ပုဂ္ဂလိကရုပ်ရှင်ရုံငယ်များ (Private Cinema) လိုင်စင်မရှိဘဲ ဖွင့်လှစ်ပြသခြင်းနှင့် ဆင်ဆာမဲ့ဇာတ်ကားများ ဆက်လက်ပြသပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူမည်

ဖေဖော်ဝါရီ ၂၀
Written by Linn Eain

ပုဂ္ဂလိကရုပ်ရှင်ရုံငယ်များ (Private Cinema) လိုင်စင်မရှိဘဲ ဖွင့်လှစ်ပြသခြင်းနှင့် ဆင်ဆာမဲ့ဇာတ်ကားများ ဆက်လက်ပြသပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဗီဒီယိုလုပ်ငန်းစိစစ်ကြီးကြပ်ရေးဗဟိုကော်မတီက ဖေဖော်ဝါရီ ၂၀ ရက်တွင် အသိပေးကြေညာချက် ထုတ်ပြန်လိုက်သည်။

အဆိုပါ ထုတ်ပြန်မှုတွင် အချို့သော စီးပွားရေးလုပ်ငန်းရှင်များသည် ပရိုဂျက်တာ/ TV အသုံးပြု ပုဂ္ဂလိကရုပ်ရှင်ရုံငယ်များကို ဟိုတယ်/ တည်းခိုခန်းများကဲ့သို့ အခန်းကန့်ပြီး ဖွင့်လှစ်လာကြ၍ မလိုလားအပ်သော လူမှုရေးရှုပ်ထွေးမှုများ ဖြစ်ပေါ်လာနိုင်ကြောင်း စိစစ်တွေ့ရှိရသဖြင့် ပြသခွင့်လိုင်စင်များ ထုတ်ပေးမှုများရှိပါက ချက်ချင်းရုပ်သိမ်းသွားရန်နှင့် တရားမဝင်ပြသနေမှုများအား ရုပ်မြင်သံကြားနှင့်ဗီဒီယိုဥပဒေအရ အရေးယူဆောင်ရွက်သွားရန် ဗီဒီယိုလုပ်ငန်းစိစစ်ကြီးကြပ်ရေး ဗဟိုကော်မတီအနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ် ဗီဒီယို လုပ်ငန်းစိစစ်ကြီးကြပ်ရေးကော်မတီများသို့ အကြောင်းကြားထားကြောင်း သိရသည်။

သို့သော် ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ်ရှိ RIO Private Cinema ၊ နေပြည်တော် ပျဉ်းမနားမြို့နယ်ရှိ The Vibe Mini Cinema အပါအဝင် အချို့သော Private Cinema များသည် ဆင်ဆာမဲ့ ရုပ်ရှင်ဇာတ်ကားများကို အသုံးပြု၍ မလျော်ကန်စွာ တရားမဝင် ဆက်လက်ဖွင့်လှစ်လျက်ရှိကြောင်း စိစစ်တွေ့ရှိရကြောင်း ဗီဒီယိုလုပ်ငန်းစိစစ်ကြီးကြပ်ရေးဗဟိုကော်မတီ၏ ထုတ်ပြန်မှုအရ သိရသည်။

ထို့ကြောင့် လုပ်ငန်းလိုင်စင်မရှိဘဲ ရုပ်ရှင်ရုံဖွင့်လှစ်ပြသခြင်း၊ ဆင်ဆာမဲ့ဇာတ်ကားများ ပြသခြင်းများ ဆက်လက်ပြုလုပ်ပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

image
image
image

ချင်းပြည်နယ်၏ နေရာဒေသအချို့အပါအဝင် နိုင်ငံတော်အတွင်း ဆူပူအကြမ်းဖက်မှုများ၊ တရားဥပဒေကို ဖောက်ဖျက်ကျူးလွန်မှုများနှင့် နိုင်ငံတော်ကို ပြိုကွဲပျက်စီးစေမည့် အဖျက်လုပ်ရပ် များစွာရှိနေခြင်းမှာ နိုင်ငံတော်အတွက် အလွန်အန္တရာယ်ကြီးမားနေကြောင်း ယာယီသမ္မတ သတိပေး

MT News
ဖေဖော်ဝါရီ ၂၀

ယနေ့အချိန်တွင် ချင်းပြည်နယ်၏ နေရာဒေသအချို့အပါအဝင် နိုင်ငံတော်အတွင်း ဆူပူအကြမ်းဖက်မှုများ၊ တရားဥပဒေကို ဖောက်ဖျက်ကျူးလွန်မှုများနှင့် နိုင်ငံတော်ကို ပြိုကွဲပျက်စီးစေမည့် အဖျက်လုပ်ရပ် များစွာရှိနေခြင်းမှာ နိုင်ငံတော်အတွက် အလွန်အန္တရာယ်ကြီးမားလှသလို ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကို မောင်နှမများ အကြား နှစ်ပေါင်းထောင်နှင့်ချီ၍ ဖြစ်တည်လာခဲ့သည့် သံယောဇဉ်နှင့် ချစ်ကြည်ရင်းနှီးမှုတို့ကို ဖြိုခွဲဖျက်ဆီးလျက်ရှိကြသည့် ပြည်တွင်းပြည်ပ အဖျက်အင်အားစုတို့၏ အချင်းချင်းမုန်းတီးစေရန် သွေးခွဲရန်တိုက်ပေးမှုများ၊ ကျဉ်းမြောင်းသော လူမျိုးရေးအယူဝါဒ သွတ်သွင်းနေမှုများကို အထူးသတိပြု ကာကွယ်ကြရန် လိုအပ်ကြောင်း နိုင်ငံတော်ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ကျရောက်သည့် ၇၈ နှစ်​မြောက် ချင်းအမျိုးသားနေ့သို့ ပေးပို့သည့် သဝဏ်လွှာတွင် သတိ​ပေးပြောကြားသည်။

ထို့အတူ ယခု ကြုံတွေ့နေရသော အကြမ်းဖက်လုပ်ရပ်များမှာ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှု ရလဒ် ပယ်ဖျက်ခံရသည့်အပေါ် အမှန်ကို အမှန်အတိုင်း သုံးသပ်ရှုမြင်မှုမရှိဘဲ အာဏာကို အဓမ္မနည်းဖြင့် လိုချင်တပ်မက်သည့် ဆန္ဒကြောင့် သွေးထိုးလှုံ့ဆော်မှုများမှ စတင်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံတော်နှင့် ပြည်သူတို့အပေါ် သဘောထားမမှန်ကန်သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း အချို့ကလည်း ဖြစ်ပေါ်လာသော မတည်ငြိမ်မှုကို အခွင့်ကောင်းယူပြီး တည်ငြိမ်အေးချမ်းနေသော ဒေသများကို အကြမ်းဖက်တိုက်ခိုက်ဖျက်ဆီးပြီး နယ်မြေနှင့်အာဏာ ချဲ့ထွင်ရန် လုပ်ဆောင်ခဲ့ကြသည်ဟုလည်း ယာယီသမ္မတက ထည့်သွင်းပြောကြားသည်။ ထိုဖြစ်စဉ်များကြောင့် ချင်းပြည်နယ် အပါအဝင် ဒေသအသီးသီး၌ အပြစ်မဲ့ပြည်သူများ၏ အသက်၊ အိုးအိမ်၊ ပစ္စည်းဥစ္စာများသာမက ပြည်သူပိုင်အဆောက်အအုံများစွာ ပျက်စီးဆုံးရှုံးကာ တိုင်းရင်းသားပြည်သူများ ဆင်းရဲဒုက္ခကြုံတွေ့နေရသည်မှာ အားလုံးအသိပင် ဖြစ်သည်ဟုလည်း သဝဏ်လွှာတွင် ဖော်ပြသည်။

ယင်းအပြင် လက်နက်ကိုင်အကြမ်းဖက်မှုများ၏ ဆိုးကျိုးကို လက်တွေ့ခံစားနေရသည်မှာ ဒေသခံတိုင်းရင်းသား ပြည်သူများပင် ဖြစ်ကြောင်း၊ ပျက်စီးဆုံးရှုံးမှု မှန်သမျှမှာလည်း နိုင်ငံတော်၏ အရင်းအမြစ်နှင့် အခြေခံအဆောက်အအုံများပင် ဖြစ်ကြောင်း၊ တိုးတက်ဖွံ့ဖြိုးမှု အရှိန်အဟုန် ရရှိနေသည့်အခြေအနေတွင် ယခုကဲ့သို့ မဆင်မခြင် လုပ်ရပ်များကြောင့် ပျက်စီးဆုံးရှုံးရခြင်းမှာ နိုင်ငံ၏အင်အားကို လျော့ပါးစေပြီး မူလအခြေအနေ ပြန်လည်ရောက်ရှိအောင် အကုန်အကျများစွာနှင့် အချိန်ယူ တည်ဆောက်ကြရမည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာနေကြရသည့် ဝန်ထမ်းများနှင့် ပြည်သူများကို နိုင်ငံတော်မှ ထောက်ပံ့ငွေများ ချီးမြှင့်ပေးလျက်ရှိကြောင်း၊ ထို့ကြောင့် နိုင်ငံနှင့် ပြည်သူအတွက် ဆိုးကျိုးများကို ဖြစ်ပေါ်စေသည့် ဆူပူအကြမ်းဖက်တိုက်ခိုက်မှုများ ပပျောက်စေပြီး တည်ငြိမ်အေးချမ်းမှုရရှိစေရေး ချင်းတိုင်းရင်းသားများ အပါအဝင် တိုင်းရင်းသားပြည်သူများမှ အားလုံးပူးပေါင်းပါဝင်ကြရန် တိုက်တွန်းအပ်ပါကြောင်း၊အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် ဦးတည်ချက် (၄)ရပ်ကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော်အကျိုး၊ ပြည်သူလူထုအကျိုးအတွက် လက်နက်ကိုင် ပဋိပက္ခချုပ်ငြိမ်း၍ တည်ငြိမ်အေးချမ်းသော ပတ်ဝန်းကျင်ကောင်းကို ဆက်လက်ဖော်ဆောင်သွားမည် ဖြစ်ကြောင်း၊ နိုင်ငံ့စီးပွားရေး ကောင်းမွန်လာပါက နိုင်ငံရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး စသည့် ကဏ္ဍအသီးသီး တိုးတက်ကောင်းမွန်လာမည်ဖြစ်ရာ ပြည်သူများ၏ လူမှုစီးပွားဘဝ တိုးတက်မြင့်မားရေးအတွက် စီးပွားရေး ဆိုင်ရာများကို ဖွံ့ဖြိုးတိုးတက်အောင် ဦးစားပေးဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်းလည်း ယာယီသမ္မတက မှာကြားသည်။

ထို့အပြင် ၂၀၂၀ ပြည့်နှစ်၊ အထွေထွေ ရွေးကောက်ပွဲ မဲမသမာမှုကြောင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ နိုင်ငံတော်ကို အရေးပေါ်အခြေအနေ ကြေညာခဲ့ရပြီး နိုင်ငံတော်တာဝန်များကို တပ်မတော်က ခေတ္တထိန်းသိမ်းရယူခဲ့ရကြောင်း၊ ထိုသို့ စတင်တာဝန်ယူချိန်မှစ၍ ပြည်ထောင်စုတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေးနှင့် ကဏ္ဍအသီးသီးတွင် ဖွံ့ဖြိုးတိုးတက်မှု ရှိစေရေး ဦးတည်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း၊ လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးအတွက် NCA ပါ သဘောတူညီချက်များအတိုင်း ဦးတည်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကာ ထာဝရငြိမ်းချမ်းရေးအတွက် အစဉ်အမြဲ တံခါးဖွင့် ကြိုဆိုလျက်ရှိကြောင်း၊အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် နိုင်ငံတော်၏ အန္တိမရည်မှန်းချက်ဖြစ်သည့် လွတ်လပ်၍ တရားမျှတမှု အပြည့်ရှိသော ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို အပိုင်း ၃ ပိုင်းခွဲ၍ အောင်မြင်စွာ ကျင်းပပေးခဲ့ပြီး ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ ရလဒ်များအရ လွှတ်တော်အစည်းအဝေးများကို မတ်လတွင် ကျင်းပမည်ဖြစ်ပြီး ပေါ်ထွက်လာမည့် အစိုးရအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်များကို လွှဲအပ်သွားမည်ဖြစ်ကြောင်းနှင့် သို့ဖြစ်၍ နိုင်ငံတော်တည်ဆောက်ရေး အတွက် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များတွင် ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုဖြင့် လွတ်လပ်မှုနှင့် တရားမျှတမှုကို ဥပဒေစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ရယူအသုံးချလျက် စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီ စနစ်ကို အပြည့်အဝ အကောင်အထည်ဖော်ကြပါရန် တိုက်တွန်းအပ်ကြောင်းလည်း ယာယီသမ္မတ၏ သဝဏ်လွှာတွင် ဖော်ပြထားသည်။

image

လတ်တလော လူမှုကွန်ရက်တွေပေါ်မှာ တက်လာတဲ့ မသန်စွမ်းသူတွေကို နှိမ့်ချလှောင်ပြောင်တဲ့သဘောမျိုးနဲ့ တင်ဆက်ဖျော်ဖြေမှုတွေမပြုလုပ်ကြဖို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး အသိပေးလာ

၂၀.၂.၂၀၂၆
Written By Thandar

လတ်တလော လူမှုကွန်ရက်တွေပေါ်မှာ တက်လာတဲ့ မသန်စွမ်းသူတွေကို နှိမ့်ချလှောင်ပြောင်တဲ့ သဘောမျိုးနဲ့ တင်ဆက်ဖျော်ဖြေမှုတွေ မပြုလုပ်ကြဖို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက အသိပေးလာပါတယ်။

“ကျွန်တော်တို့ အနုပညာဖျော်ဖြေမှုအပိုင်းတွေမှာ မသန်စွမ်းတွေ နှိမ့်ချတာတို့ လှောင်ပြောင် သရော်တာတွေ မလုပ်ဆောင်ကြဖို့အတွက် ထုတ်ပြန်ထားတာပါ။ ရယ်မောစရာသော်လည်းကောင်း မရည်ရွယ်ဘဲ လှောင်ပြောင်သလိုမဖြစ်စေဖို့အတွက် ရုပ်ရှင်အစည်းအရုံးအနေနဲ့ အသိပေးထားတာပါ ”လို့ မြန်မာနိုင်ငံရုပ် ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးကြည်စိုးထွန်းက MT Entertainment ကို ပြောပါတယ်။

အနုပညာတင်ဆက်ဖျော်ဖြေမှုတွေမှာ မသန်စွမ်းသူတွေကို နှိမ့်ချလှောင်ပြောင်သရော်တဲ့ပြကွက်တွေကို ရေးသားညွှန်ကြားသရုပ်ဆောင်မှုတွေကို မပြုလုပ်ဘဲရှောင်ကြည်ကြဖို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းရုံးက  ဖေဖော်ဝါရီ ၁၈ ရက်က အသိပေထုတ်ပြန်လာတာဖြစ်ပါတယ်။

အဆိုပါ အချိုသော်ဖျော်ဖြေမှုအပိုင်းတွေမှာ မသန်စွမ်းသူတွေကို နှိမ့်ချလှောင်ပြောင်တဲ့ သဘောမျိုးနဲ့ တင်ဆက်ဖျော်ဖြေမှုတွေကို တွေ့ရှိနေရလို့ခုလိုအသိပေးချက်တွေဖြစ်ပေါ်လာတာဖြစ်ပါတယ်။ ရုပ်ရှင်ဆင်ဆာ အဖွဲအနေနဲ့လည်း မသန်စွမ်းသူတွေကို နှိမ့်ချလှောင်ပြောင်သရော်တဲ့ သရုပ်ဆောင်ကွက်တွေကို သရုပ်ပြသခြင်း မပြုဖို့ တားမြစ်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း လူမှုကွန်ရက်စာမျက်နှာမှာ ပျံနှံနေတဲ့ အောင်ဇမ္ဗူ ဇာတ်သဘင်အဖွဲ့ရဲ့ ကပြဖျော်ဖြေမှုတစ်ခုမှာ မသန်စွမ်းမှုကို သရော်ထားတဲ့ပုံစံတချို့ကြောင့် မသန်စွမ်းသူတွေရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ဂုဏ်သိက္ခာတွေ ကို များစွာ ထိခိုက်တယ်လို့ ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ)က ပြင်းထန်စွာရှုတ်ချတာကို ထုတ်ပြန်ထားတာ တွေ့ရှိရတာလည်းဖြစ်ပါတယ်။

အောင်ဇမ္ဗူဇာတ်အဖွဲ့ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ကလေးသူငယ်တွေကို လိင်ပိုင်းဆိုင်ရာ ထိကိုင်စော်ကားတဲ့လုပ်ရပ်တွေ စင်မြင့်ထက်မှာ ကျူးလွန်ထားတာကြောင့် မြန်မာနိုင်ငံသဘင်အစည်းအရုံးက သတိပေးခံထားရတဲ့ ဇာတ်အဖွဲ့လည်းဖြစ်ပါတယ်။

image
image
image
24 w - Translate

Testing

image

image

စစ်ရေးတင်းမာမှုတွေ ရှိနေတဲ့ မုံရွာမြို့မှာ ညဈေး ဖွင့်လှစ်မယ်

ဖေဖော်ဝါရီ ၂၀

စစ်ရေးတင်းမာမှုတွေ ရှိနေတဲ့ စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ဈေးဆိုင်ခန်းပေါင်း ၁၀၀ ကျော် ပါဝင်တဲ့ ညဈေး (Night Market) ကို ဖွင့်လှစ်သွားမှာ ဖြစ်တယ်လို့ တိုင်းဒေသကြီး အစိုးရအဖွဲ့က အသိပေးထားပါတယ်။

အပန်းဖြေလိုသူတွေ၊ ညဘက် စျေးဝယ်လိုသူတွေအတွက် ကန်သာယာညစျေးကို မြို့အရှေ့ဘက် ကန်သာယာ တောင်ဘက်ကွင်းထဲမှာ ၁၂ ပေပတ်လည်ရှိ စျေးဆိုင်ခန်းပေါင်း ၁၁၀ ခန်း တည်ဆောက်ကာ ဖွင့်လှစ်ပေးမှာဖြစ်ပြီး ဖျော်ဖြေရေး အစီအစဥ်တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

“နေ့ပိုင်း မအားလပ်သူတွေ၊ ဝန်ထမ်းတွေ၊ ညပိုင်း အပန်းဖြေလိုသူတွေအတွက် တေးသံသာတွေနဲ့အတူ ကန်သာယာရဲ့ ညရှုခင်းကို ခံစားရင်း လိုအပ်တဲ့ စားသောက်ကုန်တွေကို ဝယ်ယူနိုင်တော့မှာ ဖြစ်ပါတယ်” လို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ အသိပေးချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိ မုံရွာမြို့မှာ ဒေသထွက်ကုန်တွေ၊ စားသောက်ကုန်တွေ၊ အဝတ်အထည်တွေကို မြို့ရှိ ချင်းတွင်းရတနာစျေး၊ သာစည်စျေး၊ ဗန္ဓုလစျေး၊ အောင်ချမ်းသာစျေး အစရှိတဲ့ စျေးတွေမှာ ရောင်းချပေးနေတာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါပေမယ့် အဲဒီစျေးတွေဟာ နေ့ဘက်မှာသာ ဖွင့်လှစ်ပေးတာကြောင့် နေ့ပိုင်းမှာ အလုပ်လုပ်နေရသူတွေ၊ ဝန်ထမ်းတွေ၊ နေ့ပိုင်း မအားလပ်သူတွေအတွက် စျေးဝယ်ယူနိုင်ဖို့ အခက်အခဲ ရှိနေတာကြောင့် အခုလို ညဈေး ဖွင့်လှစ်ပေးဖို့ စီစဉ်ရခြင်း ဖြစ်တယ်လို့ အသိပေးထားပြီး ဖွင့်လှစ်မယ့်ရက်ကိုတော့ ကြေညာထားခြင်း မရှိသေးပါဘူး။

ဒါနဲ့ပတ်သက်လို့ ဒေသခံတယောက်က
“မြို့က လတ်တလော အခြေအနေ ကောင်းသေးတာ မဟုတ်ဘူး။ နေ့ဘက်တောင်မှပဲ ဘယ်သူမှ အပြင်ကို ရဲရဲတင်းတင်း၊ ဝေးဝေးလံလံ မသွားရဲကြဘူး ဖြစ်နေတယ်။ ညဘက်ဆို ပိုဆိုးတာပေါ့။ အခုလို လုပ်တာထက် မြို့ရဲ့လုံခြုံရေးပိုင်းကို ပြည်သူတွေ စိတ်အေးလက်အေး သွားလာနိုင်အောင်လို့ အဓိက ဦးစားပေး လုပ်သင့်တာ” လို့ ပြောပါတယ်။

လက်ရှိ မုံရွာမြို့မှာ စစ်ရေး တင်းမာနေမှုတွေကြောင့် မြို့တွင်း၊ မြို့ပြင်လမ်းတွေကို ဒေသတွင်း လက်နက်ကိုင် တပ်ဖွဲ့တွေက ညပိုင်းသွားလာမှု ကန့်သတ် ပိတ်ပင်ထားသလို အစိုးရတပ်တွေကလည်း မြို့ပေါ်မှာ စစ်ဆေးမှုတွေ တင်းကျပ်နေတာ ဖြစ်တယ်လို့ သိရပါတယ်။

“အခုလိုအချိန် မုံရွာမှာ ညဈေးဖွင့်မယ်ဆို တော်ရုံ ဘယ်သူမှလည်း သွားကြမယ်မထင်ဘူး။ ရေရှည်အတွက်ဆို ဆိုင်ရှင်တွေလည်း နစ်နာလာနိုင်တယ်။ လက်ရှိ လုံခြုံရေး အနေအထားအရကတော့ မုံရွာမြို့ပေါ်မှာ ညပိုင်းသွားလာမှုကို တတ်နိုင်သမျှ ရှောင်ရှားသင့်တဲ့ အချိန်ပါ” လို့ နောက်ထပ် ဒေသခံတယောက်က ပြောပါတယ်။

မုံရွာ မြို့တွင်း၊ မြို့ပြင် လမ်းပိုင်းတွေမှာ ဘယ်လို ယာဉ်အမျိုးအစားမဆို ည ၇ နာရီကနေ မနက် ၆ နာရီအတွင်း ဖြတ်သန်းသွားလာ အသုံးပြုခွင့်ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၇ ရက်နေ့မှ စတင်ကာ ရက်အကန့်သတ်မရှိ ယာယီ ပိတ်ပင်ထားတယ်လို့ ဒေသတွင်း လက်နက်ကိုင်တပ်တွေက အသိပေး ကြေညာထားတာ ဖြစ်ပါတယ်။

လက်ရှိမှာ အစိုးရတပ်တွေဟာ အိမ်စီးကားတွေ အသုံးပြုကာ မုံရွာမြို့အတွင်း ညအချိန် သွားလာမှုတွေကို ပြုလုပ်နေတာ ဖြစ်တယ်လို့ လက်နက်ကိုင်တပ်တွေရဲ့ အသိပေးချက်မှာ ဖော်ပြထားပြီး အဲဒီလို သွားလာနေမှုတွေကြောင့် တိုက်ခိုက်မှုတွေလည်း အချိန်မရွေး ဖြစ်ပေါ်လာနိုင်တယ်လို့ ဆိုပါတယ်။

Photo - CJ

image

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ

( ၂၀၂၆ - ဖေဖော်ဝါရီ ၂၀ ၊ နံနက် ၁၀ နာရီ)

#ရွှေဈေး

-ကမ္ဘာ့ရွှေဈေး
တအောင်စ ၄၉၉၃ ဒေါ်လာ

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း

- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၆,၉၀၀,၀၀၀ ကျပ်

ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၁၀,၄၆၀,၀၀၀ ကျပ်
ဝယ်ဈေး ၁၀,၄၂၀,၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၁၀,၀၆၀,၀၀၀ ကျပ်
ဝယ်ဈေး ၁၀,၀၂၀,၀၀၀ ကျပ်

* စနစ်သစ်
(၁ိ - ၁၆.၃၂၉၃၂၅ ဂရမ် = ၁၂၀ ရွေး)

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၁၀,၃၄၀,၀၀၀ ကျပ်
ဝယ်ဈေး ၁၀,၃၀၀,၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၉,၉၄၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၉၀၀,၀၀၀ ကျပ်

“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”

(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)

#နိုင်ငံခြားငွေလဲလှယ်နှုန်း

-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၆၅၇ ကျပ်

ပြင်ပပေါက်စျေး

-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၀၀၀ ကျပ်
ဝယ်ဈေး - ၃၉၀၀ ကျပ်

-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၁၅၅ ကျပ်
ဝယ်ဈေး - ၃၀၇၅ ကျပ်

-ယူရို
ရောင်းဈေး - ၄၇၀၀ ကျပ်
ဝယ်ဈေး - ၄၅၈၅ ကျပ်

-ထိုင်းဘတ်
ရောင်းဈေး - ၁၂၈.၂၁ ကျပ်
ဝယ်ဈေး - ၁၂၅ ကျပ်

-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၂၂ ကျပ်
ဝယ်ဈေး - ၉၉၆ ကျပ်

-တရုတ်ယွမ်
ရောင်းဈေး - ၅၇၉ ကျပ်
ဝယ်ဈေး - ၅၆၅ ကျပ်

-ဂျပန်ယန်း
ရောင်းဈေး - ၂၅.၇၇ ကျပ်
ဝယ်ဈေး - ၂၅.၁၃ ကျပ်

-အိန္ဒိယရူပီး
ရောင်းဈေး - ၄၃.၉၂ ကျပ်
ဝယ်ဈေး - ၄၂.၈၃ ကျပ်

-ကိုရီးယားဝမ်
ရောင်းဈေး - ၂.၇၆ ကျပ်
ဝယ်ဈေး - ၂.၆၉ ကျပ်

-စတာလင်ပေါင်
ရောင်းဈေး - ၅၃၇၀ ကျပ်
ဝယ်ဈေး - ၅၂၃၅ ကျပ်

-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၈၀၈ ကျပ်
ဝယ်ဈေး - ၂၇၃၈ ကျပ်

-ကနေဒါဒေါ်လာ
ရောင်းဈေး - ၂၉၁၈ ကျပ်
ဝယ်ဈေး - ၂၈၄၅ ကျပ်

-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၁၂ ကျပ်
ဝယ်ဈေး - ၄၉၉ ကျပ်

-ယူအေအီး
ရောင်းဈေး - ၁၀၈၉ ကျပ်
ဝယ်ဈေး - ၁၀၆၂ ကျပ်

ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။

image

ယူနိုက်တက်နဲ့ထင်ကြေးတွေကို မက်အလစ္စတာရဲ့ ဖခင်ပယ်ချ

ဖေဖော်ဝါရီ ၂၀

အာဂျင်တီးနားကွင်းလယ်လူ မက်အလစ္စတာရဲ့ ဖခင်ဖြစ်သူက သူ့သားနဲ့ ယူနိုက်တက်အသင်းတို့ ချိတ်ဆက်မှုတွေ ပြုလုပ်နေတယ်ဆိုတဲ့ ထင်ကြေးတွေကို ပယ်ချခဲ့ပြီး သားဖြစ်သူဟာ လီဗာပူးလ်အသင်း အကြောင်းပဲ စဉ်းစားနေ တယ်လို့ ပြောခဲ့ပါတယ်။

ကားလို့စ်က “သူဟာ အခုအချိန်မှာ လီဗာပူးလ်အသင်း အကြောင်းကိုပဲ စဉ်းစားနေပါတယ်။ သူ့ရဲ့စာချုပ် သက်တမ်းတိုးဖို့ ကမ်းလှမ်းမှုကို ကျနော်တို့ စောင့်ဆိုင်းနေပါတယ်။ ကလပ်ရဲ့ အစီအစဉ်က ဘယ်လိုလဲဆိုတာနဲ့ စာချုပ် သက်တမ်းတိုးဖို့နဲ့ ပတ်သက်ပြီး ဘာတွေ ဖြစ်လာမလဲဆိုတာ ကျနော်တို့ စောင့်ကြည့်သွားမှာပါ။ ဒါပါပဲ”လို့ ထင်ကြေးတွေနဲ့ ပတ်သက်ပြီး ပြောခဲ့တာပါ။

လာမယ့်နွေရာသီမှာ ကွင်းလယ်ပိုင်းကို အားဖြည့်မယ့် ယူနိုက်တက်အသင်းဟာ မက်အလစ္စတာရဲ့ အခြေအနေကို အနီးကပ် စောင့်ကြည့်နေပြီး ရာသီကုန်ချိန်မှာ လီဗာပူးလ်အသင်းကနေ ခေါ်ယူဖို့ လှုပ်ရှားလာနိုင်တယ်လို့ The Daily Mirror က ဖော်ပြထားပါတယ်။

လီဗာပူးလ်အသင်းနဲ့ မက်အလစ္စတာရဲ့ စာချုပ်ဟာ ၂၀၂၈ ခုနှစ်အထိ သက်တမ်း ရှိနေပေမယ့် အခွင့်အရေး ကောင်းတွေ ပေါ်လာရင် ကစားသမားဟာ စိတ်ပြောင်း သွားနိုင်တယ်လို့ ဖော်ပြမှုတွေလည်း ရှိနေတာပါ။
ရီးရယ်လ်အသင်းကလည်း မကြာသေးမီ လတွေအတွင်း မက်အလစ္စတာကို စိတ်ဝင်စားကြောင်း ပြသထားပါ တယ်။

၂၀၂၃ ခုနှစ်မှာ ဘရိုက်တန်အသင်းကနေ ပေါင် ၅၅ သန်းနဲ့ ရောက်ရှိလာတဲ့ မက်အလစ္စတာဟာ လီဗာပူးလ်အသင်း အတွက် ပြိုင်ပွဲစုံ ၁၃၂ ပွဲ ပါဝင်ကစားထားပြီး ၁၇ ဂိုး သွင်းယူထားပါတယ်။

မက်အလစ္စတာဟာ လီဗာပူးလ်အသင်းအတွက် ပွဲဦးထွက်ရာသီမှာ ကာရာဘောင်းဖလား ရယူနိုင်ခဲ့ပြီး မနှစ်က ရာသီမှာတော့ ပရီးမီးယားလိဂ်ဖလား ရယူနိုင်ခဲ့တာပါ။

မက်အလစ္စတာဟာ အာဂျင်တီးနား လက်ရွေးစင်အသင်းအတွက် ၄၂ ပွဲ ကစားထားပြီး ၆ ဂိုးသွင်းယူကာ ၂၀၂၂ ကမ္ဘာ့ဖလား၊ ၂၀၂၂ Finalissima နဲ့ ၂၀၂၄ ကိုပါအမေရိကဖလား ချန်ပီယံဆုတို့ကို ရရှိထားပါတယ်။

Source: Metro

ပုံ - မက်အလစ္စတာကို တွေ့ရစဉ်

image

🌿. မုန်လာဥဖြူ စားသုံးခြင်းဖြင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူးများ
🌿 ကင်ဆာရောဂါမဖြစ်စေရန်ကာကွယ်ပေးတယ်။ သွေးတွင်းသကြားဓာတ်ကိုထိန်းညှိပေးတယ်။ ကျောက်ကပ် ကျန်းမာစေတယ်။ သွေးပေါင်ချိန်ကို မှန်စေတယ်။
ဝမ်း မှန်စေတယ်။
🌿. ကိုယ်အလေးချိန် ကျစေတယ်။အသားအရည် စိုပြေလှပစေတယ်။ အရွယ်တင်နုပျိုစေတယ်။
🌿. အစာခြေစနစ်ကို ကျန်းမာစေနိုင်တယ်
မုန်လာဥဖြူမှာ အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်နေမှုက အစာခြေစနစ်ကို အကောင်းဆုံးလုပ်ဆောင်နိုင်စေဖို့ အထောက်အပံ့ပေးပါတယ်။ သွေးတွင်းသကြားဓါတ်ကိုထိန်းညှိပေးသလိုသွေးတွင်းကိုလက်စထရောကိုလည်း ကျဆင်းစေနိုင်ပါတယ်။ ကိုယ်အလေးချိန်ကျစေဖို့လည်းစားသုံးပေးလို့ရပါတယ်။ အမျှင်ဓါတ်ကြွယ်ဝမှုက ဝမ်းမှန်စေဖို့လည်း အထောက်အပံ့ပေးပါတယ်။
🌿. မှိုပိုးတွေကို ဖယ်ရှားပေးနိုင်စွမ်းရှိတယ်
မုန်လာဥဖြူကမှိုပိုးတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။ ခန္ဓာကိုယ် နဲ့ ခံတွင်းတို့မှာ မှိုပိုးကူးစက်တာကို ကာကွယ်ဖို့အတွက် မုန်လာဥဖြူကို စားပေးလို့ရပါတယ်။
🌿. ကိုယ်ခံအားကောင်းစေနိုင်တယ်
ရာသီအကူးအပြောင်းကြောင့် ဖျားနာမှုတွေကနေကင်းချင်ရင်တော့ ကိုယ်ခံအားကောင်းနေမှဖြစ်မှာပါ။ ဒီလိုကိုယ်ခံအားကောင်းစေဖို့က အစားအသောက်က အရေးပါတဲ့ အခန်းကဏ္ဍကနေပါဝင်နေပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်မှာ ကိုယ်ခံအားကောင်းစေပြီး ကျန်းမာနေစေဖို့ မုန်လာဥဖြူကို စားပေးလို့ရပါတယ်။
🌿. မုန်လာဥဖြူ တလုံးနဲ့ ကျောက်ကပ်အလွယ်ဆေးကြမယ်
🌿. ကျောက်ကပ်ရောင်သည်ဖြစ်စေ၊ ကျောက်ကပ်ကျောက်တည်သည်ဖြစ်စေ၊ ကျောက်ကပ်ကြောင့် ခါးနာ၊ ခါးကိုက်ခြင်း နုံးချိ အော့အန်ခြင်းများအတွက်
🌿. မုန်လာဥဖြူ တလုံးကို သန့်စင်စွာဆေးကြောပြီး ရေအနည်းထည့်၍ ကြိတ်ချေပါ၊ အဖတ်များစစ်ထုတ်ပြီး အရည်ကိုသောက်လိုက်ပါ။
🌿 ၎င်းကြိတ်ရည် ဝမ်းထဲဝင်သွားသည်နှင့် ခါးနာခါးကိုက်ယူပစ်သလိုပျောက်ကင်းသက်သာသွားမည်။
🌿. မုန်လာဥဖြူကြိတ်ရည်ဟာ ကျောက်ကပ်ကို ချက်ချင်းဆေးကြောပေးပါတယ်။ အူကျဝေဒနာရှင်များလည်း
အသုံးပြုနိုင်ပါတယ်။
🌿 ဒါ့အပြင် တပါတ် တခါ ကြိုတင်ကာကွယ်သောအားဖြင့် လူတိုင်းမုန်လာဥဖြူကို ဟင်းလျာအဖြစ် ချက်ပြုတ်စားသုံးခြင့်ဖြင့် ကျောက်ကပ်ကို ဆေးကြောထိန်းသိမ်းသင့်ပါတယ်။
🌿 မုန်လာဥ အစိမ်းကို သံပုရာသီးနှင့်နှပ်ပြီး အစိမ်းသုပ် သုပ်စားပါကပို၍ဆေးဖက်ဝင်ပါတယ်။
🌿သတိပြုရန်
မုန်လာဥကို အသုံးမပြုမီ ပိုးသတ်ဆေး ကင်းစင်အောင် သေချာ ဆေးကြောသန့်စင်ပေးရန် အထူးသတိပြုပါ။
credit to original uploader

image
24 w - Translate

Tattoo ideas

image