Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
Psychopath အမှု သတင်းအပြည့်အစုံ
------------------------------------
ပန်းဘဲတန်းမြို့နယ်ရှိ ၃၂လမ်းရှိ Beauty Land Hotel ၌ အမျိုးသမီးငယ်တစ်ဦးအား ရက်စက်စွာ သတ်ဖြတ်ခဲ့သူနှင့် ပူးပေါင်းပါဝင်သူတို့အား ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်နေ့ နံနက် ၁၀ နာရီ ၂၀ မိနစ်တွင် ရန်ကုန်တိုင်း ဒေသကြီး၊ ပန်းဘဲတန်းမြို့ နယ်၊ အမှတ်(၁၁)ရပ်ကွက်ရှိ 32nd Beauty Land Hotel ၊ (၅)လွှာ၊ အခန်းအမှတ်(၅၀၂) ပြတင်းပေါက်အပြင်ဘက် Air Con Outdoor နှစ်ခုကြားရှိ အမှိုက်အိတ်အတွင်း၌ သေဆုံးနေသည့် အမျိုးသမီးတစ်ဦးတွေ့ရှိရကြောင်း သတင်းအရ ရဲတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ရာ ပလပ်စတစ်အမှိုက်အိတ်အတွင်း၌ သတ်ဖြတ်ခံထားရပြီး ဝမ်းတွင်းကလီစာများနှင့် ဝဲဘက်ပေါင် အသား များ လှီးဖြတ်ထုတ်ယူထားခြင်းခံထားရသည့် အသက်(၂၀)နှစ်ခန့် အမည်မသိ အမျိုးသမီးတစ်ဦး၏ အလောင်းအား တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။
လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်း ဖော်ထုတ်ခြင်းများ ဆောင်ရွက်ခဲ့ရာ သေဆုံးသူမှာ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်နေ မစုမြတ်ဝင်း (၂၃)နှစ်ဖြစ်ကြောင်းနှင့် ပြစ်မှုကျူးလွန်သူများမှာ သာကေတ မြို့နယ်၊ အမှတ်(၇)အရှေ့ ရပ်ကွက်နေ အောင်ခန့်ကျော်ဇင်(၁၈)နှစ်နှင့် ၎င်း၏ရည်းစားဖြစ်သူ ဗဟန်း မြို့နယ်၊ အရှေ့ရွှေဂုံတိုင်ရပ်ကွက်၊ အောင်ချမ်းသာအိမ်ရာနေအေမွန်အောင် (၁၈)နှစ်တို့ဖြစ်ကြောင်း စုံစမ်း ဖော်ထုတ်သိရှိခဲ့ရပြီး အောက်တိုဘာလ ၇ ရက်နေ့ နေ့လယ်ပိုင်းတွင် ၎င်းတို့၏နေအိမ်အသီးသီး၌ ဖမ်းဆီးရမိခဲ့ပါတယ်။
ပြစ်မှုကျူးလွန်သူတရားခံ အောင်ခန့်ကျော်ဇင်၏ထွက်ဆိုချက်အရ ၎င်းသည် ဂိမ်းအလွန် အကျွံ ကစားခြင်း၊ လူသတ်အလောင်းဖျောက်သည့် နိုင်ငံခြားဇာတ်လမ်းတွဲများအား အလွန်အကျွံ ကြည့်ရှု လေ့ရှိကြောင်း၊ အောက်တိုဘာလ ၅ ရက်နေ့တွင် LEADER အမည်ရှိ Telegram Channel မှတစ်ဆင့် မစုမြတ်ဝင်းအား ပျော်ပါးရန်အတွက် အခကြေးငွေဖြင့်ဆက်သွယ်ခေါ်ယူခဲ့ပြီး ပန်းဘဲတန်း မြို့နယ်ရှိ 32nd Beauty Land Hotel အခန်းအမှတ်(၅၀၂)၌ ပျော်ပါးခဲ့ပါတယ်။
အဲဒီနောက် သူကြည့်ရှုခဲ့သည့် လူသတ်အလောင်းဖျောက် နိုင်ငံခြားရုပ်သံဇာတ်လမ်းတွဲများမှ ဇာတ်ဆောင်များအတိုင်း မစုမြတ်ဝင်းအား အသင့်ဆောင်ထားသည့် စတီးဓား ၂ ချောင်းဖြင့် ရက်စက်စွာ သတ်ဖြတ်ပြီး ဝမ်းတွင်းကလီစာများနှင့် ဝဲဘက်ပေါင်အသားများအား လှီးဖြတ်ထုတ်ယူကာ စွန့်ပစ်ခြင်းများ ပြုလုပ်ခဲ့တယ်လို့ သူရဲ့ထွက်ဆိုချက်အရသိရပါတယ်။
ယင်းနောက် သူ၏ရည်းစားဖြစ်သူ အေမွန်အောင်အား အဆိုပါဟိုတယ်သို့ ခေါ်ဆောင်ကာ အခန်း အတွင်းပေကျံနေသည့် သွေးများအား သန့်ရှင်းရေးပြုလုပ်ခြင်း၊ မစုမြတ်ဝင်း၏ အလောင်းအား ဖျောက် ဖျက်ခြင်းတို့ ပြုလုပ်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။
အောင်ခန့်ကျော်ဇင်၏ နေအိမ်မှ ပြစ်မှုကျူးလွန်စဉ် သူဝတ်ဆင်အသုံးပြုခဲ့သည့် အဝတ်အစားများ၊ စတီးဓား ၂ ချောင်း၊ သေဆုံးသူ ကိုင်ဆောင်သည့် လက်ကိုင်ဖုန်းတစ်လုံးအပါအဝင် လက်ကိုင်ဖုန်း ၃ လုံးနှင့် ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရရှိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အမျိုးသမီးတစ်ဦးအား ရက်စက်စွာသတ်ဖြတ်ခဲ့သည့် အောင်ခန့်ကျော်ဇင်နှင့် အလောင်းဖျောက် ဖျက်ရာတွင် ပူးပေါင်း ပါဝင်ကျူးလွန်ခဲ့သူ အေမွန်အောင်တို့ကို ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူ နိုင်ရေး ဆောင်ရွက် လျက်ရှိတယ်လို့သိရပါတယ်။
Laptop မှာ Wifi adapter ပျောက်သွားတဲ့အခါ
---
1. Device Manager ကနေ ပြန်လည်စစ်ဆေးပါ
Windows + X ကိုနှိပ်ပြီး Device Manager ကိုဖွင့်ပါ။
Network adapters ကိုချဲ့ကြည့်ပါ။
Wifi adapter မပါရင်၊ Action > Scan for hardware changes ကိုနှိပ်ပါ။
ဒါမှမဟုတ် View > Show hidden devices ကိုအမှန်ခြစ်ပြီး Wifi driver ရှိမရှိကြည့်ပါ။
---
2. Driver ကို Update လုပ်ပါ
Device Manager ထဲမှာ Wifi adapter ကိုမြင်ရပြီး အမှန်ခြစ်ပြတ်နေရင်၊ ညာကလစ်နှိပ်ပြီး Update driver လုပ်ပါ။
Search automatically for drivers ကိုရွေးပါ။
အဆင်မပြေရင် Laptop ထုတ်တဲ့ Company ရဲ့ Website ကနေ Model အလိုက် Wifi driver ကို Download ချပြီး Install လုပ်ပါ။
---
3. Driver ကို Uninstall လုပ်ပြီး Restart ချပါ
Device Manager ထဲက Wifi adapter ကို ညာကလစ်နှိပ်ပြီး Uninstall device လုပ်ပါ။
Delete the driver software for this device ကိုအမှန်ခြစ်ပါ။
Laptop ကို Restart ချလိုက်ပါ။ Restart အပြီး Windows က Driver ကို Auto Install ပြန်လုပ်ပေးပါလိမ့်မယ်။
---
4. Network Reset လုပ်ပါ
Settings > Network & Internet > Advanced network settings ကိုသွားပါ။
Network reset ကိုနှိပ်ပြီး Reset now လုပ်ပါ။
Laptop ကို Restart ချပါ။
---
5. BIOS/UEFI ထဲမှာ Wifi Enable လုပ်ထားမလားစစ်ပါ
Laptop ကို Restart ချပြီး BIOS/UEFI ထဲဝင်ပါ (ကီးက F2, F10, Del စသည်)။
Advanced သို့မဟုတ် Configuration tab ထဲမှာ Wireless သို့မဟုတ် WLAN option ကို Enable လုပ်ထားမလားစစ်ပါ။
ပြီးရင် Save & Exit လုပ်ပါ။
---
6. Hardware Issue ဖြစ်နိုင်လား?
အားလုံးကြိုးကြားစမ်းကြည့်လို့မှမရရင် Wifi adapter က Hardware အရပျက်နေတာဖြစ်နိုင်ပါတယ်။
Laptop ကို Service Center မှာပြသပါ။
---
🎬 Casper (2025)
Starring: Tyler Perry, Millie Bobby Brown, Jacob Tremblay
In this reimagined chapter of the beloved ghost story, Casper returns to guide a new generation through the mysteries of the afterlife. When a curious family inherits a long-abandoned Victorian mansion, they quickly discover that its most famous resident still roams the halls. But this time, Casper isn’t alone.
Enter Madea (Tyler Perry), whose sharp tongue and larger-than-life personality crash headfirst into Casper’s gentle, well-meaning nature. Together, they form an unlikely partnership when they uncover a hidden passageway beneath the mansion leading to a long-buried secret. Meanwhile, a skeptical teenager (Millie Bobby Brown) and a bright, quirky neighbor (Jacob Tremblay) stumble upon the truth: the mansion’s haunting is tied to a forgotten betrayal that threatens to awaken something far more dangerous than Casper’s mischievous ghostly uncles.
As the line between the living and the dead begins to blur, the group must work together to unravel the mansion’s mysteries before a dark spirit consumes them all. With Casper’s heartwarming kindness, Madea’s unfiltered humor, and the bravery of two young allies, the story balances comedy, chills, and touching moments of redemption.
Casper (2025) combines supernatural adventure with heartfelt family drama, proving that even in the face of fear, friendship and laughter shine the brightest.
တာမွေမှာ အဘိုးအိုတယောက် ရေချိုးခန်းအတွင်း ကြိုးဆွဲချ သေဆုံး
အောက်တိုဘာ ၉
ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်မှာ အောက်တိုဘာ ၈ ရက်၊ မနက်ပိုင်းက အဘိုးအိုတယောက် နေအိမ် ရေချိုးခန်းအတွင်း ကြိုးဆွဲချ သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ မေတ္တာညွန့် လူမှုကူညီ ကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တယောက်က ပြောပါတယ်။
အဲဒီ ဖြစ်စဉ်ဟာ ဒီကနေ့ မနက် ၁၁ နာရီဝန်းကျင်က မေတ္တာညွန့်ရပ်ကွက်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ကြိုးဆွဲချ သေဆုံးသူဟာ အသက် ၇၄ နှစ်အရွယ်ဖြစ်တယ်လို့ သိရပါတယ်။
“သူ့မိသားစုဝင်တွေက သူဒီလိုလုပ်ပြီး ၁၅ မိနစ်လောက်ကြာမှ သိကြတာ။ သူ အိမ်သာသွားတယ်ပဲ ထင်နေကြတာ။ ပတ်ဝန်းကျင်က အကြောင်းကြားလို့ ကျွန်တော်တို့ ရောက်သွားတဲ့ အချိန်ကတော့ မိနစ် ၂၀၊ ၂၅ မိနစ်လောက် ဖြစ်သွားတာပေါ့။ ကျွန်တော်တို့ ရောက်တဲ့အချိန် အသက်မမီတော့ဘူး။ သူ စာလေး ရေးခဲ့သေးတယ်။ သူ့အိပ်ကပ်ထဲမှာ တွေ့ရတဲ့ စာပါ။ အဲဒီစာထဲမှာတော့ မိသားစုကိစ္စ အဆင်မပြေတာတွေ ရှိနေတဲ့အတွက် သူဒီလိုလုပ်သွားတယ် ဆိုတဲ့အကြောင်း ရေးထားတယ်” လို့ မေတ္တာညွန့် လူမှုကူညီ ကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
လူသေဆုံးမှု ဖြစ်သွားတဲ့အတွက် မေတ္တာညွန့် လူမှုကူညီ ကယ်ဆယ်ရေး အဖွဲ့အနေနဲ့ သက်ဆိုင်ရာကို အကြောင်းကြားပေးခဲ့ပြီး သေဆုံးသူကို မိတ်ဖက်အသင်းဖြစ်တဲ့ မေတ္တာမျှဝေ ပရဟိတအဖွဲ့ နာရေးယာဉ်နဲ့ စံပြဆေးရုံကြီးကို ကူညီ ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။
အခုရက်ပိုင်းအတွင်း မိမိကိုယ်ကိုယ် အဆုံးစီရင်မှုတွေ မကြာခဏဆိုသလို ဖြစ်ပွားလျက် ရှိတာမှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂ ရက်နေ့ကလည်း နေပြည်တော်၊ တပ်ကုန်းမြို့၊ ဘုရင့်နောင်ရပ်ကွက်မှာ အသက် ၆၀ အရွယ် အဘွားအိုတယောက် အကြွေးမဆပ်နိုင်လို့ ရေထဲခုန်ချ သတ်သေမှုဖြစ်ပွားခဲ့ပါတယ်။
အဲဒီ အဘွားဟာ အရပ်အခေါ် နေ့ပြန်တိုးလို့ ခေါ်တဲ့ အတိုးနှုန်းကြီးတဲ့ အကြွေးတွေကို နေ့စဉ် ဆပ်နေရပြီး နောက်ဆုံးမှာ အကြွေး မဆပ်နိုင်တော့တဲ့အတွက် နေပြည်တော်ရှိ အမှတ် (၁၃)၊ ဘုရင့်နောင်နယ်မြေ တံတားပေါ်ကနေ ရေထဲခုန်ချကာ အဆုံးစီရင်သွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါအပြင် ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၆ ရက်နေ့ကလည်း ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်၊ (၆) ရပ်ကွက်၊ ဝေဇယန္တာလမ်းမကြီး၊ အင်းဝ (၃) လမ်းနားမှာ အသက် ၃၀ ကျော်ဝန်းကျင်အရွယ် ပုဂ္ဂလိက လုံခြုံရေး ဝန်ထမ်းတယောက် ကြိုးဆွဲချ အဆုံးစီရင်မှု ဖြစ်ပွားခဲ့ပါသေးတယ်။
ဓာတ်ပုံ - မေတ္တာညွန့် လူမှုကူညီ ကယ်ဆယ်ရေးအဖွဲ့
Credit - Voice of Myanmar News Agency
#သတင်းဟင်းလေးအိုးကြီး
အတ္တလောဘတွေကြောင့်...‼
👉မိသားစုအပေါ်မှာတောင်
လောဘစိတ်တွေဖုံးလွှမ်းနေတဲ့...#မင်းခန့်ကျော်
#မင်းခန့်ကျော် အဖြစ်
#မင်းဘုန်းမြတ်
👻🎃👻👻🎃👻👻🎃👻👻🎃👻
👉ဖိန့်တက်တဲ့လူတွေကြားမှာ...‼
#ဖိန့်ရင်း...အလွဲကြီးလွဲသွားသလို..‼
အလွဲကောင်းတွေနဲ့ ဖိန့်လုံးတွေကို ခံစားပြီး
ရယ်မောပျော်ရွှင်ရအုံးမယ်...‼
👻👻👻👻👻👻👻👻👻👻👻👻
#horror_comedy ဇာတ်ကားလေးဖြစ်တဲ့...‼
#ဖိန့်ရုပ်ရှင်ဇာတ်ကားကြီး
👻🎃အောက်တိုဘာလ(၁၇)ရက်နေ့မှစ၍
တစ်ပြည်လုံးရုံတင်ပြသပါမည်👻🎃
#အကယ်ဒမီနေဝင်း
#မင်းဘုန်းမြတ်
#အကယ်ဒမီမေမြင့်မိုရ်
#အကယ်ဒမီခြူးလေး
#မင်းဟိဏ်း
#အကယ်ဒမီမိုးဒီ
#ရဲမွန်
#ဆင်မ
#ဇင်မျိုး
#စိုးမိုကြည်
#အကယ်ဒမီဝါဝါအောင်
#သန်းသန်းစိုး
#နေလင်း
#သွက်လက်၊ #ဂျက်လီ၊ #ဝိုင်းဝိုင်းလည်၊ #သီဟ
#ဒိုပေါက်၊ #အုန်းဒိုင်း၊ #တင်ဇာဝင်းပြည့်
ဝေးလ်နှင့် ခြေစမ်းပွဲအား အင်္ဂလန်အသင်းခေါင်းဆောင်ဟယ်ရီကိန်း လွဲချော်မည်
အောက်တိုဘာ ၉
အင်္ဂလန်အသင်းခေါင်းဆောင်ဟယ်ရီကိန်းဟာ အသေးစားခြေကျင်းဝတ်ဒဏ်ရာကြောင့် ယနေ့ည ဝေးလ်နှင့် ကစားမယ့် ခြေစမ်းပွဲစဉ်အား လွဲချော်လာပါမယ်။
အသက် ၃၂ နှစ်ရှိ တိုက်စစ်မှူးဟာ စနေနေ့တုန်းက ဖရန့်ဖတ်ကို ၃-၀ ဂိုးဖြင့် အနိုင်ရရှိတဲ့ ဘိုင်ယန်မြူးနစ်ရဲ့ ဘွန်ဒက်စ်လီဂါပွဲစဉ်တွင် ခြေကျင်းဝတ်ဒဏ်ရာရရှိခဲ့ပြီးနောက် လေ့ကျင့်ခန်းဆင်းနိုင်ခြင်း မရှိပါဘူး။
ဒါပေမယ့် အင်္ဂလန်သမိုင်းတွင် ဂိုးအများဆုံးသွင်းယူထားတဲ့ ဟယ်ရီကိန်းဟာ လာမယ့် အင်္ဂါနေ့ လတ်ဗီးယားနှင့် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွင် ပါဝင်လာနိုင်မယ်လို့ ယူဆရပါတယ်။
သောမတ်စ်တူချယ်က ဟယ်ရီကိန်း မပါဝင်နိုင်မှုနှင့်အတူ ယနေ့ည ဝေးလ်နှင့်ပွဲတွင် အသင်းခေါင်းဆောင်အဖြစ် ဂျော်ဒန်ဟင်ဒါဆင်၊ ဂျွန်စတုန်း (သို့မဟုတ်) ဒီကလန်ရိုက်တို့ထဲမှ တစ်ဦးက တာဝန်ယူလာမယ်လို့ အတည်ပြုသွားပါတယ်။
အင်္ဂလန်ဟာ ဝေးလ်နှင့် နောက်ဆုံးအကြိမ်တွေ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက ၃-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။
ဝေးလ်နှင့် ပွဲစဉ်မှာ ခြေစမ်းပွဲ ဖြစ်နေရာ ဟယ်ရီကိန်း မပါဝင်နိုင်မှုက သောမတ်စ်တူချယ်အတွက် ပြဿနာတစ်ရပ် ဖြစ်လာမှာ မဟုတ်ပါဘူး။
ဟယ်ရီကိန်းဟာ အင်္ဂလန်အတွက် ၁၀၉ ပွဲကစားထားရာမှာ ၇၄ ဂိုးဖြင့် ဂိုးအများဆုံးသွင်းယူထားသူ ဖြစ်ပြီး ကျန် အင်္ဂလန်တစ်သင်းလုံးရဲ့ သွင်းဂိုးက ၅၃ ဂိုးတည်းသာ ရှိပါတယ်။
သူဟာ ၂၀၁၅ ခုနှစ်တွင် အင်္ဂလန်အတွက် ပထမဆုံးပွဲ ကစားပြီးနောက် အင်္ဂလန်ရဲ့ သွင်းဂိုး ၂၆.၄ ရာခိုင်နှုန်းအား သွင်းယူထားသူလည်း ဖြစ်ပါတယ်။
Credit - Playmaker Journal
#ဘောလုံးသတင်းစုံ
🌶️🌶️ငရုတ်ပင်ကို အသီးအပွင့်များများသီးအောင် စိုက်ပျိုးနည်း🌶️🌶️
ဒီနည်းလမ်းဟာ ငရုတ်ပင် ကို ရေအမြဲစုပ်စိုက်ပျိုးနည်း နဲ့ စိုက်ပျိုးပြီး၊ ဘီယာ၊ ကြက်ဥ၊ ဆား စတဲ့ သဘာဝအာဟာရဓာတ်တွေ ပေးသွင်းတာကြောင့် အသီးအပွင့်တွေ ပိုမိုသီးလာစေဖို့ ရည်ရွယ်ပါတယ်။
လိုအပ်သောပစ္စည်းများ
ငရုတ်ပျိုးပင် (သို့မဟုတ် ငရုတ်မျိုးစေ့)
စိုက်ပစ္စည်းများ:
အုန်းမှုတ်ခွံဖတ်
မြေဆွေး
ကောက်ရိုးပြာစိမ်း (သို့) မီးသွေးပြာ
ပလတ်စတစ် ရေသန့်ဘူး (၁.၅ လီတာ သို့မဟုတ် ၂ လီတာ အရွယ်)
အာဟာရဖြည့်ပစ္စည်းများ:
ဘီယာ
ကြက်ဥ
ဆား
သန့်ရှင်းသောရေ
စိုက်ပျိုးနည်း အဆင့်ဆင့်
၁။ အိုး (ရေသန့်ဘူး) ပြင်ဆင်ခြင်း
ရေသန့်ဘူး ကို အလယ်နားမှ နှစ်ပိုင်း ခွဲ ဖြတ်ပါ။ (အပေါ်ပိုင်းနှင့် အောက်ပိုင်း)
အပေါ်ပိုင်း (ပါးစပ်ဘက်) ကို ဇောက်ထိုးလှန်လိုက်ပြီး အဖုံးမှာ အပေါက်ငယ်များ ဖောက်ပါ။ ၎င်းအပေါ်ပိုင်းကို စိုက်မည့်အိုးအဖြစ် အသုံးပြုမှာ ဖြစ်ပါတယ်။
အောက်ပိုင်း ကို ရေခံဗူးအဖြစ် အသုံးပြုဖို့ ရေသန့်ဖြည့်ထားပါ။
ထို့နောက် အပေါ်ပိုင်းကို အောက်ပိုင်းထဲ ပြန်ထည့်လိုက်တဲ့အခါ၊ အဖုံးဖောက်ထားတဲ့နေရာလေးဟာ ရေနဲ့ အချိန်တိုင်းထိနေအောင် ဂရုစိုက်ပါ။ ဒါမှ အပင်က လိုအပ်တဲ့ရေကို အချိန်တိုင်း စုပ်ယူနိုင်မှာပါ။
၂။ မြေဆွေး ရောစပ်ပြင်ဆင်ခြင်း
မြေဆွေး (၂ ပုံ)၊ အုန်းမှုတ်ခွံဖတ် (၁ ပုံ)၊ နှင့် ကောက်ရိုးပြာစိမ်း (၁ ပုံ) တို့ကို သမအောင် ရောမွှေ ပါ။
ရောစပ်ပြီးသား မြေဆွေးကို အပေါ်ပိုင်းဖြတ်ထားတဲ့ ရေသန့်ဘူးထဲကို ထည့်ပါ။
ထို့နောက် ငရုတ်ပျိုးပင်ကို စိုက်ပါ။
၃။ အစပိုင်း ဂရုစိုက်ပြုစုခြင်း
အောက်ခံ ရေဗူးထဲကို ရေသန့်ထည့် ပေးပါ။ မြေကြီးဟာ ရေဆွတ်စွတ်လေးဖြစ်နေဖို့လည်း ရေလောင်းပေးရပါမယ်။
ရက်ပေါင်း ၁၅ ရက်မှ ၂၀ ရက် ကြာရင် ငရုတ်ပင်လေးတွေ သန်စွမ်းပြီး အခြေကျလာပါလိမ့်မယ်။
အသီးအပွင့်များဖို့ အာဟာရဖြည့်နည်း
၂၀ ရက် တစ်ကြိမ်
ဘီယာ၊ ကြက်ဥတစ်လုံး၊ နှင့် ဆားအနည်းငယ် တို့ကို သမအောင် ရောမွှေပါ။
အဲဒီအရည်ဖျော်စပ်ထားတာကို လက်ဖက်ရည်ဇွန်း ၁ ဇွန်းစာ ယူပြီး၊ အောက်ခံဗူးထဲက ရေထဲကို ရက် ၂၀ ခြားတစ်ခါ ထည့်ပေးပါ။
အာဟာရများ၏ အကျိုးကျေးဇူး
အာဟာရ အပင်အတွက် အကျိုးကျေးဇူး
ဘီယာ ဗီတာမင် B နှင့် သတ္တုဓာတ်များ ပါဝင်၍ အပင်ကြီးထွားမှုနှင့် အသီးအပွင့်ဖြစ်ပေါ်မှုကို အားပေး သည်။
ကြက်ဥ ပရိုတင်းနှင့် ကယ်လ်စီယမ်ဓာတ်များ ပါဝင်၍ အပင်နှင့် အမြစ်များကို သန်မာစေ သည်။
ဆား မှိုနှင့် အချို့သော ပိုးမွှားများရန်မှ ကာကွယ် ပေးသည်။
ဆက်လက် ပြုစုစောင့်ရှောက်ခြင်း
အောက်ခံရေဗူးထဲမှ ရေမခန်းအောင် ဂရုစိုက် ဖြည့်ပေးပါ။
စိုက်ပျိုးပြီး ၂ လခန့် ကြာရင်တော့ ငရုတ်သီးများ စတင်သီးလာပြီး ခူးစားနိုင်ပါပြီ။
မှတ်ချက်
ဒီနည်းလမ်းကို ငရုတ်ပင်အပြင် ခရမ်း၊ သံပုရာ၊ ဟင်းနုနွယ် စတဲ့ အိမ်သုံး ဟင်းသီးဟင်းရွက်ပင်များ အတွက်လည်း အသုံးပြုနိုင်ပါတယ်။ ဒါမှ ကိုယ်တိုင် အိမ်မှာ လတ်ဆတ်ပြီး ဘေးကင်းတဲ့ အသီးအနှံတွေကို စိုက်ပျိုးစားသုံးနိုင်မှာ ဖြစ်ပါတယ်။
မဲဆောက်တွင် တရားမဝင် ဈေးရောင်းသည့် မြန်မာနိုင်ငံသား ၇ ဦး ဖမ်းဆီးခံရ
အောက်တိုဘာ ၉
ထိုင်းနိုင်ငံ၊ တာ့က်ခရိုင်၊ မဲဆောက်မြို့နယ်အတွင်း တရားမဝင် ဈေးရောင်းချသည့် မြန်မာနိုင်ငံသား (၇) ဦးအား ဖမ်းဆီးခဲ့ကြောင်း တာ့က်ခရိုင်လူဝင်မှုကြီးကြပ်ရေးဌာနက ယနေ့ အောက်တိုဘာလ ၈ ရက်တွင် ထုတ်ပြန်လိုက်သည်။
ယင်းထုတ်ပြန်ချက်တွင် အောက်တိုဘာလ ၇ ရက် နံနက် ၁၁ နာရီအချိန်က မဲဆောက်မြို့နယ်၊ မဟာဝမ်ကျေးရွာအတွင်း မြန်မာနိုင်ငံသားများ ဈေးရောင်းချနေကြောင်း ဒေသခံများက တိုင်ကြားသောကြောင့် ထိုင်းနိုင်ငံ လဝကနှင့် ပူးပေါင်းအဖွဲ့များက ဝင်ရောက်စစ်ဆေးခဲ့ရာမှ အထက်ပါအတိုင်း အဖမ်းခံရခြင်းဖြစ်ကြောင်း သိရသည်။
ယခုအခါ အဆိုပါ အဖမ်းခံရသူများ မဲဆောက်ရဲစခန်းတွင် ထိန်းသိမ်းထားပြီး ထိုင်းနိုင်ငံ လဝက ဥပဒေအရ ဆက်လက် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
Photo - Tak Immigration
Credit - Myanmar Transparency News Agency
#centralnewsnaypyitaw


+8
လျှပ်စီးလက်ခြင်းနဲ့ပတ်သက်ပြီး ဆန်းကြယ်တဲ့အချက် ၆ ချက်
ထူးထူးဆန်းဆန်း လျှပ်ပျက်ခြင်းမှတဆင့် သစ်ပင်တွေအလဲလဲပြိုတဲ့ အခြေအနေမျိုး ထိဖြစ်တတ်ပါတယ်။ လျှပ်စီးလက်ခြင်းနဲ့ပတ်သက်ပြီး သင့်ကိုအံ့အားသင့်သွားစေမယ့် အချက်တွေကဘာလဲ ကြည့်ကြရအောင်။
၁။ လျှပ်စီးမလက်ဘဲ မိုးမခြိမ်းနိုင်ပါဘူး
မိုးချုန်းသံဆိုတာ လျှပ်ပြက်ခြင်းကြောင့် ဖြစ်လာတာပါ။ အားပြည့်ပြီး အပူလွန်ကဲနေတဲ့ ကောင်းကင်ပေါ်က အဖြူရောင် လျှပ်စီးတန်းကြီးကနေ စူးရှကျယ်လောင်တဲ့အသံရှည် ပြွန်တစ်ခုဖန်တီးပေးပါတယ်။ ပြွန်ထဲမှာ ရှိတဲ့လေက ပွလိုက်ကျုံ့လိုက်ဖြစ်လာပြီး တုန်ခါမှုကိုဖန်တီးပေးတာကြောင့် မိုးခြိမ်းသံအဖြစ်ကြားရတာပါ။
၂။ မိုးကြိုးပစ်ခံရသူတွေမှာ ထူးခြားတဲ့ အနီကြောင်းပေါ်လာပြီး သေဆုံးသွားတတ်ကြပါတယ်။
မိုးကြိုးပစ်ခံရသူတွေရဲ့ ခန္ဓာကိုယ်မှာဗို့အားမြင့် လျှပ်စီးကအရေပြားတစ်လျှောက် စိမ့်ဝင်စီးဆင်းသွားတာကြောင့် အကိုင်းအခက်တွေပုံစံအနီရောင်စီးကြောင်းကြီး ပေါ်လာပြီး အသက်သေဆုံးနိုင်ပါတယ်။
၃။ လျှပ်စီးက သစ်ပင်တွေကို ထက်ပိုင်းကျိုးစေပါတယ်
ဗို့အား ၁၅ သန်းရှိတဲ့ လျှပ်စစ်နဲ့ သစ်ပင်ကိုင်းကိုပဲဖြတ်ကြည့်။ ဘယ်လိုဖြစ်မယ်ထင်လဲ၊ လျှပ်စီးရဲ့ အပူချိန်က သစ်ပင်ထဲဝင်ရောက်ပြီး သစ်စေးကို ရေငွေ့ပြန်စေကာ ပင်စည်ကိုဖောက်ခွဲနိုင်တဲ့ ရေးနွေးငွေ့ကို ဖြစ်ပေါ်စေတာကြောင့် သစ်ပင်တွေပျက်စီးရခြင်းဖြစ်ပါတယ်။
၄။ တောင်အမေရိကရှိ ရေကန်တစ်ခုမှာ တစ်နာရီတွင်း လျှပ်ပြက်ခြင်းအကြိမ် ၁၀၀ ဖြစ်ပေါ်ပါတယ်
ဗင်နီဇွဲလားအနောက်မြောက်ဘက် Catatumbo မြစ် နှင့် Maracaibo ရေကန်တို့ ကန့်လန့်ဖြတ်ဆုံတဲ့နေရာ ကောင်းကင်ပြင်မှာ တစ်နှစ်တွင်း လျှပ်ပြက်ခြင်းကို ညပေါင်း ၃၀၀ လောက်ထက်ပိုပြီး တွေ့ရပါသတဲ့။ ၁ စက္ကန့်အတွင်းမှာတောင်အကြိမ်ရေ အများကြီး လျှပ်ပြက်တာပါတဲ့။ ကာရေဗီယန်ပင်လယ် ကနေဖြတ်သန်းတိုက်ခတ်လာတဲ့ လေနွေးနွေးလေးတွေက တောင်အမေရိက တောင်တန်းတွေက ဆင်းသက်လာတဲ့ လေအေးနဲ့ ရောနှောသွားပြီး ထူးခြားတဲ့ ရာသီဥတု အပြောင်းအလဲတွေ ဖြစ်ပေါ်လာပါတယ်။ ဒီနေရာဟာ ၁ စတုရန်းကီလိုမီတာ ဧရိယာအတွင်း ကမ္ဘာ့လျှပ်ပြက်ဆုံးနေရာအဖြစ်တောင်မှတ်တမ်းဝင်သွားခဲ့တဲ့ နေရာဖြစ်ပါတယ်။
၅။ မိုးကြိုးသွားကတကယ်ရှိပါတယ်
လျှပ်စီးက သဲနှင့် ကျောက်ခဲကိုထိမှန်တဲ့ အခါ ပြင်းထန်တဲ့ အပူရှိန်က မျက်နှာပြင်အောက်ရှိဓာတ်သတ္တုတွေကို ပျော်ဝင်ပေါင်းစပ်စေပြီးfulgurite လို့ခေါ်တဲ့ ပြွန်ပုံစံအချောင်းလေးဖြစ်သွားပါတယ်။ ရှားတော့ရှားပေမဲ့ မိုးကြိုးသွားတွေကို ကမ္ဘာ အနှံ့ မှာတွေ့နိုင်ပါတယ်။
၆။ မိုးကြိုးပစ်ခံရမှာ လူတိုင်းနီးပါးကြောက်ကြတယ်
ဘဝမှာ မိုးကြိုးပစ်ခံရကိန်းက တစ်သောင်းနှစ်ထောင်ပုံ ၁ ပုံနီးပါး ရှားပါတယ်။ အမေရိက မှာဆို မိုးကြိုးပစ်ခံရမှာ ကြောက်တဲ့ရောဂါ (astraphobia) က အမြင့်ကြောက်ရောဂါ နှင့် တိရစ္ဆာန်အကောင်လေးတွေကို ကြောက်တဲ့ရောဂါပြီးရင် တတိယအဖြစ်များဆုံးပါ။ ဒါပေမဲ့ သတိပြုသင့်တာက မိုးလေဝသအပြောင်းအလဲတွေကြောင့် ၂၁၀၀ ခုနှစ်ရောက်ရင်တော့ မိုးကြိုးပစ်ခံရမယ့်အန္တရာယ်က ၈၀၀၀ ပုံ ၁ ပုံလောက်တိုးလာနိုင်တယ်လို့ သိပ္ပံပညာရှင်တွေကပြောပါတယ်။
Ref : 6 Weird Facts About Lightning Strikes