ကုန်တင်ကုန်ချလုပ်သား ၁,၃၂၀ ဦးအား တူညီဝတ်စုံနှင့် ကျောင်းသား ၅၄၇ ဦးအတွက် ဗလာစာအုပ်များ ထောက်ပံ့

ရန်ကုန်တိုင်းဒေသကြီး ကုန်တင်ကုန်ချကော်မတီရုံး လက်အောက်ရှိ မြို့နယ်(၆)မြို့နယ်မှ မှတ်ပုံတင်ထားသော ကုန်တင်ကုန်ချလုပ်သားကြီး ၁,၃၂၀ ဦးအား တူညီဝတ်စုံများ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ပေးအပ်မှုကို မေ ၂၆ ရက်က ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း လုပ်သားများ၏ လူမှုဘဝအဆင်ပြေချောမွေ့စေရေးအတွက် ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် ကုန်တင်ကုန်ချလုပ်သားများ၏ သားသမီးများ ကျောင်းဖွင့်ရာသီအမီ အသုံးပြုနိုင်စေရန် ကျောင်းသား/ကျောင်းသူ တစ်ဦးလျှင် ကျောင်းသုံးဗလာစာအုပ် (၁)ဒါဇင်နှုန်းဖြင့် ကျောင်းသား/ကျောင်းသူ ၅၄၇ ဦးအတွက် ဗလာစာအုပ် စုစုပေါင်း ၅၄၇ ဒါဇင်ကိုလည်း ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အထောက်အပံ့များသည် ကုန်တင်ကုန်ချလုပ်သားများနှင့် ၎င်းတို့၏ မိသားစုဝင်များ၏ လူမှုရေးနှင့် ပညာရေးလိုအပ်ချက်များကို တစ်စိတ်တစ်ပိုင်း အထောက်အကူပြုနိုင်ရန် ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

image