တိုက်ဖွန်းကြောင့်ဖိလစ်ပိုင်မှာနှစ်ဦး‌ေ-သဆုံး၊ အိမ်အမိုးများပေါ်နှင့် ရေမြုပ်ကားများအတွင်း လူများစွာ ပိတ်မိနေ

အလျင်အမြန်ရွေလျားသော တိုက်ဖွန်းမိုင်တိုင်းသည် ပစိဖိတ်သမုဒ္ဒရာမှ ညတွင်းချင်း ကမ်းခြေကို ဝင်ရောက်ပြီးနောက် တနင်္လာနေ့တွင် ဖိလစ်ပိုင်အလယ်ပိုင်းကို တို-က်ခတ်ခဲ့ရာ လူနှစ်ဦးထက်မနည်း ‌ေ-သဆုံးပြီး ရေကြီးရေလျှံမှုများကြောင့် ကျေးရွာနှစ်ရွာတွင် အိမ်ခေါင်မိုးများပေါ်နှင့် ရေမြုပ်နေသော ကားများအတွင်း ဒေသခံများစွာသည် ပိတ်မိနေခဲ့သည်။ မုန်တိုင်းကြောင့် သောင်းနှင့်ချီသောလူများကို ဘေးလွတ်ရာ သို့ရွှေ့ပြောင်းပေးခဲ့ရကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

တိုင်ဖွန်း Kalmaegi သည် ညသန်းခေါင်ယံအချိန်ခန့်တွင် အရှေ့ပိုင်းပြည်နယ် Southern Leyte ၏ ဆေလာဂိုမြို့ကို ကုန်တွင်းကို ဝင်ရောက်ခဲ့ပြီးနောက် မွန်းတည့်ချိန်မတိုင်မီတွင် အလယ်ပိုင်း Negros Occidental ပြည်နယ် ဘာကိုလော့ဒ်မြို့ကို တစ်နာရီ ၈၇ မိုင် နှုန်းဖြင့် တို-က်ခတ်ခဲ့သည်။

Southern Leyte ပြည်နယ်တွင် သက်ကြီးပိုင်းကျေးရွာသားတစ်ဦး ရေနစ်‌ေ-သဆုံးခဲ့ပြီး ပြည်နယ်တစ်ဝန်းတွင် လျှပ်စစ်ဓာတ်အားပြတ်တောက်လျက်ရှိသည်။ ထို့အပြင် အလယ်ပိုင်း ဘိုဟိုးပြည်နယ်တွင် သစ်ပင်ပိမိသဖြင့် နောက်ထပ် ရွာသားတစ်ဦး ‌ေ-သဆုံးခဲ့သည်ဟု ကနဦးအစီရင်ခံချက်များတွင် တာဝန်ရှိသူများက ပြောဆိုခဲ့သည်။

အလယ်ပိုင်း စီဘူးပြည်နယ် Liloan မြို့တွင် ရေလွှမ်းမိုးမှုကြောင့် အရေအတွက် အတိအကျမသိရသော ဒေသခံများ ၎င်းတို့ အိမ်ခေါင်မိုးများပေါ်တွင် ပိတ်မိနေကြသည်ဟု ဖိလစ်ပိုင်ကြက်ခြေနီအဖွဲ့ အတွင်းရေးမှူးချုပ်ဂျီဝမ်ဒိုလင်းပန် ပြောဆိုသည်။ ထို့အပြင် ယင်းပြည်နယ်ရှိ Mandaue မြို့တွင်လည်း ရေကြီးမှုသည် လူတစ်ရပ်မြုပ်လောက်သည်အထိဖြစ်နေကြောင်းနှင့် အခြား စီဘူးရပ်ကွက်တစ်ခုတွင် ကားများရေမြုပ်ခြင်း ရေထဲမျောပါခြင်းတို့ဖြစ်နေခဲ့သည်ဟု သူက ဆက်လက်ပြောကြားခဲ့သည်။
အိမ်ခေါင်မိုးများပေါ်နှင့် အိမ်များအတွင်း ပိတ်မိနေသူများထံမှ ကယ်ဆယ်ပေးရန် ဖုန်းဆက်တောင်းဆိုမှုများစွာ လက်ခံရရှိထားသော်လည်း ကယ်တင်ရန် မဖြစ်နိုင်သေးကြောင်း ပန်က အေပီသတင်းဌာနကို ပြောဆိုခဲ့သည်။

“အပျ-က်အစီးတွေ အများကြီးရှိနေပြီး ကားတွေ ရေထဲမျောပါနေတာ တွေ့မှာပါ။ ဒါကြောင့် ကျွန်မတို့ ရေတွေကျတဲ့အထိ စောင့်ရပါဦးမယ်” ဟု သူက ပြောကြားခဲ့သည်။

image

ကျားဖြန့်လုပ်ငန်းနှင့်သက်ဆိုင်သည့် စက်ပစ္စည်းများကို အထူးဒေသ(၄)တွင် မီးရှို့ဖျ-က်ဆီးခဲ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ အထူးဒေသ(၄)၊ မိုင်းလားမြို့ရှိ အမှိုက်မီးရှို့ကွင်းတွင် ဖမ်းဆီးရမိထားသော ကျားဖြန့်လုပ်ငန်းနှင့်သက်ဆိုင်သည့် စက်ပစ္စည်းများကို အောက်တိုဘာ ၃၁ ရက်ကမီးရှို့ဖျ-က်ဆီးခဲ့ကြောင်း သိရသည်။

အထူးဒေသ(၄)ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိထားသည့် ယွမ် (၁၀)သိန်းခန့်တန်ဖိုးရှိ ကျားဖြန့်လုပ်ငန်းနှင့်သက်ဆိုင်သည့် ဖုန်းများ၊ ကွန်ပျူတာများ၊ ရောက်တာ(Routtar) များကို စက်ယန္တရားကြီးများဖြင့် နင်းချေပြီးနောက်မီးရှို့ဖျ-က်ဆီးခဲ့ကြောင်း သိရသည်။

image

တန်ဆောင်တိုင်ရုံးပိတ်ရက်များတွင် ရုပ်ရှင်ရုံများမှာဇာတ်ကားများလူဝင်များ

နတ်ဝင်သည်ဇာတ်ကားနှင့်အပြိုင် ပြသနေသည့် “ယောကျာ်းတွေကို စိတ်ကုန်တယ် “ ရုပ်ရှင်ဇာတ်ကားကြီးကိုယနေ့နေ့လည် ၁ နာရီက စံရိပ်ငြိမ် ဂမုန်းပွင့်၊ညနေ ၄ နာရီခွဲက လှိုင်သာယာ ဝဇီယာ ၊မင်္ဂလာရုပ်ရှင်ရုံများတွင် ပြသနေရာ ရုံပြည့်ရုံလျှံအားပေးခဲ့ကြသည့်ပရိသတ်များထံ အနုပညာရှင်များကသွားရောက်တွေ့ဆုံခဲ့ကြသည်ကိုတွေ့ရသည်။

ထိုဇာတ်ကားသည်ဟာသ ဒရမ်မာ ဇာတ်လမ်းဖြစ်ပြီး ချောရတနာ အခန်းများကို ပရိတ်သတ်က တဟားဟားဖြစ်ရသည်။နေတိုးက တူ ၊တူမ များကိုထိန်းရသည့် ဦးလေးလူပျိုကြီးနေရာက ဒရမ်မာအခန်းတွေ သရုပ်ဆောင်ထားသည်။

တန်ဆောင်တိုင်ရုံးပိတ်ရက်များတွင် ရုပ်ရှင်ရုံများ၌ ပရိသတ်များ ရုံပြည်ရုံလျှံအားပေးနေကြောင်းသိရသည်။

image

ရန်ကုန်မြို့မှ ပံ့သကူကောက်ကြသူများ

ယနေ့ နိုဝင်ဘာ ၄ ရက်တွင်ကျရောက်သည့် တန်ဆောင် မုန်းလပြည့်နေ့(သာမညဖလအခါတော်နေ့)ညပိုင်းတွင် ရန်ကုန်မြို့ရှိနေရာအနှံ့၌ ပံ့သကူပစ်သူများ၊ ပံ့သကူကောက်ကြသူများကို တွေ့မြင်ရသည်မှာ ကြည်နူးစရာပင်ဖြစ်သည်။

ယခင်က ပံ့သကူဆိုသည်မှာ လှူလိုသည့် ​ငွေ၊ ပစ္စည်း၊စား​သောက်ကုန် တခုခုကိုနေရာတစ်ခုခုတွင်လူမမြင်​သေးခင် သွား၍ချထားခြင်းဖြစ်သည်။

ကိုယ်ချထားလှူခဲ့သည့်ပစ္စည်းကို ရသွားသည့်သူ၏ဝမ်းသာကြည်နူးမှုနှင့်၄င်းတို့မေတ္တာပို့သည့်အခါရသည့် ကုသိုလ်ကိုအမွန်အမြတ်ခံစားကြခြင်းဖြစ်သည်။

image

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား မသိုးရွှေကြာ သင်္ကန်းတော်(၁၅)ထည်ဆက်ကပ်လှူဒါန်း

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား မသိုးရွှေကြာ သင်္ကန်းတော်(၁၅)ထည်ဆက်ကပ်လှူဒါန်းခြင်းအား ယ နေ့ နိုဝင်ဘာ ၄ ရက်(တန်ဆောင်မုန်းလပြည့်နေ့)နံနက်ပိုင်းကကျင်းပရာ နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးတို့တက်ရောက် ၍ ဆက်ကပ်လှူဒါန်းခဲ့သည်။

မသိုးရွှေကြာသင်္ကန်းတော်(၁၅)ထည်ကို ရေပန်းရင်ပြင်တော်မှ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးရင်ပြင်တော်သို့ပင့်ဆောင်၍ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လက်ယာရစ်လှည့်လည်ပြီး ရွှေကြာကလပ်တော်ပေါ်သို့ ပင့်ဆောင်ခဲ့ကြသည်။

ထို့နောက် ယာယီသမ္မတ နေပြည်တော်အပါအဝင် တိုင်းနှင့် ပြည်နယ်ကိုယ်စားပြု ရက်ကန်းအဖွဲ့(၁၅)ဖွဲ့မှ ရက် လုပ်ထားသည့် မသိုးရွှေကြာသင်္ကန်းတော်(၁၅)ထည်ကို ဆက်ကပ်လှူဒါန်းပြီး ဥပါသကာများက မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး၏ လက်တော်ပေါ်သို့ ဆက်လက် ၍ဆက်ကပ်ပူဇော်ခဲ့ကြသည်။

ဗုဒ္ဓဘာသာမြန်မာလူမျိုးများ၏ ထုံးတမ်းစဉ်လာတွင် မသိုးသင်္ကန်းရက်လုပ်ဆက်ကပ်လှူဒါန်းခြင်းများကို တန်ဆောင်မုန်းလအခါသမယတွင် ကျင်းပပြုလုပ်လေ့ရှိပြီး လပြည့်နေ့မတိုင်မီ အဖိတ်နေ့ညနေပိုင်းတွင် သ င်္ကန်းတော်များကိုစတင်ရက်လုပ်၍ လပြည့်နေ့အရုဏ်မတက်မီအချိန်အပြီးချုပ်လုပ်ကာ မြတ်စွာဘုရားရှင်အားရည်မှန်း၍ ကပ်လှူပူဇော်ကြခြင်းဖြစ်သည်။

image

ကရင်ပြည်နယ်ဝန်ကြီးချုပ်၏ ရွေးကောက်ပွဲမဲဆွယ်ဗီနိုင်းဆိုင်းဘုတ်အား ဆုတ်ဖြဲဖျက်ဆီးခဲ့သည်ဟုဆိုကာ ယောင်္ကျားလေးနှစ်ဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရ

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၏ ရွေးကောက်ပွဲမဲဆွယ်ဗီနိုင်းဆိုင်းဘုတ်အား ဆုတ်ဖြဲဖျက်ဆီးခဲ့သည်ဟုဆိုကာ ယောင်္ကျားလေးနှစ်ဦးအား သက်ဆိုင်ရာက ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၂ ရက်က ကရင်ပြည်နယ် ဘားအံမြို့ အမှတ် (၂) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့ လမ်းဘေးတွင် စိုက်ထူးထားသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဘားအံမြို့နယ်မဲဆန္ဒနယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းဖြစ်သူ လက်ရှိ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၏ ဓာတ်ပုံနှင့် စာသားပါ ဗီနိုင်းဆိုင်းဘုတ်မှာ ဆုတ်ဖြဲဖျက်ဆီးခံခဲ့ရခြင်းဖြစ်သည်။

ထိုဖြစ်စဉ်နှင့် ပတ်သက်ပြီး သက်ဆိုင်ရာက စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်ခဲ့ရာ ထိုအမှတ် (၂) ရပ်ကွက်နေ အသက် ၃၀ နှစ်အရွယ် ကိုထွန်းထွန်းဝင်း ဆိုသူနှင့် အသက် ၁၅ နှစ်အရွယ် မောင်ဖြိုးမင်းသန့် ဆိုသူတို့အား သက်ဆိုင်ရာရဲတပ်ဖွဲ့မှ ဖမ်းဆီးကာ စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

၎င်းက ဆက်လက်ပြီး “မဲဆွယ်ဗီနိုင်းဆိုင်းဘုတ် ဖျက်ဆီးခံရတဲ့ဖြစ်စဉ်နဲ့ ပတ်သက်လို့ သက်ဆိုင်ရာက CCTV မှတ်တမ်းတွေကတဆင့် စုံစမ်းစစ်ဆေးကြတဲ့အခါမှာ ဘားအံမြို့ အမှတ် (၂) ရပ်ကွက်မှာ နေထိုင်ကြတဲ့ ထွန်းထွန်းဝင်းနဲ့ ဖြိုးမင်းသန့်တို့ နှစ်ဦး ကျူးလွန်ခဲ့တဲ့ အထောက်အထားတွေ တွေ့ရလို့ သူတို့နှစ်ဦးကို ဖမ်းဆီးစစ်ဆေးပြီးတော့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်” ဟု ပြောကြားသည်။

ထိုဖြစ်စဉ်နှင့် ပတ်သက်ပြီး ကိုထွန်းထွန်းဝင်းနှင့် မောင်ဖြိုးမင်းသန့်တို့ နှစ်ဦးအား ဘားအံမြို့မရဲစခန်းက (ပ) ၁၂၅/၂၀၂၅ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၄ (က) အရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ထိုပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၄ (က) အရ ထောင်ဒဏ် အနည်းဆုံး သုံးနှစ်မှ အများဆုံး ခုနစ်နှစ်အထိ ချမှတ်နိုင်သည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း သိရသည်။

လတ်တလောတွင်လည်း အထွေထွေရွေးကောက်ပွဲအား နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေအရ အရေးယူခြင်းခံထားရသူ ၁၀၀ နီးပါးအထိရှိလာပြီးဖြစ်ကြောင်းလည်း ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးမှာ လာမည့်အထွေထွေရွေးကောက်ပွဲ၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ်လောင်းအဖြစ် ကရင်ပြည်နယ်လွှတ်တော် (မဲအများဆုံးရသူ အနိုင်ယူစနစ်) တွင် ဘားအံမြို့နယ် မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

ကရင်ပြည်နယ်လွှတ်တော် (မဲအများဆုံးရသူ အနိုင်ယူစနစ်) တွင် ဘားအံမြို့နယ် မဲဆန္ဒနယ်၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးစောမြင့်ဦးနှင့်အတူ ဖလုံစဝေါ်ဒီမိုကရက်တစ်ပါတီမှ စဘီကျင်း၊ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီမှ စောမင်းမင်းမြိုင်၊ ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) မှ ဦးစည်သူထိုက်၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ ဦးတင်စစ်မင်းနှင့် ပအိုဝ်းအမျိုးသားညီညွတ်ရေးပါတီမှ နန်းဝါဝါနွယ်တို့ ဝင်ရောက်ယှဉ်ပြိုင်သွားကြမည်ဖြစ်သည်။

လာမည့် ဒီဇင်ဘာ ၂၈ ရက် (တနင်္ဂနွေနေ့) တွင် ကျင်းပပြုလုပ်သွားမည့် အထွေထွေရွေးကောက်ပွဲ အပိုင်း (၁) ၌ ကရင်ပြည်နယ်အတွင်း ဘားအံမြို့နယ်၊ မြဝတီမြို့နယ်နှင့် သံတောင်ကြီးမြို့နယ်များတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားသည်။

image

နယူးယောက်မြို့တော်ဝန်ရွေးပွဲတွင်အသက် ၃၄ နှစ်အရွယ် အစ္စလာမ်ဘာသာဝင် ဇိုရန်မန်ဒါနီ အနိုင်ရရှိ

နယူးယောက်မြို့တော်ဝန်ရွေးပွဲတွင်အသက် ၃၄ နှစ်အရွယ် အစ္စလာမ်ဘာသာဝင် ဇိုရန်မန်ဒါနီ အနိုင်ရရှိခဲ့သည်။

နယူးယောက်မြို့တော်ဝန်ရွေးကောက်ပွဲတွင် အနိုင်ရရှိသည်ဟု နိုဝင်ဘာ ၄ ရက် ညပိုင်းတွင် ကြေညာခဲ့သော ဇိုရန်မန်ဒါနီက နယူးယောက်မြို့သည် အတောမသတ်သော တိုးတက်မှုများ ဖြစ်ထွန်းလာမည့် ခေတ်တစ်ခေတ်ကို ရောက်ရှိလာစေရမည်ဟု ကတိပြုပြောကြားခဲ့သည်။

၎င်း၏ အောင်ပွဲသည် နယူးယောက်မြို့၏ အလုပ်လုပ်နေသော ပြည်သူများအတွက် အောင်ပွဲဖြစ်သည်ဟု ၎င်းက ပြောကြားခဲ့ပြီး အကုန်ကျသက်သာစေရမည်ဟု မဲဆွယ်စည်းရုံးရေးတွင် ပြောကြားထားသော ကတိစကားများ တည်အောင်လုပ်ပေးမည်ဖြစ်ကြောင်း ထပ်‌လောင်းပြောကြားခဲ့သည်။

"ကျွန်တော်တို့ အတူတကွ ပြောခဲ့တဲ့စကားတွေ၊ ကျွန်တော်တို့ အတူတကွ မက်ခဲ့တဲ့ အိပ်မက်တွေ၊ အဲဒါတွေဟာ ကျွန်တော်တို့ အတူတကွ ဖော်ဆောင်မယ့် မူဝါဒတွေဖြစ်လာမှာဖြစ်ပါတယ်။ နယူးယောက်၊ ဒီအာဏာ၊ အဲဒါတွေဟာ ခင်ဗျားတ ို့ပိုင်ဆိုင်တာတွေဖြစ်ပါတယ်" ဟု အောင်နိုင်ရေးမိန့်ခွန်းတွင် ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

ဒီမိုကရစ်ပါတီဝင်တစ်ဦးဖြစ်သော ဇိုရန်မန်ဒါနီသည် အသက် ၃၄ နှစ်အရွယ်တွင် အမေရိကန်နိုင်ငံ၏ အကြီးဆုံးမြို့ဖြစ်သော နယူးယောက်၏ ပထမဦးဆုံးအစ္စလာမ်ဘာသာဝင် မြို့တော်ဝန်တစ်ဦးဖြစ်လာခဲ့သည်။

နယူးယောက်မြို့တော်ဝန်ရွေးကောက်ပွဲတွင် ဇိုရန်မန်ဒါနီ အနိုင်ရရှိသွားမည်ဆိုပါက ဆိုးရွားသော အကျိုးဆက်များ ရှိလာမည်ဟု သမ္မတဒေါ်နယ်ထရန့်က သတိပေးထားပြီး ပြည်ထောင်စုရန်ပုံငွေများကို ရုပ်သိမ်းမည်ဟု ခြိမ်းခြောက်ထားသည်။

၎င်း၏ အောင်ပွဲသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကို အနိုင်ယူရန် နည်းလမ်းအား သက်သေပြလိုက်ခြင်းဖြစ်သည်ဟု ဇိုရန်မန်ဒါနီက ပြောကြားခဲ့ပြီး နယူးယောက်မြို့သည် နိုင်ငံရေးအမှောင်ထုထဲတွင် လင်းနေလိမ့်မည်ဟု ဆိုခဲ့သည်။

image

ကျိုက်နဲရေလယ်ဘုရားပွဲတော်အား လုံခြုံရေးအခြေအနေအရ ပျော်ပွဲရွှင်ပွဲများမပါဝင်ဘဲ ကျင်းပပြုလုပ်နေ

နှစ်စဉ် တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက်မှ ၃ ရက်အထိ ကျင်းပပြုလုပ်လေ့ရှိသော မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် အံခဲကျေးရွာနှင့် ဝဲကလောင်ကျေးရွာကြား ပင်လယ်ပြင်ရှိ ကျိုက်နဲရေလယ်ဘုရားပွဲအား လုံခြုံရေးအခြေအနေအရ ပျော်ပွဲရွှင်ပွဲများမပါဝင်ဘဲ ကျင်းပပြလုပ်နေကြောင်း ဂေါပကအဖွဲ့နှင့် ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။

ကျိုက်နဲရေလယ်ဘုရားပွဲတော်တွင် နှစ်စဉ် တန်ဆောင်မုန်းလဆန်း ၁၄ ရက်နှင့် တန်ဆောင်မုန်းလပြည့်နေ့များတွင် ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ခြင်းနှင့် ဘုရားဆွမ်းတော်ကပ်လှူခြင်းများကို အစဉ်အလာအရ ကျင်းပပြုလုပ်ခဲ့ကြောင်း ဂေါပကအဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

၎င်းက ဆက်လက်ပြီး “အဓိကက နယ်မြေလုံခြုံရေးအခြေအနေရ ဘုရားဖူးတွေ အသက်အန္တရာယ်ဖြစ်မှာ စိုးရိမ်တဲ့အတွက်ကြောင့် အကျဉ်းချုံးလောက်ပဲ ကျင်းပပြုလုပ်ဖြစ်ပါတယ်။ ဘုရားပွဲတော်ကိုတော့ တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက် (နိုဝင်ဘာ ၅ ရက်) ကနေ တန်ဆောင်မုန်းလပြည့်ကျော် ၃ ရက်နေ့ (နိုဝင်ဘာ (၇) ရက်) အထိ ကျင်းပပြုလုပ်သွားမှာပါ” ဟု ပြောကြားသည်။

ကျိုက်နဲရေလယ်ဘုရားပွဲတော်ကို နှစ်စဉ် တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက်မှ တန်ဆောင်မုန်းလပြည့်ကျော် ၃ ရက်အထိ ကျင်းပပြုလုပ်လေ့ရှိကြောင်းနှင့် ယင်းနေ့များတွင် ကမ်းခြေမှ ပင်လယ်ထဲရှိ ကျိုက်နဲရေလယ်ဘုရားသို့ သွားရောက်ရန် ကျောက်ခင်းလမ်း (ဒေသအခေါ် နတ်လမ်း) ပေါ်မှ သွားရောက်ရသည့်အတွက်ကြောင့် ဘုရားပွဲတော်ကာလအတွင်း အနယ်နယ်အရပ်ရပ်မှ ဘုရားဖူး အများအပြား လာရောက်လေ့ရှိကြာင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။

ကျိုက်နဲရေလယ်ဘုရားပွဲတော်ကာလအတွင်း ပျော်ပွဲရွှင်ပွဲပွဲများ ထည့်သွင်းကျင်းပခြင်းမရှိသော်လည်း အနယ်နယ်အရပ်ရပ်မှ လာရောက်ကြမည့် ဘုရားဖူးများအား စတုဒီသာကျွေးမွေးဧည့်ခံခြင်းနှင့် ဘုရားဖူးများအား ရေလယ်ဘုရားသို့ စက်လှေများဖြင့် အကြိုအပို့ လုပ်ဆောင်ပေးနေကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။

၎င်းက ဆက်လက်ပြီး “ကျိုက်နဲရေလယ်ဘုရားပွဲကို လာရောက်ကြမယ့် ဘုရားဖူးတွေ စာရေးသောက်ရေးရော၊ ပို့ဆောင်ရေးအတွက်ကို ဒေသခံတွေအနေနဲ့ အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ထားကြပါတယ်” ဟု ပြောကြားသည်။

ကျိုက်နဲရေလယ်ဘုရားပွဲတော်အား ပျော်ပွဲရွှင်ပွဲများ ထည့်သွင်းကျင်းပပြုလုပ်ပါက သက်ဆိုင်ရာမှ လုံခြုံရေးလာရောက်ယူပေးရသည့်အခါ လက်နက်ကိုင်အဖွဲ့များနှင့် ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်လာနိုင်သည့်အတွက်ကြောင့် ဘုရားပွဲတော်အား အကျဉ်းချုံးသာ ကျင်းပပြုလုပ်နေရခြင်းဖြစ်ကြောင်းလည်း ၎င်းဒေသခံက သုံးသပ်ပြောကြားသည်။

အဆိုပါ ကျိုက်နဲရေလယ်ဘုရားပွဲတော်မှာ မွန်ပြည်နယ်အတွင်းရှိ ဘုရားပွဲတော်များအနက် ထင်ရှားသည့် ဘုရားပွဲတော်တစ်ခုဖြစ်ကြောင်းနှင့် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ကျိုက်နဲရေလယ်ဘုရားပွဲတော်တွင် ဘုရားဖူးများ ကျောက်ခင်းလမ်း (ဒေသအခေါ် နတ်လမ်း) ပေါ် လမ်းလျှောက်သွားရင်း ပင်လယ်ရေလှိုင်း ရိုက်ခတ်ခြင်းကြောင့် ဘုရားဖူးများ ရေထဲမျှောပါမှုများဖြစ်ပွားခဲ့ရာ လူ ၂၀ ဦးထက်မနည်း သေဆုံးခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

imageimage