မီးရထားလက်မှတ်ကို ORTP စနစ်နဲ့ ဝယ်ယူရာမှာ အခက်အခဲတွေ ဖြစ်ပေါ်နေ

မြန်မာ့မီးရထား လက်မှတ်ကို ORTP (Online Railways Ticketing & Payment) စနစ်နဲ့ ဝယ်ယူရာမှာ အခက်အခဲတွေ ဖြစ်ပေါ်နေပြီး ငွေပေးချေပြီးပေမယ့် လက်မှတ် မရရှိတာတွေ ဖြစ်ပေါ်နေတယ်လို့ ခရီးသွားပြည်သူတွေက ပြောပါတယ်။

ဒီကနေ့ ဧပြီ ၅ ရက်၊ မနက်အစောပိုင်း ၁၂ နာရီဝန်းကျင်မှ စတင်ကာ သင်္ကြန်ကာလ ရုံးပိတ်ရက်တွေအတွက် ခရီးသွားလာဖို့ ORTP စနစ်အတွင်း ဝင်ရောက်ပြီး ရထားလက်မှတ်ဝယ်ယူသူ အလွန်များပြားခဲ့တာကြောင့် စနစ် Delay ဖြစ်ခြင်းနဲ့ ငွေပေးချေမှု အောင်မြင်ပေမယ့် e-ticket လက်ခံမရရှိမှုတွေ များစွာ ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။

“ပထမအကြိမ် ထိုင်ခုံရွေးတော့ အောင်မြင်ပြီး ငွေပေးချေတဲ့အခါကြတော့ ငွေပေးချေမှု မအောင်မြင်ပါဆိုပြီး ပြတယ်။ ဒါပေမယ့် Kpay ထဲနေ ပိုက်ဆံဖြတ်သွားတယ်။ နောက်တခါ ထပ်ရွေးပြီး ငွေချေတော့ ငွေပေးချေမှုအောင်တယ်ဆိုပြီး ပိုက်ဆံ နောက်တခါ ဖြတ်သွားတယ်။ ပြီးတော့ ticket က ကျမလာဘူး။ လက်မှတ်က တယောက်စာလည်း မဟုတ်ဘူး။ ငါးယောက်စာတောင်။ နှစ်ခါတောင် ငွေဆုံးတယ်။ နှစ်သိန်းခွဲ ကုန်သွားတာ။ Service fee ၂၀၀ ကျပ်ရော၊ KPay MMQR Fee ၃၀၀ ကျပ်ရော ငါးယောက်စာ နှစ်ခါကုန်ထားရတာ။ Call Center နံပါတ် ၁၁၈၈ ကလည်း လုံးဝ ဆက်လို့မရဘူး” လို့ ခရီးသည်တယောက်က ပြောပါတယ်။

အဲဒီလိုပဲ နောက်ထပ် ခရီးသည်တယောက်ကလည်း ဧပြီ ၁၁ ရက်နေ့အတွက် နေပြည်တော် - မန္တလေးရထား အထက်တန်းတွဲ တခုံ၊ A 9 အတွက် Kpay နဲ့ ငွေချေရာမှာ ပေးသွင်းမှု အောင်မြင်ကြောင်း ဖော်ပြပေမယ့် ORTP စနစ်မှာတော့ “ငွေပေးချေမှု မအောင်မြင်ပါ”ပဲ တွေ့ရပြီး လက်မှတ်လည်း ကျမလာဘူးလို့ ပြောပါတယ်။

ဒါအပြင် နောက်ထပ် ခရီးသည်တယောက်ကလည်း “ထိုင်ခုံ တခုံစာအတွက် Kpay ကနေ ငွေချေတာ ပထမအကြိမ်မှာ မအောင်မြင်ကြောင်း ပြတယ်။ ပိုက်ဆံကျ ဖြတ်သွားတယ်။ နောက်တခါ ထပ်လုပ်တော့ အောင်မြင်တယ်၊ ပိုက်ဆံလည်း ထပ်ဖြတ်ခံရတယ်။ E-ticket ထွက်လာတော့ လူတယောက်တည်းကို လက်မှတ် နှစ်စောင်ဖြစ်သွားရော။ ဆိုလိုချင်တာက ခုံတနေရာစာ အလဟသ ဖြစ်သွားပြီလေ” လို့ ပြောပါတယ်။

အခုလို စနစ်ရဲ့ မှားယွင်းမှုကြောင့် လက်မှတ် နှစ်စောင် ရရှိသွားတဲ့ ခရီးသည်လည်း နစ်နာရသလို တခြား ခရီးသည်တွေလည်း နစ်နာရတာကြောင့် လူမစီးတော့မယ့်ခုံကို ဖျက်သိမ်း၊ refund လုပ်ပြီး နောက်ထပ် တယောက်ကို ရောင်းချပေးတဲ့စနစ်ကို အက်ပလီကေးရှင်းထဲ ထည့်ပေးထားမယ် ဆိုပါက နစ်နာမှုတွေ လျော့နည်းသွားနိုင်တယ်လို့ သူက အကြံပြု ပြောဆိုပါတယ်။

မြန်မာ့မီးရထားရဲ့ ORTP Team က တာဝန်ရှိသူတွေကတော့ အကြောင်းအရာနဲ့ ပတ်သက်လို့ ဒီကနေ့ ဧပြီ ၅ ရက်၊ မနက်ပိုင်းနဲ့ နေ့လယ်ပိုင်း အချိန်တွေမှာ အသိပေးချက်တွေ ထုတ်ပြန်ခဲ့ပြီး System Error တွေကို အမြန်ဆုံး ပြင်ဆင်လျက်ရှိကာ ငွေပေးချေမှု အောင်မြင်ပြီး လက်မှတ်မရရှိခဲ့သူတွေ၊ အကြိမ်ကြိမ် ငွေပေးချေမှုပြုလုပ်ပြီး လက်မှတ်မရရှိသူ အားလုံးအတွက် ငွေပြန်အမ်းခြင်း (Refund) တွေကိုလည်း အမြန်ဆုံး စိစစ်ပြီး ဆောင်ရွက်ပေးသွားမှာ ဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။

ဆက်လက်ပြီး ဒီကနေ့ ညနေပိုင်းမှာ တတိယအကြိမ် အသိပေးချက် ထပ်မံ ထုတ်ပြန်ခဲ့တာမှာ ဧပြီ ၁၁ ရက်နေ့အတွက် ပြေးဆွဲပေးမယ့် ရန်ကုန်မှ နေပြည်တော်ကို ထွက်ခွာမယ့် DEMU အမြန်ရထား လေးစင်း၊ နေပြည်တော်မှ ရန်ကုန်ကို ထွက်ခွာမယ့် DEMU အမြန်ရထား လေးစင်း၊ ရန်ကုန် - မန္တလေး - ရန်ကုန် ပြေးဆွဲတဲ့ လူစီး အမြန်ရထား နဲ့ နေပြည်တော် - မန္တလေး နေပြည်တော် ပြေးဆွဲတဲ့ ရထားတို့မှာ စီးနင်း လိုက်ပါနိုင်ရေးအတွက် ORTP စနစ်နဲ့ လက်မှတ်တွေကို ဧပြီ ၅ ရက်၊ မနက် ၁၂ နာရီမှ စတင်ကာ ဝယ်ယူခဲ့ကြရာ မနက်ပိုင်းမှာတင် ရထားအားလုံးရဲ့ ထိုင်ခုံတွေ အားလုံးနီးပါး ဝယ်ယူသွားကြတာကို စိစစ် တွေ့ရှိရတယ်လို့ ဆိုပါတယ်။

လက်ရှိ စနစ် error ဖြစ်ရတာဟာ တချိန်တည်းမှာတင် စနစ်အတွင်းကို ဝင်ရောက်သူ မျှော်မှန်းတာထက် အဆမတန် များပြားခဲ့တာကြောင့်ဖြစ်ကာ ORTP စနစ်နဲ့ ဘဏ်ငွေပေးချေမှု စနစ်တို့အကြား ချိတ်ဆက်မှု ပြတ်တောက်ပြီး E-ticket မရခဲ့တာဖြစ်တယ်လို့ အသိပေးထားပါတယ်။

ဒါအပြင် တချို့သော ခရီးသည်တွေဟာ ရထားလက်မှတ် ရရှိရေးအတွက် ကြိမ်ဖန်များစွာ ငွေပေးသွင်းပြီး ဝယ်ယူခဲ့ကြတာကိုလည်း စိစစ်တွေ့ရှိရပြီး E-ticket လက်ခံရရှိခြင်းမရှိဘဲ ငွေလွှဲပြောင်းပြီးသွားသူတွေ နစ်နာမှု မရှိစေရေးအတွက် ခရီးသည်အသုံးပြုခဲ့တဲ့ ငွေပေးချေမှု နည်းလမ်းအတိုင်း သက်ဆိုင်ရာ ဘဏ်တွေကတဆင့် ခုနစ်ရက်အတွင်း ပြန်လည် ပေးပို့နိုင်ရေး စီစဉ် ဆောင်ရွက်လျက်ရှိတယ်လို့ ဆိုပါတယ်။

ဒါအပြင် ငွေဖြတ်တောက်ခံရပြီး E-ticket လက်ခံရရှိခြင်း မရှိခဲ့တဲ့ ခရီးသွား မိဘပြည်သူတွေကို ဦးစားပေး အစီအစဉ်အဖြစ် မဟာသင်္ကြန်နှစ်သစ်ကူး ရုံးပိတ်ရက် ကာလအတွင်း စိတ်ချမ်းမြေ့စွာနဲ့ ခရီးသွားလာနိုင်ရေးအတွက် ဧပြီ ၁၁ ရက်နေ့မှာ ရန်ကုန် - နေပြည်တော် - ရန်ကုန် အစုန်/အဆန် DEMU ရထား နှစ်စင်းကို ထပ်မံတိုးချဲ့ ပြေးဆွဲနိုင်ရေး စီစဉ်ပေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါအပြင် နေပြည်တော် - မန္တလေး - နေပြည်တော် ခရီးစဉ်အမှတ် (၂၇) အဆန်၊ (၂၈) အစုန် ရထားတွေအတွက် ခရီးသည်တွေကိုလည်း ဦးစားပေး အစီအစဉ်အဖြစ် အဲဒီရထားမှာ တွဲဆိုင်းတွေထပ်တိုးပြီး ထိုင်ခုံနေရာတွေ အဆင်ပြေစေ‌ရေး စီစဉ် ဆောင်ရွက်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

image

လက်ရှိ ဝန်ကြီးချုပ် တာဝန်ထမ်းဆောင်နေတဲ့ ဦးမျိုးအောင် ကို မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်လောင်းအဖြစ် သမ္မတက အမည်စာရင်းတင်သွင်း

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်လောင်းအဖြစ် သမ္မတ က အောင်မြေသာစံမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စား လှယ် ဦးမျိုးအောင်(လက်ရှိ မန္တလေးတိုင်းဝန်ကြီးချုပ်) ကို အမည်စာရင်း တင်သွင်းခဲ့ပါတယ်။

သမ္မတ ဦးမင်းအောင်လှိုင်က ပြည်ထောင်စုလွှတ်တော်ကနေ တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်အမည်စာရင်းတွေကို တင်သွင်းရာမှာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်လောင်းအဖြစ် ဦးမျိုးအောင် ကို အမည်စာရင်းတင်သွင်းထားတာကြောင့် ဝန်ကြီးချုပ်အဖြစ်ခန့်အပ်နိုင်ဖို့ အရည်အချင်းရှိမရှိ စိစစ်ပြီး မန္တလေးတိုင်းဒေသကြီးလွှတ်တော်မှာ အဆုံးအဖြတ်ပြုလုပ်ပြီး အတည်ပြုချက်ရယူသွားမှာဖြစ်ပါတယ်။

image

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်အဖြစ် လက်ရှိဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းကိုပဲ လျာထား​ကြောင်း ဒီ​နေ့အဆိုပြုထားပါတယ်။ ဦးမျိုး​ဆွေဝင်းဟာ ပဲခူးမြို့မဲဆန္ဒနယ်အမှတ်(၁)
တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဖြစ်ပါတယ်။

image

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် ပုသိမ်မြို့နယ်အမှတ် ၁ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအေးကျော်ကို တာဝန်​ပေး

နိုင်ငံတော်သမ္မတက တိုင်းဒေသကြီးဝန်ကြီးချုပ်အဖြစ် ခန့်အပ် တာဝန်ပေးဖို့ အဆိုပြုချက်အရ ပုသိမ်မြို့နယ်အမှတ် ၁ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအေးကျော်ကို လွှတ်တော်သဘောထားရယူတင်မြှောက်ခဲ့ကြောင်း သိရပါတယ်။

image

ရဲမှူးချုပ်ဟောင်း ဦးအောင်နိုင်သူကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖြစ်

ဒီက​နေ့ကျင်းပတဲ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက ရွေးချယ်ပေးပို့တဲ့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် ကိုကိုးကျွန်းက လွှတ်တော် ကိုယ်စားလှယ် ရဲမှူးချုပ်ဟောင်း ဦးအောင်နိုင်သူကို အမည်စာရင်းတင်သွင်းခဲ့တာမှာ ကန့်ကွက်သူမရှိတာကြောင့် ဦးအောင်နိုင်သူဟာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် လွှတ်တော်က သဘောတူခဲ့ပါတယ်။

image

မွန်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးချုပ် အောင်ဝင်းသန်းကို သမ္မတက အဆိုပြုထားပါတယ်။

image

ကချင်ပြည်နယ် ဝန်ကြီးချုပ်လောင်းအဖြစ် လက်ရှိကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်ကိုပဲ နိုင်ငံ​တော်သမ္မတအဖြစ် အဆိုပြုထားသူက ကချင်ပြည်နယ်လွှတ်​တော်မှာ အဆိုပြုတင်သွင်းထားပါတယ်။

image

ကရင်ပြည်နယ် ဝန်ကြီးချုပ်လောင်းအဖြစ် လက်ရှိကရင်ပြည်နယ်ဝန်ကြီးချုပ် ဦး​စောမြင့်ဦးကိုပဲ နိုင်ငံ​တော်သမ္မတအဖြစ် အဆိုပြုထားသူက ကရင်ပြည်နယ်လွှတ်​တော်မှာ အဆိုပြုတင်သွင်းထားပါတယ်။

image

ORTP စနစ်ဖြင့်လက်မှတ်ဝယ်ယူရာတွင် စနစ်အခက်အခဲဖြစ်ပေါ်နေ၍ အမြန်ဆုံးပြန်လည်ပြင်ဆင်နေ

ငွေပေးချေပြီးလက်မှတ်မရရှိသူများကို လက်မှတ်ခပြန်ပေးမည်

ရထားဖြင့်ခရီးသွားလာမည့်သူများ ရထားလက်မှတ်ဝယ်ယူရာ၌အဆင်ပြေစေရန် မြန်မာ့မီးရထားမှ ORTP (Online Railways Ticketing & Payment) စနစ်ကို အသုံးပြုလျက်ရှိကြောင်း သိရသည်။

ထိုသို့ အသုံးပြုလျက်ရှိရာမှ ယနေ့ ဧပြီ ၅ ရက်နံနက် ၁၂ နာရီခန့်မှစတင်ကာ သင်္ကြန်ကာလရုံးပိတ်ရက်များအတွက်ခရီးသွားလာရန် စနစ်အတွင်းသို့ဝင်ရောက်၍ ရထားလက်မှတ်ဝယ်ယူသူ အလွန်များပြားခဲ့ရာ စနစ် Delay ဖြစ်ခြင်းနှင့် ငွေပေးချေပြီးသော်လည်း လက်မှတ်မရရှိခြင်းများ ဖြစ်ပေါ်ခဲ့သည့် ဖြစ်စဥ်များဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

"ပိုက်ဆံကဖြတ်သွားတယ်။ E-ticket ကျမရဘူးဖြစ်နေတယ်။ အခုစုံစမ်းကြည့်ရသလောက်တော့ ပိုက်ဆံပြန်အမ်းပေးမယ်ပြောပါတယ်။ "ဟု ORTP စနစ်ဖြင့် ရထားလက်မှတ်ဝယ်ယူရာတွင်အဆင်မပြေဖြစ်ခဲ့သူ ကိုအောင်မျိုးက ပေါ်ပြူလာနယူးစ်ကို ပြောသည်။

လက်ရှိအချိန်၌ မြန်မာ့မီးရထား၏ ORTP Team မှ စနစ်ပိုင်းဆိုင်ရာကြောင့်ဖြစ်သည့် System Error များကိုအမြန်ဆုံးပြင်ဆင်လျက်ရှိကာ ငွေပေးချေမှုအောင်မြင်ပြီး လက်မှတ်မရရှိသူများ၊ အကြိမ်ကြိမ်ငွေပေးချေမှုပြုလုပ်ပြီး လက်မှတ်မရရှိသူအားလုံးကို ပြန်လည်ငွေပေးချေခြင်းတို့အား အမြန်ဆုံးစိစစ်ဆောင်ရွက်ပေးသွားမည်ကြောင်း သိရသည်။

image

အာဖဂန်မြောက်ပိုင်းတွင် မြေငလျင်လှုပ်ခတ်မှုကြောင့် လူ ၈ ဦး ‌ေ-သဆုံး

အာဖဂန်နစ္စတန်နိုင်ငံမြောက်ပိုင်းတွင် သောကြာနေ့ညနေပိုင်းက လှုပ်ခတ်ခဲ့သော အင်အား ၅.၈ အဆင့် ရှိ မြေငလျင်ကြောင့် လူ ၈ ဦး ထက်မနည်း ‌ေ-သဆုံးခဲ့ကြောင်း အာဖဂန်နစ္စတန် နိုင်ငံတော်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအာဏာပိုင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ မိုဟာမက် ယူဆွတ် ဟမ်မဒ် က ပြောကြားခဲ့သည်။

ကဘူးလ်ပြည်နယ်ရှိ နေအိမ်တစ်လုံးသည် ငလျင်လှုပ်ခတ်ပြီးနောက် ပြိုကျပျက်စီးခဲ့ရာ အိမ်တွင်း၌ ရှိနေသူ ၈ ဦး ‌ေ-သဆုံးခဲ့ပြီး ကလေးငယ်တစ်ဦး ဒ-ဏ်ရာရရှိခဲ့ကြောင်း ဟမ်မဒ် က သောကြာနေ့ညနှောင်းပိုင်းတွင် အတည်ပြုပြောကြားခဲ့သည်။

ငလျင်၏ ပြင်းထန်သော တုန်ခါမှုများကို မြို့တော်ကဘူးလ်တွင်ပါ ခံစားခဲ့ရသည်။ ငလျင်ဗဟိုချက်သည် မြေအောက်အနက် ၁၈၆.၄ ကီလိုမီတာ တွင်ရှိပြီး မြောက်လတ္တီတွဒ် ၃၆.၅၅ ဒီဂရီနှင့် အရှေ့လောင်ဂျီတွဒ် ၇၀.၈၅ ဒီဂရီတွင် တည်ရှိကြောင်း ကနဦး သိရှိရသည်။

Ref: ဆင်ဟွာ

image