ဂရင်းလန်းကို ရယူဖို့ စစ်ရေးအပါအဝင် နည်းလမ်းတွေကို ဒေါ်နယ်ထရန့် ဆွေးနွေးနေ

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဟာ ဂရင်းလန်းကို ရယူဖို့အတွက် စစ်ရေးအပါအဝင် အခြားရွေးချယ်စရာနည်းလမ်းတွေကို ဆွေးနွေးနေတယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။

နေတိုးအဖွဲ့ဝင် ဒိန်းမတ်နိုင်ငံရဲ့ တစိတ်တပိုင်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ ဂရင်းလန်းကို ရယူတာဟာ အမေရိကန်ပြည်ထောင်စုရဲ့ အမျိုးသားလုံခြုံရေးဦးစားပေး ဖြစ်တယ်လို့ အိမ်ဖြူတော်က ဆိုပါတယ်။

ဥရောပခေါင်းဆောင်တွေကတော့ အာတိတ်‌ဒေသရှိ အဲဒီကျွန်းအရေးနဲ့ပတ်သက်ပြီး ဒိန်းမတ်နိုင်ငံကို ထောက်ခံကြောင်း ပူးတွဲကြေညာချက်ထုတ်ပြန်ပြီး နာရီပိုင်းအကြာမှာ အိမ်ဖြူတော်ရဲ့ ကြေညာချက် ထွက်ပေါ်လာတာပါ။

ထရမ့်က အမေရိကန်သည် လုံခြုံရေးအကြောင်းပြချက်များကြောင့် ဂရင်းလန်းကို "လိုအပ်သည်" ဟု ပြီးခဲ့သည့်သီတင်းပတ်ကုန်တွင် ထပ်မံပြောကြားခဲ့ပြီး ဒိန်းမတ်ဝန်ကြီးချုပ် မက်တီ ဖရက်ဒရစ်ဆန်က အမေရိကန်၏ မည်သည့်တိုက်ခိုက်မှုမဆို နေတိုး၏ အဆုံးသတ်ကို ဖော်ပြလိမ့်မည်ဟု သတိပေးခဲ့သည်။

"သမ္မတနဲ့ သူ့ရဲ့ အဖွဲ့ဟာ ဒီလိုအရေးကြီးတဲ့ နိုင်ငံခြားရေးမူဝါဒရည်မှန်းချက်အတွက် ရွေးချယ်စရာများစွာကို ဆွေးနွေးနေပြီး အမေရိကန်စစ်တပ်ကို အသုံးပြုတာဟာလည်း စစ်ဦးစီးချုပ်ရဲ့ ရွေးချယ်မှုတခုဖြစ်ပါတယ် "လို့ အိမ်ဖြူတော်က ဆိုပါတယ်။

နေတိုးဟာ အတ္တလန္တိတ်ဖြတ်ကျော် စစ်ရေးမဟာမိတ်အဖွဲ့တခုဖြစ်ပြီး ပြင်ပတိုက်ခိုက်မှုတွေ ကြုံတွေ့ရပါက မဟာမိတ်တွေအနေနဲ့ အချင်းချင်း ကူညီရမှာဖြစ်ပါတယ်။ အင်္ဂါနေ့မှတော့ ဥရောပမဟာမိတ်ခြောက်နိုင်ငံဟာ ဒိန်းမတ်ဘက်ကနေ ထောက်ခံတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

"ဂရင်းလန်းဟာ ဂရင်းလန်းပြည်သူပိုင်ဖြစ်ပြီး ဒိန်းမတ်နဲ့ ဂရင်းလန်းသာ သူတို့ရဲ့ ဆက်ဆံရေးနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေကို ဆုံးဖြတ်နိုင်တယ် "လို့ ယူကေ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ပိုလန်၊ စပိန်နဲ့ ဒိန်းမတ်ခေါင်းဆောင်တွေက ပူးတွဲကြေညာချက်မှာ ပြောပါတယ်။

ဗင်နီဇွဲလားမှာ အမေရိကန်စစ်တပ်က စစ်ဆင်ရေးလုပ်ဆောင်ခဲ့ပြီး သမ္မတ နီကိုးလပ်စ်မာဒူရိုကို ဖမ်းဆီးပြီးနောက် ရက်ပိုင်းအကြာမှာ ဂရင်းလန်းအရေးနဲ့ပတ်သက်ပြီး အမေရိကန်နဲ့ ဒိန်းမတ်တို့ သံတမန်ရေး တင်းမာမှု ဆက်လက်ဖြစ်ပေါ်နေခဲ့တာဖြစ်ပါတယ်။

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ

(ဇန်နဝါရီ - ၇ ရက်၊ နံနက် ၁၀ နာရီ)

#ရွှေဈေး

-ကမ္ဘာ့ရွှေဈေး
တအောင်စ ၄၄၇၆ ဒေါ်လာ

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း

- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၆၀၀၀၀၀၀ ကျပ်

ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၉၄၀၀၀၀၀ ကျပ်
ဝယ်ဈေး ၉၃၆၀၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၉၀၀၀၀၀၀ ကျပ်
ဝယ်ဈေး ၈၉၆၀၀၀၀ ကျပ်

* စနစ်သစ်
(၁ိ - ၁၆.၃၂၉၃၂၅ ဂရမ် = ၁၂၀ ရွေး)

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၉၂၈၀၀၀၀ ကျပ်
ဝယ်ဈေး ၉၂၄၀၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၈၈၈၀၀၀၀ ကျပ်
ဝယ်ဈေး ၈၈၄၀၀၀၀ ကျပ်

“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”

(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)

#နိုင်ငံခြားငွေလဲလှယ်နှုန်း

-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၆၅၄ ကျပ်

ပြင်ပပေါက်စျေး

-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၃၉၈၀ ကျပ်
ဝယ်ဈေး - ၃၈၈၀ ကျပ်

-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၁၀၅ ကျပ်
ဝယ်ဈေး - ၃၀၂၅ ကျပ်

-ယူရို
ရောင်းဈေး - ၄၆၅၀ ကျပ်
ဝယ်ဈေး - ၄၅၃၅ ကျပ်

-ထိုင်းဘတ်
ရောင်းဈေး - ၁၂၇.၃၉ ကျပ်
ဝယ်ဈေး - ၁၂၄.၂၂ ကျပ်

-မလေးရှားရင်းဂစ်
ရောင်းဈေး - ၉၈၁ ကျပ်
ဝယ်ဈေး - ၉၅၇ ကျပ်

-တရုတ်ယွမ်
ရောင်းဈေး - ၅၆၈ ကျပ်
ဝယ်ဈေး - ၅၅၄ ကျပ်

-ဂျပန်ယန်း
ရောင်းဈေး - ၂၅.၃၉ ကျပ်
ဝယ်ဈေး - ၂၄.၇၆ ကျပ်

-အိန္ဒိယရူပီး
ရောင်းဈေး - ၄၄.၀၉ ကျပ်
ဝယ်ဈေး - ၄၂.၉၉ ကျပ်

-ကိုရီးယားဝမ်
ရောင်းဈေး - ၂.၇၅ ကျပ်
ဝယ်ဈေး - ၂.၆၈ ကျပ်

-စတာလင်ပေါင်
ရောင်းဈေး - ၅၃၇၅ ကျပ်
ဝယ်ဈေး - ၅၂၄၀ ကျပ်

-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၆၈၃ ကျပ်
ဝယ်ဈေး - ၂၆၁၆ ကျပ်

-ကနေဒါဒေါ်လာ
ရောင်းဈေး - ၂၈၈၀ ကျပ်
ဝယ်ဈေး - ၂၈၁၀ ကျပ်

-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၁၁ ကျပ်
ဝယ်ဈေး - ၄၉၈ ကျပ်

-ယူအေအီး
ရောင်းဈေး - ၁၀၈၃ ကျပ်
ဝယ်ဈေး - ၁၀၅၆ ကျပ်

ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။

#voiceofmyanmar #vom #todaygoldprice #ရွှေစျေး #နိုင်ငံခြားငွေလဲလှယ်နှုန်း #ဒေါ်လာစျေး

အွန်လိုင်းလိမ်လည်မှုနှင့် ဒုစရို-က်မှုလုပ်ငန်းများတွင်ဆက်စပ်ပါဝင်ခဲ့သည့် ပြည်ပနိုင်ငံသား(၃၂)ဦးကိုလွှဲ ပြောင်းပေးအပ်

မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်လာပြီး ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေတွင် တရားမဝင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရို-က်မှုများကျူးလွန်ခဲ့ကြသည့် ပြည်ပနိုင်ငံသား(၃၂)ဦးကို ယနေ့ ဇန်နဝါရီ ၆ ရက်က သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

ပါကစ္စတန်နိုင်ငံသား(၂၃)ဦး၊ ဇင်ဘာဘွေနိုင်ငံသား(၃) ဦး၊ ကင်မရွန်းနိုင်ငံသား(၃)ဦး၊ လိုင်ဘေးရီးယားနိုင်ငံသား(၂)ဦးနှင့် ဇန်ဘီယာနိုင်ငံသား(၁)ဦးတို့အား မြန်မာ -ထိုင်းအမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်းစာနာထောက် ထားမှုနှင့် နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုတို့ကို ရှေးရှု၍ ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီလွှဲ ပြောင်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်မှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါ ရီ ၆ ရက်အထိ မြဝတီမြို့နယ်အတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား(၁၄,၁၃၅)ဦးကိုထိန်းသိမ်းနိုင်ခဲ့ပြီး ၎င်းတို့အနက် (၁၁,၇၇၇)ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျပြည်နှင်လွှဲပြောင်းပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ထို့အတူ ကျန်ရှိသည့် ပြည်ပနိုင်ငံသား(၂,၃၅၈)ဦးမှာလည်း သက်ဆိုင်ရာနိုင်ငံများသို့လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကာ ကောင်းမွန်စွာထိန်းသိမ်းစောင့်ရှောက်ထားကြောင်း သိရသည်။

တရုတ်ထိပ်တန်းလွှတ်တော်အမတ်က ကိုရီးယားသမ္မတနှင့်တွေ့ဆုံ

ပေကျင်း၊ ဇန်နဝါရီ ၆

တရုတ်နိုင်ငံ နိုင်ငံတော်ပြည်သူ့ကွန်ဂရက် (အင်န်ပီစီ) အမြဲတမ်းကော်မတီ ဥက္ကဋ္ဌ ဇောင် လယ်ဂျီ သည် ကိုရီးယားသမ္မတနိုင်ငံ (အာရ်အိုကေ) သမ္မတ လီဂျေးမြောင် နှင့် အင်္ဂါနေ့က ပေကျင်း၌ တွေ့ဆုံခဲ့သည်။

နှစ်နိုင်ငံကြား သံတမန်ဆက်ဆံရေး ထူထောင်ချိန်မှစ၍ လွန်ခဲ့သည့် ဆယ်စုနှစ် သုံးခုကျော်အတွင်း ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှုသည် တရုတ်-ကိုရီးယား ဆက်ဆံရေး၏ ထူးခြားသော လက္ခဏာတစ်ရပ်ဖြစ်ကြောင်း ဇောင် က မှတ်ချက်ပြု ပြောကြားခဲ့သည်။ နှစ်နိုင်ငံခေါင်းဆောင်များသည် တနင်္လာနေ့တွင် တွေ့ဆုံဆွေးနွေးခဲ့ပြီး လမ်း‌ေကြာင်းချမှတ်ကာ ဆက်ဆံရေးပိုမိုဖွံ့ဖြိုးတိုးတက်ရန်အတွက် အသေးစိတ် အစီအစဉ်သစ်ကို ရေးဆွဲခဲ့ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

နှစ်နိုင်ငံခေါင်းဆောင်များ၏ အရေးကြီးသော သဘောတူညီမှုကို အကောင်အထည်ဖော်ရန်၊ အိမ်နီးချင်းကောင်း ချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန်အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစွာ မြှင့်တင်ရန်၊ ပြည်သူများ၏ သဘောထားအမြင်အခြေခံကို မြှင့်တင်ရန်နှင့် တရုတ်-ကိုရီးယား မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်ဆက်ဆံရေး တည်ငြိမ်ပြီး ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ရန် တရုတ်နိုင်ငံနှင့် လက်တွဲဆောင်ရွက်သွားရန် ဆန္ဒရှိကြောင်း ဇောင် က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏ နိုင်ငံတော်ပြည်သူ့ကွန်ဂရက်သည် ကိုရီးယားသမ္မတနိုင်ငံ ပြည်သူ့လွှတ်တော်နှင့် အဆင့်မြင့် ဖလှယ်မှုများ၏ အရှိန်အဟုန်ကို ထိန်းသိမ်းရန်၊ အဆင့်မျိုးစုံနှင့် နယ်ပယ်အသီးသီးတွင် ဆက်သွယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းလာစေရန်နှင့် နှစ်နိုင်ငံအကြား အပြန်အလှန်အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုအတွက် တရားဝင်အာမခံချက်ပေးရန် ဆန္ဒရှိကြောင်း ဇောင် က ပြောကြားခဲ့သည်။

လီက တောင်ကိုရီးယားသည် စီးပွားရေး၊ ယဉ်ကျေးမှုနှင့် အခြားနယ်ပယ်များတွင် တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုကို နက်နက်ရှိုင်းရှိုင်း လုပ်ဆောင်ရန် ဆန္ဒရှိကြောင်း၊ လွှတ်တော်များနှင့် နိုင်ငံရေးပါတီများအကြား အပြန်အလှန်ဖလှယ်မှုများ မြှင့်တင်ရန်နှင့် နှစ်နိုင်ငံဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အစိုးရမဟုတ်သော ဖလှယ်မှုများ တိုးမြှင့်သွားရန် ဆန္ဒရှိကြောင်း လီက ပြောကြားခဲ့သည်။

Ref: ရှင်းဟွာ

အွန်လိုင်းလိမ်လည်မှုတွင် ပါဝင်သည့် နိုင်ငံခြားသားများ ပြန်လည်လွှဲပြောင်းပေးမှုများနှင့် မြန်မာ-ဖိလစ်ပိုင်နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးဆွေးနွေး

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ သည် မြန်မာနိုင်ငံသို့ အလုပ်သဘောခရီးစဉ်လာရောက်နေသည့် အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး H.E. Ms. Maria Theresa Parreno Lazaro ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ ကို ယမန်နေ့က တွေ့ဆုံခဲ့ကြောင်း သိရသည်။

နယ်စပ်ဖြတ်ကျော်မှုခင်းများနှင့် အွန်လိုင်းလိမ်လည်မှုများ တိုက်ဖျက်ရာတွင် အိမ်နီးချင်းနိုင်ငံများနှင့် ဒေသတွင်းနိုင်ငံများသာမက နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်နေမှုများ၊ ဖိလစ်ပိုင်နိုင်ငံသားများအပါအဝင် အွန်လိုင်းလိမ်လည်မှုတွင်ပါဝင်သည့် နိုင်ငံခြားသားများအား သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးမှုအခြေအနေနှင့် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်၊

ထို့ပြင် မြန်မာနိုင်ငံ၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၁) အောင်မြင်စွာကျင်းပပြီးစီးမှု အခြေအနေနှင့် ရွေးကောက်ပွဲ အပိုင်း(၂)နှင့် အပိုင်း(၃)တိုကို အောင်မြင်စွာ ဆက်လက်ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင် ရွက်လျက်ရှိသည့်အခြေအနေများကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် အာဆီယံတူညီဆန္ဒ (၅) ချက် အကောင်အထည်ဖော်ရာ၌ အာဆီယံဥက္ကဋ္ဌနှင့် ပူးပေါင်းဆောင်ရွက်မှုများအပါအဝင် ပြည်ထောင်စု ဝန်ကြီး၏ ရှင်းလင်းပြောကြားချက်များကို သိရှိ မှတ်သားရကြောင်း၊ မြန်မာနိုင်ငံသည် အာဆီယံ၏ အဖွဲဝင်နိုင်ငံ တစ်နိုင်ငံဖြစ်သည်နှင့်အညီ အာဆီယံ၏ ကြိုးပမ်းအားထုတ်မှုများနှင့် အာဆီယံဥက္ကဋ္ဌ၏ ဦးဆောင်ဦးရွက်ပြုမှုများတွင် အပြုသဘောပူးပေါင်း ဆောင်ရွက်မှုများအတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။

ယခု ခရီးစဉ်သည် အာဆီယံဥက္ကဋ္ဌအဖြစ် ဖိလစ်ပိုင်နိုင်ငံက စတင်တာဝန်ယူပြီးနောက် ပထမဆုံး လာရောက်သည့် မိတ်ဆက်ခရီးစဉ်ဖြစ်ပြီး မြန်မာနိုင်ငံနှင့် ဆက်လက်ထိတွေ့ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အွန်လိုင်းလိမ်လည်မှုမှတစ်ဆင့် လူကုန်ကူးခံရသည့် ဖိလစ်ပိုင်နိုင်ငံသားများကိုကယ်တင်၍ ပြန်လည်လွှပြောင်းပေးသည့်အတွက် မြန်မာအစိုးရအား ကျေးဇူးတင်ရှိကြောင်းပြောကြားပြီး နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်နိုင်သည့် ကဏ္ဍများကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ရွေးကောက်ပွဲကို နှောင့်ယှက်ဟန့်တားခြင်းကြောင့် အရေးယူဆောင်ရွက်မှု ၂၄၀ ရှိပြီး ကျုးလွန်သူ(၃၃၅)ဦးကို အရေးယူထား

ယခုကျင်းပနေသည့် ၂၀၂၅ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ပျက်ပြားစေရန် နည်းအမျိုးမျိုးဖြင့် ကျုးလွန်ခဲ့သူများကို အရေးယူခြင်းများဆောင်ရွက်ခဲ့ရာ ၂၀၂၆ ဇန်နဝါရီ (၅)ရက်နေ့အထိ အမှုပေါင်း(၂၄၀)ထိရှိကြောင်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှုဗဟိုကော်မတီမှ သိရသည်။

ပြည်ထောင်စုနယ်မြေနှင့် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီး၌ “ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ” အရ အရေးယူဆောင်ရွက်မှု ၂၄၀ တွင် တရားခံအမျိုးသား ၂၇၅ ဦး၊ အမျိုးသမီး ၆၀၊ စုစုပေါင်း ၃၃၅ ဦးရှိ ကြောင်း သိရသည်။

ဆက်လက်၍ ရွေးကောက်ပွဲလုံခြုံရေးအား ထိခိုက်စေနိုင်သော လှုံဆော်မှုများ၊ ဝါဒဖြန့်မှုများ ကျူးလွန်နေသူများအား စုံစမ်းဖော်ထုတ်အရေး ယူခြင်းများကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် ကပြောသည်။

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှုဗဟိုကော်မတီ ဆဋ္ဌမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲဌာနချုပ် ၌ ကျင်းပခဲ့ကြောင်းလည်း သိရသည်။

ရွေးကောက်ပွဲ အပိုင်း(၁) ကို ၂၀၂၅ ဒီဇင်ဘာ ၂၈ ရက်နေ့က ကျင်းပခဲ့ပြီးဖြစ်ပြီး အပိုင်း(၂)ကို ဇန်နဝါရီ ၁၁ ရက်နေ့ နှင့် အပိုင်း(၃)ကို ဇန်နဝါရီ ၂၅ ရက်နေ့ တို့ ၌ ကျင်းပမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က အသိပေးထားသည်။

မျက်စိအလင်းအလှူအတွက် သီတဂူစက္ခုဒါနဆေးရုံ (ရန်ကုန်) တွင် ကုသမှုခံယူသူစာရင်း လက်ခံရန် ရှိနေ

မျက်စိအလင်းအလှူအတွက် သီတဂူစက္ခုဒါန ဆေးရုံ (ရန်ကုန်) တွင် ဇန်နဝါရီ (၂၇) ရက်မှစ၍ ကုသမှုခံယူသူစာရင်း လက်ခံမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ မျက်စိအလင်းအလှူသည် (၁၆) ကြိမ်မြောက် ဖြစ်ကာ ဇန်နဝါရီ (၂၇) ရက်၊ နံနက် (၇) နာရီမှ စတင်လက်ခံမည်ဖြစ်သည်။

ကုသမှုခံယူမည့်သူများအနေဖြင့် လူကိုယ်တိုင် သို့မဟုတ် ကိုယ်စားလာရောက်၍ စာရင်းပေးသွင်းနိုင်ကာ လက်ခံမည့်လူဦးရေမှာ (၁၅၀၀) သာ လက်ခံမည်ဖြစ်သည်။

သို့သော် အမှတ်စဉ် (၁၅၀၁) မှစ၍ နောက်ကျ လူများကို မတ်လ၌ ပြုလုပ်မည့် (၁၇) ကြိမ်မြောက်တွင် ပါဝင်ကာ ပြုလုပ်ပေးသွားမည်ဟု သိရသည်။

စာရင်းပေးသွင်းမှုကို ဒဂုံမြို့သစ်မြောက်ပိုင်း၊ ပါရမီလမ်း၊ ဦးဝိစာရလမ်းနှင့် ပင်လုံလမ်းဆုံ မီးပွိုင့်၊ နာရီစင်မှတ်တိုင်အနီး ဘေလီတံတားအဆင်းရှိ သီတဂူစက္ခုဒါနဆေးရုံ (ရန်ကုန်) တွင် ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ - သီတဂူစက္ခုဒါနဆေးရုံ (ရန်ကုန်)

PEP နို့ခဲနှင့်ပတ်သက်ပြီး PEP Myanmar က စားသုံးသူ ပြည်သူများကို တောင်းပန်

FDA နှင့် ထပ်မံစစ်ဆေးမှုများလုပ်ဆောင်မည်

လူမှုကွန်ရက်မီဒီယာတွင် စားသုံးသူတစ်ဦးမှ တင်ခဲ့သော PEP နို့ခဲနှင့် ပတ်သက်သည့် Complaint တစ်ခုကို စစ်ဆေးမှုပြုလုပ်ခဲ့ရာတွင် စားသုံးသူမှတင်ထားသည့် ဗီဒီယို၊ ဓာတ်ပုံအရ နို့ခဲအတွင်း ပါလာသော ထိုပစ္စည်းသည် ထုပ်ပိုးမှုစက်ပစ္စည်းတွင်အသုံးပြုသည့် သန့်ရှင်းရေးကိရိယာမှ metal ချောင်းတစ်ခုဖြစ်သည်ဟု သံသယရှိကြောင်း PEP Myanmar က ယမန်နေ့က ထုတ်ပြန်ထားသည်။

စားသုံးသူအများပြည်သူများကို စိတ်ပူပန်စေခဲ့မှု၊ စိတ်အနှောင့်အယှက်ဖြစ်စေခဲ့မှုအပေါ် PEP ဝန်ထမ်းမိသားစုမှ အထူးဝမ်းနည်းစွာ တောင်းပန်ကြောင်းလည်း ဖော်ပြထားသည်။

ဤဖြစ်ရပ်အပေါ် တာဝန်ယူလက်ခံပြီး စစ်ဆေးရေးလုပ်ငန်းစဥ်များကို ပိုမိုတိုးမြှင့်ကာ ပြင်ဆင်ချက်များ ချမှတ်ထား၍ စတင်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

FDA ကိုလည်း မိမိတို့ကိုယ်တိုင် ယနေ့ပင် အကြောင်းကြားပြီး မိမိတို့၏ ထုတ်လုပ်မှုကျင့်စဥ်အား ထပ်မံအစစ်ဆေးခံမည်ဖြစ်ကြောင်းလည်း အသိပေးထားသည်။

PEP Myanmar သည် FDA, HACCP နှင့် ISO စံနှုန်းများအရ အရည်အသွေးနှင့် ထုတ်လုပ်မှုစံချိန်စံညွှန်းများအတိုင်း တင်းကြပ်စွာ လိုက်နာကျင့်သုံးသွားမည့်အပြင် ယခုကိစ္စအားဖြစ်လေ့ဖြစ်ထရှိသည်ဟု မမှတ်ယူဘဲ တာဝန်ယူမှု တာဝန်ခံမှု အပြည့်ဖြင့် ကြိုးစားလုပ်ဆောင်မည်ဖြစ်ကြောင်း စားသုံးသူများအား ကတိကဝတ်ပြုထားကြောင်း သိရသည်။

ရေနံစည်ပေါင်း၅၀သန်းအထိရမည့် အစီအစဉ်ကို ထရမ့်ပ်က ကြွားဝါ

ဇန်နဝါရီလ ၇

ဗင်နီဇွဲလားနိုင်ငံရှိ ပိ-တ်ဆို့အရေးယူခံထားရသော ရေနံစည်ပေါင်း ၃၀ သန်းမှ ၅၀ သန်းအကြားကို အမေရိကသို့ လွှဲပြောင်းပေးအပ်တော့မည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ကြေညာခဲ့ပါသည်။

"ဒီရေနံတွေကို ဈေးကွက်ပေါက်ဈေးအတိုင်း ရောင်းမှာပါ။ အဲဒီငွေတွေကို အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတအနေနဲ့ ကျွန်ုပ်က ထိန်းချုပ်သွားမှာပါ။ ဒါကို ဗင်နီဇွဲလားပြည်သူတွေနဲ့ အမေရိကန်ပြည်သူတွေရဲ့ အကျိုးစီးပွားအတွက် အသုံးပြုသွားမှာပါ" ဟု ထရမ့်ပ်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားခဲ့သည်။

၎င်းသည် အဆိုပါ အစီအစဉ်နှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို ထပ်မံထုတ်ပြန်ခြင်း မရှိသေးသကဲ့သို့ ဗင်နီဇွဲလားတာဝန်ရှိသူများဘက်ကလည်း ချက်ချင်းတုံ့ပြန်ပြောဆိုခြင်း မရှိသေးကြောင်းသိရသည်။

ဗင်နီဇွဲလား၏ ရေနံလုပ်ငန်းကို အမေရိက က ထိန်းချုပ်ရန်နှင့် အမေရိကန် ရေနံကုမ္ပဏီများမှတစ်ဆင့် ပြန်လည်အသက်သွင်းရန် အစီအစဉ်ရှိကြောင်း ထရမ့်ပ်ကပြောကြားခဲ့သော်လည်း ပညာရှင်များကမူ ဗင်နီဇွဲလား၏ စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အဦးများကို ပြန်လည်ပြုပြင်ရန်အတွက် အလွန်များပြားသော ရင်းနှီးမြှုပ်နှံမှုများ လိုအပ်မည်ဖြစ်ကြောင်း ထောက်ပြထားကြောင်း သိရှိရပါသည်။

Ref : ဒီဒဗ္ဗလျူ

စားသုံးသူ ကာကွယ်ရေးအတွက် ဈေးကွက်အတွင်း စောင့်ကြည့်မည် စစ်ဆေးရေးအရာရှိ ၅၆၀ ကျော်ခန့်ထား၊
၂၀၂၅ ခုနှစ်အတွင်း စားသုံးသူတိုင်ကြားမှု စုစုပေါင်း (၂၈၅) မှု အနက် တိုင်ကြားမှု အများဆုံးမှာ ဆက်သွယ်ရေးဝန်ဆောင်မှု နှင့် အီလက်ထရောနစ်ကူးသန်းရောင်းဝယ်ရေးဝန်ဆောင်မှုများဖြစ်

ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် စားသုံးသူကာကွယ်ရေး ဥပဒေနှင့်အညီ စစ်ဆေးရေးအရာရှိ ၅၆၆ ဦးကို ခန့်အပ်ထာကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

စီးပွားရေးလုပ်ငန်းရှင်များက တင်ပြလာသည့် ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသော ကုန်စည်များ၌ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် ညွှန်ကြားချက်နှင့် ကိုက်ညီမှုရှိမရှိ၊ စားသုံးသူရေးရာဦးစီးဌာနက စိစစ်ဆောင်ရွက်နေခြင်းလည်း ဖြစ်သည်။

၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလထိ စားသုံးသူတိုင်ကြားမှု စုစုပေါင်း (၂၈၅) မှု အနက် ရန်ကုန်နှင့် မန္တလေးတိုင်းဒေသကြီးတွင် အများဆုံးဖြစ်ပြီး တိုင်ကြားမှု အများဆုံးမှာ ဆက်သွယ်ရေးဝန်ဆောင်မှုနှင့် အီလက်ထရောနစ်ကူးသန်းရောင်းဝယ်ရေးဝန်ဆောင်မှုများဖြစ်သည်ကို တွေ့ရှိရကြောင်း သိရသည်။

ဈေးကွက်အတွင်းစောင့်ကြည့်စစ်ဆေးရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် စစ်ဆေးရေးအရာရှိ ၅၆၆ ဦးကိုခန့်အပ်ထားပြီး မျှတသည့် ဈေးကွက်တစ်ခုပုံဖော်နိုင်မည်ဖြစ်သည့်အပြင် စားသုံးသူအခွင့်ရေးဆိုင်ရာ လှုပ်ရှားဆောင်ရွက်မှုများကို ပြည်သူအားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားရန်လည်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေက ပြောသည်။

ယမန်နေ့က မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ လုပ်ငန်းညှိနှိုင်းအစည်းဝေးကိုလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးသို့ ကော်မရှင်အဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ တိုင်းနှင့်ပြည်နယ်များက စားသုံးသူရေးရာကော်မတီ ဥက္ကဌများ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။