8 ပတ် - ဘာသာပြန်ပါ။

လက်ထပ်တော့မယ်ဆိုတဲ့ ကောလဟာလသတင်းကို ငြင်းဆိုလိုက်တဲ့ CNBLUE အဖွဲ့ဝင် ဂျန်ယောင်ဟွာ
တောင်ကိုရီးယားရော့ခ်ဂီတအဖွဲ့ CNBLUE ရဲ့ခေါင်းဆောင်အဆိုတော်မင်းသား ဂျန်ယောင်ဟွာရဲ့လက်ထပ်မယ့်သတင်းဟာ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့လို့နေခဲ့တာပါ။ ဒီသတင်းနဲ့ပတ်သက်ပြီး ဂျန်ယောင်ဟွာကိုယ်တိုင်က ငြင်းဆိုလိုက်ပါတယ်။
အောက်တိုဘာ ၁၅ ရက်နေ့က ဂျန်ယောင်ဟွာက သူ့ရဲ့လူမှုကွန်ယက်အကောင့်ကနေ Live လွှင့်ပြီးတော့ "နောက်နှစ်အတွက် ကျွန်တော့်ရဲ့အချိန်ဇယားက ပြည့်နေပါပြီ။ အဲ့ဒါကြောင့်မို့ မင်္ဂလာပွဲအတွက် အချိန်ဇယားမရှိပါဘူး။ လက်ထပ်တာက အချိန်ဇယားမှာ မပါပါဘူး။ ကျေးဇူးပြုပြီး မမေးပါနဲ့တော့"လို့ ပြောသွားခဲ့တာပါ။
"နောက်နှစ်ကျ ဂျန်ယောင်ဟွာ လက်ထပ်တော့မယ်ဆိုတာကို အပေါင်းအသင်းတစ်ယောက်ဆီက ငါ ကြားခဲ့တယ်"ဆိုတဲ့ ပို့စ်တွေက လူမှုကွန်ယက်အသိုင်းအဝိုင်းမှာ ပျံ့နှံ့သွားခဲ့တာပါ။ အဲ့ဒီပို့စ်တွေကို တုံ့ပြန်တဲ့အနေနဲ့ ဂျန်ယောင်ဟွာက တိုက်ရိုက်ငြင်းဆိုလိုက်တာဖြစ်ပါတယ်။
ဂျန်ယောင်ဟွာက Mnet ရုပ်သံလိုင်းရဲ့ Survival Show "Still Heart Club" မှာ ဒါရိုက်တာတစ်ယောက်အဖြစ် ပါဝင်ဖို့ ရှိပါတယ်။ ဒီရှိုးကို အောက်တိုဘာ ၂၁ ရက်နေ့မှာ ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။
Ref: Jung Yong‑hwa denies marriage rumors, says schedule full for next year

image

မြေငလျင်သတင်းအမှတ်စဉ် ၂၃၈
=====================
နေ့စွဲ ၁၆-၁၀-၂၀၂၅
လှုပ်ခတ်သည့်အချိန် - ၁၁:၀၇:၀၈
အင်အားပမာဏ - ၃.၈ ရစ်(ခ်)တာစကေး
အနက် - ၁၀ ကီလိုမီတာ
ဗဟိုချက်တည်နေရာ - တံတားဦးမြို့၏ အရှေ့မြောက်ဘက် (၃) မိုင်ခန့်

မင်္ဂလာနေ့လယ်ခင်းပါ
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ၁၆-၁၀-၂၀၂၅ ရက်နေ့ ၁၂:၃၀နာရီအချိန်တွင် ရေကြီးမှု အခြေအနေသတင်းကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါတယ်...

image
8 ပတ် - ဘာသာပြန်ပါ။

☘️ပန်းလေးတွေ ကြိုက်တယ်ဆိုလို့
အလှဆုံးလေးတွေ ရှာတင်ပေးလိုက်ပါတယ်☘️🤍🌸

image
8 ပတ် - ဘာသာပြန်ပါ။

သခွားသီးသုပ်ကြိုက်ကြလားရှင့်... သခွားသီး သုပ်ကြိုက်တဲ့သူလေးတွေအတွက် သုပ်နည်းလေး တင်ပေးထားပါတယ်။
ပုဇွန်သခွားသီးရခိုင်သုပ် စပ်စပ်လေး 😋😋😋
သခွားသီးသုပ် အရည်ရွှဲရွှဲလေးကို ထမင်းဖြူလေးနဲ့စား အရမ်းကိုစားကောင်းပါတယ်။
သခွားသီးကို ရေဆေးနှစ်ခြမ်းခွဲ အလယ်ကအစေ့လေးတွေထုပ်ပြီးခြစ်ထားပါ။
နုနုလေးဆို အစေ့ထုပ်စရာတောင်မလိုပါဘူး။
ကြက်သွန်နီနှစ်လုံးလောက် ပါးပါလေးလှီးပြီး ရေဆေးထားပါ။
ပုဇွန်လှော်ပြီး အခွံခွာထားပါ။
ငပိမီးဖုတ်ထားပါ။
ငရုပ်သီးစိမ်း ကိုယ်အစပ်စားနိုင်သလောက် လှော်ထားပါ။
ပြီးရင် ငပိနဲ့ ငရုပ်သီးစိမ်းလေး ရောထောင်းပါ။
အရသာအတွက် လိုအပ်တဲ့ဆား၊ အချိုမှုန့်၊ သို့မဟုတ် ကြက်သားမှုန့်ကို တခါတည်းထည့်ထောင်းပါတယ်။
လှော်ထားတဲ့ပုဇွန်တဝက်လောက်ကိုလည်း ရောထောင်းလိုက်ပါတယ်။
ကျန်တဲ့တဝက်က အကောင်လိုက်ထည့်ပါမယ်။
ပြီးရင် ခြစ်ထားတဲ့သခွားသီးထဲကို ထောင်းထားတာတွေထည့်၊ ကြက်သွန်နီပါးပါလှီးထားတာနဲ့ ပုဇွန်တွေထည့်ပြီး ရောသုပ်ပါ။
အချဥ်ကြိုက်ရင် သံပရာသီးလေး ညှစ်ထည့်ပါ။
နောက်ဆုံး အရသာလေးမြည်းပြီး ပင်စိမ်းလေးညှပ်ထည့်ပြီးရင် ရပါပြီရှင့်......။ 😋😋😋

image

🌿✨ မနက်တိုင်း သံပရာသီးဆိုဒါကို ၇ ရက်ကနေ ၁၄ ရက် သောက်ရင် ခန္ဓာကိုယ် တကယ်ပြောင်းလဲနိုင်ပါတယ်။
ဆိုဒါရေ ၁ ဖန်ခွက်နဲ့ သံပရာသီး ၁ လုံးကို ရောပြီး မနက် အိပ်ရာထချိန်မှာ သောက်လိုက်ပါ။ အူလှုပ်ရှားမှုစနစ်ကို လှုံ့ဆော်ပေးပြီး အဆီပိုတွေကို ဖယ်ရှားပေးကာ ဗိုက်ချပ်စေပြီး ကိုယ်ခန္ဓာပေါ့ပါးစေပါတယ်။
💧သွေးတိုးကျစေတယ်၊ သွေးကြောထဲက အဆီဓာတ်ကို လျှော့ချပေးတယ်၊ သွေးကြောပိတ်ဆို့မှုကို ကာကွယ်ပေးတယ်၊ ခေါင်းမူးတာနဲ့ မူးမေ့လဲကျတာတွေကို ပျောက်ကင်းစေတယ်။
လွယ်ကူတဲ့နည်းလမ်းလေးပါပဲ၊ ဒါပေမဲ့ ကျန်းမာရေးအတွက် တကယ်သိသာတဲ့ ရလဒ်ကောင်းတွေ ရရှိစေပါတယ် 🩵

image
8 ပတ် - ဘာသာပြန်ပါ။

ပရီးမီးယားလိဂ်ပြိုင်ပွဲအား ကမ္ဘာ့အကောင်းဆုံးလိဂ်အဖြစ်မှ ဖယ်ရှားလာနိုင်စေတဲ့ အငြင်းပွားဖွယ် စည်းမျဉ်းအား ပြဌာန်းလာနိုင်
====================

ပရီးမီးယားလိဂ်ပြိုင်ပွဲအား အခြားဥရောပထိပ်သီးလိဂ်ကြီးများနှင့် ရင်ဘောင်မတန်းနိုင်အောင် လုပ်ဆောင်လာနိုင်တဲ့ အငြင်းပွားဖွယ် စည်းမျဉ်းစည်းကမ်းသစ်အား ပြဌာန်းလာဖို့ ရှိနေပြီ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ကလပ်များဟာ လာမယ့်လတွင် အသုံးစရိတ်လုပ်ခကန့်သတ်မယ့် စည်းမျဉ်းစည်းကမ်းအား ပြဌာန်းရေး မဲပေးဆုံးဖြတ်လာကြတော့မှာလည်း ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ကလပ် ၂၀ တို့ဟာ နိုဝင်ဘာလတွင် အသုံးစရိတ်ကန့်သတ်မယ့်စည်းမျဉ်းကို မဲပေးလာကြမှာပါ။
Daily Mail သတင်းစာရဲ့ ဖော်ပြမှုအရ ယင်းအငြင်းပွားဖွယ်စည်းမျဉ်းသစ်ကြောင့် ကလပ်များအနေဖြင့် ရုပ်သံလွှင့်ခဝင်ငွေနှင့် ဆုကြေးငွေတို့ကိုသာ လုပ်ခအဖြစ် အသုံးပြုလာနိုင်တော့မှာ ဖြစ်ကြောင်း သိရပါတယ်။

ယင်းကဲ့သို့ အသုံးစရိတ်လုပ်ခ ကန့်သတ်လာမှုက ပရီးမီးယားလိဂ်ရဲ့ ပြိုင်ဆိုင်မှု ပြင်းထန်မှုအပေါ် အကြီးအကျယ် ရိုက်ခတ်လာနိုင်မှုနှင့်အတူ ကလပ်အချို့တို့က ကန့်ကွက်နေကြပါတယ်။

အထူးသဖြင့် မန်ချက်စတာအခြေစိုက်ကလပ်များဖြစ်ကြတဲ့ မန်စီးတီးနှင့် ယူနိုက်တက်တို့က ယင်းစည်းမျဉ်းကြောင့် ပရီးမီးယားလိဂ်မှာ ကမ္ဘာ့အကောင်းဆုံးလိဂ်ဘွဲ့ကို ဆုံးရှုံးလာရနိုင်တယ်လို့ ယုံကြည်နေကြပါတယ်။

ဒါ့အပြင် ယင်းသို့ လုပ်ခအသုံးစရိတ်ကန့်သတ်မှုနှင့်အတူ လိဂ်ရဲ့ စူပါစတားကစားသမားများ အခြားလိဂ်သို့ ပြောင်းရွှေ့လာနိုင်ပါတယ်။

တဖက်တွင် ယင်းစည်းမျဉ်းက တန်းတက်အသင်းများအတွက် ပိုမို အခက်တွေ့လာနိုင်တယ်လို့လည်း ယုံကြည်နေပါတယ်။
ကလပ်များအနေဖြင့် ယင်းစည်းမျဉ်းသစ် ပြဌာန်းလာချိန်တွင် ချိုးဖောက်မှု ပြုလုပ်ပါက ရမှတ်လျှော့ချခြင်းခံလာပါမယ်။
ကလပ်များဟာ ယင်းစည်းမျဉ်းချိုးဖောက်လျှင် ရမှတ် ၆ မှတ်လျော့ချခံရမှာဖြစ်ပြီး ထပ်ဆောင်းအနေဖြင့် ပေါင် ၆.၅ သန်း အပိုသုံးစွဲမှုတိုင်းအတွက် ရမှတ် ၁ မှတ်စီ ထပ်ဆောင်းကျခံရပါဦးမယ်။

ယခုကဲ့သို့ အသုံးစရိတ်ကန့်သတ်မှုနှင့်အတူ ပရီးမီးယားလိဂ်မှာ ထိပ်တန်းစူပါစတားများအား ရီးရဲလ်မက်ဒရစ်၊ ဘိုင်ယန်မြူးနစ်၊ ပီအက်စ်ဂျီတို့ကဲ့သို့ ထိပ်သီးများနှင့် အပြိုင်ခေါ်ယူရာတွင် နစ်နာလာမှာ ဖြစ်သလို ရှိရင်းစွဲ စူပါစတားများဖြစ်ကြတဲ့ အာလင်းဟာလန်း၊ မိုဟာမက်ဆာလက်တို့မှာလည်း အခြားလိဂ်သို့ ပြောင်းရွှေ့လာနိုင်ပါတယ်။

ယင်းသို့ စူပါစတားများ မရှိပါက ပရီးမီးယားလိဂ်ရဲ့ ရုပ်သံဝင်ငွေကိုပါ ရိုက်ခတ်လာနိုင်တဲ့အပြင် အပြောင်းအရွှေ့လုပ်ဆောင်မှုကိုလည်း ထိခိုက်လာနိုင်ပါတယ်။

image

သီတင်းကျွတ်ပြီးပေးမယ့် ရန်ကုန်-ဧရာ၀တီ အဝေးပြေးယာဉ်စီးခတွေ ဈေးပြန်မကျ

အောက်တိုဘာ ၁၆

ရန်ကုန်နဲ့ ဧရာဝတီတိုင်းအတွင်းကို ပြေးဆွဲနေတဲ့အဝေး ပြေးမော်တော်ယာဉ်စီးခတွေ နိုင်ငံရေးအပြောင်းအလဲဖြစ် ပြီး နောက်ထိုးတက်ခဲ့ပြီး ပြန်မကျတဲ့အပြင်ထပ်မံတက်လာ လို့ ခရီးသွား ဒေသခံ ခရီးသွားတွေအခက်ကြုံနေရတယ်
လို့ သိရပါတယ်။

သီတင်းကျွတ် လို့ရုံးပိတ်ရက်ကာလ မတိုင်မီအချိန်တွေမှာ ယာဉ်စီးခတွေ
ထပ်မံမြင့်တက်လာတာဖြစ်ကာ သီတင်းကျွတ်ပြီး သွားပေမယ့်ဈေးတက်နေသေးတာကြောင့် ခရီးသည်တွေအဖို့အခက်အခဲဖြစ်ပေါ်နေတယ်
လို့ သိရပါတယ်။

ဟိုးအရင်က လိုင်းကားခတွေက ၂ ခုံစာကိုမှ ၃၀၀၀ ။
နိုင်ငံရေးအခြေအနေ ကောင်းတုန်းကပေါ့။အဲ့ဒီကနေ ကိုဗစ်မှာ ၁ ခုံစာ ၆၀၀၀ ဖြစ်သွားတယ်။ကိုဗစ်ကလျော့ သွားပေမယ့်ယာဉ်စီးခကတက်ကျန်နေခဲ့တာ။အဲ့ဒီကနေ အခုတော့ ၁ ခုံစာတည်းကိုအခု သုံးဆလောက်ဈေးတက် သွားပြန်တယ်။ သီတင်းကျွတ်အကြိုကာလကတည်းက ဈေးတက်သွားတယ်။အခုအထိပြန်မကျဘူး။အခု ၁ ခုံစာ ၁၅၀၀၀ ကနေ ၁၆၀၀၀ တဲ့။လို့ ခရီးသည် တယောက်ကပြောပါတယ်။

အခုလို အဝေးပြေးကားခတွေ တက်တက်လာရတဲ့ တချို့ အချက်တွေဟာ မြင့်တက်လာပြီးမတည်မငြိမ်ဖြစ်နေတဲ့ စက်သုံးဆီဈေးနှုန်းတွေနဲ့လမ်းကြေးဂိတ်ကြေးတွေမှာလည်း အရင်က ထက်ပိုမိုပေးဆောင်နေရတာကြောင့်အခု လိုယာဉ်စီးခဈေးတွေတိုးလာတယ်လို့ ယာဉ်လိုင်းတာဝန်ခံတွေက ဆိုပါတယ်။

ဒေသမတည်မငြိမ်တဲ့ ဖြစ်နေတဲ့နေရာတွေမှာစက်သုံးဆီကို အကန့်အသတ်နဲ့ဝယ်ယူနေရတဲ့အခြေအနေကြောင့် ဒေသအပေါ်မူတည် ကောက်ယူရတဲ့ စနစ်လုပ်နေရတယ်လို့လည်း ပြောပါတယ်။

ခုက ဆီဈေးကသိတဲ့အတိုင်း၊ ၃၀၀၀ နဲ့အထက်မှာ ရောက်နေတယ်။ဒါတောင်လိုသလောက်ဝယ်လို့မရတဲ့ နေရာတွေရှိတယ်။လမ်းတွေမှာလည်း ဝင်တဲ့မြို့တိုင်းမှာ အရင်လို မြို့ဝင်ကြေး၊လမ်းကြေးနဲ့တင်မပြီးဘူး။ဂိတ် ကြေးတွေပါတိုးလာတာ။ကိုက်အောင်မနဲဆွဲနေရတာ။ ယာဉ်ချိန်တွေတောင်အရင်ထက်လျှော့ပြီးဆွဲနေရတာ။ ဒါက ဧရာဝတီတိုင်းမှာဘဲ မဟုတ်ပါဘူး အထက်ပိုင်းဆွဲတဲ့ အဝေးပြေး ကားတွေအကုန်လုံးလည်း ကားခတွေတိုး တောင်းနေကြတယ်။အခက်အခဲကပြောမကုန်ဘူး။လို့ ဧရာဝတီတိုင် ၊အဝေးပြေးယာဉ်လိုင်းများပြေးဆွဲရေး လုပ်ငန်းရှင် တယောက်ကပြောပါတယ်။

အခုလို ကားခဈေးတွေထိုးတက်နေတာဟာ အရင်လို ရန်ကုန် - ဧရာဝတီတိုင်း ညဆိုင်းယာဉ်လိုင်းဆွဲမရဘဲ အချိန်အကန့် အသတ်နဲ့ဆွဲနေရတာ၊ ပါဆယ်ပစ္စည်းတွေ တင်ဆောင်သယ်ယူခွင့်မရတာ ၊ ခရီးသည်ရရှိမှုလျော့ကျ လာတာတွေကြောင့်လည်းပါတယ်လို့ သိရပါတယ်။

ကားပေါ်ကိုအရင်လိုကုန်ပစ္စည်း တွေလည်းအတင်မခံ တော့ဘူး။အတင်မခံဘူးတောင်းပန်ပြောမရဘူး။ သူတို့ ကားသမားတွေဘက်မှာလည်း အခက်အခဲရှိတယ်ပေါ့ ပြန်ပြောတယ်။ တံဆာခပိုပေးပါ့မယ်ဆိုလည်းမရတော့ဘူး။သက်ဆိုင်ရာကလုံခြုံရေးကြောင့် ကိစ္စတင်းကျပ်ထား လို့တဲ့။ဘာလို့သီတင်းကျွတ်လို၊ သင်္ကြန်လို့အချိန်တွေမှာ လည်း ရုတ်တရက်ကားခဈေးတက်တာလည်း မေးတော့ စက်သုံးဆီဈးတက်လို့ပဲပြောတယ်။လို့ နောက်ထပ် ခရီးသွားတ တယောက်ကပြောပါတယ်။

နိုင်ငံရေးအပြောင်းအလဲစတင်လို့ ဖြစ်ပေါ်ခဲ့တဲ့ ၂၀၂၁ခုနှစ် နောက်ပိုင်းကစလို့ ဧရာဝတီတိုင်းအပါအဝင် မြန်မာနိုင်ငံ အနှံ့စက်သုံးဆီ အရောင်းဆိုင်တွေမှာ စက်သုံးဆီ ပြတ်လပ် မှုတွေဖြစ်ပေါ်ခဲ့ပြီး အကန့်အသတ်နဲ့သာဝယ်ယူ ရောင်းချ နေရတဲ့အထိဖြစ်ခဲ့တဲ့အပြင် စက်သုံးဆီဈေးနှုန်းတွေဟာ အဆမတန်မြင့်တက်တဲ့အထိဖြစ်ခဲ့ပြီး ယာဉ်စီးခတွေ လည်းလိုက်ပါမြှင့်တက်ခဲ့တာလို့ သိရပါတယ်။

image
8 ပတ် - ဘာသာပြန်ပါ။

သီတင်းကျွတ်ပြီးပေးမယ့် ရန်ကုန်-ဧရာ၀တီ အဝေးပြေးယာဉ်စီးခတွေ ဈေးပြန်မကျ

အောက်တိုဘာ ၁၆-၂၀၂၅

KKL(VOM)

ရန်ကုန်နဲ့ ဧရာဝတီတိုင်းအတွင်းကို ပြေးဆွဲနေတဲ့အဝေး ပြေးမော်တော်ယာဉ်စီးခတွေ နိုင်ငံရေးအပြောင်းအလဲဖြစ် ပြီး နောက်ထိုးတက်ခဲ့ပြီး ပြန်မကျတဲ့အပြင်ထပ်မံတက်လာ လို့ ခရီးသွား ဒေသခံ ခရီးသွားတွေအခက်ကြုံနေရတယ်
လို့ သိရပါတယ်။

သီတင်းကျွတ် လို့ရုံးပိတ်ရက်ကာလ မတိုင်မီအချိန်တွေမှာ ယာဉ်စီးခတွေ
ထပ်မံမြင့်တက်လာတာဖြစ်ကာ သီတင်းကျွတ်ပြီး သွားပေမယ့်ဈေးတက်နေသေးတာကြောင့် ခရီးသည်တွေအဖို့အခက်အခဲဖြစ်ပေါ်နေတယ်
လို့ သိရပါတယ်။

''ဟိုးအရင်က လိုင်းကားခတွေက ၂ ခုံစာကိုမှ ၃၀၀၀ ။
နိုင်ငံရေးအခြေအနေ ကောင်းတုန်းကပေါ့။အဲ့ဒီကနေ ကိုဗစ်မှာ ၁ ခုံစာ ၆၀၀၀ ဖြစ်သွားတယ်။ကိုဗစ်ကလျော့ သွားပေမယ့်ယာဉ်စီးခကတက်ကျန်နေခဲ့တာ။အဲ့ဒီကနေ အခုတော့ ၁ ခုံစာတည်းကိုအခု သုံးဆလောက်ဈေးတက် သွားပြန်တယ်။ သီတင်းကျွတ်အကြိုကာလကတည်းက ဈေးတက်သွားတယ်။အခုအထိပြန်မကျဘူး။အခု ၁ ခုံစာ ၁၅၀၀၀ ကနေ ၁၆၀၀၀ တဲ့။''လို့ ခရီးသည် တယောက်ကပြောပါတယ်။

အခုလို အဝေးပြေးကားခတွေ တက်တက်လာရတဲ့ တချို့ အချက်တွေဟာ မြင့်တက်လာပြီးမတည်မငြိမ်ဖြစ်နေတဲ့ စက်သုံးဆီဈေးနှုန်းတွေနဲ့လမ်းကြေးဂိတ်ကြေးတွေမှာလည်း အရင်က ထက်ပိုမိုပေးဆောင်နေရတာကြောင့်အခု လိုယာဉ်စီးခဈေးတွေတိုးလာတယ်လို့ ယာဉ်လိုင်းတာဝန်ခံတွေက ဆိုပါတယ်။

ဒေသမတည်မငြိမ်တဲ့ ဖြစ်နေတဲ့နေရာတွေမှာစက်သုံးဆီကို အကန့်အသတ်နဲ့ဝယ်ယူနေရတဲ့အခြေအနေကြောင့် ဒေသအပေါ်မူတည် ကောက်ယူရတဲ့ စနစ်လုပ်နေရတယ်လို့လည်း ပြောပါတယ်။

''ခုက ဆီဈေးကသိတဲ့အတိုင်း၊ ၃၀၀၀ နဲ့အထက်မှာ ရောက်နေတယ်။ဒါတောင်လိုသလောက်ဝယ်လို့မရတဲ့ နေရာတွေရှိတယ်။လမ်းတွေမှာလည်း ဝင်တဲ့မြို့တိုင်းမှာ အရင်လို မြို့ဝင်ကြေး၊လမ်းကြေးနဲ့တင်မပြီးဘူး။ဂိတ် ကြေးတွေပါတိုးလာတာ။ကိုက်အောင်မနဲဆွဲနေရတာ။ ယာဉ်ချိန်တွေတောင်အရင်ထက်လျှော့ပြီးဆွဲနေရတာ။ ဒါက ဧရာဝတီတိုင်းမှာဘဲ မဟုတ်ပါဘူး အထက်ပိုင်းဆွဲတဲ့ အဝေးပြေး ကားတွေအကုန်လုံးလည်း ကားခတွေတိုး တောင်းနေကြတယ်။အခက်အခဲကပြောမကုန်ဘူး။''လို့ ဧရာဝတီတိုင် ၊အဝေးပြေးယာဉ်လိုင်းများပြေးဆွဲရေး လုပ်ငန်းရှင် တယောက်ကပြောပါတယ်။

အခုလို ကားခဈေးတွေထိုးတက်နေတာဟာ အရင်လို ရန်ကုန် - ဧရာဝတီတိုင်း ညဆိုင်းယာဉ်လိုင်းဆွဲမရဘဲ အချိန်အကန့် အသတ်နဲ့ဆွဲနေရတာ၊ ပါဆယ်ပစ္စည်းတွေ တင်ဆောင်သယ်ယူခွင့်မရတာ ၊ ခရီးသည်ရရှိမှုလျော့ကျ လာတာတွေကြောင့်လည်းပါတယ်လို့ သိရပါတယ်။

''ကားပေါ်ကိုအရင်လိုကုန်ပစ္စည်း တွေလည်းအတင်မခံ တော့ဘူး။အတင်မခံဘူးတောင်းပန်ပြောမရဘူး။ သူတို့ ကားသမားတွေဘက်မှာလည်း အခက်အခဲရှိတယ်ပေါ့ ပြန်ပြောတယ်။ တံဆာခပိုပေးပါ့မယ်ဆိုလည်းမရတော့ဘူး။သက်ဆိုင်ရာကလုံခြုံရေးကြောင့် ကိစ္စတင်းကျပ်ထား လို့တဲ့။ဘာလို့သီတင်းကျွတ်လို၊ သင်္ကြန်လို့အချိန်တွေမှာ လည်း ရုတ်တရက်ကားခဈေးတက်တာလည်း မေးတော့ စက်သုံးဆီဈးတက်လို့ပဲပြောတယ်။''လို့ နောက်ထပ် ခရီးသွားတ တယောက်ကပြောပါတယ်။

နိုင်ငံရေးအပြောင်းအလဲစတင်လို့ ဖြစ်ပေါ်ခဲ့တဲ့ ၂၀၂၁ခုနှစ် နောက်ပိုင်းကစလို့ ဧရာဝတီတိုင်းအပါအဝင် မြန်မာနိုင်ငံ အနှံ့စက်သုံးဆီ အရောင်းဆိုင်တွေမှာ စက်သုံးဆီ ပြတ်လပ် မှုတွေဖြစ်ပေါ်ခဲ့ပြီး အကန့်အသတ်နဲ့သာဝယ်ယူ ရောင်းချ နေရတဲ့အထိဖြစ်ခဲ့တဲ့အပြင် စက်သုံးဆီဈေးနှုန်းတွေဟာ အဆမတန်မြင့်တက်တဲ့အထိဖြစ်ခဲ့ပြီး ယာဉ်စီးခတွေ လည်းလိုက်ပါမြှင့်တက်ခဲ့တာလို့ သိရပါတယ်။

image
8 ပတ် - ဘာသာပြန်ပါ။

လီဗာပူးစတားဆိုဘိုဆလိုင်းအပေါ်တွင် ကတိတည်ခဲ့တဲ့ ခရစ္စတီယာနိုရော်နယ်ဒို
====================

ခရစ္စတီယာနိုရော်နယ်ဒိုဟာ ကတိအတိုင်း သူ့ရဲ့ ပေါ်တူဂီအင်္ကျီအား ဒိုမီနစ်ခ်ဆိုဘိုဆလိုင်းအား အမှတ်တရလက်ဆောင်ပေးခဲ့ပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာ စက်တင်ဘာလတုန်းက ဟန်ဂေရီတွင် ကစားတဲ့ပွဲမှာ ဆိုဘိုဆလိုင်းက အင်္ကျီတောင်းဆိုလာချိန်တွင် အင်္ကျီအား အခြားသူတစ်ဦးအား ပေးထားပြီးဖြစ်လို့ စိတ်ပျက်စွာ ငြင်းဆိုခဲ့ရပါတယ်။

ပေါ်တူဂီတို့ ၃-၂ ဖြင့် အနိုင်ရတဲ့ပွဲအပြီးတွင် ခရစ္စတီယာနိုရော်နယ်ဒိုက "မင်းကို အိမ်ကွင်းအင်္ကျီပေးမယ်။ သေချာတယ်။ ပေါ်တူဂီမှာ။ အိုကေလား"လို့ ပြောဆို ကတိပေးခဲ့ပါတယ်။

အင်္ဂါနေ့ လစ္စဘွန်းတွင် ပေါ်တူဂီနှင့် ဟန်ဂေရီတို့ ပြန်လည်ထိပ်တိုက်တွေ့ဆုံတဲ့ပွဲအပြီးမှာတော့ ခရစ္စတီယာနိုရော်နယ်ဒိုဟာ ကတိအတိုင်း အိမ်ကွင်းအင်္ကျီအား ဆိုဘိုဆလိုင်းကို အမှတ်တရပေးခဲ့ပါတယ်။

၂ ဂိုးစီသရေကျတဲ့ ယင်းပွဲစဉ်တွင် ခရစ္စတီယာနိုရော်နယ်ဒိုက ၂ ဂိုးသွင်းခဲ့ပြီး ဆိုဘိုဆလိုင်းက ဟန်ဂေရီတို့ ရမှတ်တစ်မှတ် ရရှိစေမယ့် ချေပဂိုးအား အချိန်ပိုမှာ သွင်းယူခဲ့ပါတယ်။

ပေါ်တူဂီဟာ ဟန်ဂေရီနှင့် သရေကျမှုကြောင့် ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ရေး လာမယ့်လအထိ စောင့်ဆိုင်းရဦးမှာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ခရစ္စတီယာနိုရော်နယ်ဒိုဟာ ပွဲအပြီးမှာတော့ ကတိအတိုင်း ဆိုဘိုဆလိုင်းကို အမှတ်တရ အင်္ကျီပေးခဲ့ပါတယ်။
ဟန်ဂေရီဟာ အုပ်စုဒုတိယနေရာမှာ ရပ်တည်နေပြီး ထိပ်ဆုံးမှ ပေါ်တူဂီနှင့် ၅ မှတ်ကွာဟနေကာ ပလေးအော့ဖ်မှတဆင့် ကမ္ဘာ့ဖလားဝင်ခွင့်အတွက် မျှော်လင့်နိုင်ပါသေးတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာ ဟန်ဂေရီနှင့်ပွဲတွင် ၂ ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ၄၁ ဂိုးဖြင့် ကမ္ဘာ့ဖလားခြေစစ်ပွဲများတွင် ဂိုးအများဆုံးသွင်းယူထားသူအဖြစ် သမိုင်းမှတ်တိုင်သစ် စိုက်ထူလာသလို နိုင်ငံတကာဂိုး ၁၄၃ ဂိုးအထိ သွင်းယူထားပြီး ဖြစ်လာပါတယ်။

image