အမျိုးသားလွှတ်တော်မှ ဒုတိယသမ္မတရွေးချယ်တင်မြှောက်ပြီးနောက် ရွေးကောက်ခံအမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့ အစည်းအဝေး ဒုတိယနေ့ ပြီးဆုံး
ယနေ့ မတ်လ ၃၁ရက်တွင် သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့တွင် ပါဝင်သည့် ရွေးကောက်ခံ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့ အစည်းအဝေး ဒုတိယနေ့ကျင်းပခဲ့သည်။
အမျိုးသားလွှတ်တော်တွင် အမည်စာရင်းတင်သွင်းထားသည့် ဒုတိယသမ္မတလောင်း (၂) ဦးအား ဆန္ဒမဲလက်မှတ်ဖြင့် လျှို့ဝှက်ဆန္ဒမဲပေးရာ ဆန္ဒမဲလက်မှတ် ၁၅၅ တွင် ဒေါ်နန်းနီနီအေး ဆန္ဒမဲ ၁၁၇မဲ ၊ ဒေါက်တာမနမ်တူးဂျာမှ ဆန္ဒမဲ ၃၈ မဲ ဖြင့် ဒေါ်နန်းနီနီအေးအား ရွေးကောက်ခံ အမျိူးသားလွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့မှ ဒုတိယ သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခဲ့သည်။
ဆက်လက်၍ အမျိုးသားလွှတ်တော်ဥက္ကဠသည် ရွေးကောက်ခံ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့မှ ရွေးချယ်တင်မြှောက်သည့် ဒုတိယသမ္မတအမည်စာရင်းအား ပြည်ထောင်စုလွှတ်တော် နာယကထံ တင်ပြမည် ဖြစ်သည်။
ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဠမှ ရွေးကောက်ခံအမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့ အစည်းအဝေး ဒုတိယနေ့ ပြီးဆုံးကြောင်း ကြေညာခဲ့သည်။