ဘုရင်မနှင့်မိသားစုဝင်များနေထိုင်ခဲ့တဲ့ စံအိမ်ကြီးကို ပေါင် ၅.၇ သန်းဖြင့် ဝယ်ယူလာတဲ့ အဲဗာတန်နှင့် အင်္ဂလန်ဂိုးသမားပစ်ဖို့ဒ်
=======================

အင်္ဂလန်နှင့် အဲဗာတန်ဂိုးသမားဂျော်ဒန်ပစ်ဖို့ဒ်ဟာ နတ်ရွာစံသွားပြီဖြစ်တဲ့ ဘုရင်မနှင့် မိသားစုဝင်များ နေထိုင်ခဲ့ရာ စံအိမ်ကြီးအား ပေါင် ၅.၇ သန်းဖြင့် ဝယ်ယူလာပါတယ်။
ယင်းစံအိမ်မှာ ချီရှိုင်းယားတွင် တည်ရှိပြီး ၂.၅ ဧကကျယ်ဝန်းတဲ့ ခြံအတွင်း တည်ဆောက်ထားကာ အိပ်ခန်း ၈ ခန်းအထိ ပါဝင်ပါတယ်။
ယင်းစံအိမ်ကို ၁၈၆၀ ခုနှစ်တွင် တည်ဆောက်ခဲ့တာ ဖြစ်ပြီး အဲလစ်ဇဘတ်ဘုရင်မ(၂)၊ ခင်ပွန်းသည်မင်းသားဖီးလစ်နှင့် ချားလ်ဘုရင်တို့ နေထိုင်ခဲဖူးပါတယ်။
ယင်းစံအိမ်တွင် အိမ်တွင်း ရေကူးကန်ပါဝင်သလို ကား ၄ စီးဆန့် ဂိုထောင်လည်း ပါဝင်ပါတယ်။
အသက် ၃၁ နှစ်ရှိ ပစ်ဖို့ဒ်နှင့် ဇနီးသည်မီဂန်တို့ဟာ ယင်းစံအိမ်ကို ပြီးခဲ့တဲ့နှစ် ဧပြီလတုန်းက ဝယ်ယူခဲ့တာ ဖြစ်ပြီး နေအိမ်အသုံးအဆောင်ပစ္စည်းများကို ခေတ်မီပစ္စည်းများဖြင့် အစားထိုးမှု ပြုလုပ်ထားပါတယ်။
ယင်းဂန္ထဝင်စံအိမ်ကြီးမှာ ၂၀၁၈ ခုနှစ်တုန်းက ပစ်ဖို့ဒ် ဝယ်ယူခဲ့တဲ့ ချီရှိုင်းယားမှ ပေါင် ၂.၁ သန်းတန် နေအိမ်နှင့် မနီးမဝေးမှာ တည်ရှိပါတယ်။
အဲဗာတန်တွင် တစ်ပတ်လုပ်ခ ပေါင် ၁၅၀၀၀၀ ရရှိနေတဲ့ ပစ်ဖို့ဒ်ဟာ ယင်းစံအိမ်ကြီးတွင် ရုပ်ရှင်ရုံနှင့် ဂျာကူဇီခန်းပါ ထည့်သွင်းပြီး အဆင့်မြှင့်ထားပါသေးတယ်။
ပစ်ဖို့ဒ်နှင့် မီဂန်တို့ဟာ ကျောင်းတက်စဉ် တွေ့ဆုံ ချစ်ကြိုက်ခဲ့တာ ဖြစ်ပြီး ၂၀၂၀ ခုနှစ် မတ်လတွင် လက်ထပ်ခဲ့ကြပါတယ်။
သူဟာ ၂၀၁၇ ခုနှစ် ဇွန်လတွင် ဆန်းဒါးလန်းမှ အဲဗာတန်သို့ ပေါင်သန်း ၃၀ ဖြင့် ပြောင်းလာခဲ့သူ ဖြစ်ပြီး အင်္ဂလန်အသင်းအတွက် ၈၁ ပွဲကစားထားသူလည်း ဖြစ်ပါတယ်။

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ
*****************************************
🇲🇲 ရည်ညွှန်းလက်လီဈေးနှုန်းများ
💢ရန်ကုန်မြို့
💢မန္တလေးမြို့
💢နေပြည်တော်
💢တိုင်းဒေသကြီး/ ပြည်နယ်မြို့တော်များ

23 w - Translate

ဇန်နဝါရီ ၅ ရက်‌နေ့

image
24 w - Translate

လွတ်လပ်ရေးနေ့

24 w - Translate

2026 မှာ အိမ်မက်တွေအကောင်အထည်ဖော်ဖို့ ကြိုးစားမယ်💪🏻💪

ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့ ရတနာဆင်များရှင်ဘုရား စိန်ဖူးတော်နှင့် ငှက်မြတ်နားတော် တင်လှူပူဇော်ပွဲကျင်းပ
---------------------------

မန္တလေးငလျင်ကြီးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့ စစ်ကိုင်းမြို့ရှိ သမိုင်းဝင် ရတနာဆင်များရှင်‌ စေတီတော်ကြီး စိန်ဖူးတော်နဲ့ ငှက်မြတ်နားတော် တင်လှူပူဇော်ပွဲကို ၂၀၂၆ ဇန်နဝါရီ ၂ရက်က ကျင်းပပါတယ်။
မတ်လ၂၈ရက်ကလှုပ်ခတ်ခဲ့တဲ့ မန္တလေးငလျင်ကြီးဒဏ်ကြောင့် ရတနာဆင်များရှင် စေတီတော်ကြီးရဲ့ စိန်ဖူးတော်ပြုတ်ကျခဲ့ပြီး ငှက်မြတ်နားတော် ပြတ်ကျခဲ့ရပါတယ်။
အခုအခါ ဘက်စုံပြုပြင်မွမ်းမံတဲ့လုပ်ငန်းတွေ ဆောင်ရွက်ပြီးစီးခဲ့တာကြောင့် စိန်ဖူးတော်နဲ့ ငှက်မြတ်နားတော် တင်လှူပူဇော်ပွဲကို ကျင်းပတာဖြစ်ပါတယ်။
အခမ်းအနားကို ရွှေကျင်နိကာယသာသနာပိုင်၊ နိုင်ငံတော်ဩဝါဒါစရိယ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဏိတ၊ သီတဂူဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူဆေးရုံတော်များ၏အဓိပတိ သီတဂူဆရာတော်ကြီး ဒေါက်တာဘဒ္ဒန္တဉာဏ္ဏိဿရအမှူးပြုတဲ့ ဆရာတော်၊ သံဃာတော်တွေ ကြွရောက်တော်မူကြပြီး စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ စစ်ကိုင်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသက်ပုံ၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်တွေ၊ ဌာနဆိုင်ရာတာဝန်ရှိသူတွေ၊ ဂေါပကအဖွဲ့ဝင်တွေ၊ မြို့မိမြို့ဖတွေ တက်ရောက်ကြပါတယ်။
အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ခဲ့ကြပြီး ကြွရောက်လာတဲ့ဧည့်ပရိသတ်တွေက သီတဂူဆရာတော်ကြီးထံမှငါးပါးသီလခံယူဆောက်တည်ကြကာ ရတနာစေတီဆင်များရှင်စေတီတော်မြတ်ကြီး ဩဝါဒါစရိယ ဆရာတော်ကြီးများထံမှ အန္တရာယ်
ကင်း ပရိတ်တရားတော်များ နာယူကြည်ညိုကြပါတယ်။
ဆက်လက်ပြီး သီတဂူဆရာတော်ကြီးနဲ့ ဩဝါဒါစရိယ ဆရာတော်ကြီး‌တွေကို တိုင်းဒေသကြီး ဝန်ကြီးချုပ်နဲ့ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်တွေ၊အလှူရှင်တွေက ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နဲ့ လှူဖွယ်ပစ္စည်းတွေကို ဆက်ကပ်လှူဒါန်းကြပါတယ်။
အဲဒီနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်တွေက ငလျင်လှုပ် ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့ စစ်ကိုင်းမြို့ရှိ “မဟိယင်္ဂဏ” စေတီတော်မြတ်ကြီး ပြုပြင်မွန်းမံဖို့အတွက် အလှူငွေကျပ် သိန်း ၁၀၀၀နဲ့ “ရတနာထွဋ်ခေါင်” စေတီတော်ပြုပြင်ဖို့အတွက် ငွေကျပ် သိန်း၁၀၀တို့ကို လှူဒါန်းခဲ့ကြပါတယ်။
ဆက်လက်ပြီးတော့လည်း ဩဝါဒဆရာတော်ကြီး‌တွေ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော်၊ စစ်ကိုင်းမဲဆန္ဒနယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသက်ပုံနဲ့ တာဝန်ရှိသူတွေက ရတနာစိန်ဖူးတော်နဲ့ ငှက်မြတ်နားတော်တို့ကို အမွှေးနံ့သာရေတွေ ပတ်ဖျန်းပေးပြီး စေတီတော်ကြီး လက်ျာရစ် တစ်ပတ် လှည့်လည်ပူဇော်ကြပါတယ်။
အဲဒီနောက် မင်္ဂလာအချိန်ကျရောက်တာနဲ့တစ်ပြိုင်နက် စေတီတော်ကြီးအထက်ကို တင်လှူပူဇော်ခဲ့ကြပြီး အမွှေနံ့သာရေ‌တွေပတ်ဖျန်းကာ ရွှေမိုး၊ငွေမိုးများ ရွာသွန်းဖြိုးခဲ့ကြပါတယ်။
ကြွရောက်တော်မူလာတဲ့ ဆရာတော်ကြီးတွေကို နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့တယ်လို့လည်း သိရပါတယ်။

မလေးရှားရှိ ဖျော်ဖြေရေးစင်တာကို ဝင်ရောက်စစ်ဆေးစဉ် မြန်မာ ၂၀ ဖမ်းဆီးခံရ

မလေးရှားနိုင်ငံ Negeri Sembilan ပြည်နယ် နီလိုင်(NILAI)မြို့တွင် ဇန်နဝါရီ ၁ ရက် နံနက်ပိုင်းကမြန်မာနိုင်ငံသားများ ဖွင့်လှစ်ထားသည့် ဖျော်ဖြေရေးစင်တာကိုရဲတပ်ဖွဲ့က ဝင်ရောက်စစ်ဆေးခဲ့ပြီးမြန်မာ၂၀ ကို ဖမ်းဆီးခဲ့ကြောင်းမလေးရှားမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။
နီလိုင်မြို့ Taman Semarak 2ရှိ ဆိုင်ခန်းတစ်ခုကိုဖျော်ဖြေရေးစင်တာအဖြစ် တရားမဝင် ပြုပြင်မွမ်းမံ အသုံးပြုနေသည်ကိုစစ်ဆေးတွေ့ရှိခဲ့ပြီး ၎င်းနေရာသည်ယခင်ကလည်း တရားစွဲဆိုခြင်းနှင့် ချိပ်ပိတ် သိမ်းဆည်းခြင်း ပြုလုပ်ခဲ့သည့်နေရာဖြစ်ကြောင်း သိရသည်။
၎င်းဖျော်ဖြေရေးစင်တာတွင်အသက် (၂၀) မှ (၄၀) ကြားရှိ အမျိုးသမီး ၁၄ ဦး အပါအဝင် မြန်မာနိုင်ငံ
သား ၂၀ ကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ဖျော်ဖြေရေးစင်တာအတွင်းမှအသံချဲ့စက်များ၊ လက်တော့ပ်များ၊တီဗွီများ၊ ဝိုင်ဖိုင်စက်များ၊ ကုမ္ပဏီ
တံဆိပ်တုံးများနှင့် ငွေသားရင်းဂစ်၆၆၀ အပါအဝင် လုပ်ငန်းသုံးပစ္စည်းအမျိုးမျိုးကိုလည်း သိမ်းဆည်းခဲ့ကြောင်း သိရသည်။

မူးယစ်မှောင်ခို သင်္ဘောနှစ်စင်းကို အမေရိကန်စစ်ဘက်တိုက်ခိုက်၊ ငါးဦးသေဆုံး

အမေရိကန်စစ်ဘက်သည် မူးယစ်ဆေးဝါးများသယ်ဆောင်လာသည်ဟု စွပ်စွဲထားသော ရေယာဉ်နှစ်စင်းကို တိုက်ခိုက်ခဲ့ရာ လိုက်ပါလာသူ ငါးဦးသေဆုံးခဲ့ကြောင်း ဇန်နဝါရီ ၁ ရက်တွင် ထုတ်ပြန်သည်။
အမေရိကန် တောင်ပိုင်းစစ်ဌာနချုပ်ကနောက်ဆုံးတိုက်ခိုက်မှုများကို မည်သည့်နေရာတွင်ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ခြင်း မရှိသော်လည်းအမေရိကန်တပ်ဖွဲ့များသည် ကာရစ်ဘီယံနှင့်အရှေ့ပစိဖိတ်ဒေသမှတစ်ဆင့် မူးယစ်ဆေးဝါးမှောင်ခိုတင်သွင်းသည်ဟု သံသယရှိသော ရေယာဉ်များကို လွန်ခဲ့သည့် သုံးလအတွင်း တိုက်ခိုက်မှုများပြုလုပ်ခဲ့သည်။
မူးယစ်မှောင်ခိုသင်္ဘောသုံးစင်းကို ပစ်မှတ်ထားခဲ့ပြီး အနည်းဆုံး လူသုံးဦး သေဆုံးခဲ့သည့် တိုက်ခိုက်မှုအပြီး တစ်ရက်အကြာတွင် လက်ရှိတိုက်ခိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ထရန့်အစိုးရ၏ အဆိုပါ စစ်ဆင်ရေးများသည် ဥပဒေများကို ချိုးဖောက်နေကြောင်း ထောက်ပြဝေဖန်မှုများရှိနေသည်။
မူးယစ်ဆေးဝါးတိုက်ဖျက်ရေးစစ်ပွဲ တစ်စိတ်တစ်ပိုင်းအဖြစ် စက်တင်ဘာ ၂ ရက်တွင် အမေရိကန်က နိုင်ငံတကာရေပိုင်နက်အတွင်း ရေယာဉ်တစ်စင်းကို ပထမဆုံးအကြိမ် တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း တိုက်ခိုက်မှု ၃၀ ကျော် ပြုလုပ်ခဲ့ရာ လူ ၁၁၀ကျော် သေဆုံးခဲ့သည်။
အမေရိကန်က ပစ်မှတ်ထားခဲ့သည့် ရေယာဉ်များသည် မူးယစ်ဆေးဝါးများ သယ်ဆောင်လာကြောင်း အထောက်အထား မပြသနိုင်သော်လည်းအဆိုပါသင်္ဘောများသည် မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားမှု လမ်းကြောင်းများတစ်လျှောက်ဖြတ်သန်းသွားလာနေပြီး မူးယစ်ဆေးဝါး ရောင်းဝယ်
မှုတွင် ပါဝင်ပတ်သက်နေသည်ဟု ထောက်လှမ်းရေးအဖွဲ့က အတည်ပြုနိုင်ခဲ့ကြောင်း ထုတ်ပြန်ထား
သည်။

ရေဧကပေ ၃၅၀၀၀၀ ခန့် သိုလှောင်နိုင်ပြီး လျှပ်စစ်တပ်ဆင်ဓာတ်အား ၁၀ မဂ္ဂါဝပ် (၅ မဂ္ဂါဝပ် x ၂ လုံး) ဖြင့် နှစ်စဉ်လျှပ်စစ်စွမ်းအင် ၂၄ ကီလိုဝပ်နာရီသန်းပေါင်း ထုတ်လွှတ်နိုင်မည့် ရှမ်းပြည်နယ်ရှိ ကျိုင်းခမ်းရေလှောင်တမံ ဘက်စုံစီမံကိန်း ရာနှုန်းပြည့်နီးပါးပြီးစီး

ရေဧကပေ ၃၅၀၀၀၀ ခန့် သိုလှောင်နိုင်ပြီး လျှပ်စစ်တပ်ဆင်ဓာတ်အား ၁၀ မဂ္ဂါဝပ် (၅ မဂ္ဂါဝပ် x ၂ လုံး) ဖြင့် နှစ်စဉ်လျှပ်စစ်စွမ်းအင် ၂၄ ကီလိုဝပ်နာရီသန်းပေါင်း ထုတ်လွှတ်နိုင်မည့် ရှမ်းပြည်နယ်ရှိ ကျိုင်းခမ်းရေလှောင်တမံ ဘက်စုံစီမံကိန်း ရာနှုန်းပြည့်နီးပါးပြီးစီးကြောင်း သိရသည်။
ရှမ်းပြည်နယ် (တောင်ပိုင်း) ရပ်စောက်မြို့နယ် ကျိုင်းခမ်းကျေးရွာအနီး နမ့်အက်ချောင်းပေါ်တွင် တည်ဆောက်လျက်ရှိသည့် ကျိုင်းခမ်းရေလှောင်တမံ ဘက်စုံစီမံကိန်းသည် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ရာနှုန်းပြည့်နီးပါး တည်ဆောက်ပြီးစီး၍ တမံအတွင်း ကန်ရေပြည့်အမှတ်အထက်သို့ သိုလှောင်ထားရှိပြီးဖြစ်ရာ တာဘိုင် Unit(1) နှင့် (2) လည်ပတ်ကာ လျှပ်စစ်ဓာတ်အားများ စတင်စမ်းသပ်ထုတ်လွှတ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရေဧကပေ ၃၅၀၀၀၀ ခန့် သိုလှောင်နိုင်သည့် ကျိုင်းခမ်းရေလှောင်တမံ ဘက်စုံစီမံကိန်းအနေဖြင့် လျှပ်စစ် တပ်ဆင်ဓာတ်အား ၁၀ မဂ္ဂါဝပ် (၅ မဂ္ဂါဝပ် x ၂ လုံး) ဖြင့် နှစ်စဉ်လျှပ်စစ် စွမ်းအင် ၂၄ ကီလိုဝပ် နာရီသန်းပေါင်း ထုတ်လွှတ်နိုင်မည်ဖြစ်ကြောင်း၊ ထုတ်လွှတ်ရေများကို ဆက်သွယ်မြောင်းမှတစ်ဆင့် ဇော်ဂျီရေလှောင်တမံနှင့် မြို့ကြီးရေလှောင်တမံတို့သို့ ရေကူဖြည့်သွင်းပေးနိုင်မည်ဖြစ်၍ အဆိုပါရေလှောင်တမံနှစ်ခုတို့မှ ရေအားလျှပ်စစ် ပိုမိုတိုးမြှင့်ထုတ်လွှတ်နိုင်မည်ဖြစ်ကာ ဇော်ဂျီရေသောက်စနစ်နှင့် ကင်းတားလက်ယာမြောင်းရေသောက်စနစ်ရှိ လယ်မြေဧရိယာ ဧက ၁၂၀၀၀၀ ခန့်၌ သီးထပ်စိုက်ပျိုးခြင်းအတွက် ရေဖူလုံစွာ ရရှိစေမည်ဖြစ်ကြောင်း သိရသည်။
ဇန်နဝါရီ ၂ ရက်က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ရှမ်းပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ အဆိုပါကျိုင်းခမ်းရေလှောင်တမံ ဘက်စုံစီမံကိန်း၏ ပင်မတမံတည်ဆောက်ပြီးစီးမှု၊ ရေသိုလှောင်ထားရှိမှုနှင့် ရေအားလျှပ်စစ်စက်ရုံမှ လျှပ်စစ်ဓာတ်အားများ စမ်းသပ်ထုတ်လွှတ်ရန် ဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။
စီမံကိန်းရှင်းလင်းဆောင်တွင် တာဝန်ရှိသူများက ကျိုင်းခမ်းရေလှောင်တမံဘက်စုံစီမံကိန်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေနှင့် ရေအားလျှပ်စစ်စက်ရုံလုပ်ငန်းများအား ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက တမံကြံ့ခိုင်ရေးနှင့် ရေအားလျှပ်စစ်စက်ရုံလုပ်ငန်းများအတွက် ဆောင်ရွက်ရမည့် အင်ဂျင်နီယာလုပ်ငန်းများကို စနစ်တကျ ကြပ်မတ်ဆောင်ရွက်ရေး၊ လုပ်ငန်းကဏ္ဍအလိုက် သတ်မှတ်ကာလအတွင်း ပြီးစီးရန် သက်ဆိုင်ရာပညာရှင်များ၊ ဌာနအဖွဲ့အစည်းများ ကြိုးပမ်းဆောင်ရွက်ရေး ပြောကြားပြီး ရေလှောင်တမံနှင့် ရေအားလျှပ်စစ်စက်ရုံအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ယင်းနောက် ကျိုင်းခမ်းကျေးရွာအုပ်စုအတွင်းမှ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ပြောင်းသီးနှံစိုက်တောင်သူများအား တွေ့ဆုံ၍ စီမံကိန်းဧရိယာအနီးရှိ ကျိုင်းခမ်း၊ မက်မီး၊ ဟိုနားကျေးရွာများအတွက် စိုက်ပျိုးရေနှင့် သောက်သုံးရေ အစဉ်သဖြင့် ရရှိစေရန် ရေရှိရေးဆောင်ရွက်ပေးသွားမည့်အခြေအနေနှင့် လျှပ်စစ်ဓာတ်အား အသုံးပြုနိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်ပေးသွားမည့်အစီအမံများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။