မူလန်တောင် သူ့လောက် မမူလန်ဘူး

image
3 w - Translate

ရှောင်နေလိုက်ပါ..... မိတ်ဆွေ
သူ့စိတ်ဓါတ်ကို ကိုယ်သိရပြီဆိုရင်
တိုက်ရိုက် သွားမပြောနဲ့....
မသိသလို နေပေးပြီးတော့
နောက်ဆို ကိုယ်က ရှောင်နေလိုက်ပါ....
သူ့အကျင့်ကို ရိပ်မိနေပြီလား.....
သွားပြီး ပေါက်ကွဲ မပြနဲ့.....
မသိသလို နေပေးပြီး
နောက်ဆို ကိုယ်ကဆင်ခြင်လိုက်ပါ.....
နင်ကဘယ်လို ငါကဘယ်လိုဆိုပြီး
စကားလုံးတွေနဲ့ စစ်တိုက်နေဖို့မလိုပါဘူး......
ရိုးသားချင်ယောင်ဆောင်နေတဲ့ သူ့အကြောင်းကို
ကိုယ်က နားလည်နေပြီလား.....
ဆက်ပြီး အပေါင်းအသင်း မလုပ်နဲ့.....
တဖြည်းဖြည်း ရှောင်နေလိုက်ပါ
ရှေ့ဆက်သွားရင် ကိုယ့်ကိုပါ
ထိခိုက်စေနိုင်တာမို့ပါ....
တစ်ခါတစ်လေတော့
ကိုယ်သိတဲ့ အရာတစ်ခုဟာ
ကိုယ်စိတ်ထဲမှာ မှတ်သားထားဖို့ပဲလိုတာပါ....
လုံးဝ မပတ်သက် မဆက်ဆံရဘူးလို့
မပြောလိုဘူး...
မဖြစ်သာလို့ ဆက်ဆံနေရအုံးမယ်ဆိုရင်လည်း
ကိုယ်ပေါင်း စိတ်ခွာနဲ့ ပေါင်းသင်းနိုင်ပါတယ်....
ရိုးသားချင်ယောင်ဆောင်
သဘောကောင်းသလို ဟန်ပြ
ကွယ်ရာမှာ ကိုယ့်မကောင်းကြောင်းပြော
ကိုယ့်ရဲ့ မကောင်းသတင်းကို
အလံတလူလူလို လေလွှင့်
အခွင့်အရေးရရင် ရသလိုဖဲ့ညှစ်
အရာရာကို သူ့အပြစ်မဟုတ်ဘူးလို့
ဟန်ဆောင်ကာ မျက်နှာဖုံး စွပ်ထားတဲ့လူမျိုးကို
ဒီတစ်သက် သင်တွေ့ဆုံခဲ့ရင်
ကင်းနိုင်သလောက်
ရှောင်ဖယ်ကာ နေလိုက်ပါ......မိတ်ဆွေ
#ချစ်ခင်စွာနဲ့မျှဝေလိုက်ပါတယ်
#cards #ဗဟုသုတကမ္ဘာ

image
3 w - Translate

အထူးဂရုစိုက်ကြပါ ဒီနေ့ လိုင်းပေါ်မှာအဲ့အကောင်သောင်းကျန်းလို့ တော်တော်ဆိုးဆိုးဖြစ်နေပါတယ် ❗️
ဆောင်းရာသီမှာ အဖြစ်များတဲ့ မီးပိုးကောင်အန္တရာယ်ကို ဘယ်လိုကာကွယ်မလဲ❓
လတ်တလော ကာလအတွင်းမှာ မီးပိုးကောင် အကိုက်ခံရပြီး ဝေဒနာခံစားရသူများ ရှိလာခဲ့ပါတယ်။
ဒါကြောင့် မီးပိုးကောင် ကိုက်ခံရရင် ဘာတွေပြုလုပ်သင့်သလဲ ဘယ်လိုကာကွယ်ရမလည်း တင်ပြပေးလိုက်ပါတယ်ရှင်။
စကိုက်ခံရတဲ့အခါ ဘာတွေဖြစ်လာနိုင်လဲ?
စကိုက်ခံရပြီး ၁၂နာရီကနေ ၃၆ နာရီအတွင်းမှာ-
၁။ နီလာမယ်
၂။ မီးလောင်ထားသလို ရေကြည်ဖု ထလာမယ်
၃။ အမာရွတ်လို အဖတ်ဖတ်တွေ တက်လာနိုင်ပါတယ်
၄။ အနာကကိုက်လာမယ်
၅။ပြည်တည်မယ် စတဲ့ဝေဒနာတွေ ခံစားရနိုင်ပါတယ်။
သက်သာဖို့ အတွက်ရော ဘာတွေလုပ်ရမလဲ?✅
၁။ အကောင်နဲ့ ထိတွေ့တဲ့နေရာကို ချက်ချင်းရေကို အသုံးပြုပြီး စင်ကြယ်အောင်ဆေးပါ
၂။ ကိုက်ခံရတဲ့ နေရာကို ရေခဲရေဝတ်နဲ့ အရောင်ကျစေဖို့ ကပ်ပါ
၃။မပွတ်မိအောင်သတိထားပါ။ အနာပြဲပြီး အမာရွတ်ကျန်တတ်ပါတယ်။
၄။ဆရာဝန်ညွှန်ကြားချက်အတိုင်း ကိုက်ခံရတဲ့ အရေပြား ပတ်ချာလည်ကို Steroid ပါတဲ့ လိမ်းဆေး လိမ်းပါ။ သောက်ဆေး အနေနဲ့ Antihistamine တွေ သောက်သုံးနိုင်ပါတယ်။
ပျောက်ဖို့ကြာမြင့်ချိန်ကတော့ ၁ပတ်ကနေ ၃ပတ် ကြာနိုင်ပြီး အမာရွတ်လို အဖတ်ဖတ်တွေ တက်လာပြီးမှ ပျောက်သွားပါတယ်။
ဆောင်းရာသီမှာ မီးပိုးကောင်အန္တရာယ်ကို အားလုံး ဂရုစိုက်နိုင်ကြပါစေ။ ပြန်လည်မျှဝေသွားဖို့လည်း တောင်းဆိုပါရစေ ရှင်♥️
မီးပိုးကောင်​၏အဆိပ်ကြောင့်ဖြစ်သော အရေပြားနီရဲရောင်ရမ်းနာ ‼️
ပုံမှာပြထားသလိုမျိုး ဘာကြောင့်မှန်းမသိလိုက်ဘဲ အရေပြားပေါ်မှာ ပေါ်လာတာမျိုးပါ။
ထူးဆန်းတာက တံတောင်ဆစ်လို၊ ဒကောက်ကွေးလို နေရာမျိုးဆိုရင် Mirror image လိုမျိုး ၂ဖက်ဆင်တူဖြစ်တာပါ။ Kissing lesion လို့လဲ ခေါ်ပါတယ်။
တချို့က အရေကြည်ဖုလေးတွေ တန်းစီနေလို့ ရေယုန်လို့ ထင်တတ်ကြတယ်။
တချို့ကတော့ မီးပိုးကောင်ကိုက်တာလို့ပြောလေ့ရှိကြတယ်။
တကယ်တော့ ပုံမှာပြထားတဲ့ အင်းဆက် ပိုးကောင် ကြောင့်ဖြစ်တာပါ။
ဒါပေမယ့် ပုရွက်ဆိတ်တို့ ပျားကောင်တို့လို ကိုက်လို့ တုပ်လို့ဖြစ်တာတော့မဟုတ်ပါဘူး။ သူ့ခန္ဓာကိုယ်က ထွက်တဲ့အဆိပ်တမျိုးနဲ့ ထိမိလို့ဖြစ်တာပါ။
အဲဒီ insect ပိုးကောင်ကို Rove Beetle လို့ခေါ်ပါတယ်။ Paederin ဆိုတဲ့ Toxin (အဆိပ်) ကို ထုတ်လို့ Paederus Beetle လို့လဲခေါ်ပါတယ်။
အဲဒီ Toxin ထိမိတဲ့နေရာတွေမှာ ရေကြည်ဖု (Blister) တွေနဲ့ အရေပြားနီရဲရောင်ရမ်းတာ (Dermatitis) ကိုဖြစ်စေတာပါ။
မီးရောင်က အဲဒီပိုးကောင်တွေကို ဆွဲဆောင်နိုင်ပါတယ်။ ဆောင်းတွင်းမှာတော့ အအေးဓာတ်ကြောင့် ထွက်လာတတ်ကြတာပါ။
ပိုး​ကောင်အကြီးရဲ့ အရွယ်အစားက အရှည် 7-10 mm ဗျက် 0.5-1 mm ရှိပါတယ်။ ဦးခေါင်းက အမဲရောင်၊ ခန္ဓာကိုယ်က အနီနဲ့အနက်ကြားရောင်ပါ။
အဲဒီပိုးကောင်ကို ဖိခြေ (Crush) လိုက်တဲ့အခါ သူ့ခန္ဓာကိုယ်က Paederin toxin အဆိပ်ရည် ထွက်လာပြီးအရေပြားကို ထိမိတဲ့ခါ ပုံမှာပြထားသလို ဖြစ်လာတတ်ပါတယ်။
ထိပြီး ၁ရက်လောက်ကြာမှ နီရဲပြီး အရည်ကြည်ဖုတွေ ဖြစ်လာတာပါ။
အဆိပ်အနဲအများပေါ် မူတည်ပြီး နီရဲရုံကနေ အရည်ကြည်ဖုကြီးတွေ အနီစင်းကြောင်းတစ်လျောက်လုံးပေါ်တာမျိုးထိဖြစ်ပါတယ်။
ပိုးကောင်အဆိပ် ပေနေတဲ့လက်နဲ့ မျက်စိနဲ့ တခြားနေရာတွေကို ပွတ်မိကိုင်မိရင်လဲ မျက်စိရောင်တာ ထိမိတဲ့နေရာတွေပါ ရောင်ကိုင်းတာ ဖြစ်နိုင်ပါတယ်။
မော်တော်ဆိုင်ကယ်စီးတဲ့သူတွေ မျက်နှာ၊ မျက်လုံးတို့နဲ့ ပိုးကောင်ရိုက်မိရင် တော်တော်ဆိုးဝါးနိုင်ပါတယ်။
တကယ်လို့ ပိုးကောင် ခန္ဓာကိုယ်ပေါ် တက်နေတာတွေ့ရင် လက်နဲ့သွားမကိုင်ပါနဲ့။ ဖိပြီးခြေမပစ်ပါနဲ့။ အမှတ်တမဲ့ ဖိခြေမိသွားရင် ထိတဲ့နေရာနဲ့ လက်ကို ဆပ်ပြာနဲ့ ရေများများနဲ့ ဆေးပစ်ပါ။
အဝတ်အစားတွေလဲ ချွတ်ပြီးလျှော်ပစ်ပါ။ အဆိပ်တွေပါသွားအောင်ပါ။
နီရဲပြီး ရောင်လာခဲ့ရင် Antihistamines, Topical steroid ဆေးတို့ကို ပေးလို့ရပါတယ်။
Creditဒေါက်တာလှမြတ်နွယ်(ရန်ကုန်ကလေးဆေးရုံကြီး)
ကျန်းမာရေး ဗဟုသုတများ မျှဝေပေးခြင်းဖြင့် လူတိုင်း အကျိုးရှိစွာ အသုံးချနိုင်ပါစေ 😊

image
3 w - Translate

စင်ကာပူနိုင်ငံရဲ့ပွဲတစ်ခုကို တက်ရောက်ခဲ့တဲ့ ကမ္ဘာ့အရပ်ရှည်ဆုံးအမျိုးသား
ကမ္ဘာ့ဂင်းနစ်စံချိန်မှတ်တမ်းအသိအမှတ်ပြုထားတဲ့ ကမ္ဘာ့အရပ်ရှည်ဆုံးအမျိုးသား တူရကီနိုင်ငံသား ဆူတန် ကိုဆန်ကို မကြာသေးခင်က စင်ကာပူနိုင်ငံရှိ International crypto ပွဲတစ်ခုဖြစ်တဲ့ TOKEN2049 crypto မှာ မြင်တွေ့ခဲ့ရပါတယ်။ သူဟာ အဲ့ဒီပွဲကို တက်ရောက်ရင်း လည်ပတ်ခဲ့တာပါ။ အဲ့ဒီပွဲက Marina Bay Sands မှာ အောက်တိုဘာ ၁-၂ ရက် ကျင်းပခဲ့တာပါ။
ကိုဆန်က TOKEN2049 crypto ပွဲမှာ လူအများကို တွေ့ဆုံနှုတ်ဆက်စကားပြောခဲ့တာတွေ့ရပါတယ်။ စင်ကာပူမှာ ရှိနေစဉ် သူ့ရဲ့အင်စတာဂရမ်ပို့စ်တွေအားလုံးမှာ #token2049 ဆိုတဲ့ hashtag ကို တွေ့ရပါတယ်။ ပွဲက ဗီဒီယိုအတိုလေးတွေကိုလည်း အင်စတာဂရမ်မှာ တင်ထားပါတယ်။ သူဟာ The Basketball Association of Singapore မှာ ဘတ်စကက်ဘောလည်းကစားခဲ့ပါသေးတယ်။ ဒါ့အပြင် Formula 1 ကားပြိုင်ပွဲကိုလည်း တက်ရောက်ဖြစ်ခဲ့ပါတယ်။
Ref: World’s tallest living man Sultan Kösen visits S’pore, towers over carpark 2.1m height clearance

image
3 w - Translate

အဖြေမှန်ကိုရွေးပေးပါ။

image
3 w - Translate

🌊✨ “True love is like the sea: endless, untamed, and always returns to where it belongs.” 💙🐚
The wait is over... Legend of the Blue Sea Season 2 reunites Heo Joon Jae (Lee Min Ho) and Shim Cheong (Jun Ji Hyun) in a story where fate and the ocean cross paths once again. 🌌💫
Facing resurfacing memories, hidden secrets, and enemies emerging from the depths, their romance will be tested like never before. ⚔️❤️ With stunning landscapes, unforgettable emotion, and an epic plot of magic and hope, this season promises to win you over from the first breath. 🌟
Immerse yourself in an adventure where time, fantasy, and eternal love intertwine beyond the waves. 🌊💖

image
3 w - Translate

👉🏼 ခွေးလေးတွေမှာ အသည်းအဆီဖုံးရောဂါ မဖြစ်အောင် ကာကွယ်ဖို့ အဓိကအချက်များ
ဒီရောဂါက ခွေးလေးတွေမှာ တော်တန်ရုံအဖြစ်နည်းပေမယ့် ဖြစ်လာတဲ့အခါမှာတော့ စိုးရိမ်ရနိုင်ပါတယ်။
➡️ သူတို့လေးတွေရဲ့ လိုအပ်တဲ့အာဟာရနဲ့ ညီညွတ်တဲ့အစားအစာကိုသာ ကျွေးပါ။
➡️ အချိန်ကြာကြာ ဗိုက်ဆာနေအောင်မထားပါနဲ့။အထူးဂရုစိုက်ပါ။
➡️ ကိုယ်အလေးချိန် ထိန်းသိမ်းပါ။
➡️ ရောဂါလက္ခဏာများကို သတိပြုမိသည်နှင့် စောစီးစွာ ဆရာဝန်ထံ ပြသ၍ စစ်ဆေးကုသမှု ခံယူပါ။
📌 အသည်းအဆီဖုံးခြင်းသည် စိုးရိမ်ရတဲ့အခြေအနေ ဖြစ်နိုင်သောကြောင့် တိရစ္ဆာန်ဆရာဝန်ရဲ့ကုသမှုကိုသာ ခံယူသင့်ပါသည်။
💬 အခြားတိချစ်သူလေးတွေလဲ သိရအောင် share သွားနိုင်ပါတယ်။

image

ဘူးသီးကြော် မုန့်နှစ်စပ်နည်းနှင့် အချဉ်ရည်စပ်နည်း.....။
ပါဝင်ပစ္စည်းများ
* ဘူးသီး (စားနိုင်သလောက်အသုံးပြုလို့ရပါတယ်)
* အကြော်မှုန့်
* ကောက်ညှင်းမှုန့်
* ပဲအကျတ်မှုန့်
* ဆား ၊ နနွင်း ၊ ဆီ
* Baking soda (မုန့်ဖုတ်ဆိုဒါ) သို့ ကြက်ဥအကာ
ပြုလုပ်နည်း
ပထမဆုံး ဘူးသီးတွေကို ကိုယ်ကြိုက်တဲ့ပုံစံလှီးထားလို့ရပါတယ်။ ဘူးသီးကို အချောင်းလိုက်ကြော်မယ်ဆိုရင် အချောင်းလိုက်လှီးပြီး ဝိုင်းဝိုင်းကြော်မယ်ဆိုရင် သုံးထောင့်ပုံစံတွေလှီးထားလို့ရပါတယ်နော် မနက်ကြော်ရင် ညကတည်းကလှီးပြီး ထားထားလို့လည်းရပါတယ်။
မုန့်နှစ်အတွက် အကြောမှုန့်၊ ကောက်ညှင်းမှုန့်၊ ပဲမှုန့် သုံးမျိုးကို အကြော်မှုန့် ၃ ဆ နဲ့ ကောက်ညှင်းမှုန့်/ပဲမှုန့်ကို ၁ ဆ စီရောစပ်ရပါမယ်။ ပြီးရင် အရသာအတွက် ဆားအနည်းငယ်၊ နနွင်းအနည်းငယ်၊ Baking soda ရှိရင် ဇွန်းဖျားလောက်လေးထည့်ရင်ရပါတယ်။ ကြက်ဥအကာ ထည့်ပေးလည်းရပါတယ်နော်။
အမှုန့်တွေအကုန်ရောပြီးသွားရင် ရေကို ဖြည်းဖြည်းချင်း လောင်းထည့်ပေးပါ။
မုန့်ရည် မပျစ်တပျစ်အနေထားလေးဖြစ်ရင် ကြော်ဖို့အကောင်းဆုံးပါနော်။
မုန့်ရည်လည်း စပ်ပြီးပြီဆိုရင် ဆီအတော်သင့် အပူရှိန်ဖြင့် ခဏက အသင့်လုပ်ထားတဲ့ ဘူးသီးချောင်းတွေကို မုန့်ရည်မှာ နှစ်ပြီး အိုးထဲထည့်ကာ စတင်ကြော်လို့ရပါပြီ။ ရွှေဝါရောင်တန်းလာပြီဆိုရင် ဆယ်တင်လို့ရပါပြီ အရမ်းကို အရသာရှိတဲ့ ဘူးသီးကြော်ကြွပ်ကြွပ်လေးကို ရရှိပြီဖြစ်ပါတယ်နော်....။
ဘူးသီးကြော်ကို မန်းကျည်းအချဉ်မဟုတ်ပဲ ငံပြာရည်အချဉ်နဲ့ပဲမှုန့်‌တို့ရောစပ်ပြီးတော့လည်း စားလို့ရပါတယ်နော်
မန်ကျည်းအချဉ်ရည်အတွက်
ပါဝင်ပစ္စည်းများ......
* မန်းကျည်းသီး
* ကြက်သွန်ဖြူ
* ဂျင်း
* ထန်းလျက်
* ငရုပ်သီးစိမ်း
* ဆား
* ငရုပ်သီးအကျတ်မှုန့်
* ပဲအကျတ်မှုန့်
မန်ကျည်းသီးတွေကို ရေနွေးနွေးပူပူဖြင့် အရင်စိမ်ထားပေးလိုက်ပါ။ ပြရင် ဇကာနဲ့ခံပြီး မန်ကျည်း အရည်ပဲစစ်ယူပါ။
မန်ကျည်းရည်ထဲကို ကြက်သွန်ဖြူ/ဂျင်းနဲ့ ငရုတ်သီးစိမ်း ရောထောင်းပြီး ထည့်ပါ။ အချိုးအဆ ချိန်ပြီးထည့်ရင်ရပါပြီနော်။
ပြီးရင် ဆား အနည်းငယ်၊ ထန်းလျက်ရည်၊ အချိုကြိုက်သလောက်ထည့်လိုက်ပါ။
ငရုတ်သီးအကျက်မှုန့် ကိုလည်း အစပ်ကြိုက်သလောက်ထည့်လို့ရပါတယ်။
မန်းကျည်အချဉ်ရည်ရဲ့ အသက်တခုဖြစ်တဲ့
ပဲအကျက်မှုန့် ကို ၂ ဇွန်းလောက် ထည့်ပေးပါ။ ထည့်လိုက်ရင် ပျစ်ပျစ်လေး ဖြစ်သွားပြီး ပိုစားလို့ကောင်းပါတယ်နော်။
နောက်ဆုံးအနေနဲ့ နံနံပင် ထပ်ထည့်လို့ရပါတယ်နော်။
မကြိုက်ရင်မထည့်လို့လည်းရပါတယ်နော်။
ဒါတွေအားလုံးလုပ်ပြီးပြီဆိုရင်တော့ အရသာရှိတဲ့ ဘူးသီးကြော်ကြွပ်ကြွပ်လေး နှင့် မန်းကျည်း အချဉ်ရပါပြီ။
မနက်ပိုင်းမှာ ထမင်းနဲ့စားမယ်ဆိုရင် အချဉ်မလိုပဲ ထမင်းနဲ့ဘူးသီးကြော်လည်း တွဲစားလို့ရပါတယ် 😋

image
3 w - Translate

ဦးလေးကြီးရေ Rowoon က ကျွန်မတို့အားလုံးရဲ့အပိုင်ပါ 🤣
“The Murky Stream “

image

နေ့စဉ်မိုးလေဝသသတင်း
=====================
(၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်နေ့ နံနက် ၇:၀၀ နာရီအချိန် ထုတ်ပြန်ချက်)
----------------------------------------------------------------------------------
ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအနည်းငယ်မှ အားအသင့်အတင့် ရှိနေပါသည်။
ယနေ့ညနေအထိခန့်မှန်းချက်။ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း နှင့် ကယားပြည်နယ်တို့တွင် နေရာကွက်ကျား၊ နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာကျဲကျဲ၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ကရင် ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ကချင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေ။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းလျက်ရှိပြီး အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်း နှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုအပ်ပါသည်။
မြန်မာ့ပင်လယ်ပြင်။ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် ၅ ပေမှ ၇ ပေခန့် ရှိနိုင်ပါသည်။
နောက် ၂ ရက်အတွက်ခန့်မှန်းချက်။ မုတ်သုံလေ အားအနည်းငယ်မှ အားအသင့်အတင့် ရှိနေမည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန် ရာနှုန်းပြည့် ဖြစ်ပါသည်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန် ရာနှုန်းပြည့် ဖြစ်ပါသည်။
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန် ရာနှုန်း ၈၀ ဖြစ်ပါသည်။

image