Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
Retimer-Based Active Copper Cable Market Set for Significant Growth in Electronics Industry
The global Retimer-Based Active Copper Cable market is poised for substantial growth as industries increasingly demand high-performance, reliable, and cost-efficient solutions for high-speed data transmission
Read Full Research Study: https://marketintelo.com/repor....t/retimer-based-acti
ငလျင်ဒ-ဏ်သင့် SME လုပ်ငန်းများကို ကျပ်သိန်း (၄၀) ကနေ သိန်း (၁၀၀) ထိ UNDP ထောက်ပံမည်
ပြီးခဲ့သည့် ငလျင်ဒ-ဏ်ထိခိုက်ခံစားခဲ့ရသည့် မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက အငယ်စားနှင့် အလတ်စားလုပ်ငန်း (၂၀၀) ဝန်းကျင်ကို ပထမအသုတ်အဖြစ် ငွေကြေးထောက်ပံမှုများ လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း UNDP (ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ်) က ယမန်နေ့ နိုဝင်ဘာ (၂၇) ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။
UNDP ၏ ELearning Portal For MSMEs အစီအစဉ်က ထောက်ပံ့မည်ဖြစ်ပြီး ထောက်ပံကြေးလျှောက်လွှာများကို ဒီဇင်ဘာ (၅) ရက်နေ့ နောက်ဆုံးထားလျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။
ကျပ်သိန်း (၄၀) မှ သိန်း (၁၀၀) ထိ ပေးအပ်မည်ဖြစ်ပြီး အချက်အလက်ဖြည့်သွင်းမှုများ ပြုလုပ်ရမည်ဖြစ်ပြီး မှန်ကန်တိကျမှုရှိမှသာ ငွေကြေးထောက်ပံမှုကို အောင်အောင်မြင်မြင်လျှောက်ထားနိုင်မည်ဖြစ်ပြီး လျှောက်ထားနိုင်ရန် ELearning Portal For MSMEs နာမည်ဖြင့် FACEBOOK PAGE က တဆင့် သွားရောက်လျှောက်ထားနိုင်မည်ဖြစ်ကြောင်း သိရသည်။
လျှောက်ထားမည်လုပ်ငန်းရှင်များအနေဖြင့် အသေးစိတ်သိရှိလိုသည်များကိုလည်း အဆိုပါ FACEBOOK PAGE ကတဆင့် စုံစမ်းမေးမြန်းနိုင်ကြောင်းလည်း အသိပေးထားသည်။
ရွှေကုက္ကိုလ်ရှိ တရားမဝင်အဆောက်အအုံ ၂၁ လုံးစတင်ချိတ်ပိတ်
ထိုင်း-မြန်မာနယ်စပ်၊ မြဝတီမြို့(မြောက်ဘက်)ရွှေကုက္ကိုလ်နယ်မြေရှိ တရားမဝင်အဆောက်အအုံ ၂၁ လုံး စတင်ချိတ်ပိတ်ထားကြောင်း ယနေ့(နိုဝင်ဘာ ၂၈ ရက်) ထုတ်နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားသည်။
အွန်လိုင်းလိမ်လည်မှုများနှင့် အွန်လိုင်းလောင်းကစားမှုများအခြေချလုပ်ကိုင်လျက်ရှိသည့် ရွှေကုက္ကိုလ် နယ်မြေနှင့် KK Park နယ်မြေများရှိ တရားမဝင်အဆောက်အအုံများအတွင်း ဝင်ရောက်ရှင်းလင်းခြင်း၊ ၎င်းတို့အသုံးပြုခဲ့သည့် သိမ်းဆည်းရမိပစ္စည်းများနှင့် တရားမဝင်အဆောက်အအုံများအား ဖြိုချဖျက်ဆီး ခြင်းများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါနယ်မြေကိုနိုဝင်ဘာ ၁၈ ရက်၊ နံနက်ပိုင်းမှစတင်ကာ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းစစ်ဆင်ရေးအဖွဲ့များ ဝင်ရောက်ရှင်းလင်းခြင်းများပြုလုပ်ခဲ့ပြီး ယမန်နေ့(နိုဝင်ဘာ ၂၇ ရက်) တွင် ယင်းနယ်မြေအတွင်းရှိ တရားမဝင်အဆောက်အအုံ ၅၉ လုံးတို့ကို ထပ်မံစစ်ဆေးခဲ့ရာ အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားမှုလုပ်ငန်းများလုပ်ကိုင်နေသူများကို တွေ့ရှိရခြင်းမရှိဘဲ ဖုန်းမျိုးစုံ အလုံး ၁၂၀၊ ကွန်ပျူတာမျိုးစုံ ၂၁၂ လုံးနှင့် အသုံးအဆောင်ပစ္စည်းများကိုသာတွေ့ရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ပြီးခဲ့သည့်နိုဝင်ဘာ ၁၈ ရက်မှ နိုဝင်ဘာ ၂၇ ရက်အထိ ရွှေကုက္ကိုလ်နယ်မြေအတွင်း၌ တရားမဝင် အဆောက်အအုံ စုစုပေါင်း ၁၀၉ လုံးကိုတွေ့ရှိခဲ့ပြီး ယင်းအဆောက်အအုံများအား ပြန်လည်အသုံးပြုမှု မရှိစေရေးအတွက် သိမ်းဆည်းချိပ်ပိတ်ခြင်းများဆောင်ရွက်လျက်ရှိရာ အဆောက်အအုံ ၂၁ လုံးကို ချိပ်ပိတ်ပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။
ကရင်နယ်ခြားစောင့်တပ်(BGF) အဖွဲ့၏ ပြောခွင့်ရပုဂ္ဂိုလ်ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်က ရွှေကုက္ကိုလ်နယ်မြေအတွင်းရှိ သိမ်းဆည်းရမိသည့် တရားမဝင်အဆောက်အအုံများကိုဖျက်ဆီးခြင်း ပြုမည်မဟုတ်ကြောင်း နိုဝင်ဘာ ၁၇ ရက်က မီဒီယာများနှင့်တွေ့ဆုံစဉ် ပြောဆိုခဲ့သည်။
“ကျွန်တော်တို့သိရသလောက်တော့ ရွှေကုက္ကိုလ်ကအဆောက်အဦတွေကိုတော့ မဖြိုဘူးလို့သိရတယ်။ သူက KK Park လိုမဟုတ်ဘူး။ အစိုးရကတရားဝင် ခွင့်ပြုထားတဲ့ မြို့သစ်စီမံကိန်းဖြစ်တာကြောင့် မဖြိုတာ။ အခုပြောင်းရွှေ့တာတော့ တဖွဲဖွဲ ရွှေ့နေကြတာပဲ။ ရွှေ့တာတော့အများကြီးပဲ။ မြဝတီကို ရွှေ့တယ်။ အဲဒီကတစ်ဆင့် ဘားအံကိုရွှေ့တယ်။ တောက်လျှောက်ကိုရွှေ့နေတာ။ တချို့ကျ ရွှေကုက္ကိုလ် မှာပဲနေနေကြတယ်” ဟု ဒေသခံတစ်ဦးက စံတော်ချိန်ဒစ်ဂျစ်တယ်သို့ပြောသည်။
ထို့ပြင် ရွှေကုက္ကိုလ်နယ်မြေအတွင်း စုစုပေါင်းဖော်ထုတ်ရှင်းလင်းမှုများအရ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေထိုင်သည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၂၀၄၂ ဦးနှင့် အွန်လိုင်းလိမ်လည် လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် ကွန်ပျူတာအလုံး ၃၃၁၀၊ မိုဘိုင်းဖုန်းအလုံး ၂၁၈၇၀၊ starlink ဗန်း ၁၀၂ လုံး၊ Router ၂၂ လုံးနှင့် လုပ်ငန်းသုံးပစ္စည်းအများအပြားကို ဖမ်းဆီးရမိခဲ့ပြီး ယင်း ပစ္စည်းများအား ဖျက်ဆီးရှင်းလင်းခဲ့ကြောင်း ထုတ်ပြန်ချက်အရသိရသည်။
တက္ကသီလဟိတဓရစုံညီပွဲတော် ဩဝါဒခံယူပွဲ ကျင်းပ
---------------------------------
နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်) တက္ကသီလဟိတဓရစုံညီပွဲတော် ဆရာတော်မထေရ်မြတ်တို့ ထံမှ ဩဝါဒခံယူပွဲကို နိုဝင်ဘာလ(၂၈)ရက် မနက်ပိုင်းက နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်) မဟာဘွဲ့နှင်းသဘင်ခန်းမမှာ ကျင်းပပါတယ်။
အခမ်းအနားစတင်ရာမှာ တက္ကသီလဟိတဓရအဖွဲ့ တပည့်ကြီးငယ်တွေက ကြွရောက်တော်မူလာတဲ့ ဆရာတော် မထေရ်မြတ်ကြီးတွေကို ဩကာသကန်တော့ချိုးနဲ့ ရှိခိုးပူဇော်ကန်တော့ကြပါတယ်။
အဲဒီနောက် အင်းစိန်ရွာမဆရာတော်ကြီး၊ အလယ်တောရဆရာတော်ကြီး၊ မဟာသွံဿာရဆရာတော်ကြီး၊ ယုဇန မဟာဂန္ဓာရုံဆရာတော်ကြီး၊ ပါမောက္ခချုပ်ဆရာတော်ကြီးတို့ထံမှ ဩဝါဒကထာ နာယူကြပါတယ်။
စုံညီပွဲတော်မှာ ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)ကျောင်းရဲ့ ကျောင်းသားဟောင်းသံဃာတွေ စုပေါင်း တွေ့ဆုံကြပြီး နယ်စပ်ဒေသမှာ သာသနာပြုနေကြတဲ့ ဆရာတော်တွေပါရှိသလို နိုင်ငံတွေ အသီးသီးမှာ သာသနာ ပြုနေကြတဲ့ ဆရာတော်တွေလည်း ကြွရောက်ကြတဲ့အတွက် ဝမ်းသာပီတိဖြစ်ရတယ်လို့ နိုင်ငံတော် ပရိယတ္တိ သာသနာ့တက္ကသိုလ်(ရန်ကုန်)က ဆရာတော်တစ်ပါးက မိန့်ကြားပါတယ်။
အခမ်းအနားမှာ ဆရာတော်မထေရ်မြတ်ကြီးတို့ကို လှူဖွယ်ဝတ္ထုတွေ ဆက်ကပ်လှူဒါန်းပြီး သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ သုံးကြိမ်ရွတ်ဆိုပူဇော်ပြီး ဣမံပုညဘာဂံ သဗ္ဗသတ္တာနံဒေမ သုံးကြိမ်ရွတ်ဆို အမျှပေးဝေကြပါတယ်။
အဲဒီနောက် ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်းပြီး အခမ်းအနားရုပ်သိမ်းခဲ့တယ်လို့ သိရပါတယ်။
ဟိုပန် ဖောင်ဆိပ်တံတား ဒီနေ့ကစပြီးအကန့်အသတ်နဲ့ ဖွင့်မည်
UWSA “ဝ” တပ်ဖွဲ့ ထိန်းချုပ်ဒေသနဲ့ ကိုးကန့် (MNDAA) ထိန်းချုပ်ဒေသကို ဆက်သွယ်ထားတဲ့ ဟိုပန် ဖောင်ဆိပ်တံတား ပြန်လည်ပြုပြင်မှာ ဖြစ်လို့ နိုဝင်ဘာ ၂၈ ရက် ဒီနေ့က စပြီး တလတိတိ အကန့်အသတ်နဲ့သာ ဖွင့်ပေးမယ်လို့ ဟိုပန် ဒေသခံတွေဆီက သိရပါတယ်။
“မနက်ပိုင်း သွားလို့ရတယ်။ နေ့လယ်ပိုင်း ပိတ်ထားတယ်။ တံတား ပြင်မှာလို့ ပြောတယ်” လို့ ဟိုပန်မြို့ခံ တယောက်က ပြောပါတယ်။
နေ့လယ် ၁၂ နာရီကနေ ညနေ ၆ နာရီအထိ တံတားအကြီးစား ပြုပြင်တဲ့ လုပ်ငန်း တွေ လုပ်မှာဖြစ်လို့ ၁၂ နာရီမထိုးခင် နောက်ဆုံးထားပြီး ခရီးသွား ကားတွေ တန်းစီထားဖို့ “ဝ” တပ်ဖွဲ့ တာဝန်ရှိသူတွေက ညွှန်ကြားထားတယ် လို့ ဟိုပန်မြို့ခံတွေက ပြောပါတယ်။
“အချိန်နဲ့ ဖြတ်ရမှာဆိုတော့ လူတွေက အလုယက် တန်းစီနေရတာ။ ကွမ်လုံဘက်ကလာတဲ့ ဈေးသည်တွေလည်း တချို့ ညအိပ်ကြရတာပေါ့” လို့ ဟိုပန် မြို့ခံ နောက်တယောက်က ပြောပါတယ်။
ဟိုပန် ဖောင်ဆိပ်တံတားဟာ ၁၀၂၇ တိုက်ပွဲအတွင်း မိုင်းခွဲ ဖျက်ဆီးခံခဲ့ရတဲ့ တံတား တစင်း ဖြစ်ပါတယ်။
ကိုးကန့်တပ်ဖွဲ့နဲ့ အစိုးရတို့ အပစ်အခတ် ရပ်စဲပြီးနောက် အဲဒီတံတားကို ယာယီ ပြန်လည်ပြင်ဆင် အသုံးပြုနေကြတာ လို့ မြို့ခံတွေက ပြောပါတယ်။
လက်ရှိမှာ “ဝ” ဒေသ နမ့်တစ်နဲ့ တရုတ်နယ်စပ်ကနေ ကုန်စည်တွေ ပုံမှန် ပြန်လည်သယ်ဆောင်ခွင့်ရပြီ ဖြစ်တာကြောင့် တံတား ကြံ့ခိုင်ရေးအတွက် ပြန်လည်ပြင်ဆင်မှုတွေ လုပ်နေတာ လို့ ဆိုပါတယ်။
၁၀၂၇ တိုက်ပွဲကာလမှာ ကိုးကန့်တပ်က အစိုးရထိန်းချုပ်တဲ့ “ဝ” ဒေသ ဟိုပန်ကို သိမ်းပိုက်ပြီး လက်ရှိအဲဒီမြို့ကို “ဝ” တပ်ဖွဲ့က အုပ်ချုပ်နေတာ ဖြစ်ပါတယ်။
အစိုးရတပ်နဲ့ ကိုးကန့်တပ်ဖွဲ့တို့ အပစ်အခတ် ရပ်ပြီးနောက်ပိုင်း ချင်ရွှေဟော် မြို့ နဲ့ ဟိုပန်မြို့တွေဟာ ရှမ်းပြည် မြောက်ပိုင်းအတွက် ကုန်စည်သယ်ဆောင်တာမှာ အဓိကကျတဲ့ နယ်စပ်မြို့ တစ်ခုဖြစ်လာတယ် လို့ ဒေသခံတွေထံကနေ သိရပါတယ်။
သီရိလင်္ကာနဲ့ အင်ဒို ရေဘေး လူ ၁၅၀ နီးပါးသေပြီး ဒါဇင်များစွာ ပျောက်ဆုံး
သီရိလင်္ကာနဲ့ အင်ဒိုနီးရှားနိုင်ငံတို့မှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုနဲ့ မြေပြိုမှုတွေကြောင့် လူ ၁၅၀ နီးပါး သေဆုံးပြီး ဒါဇင်များစွာ ပျောက်ဆုံးနေတယ်လို့ တာဝန်ရှိသူတွေက အတည်ပြု ပြောပါတယ်။
သီရိလင်္ကာနိုင်ငံ လက်ဖက်စိုက်ပျိုးရာ အလယ်ပိုင်း ဘာဒူလာ ခရိုင်တခုတည်းမှာပင် မြေပြိုမှုကြောင့် သေဆုံးသူ ၂၁ ယောက်အပါအဝင် ရေဘေးအတွင်း လူ ၅၆ ယောက်ထက်မနည်း သေဆုံးခဲ့ကြောင်း သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးဌာနက ပြောပါတယ်။
လက်ရှိအခြေအနေဟာ မကြာသေးမီနှစ်များအတွင်း နိုင်ငံရဲ့ အဆိုးရွားဆုံး သဘာ၀ဘေးတခုလည်းဖြစ်ပါတယ်။ ဆိုင်ကလုန်းမုန်တိုင်း ဒစ်ဝါဟာ အရှေ့ဘက်ကမ်းရိုးတန်းတစ်လျှောက် ရွေ့လျားနေတာကြောင့် ဒီကနေ့မှာ ရာသီတု အခြေအနေ ပိုမိုဆိုးရွားလာနိုင်တယ်လို့ အာဏာပိုင်တွေက သတိပေးထားပါတယ်။
မုန်တိုင်းဟာ အရှေ့ဘက်ကမ်းရိုးတန်းမှာ ပြင်းထန်တဲ့ လေဖိအားနည်းရပ်ဝန်းအဖြစ် စတင်ခဲ့ပေမယ့် နောက်ပိုင်းမှာ ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ပိုမိုအားကောင်းလာခဲ့ကာ ၎င်းသည် အိန္ဒိယနိုင်ငံ ကုန်းတွင်းပိုင်းကို ဝင်ရောက်ဖွယ်ရှိနေပါတယ်။
အင်ဒိုနီးရှားနိုင်ငံမှာလည်း ယခုသီတင်းပတ်အတွင်း ရေကြီးရေလျှံမှုတွေကြောင့် လူ ၈၀ ထက်မနည်း သေဆုံးပြီး ဒါဇင်များစွာ ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။ ဒါပေမယ့် ပြင်းထန်တဲ့ ရာသီဥတုအခြေအနေဟာ အရှေ့တောင်အာရှ တခြာနိုင်ငံတွေမှာလည်း ဖြစ်ပွားနေပါတယ်။
မလေးရှားနဲ့ ထိုင်းနိုင်ငံတို့မှာလည်း ရေကြီးရေလျှံမှုတွေ အကြီးအကျယ်ဖြစ်ပွားနေပြီး လူသန်းနဲ့ချီ ရေဘေးသင့်နေရပါတယ်။ ထိုင်းနိုင်ငံတောင်ပိုင်းမှာတော့ ဆိုးရွားတဲ့ ရေဘေးကြောင့် အကူအညီတွေ ပေးဖို့ လေယာဉ်တင်သင်္ဘော အုပ်စုပါ စေလွှတ် ကူညီနေရကာ လက်ရှိအချိန်ထိ လူ ၃၃ ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။
ရန်ကုန်တိုင်းဒေသကြီး၊ ပန်းဘဲတန်းမြို့နယ်နှင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တို့တွင် မီးလောင်မှုဖြစ်ပွား
ရန်ကုန်တိုင်းဒေသကြီး၊ ပန်းဘဲတန်းမြို့နယ်နှင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တို့၌ နိုဝင်ဘာ ၂၇ ရက်တွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
နိုဝင်ဘာ ၂၇ ရက် ညနေ ၄ နာရီ ၆ မိနစ်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ ပန်းဘဲတန်းမြို့နယ်၊ ၄ ရပ်ကွက်၊ ရွှေဘုံသာလမ်းတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ကျောက်တံတားမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်လေးစီးဖြင့် သွားရောက်ငြှိမ်းသတ်ရာ ညနေ ၄ နာရီ ၁၆ မိနစ်တွင် မီးထိန်းနိုင်ပြီး ညနေ ၄ နာရီ ၂၅ မိနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
ထို့နည်းတူ နိုဝင်ဘာ ၂၇ ရက် ညနေ ၆ နာရီ ၂၁ မိနစ်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၁၆)ရပ်ကွက်၊ ရှင်ထွေးညိုလမ်းတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ်သုံးစီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်တစ်စီး၊ ရေသယ်ယာဉ်တစ်စီးတို့ဖြင့် သွားရောက်ငြှိမ်းသတ်ရာ ညနေ ၆ နာရီ ၂၈ မိနစ်တွင် မီးထိန်းနိုင်ပြီး ညနေ ၆ နာရီ ၃၀ မိနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
မီးလောင်မှုနှင့်သဘာဝဘေးအန္တရာယ်များ၊ အခြားရုတ်တရက်ဖြစ်ပွားသောဘေးအန္တရာယ်များကြုံတွေ့ပါက မီးသတ်ဦးစီးဌာန၏အရေးပေါ်ဖုန်းနံပါတ် Hotline 191 မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်(ကွပ်ကဲ) ၀၁၈ ၆၆၆၉၁၂ ၊ ၀၁၈ ၆၆၆၉၁၃ ၊ ရန်ကုန်တိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံး(ကွပ်ကဲ) ၀၁ ၂၅၂၀၁၁ ၊ ၀၁ ၂၅၂၀၂၂ ၊ ၀၉ ၄၄၅၉၁၈၁၉၁ များသို့ဆက်သွယ်သတင်းပေးပို့အကူအညီတောင်းခံနိုင်ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
မန္တလေးသို့ သယ်ဆောင်ရောင်းချမည့် ၈ ဒသမ ၉၉၅ ဘီလျံတန်ဖိုးရှိ ဘိန်းဖြူနှင့် စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ
မန္တလေးသို့ သယ်ဆောင်ရောင်းချမည့် ၈ ဒသမ ၉၉၅ ဘီလျံတန်ဖိုးရှိ ဘိန်းဖြူနှင့် စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးအဖွဲ့ထံမှ သိရသည်။
နိုဝင်ဘာ ၆ ရက် ညနေ ၄ နာရီခွဲခန့်က ပုသိမ်ကြီးမြို့နယ်၊ ကျောက်ချောကျေးရွာအနီးတွင် ပြင်ဦးလွင်မှ မန္တလေးဘက်သို့ကျော်သူထိုက် မောင်းနှင်လာသော TOYOTA DYNA မော်တော်ယာဉ်အား သတင်းအရ စစ်ဆေးရှာဖွေခဲ့ရာ ယာဉ်ပေါ်မှ ဘိန်းဖြူ ၅၅ ကီလို(၎င်းဒေသတန်ဖိုးငွေကျပ် ၁ ဒသမ ၃၇၅ ဘီလျံ)နှင့် စိတ်ကြွဆေးပြား၅ ဒသမ ၈ သန်း(၎င်းဒေသတန်ဖိုးငွေကျပ် ၇ ဒသမ ၆၂ ဘီလီယံ)ဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်း ၎င်းဒေသတန်ဖိုးငွေကျပ် ၈.၉၉၅ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။