ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ

( ၂၀၂၆ - မတ် ၃၁ ၊ နံနက် ၁၀ နာရီ)

#ရွှေဈေး

-ကမ္ဘာ့ရွှေဈေး
တအောင်စ ၄၅၆၃ ဒေါ်လာ

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း

- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၇,၀၀၀,၀၀၀ ကျပ်

ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၁၀,၆၇၀,၀၀၀ ကျပ်
ဝယ်ဈေး ၁၀,၆၃၀,၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၁၀,၂၇၀,၀၀၀ ကျပ်
ဝယ်ဈေး ၁၀,၂၃၀,၀၀၀ ကျပ်

* စနစ်သစ်
(၁ိ - ၁၆.၃၂၉၃၂၅ ဂရမ် = ၁၂၀ ရွေး)

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၁၀,၅၅၀,၀၀၀ ကျပ်
ဝယ်ဈေး ၁၀,၅၁၀,၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၁၀,၁၅၀,၀၀၀ ကျပ်
ဝယ်ဈေး ၁၀,၁၁၀,၀၀၀ ကျပ်

“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”

(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)

#နိုင်ငံခြားငွေလဲလှယ်နှုန်း

-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၆၅၇ ကျပ်

ပြင်ပပေါက်စျေး

-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၄၃၀ ကျပ်
ဝယ်ဈေး - ၄၃၃၀ ကျပ်

-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၄၉၂ ကျပ်
ဝယ်ဈေး - ၃၃၈၁ ကျပ်

-ယူရို
ရောင်းဈေး - ၅၁၇၂ ကျပ်
ဝယ်ဈေး - ၅၀၀၇ ကျပ်

-ထိုင်းဘတ်
ရောင်းဈေး - ၁၃၅.၈၇ ကျပ်
ဝယ်ဈေး - ၁၃၁.၅၃ ကျပ်

-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၁၃၅ ကျပ်
ဝယ်ဈေး - ၁၀၉၈ ကျပ်

-တရုတ်ယွမ်
ရောင်းဈေး - ၆၄၉ ကျပ်
ဝယ်ဈေး - ၆၂၈ ကျပ်

-ဂျပန်ယန်း
ရောင်းဈေး - ၂၇.၉၄ ကျပ်
ဝယ်ဈေး - ၂၇.၂၁ ကျပ်

-အိန္ဒိယရူပီး
ရောင်းဈေး - ၄၇.၃၇ ကျပ်
ဝယ်ဈေး - ၄၆.၁၂ ကျပ်

-ကိုရီးယားဝမ်
ရောင်းဈေး - ၂.၉၂ ကျပ်
ဝယ်ဈေး - ၂.၈၅ ကျပ်

-စတာလင်ပေါင်
ရောင်းဈေး - ၅၈၉၀ ကျပ်
ဝယ်ဈေး - ၅၇၃၅ ကျပ်

-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၃၀၆၁ ကျပ်
ဝယ်ဈေး - ၂၉၈၀ ကျပ်

-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၂၀၅ ကျပ်
ဝယ်ဈေး - ၃၁၂၀ ကျပ်

-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၇၁ ကျပ်
ဝယ်ဈေး - ၅၅၃ ကျပ်

-ယူအေအီး
ရောင်းဈေး - ၁၂၁၈ ကျပ်
ဝယ်ဈေး - ၁၁၇၉ ကျပ်

ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။

image

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ
***********************************
🇲🇲 ရည်ညွှန်းလက်လီဈေးနှုန်းများ
💢ရန်ကုန်မြို့
💢မန္တလေးမြို့
💢နေပြည်တော်
💢တိုင်းဒေသကြီး/ ပြည်နယ်မြို့တော်များ

image

နေရှင်နယ်လိဂ်ကလပ်ငယ်အား ကိုင်တွယ်ကာ နည်းပြလောကသို့ ဝင်ရောက်လာတဲ့ အင်္ဂလန်တိုက်စစ်မှူးဟောင်းဒီဖိုး
=====================
ဂျာမိန်းဒီဖိုးဟာ နေရှင်နယ်လိဂ်ကလပ် Woking အား ကိုင်တွယ်ကာ နည်းပြဘဝ ပထမဆုံးကလပ်အား ကိုင်တွယ်လာပါတယ်။

စပါးစ်နှင့် အင်္ဂလန်တိုက်စစ်မှူးဟောင်းဟာ နီရယ်အာဒလေရဲ့ နေရာတွင် အစားထိုးခန့်အပ်ခြင်းခံခဲ့ရတာလည်း ဖြစ်ပါတယ်။

အသက် ၄၃ နှစ်ရှိ တိုက်စစ်မှူးဟောင်းဟာ ကစားသမားဘဝမှ အနားယူပြီးနောက် ရိန်းဂျားတွင် ယာယီဝန်ထမ်းအဖြစ်လည်းကောင်း၊ အသင်းဟောင်းစပါးစ်ရဲ့ အကယ်ဒမီတွင် ဖွံ့ဖြိုးတိုးတက်ရေးနည်းပြအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်ပါတယ်။

ဒီဖိုးက "Woking က အလားအလာအများကြီးရှိတဲ့ သမိုင်းဝင်ကလပ်တစ်ခုပါ။ ဒီစိတ်လှုပ်ရှားစရာစီမံကိန်းမှာ ပါဝင်ခွင့်ရလို့ စိတ်လှုပ်ရှားရပါတယ်။ စတင်ဖို့ မစောင့်နိုင်တော့ပါဘူး"လို့ ဆိုသွားပါတယ်။

ဒီဖိုးဟာ Woking အသင်းတွင် လက်ထောက်နည်းပြအဖြစ် ဖူလ်ဟမ်နှင့်ဟာလီဖစ်နည်းပြဟောင်းပေါလ်ဘရစ်ဝဲလ်ကိုလည်း လက်ထောက်နည်းပြအဖြစ် ခန့်အပ်ခဲ့ပါတယ်။

ဒါ့အပြင် Woking ဟာ ယာယီနည်းပြများဖြစ်ကြတဲ့ ခရစ်ရို့စ်နှင့် ဂျိတ်ဟိုင်ဒီတို့ကိုလည်း နည်းပြအဖွဲ့ထဲတွင် ဆက်လက်ခန့်အပ်ခဲ့ပါတယ်။

image

မက်ဒရစ်လေ့ကျင့်ရေးကွင်းမှ အပြန် အမှတ်တရလက်မှတ်ရေးထိုးစဉ် ရဲတပ်ဖွဲ့ဝင်ရဲ့ တားဆီးခြင်းခံခဲ့ရတဲ့ ထရန်းအလက်ဇန္ဒားအာနိုး
====================
ထရန်းအလက်ဇန္ဒားအာနိုးဟာ ရီးရဲလ်မက်ဒရစ်ရဲ့ ဗယ်ဒီဘီဘစ်လေ့ကျင့်ရေးကွင်းမှ အပြန်လမ်းတွင် မျှော်လင့်မထားတဲ့ အဖြစ်အပျက် ကြုံတွေ့ခဲ့ရပါတယ်။

နောက်တန်းအစွန်လူဟာ လေ့ကျင့်ရေးကွင်းမှ အပြန်တွင် လမ်းဘေးတွင် အမှတ်တရလက်မှတ်ရရှိရေး စောင့်ဆိုင်းနေတဲ့ ပရိသတ်အုပ်ကြီးနှင့် တွေ့ဆုံခဲ့တာလည်း ဖြစ်ပါတယ်။

အင်္ဂလန်ညာနောက်ခံလူဟာ လေ့ကျင့်ရေးကွင်းမှ အပြန် ပရိသတ်များနှင့် တွေ့ဆုံစဉ် အမှတ်တရလက်မှတ်ထိုးပေးခြင်း၊ Selfie ရိုက်ကူးမှုများ ပြုလုပ်ရန် ကားရပ်ဆိုင်းပေးခဲ့ပါတယ်။

ဒါပေမယ့် ထရန်းအလက်ဇန္ဒားအာနိုးဟာ ပရိသတ်များနှင့် အလုပ်ရှုပ်နေချိန်တွင် ရဲကားတစ်စီး ရောက်လာချိန်မှာတော့ အခြေအနေ ချက်ချင်း ပြောင်းလဲသွားခဲ့ပါတယ်။

ရဲတပ်ဖွဲ့ဝင်ဟာ ထရန်းအလက်ဇန္ဒားအာနိုးကို လက်မှတ်ရေးထိုးမှု၊ Selfie ရိုက်ကူးမှု ပြုလုပ်ရန် တားဆီးခဲ့ရာမှ ကတောက်ကဆ ဖြစ်ခဲ့ပါတယ်။

ရဲတပ်ဖွဲ့က ထရန်းအလက်ဇန္ဒားအာနိုးမှာ ကားကို လမ်းပေါ်တွင် ရပ်ဆိုင်းထားမှုနှင့်အတူ ယာဉ်ကြောပိတ်ဆို့မှု ဖြစ်လာနိုင်ခြေရှိမှုအတွက် ဝင်ရောက် တားဆီးခဲ့တာလည်း ဖြစ်ပါတယ်။

ထရန်းအလက်ဇန္ဒားအာနိုးဟာ ကားကို လမ်းမပေါ်တွင် ရပ်ကာ ပရိသတ်အုပ်ကြီးအား အမှတ်တရလက်မှတ်ရေးထိုးမှု၊ Selfie ရိုက်ကူးပေးမှုများပြုလုပ်ခဲ့မှုအတွက် အရေးယူခြင်းတော့ မခံခဲ့ရပါဘူး။

ထရန်းအလက်ဇန္ဒားအာနိုးဟာလည်း ရဲတပ်ဖွဲ့ဝင်နှင့် စကားပြောပြီးနောက် အခြေအနေ အရပ်ရပ်ကို သိရှိနားလည်သွားခဲ့ပါတယ်။

ထရန်းအလက်ဇန္ဒားအာနိုးဟာ သောမတ်စ်တူချယ်ရဲ့ အင်္ဂလန်လူစာရင်းတွင် ချန်လှပ်ခြင်းခံရပြီးနောက် ရီးရဲလ်မက်ဒရစ်နှင့်ပင် ဆက်လက် အတူ လေ့ကျင့်ခန်းဆင်းနေခဲ့ရပါတယ်။

image

ဘာစီလိုနာနှင့် အာဆင်နယ် စိတ်ဝင်စားနေတဲ့ အယ်ဗာရက်ဇ်အား ထိန်းသိမ်းနိုင်‌ရေး လုပ်ခတိုးမြှင့်ကာ စာချုပ်သက်တမ်းတိုးလာမယ့် အက်သလက်တီကို
====================
အက်သလက်တီကိုမက်ဒရစ်ဟာ ဘာစီလိုနာ၊ အာဆင်နယ်ကဲ့သို့ ထိပ်သီးကလပ်များရဲ့ စိတ်ဝင်စားခြင်းခံနေရမှုကြောင့် တိုက်စစ်မှူးဂျူလီယန်အယ်ဗာရက်ဇ်ကို လုပ်ခတိုးမြှင့်ကာ စာချုပ်သက်တမ်းတိုးချုပ်ဆိုရေး ပြင်ဆင်နေပါတယ်။

အက်သလက်တီကိုဟာ အယ်ဗာရက်ဇ်ကို အသင်းရဲ့ ရေရှည်စီမံကိန်းတွင် အရေးပါတဲ့ အခန်းကဏ္ဍမှ ထည့်သွင်းထားတာ ဖြစ်ပြီး အသင်းတွင် ကာလရှည်ကြာ ရှိနေစေ‌ရေး လုပ်ခများစွာ တိုးမြှင့်ပေးကာ လုပ်ဆောင်လာမှာလည်း ဖြစ်ပါတယ်။

Marca ရဲ့ ဖော်ပြလာမှုအရ အက်သလက်တီကိုဟာ တစ်နှစ်လုပ်ခ ယူရို ၁၀ သန်းအထိ တိုးမြှင့်ပေးရန် စီစဉ်ထားကြောင်း သိရပါတယ်။ အယ်ဗာရက်ဇ်ဟာ တစ်နှစ်လုပ်ခ ယူရို ၉ သန်းအပြင် အပိုဆုကြေး ယူရို ၁ သန်းအကျိုးခံစားခွင့် ရလာမှာလည်း ဖြစ်ပါတယ်။ စာချုပ်သစ်ကြောင့် အယ်ဗာရက်ဇ်ဟာ ဂိုးသမားဂျန်အိုဘလက်နှင့်အတူ ကလပ်ရဲ့ လုပ်ခအများဆုံးရ ကစားသမား ဖြစ်လာပါမယ်။

အယ်ဗာရက်ဇ်ဟာ လက်ရှိအချိန်တွင် အက်သလက်တီကိုနှင့် ၂၀၃၀ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားတာ ဖြစ်ပြီး ယင်းစာချုပ်အတွင်းတွင် စာချုပ်ဖျက်သိမ်းကြေး ယူရိုသန်း ၅၀၀ ပေးရမယ့်အချက်ကို ချုပ်ဆိုထားတာပါ။

ဘာစီလိုနာဟာ ရောဘတ်လီဝန်ဒေါ့စကီးနေရာတွင် ရေရှည်အစားထိုးရန်အတွက် ဂျူလီယန်အယ်ဗာရက်ဇ်ကို ပစ်မှတ်ထားနေတာလည်း ဖြစ်ပါတယ်။

ဒါပေမယ့် ဘာစီလိုနာဟာ ယခုရာသီအကုန်တွင် ကုန်ဆုံးမယ့် ရောဘတ်လီဝန်ဒေါ့စကီးကိုလည်း တစ်နှစ်သက်တမ်းတိုးချုပ်ဆိုရေး လုပ်ဆောင်နေပါတယ်။

အယ်ဗာရက်ဇ်ဟာ ယခုရာသီတွင် အက်သလက်တီကိုအတွက် ပြိုင်ပွဲအရပ်ရပ် ၄၄ ပွဲကစားထားရာမှာ ၁၇ ဂိုးသွင်းပြီး ၉ ကြိမ် ဖန်တီးမှု ပြုလုပ်ထားပါတယ်။

image

ပရီးမီးယားလိဂ်တွင် VAR အသုံးပြုမှုအား ပရိသတ် ၇၅ ရာခိုင်နှုန်းက ဆန့်ကျင်နေ
===================
ပရီးမီးယားလိဂ်တွင် VAR အသုံးပြုမှုအား ပရိသတ် လေးပုံသုံးပုံက ကန့်ကွက်နေကြောင်း ဘောလုံးပရိသတ်များအဖွဲ့ချုပ်ရဲ့ စစ်တမ်းအရ သိရပါတယ်။

ဘောလုံးပရိသတ်များအဖွဲ့ချုပ်ဟာ ပရီးမီးယားလိဂ်ကလပ် ၂၀ ကို အားပေးကြတဲ့ ပရိသတ် ၈၀၀၀ နီးပါးအား VAR အသုံးပြုမှုနှင့်ပတ်သက်ပြီး စစ်တမ်းပြုစုခဲ့တာလည်း ဖြစ်ပါတယ်။

ပရိသတ်အားလုံးရဲ့ ၉၀ ရာခိုင်နှုန်းက VAR နည်းပညာအသုံးပြုမှုကြောင့် ပွဲအတွေ့အကြုံ ပိုမိုကောင်းမွန်လာခြင်း မရှိကြောင်း ဆိုခဲ့ကြသလို ၉၁ ရာခိုင်နှုန်းကလည်း VAR ကြောင့် ဂိုးသွင်းအောင်ပွဲခံမှုကို နှောင့်ယှက်နေကြောင်း ဆိုသွားပါတယ်။

ဒါ့အပြင် ပရိသတ် ၉၄ ရာခိုင်နှုန်းကလည်း VAR ကြောင့် ရုပ်သံမှ ဘောလုံးပွဲကြည့်ရတဲ့ ရသပျောက်ဆုံးနေစေကြောင်းလည်း ဆိုသွားပါတယ်။

ယင်းစစ်တမ်းကို ထောက်ရှုပါက ပရိသတ်များဟာ VAR အသုံးပြုမှုကို ဖယ်ရှားစေလိုနေကြတာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ဘောလုံးပရိသတ်များအဖွဲ့ချုပ်ရဲ့ စစ်တမ်းအရ ပရိသတ် ၇၂ ရာခိုင်နှုန်းက VAR ကြောင့် ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်ကို ပိုမို တိကျလာစေခြင်း မရှိကြောင်းဆိုထားသလို ပရိသတ် ၇၄ ရာခိုင်နှုန်းကလည်း ပွဲများတွင် VAR အသုံးပြုမှုနောက်ကွယ်မှ အကြောင်းရင်းမှာ ရှင်းလင်းမှု မရှိကြောင်းလည်း ဆိုထားပါတယ်။ တဖက်တွင် ပရိသတ် ၈၆ ရာခိုင်နှုန်းက VAR အား ပိုမိုတွင်ကျယ်စွာ အသုံးပြုလာမည်ကို စိုးရိမ်နေပါတယ်။

ဘောလုံးပရိသတ်များအဖွဲ့ချုပ်ရဲ့ စစ်တမ်းတွင် စိတ်ဝင်စားစရာကောင်းတာကတော့ ပရိသတ် ၇၂ ရာခိုင်နှုန်းက ထောင့်ကန်ဘောကန်ချိန်တွင် VAR အသုံးပြုမှုကို ကန့်ကွက်နေပြီး ၅၂ ရာခိုင်နှုန်းက ဒုတိယအဝါကတ်ပြသချိန်တွင် VAR အသုံးပြုမှုအား ကန့်ကွက်နေကြတာ ဖြစ်ပါတယ်။

ဖီဖာဟာ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှ စတင်ကာ ဒုတိယအဝါကတ်ပြသမှုအား VAR အသုံးပြုကာ ထပ်မံ စစ်ဆေးမှုပြုလုပ်လာတော့မှာ ဖြစ်ပါတယ်။

image

ကာရစ်မှာ ၁၀ နှစ်အတွင်း ယူနိုက်တက်ရဲ့အကောင်းဆုံးနည်းပြဖြစ်ကြောင်း ဒေးဗစ်ဘက်ဟမ်း ချီးကျူးပြောကြားလာ
=======================
ယူနိုက်တက်ဂန္ထဝင်ဒေးဗစ်ဘက်ဟမ်းက လက်ရှိ ယာယီနည်းပြမိုက်ကယ်ကာရစ်မှာ ၁၀ နှစ်အတွင်းတွင် ယူနိုက်တက်ရဲ့ အကောင်းဆုံးနည်းပြဖြစ်ကြောင်း ချီးကျူးပြောဆိုလာပါတယ်။

အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်းက မိုက်ကယ်ကာရစ်မှာ အသင်းကို ညက်ညောတဲ့ အပြောင်းအလဲ ဖြစ်လာအောင် လုပ်ဆောင်နေတဲ့အပြင် ချန်ပီယံလိဂ်ဝင်ခွင့် ရနိုင်တဲ့အထိပါ စွမ်းဆောင်ပေးထားမှုကြောင့် အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ရေး ထောက်ခံပြောဆိုလာတာလည်း ဖြစ်ပါတယ်။

ကာရစ်ဟာ ဇန်နဝါရီလ ၁၃ ရက်နေ့တွင် ရူဘင်အမိုရမ်နေရာမှာ ယာယီနည်းပြအဖြစ် အစားထိုးခန့်အပ်ခြင်းခံရပြီးနောက် ပရီးမီးယားလိဂ်ပွဲ ၁၀ ပွဲကိုင်တွယ်ရာတွင် ၇ ပွဲ နိုင်ပွဲ ရယူပေးထားကာ တစ်ပွဲပျမ်းမျှ ၂.၃၀ မှတ် ရယူပေးထားနိုင်ပါတယ်။

ဒေးဗစ်ဘက်ဟမ်းက "အရိုးသားဆုံး ပြောရရင် လွန်ခဲ့တဲ့လအချို့က ယခင် ၁၀ နှစ်တုန်းကထက် ပိုပြီးတော့ သက်သာသက်သာ ရှိတယ်လို့ ဝန်ခံရပါမယ်။ ခက်ခဲတဲ့ကာလကြုံခဲ့တယ်။ ဒါပေမယ့် မိုက်ကယ်မှာ အတွေ့အကြုံရှိပါတယ်။ ကလပ်ကို သူယူဆောင်ရမယ့်အရာနဲ့ပတ်သက်ပြီး စိတ်အေးလက်အေး ရှိတယ်။ သူက ဒီကလပ်ကို သိတယ်။ ကစားသမားတွေကို သိတယ်။ ယူနိုက်တက် ကစားပုံကို သိတယ်။ ယူနိုက်တက်ဘယ်လိုကစားရမလဲဆိုတာကိုလည်း သိတယ်"လို့ ပြောကြားသွားပါတယ်။

ဒါ့အပြင် အင်တာမိုင်ယာမီပူးတွဲပိုင်ရှင်က "မိုက်ကယ်ကို နည်းပြတစ်ဦးအနေနဲ့လည်း သဘောကျပါတယ်။ သူ့ကို ကြည့်လိုက်ရင် သွေးအေးအေးနဲ့ ရှိနေတာ မြင်ရပါမယ်။ ကွင်းဘေးကို ကြည့်လိုက်ရင် လှပနေတာ မြင်ရမယ်။ ဒီလို ပြောသင့် မပြောသင့်တော့ မသိပါဘူး။ ဒါပေမယ့် လှပနေပါတယ်။ သူ့အောင်ပွဲခံပုံ၊ ဒေါသထွက်ပုံ၊ သူ့မှာထိပ်တန်းနည်းပြတစ်ဦးမှာ ရှိရမယ့်အရာတွေ အားလုံး ရှိတယ်။ သူ့ရဲ့အသင်းကို တည်ဆောက်ပုံ၊ စည်းလုံးအောင် လုပ်ဆောင်ပုံတွေက တကယ့်ကို ကြီးကျယ်ခမ်းနားပါတယ်။ ယူနိုက်တက်ပရိသတ်တစ်ဦးအနေနဲ့ ကျွန်တော်တို့ လိုချင်တာ ရနေပြီလို့ ထင်တယ်"လို့ ပြောကြားသွားပါတယ်။

တဖက်တွင် ယူနိုက်တက်ဂန္ထဝင်တိုက်စစ်မှူးဝိန်းရွန်းနီကလည်း ယူနိုက်တက်အနေဖြင့် နည်းပြသစ်ရှာတော်ပုံဖွင့်မှုကို ရပ်ဆိုင်းကာ ကာရစ်ကို အမြဲတမ်းနည်းပြအဖြစ် ခ့န်အပ်ရန် တိုက်တွန်းသွားပါတယ်။

image

ရောဘတ်တိုဒီဇာဘီအား နည်းပြသစ်အဖြစ် ခန့်အပ်လိုနေတဲ့ စပါးစ်
===================
စပါးစ်ဟာ ရောဘတ်တိုဒီဇာဘီအား နည်းပြသစ်အဖြစ် ခန့်အပ်လိုနေကြောင်း သတင်းထွက်ပေါ်နေပါတယ်။

စပါးစ်ဟာ အသင်းကို ၄၄ ရက်သာ ကိုင်တွယ်ရသေးတဲ့ နည်းပြအိုင်ဂေါ်ကျူဒေါ်နှင့် လမ်းခွဲလိုက်ပြီးနောက် နည်းပြသစ်ခန့်အပ်ရေး ရှာဖွေနေပါတယ်။

စပါးစ်ဟာ နော်တင်ဟမ်ဖောရက်စ်ကို ၃-၀ ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် တန်းဆင်းဇုန်နှင့် တစ်မှတ်အကွာ အဆင့် ၁၇ နေရာမှာ ရပ်တည်နေတဲ့အပြင် ဖခင် သေဆုံးမှုပါ ကြုံနေရမှုကြောင် အိုင်ဂေါ်ကျူဒေါ်နှင့် လမ်းခွဲလိုက်တာလည်း ဖြစ်ပါတယ်။

ရောဘတ်တိုဒီဇာဘီဟာ မာဆေးမှ ထွက်ခွာလာပြီးနောက် အသင်းလက်မဲ့ ဖြစ်နေသူ ဖြစ်ပြီး စပါးစ်ရဲ့ အဓိကပစ်မှတ်ဖြစ်နေပါတယ်။

စပါးစ်ဘက်က အီတလီလူမျိုးနည်းပြအား နည်းပြသစ်အဖြစ် ခန့်အပ်လိုနေပါတယ်။

တဖက်တွင် စပါးစ်ဟာ အဲဗာတန်နှင့် နော်တင်ဟမ်ဖောရက်စ်နည်းပြဟောင်းရှောင်ဒိက်ချီကိုလည်း ယာယီနည်းပြအဖြစ် ခန့်အပ်ရန် စိတ်ဝင်စားနေကြောင်း သိရပါတယ်။

ရှောင်ဒိုက်ချီဟာ ဖေဖော်ဝါရီလတုန်းက ဖောရက်စ်ရဲ့ ထုတ်ပယ်ခြင်းခံခဲ့ရဖူးသူ ဖြစ်ပြီး ပရီးမီးယားလိဂ်တန်းဆင်းဇုန်တိုက်ပွဲအတွေ့အကြံးများစွာ ရှိသူလည်း ဖြစ်ပါတယ်။

ဒါပေမယ့် ရှောင်ဒိုက်ချီဘက်ကမူ အနည်းဆုံး ၁၈ လစာချုပ်သက်တမ်းဖြင့်သာ အလုပ်လုပ်လိုနေကြောင်း သိရပါတယ်။

စပါးစ်ဟာ အသင်းကို ရာသီအကုန်အထိ ဦးဆောင်ရန်အတွက် ရိုင်ယန်မေဆင်၊ ဟယ်ရီရက်နပ်၊ တမ်ရှားဝုဒ်စတဲ့ နည်းပြဟောင်းများကိုလည်း ယာယီနည်းပြအဖြစ် ခန့်အပ်ရန် လျာထားကြောင်း သိရပါတယ်။

ဒါတင်မကသေးပါဘူး။ စပါးစ်ဟာ လက်ရှိ အသင်းတွင် ကစားနေတဲ့ ဘင်ဒါးဗီးစ်ကိုလည်း ယာယီနည်းပြအဖြစ် ခန့်အပ်ရန် လျာထားပါသေးတယ်။

image

ဒဏ်ရာကြောင့် လက်ရွေးစင်အသင်းမှ နုတ်ထွက်ရတဲ့ အာဆင်နယ်ကစားသမား ၁၁ ဦးအထိ ရှိလာ
=====================
စပိန်ကွင်းလယ်ကစားသမားမာတင်ဇူဘီမန်ဒီ ဒဏ်ရာပြဿနာကြောင့် စပိန်အသင်းမှ နုတ်ထွက်လာမှုနှင့်အတူ လက်ရွေးစင်အသင်းမှ ဒဏ်ရာပြဿနာကြောင့် နုတ်ထွက်ရတဲ့ အာဆင်နယ်ကစားသမား ၁၁ ဦးအထိ ရှိလာပြီ ဖြစ်ပါတယ်။

စပိန်ကစားသမားဟာ သောကြာနေ့တုန်းက ဆားဘီးယားကို ၃-၀ ဂိုးဖြင့် အနိုင်ရတဲ့ စပိန်ရဲ့ ခြေစမ်းပွဲတွင် ပွဲပြီးခါနီး ၁၃ မိနစ်မှာ မန်စီးတီးရဲ့ရိုဒရီအစား လူစားဝင်ရောက်ကစားခဲ့ပါတယ်။

ဒါပေမယ့် အာဆင်နယ်အလယ်တန်းကစားသမားဟာ ဒဏ်ရာပြဿနာကြောင့် စပိန်အသင်းမှ နုတ်ထွက်လာမှုနှင့်အတူ အင်္ဂါနေ့တွင် အီဂျစ်နှင့်ကစားရမယ့် ခြေစမ်းပွဲစဉ်အား လွဲချော်လာတော့မှာလည်း ဖြစ်ပါတယ်။

စပိန်ဘောလုံးအဖွဲ့ချုပ်ရဲ့ ကြေညာမှုအရ ဇူဘီမန်ဒီဟာ ညာဖက်ဒူး သက်တောင့်သက်သာ မဖြစ်နေမှုနှင့်အတူ ဆိုးရွားတဲ့အခြေအနေ ဖြစ်လာနိုင်ခြေရှိမှုအား ရှောင်လွဲနိုင်ရန်အတွက် နုတ်ထွက်လာစေခြင်းဖြစ်ကြောင်း ဆိုသွားပါတယ်။

ဇူဘီမန်ဒီဟာ ပရီးမီးယားလိဂ်ဖလားအတွက် တိုက်ပွဲဝင်နေတဲ့ အာဆင်နယ်အသင်းမှ ဒဏ်ရာကြောင့် လက်ရွေးစင်အသင်းမှ နုတ်ထွက်ရတဲ့ ၁၁ ဦးမြောက် ကစားသမား ဖြစ်ပါတယ်။

စနေနေ့တုန်းက နောက်ခံလူပီရိုဟင်ကာပီမှာလည်း အီကွေဒေါအသင်းမှ နုတ်ထွက်ခဲ့ပါတယ်။ သူဟာ သောကြာနေ့ မော်ရိုကိုနှင့် ခြေစမ်းပွဲတွင် ၇၂ မိနစ်ကစားခဲ့ပါတယ်။ ဟင်ကာပီဟာ ဘယ်လို ဒဏ်ရာကြောင့် အီကွေဒေါအသင်းမှ နုတ်ထွက်လာသလဲ မသိရသေးပါဘူး။

အာဆင်နယ်အသင်းခေါင်းဆောင်မာတင်အိုဒီဂတ်မှာ ဒူးဒဏ်ရာပြဿနာ ရှိနေမှုနှင့်အတူ နော်ဝေအသင်းမှ နုတ်ထွက်ပြီးနောက် လက်ရွေးစင်အသင်းမှ နုတ်ထွက်တဲ့ ပထမဆုံးအာဆင်နယ်ကစားသမား ဖြစ်ပါတယ်။

ယင်းနောက် ဝီလီယံဆာလီဘာ၊ ဂါဘရီရယ်၊ လီယန်ဒရိုထရိုဆတ်၊ ဂျူရီယန်တမ်ဘား၊ အီဘီရီချီအီးဇီး၊ ဘူကာယိုဆာကာ၊ ဒီကလန်ရိုက်စ်၊ နိုနီမာဒူကီတို့လည်း နုတ်ထွက်ခဲ့ရပြီး ဖြစ်ပါတယ်။

image

စပါးစ်ကို ၄၄ ရက်သာ ကိုင်တွယ်ပြီးနောက် ထွက်ခွာလာတဲ့ အိုင်ဂေါ်ကျူဒေါ်
=====================
အိုင်ဂေါ်ကျူဒေါ်ဟာ စပါးစ်အသင်းကို ၄၄ ရက်သာ ကိုင်တွယ်ပြီး ၇ ပွဲ ကြီးကြပ်ပြီးနောက် ရာထူးမှ ထွက်ခွာလာခဲ့ပါတယ်။

စပါးစ်ဟာ ခရိုအေးရှားလူမျိုးနည်းပြနှင့် နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းမှုပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။

စပါးစ်ဟာ မတ်လ ၂၂ ရက်နေ့တုန်းက နော်တင်ဟမ်ဖောရက်စ်အား အိမ်ကွင်းတွင် ၃-၀ ဂိုးဖြင့် ရှုံးနိမ့်ကာ အမှတ်ပေးဇယားအဆင့် ၁၇ နေရာမှာ ရပ်တည်ပြီး တန်းဆင်းဇုန်နှင့် တစ်မှတ်အကွာတွင် ရပ်တည်ရပြီးနောက် ခရိုအေးရှားလူမျိုးနည်းပြနှင့် လမ်းခွဲခဲ့တာပါ။

အိုင်ဂေါ်ကျူဒေါ်ဟာ နော်တင်ဟမ်ဖောရက်စ်ရှုံးပွဲအပြီးတွင် ဖခင်ဖြစ်သူ ကွယ်လွန်ကြောင်း သိရပြီးနောက် ပွဲပြီးသတင်းစာရှင်းလင်းပွဲသို့ တက်ခဲ့ခြင်း မရှိပါဘူး။

ဂျူဗင်တပ်နည်းပြဟောင်းဟာ ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် သောမတ်စ်ဖရန့်နေရာတွင် ရာသီအကုန်အထိ ယာယီနည်းပြအဖြစ် ခန့်အပ်ခြင်းခံရပြီးနောက် စပါးစ်အား ပြိုင်ပွဲအရပ်ရပ်တွင် ၇ ပွဲ ကြီးကြပ်ခဲ့ရာမှာ ၅ ပွဲ ရှုံးနိမ့်ခဲ့ပါတယ်။

စပါးစ်ဟာ အိုင်ဂေါ်ကျူဒေါ်နှင့် လမ်းခွဲလိုက်ပြီးနောက် အစားထိုးနိုင်မယ့် နည်းပြရှာဖွေနေပါတယ်။

စပါးစ်ဟာ နိုင်ငံတကာပွဲကြောင့် လိဂ်နားထားစဉ်အတွင်း အသင်းကို အိုင်ဂေါ်ကျူဒေါ်ရဲ့ လက်ထောက်နည်းပြဘရူနိုဆယ်တာအား လေ့ကျင့်ရေး ပြုလုပ်ထားစေပါတယ်။

ဒါ့အပြင် စပါးစ်ဟာ ကျူဒေါ်ရဲ့ နည်းပြအဖွဲ့ဝင်များဖြစ်ကြတဲ့ ဂိုးနည်းပြတိုမီဆလပ်ဗ်ရိုဂျစ်နှင့် ကြံ့ခိုင်ရေးနည်းပြရီကာဒိုရက်ဂနာခီတို့လည်း ထွက်ခွာသွားကြောင်း အတ်ပြု ကြေညာသွားပါတယ်။

image