9 w - Translate

🔥လက်လှည့်မီးခြစ်🛞 Spin & Spark| Fidget Spinner Lighter for Fun & Fire!🌀
စျေးနုန်း ၂၆၀၀၀ကျပ်။
🔥၂-in-1 ဒီဇိုင်း – Fidget Spinner + Windproof Lighter တစ်ခုထဲမှာပေါင်းစပ်ထားတဲ့အတွက် စိတ်အေးအေးဖြစ်စေပြီး လောင်ဖို့လည်းအဆင်ပြေပါတယ်။
🔁 Stress Relief – လက်ထဲမှာလှည့်လို့ရတဲ့ Spinner Toy ဖြစ်တဲ့အတွက် စိတ်ဖိစီးမှုလျော့စေပါတယ်။
💨 Windproof Flame – ပြင်ပမှာလည်း မီးလောင်အောင်ပြုလုပ်ထားတဲ့ design ဖြစ်ပါတယ်။
🔋 Refillable Gas System – ပြန်ဖြည့်သုံးလို့ရတဲ့အတွက် Eco-friendly ဖြစ်ပါတယ်။
🧱 Metal Body – ခိုင်ခံ့ပြီး ရှည်လျားစွာအသုံးပြုနိုင်တဲ့ Metal Alloy ဖြင့်ပြုလုပ်ထားပါတယ်။
🎁 လက်ဆောင်အတွက်အထူးသင့်လျော် – Gadget ချစ်သူများ၊ smoker များ၊ fidgeter များအတွက် လက်ဆောင်အဖြစ်အထူးသင့်တော်ပါတယ်။
🌙 Luminous Design – ညအချိန်မှာလည်း ထင်ရှားစေတဲ့ Glow Effect ပါဝင်ပါတယ်။
⚠️ အသုံးပြုပြီးမပြုမီ ဓာတ်ငွေ့ဖြည့်နည်းကို ဂရုစိုက်ဖတ်ပါ။

Post Caption & Hashtags အတွက် အကြံပြုချက်
📣 🔥 Spin & Spark! Fidget Spinner Lighter ရှိပြီ! 🔥
🛍️ လက်ဆောင်အတွက်လည်းကောင်း၊ ကိုယ်တိုင်သုံးဖို့လည်း perfect!
📩 Order တင်ဖို့ chat လာပါနော်။
အထက်ပါ အကြောင်းအရာများကိုမြန်မာဘာသာဖြင့် facebook page တွင် အရောင်း Post တင်ရန် content -အနည်းငယ်နှစ်ချုပ် ပြင်ဆင်ရေးသာပေးပါ။ ဘာသာပြန်ရန်ခက်ခဲသော စကားလုံးများကို မှုရင်းအတိုင်းထားပါ။ မြန်မာ English နှစ်ဘာသာဖြင့် ခေါင်းစဉ် တိုတစ်ခု ဖန်တီးပေးပါ ခေါင်းစဉ်မှာ လှပသော emoji လေးများထည့်ပေးပါ။။ ဘာကြောင့်ဝယ်သင့်လဲထည့်ရေးပေးပါ။emoji များလည်း ထည့်သွင်းရေပေးပါ .ကြောငြာနှင့်ရှာဖွေရလွယ်ကူစေရန် #များအသုံးပြုပေးပါ။ No **sign မထည့်ပါ။

🔍 #fidgetspinnerlighter #gadgetlover #windprooflighter #stressrelief #glowindark #refillablelighter #myanmarshop #uniquegift #spinnertoy #outdoorgear

image
image
image
image
9 w - Translate

spinning lighter
🔥လက်လှည့်မီးခြစ်🛞 Spin & Spark| Fidget Spinner Lighter for Fun & Fire!🌀
စျေးနုန်း ၂၆၀၀၀ကျပ်။
🔥၂-in-1 ဒီဇိုင်း – Fidget Spinner + Windproof Lighter တစ်ခုထဲမှာပေါင်းစပ်ထားတဲ့အတွက် စိတ်အေးအေးဖြစ်စေပြီး လောင်ဖို့လည်းအဆင်ပြေပါတယ်။
🔁 Stress Relief – လက်ထဲမှာလှည့်လို့ရတဲ့ Spinner Toy ဖြစ်တဲ့အတွက် စိတ်ဖိစီးမှုလျော့စေပါတယ်။
💨 Windproof Flame – ပြင်ပမှာလည်း မီးလောင်အောင်ပြုလုပ်ထားတဲ့ design ဖြစ်ပါတယ်။
🔋 Refillable Gas System – ပြန်ဖြည့်သုံးလို့ရတဲ့အတွက် Eco-friendly ဖြစ်ပါတယ်။
🧱 Metal Body – ခိုင်ခံ့ပြီး ရှည်လျားစွာအသုံးပြုနိုင်တဲ့ Metal Alloy ဖြင့်ပြုလုပ်ထားပါတယ်။
🎁 လက်ဆောင်အတွက်အထူးသင့်လျော် – Gadget ချစ်သူများ၊ smoker များ၊ fidgeter များအတွက် လက်ဆောင်အဖြစ်အထူးသင့်တော်ပါတယ်။
🌙 Luminous Design – ညအချိန်မှာလည်း ထင်ရှားစေတဲ့ Glow Effect ပါဝင်ပါတယ်။
⚠️ အသုံးပြုပြီးမပြုမီ ဓာတ်ငွေ့ဖြည့်နည်းကို ဂရုစိုက်ဖတ်ပါ။

Post Caption & Hashtags အတွက် အကြံပြုချက်
📣 🔥 Spin & Spark! Fidget Spinner Lighter ရှိပြီ! 🔥
🛍️ လက်ဆောင်အတွက်လည်းကောင်း၊ ကိုယ်တိုင်သုံးဖို့လည်း perfect!
📩 Order တင်ဖို့ chat လာပါနော်။
အထက်ပါ အကြောင်းအရာများကိုမြန်မာဘာသာဖြင့် facebook page တွင် အရောင်း Post တင်ရန် content -အနည်းငယ်နှစ်ချုပ် ပြင်ဆင်ရေးသာပေးပါ။ ဘာသာပြန်ရန်ခက်ခဲသော စကားလုံးများကို မှုရင်းအတိုင်းထားပါ။ မြန်မာ English နှစ်ဘာသာဖြင့် ခေါင်းစဉ် တိုတစ်ခု ဖန်တီးပေးပါ ခေါင်းစဉ်မှာ လှပသော emoji လေးများထည့်ပေးပါ။။ ဘာကြောင့်ဝယ်သင့်လဲထည့်ရေးပေးပါ။emoji များလည်း ထည့်သွင်းရေပေးပါ .ကြောငြာနှင့်ရှာဖွေရလွယ်ကူစေရန် #များအသုံးပြုပေးပါ။ No **sign မထည့်ပါ။

🔍 #fidgetspinnerlighter #gadgetlover #windprooflighter #stressrelief #glowindark #refillablelighter #myanmarshop #uniquegift #spinnertoy #outdoorgear

သူမ - ငါ့ကောင်လေးနဲ့ဝေးဝေးနေ
သူ့ကောင်လေး -🥴

image
9 w - Translate

ဧရာဝတီတိုင်းမှာ ဆားကွင်းတွေပျက်မှ ဆားဈေးတက်လို့ ငန်းရှင်တွေ အကျိုးမမြတ်မရှိဖြစ်
အောက်တိုဘာ ၁၇ - ၂၀၂၅
KKL(VOM)
ဆားထွက်ရှိတဲ့ ဧရာဝတီတိုင်းမှာ နေလှန်းဆားကြမ်း ၁ ပိသာကျပ် ၁၀၀၀ ကျော်အထိဈေးထိုးတက်ပေမယ့်ဆား လုပ်ငန်းရှင်တွေအဖို့ အကျိုးမရှိဖြစ်နေတယ်လို့နေလှန်း ဆားလုပ်ငန်းရှင်တွေဆီကနေ သိရပါတယ်။
''အခုဆားဈေးက ရေကြီးရေလျှံမှုဒဏ်နဲ့မိုးဒဏ်ကြောင့် ဆားကွင်းတွေပျက်ပြီးဈေးက တက်လာတာ။ရေမြုပ်ပြီး ပျက်စီးတာတွေဖြစ်တော့ ဈေးကထိုးတက်နေတာ။အခုနှစ်ထဲမှာအမြင့် ဆုံးဈေးပဲ။အခုဆားကြမ်းတပိသာ ၁၂၀၀ ဈေးနဲ့တောင်အရင်လိုဆားကောင်းကောင်းမရဘူး။နီညိုရောင်ဖောက်ဆားတွေပဲရတယ်။ရေထိထားတဲ့ ဆားတွေကိုလေ။''လို့ ဧရာဝတီတိုင်းက နေလှန်းဆား လုပ်ငန်းရှင် တယောက်ပြောပါတယ်။
ဧရာဝတီတိုင်းမှာ ဒီနှစ်ဆားထုတ်လုပ်တဲ့ရာသီအစမှာပင် ရာသီတုဖောက် ပြန်ပြီး ဆားကွင်းတွေ အချိန်အခါမဟုတ် ဖျက်မိုးမိတာ။မိုးဒဏ်ကြောင့် ဆားကိုအပြည့်အဝကျုံးမယူ နိုင်ခဲ့တာ၊ ဆားချက်ရာမှာ အသုံးပြုတဲ့ စက်သုံးဆီဈေးနှုန်း အဆမတန် မြင့်တက်နေတာ၊ လုပ်သားခဈေးတက်လာ တာ၊ လုပ်သားရှားပါးလာတာ၊ ဆားဝယ်လက် တွေလျော့ သွားတာ၊ ဆားကွင်းတွေမှာလူစုလူဝေးမလုပ်ရဲတာစတဲ့ အကြောင်းအရင်းတွေနဲ့ အထွေထွေကုန်ကျစရိတ် ကြီးမြင့်မှုဒဏ်ကိုရင်ဆိုင်နေရတာကြောင့် အခက် အခဲဖြစ်ပေါ်နေ တယ်လို့ သိရပါတယ်။
''ဆားမရှိမှ ဆားဈေးကထိုးတက်လာ ဘာအကျိုးမှမရှိဘူး ဖြစ်တာပေါ့။ကုန်ပစ္စည်းမရှိမှ ဈေးတက်နေတာလေ။အခုနှစ်ဆားတွေစတင်လုပ်ကတည်းကတကြိမ်းပဲ ကျုံးရ တယ်။ အကုန်ပျက်ကုန်တာ။ အရင်းတောင်ပြန်မရလိုက်ဖူး။ကိုယ့်ကုန်ပစ္စည်းမရှိမှာဈေးတက်တာ ဘာလုပ်ရမှာ လည်း ။''လို့ နောက်ထပ်ဆားလုပ်ငန်းရှင်တယောက် ကပြောပါတယ်။
ဧရာဝတီတိုင်းမှာ နေလှန်ဆား ထုတ်လုပ်တဲ့ လုပ်ငန်းကို နှစ်စဉ် အောက်တိုဘာလမှာ စတင်လုပ်ကိုင်ကြ တာဖြစ် ပေမယ့် ဒီနှစ်မှာတော့မနှစ်ကအရှုံးပေါ်ခဲ့တာနဲ့အထွေထွေ အကျပ်အတည်အခက်အခဲတွေကြောင့်လက်ရှိအချိန် အထိ မလုပ်နိုင်ပဲ အခက်အခဲဖြစ်နေတယ်လို့ဆိုပါတယ်။
ဧရာဝတီတိုင်းမှာ ငပုတောမြို့နယ်က ကျေးရွာ ၃၀ ကျော် နဲ့ လပွတ္တာမြို့နယ်ကကျေးရွာ ၂၀ လောက် ဆားလုပ်ငန်း ကို အဓိကလုပ်ကိုင်ကြတာဖြစ်တယ်လို့သိရပြီး နေလှန်း ဆားလုပ်ငန်းဟာ မိရိုဖလာအလုပ်တခုဖြစ်တာကြောင့် အရှုံးခံပြီး လုပ်ကိုင်နေခဲ့ပေမယ့် ဒီနှစ်မှာတော့ထပ်ပြီး အရှုံးမခံနိုင်တော့လို့ ဆားလုပ်ငန်းချိန်ဆလုပ်ကိုင်တော့ မယ်လို့ ဆားလုပ်ငန်းရှင်တွေကဆိုပါတယ်။
ဆားကို အဓိကဝယ်ယူအသုံးပြုတဲ့ ငါးပိ ၊ ငါးခြောက် ၊ ငံပြာရည် လုပ်ငန်းတွေဘက်ကလည်း သူတို့လုပ်ငန်း တွေမှာ ကိုဗစ်-၁၉ ရောဂါနဲ့ နိုင်ငံရေး အပြောင်းအလဲ ဖြစ်စဉ်တွေကြောင့် ထိခိုက်ခဲ့လို့ လုပ်ငန်းတွေရာနှုန်း ပြည့်မလည်ပတ်နိုင်တာကြောင့် အရင်ကလောက် အသုံးမပြုတော့ ဘူးလို့ သိရပါတယ်။
Photo:CJ

image

#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
⬛တရုတ်ထုတ် တိုက်လေယာဉ် ၄၂ စင်း အင်ဒိုနီးရှား ဝယ်ယူမည်
အင်ဒိုနီးရှားနိုင်ငံသည် တရုတ်နိုင်ငံထုတ် ချန်ဒူး ဂျေ-၁၀စီ တိုက်လေယာဉ်၄၂ စင်းထက်မနည်း ဝယ်ယူသွားမည်ဖြစ်ကြောင်း အင်ဒိုနီးရှားကာကွယ်ရေးဝန်ကြီးက အောက်တိုဘာ ၁၅ ရက်တွင် ပြောသည်။
အင်ဒိုနီးရှားနိုင်ငံသည် အနောက်နိုင်ငံမဟုတ်သော နိုင်ငံတစ်နိုင်ငံမှ တိုက်လေယာဉ်များကို ပထမဆုံးဝယ်ယူရန် စီစဉ်ထားခြင်းဖြစ်သည်။ အင်ဒိုနီးရှားစစ်ဘက် ခေတ်မီစေရန် အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း အင်ဒိုနီးရှားကာကွယ်ရေးဝန်ကြီး ရှာဖရီရှာဆိုဒင်က ပြောသည်။
သဘောတူညီချက်သည် ဒေသတွင်း အကဲဆတ်သည့်ကိစ္စဖြစ်ပြီး ပထဝီနိုင်ငံရေးအရ သက်ရောက်မှုများ ရှိနိုင်ကြောင်း လေ့လာသုံးသပ်သူများကဆိုသည်။ လေယာဉ်များ မကြာမီတွင် ဂျကာတာကို ရောက်မည် ဟု ကာကွယ်ရေးဝန်ကြီးက ပြောသည်။
ဂျေ-၁၀ တိုက်လေယာဉ်များ ဝယ်ယူရေးအစီအစဉ်ကို ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြီးခဲ့သည့်လတွင် ပထမဆုံး ထုတ်ဖော်ပြောကြားခဲ့သည်။ အမေရိကန်ဒေါ်လာ ၉ ဘီလီယံကျော်ရှိသည့် တရုတ်ထုတ်လေယာဉ်များဝယ်ယူမှုအတွက် ဘတ်ဂျက်ကို အတည်ပြုခဲ့ကြောင်း အင်ဒိုနီးရှား ဘဏ္ဍာရေး ဝန်ကြီးက အောက်တိုဘာ ၁၄ ရက်တွင်ပြောသည်။
အင်ဒိုနီးရှားစစ်ဘက်ကို အဆင့်မြှင့်တင်ရန်နှင့် ခေတ်မီစေရန် သမ္မတ ပရာဘိုဝိုဆူဘီယန်တို လက်ထက် တွင် တွန်းအားပေးလုပ်ဆောင်သည်။ဆူဘီယန်တိုသည် ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင် စဉ်၂၀၁၉ ခုနှစ်တွင် တရုတ်၊ ပြင်သစ်၊ ရုရှား၊ တူရကီနှင့် အမေရိကန်သို့ သွားရောက်ပြီးစစ်လက်နက် စနစ် အသစ်များနှင့် ထောက်လှမ်းရေးနှင့် နယ်မြေကာကွယ်ရေးနည်းပညာများ ရယူရန် ကြိုးပမ်းခဲ့သည်။
ကိုးကား-စီအင်န်အေ

image
9 w - Translate

The first U.S. case of a more severe strain of mpox without any recent travel history has been identified in California.
Health officials said this week that the case was confirmed in a Long Beach resident. The patient required hospitalization and is now isolating and recovering at home.
While this is the seventh case of the more severe strain confirmed in the U.S this year, it is the first without known travel, according to local officials.
Read more: https://abcnews.visitlink.me/IFukR5

image
9 w - Translate

A viral trend involving artificially generated images of a "homeless man" has prompted police warnings over safety concerns, with officials calling it "stupid and potentially dangerous."
The trend uses AI image generators to create realistic photos depicting a disheveled man appearing to be at someone's door or inside their home.
Police departments in Michigan, New York and Wisconsin have issued public warnings about the AI prank.
Read more: https://abcnews.visitlink.me/v_TowU

image
9 w - Translate

Three people are dead after a small plane crashed in Bath Township, Michigan, on Thursday evening, city officials have said.
Read more: https://abcnews.link/VSDym6J

image

⬛ပူတင်နှင့်ထပ်မံတွေ့ဆုံမည်ဟု ဒေါ်နယ်ထရန့်ပြော
အမေရိကန်ကယူကရိန်းအတွက် စစ်ရေးအထောက်အပံ့အသစ်များ ထပ်မံပေးအပ်မည်ကို မော်စကိုက စိုးရိမ်နေစဉ် ဒုတိယအကြိမ်ထိပ်သီးဆွေးနွေးပွဲပြုလုပ်ရန် အမေရိကန်သမ္မတဒေါ်နယ်ထရန့်နှင့် ရုရှားသမ္မတဗလာဒီမာပူတင်တို့ ယမန်နေ့ကသဘောတူလိုက်ကြောင်း ရိုက်တာသတင်းကဖော်ပြသည်။
လာမည့်သီတင်းနှစ်ပတ်အတွင်း ရုရှားသမ္မတပူတင်နှင့် ဘူဒါပက်စ်မြို့တွင်တွေ့ဆုံသွားမည်ဖြစ်ကြောင်း လွန်စွာအကျိုးဖြစ်ထွန်းခဲ့သည်ဟု ၎င်းပြောကြားသည့်‌ နှစ်နာရီကြာဖုန်းခေါ်ဆိုမှုအပြီးတွင် ဒေါ်နယ်ထရန့်ကပြောကြားသည်။
ကရင်မလင်ကလည်းထိပ်သီးတွေ့ဆုံမှုအကြောင်း အတည်ပြုပြောကြားသော်လည်း နှစ်ဖက်စလုံးက တွေ့ဆုံမည့်ရက်ကို အတိအကျမပြောနိုင်ကြကြောင်းသတင်းကဆိုသည်။
“ကျွန်တော့်ဘဝတစ်လျှောက်လုံး အ‌ပေးအယူတွေဖြစ်မြောက်အောင်လုပ်ခဲ့ပါတယ်။ ဒါကိုလည်းလုပ်နိုင် လိမ့်မယ်လို့ထင်ပါတယ်။ အမြန်ဆုံးလုပ်နိုင်ဖို့မျှော်လင့်တာပေါ့” ဟု ထရန့်ကအိမ်ဖြူတော်ရှိ သတင်းထောက်များကိုပြောကြားသည်။
ယူကရိန်းသမ္မတ ဗိုလိုဒီမာဇီလန်စကီးက ယနေ့အိမ်ဖြူတော်သို့သွားရောက်၍ တိုမာဟော့ခ်တာဝေးပစ် ဒုံးကျည်များအပါအဝင် ယူကရိန်းအားစစ်ရေးအကူအညီပိုပေးရန် အမေရိကန်အားတွန်းအားပေးရန် ရှိနေစဉ် အထက်ပါအတိုင်းသတင်းထွက်ပေါ်လာခြင်းဖြစ်သည်။
မကြာသေးမီရက်များအတွင်း ပူတင်အားပိုမိုစိတ်ပျက်လာခဲ့ခြင်းနှင့်အတူ အိမ်ဖြူတော်ကဇီလန်စကီး အား ထောက်ပံ့မှုအသစ်များပေးရန် တာဆူနေခဲ့ပုံရသော်လည်း ယခုဖုန်းခေါ်ဆိုမှုအပြီးတွင် ပြေလည်ရာ ပြေလည်ကြောင်းပြောလာသည့် ထရန့်၏လေသံကြောင့် ရေတိုကာလတွင်အကူအညီပေးမှု ဖြစ်လာနိုင် ခြေမှာ မေးခွန်းထုတ်စရာဖြစ်လာခဲ့သကဲ့သို့ မော်စကိုအားအမေရိကန်၏အညံ့ခံအလျှော့ပေးမှုအ‌တွက် ဥရောပ၏စိုးရိမ်မှုများပြန်လည်ပေါ်ထွက်လာခဲ့ကြောင်း ရိုက်တာသတင်းကဖော်ပြသည်။
ဇန်နဝါရီလကစတင်အာဏာရလာခဲ့ပြီးနောက်ပိုင်းကတည်းက ရုရှားအ‌ပေါ်အ‌ရေးယူသွားမည်ဟု ထရန့်ကပုံမှန်လိုလိုခြိမ်းခြောက်ခဲ့သော်လည်း ပူတင်နှင့်စကားပြောပြီးပါက ထိုအဆင့်များ နောက်ဆုတ် သွားလေ့ရှိသည်။
ပူတင်နှင့်အလက်စကာထိပ်သီးဆွေးနွေးပွဲမတိုင်မီတွင် အပစ်အခတ်ရပ်စဲမှုရရှိရန် ဒေါ်နယ်ထရန့်က ကြိုးစားခဲ့သော်လည်း မည်သည့်အပစ်ရပ်မှုမှ ထွက်‌ပေါ်မလာခဲ့ပေ။ အလားတူ ဇီလန်စကီး ၊ ပူတင်နှင့် ၎င်းတို့ကြား သုံးပွင့်ဆိုင်ဆွေးနွေးမှုအ‌ကြောင်း ထရန့်ကပြောကြားခဲ့သော်လည်း ယင်းဆွေးနွေးပွဲလည်း ဖြစ်ပေါ်မလာခဲ့ပေ။
ယူကရိန်းနိုင်ငံအား တာဝေးပစ်ဒုံးကျည်များ ထောက်ပံ့ပေးခဲ့ပါက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထိခိုက် မည်ဖြစ်ပြီး အမေရိကန်-ရုရှား နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်သွားနိုင်ကြောင်းလည်း ပူတင်က ထရန့်အားပြောကြားခဲ့သည်ဟု ကရင်မလင်အရာရှိကြီး ယူရီအူရှာနော့ဗ်ကထုတ်ဖော်ပြောကြားသည်။
ဟန်ဂေရီဝန်ကြီးချုပ်ဗစ်တာအော်ဘန်သည် နေတိုးအဖွဲ့နှင့်‌ဥရောပခေါင်းဆောင်အများစုနှင့်ကွဲပြားစွာ မော်စကိုနှင့်ရင်းနှီးသောဆက်ဆံ‌ရေးကို ဆက်ထိန်းထားခဲ့ကာ ကိဗ်အတွက်အနောက်တိုင်းစစ်ရေးအကူ အညီများကို မေးခွန်းထုတ်ခဲ့သူဖြစ်သည်။
“အမေရိကန်နဲ့ရုရှားသမ္မတနှစ်ဦးတွေ့ဆုံဖို့စီစဉ်ထားတယ်ဆိုတာ ငြိမ်းချမ်းရေးကိုမြတ်နိုးတဲ့ ကမ္ဘာပြည်သူတွေအတွက်သတင်းကောင်းဖြစ်ပါတယ်။ ကျွန်တော်တို့အသင့်ရှိပါတယ်” ဟု ဗစ်တာအော်ဘန်ကပြောကြားသည်။
၎င်းအနေဖြင့်အမေရိကန်သမ္မတထရန့်နှင့် ဖုန်းနှင့်စကားပြောခဲ့ပြီး ထိပ်သီးအစည်းအဝေးအတွက် ပြင်ဆင်မှုများလုပ်ဆောင်နေပြီဖြစ်ကြောင်း မစ္စတာအော်ဘန်ကနောက်ပိုင်းတွင် ထပ်မံအတည်ပြု ပြောကြားသည်။
သတင်း - ရဲမင်း
ကိုးကား - Reuters
#နိုင်ငံတကာသတင်း

image
9 w - Translate

တောင်ကြီးမြို့လယ်ခေါင်မှာ လူသတ်ပြီး အလောင်းစွန့်ပစ်မှုဖြစ်
အောက်တိုဘာ ၁၇ ၊၂၀၂၅
GG (VOM)
ရှမ်းပြည်နယ်တောင်ပိုင်း ၊ တောင်ကြီးမြို့လယ်ခေါင်ရှိ မြို့မရပ်ကွက်၊ စဝ်စံထွန်းလမ်းထဲမှာ ဒဏ်ရာအများအပြားနဲ့အသတ်ခံထားရတဲ့ အမျိုးသားအလောင်းကို လာရောက် စွန့်ပစ်မှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။
ဖြစ်စဥ်မှာ ညတုန်းကဖြစ်ပွားခဲ့တာဖြစ်ပြီး အသတ်ခံထားရတဲ့ အလောင်းကို ကားနဲ့လာရောက်စွန့်ပစ်သွားတာဖြစ်ကြောင်း အသတ်ခံရသူမှာ မျက်နှာပျက်စီးနေပြီး ခန္ဓာကိုယ်မှာလည်း ဓားထိုးသွင်းဒဏ်ရာ၊ မီးလောင်ဒဏ်ရာ၊ ကြိုးချည်ဒဏ်ရာတွေ တွေ့ရှိရတယ်လို့ သိရပါတယ်။
"ဓားဒဏ်ရာတွေလည်းရှိတယ်။ ဒဏ်ရာတွေတော့အများကြီးပဲသိရတယ် ။ မြို့မရပ်ကွက်၊ စဝ်စံထွန်းလမ်း ထဲက လ္ဘက်ရည်ဆိုင်အနီးလမ်းကြားနားမှာ အလောင်းကိုလာပစ်သွားတာပါ ။ အလောင်းကတော့ ညကတည်းကသယ်သွားကြတယ်။ နားရွက်တဖက်လည်း အဖြတ်ခံထားရတယ်။တောင်ကြီးမှာခုလိုဖြစ်တာ တော်တော်ကိုရှားပါတယ်။မလုံခြုံတော့သလိုပဲ။ဘယ်လိုဖြစ်ပြီးသတ်ခံရတယ်ဆိုတာတော့ မသိရသေးဘူး။တောင်ကြီးမှာတော့ ဒီကိစ္စ အခုမနက်အတော်လေး ဟော့နေတယ်။ " လို့ ဖြစ်စဥ်သိသူ ဒေသခံကပြောပါတယ်။
အသတ်ခံရတဲ့အမျိုးသားက လောလောဆယ်မှာ မိသားစုနဲ့ အဆက်အသွယ်မရသေးကြောင်း ၊ ပိုင်ရှင်မဲ့အလောင်းအဖြစ်သတ်မှတ်ထားပြီး လူသတ်ပြီး အလောင်းစွန့်ပစ်သွားတဲ့ တရားခံတွေကို အမြန်ဆုံးဖမ်းမိရေး သက်ဆိုင်ရာနယ်မြေရဲစခန်းက လိုက်လံစစ်ဆေး ရှာဖွေနေတယ်လို့သိရပါတယ်။
လက်ရှိမှာ အသတ်ခံရတဲ့ရုပ်အလောင်းကို တောင်ကြီး စဝ်စံထွန်းဆေးရုံကိုပို့ဆောင်ထားပြီး ရင်ခွဲစစ်ဆေးဖို့လုပ်နေတယ်လို့သိရပါတယ်။
ဖြစ်စဥ်နဲ့ပတ်သက်ပြီး တောင်ကြီးမြို့ အမှတ် ၁ ရဲစခန်း၊ အမှတ် ၂ ရဲစခန်းတို့ကို VOM မှ ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရရှိခဲ့ပါဘူး။

image