အာဂျင်တီးနားအတွက် ဂိုးသွင်းပြီးနောက် မျက်ရည်ကျခဲ့တဲ့ နောက်ကွယ်မှ အကြောင်းရင်းကို လီယွန်နယ်မက်ဆီဖွင့်ဟလာ
=====================

လီယွန်နယ်မက်ဆီဟာ အာဂျင်တီးနားက အယ်ဂျီးရီးယားကို ၃-၀ ဂိုးဖြင့် အနိုင်ရတဲ့ပွဲတွင် အဖွင့်ဂိုးသွင်းပြီးနောက် မျက်ရည်ကျခဲ့ရတဲ့ နောက်ကွယ်မှ အကြောင်းရင်းကို ဖွင့်ဟ ပြောကြားလာပါတယ်။
အာဂျင်တီးနားအသင်းခေါင်းဆောင်ဟာ အာဂျင်တီးနားအတွက် ၂၂၀ မြောက်ပွဲ ဟက်ထရစ်သွင်းယူနိုင်ခဲ့တာ ဖြစ်ပြီး ကစားသမားဘဝ ပထမဆုံးကမ္ဘာ့ဖလားဟက်ထရစ်သွင်းယူနိုင်ခဲ့ပါတယ်။
သူဟာ ယင်းဟက်ထရစ်ကြောင့် ကမ္ဘာ့ဖလားသွင်းဂိုး ၁၆ ဂိုးဖြင့် ကလိုဆေးနှင့်အတူ ကမ္ဘာ့ဖလားသမိုင်းတွင် ဂိုးအများဆုံးသွင်းယူထားသူအဖြစ် သမိုင်းမှတ်တိုင် စိုက်ထူလာနိုင်ခဲ့ပါတယ်။
ဒါပေမဲ့ အသက် ၃၈ နှစ်ရှိ မက်ဆီဟာ ပွဲချိန် ၁၈ မိနစ်တွင် အဝေးကန်ချက်ဖြင့် အာဂျင်တီးနားအတွက် အဖွင့်ဂိုးသွင်းယူပြီး ကစားဖော်များနှင့်အတူ အောင်ပွဲခံခဲ့ပြီးနောက် မျက်ရည်ကျခဲ့ကာ အင်္ကျီစဖြင့် မျက်ရည်သုတ်နေခဲ့တာ တွေ့ရပါတယ်။
ပွဲအပြီးတွင် မက်ဆီက "ကျွန်တော် ဘာကြောင့် မျက်ရည်ကျလဲ? ဒါက ဘောလုံးနဲ့ လုံးဝမသက်ဆိုင်တဲ့အရာပါ။ ခက်ခဲတဲ့ တချို့ နေ့ရက်တွေကို ဖြတ်သန်းခဲ့ရတယ်။ ဒါပေမဲ့ ကျွန်တော့် ကိုယ်စားလှယ်တစ်ဖွဲ့လုံးနဲ့ အသင်းဖော်တွေအားလုံး ကျွန်တော့်ဘက်မှာ ရှိနေပေးခဲ့ကြတဲ့အတွက် ဝမ်းသာတယ်။ ကျွန်တော့်ကို ဒါကို ဖြတ်သန်းနိုင်အောင် ခွန်အားပေးခဲ့ကြတယ်"လို့ ပြောကြားသွားပါတယ်။
မက်ဆီဟာ အယ်ဂျီးရီးယားနှင့်ပွဲတွင် ပါဝင်ကစားပြီးနောက် ကမ္ဘာ့ဖလား ၆ ကြိမ် ကစားခွင့်ရ ပထမဆုံးကစားသမားအဖြစ်လည်း သမိုင်းမှတ်တိုင် စိုက်ထူလာပါတယ်။
အယ်ဂျီးရီးယားနှင့်ပွဲတွင် မက်ဆီဟာ ပွဲချိန် မိနစ် ၈၀ မှာ လူစားလဲလှယ်ခြင်းခံခဲ့ရပြီး ယင်းအချိန်တွင် တစ်ကွင်းလုံး မတ်တပ်ရပ် ဂုဏ်ပြုလက်ခုပ်တီးခြင်းခံခဲ့ရပါတယ်။

image