Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
စဥ်းစားပြီးမှအလုပ်လုပ်ပါ
💡💡💡💡💡💡💡💡💡
တစ်ခါတုန်းက မြွေတစ်ကောင်ဟာ ရေအိုင်တစ်ခုအတွင်းမှ ဖားအားလုံးကို စားဖို့အကြံနဲ့ လာခဲ့ပါတယ်။ မြွေက ဖားတွေကို " သင်တို့ကို လုပ်ကိုင်ပေးဖို့ ရောက်လာရတာပါ။ ဗြဟ္မာတစ်ဦးရဲ့ ကျိန်စာကြောင့်ပေါ့"လို့ ပြောလိုက်တာပေါ့။
ဖားဘုရင်ဟာ ဝမ်းသာသွားပြီး ဖားအားလုံးကို မြွေအကြောင်း ပြောပြလိုက်တာပေါ့။ ဖားဘုရင် နောက်ကို လိုက်ရင်း ဖားအားလုံးဟာ မြွေရဲ့ကျောပေါ်ကို စီးဖို့ လိုက်ကြတာပေါ့။
နောက်နေ့မှာ မြွေက " ငါဘာမှ မစားရသေးဘူး။ မြန်မြန်သွားဖို့ အားနည်း နေပြီ"လို့ ပြောလိုက်သတဲ့။ ဖားဘုရင်က " မင်းရဲ့အမြီးဖျားမှာ ထိုင်နေတဲ့ဖားသေးသေးလေးကို စားလို့ရတယ်"လို့ မြွေကို ပြောလိုက်ပါတယ်။ မြွေက ဖားတစ်ကောင်ကို စားပစ်လိုက်တာပေါ့။
နောက်ရက်နည်းနည်းကြာတော့မြွေဟာ ဖားအားလုံးကို စားပစ်လိုက်ပါတယ်။ ဖားဘုရင်ပဲ ကျန်တော့တာပေါ့။
နောက်နေ့မှာ မြွေက " ငါ ဘာမှမစားရသေးဘူး။ မြန်မြန်သွားဖို့ အားနည်းနေပြီး"လို့ ပြောလိုက်ပြန် ပါတယ်။
ဖားဘုရင်ကလည်း " အမြီးဖျားမှာ ထိုင်နေတဲ့ဖားကို စားနိုင်ပါတယ်"လို့ပြောလိုက်ပြန်သတဲ့။ ဒီတစ်ခါမှာ တော့ မြွေကို ဖားဘုရင်ကို စားပစ်လိုက်ပါတော့တယ်။
ဒီပုံပြင်လေးရဲ့ ပေးချင်တဲ့သင်ခန်းစာကတော့ ဘယ်အလုပ်ကိုမဆို မလုပ်ခင်မှာ စဉ်းစားရမယ်ဆို တာပါပဲကွယ်။ ။
"သူကတော့ Native Speaker လို ပြောနိုင်လိုက်တာ၊ ငါကတော့ တတ်မှာမဟုတ်ပါဘူး။"
"Grammar ဆိုတာ ငါနဲ့မကိုက်ဘူး၊ ငါ့ဦးနှောက်က ဘာသာစကားအတွက် မကောင်းဘူး။"
ဒီလိုအတွေးတွေက သင့်ရဲ့ အင်္ဂလိပ်စာ တိုးတက်မှုကို သော့ခတ်ထားတဲ့ အကြီးမားဆုံး ရန်သူပါပဲ။
Stanford တက္ကသိုလ်က စိတ်ပညာ ပါမောက္ခ Dr. Carol Dweck ရဲ့ သုတေသနအရ၊ ဒါဟာ သင် "ညံ့" နေလို့ မဟုတ်ဘဲ၊ သင့်မှာ "Fixed Mindset" ("ဘောင်ခတ်" ထားတဲ့စိတ်။) ရှိနေလို့ပါ။
"Fixed Mindset" ဆိုတာ "ငါ့ရဲ့ ဉာဏ်ရည်ဉာဏ်သွေးက မွေးရာပါပဲ၊ ပြောင်းလဲလို့ မရတော့ဘူး" လို့ ယုံကြည်ထားတာပါ။
ဒီ Mindset က အင်္ဂလိပ်စာ လေ့လာသူတွေကို အတော်လေးအခက်တွေ့စေပါတယ်။
အမှားလုပ်မိတာနဲ့ "ငါ ညံ့တယ်" ဆိုတာ သက်သေပြလိုက်သလို ခံစားရပြီး၊ စကားပြောဖို့ လုံးဝ မကြိုးစားရဲတော့ပါဘူး။
ခက်ခဲတာကို ရှောင်ကြဉ်လာတတ်တယ်။
Grammar ခက်ခက်၊ Listening ဖိုင် ခက်ခက်တွေ တွေ့တာနဲ့ "ဒါ ငါနဲ့ မကိုက်ပါဘူး" ဆိုပြီး ချက်ချင်း လက်လျှော့ပစ်လိုက်ပါတယ်။
ကြိုးစားရတာကို ရှက်စရာလို့ ထင်တတ်တယ်။
"တကယ်တော်တဲ့သူဆိုတာ ကြိုးစားစရာမလိုဘဲ တတ်ရမယ်" လို့ ထင်ပြီး၊ ကြိုးစားနေရခြင်းကို "မတော်ဘူးလို့" လို့ ခံယူထားပါတယ်။
ဒါတွေကိုပြောင်းလဲပေးနိုင်မယ့် အဖြေကတော့ "Growth Mindset" (လေ့ကျင့်လေ သန်မာလေ" လို့ ယုံကြည်တဲ့စိတ်) ပါ။
"Growth Mindset" ဆိုတာက "ငါ့ဦးနှောက်က ကြွက်သား (Muscle) တစ်ခုလိုပဲ၊ လေ့ကျင့်လေ သန်မာလေပဲ။ ကြိုးစားရင် အရာအားလုံး ဖြစ်နိုင်တယ်" လို့ ယုံကြည်တာပါ။
ဒီ Mindset က သင့်ကို ဒါတွေကို ကူညီပေးနိုင်ပါတယ်။
အမှားတွေကို "လမ်းညွှန်" လို့ မြင်လာစေပါတယ်။
အမှားလုပ်မိတာကို "ငါ ဘယ်နေရာမှာ ပိုလေ့လာဖို့ လိုသေးလဲ" ဆိုတာကို ပြပေးတဲ့ "သင်ခန်းစာ" အဖြစ် ပျော်ပျော်ကြီး လက်ခံလာနိုင်ပါတယ်။
စိန်ခေါ်မှုတွေကို "လေ့ကျင့်ခန်း" လို့ သဘောထားလာတတ်တယ်။
ခက်ခဲတဲ့ လေ့ကျင့်ခန်းတွေကို "ငါ့ဦးနှောက် ကြွက်သားကို ပိုသန်မာအောင် လုပ်မယ့် လေ့ကျင့်ခန်းပဲ" လို့ မြင်ပြီး ပျော်ရွှင်စွာ လုပ်ဆောင်စေပါတယ်။
ကြိုးစားအားထုတ်မှုကို "သော့ချက်" လို့ ယုံကြည်လာတယ်။
"ကြိုးစားလေ၊ တော်လေ" ဆိုတာကို လက်ခံပြီး၊ အောင်မြင်မှုဟာ ဇွဲလုံလကနေပဲ လာတယ်ဆိုတာကို နားလည်သွားပါတယ်။
အခုချက်ချင်း ဘာလုပ်ရမလဲ- "YET" (သေး) ဆိုတဲ့ စကားလုံးကို သုံးပါ။
Mindset ဆိုတာ ပြောင်းလဲလို့ ရပါတယ်။ အဲ့ဒီပြောင်းလဲမှုကို စတင်ဖို့ အစွမ်းထက်ဆုံး စကားလုံးတစ်လုံးကတော့ "YET" (သေး) ဆိုတဲ့ စကားလုံးပါပဲ။
သင့်စိတ်ထဲမှာ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်တဲ့ အတွေးတစ်ခု ဝင်လာတိုင်း၊ အဲ့ဒီဝါကျရဲ့ အဆုံးမှာ "YET" (သေး) ဆိုတာလေးကို ထည့်ပြီး ပြန်ပြောကြည့်ပါ။
"ငါ English စကား မပြောတတ်ဘူး" → "ငါ English စကား မပြောတတ်သေးဘူး။" (I can't speak English YET.)
"ငါ Grammar ကို နားမလည်ဘူး" → "ငါ Grammar ကို နားမလည်သေးဘူး။" (I don't understand grammar YET.)
"ငါ့အသံထွက် မကောင်းဘူး" → "ငါ့အသံထွက် မကောင်းသေးဘူး။" (My pronunciation isn't good YET.)
ဒီ "YET" (သေး) ဆိုတဲ့ စကားလုံးလေးတစ်လုံးက သင့်ဦးနှောက်ကို "ဒါ အဆုံးသတ်မဟုတ်ဘူး၊ ငါ ဆက်ကြိုးစားနေဆဲ၊ ငါ တိုးတက်လာဦးမယ်" ဆိုတဲ့ Growth Mindset ဘက်ကို ချက်ချင်း တွန်းပို့ပေးပါလိမ့်မယ်။
ပိုးသတ်ဆေး အကြွင်းအကျန် စစ်ဆေးနိုင်မယ့်စက် တီထွင်ခဲ့တဲ့ ၁၄ နှစ်အရွယ် ကျောင်းသားလေး
ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေပေါ်မှာ ပိုးသတ်ဆေးတွေ ကျန်ရှိနေသလားဆိုတာ စစ်ဆေးနိုင်မယ့် လက်ကိုင်စက်တစ်မျိုးကို ၁၄ နှစ်အရွယ် ကျောင်းသားလေးက တီထွင်ဖန်တီးခဲ့ပါတယ်။
သျှရီသုဘဟာ " အသီးတွေ မစားခင် ရေဆေးပါ''ဆိုတဲ့ စကားကို '' ဘာကြောင့်လဲ''လို့ စူးစမ်းရာကနေ ပိုးသတ်ဆေး ဖျန်းထားတဲ့အကြောင်း၊ ပိုးသတ်ဆေးတွေ ကျန်နေနိုင်တဲ့အကြောင်း သိသွားပြီး Pestiscand ဆိုတဲ့ ဉာဏ်ရည်တုနည်းပညာသုံး ပိုးသတ်ဆေး စစ်ဆေးစက်ကို တီထွင်ဖြစ်ခဲ့တာပါ။
Pestiscand စက်ဟာ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေပေါ်မှာ ပိုးသတ်ဆေးတွေ ကျန်ရှိနေသလားဆိုတာကို စက္ကန့်ပိုင်းအတွင်း Scan ဖတ် စစ်ဆေးပေးနိုင်စွမ်း ရှိပါတယ်။ ဒါကြောင့်လည်း သျှရီသုဘရဲ့ ဖန်တီးမှုဟာ 3M Young Scientist Challenge မှာ အမေရိကန်ဒေါ်လာ ၂၅၀၀၀ ဆုရခဲ့ပါတယ်။
Ref: 14-year-old named America’s Top Young Scientist for inventing an AI-based handheld pesticide detector
🔥 The Divine Fury (2025) | Official Trailer 🔥
🎬 Starring: Park Seo-joon, Ahn Sung-ki, Woo Do-hwan
💬 Quote: “When darkness rises, only faith forged in pain can strike it down.”
⚔️ The chilling Korean action-horror saga returns with The Divine Fury (2025), raising the stakes of exorcism and spiritual warfare. The trailer unveils Park Seo-joon’s powerful comeback as Yong-hoo, now more conflicted yet stronger, facing nightmarish demons that test both body and soul. With Woo Do-hwan embodying a new formidable antagonist and Ahn Sung-ki grounding the story with gravitas, the film blends supernatural dread with heart-pounding martial arts action. Drenched in atmosphere and cinematic intensity, it promises both spectacle and emotional depth.
⭐ Evaluation: Gripping, terrifying, and unrelenting—The Divine Fury (2025) solidifies its place as a must-watch fusion of horror and action.
#thedivinefury2025 #parkseojoon #woodohwan #koreancinema #actionhorror
Malayan Laughingthrush
ဒီငှက်ကလေး ကတော့ သတိမပြု မိရင် ဝါးယောင်းငှက်စိမ်း နဲ့ ဆင်သယောင် ရှိပေမယ့် ရှင်သန်နေထိုင်ရာဒေသခြင်း မတူညီကြပါဘူး။
သူတို့ က ထိုင်းနိုင်ငံ တောင်ပိုင်း နဲ့ မလေးကျွန်းဆွယ် မှာပဲ နေထိုင်ကြပြီး ဝါးယောင်းငှက်စိမ်း ကိုတော့ ကျနော်တို့ မြန်မာနိုင်ငံ အပါအဝင် ထိုင်း၊လာအို ၊ဗီယက်နမ် တို့အထိ တွေ့နိုင်ပါတယ်ခင်ဗျာ။
"မန်ကျည်းမြစ်" ရှေးလူကြီးများ ရေယုန်နှင့် ရေကျောက်ကြီး (Shingles) ကို ကုသရာတွင် အသုံးပြုခဲ့သော ရိုးရာဆေးဖက်ဝင်အပင်
"မန်ကျည်းသီး" ဟာ အချဉ်ဓာတ်ရှိတဲ့ အသီးအနှံတစ်မျိုးအနေနဲ့ ဟင်းလျာတွေချက်ပြုတ်ရာမှာသာ အသုံးဝင်တာမဟုတ်ဘူးဆိုတာ သင်သိပါသလား။
"မန်ကျည်းမြစ်" ဟာလည်း ရှေးဟောင်းဆေးကျမ်းတွေမှာ ကောင်းမွန်တဲ့ ဆေးတစ်လက်ဖြစ်ပြီး၊ ရှေးလူကြီးတွေက ရေယုန်၊ ရေကျောက်ကြီး (Shingles)၊ အယားပြေဖုများနှင့် အရေပြားရောင်ရမ်းခြင်းတို့ကို လိမ်းကျံကုသရာမှာ ထိရောက်တဲ့ ရလဒ်တွေရခဲ့ပါတယ်။
ရိုးရာဓလေ့တွေအရ မန်ကျည်းမြစ်ဟာ ရောင်ရမ်းမှုဆန့်ကျင်ခြင်း၊ ယားယံမှုသက်သာစေခြင်း၊ နာကျင်မှုလျှော့ချခြင်းနဲ့ အနာတွေကို အမြန်ခြောက်သွေ့စေပြီး အမာရွတ်ကျက်စေခြင်းစတဲ့ အာနိသင်တွေရှိတယ်လို့ ယုံကြည်ကြပါတယ်။
ဒါကြောင့် သန့်စင်အောင်ဆေးထားတဲ့ မန်ကျည်းမြစ် အရင့်ကို အမှုန့်ဖြစ်အောင်ထောင်းပြီး သန့်ရှင်းတဲ့ရေ ဒါမှမဟုတ် အရက်ဖြူအနည်းငယ်နဲ့ ရောစပ်ပါတယ်။
ပြီးရင် ရေယုန် ဒါမှမဟုတ် ရေကျောက်ကြီး (Shingles) ဖြစ်တဲ့နေရာကို တစ်နေ့လျှင် ၂-၃ ကြိမ် လိမ်းကျံပေးလေ့ရှိပါတယ်။
တချို့ဒေသတွေမှာဆိုရင် ပိုးမွှားပြန့်ပွားမှုကို လျှော့ချဖို့အတွက် မန်ကျည်းမြစ်ပြုတ်ရည်နဲ့ ရေချိုးတာမျိုးကိုလည်း ပြုလုပ်ကြပါတယ်။
မန်ကျည်းမြစ်ဟာ ဗိုင်းရပ်စ်ပိုးတွေကို တိုက်ရိုက်သေစေနိုင်ကြောင်း ဆေးပညာဆိုင်ရာ သုတေသနတွေက အတည်မပြုနိုင်သေးပေမယ့်၊ အမြစ်ထဲမှာပါဝင်တဲ့ တန်နင် (Tannin) နဲ့ ဖီနောလစ် (Phenolic) လိုမျိုး အရေးပါတဲ့ ဓာတ်ပစ္စည်းတွေဟာ အနာကျက်စေပြီး ရောင်ရမ်းမှုကို ဟန့်တားပေးနိုင်တဲ့ အာနိသင်တွေရှိပါတယ်။
ဒါ့ကြောင့် အနာတွေကို ပိုမိုမြန်ဆန်စွာ ကျက်စေပြီး ရောဂါလက္ခဏာပြင်းထန်မှုကို လျှော့ချပေးနိုင်ပါတယ်။
ချုပ်ပြောရရင်
မန်ကျည်းမြစ်ဟာ အဓိကကုသဆေးတော့ မဟုတ်ပေမယ့် သဘာဝကရတဲ့ အထောက်အကူပြု ဆေးဖက်ဝင်အပင်ကောင်းတစ်ခုပါ။ အနာတွေကို သန့်ရှင်းစွာ ဂရုစိုက်ခြင်းနဲ့ လုံလောက်စွာ အနားယူခြင်းတို့နဲ့ တွဲဖက်သုံးစွဲမယ်ဆိုရင် အဖုနဲ့ အနာတွေဟာ ပိုပြီး မြန်မြန်ဆန်ဆန် ခြောက်သွေ့လာပါလိမ့်မယ်။
နေ့စဉ်မိုးလေဝသသတင်း
(၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်နေ့ နံနက် ၇:၀၀ နာရီအချိန် ထုတ်ပြန်ချက်)
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့် အရှေ့အလယ်ပိုင်းတို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေ ပါသည်။
ယနေ့ညနေအထိခန့်မှန်းချက်။ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ် တို့တွင် နေရာကျဲကျဲနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန် ရာနှုန်းပြည့် ဖြစ်ပါသည်။
မြန်မာ့ပင်လယ်ပြင်။ လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၄ ပေမှ ၆ ပေခန့် ရှိနိုင်ပါသည်။
နောက် ၂ ရက်အတွက်ခန့်မှန်းချက်။ တနင်္သာရီတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့တွင် နေရာကျဲကျဲ မိုးထစ်ချုန်း ရွာနိုင်ပါသည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပါ သည်။ ရွာရန်ရာနှုန်း ၆၀ ဖြစ်ပါသည်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပါ သည်။ ရွာရန်ရာနှုန်း ၆၀ ဖြစ်ပါသည်။
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပါ သည်။ ရွာရန်ရာနှုန်း ၆၀ ဖြစ်ပါသည်။