8 w - Translate

စိတ်ကြည်နူးစေတဲ့ ရနံ့လေး......🤍🌸

image
8 w - Translate

စိတ်ကြည်နူးစေတဲ့ ရနံ့လေး......🤍🌸

image
8 w - Translate

စိတ်ကြည်နူးစေတဲ့ ရနံ့လေး......🤍🌸

image
8 w - Translate

စိတ်ကြည်နူးစေတဲ့ ရနံ့လေး......🤍🌸

image
image
image
image
8 w - Translate

Coffee is my best part of autumn days.🤎
#fblifestyle

image
8 w - Translate

One day.🤎

image
8 w - Translate

A Letter to Franz Kafka
ဖရန့်ဇ် ကပ်ဖကာထံပေးစာ
( Book review ပါပဲ၊ စာရေးသူထံပြောပြတဲ့ ပုံစံနဲ့ ရေးကြည့်တာပါ :3 )
အန်ကယ်ဖရန့်ဇ်ခင်ဗျား
ကျွန်တော် မနှစ်က ( ၂၀၂၂၊ အန်ကယ်ဖရန့်ဇ်သေပြီး ၉၈ နှစ်အကြာ ) အန်ကယ်ဖရန့်ဇ်ရဲ့အဖေ့ထံပေးစာနဲ့ The Sons ဝတ္ထုတိုစုကို ဘာသာပြန်ထားတဲ့ စာအုပ်ကို ဝယ်ခဲ့ပါတယ်။ အခု ( ၂၀၂၃ ) ဖတ်ဖြစ်ပါတယ်။ အန်ကယ်က The sons ဆိုတဲ့ title အောက်မှာ Metamorphosis, The judgement နဲ့ The Stoker ဆိုတဲ့ ဝတ္ထုတို ၃ ပုဒ်ကို စုစည်းပြီးထုတ်စေချင်ခဲ့တာဆိုတော့ အန်ကယ့်ဆန္ဒပြည့်ခဲ့ပြီပဲဆိုရမှာပေါ့။ ကျွန်တော်ဝယ်ခဲ့တဲ့ စာအုပ်မှာတော့ ဘာသာပြန်ဆရာက အန်ကယ် အန်ကယ့်အဖေဆီရေးခဲ့တဲ့ စာကိုပါဘာသာပြန်ပြီးထည့်ပေးထားပါတယ်။
crd

image

ကျွန်တော်သိတယ်။
ကျွန်တော်မသိချင်ဟန်ဆောင်ထားတာ။
မသိချင်လိူ့။
ကျွန်တော့်ကိုတန်ဖိုးထားစရာမလိုပါဘူး။
ကျွန်တော်ပေးသလောက်ပြန်ပေးရင်ရပြီ။
ခက်လို့လား။
လူတွေကအတော်ရယ်ရတယ်။

- အလ်နီလွန်း

8 w - Translate

#ခွေးတွေ_ဘာကြောင့်_မြက်ပင်တွေကို_စားကြတာလဲ!
မြက်စားတာဟာ ခွေးတွေမှာ အတွေ့ရများတဲ့ အပြုအမူဖြစ်ပြီး၊ များသောအားဖြင့် အန္တရာယ်မရှိပါ။ ဒါပေမယ့် အကြောင်းရင်းကို သိထားဖို့တော့ လိုပါတယ်။
အဓိက အကြောင်းရင်းများ
ဗိုက်မအီမသာဖြစ်လို့ ခွေးတွေဟာ အန်ချင်တဲ့အခါ မြက်စားလေ့ရှိပါတယ်။ မြက်အရွက်တွေက လည်ချောင်းကို ထိရှစေပြီး အန်ထုတ်နိုင်အောင် လှုံ့ဆော်ပေးပါတယ်။ ဗိုက်ထဲမအီမသာဖြစ်နေတဲ့ အရအရာတစ်ခုကို ထုတ်ပစ်ဖို့ သဘာဝနည်းလမ်းတစ်ခုပါ။
အစာအိမ်လေပွလို့ မြက်စားခြင်းဖြင့် အစာခြေစနစ်ကို လှုံ့ဆော်ပေးပြီး လေထုတ်နိုင်ပါတယ်။ အာဟာရချို့တဲ့လို့ အမျှင်ဓာတ် သို့မဟုတ် အာဟာရဓာတ်တစ်ခုခု ချို့တဲ့နေပါက မြက်ကနေ ဖြည့်ဆည်းတာဖြစ်နိုင်ပါတယ်။ ပျင်းရိလို့ သို့မဟုတ် စိတ်ဖိစီးလို့ လေ့ကျင့်ခန်းမလုပ်ရဘဲ ပျင်းနေတဲ့ခွေးတွေ၊ စိတ်ဖိစီးမှုများတဲ့ခွေးတွေဟာ မြက်စားခြင်းဖြင့်ဖြေလျှော့တတ်ကြပါတယ်။ တစ်ခါတရံ အရသာကောင်းလို့၊ မြက်နုတွေကို စားချင်လို့ စားတာလည်း ဖြစ်နိုင်ပါတယ်။
စိုးရိမ်စရာကောင်းတဲ့ အချက်များက​တော့၊ မြက်စားတာက ပုံမှန်ဆိုပေမယ့်၊အောက်ပါလက္ခဏာတွေပါရှိရင် ဆေးကုသမှုခံယူသင့်ပါတယ်။
အလွန်အမင်း အန်ခြင်း
ဝမ်းလျှောခြင်း / ဝမ်းထဲသွေးပါခြင်း
စားချင်စိတ်နည်းခြင်း၊ ရေငတ်ခြင်း
ဂနာမငြိမ်ဖြစ်ခြင်း
အန္တရာယ်ကင်းအောင် ဘယ်လိုလုပ်မလဲ
၁. ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး ဖျန်းထားတဲ့ မြက်ခင်းတွေပေါ် ခွေးလမ်းလျှောက်ခြင်းကို ရှောင်ကြဉ်ပါ။
၂.အာဟာရပြည့်ဝအောင် ကျွေးပါ အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေ ကျွေးပါ။
၃.ခွေးကို လေ့ကျင့်ခန်းလုံလောက်အောင် လုပ်ပေးပါ။ခွေးအခြင်းခြင်း ဆော့ကစားပါစေ။
အနှစ်ချုပ် ခွေးတွေ မြက်စားတာဟာ သဘာဝအလျောက် အပြုအမူတွေ ဖြစ်ပါတယ်။ ဒါပေမယ့် ကျန်းမာရေးအတွက် အန္တရာယ်ရှိနိုင်တာကြောင့်၊ ပိုင်ရှင်အနေနဲ့ ကာကွယ်ခြင်းက ကုသခြင်းထက် ပိုကောင်းကြောင်း သတိရပါ။

image
8 w - Translate

🌌တောင်ပေါ်အနမ်း အလွမ်းရာသီ (The Book Review)📘
စိတ်ကျန်းမာရေးနယ်ပယ်မှာ တိတိကျကျပြောရရင် Suicide Prevention လုပ်ကိုင်နေသူတစ်ဦးအတွက် စာရေးဆရာမ-မွန်ဟော်စီ ရဲ့ "တောင်ပေါ်အနမ်း အလွမ်းရာသီ” စာအုပ်က အားဆေးတစ်ခွက် ဖြစ်လာခဲ့ပါတယ်။ စာအုပ်လေးက မိမိကိုယ်ကိုအဆုံးစီရင်ခြင်းနဲ့ပတ်သက်ပြီး တန်ဖိုးရှိလှတဲ့ အချက်အလက်များကို လူတွေကြားထဲရောက်အောင် လုပ်ပေးနိုင်လို့ပါ။ Suicide Survivors တွေအတွက် နည်းလမ်းမှန်တဲ့အကူအညီများစွာလိုကြောင်းတွေ၊ မိမိကိုယ်ကိုအဆုံးစီရင်သွားတဲ့သူအပေါ် လူတွေရဲ့အမြင်တွေ၊ Suicide Risk ရှိတဲ့လူတွေအပေါ် လိုအပ်တဲ့ Support တွေပေးနိုင်ဖို့တွေအများကြီးကို ထိထိရောက်ရောက်ရေးသားထားပေးလို့ များစွာ အားလည်းတက်၊ ပီတိလည်းဖြစ်ရပါတယ်။
စာအုပ်ထဲက "စိတ်ပိုင်းဆိုင်ရာအရ မကျန်းမာဘူး၊ ကုသမှုခံယူရတယ်ဆိုတာ ရှက်စရာလည်းမဟုတ်ဘူး။ ဂုဏ်သိက္ခာကျစရာလည်းမဟုတ်ဘူး။” ဆိုတဲ့စာသားလေးကို လွန်စွာနှစ်သက်ပါတယ်။ ကျွန်တော်တို့ပတ်၀န်းကျင်မှာ စိတ်ကျန်းမာရေးနဲ့ပတ်သက်ရင် Stigma တွေကြီးပါတယ်။ သင့်တော်တဲ့ အကူအညီယူခြင်းအားဖြင့် အားလုံးအတွက် အကျိုးရှိစေကြောင်းကို မီးမောင်းထိုးပြသခဲ့တဲ့ မမွန်ကို များစွာကျေးဇူးတင်မိပါတယ်။
ရသပိုင်းမှာ စာဖတ်သူရဲ့ရင်ထဲရောက်စေမယ့် အရေးအသားတွေနဲ့ ဒိုးကလေး၊ မေဇော်၊ ကိုလင်း၊ ချို အစရှိတဲ့ Characters တွေ ဘယ်လိုစရိုက်မျိုးရှိလဲဆိုတာ ကွက်ကွက်ကွင်းကွင်းမြင်သာအောင်သရုပ်ဖော်ထားပါတယ်။ ပတ်၀န်းကျင် Settings တွေကို ဖော်ကျူးရာမှာလည်း ဖတ်ရှုရင်း သက်ဆိုင်ရာနေရာလေးတွေကိုရောက်သွားသကဲ့သို့ ခံစားမိစေပါတယ်။
Educational Aspects တွေ အပိုင်းတိုင်းမှာ ပါပါတယ်။ အစပိုင်းမှာ ဝေဖန်၊ အပြစ်တင်မှုမပါ၊ အကြံပေးမှုအားမပြုတဲ့ မိမိအကြောင်းကို မိမိကိုယ်တိုင်ရှာတွေ့အောင် လမ်းကြောင်းပေးသော Counselling ရဲ့သဘောတရားတွေကိုအမြည်းလေးပေးသွားပြီး၊ Trauma ကြောင့် လူတွေဟာ အခြားသူတွေ နားလည်ရခက်တဲ့အမူအကျင့်တွေကို Adopt လုပ်မိသွားတတ်တာကို မြင်သာအောင်ရေးသားထားပါတယ်။
တကယ်တော့ ဒိုးကလေးလိုလူမျိုးတွေကျွန်တော်တို့ပတ်၀န်းကျင်မှာ ထင်တာထက်ပိုရှိပါတယ်နော်။ အနာနဲ့ဆေးတည့်သလို မေဇော်လိုလူမျိုးတွေနဲ့တွေ့ဖို့ကျွန်တော်တို့ကြိုးစားရမှာပါ။ မေဇော်ရဲ့ Approach တွေကိုအားကျမိပါတယ်။ ဒိုးကလေးအမေတုန်းကလည်း အစွမ်းကုန်လုပ်ပေးခဲ့တာပါ။ ဒိုးကလေး (ချို) အလှည့်ကျ အောင်မြင်တာတွေ့ရလို့၀မ်းသာမိပါတယ်။
“စိတ်ကုထုံးပညာရှင်ဆိုတာလည်း လူတွေထဲကလူတစ်ယောက်ပါပဲ။ သူတို့ဆီမှာလည်းစိတ်ပြဿနာတွေရှိတယ်။ ခံစားချက်တွေရှိတယ်။” ဆိုတဲ့အတိုင်းပါပဲ စိတ်ပြဿနာရှိတဲ့/ ကြီးတဲ့လူတွေကိုကူညီရင်း Secondary Trauma တွေ၀င်မလာအောင် အထူးဂရုစိုက်ရပါတယ်။ မေဇော် ရဲ့ Self-care လေးတွေ သဘောကျတယ်။ အထူးသဖြင့် ခွေးလေးတွေ အိမ်မွေးခွေးလေးတွေကို သဘာဝရဲ့Anti-depressant လို့တောင် တင်စားကြတယ်မဟုတ်ပါလား။
နောက်တော့ ပတ်၀န်းကျင်မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ Social Media ပြဿနာတွေ၊ အထူးသဖြင့် နာမည်အနည်းငယ်ရလာရင် သတိပိုထားရမယ့်အချက်တွေကိုသင်ခန်းစာပေးထားပါတယ်။
ဒီစာအုပ်ရဲ့ထူးခြားချက်က ၀တ္ထုဆိုပေမဲ့ Educational ဖြစ်စေတဲ့ အရာတွေကိုအခါအားလျော်စွာ ဇာတ်လမ်းနဲ့လိုက်ပြီး Fact Sheet ပုံစံလေးတွေထည့်သွင်းပေးထားခြင်းပါ။ Art Therapy, Inner Child, Attachment Styles စသည်ဖြင့် ခြုံငုံကြည့်ရရင် Mental Health နဲ့ပတ်သက်တဲ့ လေ့လာစရာတွေအများကြီးပါ။ Big T, Small T Traumas, Counselling Skills ထဲက Mirroring, Supporting, Listening, Challenging, Reflecting, Lack Mentality စသည်ဖြင့် အလျင်းသင့်သလို ထည့်သွင်းထားပါတယ်။
စာအုပ်က သုတအပြင် ရသပိုင်းပါပြည့်၀ပါတယ်။ Tempo အတင်အချ အထူးကောင်းမွန်ပါတယ်။ အပိုင်းကြီးတစ်ခုမှာ အလွန် Serious ဖြစ်တဲ့ အပိုင်းနဲ့အတူ Relaxed ဖြစ်စေမယ့် အခြားလူကြီးလူငယ်မရွေးစိတ်၀င်စားဖွယ် ပတ်၀န်းကျင်အခင်းအကျင်း၊ ဓလေ့စရိုက်၊ Drama and Romance တွေကို ဟန်ချက်ညီညီ မျှတရောယှက်ကာ တင်ပြထားတာ စိတ်ကျန်းမာရေးအရမ်းစိတ်မ၀င်စားသူတွေအတွက်လည်း အကြိုက်တွေ့စေမယ့်စာအုပ်ပါ။
တကယ်တော့ ထည့်သွင်းဖော်ပြထားခြင်းမရှိတဲ့ စိတ်ကျန်းမာရေးနဲ့ပတ်သက်တဲ့ ဝေါဟာရတွေရှိပါသေးတယ်။ Transference, Overthinking, Irrational Beliefs, Paranoia, Pedophiles (Pedophilic Disorder) တို့ကို မမွန်ရဲ့ Skills နဲ့ ဖတ်ရှုသူတွေပိုပြီး Curious ဖြစ်အောင်လေ့လာချင်အောင်ပြုလုပ်ထားပါတယ်။
ကျွန်တော်တို့အခုချိန်စိတ်ကျန်းမာရေးလုပ်ငန်းတွေလုပ်ရာမှာ Challenges တွေများစွာရှိပါတယ်။ ယခုလို အချိန်မျိုးမှာ
"တောင်ပေါ်အနမ်း... အလွမ်းရာသီ" ထွက်ရှိလာခြင်းဟာ Mental Health Field ကလူတွေအတွက်ခွန်အားကြီးတစ်ခုပါ။ ချို့ရဲ့ Pink Socks Mental Health Campaign ဟာ လူသိန်းပေါင်းများစွာရဲ့အာရုံရခဲ့ပြီး လူအမြောက်အများ စိတ်ကျန်းမာရေးအထောက်အကူဖြစ်ခဲ့သလို အခု မမွန် လိုလူတွေချစ်ခင် လေးစား အားပေးတဲ့လူတစ်ယောက်ရဲ့စွမ်းဆောင်မှုကြောင့် ရလဒ်ကောင်းများရရှိမယ် လို့အထူးယုံကြည်လျက် Highly Recommend လုပ်လိုက်ပါတယ်။
Crd

image