14 ပတ် - ဘာသာပြန်ပါ။

ရွှေနဲ့ ပြုလုပ်ထားတဲ့ ကန်ဒေါ်လာ ၁၄၀၀၀ တန်ဖိုးရှိ အအေးသောက်ပိုက်ပျောက်သွားလို့ ရဲတွေကို ကူရှာခိုင်းခဲ့သူ
နို့လက်ဖက်ရည်သောက်ရတဲ့ နှစ်သက်တဲ့ တရုတ်လူမျိုးအမျိုးသားတစ်ဦးဟာ လျှပ်စစ်စက်ဘီးစီးရင်း သူ့ရဲ့ရွှေနဲ့ပြုလုပ်ထားတဲ့ ကန်ဒေါ်လာ ၁၄၀၀၀ တန်ဖိုးရှိ အအေးသောက်ပိုက် ပျောက်သွားခဲ့ပါတယ်။ တရုတ်နိုင်ငံအရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ်က ရှို့လို့ အမည်ရတဲ့ အဲ့ဒီအမျိုးသားဟာ ပျောက်သွားတဲ့ ရွှေရောင်အအေးသောက်ပိုက်ကို ရှာဖွေဖို့ ရဲကို အကူအညီတောင်းခဲ့တာကြောင့် လူမှုကွန်ယက်ပေါ်မှာ လူပြောများသွားခဲ့တာပါ။
ရှို့က သူ့ရဲ့ဘောင်းဘီအိတ်ထဲ အအေးသောက်ပိုက်ကို ထည့်ပြီး လျှပ်စစ်စက်ဘီးစီးက ညဘက် အိမ်ပြန်လာတဲ့အချိန် လူဆင်းပေါက် (လမ်းအောက်ရှိ ရေဆိုးပြွန်ကို ဆင်းသက်စစ်ဆေးနိုင်ဖို့ ဖောက်ထားတဲ့ အဖုံးပါလူဆင်းပေါက်) ပေါ် ဖြတ်စီးစဉ် မတော်တဆပြုတ်ကျသွားခဲ့တာပါ။ ၁ နာရီလောက်ကြာအောင် ရှာဖွေခဲ့ပေမဲ့ မတွေ့တာကြောင့် ရဲစခန်းကို ဖုန်းဆက်ခဲ့ပါတယ်။
ရှို့ဆီ ရဲ (၂) ယောက်ရောက်လာခဲ့ပြီး သူတို့ကို အလေးချိန် ၁၀၀ ဂရမ် ရှိတဲ့ ရွှေရောင်ပိုက်ကို ရှာစေချင်ခဲ့တယ်ဆိုတာ သိပြီး တအံ့တဩဖြစ်ခဲ့ရပါတယ်။ ရဲတွေလည်း ကူရှာပေးခဲ့ပြီး နာရီဝက်အကြာမှာ လူဆင်းပေါက်ကနေ မီတာ ၁၀၀ လောက်မှာရှိတဲ့ လူသွားလမ်းဘေးမှာ တွေ့ရှိခဲ့ပါတယ်။
ရှို့က သူ နှစ်သက်တဲ့ နို့လက်ဖက်ရည်သောက်ရင် ရွှေရောင်ပိုက်ကို အသုံးပြုပါတယ်။ သူ့မှာ ငွေရောင်ပိုက်လည်း ရှိပါသေးတယ်။ ပျောက်တဲ့အချိန်မှာ ရွှေရောင်ပိုက်က ပျက်စီးသွားခဲ့တဲ့အတွက် ဒီပိုက်ကို အရည်ကျိုပြီး နောက်နွေရာသီကျ နောက်တစ်ခုထပ်လုပ်မယ်။ နောက်ကျ အိတ်ကပ်ထဲ ထည့်ယူမသွားတော့ဘူးလို့ ရှို့က ပြောပါတယ်။
ရှို့က ရွှေရောင်ပိုက်ကို ပြုလုပ်ဖို့အတွက် ယွမ် ၉၀၀၀၀ ပေးခဲ့ရတယ်လို့ ပိုက်ပြုလုပ်သူရဲ့ပြောစကားအရသိရပါတယ်။ ရွှေဈေးတက်နေတာကြောင့် အခုဆို အဲ့ဒီပိုက်က ယွမ် ၁ သိန်းဖြစ်နေပါပြီ။
Ref: SCMP "China milk tea lover creates US$14,000 gold straw for favourite drink but drops it while biking"

image
14 ပတ် - ဘာသာပြန်ပါ။

ကျားဖြန့်ဂိုဏ်းက ပြည်ပနိုင်ငံသားအများအပြား ဖမ်းဆီးသူမရှိ ၊ ကယ်သူမရှိဘဲ မြဝတီမှာ သောင်တင်
အောက်တိုဘာ ၂၃၊ ၂၀၂၅
GG (VOM)
ထိုင်း-မြန်မာနယ်စပ် ၊ ကရင်ပြည်နယ် ၊ မြဝတီမြို့၊ မယ်ထော်သလေးကျေးရွာအနီးမှာရှိတဲ့ တရုတ်နိုင်ငံသားတွေဦးစီးလုပ်ကိုင်နေတဲ့ ကျားဖြန့် ( ငွေလိမ်ဂိုဏ်း) AA အလုပ်ဆိုက်ကနေ မြဝတီမြို့ ကို ထွက်ပြေးလာသူတွေ ဒီကနေ့ အောက်တိုဘာ ၂၃ ရက်နေ့အထိ အများအပြားရှိနေတယ် လို့ မြို့ခံတွေ ဆီကသိရပါတယ်။
ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေကနေ ထွက်ပြေးလာသူတွေထဲက ခေါင်းဆောင်ပိုင်းတွေကိုတော့ BGF က ကားတွေနဲ့ ခေါ်ဆောင်ကာ ပို့ဆောင်ပေးတာမျိုးရှိ ပြီး ကျန်တဲ့သူတွေကတော့ AA ဆိုက်ကနေ မြဝတီအထိ အဝတ်အစားအထုတ်ကိုယ်စီနဲ့လမ်းလျှောက်လာကြတာရှိသလို ဆိုင်ကယ်ငှားရမ်းပြီးလာရောက်ကြတာမျိုးလည်းတွေ့ရတယ်လို့ဆိုပါတယ်။
ကျားဖြန့်လုပ်ကိုင်သူတွေဟာ မနေ့က အောက်တိုဘာ ၂၂ ရက်နေ့ မနက်ပိုင်းကတည်းက ထွက်ပြေးလာကြတာဖြစ်ကြောင်း ၊ လက်ရှိအထိ ကျားဖြန့်ဂိုဏ်းက ထွက်ပြေးလာ သူတွေကို အစိုးရဘက်က ခေါ်ယူထိန်းသိမ်းပြီး အရင်လို နိုင်ငံချင်းချိတ်ဆက်ပြီး သက်ဆိုင်ရာနိုင်ငံကို ပြန်ပို့ဖို့လုပ်ဆောင်တာမရှိတဲ့အတွက် ကျားဖြန့်သမား ထောင်နဲ့ချီပြီး မြဝတီမြို့မှာ ထွက်ပေါက်ပိတ်နေတယ်လို့သိရပါတယ်။
" တယောက်ကို အထုတ်တထုတ်ပါတယ်။မနေ့ကတည်းက လမ်းလျှောက်လာနေကြတာ ဒီနေ့အထိပဲ။ဆိုက်တခုမှာ ခေါင်းဆောင်ပိုင်းကတင် ရာချီရှိတယ်။အဲဒါတွေကိုတော့ BGF ကကားတွေနဲ့ခေါ်ထုတ်တယ်။ လက်အောက်ငယ်သားက ထောင်ချီရှိတယ်။ အဲတာတွေကတော့ လမ်းလျှောက်လာကြတယ်။အခု ချစ်ကြည်ရေးတံတား ၁ နားမှာဝဲလည်ဝဲလည်နဲ့ မြဝတီမှာသောင်တင်နေတယ်။တရားမဝင်တွေဆိုတော့ ထိုင်းဘက်လည်းတရားဝင်ကူးမရဘူး။ကူးရင်အဖမ်းခံရမယ်။ဒီမှာကျလည်း immigration ဘက်ကဘာမှလုပ်တာမတွေ့ရဘူး။တကယ်ဆို camp လုပ်ပြီး အကုန်ထိန်းသိမ်းစိစစ်ပြီး သံတမန်ရေးအရ သူ့နိုင်ငံပြန်ပို့သင့်တယ်ထင်တယ်။မဟုတ်ရင် မြဝတီမှာဒီလောက်လူအများကြီးသောင်တင်နေတာ တခုခုဖြစ်မှာစိုးရိမ်မိတယ်။" လို့မြဝတီ မြို့ခံကပြောပါတယ်။
မြဝတီမြို့ကို ရောက်ရှိလာတဲ့ ကျားဖြန့်ဂိုဏ်းကလူတွေဟာ တရားမဝင် ဝင်ရောက်လာသူတွေဖြစ်လို့ မြို့ခံဟိုတယ်နဲ့တည်းခိုခန်းတွေမှာ တည်းခိုခွင့်ပြုတာရှိသလို အချို့က တည်းခိုခွင့် မပြုတာမျိုးလည်းရှိကြောင်း ၊ ဒေသခံတွေအနေနဲ့လည်း ကူညီကြတာမျိုး မရှိဘူးလို့ သိရပါတယ်။
AA ကျားဖြန့်အလုပ်ဆိုက်မှာ ဆိုက်ပေါင်း ခြောက်ခုလောက်ရှိပြီး ဆိုက်တခုမှာ အလုပ်သမားတထောင်ကျော်လောက်ရှိကြောင်း ၊ လက်ရှိမှာ ဆိုက်အားလုံးက ကျားဖြန့်လုပ်ကိုင်သူတွေကို ဂိတ်တံခါးဖွင့်ကာ လွှတ်ပေးလိုက်တာဖြစ်တယ်လို့သိရပါတယ်။
" KK Park ကို တပ်ကဝင်စီးတော့ AA ဆိုက်ကလည်း သူတို့ကိုဝင်ဖမ်းမှာကြောက်ပြီး အကုန်ဂိတ်ဖွင့်လွှတ်ပေးလိုက်တယ်သိရတယ်။ဒီလောက်လူအများကြီးကို သက်ဆိုင်ရာကမထိန်းသိမ်းရင် အဆင်မပြေဘူး။ သူတို့မြန်မာစကားလည်းမတတ်တော့ ဖုန်းနဲ့ ဘာသာပြန်ပြီးအကူအညီတောင်းနေကြတယ်။သူတို့ဝင်လာကြတုန်းကလည်း ထိုင်းထရန်စစ်နဲ့ပဲလာကြတာာဒီတော့ ထိုင်းကိုပဲ ကမ်းကူးသွားပြီး အဖမ်းခံ။ပြီးရင် သက်ဆိုင်ရာနိုင်ငံပြန်ပေါ့ဒါပဲရှိမယ်။အဲလိုမဟုတ်ရင် ဒီဘက်အစိုးရက အရင်လိုထိန်းသိမ်းပြီး ထိုင်းနဲ့ချိတ်ပြန်ပို့ပေါ့။ဒါပဲရှိတယ်။" လို့ မြို့ခံနောက်တယောက်ကပြောပါတယ်။
လက်ရှိမှာ မြဝတီရောက်ရှိနေတဲ့ ကျားဖြန့်လုပ်ငန်းက ထွက်ပြေးလာသူတွေဟာ ထိုင်းဘက်ကို တရားမဝင်လမ်းကနေ ဝင်ရောက်ဖို့ ကမ်းကူးဂိတ်တွေမှာ စောင့်ဆိုင်းနေကြကြောင်း ၊ ထိုင်းဘက်ခြမ်းမှာလည်း ထိုင်းစစ်တပ်က တရားမဝင် ဝင်ရောက်လာမှာကိုစိုးရိမ်လို့ လုံခြုံရေးချပြီး ဖမ်းဆီးမှုတွေလုပ်နေတယ်လို့သိရပါတယ်။
အဆိုပါ ကျားဖြန့် ငွေလိမ်လုပ်ငန်းတွေမှာက တရုတ်၊ အိန္ဒိယ ၊ မလေးရှား ၊ စတဲ့ ပြည်ပနိုင်ငံတော်တော်များများက နိုင်ငံခြားသားတွေ လာရောက်လုပ်ကိုင်ကြတာဖြစ်ပြီး မြန်မာနိုင်ငံသားတွေလည်း လုပ်ကိုင်မှုရှိတယ်လို့သိရပါတယ်။
ဓာတ်ပုံ - CJ

image
14 ပတ် - ဘာသာပြန်ပါ။

ပဲစောင်းလျားသီး မျိုးစေ့
အိမ်မှာ တနိုင်တပိုင်စိုက်ချင်တာဖြစ်ဖြစ် စီးပွားဖြစ်ပဲဖြစ်ဖြစ် စိုက်လို့ရပါတယ်ရှင့်💚
ပဲစောင်းလျားသီး ကို မကြာမကြာစားသုံးသင့်တဲ့ အကြောင်းရင်း (၈) ခု
ခုလိုရာသီမှာ ပဲစောင်းလျားသီးတွေ ပေါများတာမို့ ပဲစောင်းလျားသီး စားပေးရင် ရရှိလာမယ့် ကောင်းကျိုးလေးတွေကို ရှာ‌ေဖွပြီးဖော်ပြပေးလိုက်ပါတယ်ဗျ။
(၁) အရွယ်တင်နုပျိုစေတယ်
ပဲစောင်းလျားသီး မှာ ဗီတာမင် C နဲ့ ဗီတာမင် A ကြွယ်ဝပါတယ်။ ဒီဗီတာမင်နှစ်မျိုးလုံးက ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေအဖြစ် လုပ်ဆောင်ပေးတဲ့အပြင် အရေးအကြောင်းတွေလိုမျိုး အရွယ်မတိုင်မီ ရင့်ရော်ခြင်းလက္ခဏာတွေကို ကာကွယ်ပေးနိုင်ပါတယ်။
(၂) အသားအရေတင်းရင်းစေတယ်
ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်မှုများနေမှတော့ အသားအရေတင်းရင်းပြီး နုပျိုမှာ မလွဲပါဘူး။
(၃) ကယ်လိုရီနည်းတယ်
ပဲစောင်းလျားသီး ၁၀၀ ဂရမ်မှာ ၄၉ ကယ်လိုရီပဲ ပါဝင်တယ်ဆိုတော့ ဝိတ်ချချင်တဲ့သူတွေအတွက် တစ်ချက်ခုတ် နှစ်ချက်ပြတ်ပါပဲ။ ပဲစောင်းလျားသီးဟင်းချို၊ ပဲစောင်းလျားသီးသုပ်၊ ပဲစောင်းလျားသီးချက် အကုန်သာတွယ်ပေတော့။
(၄) ဗီတာမင် C ကြွယ်ဝတယ်
အသီးက လုံးဝမချဉ်ပေမယ့် ဗီတာမင် C ပါဝင်မှုက များတာကြောင့် ကိုယ်ခံအားစနစ်ကို အားကောင်းစေပါတယ်။ သွေးကြောတွေရဲ့ ကျုံ့ဆန့်နိုင်စွမ်းကို ကောင်းစေပြီး ကင်ဆာရောဂါတချို့ကနေ ကာကွယ်ပေးတဲ့ ကောင်းကျိုးတွေလည်း ရှိပါတယ်။
(၅) သတ္တုဓာတ်တွေ ကြွယ်ဝတယ်
ပဲစောင်းလျားသီး မှာ သံဓာတ်၊ မဂ္ဂနိစ်၊ ကယ်လ်စီယမ်၊ ဖော့စဖရပ်စ်တို့လို အရေးပါတဲ့ သတ္တုဓာတ်တွေ အများအပြားပါဝင်ပါတယ်။ ဗီတာမင် A ၊ B ၊ E တွေလည်း ပါဝင်မှုများပါတယ်။
(၆) ဖောလိတ်ဓာတ် ကြွယ်ဝတယ်
ဖောလိတ်က ဒီအင်န်အေနဲ့ ဆဲလ်တွေအတွက် မရှိမဖြစ် လိုအပ်တဲ့ ဓာတ်တစ်မျိုးဖြစ်ပါတယ်။ အမျိုးသမီးတွေမှာဆိုရင် ကိုယ်ဝန်ရကာစနဲ့ ကိုယ်ဝန်ဆောင်ချိန်အတွင်း အစာအာဟာရကနေဖောလိတ်ဓာတ်ရရှိမှု လုံလောက်အောင် အထောက်အကူပေးနိုင်ပါတယ်။
(၇) ပရိုတင်းကြွယ်ဝတယ်
ပရိုတင်းပါဝင်မှုကို ကြည့်မယ်ဆိုရင် ပဲပိစပ်နဲ့အတူတူပါပဲ။ တခြားပဲတွေလိုပဲ ပဲစောင်းလျားသီးအစေ့ရဲ့ပရိုတင်းပမာဏဟာ ပြောင်းဖူးနဲ့ တွဲဖက်လိုက်ရင် နွားနို့ကို မီနိုင်ပါတယ်တဲ့။
(၈) ကယ်လ်စီယမ် ကြွယ်ဝတယ်
ကယ်လ်စီယမ် ပါဝင်မှု မြင့်မားလို့ အရိုးတွေကို သန်မာစေပြီး နေမကောင်းဖြစ်နေသူတွေ၊ အားနည်းနေသူတွေကို ခွန်အားတိုးစေပါတယ်။
အစာလည်းဆေး၊ ဆေးလည်းအစာ ဆိုသလို အစားအသောက်တွေကို ဉာဏ်ရှိသလို အသုံးချရင်း ကိုယ့်ကျန်းမာရေးကို စောင့်ရှောက်သင့်ပါတယ်။ အားဆေးတွေချည်း အားမကိုးဘဲ သဘာဝအသီးအရွက်တွေကနေ အာဟာရဓာတ်တွေ တိုက်ရိုက်ရယူလိုက်ပါ။ ဘေးထွက်ဆိုးကျိုးနဲ့ တာရှည်ခံပစ္စည်းတွေ ကင်းစင်စေပါလိမ့်မယ်။
ကျန်းမာရေးဗဟုသုတများ ရရှိစေရန် ဆေးအိမ်ကြီး ဆေးဆိုင်မှ တဆင့် ပြန်လည် မျှဝေပေးခြင်းဖြစ်ပြီး
ဆေးအိမ်ကြီးဆေးဆိုင်မှ ရရှိနိုင်သော တိုင်းရင်းဆေးများကိုလည်း ဝင်ရောက်လေ့လာ မေးမြန်းနိုင်ပါတယ်နော်
#credit ;

image
14 ပတ် - ဘာသာပြန်ပါ။

ထိုင်း ပင်စိမ်း ထမင်းကြော်
ကဖောင်း ထမင်း ကြော်
အခေါ် ဝေါ် တော့ ခွဲ မယ်ထင်ပါတယ်
❤️ပါဝင်ပစ္စည်း
ကြက်သွန်ဖြူ ထောင်း ရန် ၂ မြွာ
ငရုတ်သီးစိမ်း ။ ။ မိမိအကြိုက်
အသား နုတ်နုတ်စင်း ၆၀ ဂရမ်
ခရုဆီ ၂ ထမင်းစားဇွန်း
ငံပြာရည် အနောက် ၁/၄ ကော်ဖီဇွန်း
သကြား ။ ။
ကြက်သွန် အဝါ ပါးပါးလှီး တလုံး တ ဝက်
​ငရုတ်သီး အနီအရှည် ။ ။ ၅ ခု
ထိုင်းပင်စိမ်း ၂၀ ရွက်
ဆီ ၅ ထမင်းစားဇွန်း
ထမင်း ၁ လုံး
ကြက် ဥ ၁ လုံး
အချိုမှုန့် /ကြက်သားမှုန့် ကြိုက်ရင်ထည့်ပါ
ချက်ပြုတ်ပုံ
✅ဒယ်အိုး မာ ဆီထည့် ထောင်းထားတဲ့ ကြက်သွန်ဖြူ ၊ငရုတ်သီး ကို အညိုရောင်သန်းလာတဲ့ အထိကြော်ပါ
✅နုတ်နုတ်စင်း ထားတဲ့ အသား ထည့် ကြော်ပါ
ချက်လာပြီးဆို ကြက်သွန်ဝါ ငရုတ်သီး အနီရှည် တောင့် ခရုဆီ ငံပြာရည် သကြား ငံပြာရည် အနာက်
ထည့်မွှေပြီးရင် ကြက်စွတ်ပြုတ်ရည် အနည်းငယ်ထည့ပြီး ခဏထားပါ
✅အနည်းငယ်ခြောက်လာပြီးဆို ထိုင်းပင်စိမ်း ထည့်ပြီး မွှေပြီးရင် ထမင်းထည့်ပါ
✅ အလှဆင်ဖို့ ထိုင်းပင်စိမ်း ရွက် ကို ဆီပူ မာ ကြော်ထားတာ ကို အပေါ်က နေ တင်ပေးလိုက်ပါ
ဘေး မာ သခွားသီး နဲ့ အစမ်ပြေတွဲစားပါ နော်

ကြက်ဥ ကတော့ တချို့ လဲ ထည့် ​ကြော် ကြပါတယ်
မိမိအဆင်ပြေ သလို့ ကြော်စားနိုင်ပါတယ်
ပုဇွန် ၊ ပင်လယ်စာ ၊ ကြက် ၊ ဝက် ၊အမဲသား
ကြိုက်ရာ နဲ့ ကြော်စားနိုင်ပါသေးတယ် နော်

image
14 ပတ် - ဘာသာပြန်ပါ။

ကမ္ဘာပေါ်တွင် ကာလကြာရှည်စွာ ခြင်ကင်းစင်ခဲ့သော အိုက်စလန်ကျွန်းနိုင်ငံ ပထမဆုံးသော ခြင်များကို ရှာဖွေတွေ့ရှိခဲ့
23.October.2025
ကမ္ဘာပေါ်တွင် ကာလကြာရှည်စွာ ခြင်ကင်းစင်ခဲ့သော အိုက်စလန်ကျွန်းနိုင်ငံ ပထမဆုံးသော ခြင်များကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ သုတေသီတစ်ဦးက တနင်္လာနေ့တွင် ပြောကြားခဲ့ပါတယ်။
အန္တာတိကတိုက်နှင့်အတူ အိုက်စလန်ကျွန်းနိုင်ငံ သည် သွေးစုပ်ပိုးမွှားများ ကင်းစင်သော ကမ္ဘာ့ နေရာအနည်းငယ်တွင် ကာလကြာရှည်စွာ ပါဝင်ခဲ့တာလဲဖြစ်ပါတယ်။
ကူလီစီတာ အန်နူလာတာ ခြင် ၃ ကောင်၊ ခြင်အမ ၂ ကောင် နှင့် အထီး ၁ ကောင်တို့ကို မြို့တော် ရေကယာဗစ် မြောက်ဘက် ကီလိုမီတာ ၃၀ (မိုင် ၂၀) အကွာတွင် မြင်တွေ့ခဲ့ရတာဖြစ်ပြီး အိုက်စလန် သဘာဝသိပ္ပံ အင်စတီကျုမှ ပညာရှင် မက်သီးယပ်စ် အဲဖရက်ဆင် က ပြောကြားခဲ့ကြောင်း သိရသည်။
ပိုးမွှားတွေကို ဆွဲဆောင်ဖို့ ရည်ရွယ်ပြီး ဝိုင်ကြိုးတွေကနေ စုဆောင်းခဲ့တာပါ” လို့ သုတေသီက ဝိုင်အပူထဲကို သကြားထည့်ဖျော် အဲဒီအရည်ထဲကို ချည်မျှင်ကြိုးနှစ်ပြီး စိမ်တဲ့နည်းကို ရည်ညွန်းကာ အင်းဆက်ပိုးမွှားတွေကို အချိုအရ သာနဲ့ဆွဲ ဆောင်ဖို့အတွက် အဲဒီအပူပေး ထားတဲ့ဝိုင် ထဲ သကြားထဲ့ဖျော်ထားတဲ့ ဝိုင်အချိုရည်ထဲနှစ် ပြီး စိမ်ထားတဲ့ ချည်မျှင်ကြိုးကို ချိတ်ဆွဲထား တဲ့ နည်းနဲ့ ခြင်တွေကို ဖမ်းယူပါတယ် လို့ သုတေသီ က ပြောပြကြောင်း သိရသည်။
“ဒါဟာ အိုက်စလန်ရဲ့ သဘာဝပတ်ဝန်း ကျင်မှာ ပေါက်ပွားတဲ့ ခြင်တွေရဲ့ ပထမဆုံး မှတ်တမ်းပါပဲ။ အေးဒီးစ် နီဂရိပီးစ် (အာတိတ်ခြင်မျိုးစိတ်) ကို ကက်ဖလာဗစ် လေဆိပ်မှာ လွန်ခဲ့တဲ့ နှစ်ပေါင်း များစွာက လေယာဉ်တစ်စင်းပေါ်ကနေ စုဆောင်းခဲ့ ပါတယ်” လို့ အယ်လ်ဖရက်ဆင် က ပြောကြားပြီး “ကံမကောင်းစွာနဲ့ အဲဒီမျိုးစိတ်က ပျောက်ဆုံးသွားပါတယ်” ဟု အယ်လ်ဖရက်ဆင် က ပြောကြားခဲ့သည်။

image

အိမ်က မောင်/နှမ မှာ ပိုက်ဆံ ၅ထောင် ရှိနေသောအခါ

image

Rapunzel

◾Disney ကာတွန်း

- Rapunzel ရဲ့ မျက်ရည်က မင်းသား Flynn Rider ကို ကုသပေးခဲ့ပြီး Happy Ending ဖြစ်သွားတယ်။
- မိခင်ကြီး ဂိုသဲလ် (Gothel) က အသက်ကြီးရင့်သွားပြီး ပြုတ်ကျ thay ဆုံးသွားတယ်။

🇩🇪 မူရင်း ပုံပြင် (ဂျာမနီ)

- ရဲတိုက်အောက်မှာ Rapunzel နဲ့ ချစ်ကြိုက်နေတဲ့ မင်းသားကို စုန်းမကြီးက တွေ့သွားပါတယ်။

- နောက်နေ့ကျ ​Rapunzel ရဲ့ ဆံပင်ကို စုန်းမကြီးက ညှပ်ပစ်လိုက်တယ်။ ဗိုက်ကြီးကြီးနဲ့ Rapunzel ကို တောနက်ထဲမှာ စွန့်ပစ်လိုက်တယ်။ တောထဲမှာပဲ Rapunzel က ဆင်းရဲချို့တဲ့စွာ ကလေး ၂ ယောက်မွေးတယ်။

- မင်းသား ထပ်ရောက်လာတဲ့အခါ စုန်းမက Rapunzel ဟန်ဆောင်ပြီး ဆံပင်ကို ပေးချလိုက်တယ်။ မင်းသားက အပေါ်ရောက်တော့ မဟုတ်မှန်း သိတဲ့အခါ လန့်သွားတယ်။ စုန်းမက မင်းသားကို ရဲတိုက်ကနေ တွန်းချလိုက်ရပါတယ်။

- တွန်းချလိုက်တဲ့အတွက် မျက်လုံးတွေက ဆူးပင်တွေနဲ့ ထိုးမိပြီး ကန်းသွားတယ်။

- ​နောက်နှစ်အနည်းငယ်ကြာမှ မျက်ကန်းဖြစ်နေတဲ့ မင်းသားဟာ တောထဲမှာ သီချင်းဆိုသံကြားတာကြောင့် Rapunzel ကို အမှတ်မထင် ပြန်တွေ့ဆုံပြီး Rapunzel ရဲ့မျက်ရည်တွေက သူ့မျက်လုံးကို ပြန်လည်မြင်နိုင်အောင် ကုသပေးခဲ့ပါတယ်။

image
14 ပတ် - ဘာသာပြန်ပါ။

"ပင်လယ်ရေမြင်းအကြောင်း ဗဟုသုတများ"
* အထီးက ကိုယ်ဝန်ဆောင်တယ်- ပင်လယ်မြင်းတွေထဲမှာ အထူးခြားဆုံးကတော့ သားလောင်းတွေကို အထီးက ကိုယ်ဝန်ဆောင် မွေးဖွားတာပါ။ အမက သူ့ရဲ့ဥတွေကို အထီးရဲ့ ဝမ်းဗိုက်က အိတ် ထဲကို ထည့်ပေးလိုက်ပြီး အဲဒီမှာ ဥတွေ သန္ဓေအောင်ကာ သားပေါက်သည်အထိ အထီးက ထိန်းသိမ်းစောင့်ရှောက်ပေးပါတယ်။
* ငါးအမျိုးအစားဖြစ်တယ်- သူတို့ရဲ့ ပုံပန်းသဏ္ဌာန်က မြင်းနဲ့တူပေမဲ့ ပင်လယ်မြင်းတွေဟာ တကယ်တော့ ငါးအမျိုးအစား ဖြစ်ပြီး ပါးဟက်နဲ့ ရေကူးအိတ် (Swim Bladder) တွေ ပါဝင်ပါတယ်။
* ရေကူးနှုန်းနှေးကွေးတယ်- ပင်လယ်မြင်းတွေဟာ ကမ္ဘာပေါ်မှာ ရေကူးနှုန်း အနှေးဆုံးငါး တွေထဲက တစ်မျိုးပါ။ သူတို့က ကိုယ်ကို မတ်မတ်ထောင် ပြီး ကျောပေါ်က ဆူးတောင်လေးကို အလွန်လျင်မြန်စွာ ခတ်ပြီး ရေထဲမှာ လှုပ်ရှားသွားလာပါတယ်။
* အမြီးနဲ့ တွယ်ကပ်နေတတ်တယ်- သူတို့မှာ မျောက်တွေလို အရာဝတ္ထုတွေကို ရစ်ပတ်ဖမ်းဆုပ်နိုင်တဲ့ အမြီး (Prehensile Tail) ပါရှိပါတယ်။ အဲဒီအမြီးနဲ့ ပင်လယ်ရေမှော်ပင်တွေ၊ သန္တာကျောက်တန်းတွေမှာ တွယ်ကပ်ထားပြီး ရေစီးနဲ့ မျောပါမသွားအောင် ကိုယ့်ကိုယ်ကို မြဲမြံအောင် ထိန်းထားနိုင်ကြပါတယ်။
* မျက်လုံးနှစ်လုံး လွတ်လပ်စွာ လှုပ်ရှားနိုင်- ပုတ်သင်ညို (Chameleon) လိုပဲ ပင်လယ်မြင်းရဲ့ မျက်လုံးနှစ်လုံးဟာ တစ်ခုနဲ့တစ်ခု လွတ်လပ်စွာ ရွေ့လျားနိုင်ပါတယ်။ ဒါကြောင့် တစ်ချိန်တည်းမှာပဲ ရှေ့ကိုရော နောက်ကိုပါ မြင်နိုင်သလို၊ ပတ်ဝန်းကျင်ကိုပါ အပြည့်အဝ စောင့်ကြည့်နိုင်ပါတယ်။
* အစာကို စုပ်ယူစားသောက်- သူတို့မှာ သွားတွေ မရှိတဲ့အတွက် အစာကို ပါးစပ်ရှည်ကြီးနဲ့ ဖုန်စုပ်စက်လို စုပ်ယူ ပြီး စားသောက်ကြပါတယ်။ သူတို့ဟာ တစ်နေ့ကို အစာကို အကြိမ် ၃၀ ကနေ ၅၀ အထိ စားရလေ့ရှိပါတယ်။
* ဖုံးကွယ်နိုင်စွမ်းရှိ- ပင်လယ်မြင်းတွေဟာ ပတ်ဝန်းကျင်နဲ့ လိုက်ဖက်အောင် သူတို့ရဲ့ အရောင်ကို လျင်မြန်စွာ ပြောင်းလဲနိုင်တဲ့ အသွင်ဖျောက်နိုင်စွမ်း (Camouflage) အလွန်ကောင်းမွန်ပါတယ်။
ပင်လယ်မြင်းတွေဟာ ရေအောက် ဂေဟစနစ်အတွက် အရေးပါတဲ့ သတ္တဝါလေးတွေ ဖြစ်ကြပါတယ်။

image
14 ပတ် - ဘာသာပြန်ပါ။

စိတ်ချမ်းချမ်းသာသာနေချင်ရင်
စိတ်ဆင်းရဲမှုပေးတဲ့သူတွေကို ဥပေက္ခာပြုလိုက်ပါ

image
14 ပတ် - ဘာသာပြန်ပါ။

🌒 THE HOUSE THAT BREATHED (2026) – ⭐4.8/5 – Horror / Psychological / Supernatural
Not every haunting comes from the dead. Some come from the parts of you that survived.
In The House That Breathed, Anya Taylor-Joy plays Clara, an architect who returns to her family’s abandoned estate after years in exile — only to find that the walls still know her heartbeat. Andrew Garfield is her estranged brother, drawn back by dreams that feel more like memories. Together, they uncover that the house was built not to shelter life, but to preserve it.
The film unfolds like a fevered lullaby — whispers through pipes, doors that inhale, portraits that blink in rhythm with the living. The horror is slow and intimate: not blood, but breath; not death, but remembering.
Taylor-Joy’s performance is magnetic — fragile yet fierce, her fear collapsing into acceptance. Garfield plays quiet despair perfectly, a man drowning in a truth he helped create.
The House That Breathed doesn’t scare through monsters — it scares through memory. It reminds you that what’s forgotten isn’t gone; it’s just waiting for you to come home.
And when the house exhales in the final shot, the candle goes out — but the breathing never stops.

image