ရိုဒရီအား ဆက်ရှိနေစေချင်ပေမယ့် မပျော်ရွှင်တဲ့စတားများ ထွက်ခွာနိုင်ကြောင်း ဂွါဒီယိုလာ ပြောကြားလာ
====================
မန်စီးတီးနည်းပြပက်ဂွါဒီယိုလာက မပျော်မရွှင်ဖြစ်နေတဲ့ ကစားသမားများအနေဖြင့် ကလပ်မှ ထွက်ခွာနိုင်ကြောင်း၊ သို့ရာတွင် အလယ်တန်းကစားသမားရိုဒရီကိုမူ ဆက်ရှိနေရန်‌ မျှော်လင့်ကြောင်း ပြောကြားလာပါတယ်။

နိုင်ငံတကာပွဲအတွက် စပိန်နှင့် ပူးပေါင်းနေစဉ်အတွင်း အက်သလက်တီကိုကစားသမားဟောင်းရိုဒရီက ကမ္ဘာ့အကောင်းဆုံးကလပ်များရဲ့ ကမ်းလှမ်းမှုကို မပယ်ချနိုင်ကြောင်း ပြောကြားကာ ရီးရဲလ်မက်ဒရစ်သို့ ပြောင်းရေး စဉ်းစားလာမယ်လို့ ပြောဆိုခဲ့ဖူးပါတယ်။

အသက် ၂၉ နှစ်ရှိ ရိုဒရီဟာ ၂၀၁၉ ခုနှစ်တွင် မန်စီးတီးသို့ ရောက်လာပြီးနောက် ၂၉၃ ပွဲကစားထားသူ ဖြစ်ပြီး လာမယ့်နှစ် နွေရာသီတွင် စာချုပ်သက်တမ်းကုန်ဆုံးပါမယ်။

ဂွါဒီယိုလာက "မက်ဒရစ်(ရီးရဲလ်)မှာ ကစားခွင့် ရမယ့် အခွင့်အရေးကို ဘယ်ကစားသမားကမှ ငြင်းလာမှာ မဟုတ်ပါဘူး။ ကျွန်တော့်ဆန္ဒကတော့ ရိုဒရီကို ကလပ်မှာ ဆက်ရှိနိုင်သမျှ ဆက်ရှိနေစေဖို့ပါ။ သူက ထိပ်တန်းကစားသမားဖြစ်သလို အရမ်းကြီးကျယ်တဲ့ကစားသမားပါ။ ဒါပေမယ့် လူတိုင်းမှာ ကိုယ့်ဘဝကိုယ်စီရှိပါတယ်"လို့ ပြောကြားသွားပါတယ်။

ရိုဒရီဟာ ၂၀၂၄ ခုနှစ် Ballon d'Or ဆွတ်ခူးခဲ့သူ ဖြစ်ပြီး ပြီးခဲ့တဲ့ရာသီတုန်းက ဒူးဒဏ်ရာကြောင့် ကာလရှည် အနားယူခဲ့ရကာ မန်စီးတီးမှာလည်း ၈ နှစ်အတွင်း ပထမဆုံးအကြိမ် ဆုဖလားလက်မဲ့ ဖြစ်ခဲ့ပါတယ်။

သူဟာ ယခုရာသီတွင်လည်း တံကောက်ကြောဒဏ်ရာပြဿနာနှင့် ကြုံနေရကာ ပြိုင်ပွဲအရပ်ရပ်တွင် ၂၈ ပွဲတည်းသာ ကစားထားနိုင်ပါတယ်။

သူဟာ မန်စီးတီးနှင့်အတူ ပရီးမီးယားလိဂ်ဖလား ၄ ကြိမ်၊ ချန်ပီယံလိဂ်၊ အက်ဖ်အေဖလားနှင့် လိဂ်ဖလား ၃ ကြိမ် ဆွတ်ခူးထားပါတယ်။

ဆက်လက်ပြီး ဂွါဒီယိုလာက "ကလပ်ရဲ့အဖွဲ့အစည်းက ကျွန်တော်တို့ အားလုံးရဲ့အထက်မှာ ရှိတယ်။ ကစားသမားတစ်ဦး မပျော်တော့ဘူး ထွက်ခွာနိုင်တယ်။ သူတို့ ပျော်ရင်လည်း ဒီအတိုင်း ဆက်သွားမယ်။ သူ ဒီမှာ ပျော်တယ်လို့ ထင်တယ်။ တကယ်လို့ သူ့အနေနဲ့ မပျော်ဘူးဆိုရင် အားကစားဒါရိုက်တာရုံးခန်းကို တံခါးခေါက်ရုံပဲ။ သူ့ရဲ့ ကြီးကျယ်တဲ့ အရည်အသွေးအပေါ် မူတည်ပြီး ကမ်းလှမ်းမှုကို လက်ခံမယ်။ ကလပ်ဘက်က ဘာလိုချင်လဲ ကျွန်တော် သိပါတယ်။ သူတို့က ရိုဒရီဆီက ဘာလို ချင်တယ်ဆိုတာ ကျွန်တော့်ကို အကြောင်းကြားပြီးသားပါ။ သူတို့က သူ့ကို ဆက်ရှိစေချင်တယ်။ ကျွန်တော့်မှာတော့ အပြုသဘောဆောင်တဲ့ ခံစားချင်ရှိတယ်။ ဒါပေမယ့် အဆုံးသတ်မှာ ဘာဖြစ်လာမလဲ မသိပါဘူး"လို့ ပြောကြားသွားပါတယ်။

image

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံတော်သမ္မတအဖြစ်ရွေးချယ်ခံရခြင်းကို ဂုဏ်ယူဝမ်းမြောက်ကြောင်း မိုင်းလားအဖွဲ့ သဝဏ်လွှာပို့

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နိုင်ငံတော်သမ္မတအ ဖြစ်ရွေးချယ်ခံရခြင်းကို ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အထူးဒေသ (၄) ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီနှင့် ဒေသခံတိုင်းရင်းသားများမှ အထူးဂုဏ်ယူဝမ်းမြောက်သည်ဟု ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီက ယနေ့ ဧပြီ (၃) ရက်က သဝဏ်လွှာပေးပို့ခဲ့သည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ယနေ့ ဧပြီလ (၃) ရက်နံနက်ပိုင်းက ပြည်ထောင်စုလွှတ်တော်တွင် ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်အားလုံးပါဝင်သော နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြှောက်ပွဲ အစည်းအဝေးမှ နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခဲ့ခြင်းဖြစ် သည်။

image

ပြည်သူ့ဆေးရုံကြီး(မကွေး)၌ အပူဒ_ဏ်ကြောင့်ဖြစ်တတ်သောရောဂါများအတွက် ကုသမှုပေးနိုင်ရန်ကြိုတင်ပြင်ဆင်ထား

လက်ရှိအချိန်တွင် အပူချိန်မြင့်တက်နေသဖြင့် မကွေး တိုင်း၊ မကွေးမြို့ရှိ ပြည်သူ့ဆေးရုံကြီး(မကွေး)၌ အပူဒဏ်ကြောင့်ဖြစ်တတ်သောရောဂါများအတွက် ကုသမှုပေးနိုင်ရန်ကြိုတင်ပြင်ဆင်ထားကြောင်း သိရသည်။

လူနာများလက်ခံကုသပေးမည့်နေရာကြိုတင်စီစဉ်ခြင်း၊ ဆေးနှင့်ဆေးပစ္စည်းများကြိုတင်ဖြည့်ဆည်းပြင်လဆင်ထားခြင်း၊ ဘာသာရပ်ဆိုင်ရာကျွမ်းကျင်မှုရှိစေရေးအတွက် အပူဒ_ဏ်အန္တရာယ်လူနာများအား အရေးပေါ်ကုသမှုပေးရာတွင် ကုသမှုလုပ်ငန်းလမ်းညွှန်နှင့်အညီဆောင်ရွက်ရန်အတွက်လေ့ကျင့်ခြင်းများကို ကြို တင်ပြင်ဆင်ထားကြောင်း သိရသည်။

image

ဖောက်ခွဲခံရမှုကြောင့် ပျက်စီးခဲ့သည့်တာဝါတိုင်များကို ရာနှုန်းပြည့်ပြင်ဆင်ပြီးဖြစ်

၃၀၀ မဂ္ဂါဝပ်ခန့်အား ဓာတ်အားစနစ်အတွင်းနှင့် ရန် ကုန်တိုင်းသို့ ဓာတ်အားပို့လွှတ်ထား

မင်းလှမြို့နယ်အနီးရှိ ၂၃၀ ကေဗွီ ရွှေတောင် -မြောင်းတကာ အမှတ်(၁+၂)ဓာတ်အားလိုင်းကို အကြမ်းဖက်အဖွဲ့ဝင်များ၏ဖေ_ာက်ခွဲခံရမှုကြောင့် ပျ_က်စီးခဲ့သည့်တာဝါတိုင်များကို ရာနှုန်းပြည့်ပြင်ဆင်ပြီးဖြစ်ကြောင်း သိရသည်။

လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်းများက တာဝါတိုင်အမှတ် (၃၁၀ နှင့် ၃၁၁)တို့ပြိုလဲပျ_က်စီးမှုအား ဖြုတ်သိမ်းခြင်းနှင့် တာဝါတိုင်အသစ်(၂)တိုင်ပြန်လည်တည်ဆောက်တပ်ဆင်ခြင်း၊ တာဝါတိုင်အမှတ်(၃၀၉ နှင့် ၃၁၂)တို့ ယိုင်/စောင်းမှုအား ပြန်လည်ပြုပြင်ခြင်း၊ တာဝါတိုင်အမှတ်(၃၀၉ မှ ၃၁၂)ကြား ဓာတ်အားလိုင်းကြိုးပျ_က်စီးမှုများကိုပြန်လည်ပြုပြင်ခြင်း၊ ဓာတ်အားလိုင်းကြိုး၊ Earth Wire၊ OPGW ကြိုးများပြန်လည်ချိတ်ဆွဲတပ်ဆင်ခြင်းတို့ကိုပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ထို့ကြောင့် ဧပြီ ၂ ရက်ည ၉ နာရီ ၁၅ မိနစ်တွင် ၂၃၀ ကေဗွီ ရွှေတောင်-မြောင်းတကာ အမှတ် (၁) ဓာတ်အားလိုင်း၊ ယနေ့ ဧပြီ ၃ ရက်ညနေ ၅ နာရီ ၂၀ မိနစ်တွင် ၂၃၀ ကေဗွီ ရွှေတောင်-မြောင်းတကာ အမှတ်(၂) ဓာတ်အားလိုင်းတို့အားပုံမှန်အတိုင်းဓာတ်အားပြန်လည်ပို့လွှတ်လျက်ရှိကြောင်း သိရသည်။

ထို့ကြောင့် အမှတ်(၁+၂)ဓာတ်အားလိုင်းဖြင့် အထက်မြန်မာပြည်မှထုတ်လုပ်လျက်ရှိသော လျှပ်စစ်ဓာတ်အား(၃၀၀)မဂ္ဂါဝပ်ခန့်ကို ဓာတ်အားစနစ်အတွင်းနှင့် ရန်ကုန်တိုင်းအတွင်းသို့ ဓာတ်အားပို့လွှတ်ထားကြောင်း သိရသည်။

image

၂ဝ၂၆ ခုနှစ် နွေရာသီအခြေခံအားကစားသင်တန်းများ သင်တန်းဆင်းပွဲနှင့် ဝန်ကြီးချုပ်ဖလား ၈ ခရိုင်ဘောလုံးပြိုင်ပွဲဖွင့်ပွဲကျင်းပ


၂ဝ၂၆ ခုနှစ် ၊ နွေရာသီအခြေခံအားကစားသင်တန်းများ သင်တန်းဆင်းပွဲနှင့် ဝန်ကြီးချုပ်ဖလား ၈ ခရိုင်ဘောလုံးပြိုင်ပွဲဖွင့်ပွဲကို ဧပြီ ၃ ရက်(ယနေ့)တွင် ပုသိမ်မြို့၊ကိုးသိန်း အားကစားကွင်း၌ ကျင်းပခဲ့သည်။

ယခုနှစ်ဖွင့်လှစ်ခဲ့သည့် နွေရာသီအခြေခံ သင်တန်းအားကစားနည်း (၂၀)မျိုးတွင် သင်တန်းသား/သင်တန်းသူ (၉၄၀)ဦး ၊ နည်းပြ(၆၀)ဦးဖြင့် စုစုပေါင်း(၁၀၀၀)ဦးနှင့် ဖွင့်လှစ်နိုင်ခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီးအားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေကူး၊ လက်ဝှေ့ ၊ ပြေးခုန်ပစ် ၊ ရိုးရာခြင်း ၊ ကရာတေးဒို ၊ ဝူရှူး ၊ ကြက်တောင် ၊ စစ်တုရင် ၊ စက်ဘီး စသည့် အားကစားနည်းများကို လည်း မျိုးဆက်သစ်များ ပေါ်ထွက်လာစေရေး ရည်ရွယ်၍ ယခု သင်တန်းမှာ ထည့်သွင်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ရေကူး အားကစားနည်းအနေဖြင့် ယခုသင်တန်းတွင် သင်တန်းသား/သင်တန်း သူ (၂၅၀)ဦး ၊ လက်ဝှေ့ (၄၀)ဦး ၊ ပြေးခုန်ပစ် (၄၀)ဦး ၊ ရိုးရာခြင်း (၂၀)ဦး ၊ ကရာတေးဒို (၅၀)ဦး၊ ဝူရှူး(၆၀)ဦး၊ ကြက်တောင် (၁၂၀)ဦး၊ ပိုက်ကျော်ခြင်း(၅၀)ဦး၊ စစ်တုရင် (၂၅)ဦး၊ စက်ဘီး (၂၅)ဦး ၊ ဘော်လီဘော(၅၀)ဦး ၊ တိုက်ကွမ်ဒို(၃၅)ဦး၊ ဘောလုံး (၂၂၀)ဦး တို့က စိတ်ဝင်စားစွာဖြင့် တက်ရောက်ကြကြောင်း သိရသည်။

ထို့ပြင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် အတွင်း အခြားသင်တန်းများဖြစ်သည့်ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်း ကွန်ပျူတာအခြေခံ သင်တန်း၊ အသက်မွေးသင်တန်းများဖြစ်သည့် လူသုံးကုန်ပစ္စည်း ထုတ်လုပ်မှုသင်တန်း ၊ စားသောက်ကုန် ထုတ်လုပ်မှုသင်တန်းနှင့် စက်မှုလက်မှုသင်တန်း၊ အခြေခံလျှပ်စစ်သင်တန်းနှင့် လျှပ်စစ် သွယ်တန်းမှု သင်တန်းများကိုလည်းဖွင့်လှစ်ပေးနိုင်ရေးလုပ်ဆောင်နေကြောင်း လူမှုရေးဝန်ကြီး ဦးခင်မောင်ကြည်က ပြောသည်။

နွေရာသီအခြေခံအားကစားသတင်တန်းများကို မတ်လ ၃ ရက်မှ ဧပြီလ ၃ ရက်အထိ တစ်လကြာကျင်းပနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

image

မြစ်ကြီးနားနှင့် ပူတာအိုမြို့များသို့ MAI မှ ဧပြီ ၇ ရက်မှစတင်၍ ပျံသန်းပြေးဆွဲမည်

MAI မှ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နှင့် ပူတာအိုမြို့တို့သို့ လေကြောင်းခရီးစဥ်များကို ခရီးသွားလာသူများအဆက်ပြေစေရန် ဧပြီ ၇ ရက်မှစတင်၍ ပြန်လည်ပျံသန်းပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မှ မြစ်ကြီးနားသို့ အပတ်စဥ် အင်္ဂါနေ့နှင့် သောကြာနေ့(တစ်ပတ် ၂ ကြိမ်)၊ ရန်ကုန်မှ ပူတာအိုသို့ အပတ်စဥ် သောကြာနေ့(တစ်ပတ်လျင် ၁ ကြိမ်)ပြန်လည်ပျံသန်းပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။

image

ရုရှားသမ္မတ၊ တရုတ်သမ္မတနှင့် ဘယ်လာရုစ်သမ္မတတို့က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရ၍ ဝမ်းမြောက်ကြောင်းသဝဏ်လွှာများပေးပို့

ယနေ့ ဧပြီ ၃ ရက်နံနက်ပိုင်းကကျင်းပသည့် ပြည် ထောင်စုလွှတ်တော်ကိုယ်စားလှယ်အားလုံးပါဝင်သော နိုင်ငံတော်သမ္မတရွေးချယ်တင်မြှောက်ပွဲအစည်းအဝေးမှ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား နိုင်ငံတော်သမ္မတအဖြစ်ရွေးချယ်တင်မြှောက်ခဲ့သည်။

ထိုသို့ ရွေးချယ်တင်မြှောက်ခံရခြင်းအတွက် ရုရှားနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာပူတင်၊ တရုတ်နိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်၊ ဘယ်လာရုစ်နိုင်ငံသမ္မတ မစ္စတာ အလက်ဇန္ဒားလူကာရှန်ကို၊ နိုဗိုစီဗစ်ဒေသအုပ်ချုပ်ရေးမှူးတို့မှဝမ်းမြောက်ကြောင်းသဝဏ်လွှာများအသီးသီးပေးပို့ခဲ့ကြသည်။

image

ဝမ်းတွင်းမြို့ကိုဗဟိုပြု၍ ငလျင်လှုပ်ခတ်

ဝမ်းတွင်းမြို့၏ အရှေ့မြောက်ဘက်(၄)မိုင်ခန့်အကွာ၊ အနက်(၁၀)ကီလိုမီတာကိုဗဟိုပြု၍ အင်အားရစ်(ခ်) တာစကေး(၃ ဒသမ ၇)အဆင့်ရှိ အင်အားအနည်းငယ်ရှိသောငလျင်တစ်ခု ဧပြီ ၃ ရက်ည ၁၁ နာရီ ၂ မိနစ် ၄၂ စက္ကန့်ကလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

image

ကုန်တင်ကားတိမ်းမှောက်ကာ ကားမောင်းသူ‌ေ-သဆုံးခဲ့မှု ရန်ကုန်-ပုသိမ်ကားလမ်းတွင်ဖြစ်ပွား

ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်ရှိ ရန်ကုန်-ပုသိမ်သွားကားလမ်းတွင် ယနေ့ ဧပြီ ၄ ရက်နံနက် ၅ နာရီခွဲခန့်က ကုန်တင်ကားတစ်စီးတိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

ပန်းတနော်မြို့နယ်၊ ရန်ကုန်-ပုသိမ်သွားကားလမ်း၏ လှိုင်းတာကျေးရွာအနီး မိုင်တိုင်အမှတ် ၅၄/၇ နှင့် ၅၅/၀ ကြားတွင်ကုန်တင်ကားတိမ်းမှောက်ခဲ့ခြင်းဖြစ်ကာ ကားမောင်းသူမှာအခင်းဖြစ်နေရာ၌‌ေ-သဆုံးသွားခဲ့သဖြင့် ပန်းတနော်မြို့နယ်နားရေးကူညီမှုအသင်းက ပန်းတနော်မြို့နယ်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

image

အောင်လံမြို့နယ်၌ အပူဒ-ဏ်အန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေး

ယခုရက်ပိုင်းအတွင်း၌ အပူချိန်ပြင်းထန်လာသဖြင့် မကွေးတိုင်း၊ အောင်လံမြို့နယ်တွင် အပူဒ-ဏ်အန္တရာယ်များမှကြိုတင်ကာကွယ်နိုင်စေရန်ရည်ရွယ်၍ အသိပညာပေးလှုံ့ဆော်ခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းတို့ကို ဧပြီ ၃ ရက်ကပြုလုပ်ခဲ့ကြသည်။

အောင်လံမြို့၊ ကန်ကြီးရပ်ကွက်ရှိ မြို့မဈေးကြီးအတွင်း/အပြင်ရှိ ဈေးရောင်းချသူများနှင့် ဈေးဝယ်လာသူများအား အပူဒ-ဏ်အန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှထုတ်ဝေသည့် အသိပညာပေးလက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြသည်။

ထို့ပြင် အောင်လံမြို့နယ်ဆေးရုံအုပ်ကြီးမှလည်း အပူလွန်ကဲမှုကြောင့်ဖြစ်ပေါ်လာနိုင်သည့် ကျန်းမာရေးပြဿနာများ၊ လိုက်နာရမည့် အချက်များနှင့် ရှောင်ကြဉ်ရမည့်အချက်များကို အသိပညာပေးပြောကြားခဲ့သည်။

image