ဗင်နီဇွဲလားယာယီသမ္မတကို ပိတ်ဆို့အရေးယူမှုများကို ပြန်လည်ရုပ်သိမ်း

အမေရိကန်ပြည်ထောင်စုသည် ဗင်နီဇွဲလားနိုင်ငံ၏ ယာယီသမ္မတ ဒယ်လ်စီ ရိုဒရီ‌ဂေးအပေါ် ချမှတ်ထားသော စီးပွားရေးပိတ်ဆို့အရေးယူမှုများကို ဗုဒ္ဓဟူးနေ့တွင် ပြန်လည်ရုပ်သိမ်းပေးခဲ့ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန၏ နိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးရုံး၏ ဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသည်။

ယခုကဲ့သို့ အရေးယူပိတ်ဆို့မှုများ ကိုရုပ်သိမ်းပေးခြင်းသည် ပြီးခဲ့သည့် ဇန်နဝါရီလ ၃ ရက် နေ့က ဗင်နီဇွဲလားမြို့တော် ကာရာကတ်စ်တွင် သမ္မတဟောင်း နစ်ကလပ်စ် မာဒူရိုနှင့် ၎င်း၏ဇနီးတို့ကို အမေရိကန်စစ်တပ်က ဖမ်းဆီးပြီးနောက်ပိုင်း ရိုဒရီ ဂေးကို တရားဝင်အာဏာပိုင်အဖြစ် အမေရိကက နောက်ဆုံးအသိအမှတ်ပြုလိုက်ခြင်း ဖြစ်သည်။ မာဒူရိုနှင့် ၎င်း၏ဇနီးတို့သည် လက်ရှိတွင် နူး‌ယော့ခ်မြို့၌ မူးယစ်ဆေးဝါးမှောင်ခိုမှုဖြင့် တရားစွဲဆိုခြင်းခံထားရပြီး ၎င်းတို့တွင် အပြစ်မရှိကြောင်း ထုချေထားသည်။

အဆိုပါလုပ်ဆောင်ချက်ကြောင့် ရိုဒရီ ဂေးအနေဖြင့် အမေရိကန်ကုမ္ပဏီများ၊ ရင်းနှီးမြှုပ်နှံသူများနှင့် ပိုမိုလွတ်လပ်စွာ ပူးပေါင်းဆောင်ရွက်ခွင့် ရရှိတော့မည် ဖြစ်သည်။ သူ့အပေါ် ပစ်မှတ်ထားခဲ့သော ပိတ်ဆို့မှုများကို တိုက်ရိုက်မရည်ညွှန်းဘဲ ရိုဒရီ ဂေးက အမေရိက-ဗင်နီဇွဲလား ဆက်ဆံရေးအတွက် မျှော်လင့်ချက်ရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

“ကျွန်မတို့အနေနဲ့ သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ ဆုံးဖြတ်ချက်ကို နှစ်နိုင်ငံဆက်ဆံရေးက ပုံမှန်ပြန်ဖြစ်ဖို့နဲ့ အားကောင်း ခိုင်မာလာဖို့အတွက် ခြေလှမ်းတစ်ရပ်အဖြစ် တန်ဖိုးထားပါတယ်” ဟု သူ၏ တယ်လီဂရမ် ချန်နယ်တွင် ရေးသားခဲ့သည်။ သူ့ အနေဖြင့် လက်ရှိဗင်နီဇွဲလားနိုင်ငံအပေါ် ချမှတ်ထားသော ပိတ်ဆို့မှုများအားလုံးကို ရုပ်သိမ်းသွားရန်နှင့် နှစ်နိုင်ငံအကျိုးရှိမည့် ပူးပေါင်းဆောင်ရွက်မှုများ ကို တည်ဆောက်နိုင်ရန် ယုံကြည်ကြောင်းလည်း ဆိုသည်။

ရိုဒရီဂေး နှင့် သူ၏မောင် ဂျော့ချ် ရိုဒရီဂေးတို့သည် ထရမ့်ပ်၏ ပထမသက်တမ်းအတွင်း ဗင်နီဇွဲလား၏ ဒီမိုကရေစီကို ထိခိုက်စေခဲ့သည်ဟူသော စွပ်စွဲချက်ဖြင့် အမေရိက၏ ပိတ်ဆို့အရေးယူမှုကို ခံခဲ့ရခြင်း ဖြစ်သည်။

Ref: ဆော့သ်ချိုင်းနားမောနင်းပို့စ်

image

စင်ကာပူ၏ အေအိုင်ကဏ္ဍတွင် မိုက်ခရိုဆော့ဖ်က ဒေါ်လာ၅.၅ဘီလျံ ရင်းနှီးမြှုပ်နှံမည်

မိုက်ခရိုဆော့ဖ် ကုမ္ပဏီသည် စင်ကာပူနိုင်ငံရှိ ၎င်းတို့၏ ကလောက်ဒ်နှင့် အေအိုင် အခြေခံအဆောက်အဦးများကိုတိုးချဲ့ရန်အတွက် ငါးနှစ်တာကာလအတွင်း အမေရိကန်ဒေါ်လာ ၅.၅ ဘီလျံကို ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၂၅ ခုနှစ်မှ ၂၀၂၉ ခုနှစ်အထိ ကြာမြင့်မည့် အဆိုပါရင်းနှီးမြှုပ်နှံမှုသည် အခြေခံအဆောက်အဦး ဖွံ့ဖြိုးတိုးတက်ရေး၊ လုပ်ငန်းလည်ပတ်မှု၊ ဆိုင်ဘာလုံခြုံရေးနှင့် စီမံအုပ်ချုပ်မှု ကဏ္ဍများကို အထောက်အကူပြုမည်ဖြစ်ကြောင်း အဆိုပါ ကမ္ဘာ့နည်းပညာကုမ္ပဏီကြီးက ဗုဒ္ဓဟူးနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

ငွေလုံးငွေရင်း မြှုပ်နှံမှုနှင့်အတူ မိုက်ခရိုဆော့ဖ်သည် ပညာရေး၊ လုပ်သားအင်အားနှင့် လူမှုရေးကဏ္ဍများတွင် အေအိုင် ကျွမ်းကျင်မှုများက ခိုင်မာအားကောင်းလာစေရန် ရည်ရွယ်သည့် အစီအစဉ်များကိုလည်း ကြေညာခဲ့သည်။

စင်ကာပူရှိ အဆင့်မြင့်ပညာရေး ကျောင်းသား ၂၀၀,၀၀၀ ကျော်သည် Microsoft 365 Premium (with Copilot) ကို ၁၂ လကြာ အခမဲ့ အသုံးပြုခွင့် ရရှိမည်ဖြစ်သည်။ ၎င်းသည် Word၊ Excel နှင့် PowerPoint ကဲ့သို့သော ဆော့ဖ်ဝဲများတွင် ထည့်သွင်းထားသည့် အေအိုင် ကိရိယာများကို အသုံးပြုနိုင်စေမည် ဖြစ်သည်။

ထို့ပြင် ကုမ္ပဏီသည် ၎င်းတို့၏ Microsoft Elevate အစီအစဉ်များကိုလည်း တိုးချဲ့လျက်ရှိသည်။ ယင်းတွင် ဆရာ၊ ဆရာမများအနေဖြင့် စာသင်ခန်းများအတွင်း အေအိုင်နည်းပညာကို ထည့်သွင်းအသုံးပြုနိုင်ရန် လေ့ကျင့်ပေးခြင်းနှင့် အကျိုးအမြတ်မယူသော အဖွဲ့အစည်း ခေါင်းဆောင်များအနေဖြင့် အေအိုင်ကို တာဝန်ယူမှုဖြင့် အသုံးပြုနိုင်ရန် ကူညီပေးခြင်းတို့ ပါဝင်သည်။

စင်ကာပူ ပညာရေးဝန်ကြီးဌာနနှင့် ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှုနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနတို့မှ ဝါရင့်ဝန်ကြီး ဂျာနီလ် ပူသုချာရီ က အေအိုင်ဆိုင်ရာ အခြေခံကျွမ်းကျင်မှုများသည် ဒစ်ဂျစ်တယ်တတ်မြောက်မှုကဲ့သို့ပင် မရှိမဖြစ်လိုအပ်လာပြီဖြစ်ကြောင်း၊ ကျောင်းသားများနှင့် ဆရာများကို ပြင်ဆင်ပေးခြင်းဖြင့် နိုင်ငံ၏ အနာဂတ်လုပ်သားအင်အားကို ပိုမိုအားကောင်းစေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မိုက်ခရိုဆော့ဖ်၏ ဒုတိယဥက္ကဋ္ဌနှင့် နာယက ဘရက်စမစ် က ၎င်းတို့၏ ကလောက်ဒ်နှင့် အေအိုင် အခြေခံအဆောက်အဦးများတွင် ဆက်လက်ရင်းနှီးမြှုပ်နှံနေခြင်းသည် စင်ကာပူနိုင်ငံအပေါ် ကမ္ဘာလုံးဆိုင်ရာ ဒစ်ဂျစ်တယ်ဦးဆောင်သူတစ်ဦးအဖြစ် ရေရှည်ယုံကြည်မှုရှိကြောင်း ထင်ဟပ်နေသည်ဟု ဆိုထားပါသည်။

image

စစ်ပွဲ၏ဆိုးကျိုးများကိုဖြေရှင်းရန် ဘဏ်များက အရန်ငွေများ တိုးပေးထား

ထိုင်းဘဏ်များသည် အရှေ့အလယ်ပိုင်းတွင် ရှည်ကြာသော စစ်ပွဲ၏ အကျိုးသက်ရောက်မှုအတွက် ကြိုတင်ပြင်ဆင်ရန်နှင့် တိုးပွားလာနေသော ထိခိုက်လွယ်သည့် ဖောက်သည်များကိုထောက်ပံ့နိုင်စေရန် ၎င်းတို့၏ချေးငွေ-ဆုံးရှုံးမှုအတွက် အရန်ဆောင်ထားငွေကို တိုးမြှင့်လျက်ရှိသည်။

ထိုင်းစီးပွားရေးတိုးတက်မှုနှေးကွေးခြင်းကြောင့် လက်ရှိ ထိခိုက်လွယ်သောအုပ်စုများ အထူးသဖြင့် အသေးစား စီးပွားရေးလုပ်ငန်းများနှင့် အိမ်ထောင်စုများသည် ကြွေးမြီပြန်ဆပ်နိုင်မှု အားနည်းနေကြောင်း ထိုင်းဘဏ်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ Payong Srivanich က ပြောသည်။

"အချို့သော အင်အားကြီးအုပ်စုများသည် လက်ရှိအခြေအနေ တွင် သမားရိုးကျနည်းလမ်းများဖြင့် အကျိုးအမြတ်မရှိသောကြောင့် စီးပွားရေးလုပ်ငန်းများနှင့် ၎င်းတို့၏ ပုံစံများမှာ လိုက်လျောညီထွေရှိရန် လက်ခံဖို့လိုအပ်သလို ရေနံနှင့်ကုန်ကြမ်းဈေးနှုန်းများ မြင့်တက်လာခြင်းကြောင့် ယခုဆိုလျင် ထိခိုက်လွယ်သော အုပ်စုဖြစ်လာကြသည်" ဟု Mr Payong မှ ပြောကြားခဲ့သည်။

စွမ်းအင်နှင့် ကုန်ကြမ်းဈေးနှုန်းများ မြင့်တက်ခြင်း၊ သယ်ယူပို့ဆောင်ရေးစရိတ်များ မြင့်မားခြင်းတို့နှင့်အတူ စစ်ပွဲနှင့်ပတ်သက်၍ မသေချာမရေရာမှုများကြောင့် စီးပွားရေးလုပ်ငန်းရှင်များအတွက် အခြေအနေကို အကဲဖြတ်ရန် ခက်ခဲစေသည်။ ထို့ကြောင့် အချို့ စီးပွားရေး လုပ်ငန်းရှင်များက ထုတ်လုပ်မှုကို ခေတ္တရပ်ဆိုင်းခဲ့သည်။

ဘဏ်လုပ်ငန်းလည်ပတ်ခြင်း၏ အခြေခံမူများသည် မပြောင်းလဲသော်လည်း၊ ငွေချေးသူများသည် အဆင့်တစ်ခုစီတွင် စီးပွားရေးအခြေအနေများကို အနီးကပ် အဆက်မပြတ် အကဲဖြတ်ရန် လိုအပ်ပြီး ရေရှည်နှင့် မသေချာမရေရာသော ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေရှိအောင် ပိုမိုကောင်းမွန်သော ပံ့ပိုးမှုအစီအမံများကို နက်ရှိုင်းစွာ တိုးချဲ့လုပ်ဆောင်ရန် လိုအပ်သည်ဟု Mr Payong မှ ပြောကြားခဲ့သည်။

သယ်ယူပို့ဆောင်ရေးနှင့် ကုန်ကြမ်းစရိတ်များ မြင့်တက်လာမှု ရင်ဆိုင်နေရသော စီးပွားရေးလုပ်ငန်းများအတွက် ငွေသားအဖြစ် ပြောင်းရန်လွယ်ကူအောင် ပံ့ပိုးမှုနှင့်ပတ်သက်၍ အခြေအနေမှာ ပိုမိုရှုပ်ထွေးလာသည်ဟု ၎င်းက ဆိုသည်။ စိန်ခေါ်မှုသည် ကြွေးမြီပြန်ဆပ်နိုင်သည့် စွမ်းရည်ထက် ကျော်လွန်ပြီး ငွေသားအဖြစ်ပြောင်းလဲရန်လွယ်ကူအောင် ပံ့ပိုးမှုတစ်ခုတည်းမှာ မလုံလောက်နိုင်ဟု Mr Payong က မှတ်ချက်ပြုသည်။

သို့သော်လည်း ယခုနှစ်ကုန်ခါနီးတွင် အလားအလာရှိသော အပြုသဘောဆောင်သည့်အချက်များ အထူးသဖြင့် ခရီးသွားကဏ္ဍနှင့် ထိုင်းနိုင်ငံအတွက် စီစဉ်ထားသော ကမ္ဘာလုံးဆိုင်ရာပွဲများဖြစ်သည့် Gastech ညီလာခံနှင့် ကမ္ဘာ့ဘဏ်နှင့် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့တို့၏ ပူးတွဲအစည်းအဝေးများကဲ့သို့သော စီးပွားရေးလုပ် ဆောင်မှုများကို ပံ့ပိုးပေးရန် မျှော်လင့်ကြောင်း ၎င်းက ထောက်ပြခဲ့သည်။

သို့သော်လည်း သင်္ကြန်ပွဲတော်အားလပ်ရက်သည် ပထဝီဝင်နိုင်ငံရေးကြောင့် ပျ-က်ပြားသွားနိုင်ကြောင်း Mr Payong က ပြောသည်။

image
25 w - Translate

Pigeon Peas Market to Reach USD 15.2 Billion by 2032 Growing at 5.8% CAGR Amid Rising Global Protein Demand

The global Pigeon Peas market was valued at approximately USD 9.8 billion in 2023, increasing from USD 7.6 billion in 2018, reflecting a steady CAGR of 5.2% over five years. Growing demand for plant-based protein and staple pulses drove a year-over-year (YoY) growth of 6.1% between 2022 and 2023, highlighting strong consumption across emerging economies.

Read More -> https://marketintelo.com/report/pigeon-peas-market

Pigeon Peas Market Research Report 2033
marketintelo.com

Pigeon Peas Market Research Report 2033

As per our latest market intelligence, the Global Pigeon Peas market size was valued at $7.2 billion in 2024, and is forecasted to hit $11.4 billion by 2033, growing at a CAGR of 5.2%.

ဓာတ်မြေသြဇာတင်သွင်းမှုအတွက် ကြိုတင်ဝင်ငွေခွန်ကောက်ခံမှုကို ဧပြီတစ်လလုံးကင်းလွတ်ခွင့်ပြု

ဓာတ်မြေဩဇာများတင်သွင်းမှုအပေါ်ကောက်ခံသည့် ကြိုတင်ဝင်ငွေခွန်(၂)ရာခိုင်နှုန်းကို ဧပြီ ၁ ရက်မှ ဧပြီ ၃၀ ရက်အထိကင်းလွတ်ခွင့်ပြုခဲ့ကြောင်း ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနထံမှ သိရသည်။

နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကအခြေ ခံအုတ်မြစ်ဖြစ်သည့် စိုက်ပျိုးရေးကဏ္ဍစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် တောင်သူလယ်သမားများ၏ ကုန်ထုတ်လုပ်မှုစရိတ်များလျော့ကျစေရန်အတွက် ကင်းလွတ်ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အခွန်ကင်းလွတ်ခွင့်သည် ဧပြီ ၁ ရက်မှ ဧပြီ ၃၀ ရက်အထိ အကောက်ခွန်ဦးစီးဌာန၌ Import Declaration (ID)ဖွင့်လှစ်တင်သွင်းသည့်ဓာတ်မြေဩ ဇာများအပေါ် အကျုံးဝင်မည်ဖြစ်ကြောင်း သိရသည်။

image

ဓာတ်မြေသြဇာတင်သွင်းမှုအတွက် ကြိုတင်ဝင်ငွေခွန်ကောက်ခံမှုကို ဧပြီတစ်လလုံးကင်းလွတ်ခွင့်ပြု

ဓာတ်မြေဩဇာများတင်သွင်းမှုအပေါ်ကောက်ခံသည့် ကြိုတင်ဝင်ငွေခွန်(၂)ရာခိုင်နှုန်းကို ဧပြီ ၁ ရက်မှ ဧပြီ ၃၀ ရက်အထိကင်းလွတ်ခွင့်ပြုခဲ့ကြောင်း ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနထံမှ သိရသည်။

နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကအခြေ ခံအုတ်မြစ်ဖြစ်သည့် စိုက်ပျိုးရေးကဏ္ဍစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် တောင်သူလယ်သမားများ၏ ကုန်ထုတ်လုပ်မှုစရိတ်များလျော့ကျစေရန်အတွက် ကင်းလွတ်ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အခွန်ကင်းလွတ်ခွင့်သည် ဧပြီ ၁ ရက်မှ ဧပြီ ၃၀ ရက်အထိ အကောက်ခွန်ဦးစီးဌာန၌ Import Declaration (ID)ဖွင့်လှစ်တင်သွင်းသည့်ဓာတ်မြေဩ ဇာများအပေါ် အကျုံးဝင်မည်ဖြစ်ကြောင်း သိရသည်။

image

ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်၌ သံဃာအပါး (၅၀၀)ကို ဆွမ်းဆန်စိမ်းလောင်းလှူ

ပဲခူးမြို့ကျက်သရေဆောင် ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ (၂,၆၀၈)နှစ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကာလဖြစ်သည့် ဧပြီ ၁ ရက်ညနေ ၅ နာရီက ပဲခူးတိုင်းအစိုးရအဖွဲ့မှဦးဆောင်၍ သံဃာအပါး (၅၀၀)ကို ဆွမ်းဆန်စိမ်းလောင်းလှူခဲ့ကြသည်။

ပဲခူးတိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့် ဇနီး၊ တာဝန်ရှိသူများ၊ ပဲခူးတိုင်းလွှတ်တော်ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌနှင့် လွှတ် တော်ကိုယ်စားလှယ်များ၊ အလှူရှင်များက ဆရာတော်၊ သံဃာတော်များနှင့် သီလရှင်များကို လှူဖွယ်ဝတ္ထုပစ္စည်းများလောင်းလှူခဲ့ကြသည်။

ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ (၂,၆၀၈)နှစ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်၌ နာမည်ကျော်မြန်မာ့ဇာတ်သဘင်အဖွဲ့များ၏ ဖျော်ဖြေတင်ဆက်မှုများ၊ ၁၂ ပွဲစျေးသည်များ၊ အပျော်စီးလှေ၊ ကလေးက စားကွင်းများအပြင် မြန်မာပြည်တစ်ဝှမ်းမှ ဒေသထွက် ကုန်များကိုလည်း ခင်းကျင်းရောင်းချလျက်ရှိသည်။

image

ယခုရက်ပိုင်းအတွင်း အမှိုက်ပုံမီးလောင်မှုများဆက်နေ

ယနေ့ ဧပြီ ၁ ရက်ညပိုင်းက ပုသိမ်ကြီးမြို့၊ ကြာနီကန်ကျေးရွာရှိ အမှိုက်ပုံမီးလောင်

ယခုရက်ပိုင်းအတွင်း၌ အမှိုက်ပုံမီးလောင်မှုများဆက် တိုက်ဖြစ်ပေါ်နေကာ ယနေ့ ဧပြီ ၁ ရက်ည ၇ နာရီ ၁၀ မိနစ်ခန့်က မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့၊ ကြာနီကန်ကျေးရွာရှိ အမှိုက်ပုံတွင်မီးလောင်မှုဖြစ်ပွားလျက်ရှိကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

ယင်း မီးလောင်မှုအား ပုသိမ်ကြီးမြို့နယ်မီးသတ်စခန်း၊ မတ္တရာမြို့နယ်မီးသတ်စခန်း၊ မြကံသာအရန်မီးသတ်စ ခန်း၊ မကျီးပင်စောက်အရန်မီးသတ်စခန်း၊ အောင်ချမ်း သာအရန်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များကငြှိမ်းသတ်လျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် မတ် ၃၀ ရက်နေ့လည် ၁ နာရီကျော်ခန့်ကလည်း ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ လှည်းကူးတံ တားအောက်ရှိ အမှိုက်ပုံမီးလောင်နေ၍ လှည်းကူးမြို့ နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များမှငြှိမ်းသတ်ခဲ့ကြရာ နေ့လည် ၁ နာရီ ၁၂ မိနစ်တွင်မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

ထို့ပြင် မတ် ၂၉ ရက်နေ့လည် ၁ နာရီကျော်ခန့်က မန္တ လေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ ပိန္နဲကုန်းကျေးရွာရှိ အ မှိုက်ပုံမီးလောင်မှုဖြစ်ပွား၍ ပြင်ဦးလွင်ခရိုင်/မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များကငြှိမ်းသတ်ခဲ့ကြရာ မတ် ၃၀ ရက်နံနက် ၆ နာရီ ၁၅ မိနစ်တွင်မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

image

အိန္ဒိယက မြန်မာနိုင်ငံမှ မတ်ပဲနှင့် ပဲစင်းငုံ တင်ပို့ခွင့်ကို ၂၀၂၇ မတ်အထိ တစ်နှစ်တိုးမြှင့်

မြန်မာနိုင်ငံမှ တင်ပို့လျက်ရှိသည့် မတ်ပဲနှင့် ပဲစင်းငုံများအတွက် အိန္ဒိယနိုင်ငံ၏ လွတ်လပ်စွာတင်သွင်းခွင့်ကို တစ်နှစ်သက်တမ်းတိုးမြှင့်လိုက်ကြောင်း သိရသည်။

မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံအစိုးရများအကြား ညှိနှိုင်းဆောင်ရွက်ခဲ့မှုများအရ အိန္ဒိယအစိုးရသည် မတ်ပဲနှင့် ပဲစင်းငုံတို့ကို လွတ်လပ်စွာတင်သွင်းခွင့်အား ၂၀၂၇ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ သက်တမ်းတိုးမြှင့်ခဲ့ခြင်းဖြစ်သည်။

အဆိုပါသက်တမ်းတိုးမြှင့်ခြင်းနှင့်ပတ်သက်၍ အိန္ဒိယနိုင်ငံ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနမှ ၂၀၂၆ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် အမိန့်ကြေညာစာများ ထုတ်ပြန်ခဲ့ကြောင်း သိရှိရသည်။

ယခုကဲ့သို့ တင်သွင်းခွင့်သက်တမ်းတိုးမြှင့်မှုသည် မြန်မာနိုင်ငံမှ ပဲမျိုးစုံတင်ပို့ရေးလုပ်ငန်းများအတွက် အကျိုးရှိစေမည်ဖြစ်ပြီး ကုန်သွယ်မှု ဆက်ဆံရေးများကိုလည်း ဆက်လက်ခိုင်မာစေမည်ဟု ခန့်မှန်းထားသည်။

image

စက်သုံးဆီသုံးယာဉ်အို/ယာဉ်ဟောင်းများအပ်နှံပြီး EV ကားများတင်သွင်းသည့်စနစ် ဆောင်ရွက်သွားနိုင်ရန်ယာယီသမ္မတပြောကြား

စက်သုံးဆီသုံးစွဲမှုလျှော့ချနိုင်ရန် EV ကားများကို စက်သုံးဆီသုံးယာဉ်အို/ယာဉ်ဟောင်းများအပ်နှံ၍တင်သွင်းသည့်စနစ်ပြုလုပ်သွားရန် နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မ ရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

နိုင်ငံတော်ယာယီသမ္မတမှ ယနေ့ ဧပြီ ၁ ရက်ကကျင်းပသည့် စက်သုံးဆီများဖူလုံစွာရရှိရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းများအတွက်လိုအပ်သည့် ဓာတ်မြေဩဇာများ လုံလောက်စွာရရှိရေးအစည်းအဝေးတွင်ပြောကြားခဲ့ခြင်းဖြစ်သည်။

စက်သုံးဆီသုံးစွဲမှုလျှော့ချနိုင်ပါက နိုင်ငံခြားငွေသုံးစွဲမှုများလျှော့ချသွားနိုင်မည်ဖြစ်ရာ စက်သုံးဆီများလျှော့ ချနိုင်ရန် EV ကားတင်သွင်းရာ၌ စက်သုံးဆီသုံးယာဉ်အို/ယာဉ်ဟောင်းများအပ်နှံ၍ EV ကားများပြန်လည်တင်သွင်းသည့်စနစ်ဆောင်ရွက်ရမည်ဟု ပြောသည်။

" စက်သုံးဆီတွေတင်သွင်းရာမှာ အများပြည်သူသယ် ယူပို့ဆောင်ရေးလုပ်ငန်းတွေမှာ အဓိကအသုံးပြုတဲ့ ဒီဇယ်ဆီတွေကို ဦးစားပေးဆောင်ရွက်ရပါမယ်။ အခုလိုပူပြင်းတဲ့အချိန်မှာ လျှပ်စစ်ဓာတ်အားနဲ့ မီးစက်တွေသုံးပြီး လေအေးပေးစက်အသုံးပြုလာတာကြောင့် လျှပ်စစ်ဓာတ်အားချွေတာဖို့ မီးစက်သုံးဆီသုံးတာနဲ့ ကားအသုံးပြုတာတွေလျှော့ချဖို့လိုပါတယ်"ဟု နိုင်ငံတော်ယာယီသမ္မတက ပြောသည်။

ထို့ပြင် ဒေါ်လာဈေးနှုန်းများအနည်းငယ်မြင့်တက်လာ ၍ ပြည်တွင်းကုန်ဈေးနှုန်းများမြင့်တက်လာမှုမရှိစေရန် ဝင်ငွေနည်းပါးသည့် ပြည်သူများနှင့် ဝန်ထမ်းများအ တွက် အဓိကထားဆောင်ရွက်ပေးရမည်ဖြစ်ကာ စက်သုံးဆီဈေးများမြင့်တက်မှုမရှိစေရေးအတွက် ပြည်ပမှစက်သုံးဆီများတင်သွင်းရာတွင်ကောက်ခံလျက်ရှိသည့် အခွန်အခများလျှော့ပေါ့ပေးနိုင်ရေးအတွက် စဉ်းစားဆောင်ရွက်ရမည်ဟုလည်း နိုင်ငံတော်ယာယီသမ္မတက ပြောကြားခဲ့သည်။

image