တန်းဆင်းဇုန်အပေါ်တွင် ရပ်တည်ရပြီးနောက် လေ့ကျင့်ရေးကွင်းတွင် ဒေါသထွက်နေတဲ့ ပရိသတ်များနှင့် ဆီဗီလာကစားသမားများ ခိုက်ရန်ဖြစ်ပွား
==================
ဆီဗီလာကစားသမားများဟာ တန်းမဆင်းရရေး တိုက်ပွဲဝင်နေရမှုကြောင့် ဒေါသထွက်နေတဲ့ ပရိသတ်များနှင့် လေ့ကျင့်ရေးကွင်းတွင် ခိုက်ရန် ဖြစ်ပွားခဲ့ကြပါတယ်။

စပိန်ကလပ်ဟာ လာလီဂါအမှတ်ပေးဇယားအဆင့် ၁၇ နေရာတွင် ရပ်တည်နေပြီး တန်းဆင်းဇုန်နှင့် ၂ မှတ်အကွာတွင် ရပ်တည်နေတာ ဖြစ်ပါတယ်။

ယခင်တုန်းက ဥရောပပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်လာခဲ့တဲ့ ဆီဗီလာဟာ ရာသီသိမ်းရန် ၈ ပွဲတည်းသာ ကစားရန် လိုတော့တဲ့အချိန်တွင် အဆင့် ၁၈ နေရာမှာ အယ်ချီနှင့် ၂ မှတ်အကွာမှာ ရပ်တည်နေတာလည်း ဖြစ်ပါတယ်။

Marca ရဲ့ ဖော်ပြလာမှုအရ ကစားသမားများဟာ တနင်္ဂနွေနေ့တုန်းက အိုဗီဒိုအား ၁-၀ ဂိုးဖြင့် ရှုံးနိမ့်တဲ့ပွဲအပြီး ဆန်ပါဘလိုလေယာဉ်ကွင်းတွင် ပရိသတ်များနှင့် ပြဿနာတက်ခဲ့ကြောင်း သိရပါတယ်။

ပရိသတ်များက "ထွက်သွားကြ၊ အဝေးသွားကြ၊ xxx တွေ၊ ထွက်သွား"လို့ အော်ဟစ်ခဲ့ကြသလို "ဂျူနီယာ၊ သေလိုက်၊ မင်းမျက်နှာပြစမ်း၊ ငကြောက်"လို့ အော်ဟစ်ခဲ့ကြပါတယ်။

ယင်းနောက်မှာတော့ ဆီဗီလာပရိသတ်များဟာ ဆီဗီလာအသင်းလေ့ကျင့်ရေးကွင်းသို့ ရောက်လာခဲ့ကြပါတယ်။ ကလပ်ဟာ ပရိသတ်များကြောင့် ရဲတပ်ဖွဲ့ဝင်ထံ ချက်ချင်းအကူအညီတောင်းခဲ့ရပါတယ်။ ရဲတပ်ဖွဲ့ကလည်း အသင်းကို ကာကွယ်ရန် လုံခြုံရေးစည်းချထားရပါတယ်။

ဆီဗီလာပရိသတ် ၅၀ ဦးခန့်တို့ဟာ အိုဗီဒိုရှုံးပွဲအပြီး ပြန်ရောက်လာတဲ့ ဆီဗီလာအသင်းသားများကို စောင့်ဆိုင်းကာ ကစားသမားများကို ရန်မူရန် ကြိုးပမ်းခဲ့ကြတာ ဖြစ်ပြီး လုံခြုံရေးဝန်ထမ်းများက ကစားသမားများအား မထိခိုက်အောင် ကာကွယ်ပေးခဲ့ရပါတယ်။

image

ဒဗ္ဗလင်သို့ သွားရောက် စခန်းသွင်းလေ့ကျင့်ခန်းဆင်းမယ့် လူစာရင်းတွင် ယူနိုက်တက်စတား ၂ ဦး မပါဝင်
==================
ယူနိုက်တက်ဟာ ဒဗ္ဗလင်သို့ သွားရောက် စခန်းသွင်းလေ့ကျင့်ခန်းဆင်းရမှာ ပါဝင်မယ့် ၂၅ ဦးစာရင်းကို ကြေညာလာပါတယ်။

ယူနိုက်တက်ဟာ အိုင်းရစ်ပင်လယ်ကို ကျော်ဖြတ်ကာ ဒဗ္ဗလင်တွင် ရာသီဝက် လေ့ကျင့်ခန်းဆင်းမှု ပြုလုပ်လာမှာ ဖြစ်ပြီး ယင်းလူစာရင်းထဲတွင် စတား ၂ ဦး ပါဝင်လာခြင်း မရှိပါဘူး။

ယူနိုက်တက်ဟာ ဧပြီလ ၁၃ ရက်နေ့ လိဒ်နှင့်ပွဲမတိုင်မီ ဒဗ္ဗလင်တွင် လေ့ကျင့်ခန်းဆင်းလာမှာ ဖြစ်ပါတယ်။

ဒဗ္ဗလင်တွင် လေ့ကျင့်ခန်းဆင်းမယ့် ယူနိုက်တက်လူစာရင်းတွင် ဖျားနေတဲ့ ဒီယေဂိုဒါလော့၊ အရန်ဂိုးသမားတွမ်ဟီတန်အပြင် ဒဏ်ရာကြောင့် အနားယူနေရတဲ့ မားသီးယပ်စ်ဒီလက်တို့ ပါဝင်လာခြင်း မရှိပါဘူး။

ဘိုင်ယန်မြူးနစ်နောက်ခံလူဟောင်းဟာ နိုဝင်ဘာလတုန်းက ခရစ္စတယ်ပဲလေ့စ်ကို ၂-၁ ဖြင့် အနိုင်ရတဲ့ပွဲနောက်ပိုင်း ကစားလာနိုင်ခြင်း မရှိပါဘူး။

ဒါပေမယ့် ဒဏ်ရာမှ ပြန်လည်ကောင်းမွန်လာကြပြီဖြစ်တဲ့ လီဆန်ဒရိုမာတီနက်ဇ်နှင့် ပက်ထရစ်ဒေါ်ဂူတို့ ယူနိုက်တက်လူစာရင်းတွင် ပါဝင်လာပါတယ်။

ဒါ့အပြင် မိုက်ကယ်ကာရစ်ဟာ လူငယ်ကစားသမားများဖြစ်ကြတဲ့ ယူရယ်ဟီလာဖူ၊ ဂျမ်သဝိတ်စ်နှင့် ဗစ်တာမူဆာတို့ကိုလည်း ဒဗ္ဗလင်သို့ ခေါ်ဆောင်လာပါမယ်။

ယူနိုက်တက်နည်းပြမိုက်ကယ်ကာရစ်ဟာ နိုင်ငံခြားသို့ သွားရောက်ကာ ရာသီဝက်လေ့ကျင့်ခန်းဆင်းမှုနှင့်အတူ အသင်းအတွင်း စည်းလုံးမှု ပိုမိုကောင်းမွန်လာကာ ရာသီသိမ်းအဆုံးအဖြတ်ပွဲစဉ်များအတွက် အကျိုးရှိလာမယ်လို့ ယုံကြည်နေပါတယ်။

ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၃ နေရာမှာ ရပ်တည်နေပြီး လာမယ့်ရာသီချန်ပီယံလိဂ်ဝင်ခွင့် ရရေး တိုက်ပွဲဝင်နေပါတယ်။

image

စပို့တင်းနှင့်ပွဲမတိုင်မီ အာဆင်နယ်စတားများကို ဘောပင်နှင့် လေ့ကျင့်ခန်းဆင်းစေခဲ့တဲ့ မီခေးလ်အာတီတာ
=====================
အာဆင်နယ်နည်းပြမီခေးလ်အာတီတာဟာ စပို့တင်းလစ္စဘွန်းနှင့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပထမအကျော့ပွဲစဉ်မတိုင်မီ အာဆင်နယ်ကစားသမားများအား ဘောပင်ဖြင့် လေ့ကျင့်ခန်းဆင်းစေခဲ့ပါတယ်။

ပရီးမီးယားလိဂ်ကို ဦးဆောင်နေတဲ့ အာဆင်နယ်ဟာ ခါရာဘောင်ဖလားဗိုလ်လုပွဲတွင် မန်စီးတီးကို ရှုံးနိမ့်ပြီးနောက် ဆောက်သမ်တန်အား ထပ်မံ ရှုံးနိမ့်ကာ အက်ဖ်အေဖလားမှလည်း ထွက်ခွာထားရပါတယ်။

အာတီတာဟာ အာဆင်နယ်ရဲ့ ယခုရာသီဆုဖလားလမ်းကြောင်းမှ နောက်ထပ် မသွေဖယ်စေရေးအတွက် စပို့တင်းနှင့် ချန်ပီယံလိဂ်ပွဲမတိုင်မီတွင် ကစားသမားများအား ထူးဆန်းတဲ့လေ့ကျင့်ခန်းဆင်းစေမှု ပြုလုပ်စေခဲ့ပါတယ်။

အာဆင်နယ်ကစားသမားများဟာ အုပ်စုလိုက် ဘောလုံးလိမ်ခေါက်မှု ပြုလုပ်စုအတွင်း ဘောပင်မပြုတ်ကျအောင် လက်ချောင်းဖြင့် ထိန်းကာ လေ့ကျင့်ခန်းပြုလုပ်ခဲ့ရပါတယ်။

ယင်းအပေါ် အာတီတာက "ထိတ်လန့်တုန်လှုပ်နေမယ့်အစား အဲဒါ ဖြစ်လာရင် ဘာဖြစ်ခဲ့တယ်ဆိုတာ နာလည်လာအောင်လို့ပါ။ ပြီးတော့ ရှင်းလင်းပြတ်သားမှုလည်း ယူလာပေးပါတယ်။ မေးခွန်းတစ်ခုက အမြဲတမ်း ရှိနေမယ်။ ဒါပါပဲ။ လက်ရှိ ပစ္စုပ္ပန်မှာ ရှင်သန်ရမယ်။ ဒါကို နေ့တိုင်း တွေးရမယ်"လို့ ဆိုသွားပါတယ်။

အာဆင်နယ်အတွက် ကြီးမားတဲ့ ထိုးနှက်ချက်ကြုံနေရတာကတော့ စပို့တင်းနှင့်ပွဲကို ဘူကာယိုဆာကာနှင့် ဂျူရီယန်တမ်ဘားတို့ မပါဝင်လာနိုင်တာ ဖြစ်ပါတယ်။

image

ဘော့စနီးယားအား ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်အောင် နောက်ကွယ်မှ ကူညီခဲ့တဲ့ အသက် ၁၄ နှစ်အရွယ် ဘောကောက်အား ကမ္ဘာ့ဖလားလူစာရင်းတွင် ရွေးချယ်ရန် တောင်းဆိုနေကြ
===================
ဘော့စနီးယားဟာ အီတလီကို ကမ္ဘာ့ဖလားပလေးအော့ဖ်ဗိုလ်လုပွဲတွင် အနိုင်ရရှိအောင် နောက်ကွယ်မှ ကူညီခဲ့တဲ့ သူရဲကောင်းသစ် အသက် ၁၄ နှစ်အရွယ် ဘောကောက်လူငယ်လေးအား ကမ္ဘာ့ဖလားလူစာရင်းတွင် ရွေးချယ်ရန် တိုက်တွန်းခြင်းခံနေရပါတယ်။

ဘောကောက် အေဖန်စီမစ်ဟာ ပြီးခဲ့တဲ့အပတ်တုန်းက အီတလီကို အနိုင်ရတဲ့ ကမ္ဘာ့ဖလားပလေးအော့ဖ် ပင်နယ်တီ အဆုံးအဖြတ်တွင် အီတလီဂိုးသမားဒွန်နာရမ်မာအား ပင်နယ်တီမှတ်စု မရှိအောင် ဉာဏ်သုံးကာ ဘော့စနီးယားအား ကူညီခဲ့သူလည်း ဖြစ်ပါတယ်။

စီမစ်ဟာ ဂိုးသမားနှစ်ဦး အချင်းများနေစဉ် အခွင့်ကောင်းယူကာ ဒွန်နာရမ်မာရဲ့ ဘော့စနီးယားကစားသမားများရဲ့ပင်နယ်တီကန်မှု မှတ်စုအား ခိုးယူခဲ့ပါတယ်။

ဘော့စနီးယားနံပါတ်တစ်ဂိုးသမားနီကိုလာဗာဆယ်ရဲ့ ပင်နယ်တီမှတ်စု ဆုတ်ဖြဲခံရချိန်တွင် စီမစ်က ဂိုးပိုက်တွင် ဝှက်ထားတဲ့ ဒွန်နာရမ်မာရဲ့ ပင်နယ်တီမှတ်စုအား ခိုးယူခဲ့တာလည်း ဖြစ်ပါတယ်။

ဒွန်နာရမ်မာဟာ ပင်နယ်တီမှတ်စုအခိုးခံရမှုအတွက် အကြီးအကျယ်ဒေါသထွက်ကာ ဒိုင်လူကြီးအား စောဒကတက်ခဲ့ပါသေးတယ်။

ဒွန်နာရမ်မာဟာ ပင်နယ်တီမှတ်စု မရှိမှုနှင့်အတူ အီတလီအတွက် ပင်နယ်တီတစ်ကြိမ်မျှ ကာကွယ်နိုင်ခဲ့ခြင်းမရှိမှုနှင့်အတူ ကမ္ဘာ့ဖလား ၃ ကြိမ်ဆက် လွဲခဲ့ရပါတယ်။

ဒွန်နာရမ်မာရဲ့ ပင်နယ်တီမှတ်စုအား ခိုးယူခဲ့မှုနှင့်ပတ်သက်ပြီး NK Celik လူငယ်အသင်းတိုက်စစ်မှူးက "စာရွက်အပိုင်းအစမြင်လိုက်တယ်။ ချက်ချင်းပဲ ဘာလဲဆိုတာ သိလိုက်တယ်။ အဲဒါကို ရယူပြီး ဝှက်ထားလိုက်တယ်။ အဲဒီမှာ ကျုပ်တို့ ကစားသမားတွေရဲ့ အချက်အလက်တွေ ရေးထားတယ်။ မှတ်စု မရှိတော့ ဒွန်နာရမ်မာလည်း ကိုယ့်ပါရမီကိုပဲ အားကိုးရတော့တယ်"လို့ ပြောကြားသွားပါတယ်။

ဆက်လက်ပြီး ၎င်းက "သူ(ဒွန်နာရမ်မာ) အရမ်းစိတ်ပျက်သွားတယ်။ ပြီးတော့ ဒေါသလည်း ထွက်တယ်။ ပုဝါကိုလည်း ယူလိုက်ရော စာရွက်မရှိတော့မှန်း သိသွားတယ်။ သူ ရှာသေးတယ်။ ဒါပေမယ့် မရှိတော့ဘူးလေ"လို့ ဆိုသွားပါတယ်။

ယခုအခါ စီမစ်ဟာ ဆိုရှယ်မီဒီယာတွင် ပျံ့နှံ့ကာ နာမည်ကျော်ကြားနေပြီ ဖြစ်ပါတယ်။

စီမစ်ဟာ ဒွန်နာရမ်မာရဲ့ ပင်နယ်တီမှတ်စုအား လေလံတင် ရောင်းချရန် စီစဉ်ထားပြီး ရရှိတဲ့ ငွေကြေးများကို ပရဟိတအဖွဲ့များသို့ လှူဒါန်းသွားပါမယ်။

တဖက်တွင် ပရိသတ်အမြောက်အမြားတို့ကလည်း စီမစ်ကို ကံကောင်းခြင်း အဆောင်အဖြစ် ၂၀၂၆ ကမ္ဘာ့ဖလားသို့ ခေါ်ဆောင်သွားရန် တိုက်တွန်းနေပါတယ်။

ဘော့စနီးယားဟာ ကမ္ဘာ့ဖလားအုပ်စု(ခ)တွင် ပူးတွဲအိမ်ရှင်ကနေဒါ၊ ကာတာ၊ ဆွစ်ဇာလန်တို့နှင့် ကျရောက်နေပါတယ်။

image

ရီးရဲလ်မက်ဒရစ်နှင့်ပွဲကို လွဲချော်နိုင်ခြေရှိနေတဲ့ ဘိုင်ယန်မြူးနစ်တိုက်စစ်မှူးဟယ်ရီကိန်း
====================
ဘိုင်ယန်မြူးနစ်ဟာ ယနေ့ညတွင် ရီးရဲလ်မက်ဒရစ်နှင့် ရင်ဆိုင်ကစားရမယ့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပထမအကျော့ပွဲစဉ်တွင် အသင်းရဲ့ တိုက်စစ်ကို ဟယ်ရီကိန်း ဦးဆောင်နိုင်ခြင်း ရှိ/မရှိ စောင့်ဆိုင်းနေဆဲ ဖြစ်ပါတယ်။

အသက် ၃၂ နှစ်ရှိ အင်္ဂလန်အသင်းခေါင်းဆောင်ဟာ အသေးစားဒဏ်ရာပြဿနာ ရှိနေတာ ဖြစ်ပြီး တနင်္လာနေ့တုန်းက ဘိုင်ယန်မြူးနစ်ရဲ့ လေ့ကျင့်ခန်းအစီအစဉ်တွင် ပါဝင်နိုင်ခဲ့ပြီး မက်ဒရစ်သို့ သွားရောက်တဲ့ လူစာရင်းတွင် ပါဝင်ခဲ့ပါတယ်။

ဟယ်ရီကိန်းဟာ ခြေကျင်းဝတ်ဒဏ်ရာရရှိနေတယ်လို့ ယုံကြည်ရပြီး ဝင်ဘာလေကွင်းတွင် ဂျပန်ကို ရှုံးနိမ့်တဲ့ အင်္ဂလန်ရဲ့ခြေစမ်းပွဲစဉ်အား လွဲချော်ခဲ့သူလည်း ဖြစ်ပါတယ်။

သူဟာ ဖရိုင်းဘတ်ကို ၃-၂ ဖြင့် အနိုင်ရတဲ့ ဘိုင်ယန်မြူးနစ်ရဲ့ ဘွန်ဒက်စ်လီဂါပွဲကိုလည်း လွဲချော်ခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်နည်းပြဗင်းဆင့်ကွန်ပနီဟာ ရီးရဲလ်မက်ဒရစ်နှင့်ပွဲတွင် ဟယ်ရီကိန်း ပါဝင်နိုင်/မနိုင် အတိအလင်း ပြောဆိုလာခြင်း မရှိပါဘူး။

ကွန်ပနီက "ဟယ်ရီကိန်းလည်း အသင်းမှာ ပါတယ်။ ဒါက ကျွန်တော်တို့အတွက် အပြုသဘောဆောင်တယ်။ မနက်ဖြန်(အင်္ဂါ)နေ့အထိ စောင့်ပြီးတော့မှ နောက်ဆုံး ဆုံးဖြတ်ချက်ချမယ်။ ဒီကနေ့ (တနင်္လာနေ့) သူ လေ့ကျင့်ခန်းအများကြီး လုပ်နိုင်တာ အရမ်းအရေးပါတယ်။ သူ့ရဲ့ရမ်သမ် ပျောက်ဆုံးသွားတယ်လို့ မထင်ပါဘူး"လို့ ပြောကြားသွားပါတယ်။

ဟယ်ရီကိန်းဟာ ယခုရာသီတွင် ဘိုင်ယန်မြူးနစ်အတွက် ချန်ပီယံလိဂ်တွင် ၁၀ ဂိုးသွင်းထားသလို ၃၁ ဂိုးဖြင့် ဘွန်ဒက်စ်လီဂါဂိုးသွင်းဘုရင်အဖြစ် ရပ်တည်နေပါတယ်။

image

ရီးရဲလ်မက်ဒရစ်နှင့်ပွဲကို လွဲချော်နိုင်ခြေရှိနေတဲ့ ဘိုင်ယန်မြူးနစ်တိုက်စစ်မှူးဟယ်ရီကိန်း
====================
ဘိုင်ယန်မြူးနစ်ဟာ ယနေ့ညတွင် ရီးရဲလ်မက်ဒရစ်နှင့် ရင်ဆိုင်ကစားရမယ့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပထမအကျော့ပွဲစဉ်တွင် အသင်းရဲ့ တိုက်စစ်ကို ဟယ်ရီကိန်း ဦးဆောင်နိုင်ခြင်း ရှိ/မရှိ စောင့်ဆိုင်းနေဆဲ ဖြစ်ပါတယ်။

အသက် ၃၂ နှစ်ရှိ အင်္ဂလန်အသင်းခေါင်းဆောင်ဟာ အသေးစားဒဏ်ရာပြဿနာ ရှိနေတာ ဖြစ်ပြီး တနင်္လာနေ့တုန်းက ဘိုင်ယန်မြူးနစ်ရဲ့ လေ့ကျင့်ခန်းအစီအစဉ်တွင် ပါဝင်နိုင်ခဲ့ပြီး မက်ဒရစ်သို့ သွားရောက်တဲ့ လူစာရင်းတွင် ပါဝင်ခဲ့ပါတယ်။

ဟယ်ရီကိန်းဟာ ခြေကျင်းဝတ်ဒဏ်ရာရရှိနေတယ်လို့ ယုံကြည်ရပြီး ဝင်ဘာလေကွင်းတွင် ဂျပန်ကို ရှုံးနိမ့်တဲ့ အင်္ဂလန်ရဲ့ခြေစမ်းပွဲစဉ်အား လွဲချော်ခဲ့သူလည်း ဖြစ်ပါတယ်။

သူဟာ ဖရိုင်းဘတ်ကို ၃-၂ ဖြင့် အနိုင်ရတဲ့ ဘိုင်ယန်မြူးနစ်ရဲ့ ဘွန်ဒက်စ်လီဂါပွဲကိုလည်း လွဲချော်ခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်နည်းပြဗင်းဆင့်ကွန်ပနီဟာ ရီးရဲလ်မက်ဒရစ်နှင့်ပွဲတွင် ဟယ်ရီကိန်း ပါဝင်နိုင်/မနိုင် အတိအလင်း ပြောဆိုလာခြင်း မရှိပါဘူး။

ကွန်ပနီက "ဟယ်ရီကိန်းလည်း အသင်းမှာ ပါတယ်။ ဒါက ကျွန်တော်တို့အတွက် အပြုသဘောဆောင်တယ်။ မနက်ဖြန်(အင်္ဂါ)နေ့အထိ စောင့်ပြီးတော့မှ နောက်ဆုံး ဆုံးဖြတ်ချက်ချမယ်။ ဒီကနေ့ (တနင်္လာနေ့) သူ လေ့ကျင့်ခန်းအများကြီး လုပ်နိုင်တာ အရမ်းအရေးပါတယ်။ သူ့ရဲ့ရမ်သမ် ပျောက်ဆုံးသွားတယ်လို့ မထင်ပါဘူး"လို့ ပြောကြားသွားပါတယ်။

ဟယ်ရီကိန်းဟာ ယခုရာသီတွင် ဘိုင်ယန်မြူးနစ်အတွက် ချန်ပီယံလိဂ်တွင် ၁၀ ဂိုးသွင်းထားသလို ၃၁ ဂိုးဖြင့် ဘွန်ဒက်စ်လီဂါဂိုးသွင်းဘုရင်အဖြစ် ရပ်တည်နေပါတယ်။

image

စပို့တင်းလစ္စဘွန်းနှင့်ပွဲမတိုင်မီ အရေးပါတဲ့ကစားသမား ၃ ဦး ဒဏ်ရာမှ ပြန်ကောင်းလာမှုကြောင့် သတင်းကောင်းကြုံနေရတဲ့ အာဆင်နယ်
===================
အာဆင်နယ်ဟာ စပို့တင်းလစ္စဘွန်းနှင့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပထမအကျော့ပွဲစဉ်မတိုင်မီ အရေးပါတဲ့ ကစားသမား ၃ ဦး ဒဏ်ရာမှ ပြန်လည်သက်သာကာ လေ့ကျင့်ခန်းဆင်းလာနိုင်မှုနှင့်အတူ အားတက်စရာသတင်းကြုံနေရပါတယ်။

အာဆင်နယ်ရဲ့အရေးပါတဲ့ကစားသမား ၃ ဦးတို့ဟာ တနင်္လာနေ့ လေ့ကျင့်ခန်းအစီအစဉ်တွင် အသင်းနှင့် အတူ ပါဝင်ပြုလုပ်နိုင်ခဲ့မှုနှင့်အတူ စပို့တင်းလစ္စဘွန်းနှင့်ပွဲအတွက် အသင့် ဖြစ်နေပြီလည်း ဖြစ်ပါတယ်။

The Standard ရဲ့ ဖော်ပြလာမှုအရ အာဆင်နယ်ဗဟိုနောက်ခံလူဂါဘရီရယ်မှာ ခြေထောက်ဒဏ်ရာကြောင့် ဆောက်သမ်တန်ကို ရှုံးနိမ့်တဲ့ အက်ဖ်အေဖလားကွာတားဖိုင်နယ်ပွဲစဉ်တွင် လူစားလဲလှယ်မှု ပြုလုပ်ခဲ့ရပေမယ့်လည်း ပေါ်တူဂီသို့ မထွက်ခွာမီ တနင်္လာနေ့တုန်းက နောက်ဆုံးပြုလုပ်တဲ့ အာဆင်နယ်ရဲ့ လေ့ကျင့်ခန်းအစီအစဉ်တွင် ပါဝင်နိုင်ခဲ့ကြောင်း သိရပါတယ်။

ဒါ့အပြင် ကွင်းလယ်ကစားသမားဒီကလန်ရိုက်နှင့် လီယန်ဒရိုထရိုဆတ်တို့မှာလည်း တနင်္လာနေ့ နံနက်ပိုင်းတုန်းက အာဆင်နယ်နှင့်အတူ လေ့ကျင့်ခန်းပြုလုပ်နိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့လအထိ ယခုရာသီ ဆုဖလား ၄ လုံး ဆွတ်ခူးရန် ပစ်မှတ်ထားနေခဲ့တဲ့ အာဆင်နယ်ဟာ ခါရာဘောင်ဖလားဗိုလ်လုပွဲတွင် မန်စီးတီးကို ရှုံးနိမ့်ခဲ့သလို အက်ဖ်အေဖလားမှလည်း ထွက်ခွာရပြီးနောက် ပရီးမီးယားလိဂ်ဖလားနှင့် ချန်ပီယံလိဂ်ဖလားတို့ကိုသာ ပစ်မှတ်ထားလာရပါတယ်။

ဒါပေမယ့် အာဆင်နယ်အတွက် စိုးရိမ်စရာရှိတာကတော့ ဘူကာယိုဆာကာနှင့် ဂျူရီယန်တမ်ဘားတို့မှာ တနင်္လာနေ့တုန်းက ကစားဖော်များနှင့်အတူ လေ့ကျင့်ခန်းမဆင်းနိုင်မှုနှင့်အတူ စပို့တင်းလစ္စဘွန်းနှင့်ပွဲတွင် ပါဝင်ရေး မရေမရာ ဖြစ်နေပါတယ်။

image

ပရီးမီးယားလိဂ်စတားဟောင်း ၅ ဦးကစားနေတဲ့ အပျော်တမ်းကလပ်သို့ ပြောင်းရွှေ့ကစားလာတဲ့ ယူနိုက်တက်စတားဟောင်းဗလန်စီယာ
==================
ယူနိုက်တက်ဂန္ထဝင်ကစားသမားအန်တိုနီယိုဗလန်စီယာဟာ ကစားသမားဘဝမှ အနားယူပြီး ၅ နှစ်အကြာတွင် အင်္ဂလန်အပျော်တမ်းကလပ်သို့ ပြောင်းရွှေ့ ကစားလာတော့မှာ ဖြစ်ပါတယ်။

အသက် ၄၀ နှစ်ရှိ ဗလန်စီယာဟာ ကစားသမားဘဝမှ အနားယူထားပြီး ဖြစ်ပေမယ့် ဘောလုံးလောကနှင့် ၅ နှစ်ကြာ ဝေးကွာပြီးနောက် ဆန်းဒါးလိဂ်တွင် ကစားလာတော့မှာလည်း ဖြစ်ပါတယ်။

မန်ချက်စတာအခြေစိုက် Wythenshawe Veterans FC ကလပ်က အီကွေဒေါညာနောက်ခံလူဟောင်းအား ခေါ်ယူလာပြီ ဖြစ်ကြောင်း ကြေညာလာပါတယ်။

Wythenshawe Veterans FC က Cheshire Veterans Football League တွင် ကစားနေတာ ဖြစ်ပြီး ပရီးမီးယားလိဂ်စတားဟောင်းများ ကစားနေတဲ့ကလပ်လည်း ဖြစ်ပါတယ်။

ဗလန်စီယာ ရောက်လာမှုနှင့်အတူ Wythenshawe Veterans FC တွင် ပရီးမီးယားလိဂ်ပွဲပေါင်း ၂၁၉၂ အထိ ကစားထားတဲ့ကစားသမားများ စုဖွဲ့ထားနိုင်ပြီ ဖြစ်ပါတယ်။

ဒါ့အပြင် Wythenshawe Veterans FC အသင်းမှ ကစားသမားတို့ဟာ နိုင်ငံတကာပွဲ ၄၈၇ ပွဲနှင့် ဆုဖလား ၂၄ လုံးအထိ ရရှိထားပါတယ်။

Wythenshawe Veterans FC အသင်းတွင် အသက် ၄၀ နှစ်ရှိ နယူးကာဆယ်နှင့် ဆီနီဂေါတိုက်စစ်မှူးဟောင်းပါပစ်ဆစ်စီ၊ အသက် ၄၈ နှစ်ရှိ အင်္ဂလန်နှင့် လီဗာပူးတိုက်စစ်မှူးဟောင်းအီမီလီဟတ်စကီး၊ မန်စီးတီးစတားဟောင်းများဖြစ်ကြတဲ့ ဂျိုလီယွန်လက်စ်ကော့၊ စတီဖင်အိုင်ယာလန်တို့ ကစားထားနေကြပါတယ်။

Wythenshawe Veterans FC က အပျော်တမ်းကလပ်တစ်ခု ဖြစ်ရာ ဒီကလပ်မှာ ကစားတဲ့ ကစားသမားများအနေဖြင့် ငွေကြေးတစ်ပြားတစ်ချပ်မှ မရရှိပါတယ်။

image

Deliveroo မှ အစားအသောက် ၂၁၂ ကြိမ်မှာကြားပြီး အခွန်ရှောင်ရန် ကြိုးပမ်းမှုဖြင့် မန်စီးတီးစတားဟောင်းနာဆရီ စုံစမ်းစစ်ဆေးမှုခံနေရ
===================
အာဆင်နယ်နှင့် မန်စီးတီးစတားဟောင်းဆာမာနာဆရီဟာ Deliveroo မှ တဆင့် အစားအသောက် ၂၁၂ ခု မှု ပြုလုပ်ပြီးနောက် ပြင်သစ်အခွန်အာဏာပိုင်တို့ရဲ့ စုံစမ်းစစ်ဆေးခြင်းခံနေရပါတယ်။

အသက် ၃၈ နှစ်ရှိ ပြင်သစ်စတားဟောင်းဟာ ဒူဘိုင်းတွင် တရားဝင် နေထိုင်နေပေမယ့်လည်း ပဲရစ်တွင် နေထိုင်နေတယ်လို့ သံသယဝင်ခြင်းခံနေရတာလည်း ဖြစ်ပါတယ်။

Les Echos ရဲ့ ဖော်ပြလာမှုအရ နာဆရီဟာ ၂၀၂၂ ခုနှစ်တုန်းက ပဲရစ်ရှိ သူ့နေအိမ်သို့ အစားအသောက် ၂၁၂ ကြိမ်မှာကြားမှု ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

ယင်းသို့ နာဆရီဟာ ပဲရစ်နေအိမ်သို့ အစားအသောက်များ မှာယူမှုနှင့်အတူ ဒူဘိုင်းမှာထက် ပြင်သစ်တွင် နေထိုင်နေတယ်လို့ ယုံကြည်ရပါတယ်။ နာဆရီဟာ အခွန်သက်သာစေရန်အတွက် ဒူဘိုင်းတွင် နေထိုင်နေတာလည်း ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ်တုန်းက ကစားသမားဘဝမှ အနားယူခဲ့တဲ့ နာဆရီဟာ ၂၀၂၀-၂၀၂၂ ခုနှစ်အတွင်း ဝင်ငွေခွန် ပေါင် ၄.၅ သန်းအပါအဝင် အခွန် ပေါင် ၄.၃၈ သန်းပေးရန် ရှိနေသူလည်း ဖြစ်ပါတယ်။

ဒါပေမယ့် မီဒီယာများရဲ့ ဖော်ပြမှုအရ နာဆရီဟာ ၂၀၁၉-၂၀၂၅ ခုနှစ်အတွင်း ကာလအတွက် နေအိမ်ပိုင်ဆိုင်မှုအခွန် ပေါင် ၇၀၀၀၀ အထိ ပေးရန် ရှိနေကြောင်းလည်း သိရပါတယ်။

ပြင်သစ်ဘဏ္ဍာရေးဝန်ကြီးဌာနက နာဆရီရဲ့ဘဏ်အကောင့်တစ်ခုကို ပိတ်သိမ်းပြီး နေအိမ်ကိုလည်း ချိတ်ပိတ်ရန် အမိန့်ထုတ်ထားပါတယ်။

နာဆရီကမူ သူ့အပေါ် စွဲချက်တင်မှုများအား ငြင်းဆိုထားပါတယ်။

နာဆရီဟာ ပြင်သစ်ကုမ္ပဏီများတွင် ရှယ်ယာများ ထည့်သွင်းထားသလို ဘောလုံးဝေဖန်ရေးသမားအဖြစ် အလုပ်လုပ်နေတဲ့ Canel+ အတွက်လည်း ၄၅ ကြိမ် ရိုက်ကူးရေးလုပ်ထားပါတယ်။

ဒါကြောင့်လည်း အာဏာပိုင်တို့က နာဆရီမှာ ဒူဘိုင်းတွင် နေထိုင်ကြောင်း အကြောင်းပြထားပေမယ့် ပဲရစ်ရှိ‌ နေအိမ်သို့ အစားအသောက်များ အကြိမ်ပေါင်းရာချီမှာယူ စားသောက်နေမှုနှင့်အတူ အခွန်ကောက်ရေး စုံစမ်းလာတာလည်း ဖြစ်ပါတယ်။

နာဆရီဟာ ပြင်သစ်တွင်သာ အဓိကနေထိုင်ကြောင်း တွေ့ရှိပါက အခွန် ဒေါ်လာ ၉.၂ သန်းအထိ ပေးဆောင်လာရဖို့ ရှိနေကြောင်း သိရပါတယ်။

နာဆရီဟာ ၂၀၀၈ ခုနှစ်တွင် မာဆေးမှ ပေါင် ၁၂ သန်းဖြင့် အာဆင်နယ်သို့ ပြောင်းပြီးနောက် နာမည်ကျော်ကြားလာသူ ဖြစ်ပါတယ်။

သူဟာ အာဆင်နယ်အတွက် ၁၂၅ ပွဲကစားပြီးနောက် မန်စီးတီးသို့ ပြောင်းခဲ့ပြီး ယင်းတွင် တစ်ပတ်လုပ်ခ ပေါင် ၁၂၅၀၀၀ အထိ ရရှိခဲ့ကာ ၁၇၅ ပွဲကစားပေးခဲ့ပါတယ်။

ယင်းနောက် သူဟာ ဆီဗီလာ၊ တူရကီကလပ် အန်တာယာစပေါ်၊ ဝက်စ်ဟမ်း၊ အန်ဒါလက်ချ်တို့တွင် ကစားခဲ့ပါတယ်။ သူဟာ ၂၀၁၈ ခုနှစ်တုန်းက ဆေးစစ်မှုကျမှုကြောင့် ခြောက်လပွဲကစားခွင့်ပိတ်ပင်ခြင်းခံရဖူးပါတယ်။

image

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ

( ၂၀၂၆ - ဧပြီ ၇ ၊ နံနက် ၁၀ နာရီ)

-ကမ္ဘာ့ရွှေဈေး
တအောင်စ ၄၆၄၃ ဒေါ်လာ

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း

- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၇,၁၀၀,၀၀၀ ကျပ်

ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၁၀,၅၅၀,၀၀၀ ကျပ်
ဝယ်ဈေး ၁၀,၅၁၀,၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၁၀,၁၅၀,၀၀၀ ကျပ်
ဝယ်ဈေး ၁၀,၁၁၀,၀၀၀ ကျပ်

* စနစ်သစ်
(၁ိ - ၁၆.၃၂၉၃၂၅ ဂရမ် = ၁၂၀ ရွေး)

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၁၀,၄၃၀,၀၀၀ ကျပ်
ဝယ်ဈေး ၁၀,၃၉၀,၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၁၀,၀၃၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၉၉၀,၀၀၀ ကျပ်

“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”

(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)

#နိုင်ငံခြားငွေလဲလှယ်နှုန်း

-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၆၆၃ ကျပ်

ပြင်ပပေါက်စျေး

-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၂၉၀ ကျပ်
ဝယ်ဈေး - ၄၁၈၀ ကျပ်

-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၃၃၅ ကျပ်
ဝယ်ဈေး - ၃၂၃၅ ကျပ်

-ယူရို
ရောင်းဈေး - ၄၉၅၅ ကျပ်
ဝယ်ဈေး - ၄၈၂၅ ကျပ်

-ထိုင်းဘတ်
ရောင်းဈေး - ၁၃၁.၅၈ ကျပ်
ဝယ်ဈေး - ၁၂၈.၂၁ ကျပ်

-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၆၃ ကျပ်
ဝယ်ဈေး - ၁၀၃၆ ကျပ်

-တရုတ်ယွမ်
ရောင်းဈေး - ၆၂၄ ကျပ်
ဝယ်ဈေး - ၆၀၈ ကျပ်

-ဂျပန်ယန်း
ရောင်းဈေး - ၂၆.၈၄ ကျပ်
ဝယ်ဈေး - ၂၆.၁၅ ကျပ်

-အိန္ဒိယရူပီး
ရောင်းဈေး - ၄၆.၁၃ ကျပ်
ဝယ်ဈေး - ၄၄.၉၅ ကျပ်

-ကိုရီးယားဝမ်
ရောင်းဈေး - ၂.၈၄ ကျပ်
ဝယ်ဈေး - ၂.၇၇ ကျပ်

-စတာလင်ပေါင်
ရောင်းဈေး - ၅၆၇၅ ကျပ်
ဝယ်ဈေး - ၅၅၃၀ ကျပ်

-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၉၆၆ ကျပ်
ဝယ်ဈေး - ၂၈၉၀ ကျပ်

-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၀၈၃ ကျပ်
ဝယ်ဈေး - ၃၀၀၄ ကျပ်

-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၄၈ ကျပ်
ဝယ်ဈေး - ၅၃၄ ကျပ်

-ယူအေအီး
ရောင်းဈေး - ၁၁၆၉ ကျပ်
ဝယ်ဈေး - ၁၁၃၉ ကျပ်

ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။

image