်နဲ့ ဆာလဖာလို့ခေါ်တဲ့ ကန့်ဓါတ်များ ပါဝင်ပါတယ်..။
မဂ္ဂနီဆီယမ်ဓာတ်ဟာ မျိုးစေ့အညှောက်ပေါက်ခြင်းဖြစ်စဉ်ကို ကူညီပေးခြင်း၊ အပင်ဆဲလ်များကို သန်စွမ်းစေခြင်း၊ အပင်အစာချက်လုပ်တဲ့နေရာ အဓိကလိုအပ်တဲ့ စိမ်းရောင်ခြယ်ပစ္စည်း ကလိုရိုဖီးလ်ကို ပိုထုတ်လုပ်ပေးခြင်း၊ အပင် ရဲ့ နိုက်ထရိုဂျင်နဲ့ ဖော့စဖရတ် (မီးစုန်းဓါတ်) တွေ စုပ်ယူခြင်းကို ကူညီပေးခြင်း၊ အပွင့်အသီးကို အားကောင်းစေခြင်း စတဲ့ အကျိုးကျေးဇူများစွာ ဖြစ်စေပါတယ်။
ဆာလဖာ ဓာတ်ဟာလဲ စိမ်းရောင်ခြယ်ပစ္စည်း ကလိုရိုဖီးလ် ထုတ်လုပ်ခြင်း၊ အာဟာရဓါတ်များစုပ်ယူခြင်းမှာ အရေးကြီးပါတယ်။ အဲဒါကြောင့် ဆားခါး (သို့) မက်ဂနီဆီယမ် ဆာလဖိတ်ဟာ စိုက်ပျိုးပင်တွေကို ပိုမိုစိမ်းလန်း စေပြီး ပန်းပွင့်အားကောင်းစေသော အစွမ်းများရှိနေပါတယ်။ဒါ့အပြင် ဆားခါးဟာ ပက်ကျိ၊ ဗိုး (လယ်ယာချောင်းမြောင်းအနီး ကျက်စားသော ကြွက်နှင့်ဆင်သည့် အကောင်) တွေကို ဟန့်တားပေးပါတယ်။
*စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ပတ်သက်တာ အစိိမ်းရောင်လမ်းဆော့ဝဲမှာမေးပါ*
ယေဘုယျအားဖြင့် ဆားခါးရည်ကို မက်ဂနီဆီယမ်ဓါတ် လိုအပ်ချက်များတဲ့ အပင်များ (ခရမ်းချဉ်၊ ငရုတ်၊ နှင်းဆီပင်) အတွက် သုံးပေးကြပါတယ်။ ဆားခါးရည်ဖျန်းပေးတဲ့ နှင်းဆီပင်တွေဟာ အပင်ကြီးထွားမှုနှုန်းကို ကောင်းစေ ပြီး အပွင့်များများပွင့်စေပါတယ်။ ခရမ်းချဉ်ပင်တွေမှာ ဖျန်းပေးမယ်ဆိုရင်လည်း ခရမ်းချဉ်သီး အလုံးကြီးစေပါတယ်။ ဆားခါးကို ရေနဲ့ဖျော်စပ်ပြီး အပင်ရဲ့အောက်ခြေတွေမှာလောင်းပေးနိုင်သလို ရွက်ဖျန်းအနေနဲ့လည်း သုံးပေးမယ် ဆိုရင် အသီးအပွင့်ကြီးထွားစေပါတယ်။
အိုးနဲ့ စိုက်ပျိုးထားတဲ့ ပန်းပင်တွေအတွက်ဆို ရေတဂါလံမှာ ဆားခါး စားပွဲတင်ဇွန်း နှစ်ဇွန်းထည့်ပြီး ဖျော်စပ်ပြီး တလမှာ တခါလောက် ဖျန်းပေးနိုင်ပါတယ်။ ,
ဟင်းသီးဟင်းရွက် စိုက်ခင်းတွေမှာ ရေတဂါလံမှာ ဆားခါး စားပွဲတင်ဇွန်း တစ်ဇွန်းထည့်ပြီးဖျော်စပ်ပြီး ရွက်ဖျန်း အနေနဲ့ ဖျန်းပေးမယ်ဆိုရင် စိုက်ခင်းဟာ စိမ်းလန်းစိုပြေ အထွက်ကောင်းစေပါမယ်။
ခရမ်းချဉ်ပင်တွေဟာ အပင်ကြီးပိုင်းအချိန် ရောက်တဲ့အခါ မဂ္ဂနီဆီယမ်ဓာတ်ချို့တဲ့ပြီး အရွက်တွေ ဝါလာကာ အသီးနှုန်းကျတတ်ပါတယ်။ အဲ့အတွက်ဆိုရင် ဆားခါး လက်ဖက်စားဇွန်းတဇွန်းကို လက်တဆုပ်စာ မြေနဲ့ လုံးပြီး ခရမ်းချဉ်ပင် အောက်ခြေတွေမှာ ထည့်ပေးနိုင်သလို၊ နှစ်ပတ်တခါ ရွက်ဖျန်းအနေနဲ့လည်း ဖျန်းပေးနိုင်ပါတယ်။
ငရုတ်ခင်းတွေမှာလည်း ဆားခါးဖျော်ရည်ဖျန်းပေးခြင်းဖြင့် ငရုတ်သီးတောင့်များ ကြီးထွားစေပါတယ်။
နှင်းဆီပင်တွေဆိုလည်း ဆားခါးထည့်ပေး၊ ဖျန်းပေးမယ်ဆိုရင် အရွက်တွေ ကြီးထွားစေတယ်၊ ပန်းပွင့်များများ ပွင့်စေနိုင်ပါတယ်။
သစ်သီးပင်တွေမှာလည်း သုံး-လေးနှစ် တကြိမ်လောက် အပင်ရဲ့ အောက်ခြေမှာ ဆားခါး စားပွဲတင်ဇွန်း ၂ဇွန်းလောက် ထည့်ပေးမယ်ဆိုရင် အပွင့်၊ အသီး အားကောင်းစေမှာ ဖြစ်ပါတယ်။
ရေးသားသူ - #နန်းစုစံ (စိုက်ပျိုးရေး)
.
.
.
ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “ အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
လူတွေကို ခွင့်လွှတ်လိုရပါတယ်....
ဒါပေမဲ့ ကိုယ့်ကို ဘယ်လို
ပြုမူ ဆက်ဆံခဲ့သလဲ
ဆိုတာကိုတော့ မမေ့ပစ်ပါနဲ့။
ဘာကြောင့်လဲဆိုတော့
လူတစ်ချိုဟာ
အခွင့်ရေးသမားတွေမိုလိုပါ။
ဆရာတစ်ယောက် ပြောဖူးသလိုပဲ။
လူတစ်ယောက်ကို ခွင့်လွှတ်ဖိုဆိုတာက
တစ်ဖက်သူက သူ့အမှားကို
အမှားလို သိမှ ခွင့်လွှတ်လိုရတာ။
မှားလို မှားမှန်းမသိတဲ့သူ
ကိုယ့်လုပ်ရပ်ကိုယ်
နောင်တမရတဲ့လူမျိုးကိုကျ
ခွင့်လွှတ်ရတယ်မခေါ်ဘူး။
ကျောခိုင်းရတာ...။
တစ်စုံတစ်ယောက်ကို
ခွင့်လွှတ်လိုက်ခြင်းဟာ
မိမိကိုယ်မိမိ လွတ်မြောက်စေတဲ့
တစ်ခုတည်းသော နည်းလမ်းပဲ။
အဲ့ဒါကြောင့် ခွင့်လွှတ်တတ်တဲ့စိတ်က
ဘဝနေထိုင်မှုအတွက် အရေးကြီးတာ။
တကယ်သူ့အမှားသူသိတဲ့ လူကို
ခွင့်လွှတ်ရတာက ခွင့်လွှတ်ဖို ထိုက်တန်တယ်။
ပြောချင်တာက ကိုယ့်အမှားကို
သူများအမှား ပြန်လုပ်ပြီး
မှားလို မှားမှန်းမသိတဲ့ လူမျိုးတွေနဲ့
ကြုံတဲ့အခါ တစ်ဖက်သတ်
ခွင့်လွှတ်လိုက်ရတာမျိုး ရှိတယ်။
ခံပြင်းစရာကောင်းပေမဲ့ ခွင့်လွှတ်လိုက်
ခွင့်လွှတ်လိုက်ဆိုတာထက် ကျောခိုင်းလိုက်။
သူများရှိတဲ့မီးကြောင့်
ကိုယ်မလောင်ရဖို အရေးကြီးတယ်။
မှားတာ မှန်တာတွေ ပြိုင်မငြင်းနေနဲ့။
စိတ်အကြည် ဓာတ်ပျက်ရတယ်။
လောကကြီးမှာ ပြိုင်ပြီးငြင်းဖို
မတန်တဲ့လူတွေ အများကြီးပဲ။
ဒါကြောင့် ခွင့်လွှတ်ပါ။
မမေ့ပစ်နဲ့။
မြန်မာပြည်မြောက်ဖျားကချစ်စရာမြို့လေး☃️
မေခမြစ်အထက်နားဆီက
ခေါင်လန်ဖူးမြို့🌿
မြန်မာပြည်ထဲက တောင်ပေါ်ဒေသရဲ့အလှအပ သဘာဝ တွေကို ပိုပြီးပေါ်လွှင်စေတဲ့ ချစ်စရာမြို့လေး ခေါင်လန်ဖူး🍀
ခေါင်လန်ဖူးမြို့သည် ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၄၆၈၀ တောင်ကုန်းထိပ်ပေါ်တွင်တည်ရှိပါတယ်။
တောင်ခြေတွင် မေခမြစ်နှင့် အာချန်ခမြစ်တို့က တောင်၏ ဘေးတစ်ဖက်တစ်ချက်မှကပ်၍ စီးဆင်းနေကြပြီး တောင်တန်းအစွန်၌ ပေါင်းဆုံကြပါတယ်။
#သွားမယ်&တည်းမယ်