အနီကတ်အတွက် ထပ်ဆောင်းပွဲပယ်ပြစ်ဒဏ်ချမှတ်ခံလာရတဲ့ စပါးစ်အသင်းခေါင်းဆောင်ရိုမီယို
===================

စပါးစ်အသင်းခေါင်းဆောင်ခရစ္စတီယန်ရိုမီယိုဟာ ပြီးခဲ့တဲ့လတုန်းက လီဗာပူးရှုံးပွဲမှ အပြုအမူအတွက် ထပ်ဆောင်းတစ်ပွဲပယ်ပြစ်ဒဏ်အပြင် ပေါင် ၅၀၀၀၀ ဒဏ်ရိုက်ခြင်းခံလာရပါတယ်။
ရိုမီယိုဟာ ဒီဇင်ဘာလ ၂၀ ရက်နေ့တုန်းက လီဗာပူးအား ၂-၁ ဖြင့် ရှုံးနိမ့်တဲ့ပွဲတွင် ပွဲချိန် ၉၃ မိနစ်မှာ နှစ်ဝါတစ်နီဖြင့် ထုတ်ပယ်ခြင်းခံရပြီးနောက် ကွင်းထဲမှ ချက်ချင်းထွက်ခွာရန် ပျက်ကွက်ခဲ့တာပါ။
သူဟာ လီဗာပူးနောက်ခံလူကိုနာတေးအား ပြစ်ဒဏ်ကျူးလွန်မှုအတွက် ဒုတိယအဝါကတ်ပြသခြင်းခံခဲ့ရတာလည်း ဖြစ်ပါတယ်။
ရိုမီယိုဟာ နှစ်ဝါတစ်နီဖြင့် ထုတ်ပယ်ခြင်းခံခဲ့ရမှုကြောင့် အလိုအလျှောက် ၁ ပွဲပယ်ခံခဲ့ရပြီး ဖြစ်ကာ ဒီဇင်ဘာလ ၂၈ ရက်နေ့ ပဲလေ့စ်အား ၁-၀ ဂိုးဖြင့် အနိုင်ရတဲ့ပွဲတွင် ကျခံခဲ့ပြီး ဖြစ်ပါတယ်။
ဒါပေမယ့် သူဟာ အဝါကတ် ၅ ကတ်ပြည့်သွားမှုအတွက် ဖူလ်ဟမ်အား ၂-၁ ဖြင့် ရှုံးနိမ့်တဲ့ပွဲကို လွဲချော်ခဲ့ပြီးလည်း ဖြစ်ပါတယ်။
သူဟာ နောက်ထပ် ၁ ပွဲ ထပ်ဆောင်းပွဲပယ်ခံလာရမှုနှင့်အတူ ယနေ့ည ဗီလာအား အိမ်ကွင်းတွင် အက်ဖ်အေဖလားတတိယအဆင့်ပွဲစဉ်ကို ထပ်မံ လွဲချော်လာတော့မှာ ဖြစ်ပါတယ်။

image

ဗီလာရှုံးပွဲအပြီးတွင် ရေဗူးဖြင့် ပစ်ပေါက်မှုအတွက် စွဲချက်တင်ခံလာရတဲ့ ချဲလ်ဆီး
=====================

ချဲလ်ဆီးဟာ ဒီဇင်ဘာလနှောင်းပိုင်းတုန်းက ပွဲအပြီးတွင် ဗီလာအရန်ခုံရှိရာ ပရိသတ်တစ်ဦးက ရေဗူးဖြင့် ပစ်ပေါက်မှုအတွက် အက်ဖ်အေရဲ့ စွဲချက်တင်ခြင်းခံလာရပါတယ်။
စတမ်းဖို့ဒ်ဘရစ်ချ်တွင် ဗီလာတို့ နောက်ကကစားပြီး ၂-၁ ဖြင့် အနိုင်ရတဲ့ပွဲအပြီးတွင် ဗီလာအရန်ခုံရှိရာသို့ ပရိသတ်တစ်ဦးက ရေဗူးဖြင့် ပစ်ပေါက်ခဲ့တာလည်း ဖြစ်ပါတယ်။
ယင်းရေဗူးကို ပွဲကြည့်စင်မှ ပရိသတ် ပစ်တာလား၊ နည်းစနစ်ဧရိယာအတွင်း ရှိသူတစ်ဦးဦးက ပစ်တာလား မရှင်းလင်းပေမယ့် ရေသန့်ဗူးဖြစ်ကြောင်း အတည်ပြုထားနိုင်ခဲ့ပါတယ်။
ဗီလာနည်းပြအဖွဲ့ဝင်တစ်ဦးဟာ ကလပ်သမိုင်းတွင် ဒုတိယအကြိမ်မြောက် ၁၁ ပွဲဆက် နိုင်ပွဲ ရရှိပြီးနောက် ရေဗူးဖြင့် ပစ်ပေါက်ခံလာရချိန်တွင် ချဲလ်ဆီးအရန်ခုံဘက်သို့ လက်ညှိုးထိုးခဲ့တာလည်း တွေ့ရပါတယ်။
လက်ရှိအချိန်တွင် ချဲလ်ဆီးဘက်က ယင်းဖြစ်ရပ်ကို စုံစမ်းစစ်ဆေးမှု ပြုလုပ်နေဆဲ ဖြစ်ပြီး တစုံတရာ မှတ်ချက်ပြု ပြောကြားထားခြင်း မရှိသေးပါဘူး။

image

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ
( ၂၀၂၆ - ဇန်နဝါရီ ၁၀ ၊ နံနက် ၁၀ နာရီ)

#ရွှေဈေး
-ကမ္ဘာ့ရွှေဈေး
တအောင်စ ၄၅၁၀ ဒေါ်လာ
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း
- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၆၀၀၀၀၀၀ ကျပ်
ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၉၅၀၀၀၀၀ ကျပ်
ဝယ်ဈေး ၉၄၆၀၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၉၁၀၀၀၀၀ ကျပ်
ဝယ်ဈေး ၉၀၆၀၀၀၀ ကျပ်
* စနစ်သစ်
(၁ိ - ၁၆.၃၂၉၃၂၅ ဂရမ် = ၁၂၀ ရွေး)
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၉၃၈၀၀၀၀ ကျပ်
ဝယ်ဈေး ၉၃၄၀၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၈၉၈၀၀၀၀ ကျပ်
ဝယ်ဈေး ၈၉၄၀၀၀၀ ကျပ်
“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”
(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)
#နိုင်ငံခြားငွေလဲလှယ်နှုန်း
-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၆၅၅ ကျပ်
ပြင်ပပေါက်စျေး
-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၀၂၀ ကျပ်
ဝယ်ဈေး - ၃၉၂၀ ကျပ်
-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၁၂၀ ကျပ်
ဝယ်ဈေး - ၃၀၄၀ ကျပ်
-ယူရို
ရောင်းဈေး - ၄၆၇၅ ကျပ်
ဝယ်ဈေး - ၄၅၆၀ ကျပ်
-ထိုင်းဘတ်
ရောင်းဈေး - ၁၂၈.၂၁ ကျပ်
ဝယ်ဈေး - ၁၂၅ ကျပ်
-မလေးရှားရင်းဂစ်
ရောင်းဈေး - ၉၈၆ ကျပ်
ဝယ်ဈေး - ၉၆၁ ကျပ်
-တရုတ်ယွမ်
ရောင်းဈေး - ၅၇၆ ကျပ်
ဝယ်ဈေး - ၅၆၁ ကျပ်
-ဂျပန်ယန်း
ရောင်းဈေး - ၂၅.၄၅ ကျပ်
ဝယ်ဈေး - ၂၄.၈၁ ကျပ်
-အိန္ဒိယရူပီး
ရောင်းဈေး - ၄၄.၅၁ ကျပ်
ဝယ်ဈေး - ၄၃.၄ ကျပ်
-ကိုရီးယားဝမ်
ရောင်းဈေး - ၂.၇၆ ကျပ်
ဝယ်ဈေး - ၂.၆၉ ကျပ်
-စတာလင်ပေါင်
ရောင်းဈေး - ၅၃၈၅ ကျပ်
ဝယ်ဈေး - ၅၂၅၀ ကျပ်
-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၆၈၆ ကျပ်
ဝယ်ဈေး - ၂၆၁၉ ကျပ်
-ကနေဒါဒေါ်လာ
ရောင်းဈေး - ၂၈၈၇ ကျပ်
ဝယ်ဈေး - ၂၈၁၅ ကျပ်
-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၁၅ ကျပ်
ဝယ်ဈေး - ၅၀၂ ကျပ်
-ယူအေအီး
ရောင်းဈေး - ၁၀၉၄ ကျပ်
ဝယ်ဈေး - ၁၀၆၆ ကျပ်
ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။

image

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ
***********************************************
🇲🇲 ရည်ညွှန်းလက်လီဈေးနှုန်းများ
💢ရန်ကုန်မြို့
💢မန္တလေးမြို့
💢နေပြည်တော်
💢တိုင်းဒေသကြီး/ ပြည်နယ်မြို့တော်များ

image

image

Over-The-Air Map Update Security Market Set for Strong Growth in Connected Vehicles

The global Over-The-Air Map Update Security market is gaining prominence as connected vehicles become an integral part of modern transportation. This technology ensures secure and reliable over-the-air (OTA) updates for vehicle navigation maps, protecting systems from cyber threats and unauthorized access. With the increasing adoption of connected vehicles and autonomous driving technologies, securing OTA map updates has become essential for automotive manufacturers, fleet operators, and consumers alike.
Read Full Research Study: https://marketintelo.com/repor....t/over-the-air-map-u

Over-The-Air Map Update Security Market Research Report 2033
marketintelo.com

Over-The-Air Map Update Security Market Research Report 2033

As per our latest market intelligence, the Global Over-The-Air (OTA) Map Update Security market size was valued at $1.52 billion in 2024, and is forecasted to hit $6.47 billion by 2033, growing at a robust CAGR of 17.6% during the forecast period.
23 w - Translate

Airborne GMTI Radar Market Expected to Witness Robust Growth with Advanced Military Surveillance Technologies by 2035

The global Airborne GMTI Radar market is experiencing significant growth as defense organizations increasingly deploy advanced surveillance and reconnaissance solutions. Airborne Ground Moving Target Indicator (GMTI) radars provide real-time monitoring of moving targets on the ground, offering enhanced situational awareness, strategic intelligence, and operational efficiency for military operations.

Read Full Research Study: https://marketintelo.com/repor....t/airborne-gmti-rada

Airborne GMTI Radar Market Research Report 2033
marketintelo.com

Airborne GMTI Radar Market Research Report 2033

As per our latest market intelligence, the Global Airborne GMTI Radar market size was valued at $2.8 billion in 2024, and is forecasted to hit $5.6 billion by 2033, growing at a robust CAGR of 7.8% during the forecast period.
23 w - Translate

🤓

image

မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်းအနေဖြင့် တနှစ်အတွင်း မူးယစ်ဆေးစွဲသူ ၃၈၀ ကျော်ကို မူးယစ်ဆေးဖြတ်ကာ စောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့

မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း (ဗဟို) အနေဖြင့် ၂၀၂၅-ခုနှစ်အတွင်း မူးယစ်ဆေးဖြတ်ပြီးသူဦးရေ (၃၈၀) ကျော်အား စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ နောက်ဆက်တွဲစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
အသင်းအနေဖြင့် မူးယစ်ဆေးစွဲလူနာများအား ရှာဖွေဖော်ထုတ်ခြင်း၊ ဆိုရှယ်မီဒီယာမှ ဆက်သွယ်လာသည့် မူးယစ်ဆေးစွဲလူနာများအား ဆေးရုံသို့ လွှဲပြောင်းညွှန်းပို့၍ ဆေးဖြတ်ပေးခြင်း၊ ဆေးရုံမှ ပြန်ဆင်းလာသည့်အခါ ပြန်လည်ထူထောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ ပြန်လည်ထူထောင်မှုခံယူပြီးသူများအား နောက်ဆက်တွဲစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်းတို့ကို (၂၄) နာရီ ဝန်ဆောင်မှုပေးလျက်ရှိခဲ့ခြင်း ဖြစ်သည်။
ယမန်နေ့ (ဇန်နဝါရီ ၈) ကမူ ထိုမူးယစ်ဆေးဖြတ်သင်တန်းဆင်းသင်တန်းသားများ၏ မိဘအုပ်ထိန်းသူများနှင့် တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားပြုလုပ်ခဲ့ကာ သက်ဆိုင်ရာတာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်များအား အသီးသီးပေးအပ်ခဲ့ကြသည်ဟုလည်း သိရသည်။

image

Marinera သင်္ဘောအမှုထမ်းများအား အမေရိကန်က ရာဇဝတ်မှုဖြင့် တရားစွဲဆိုမည်ဟု အမေရိကန်ရှေ့နေချုပ်ပြောကြား

အမေရိကန် အာဏာပိုင်များသည် ဖမ်းဆီးထိန်းသိမ်းထားသည့် Marinera (Bella 1 ဟုလည်း သိကြသော) ရေနံတင်သင်္ဘောမှ သင်္ဘောအမှုထမ်းများအား ရာဇဝတ်မှုဖြင့် တရားစွဲဆိုသွားမည်ဖြစ်ကြောင်း အမေရိကန် ရှေ့နေချုပ် ပမ်ဘွန်ဒီ(Pam Bondi) က X လူမှုကွန်ရက်တွင် ရေးသားဖော်ပြခဲ့သည်။
သူမ၏ ပြောကြားချက်အရ အဆိုပါသင်္ဘောသည် "ဗင်နီဇွဲလားနှင့် အီရန်နိုင်ငံတို့မှ ပိတ်ဆို့အရေးယူခံထားရသော ရေနံများကို သယ်ယူပို့ဆောင်ပေးနေခြင်းဖြစ်သည်" ဟု သတင်းရရှိထားပြီး၊ သင်္ဘောအမှုထမ်းများသည် ဖမ်းဆီးခြင်းမခံရစေရန်အတွက် "အပြင်းအထန် ကြိုးပမ်းအားထုတ်မှုများ" ပြုလုပ်ခဲ့ကြသည်ဟု ဆိုသည်။
"ကမ်းခြေစောင့်တပ်ဖွဲ့၏ အမိန့်ကို လိုက်နာရန် ပျက်ကွက်ခဲ့သည့် အကျိုးဆက်အနေဖြင့် ဤသင်္ဘောရှိ အမှုထမ်းများအား အပြည့်အဝ စုံစမ်းစစ်ဆေးလျက်ရှိပြီး၊ ပြစ်မှုကျူးလွန်ရာတွင် ပါဝင်သူအားလုံးကို ရာဇဝတ်မှုဖြင့် တရားစွဲဆိုသွားမည်ဖြစ်သည်" ဟု သူမက ပြောကြားခဲ့သည်။
"အလားတူ အရေးယူဆောင်ရွက်မှုမျိုး ပြုလုပ်ရန်အတွက် အခြားသော သင်္ဘောအချို့ကိုလည်း တရားရေးဝန်ကြီးဌာနက စောင့်ကြည့်လျက်ရှိသည်။ ကမ်းခြေစောင့်တပ်ဖွဲ့ သို့မဟုတ် အခြားသော ဖက်ဒရယ်အရာရှိများ၏ ညွှန်ကြားချက်ကို လိုက်နာရန် ပျက်ကွက်သည့် မည်သည့်သင်္ဘောပေါ်မှမဆို မည်သူ့ကိုမဆို စုံစမ်းစစ်ဆေးပြီး ဥပဒေအရ အပြင်းထန်ဆုံး အရေးယူသွားမည်ဖြစ်သည်" ဟု ရှေ့နေချုပ်က ဆက်လက်ပြောကြားခဲ့သည်။
အစောပိုင်းတွင် အိမ်ဖြူတော် သတင်းပြန်ကြားရေးအတွင်းရေးမှူး ကာရိုလင်းလဲဗစ်(Karoline Leavitt)က နေ့စဉ်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားရာ၌ အမေရိကန်ဖက်ဒရယ်ဥပဒေကို ချိုးဖောက်သည်ဟု ယူဆရသည့်အတွက် Marinera သင်္ဘောအမှုထမ်းများအား အမေရိကန်နိုင်ငံသို့ ခေါ်ဆောင်လာပြီး တရားစီရင်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်ဖွယ်ရှိကြောင်း ပြောဆိုခဲ့သည်။
ပင်တဂွန်စစ်ဌာနချုပ်ကလည်း ရုရှားအလံလွှင့်ထူထားသည့် Marinera ရေနံတင်သင်္ဘောကို မြောက်အတ္တလန္တိတ်သမုဒ္ဒရာအတွင်း ဖမ်းဆီးထိန်းသိမ်းလိုက်ပြီဖြစ်ကြောင်း အစောပိုင်းက ထုတ်ပြန်ခဲ့သည်။ ပင်တဂွန်အကြီးအကဲ ပိထ်ဟက်ဆက်(Pete Hegseth) က ရုရှားသင်္ဘောကို ဖမ်းဆီးခြင်းသည် ဗင်နီဇွဲလားရေနံအပေါ် ပိတ်ဆို့အရေးယူမှုနှင့် ဆက်စပ်နေကြောင်း ပြောကြားခဲ့သည်။
ယနေ့ အစောပိုင်းတွင် ရုရှားသယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက ဇန်နဝါရီ ၇ ရက် မော်စကိုစံတော်ချိန် ညနေ ၃ နာရီခန့် (GMT ၀၀:၀၀ နာရီ) တွင် အမေရိကန်ရေတပ်အင်အားစုများသည် မည်သည့်နိုင်ငံ၏ ပိုင်နက်အတွင်းမှမဟုတ်သော နိုင်ငံတကာရေပိုင်နက်အတွင်း၌ အဆိုပါသင်္ဘောပေါ်သို့ တက်ရောက်စီးနင်းခဲ့ကြောင်း ပြောကြားခဲ့သည်။ ထို့နောက်တွင် သင်္ဘောနှင့် အဆက်အသွယ် ပြတ်တောက်သွားခဲ့သည်။ ၁၉၈၂ ခုနှစ် ကုလသမဂ္ဂ ပင်လယ်ပြင်ဥပဒေဆိုင်ရာ သဘောတူစာချုပ် (UNCLOS) ပါ ပြဋ္ဌာန်းချက်များအရ ပင်လယ်ပြင်သည် လွတ်လပ်စွာသွားလာခွင့်မူဖြင့် အုပ်ချုပ်ခြင်းဖြစ်ပြီး၊ အခြားနိုင်ငံတစ်ခု၏ လက်အောက်တွင် တရားဝင်မှတ်ပုံတင်ထားသော သင်္ဘောများကို မည်သည့်နိုင်ငံကမျှ အင်အားသုံး၍ အရေးယူပိုင်ခွင့်မရှိကြောင်း ဝန်ကြီးဌာနက အလေးပေးပြောကြားခဲ့သည်။
ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနကမူ မြောက်အတ္တလန္တိတ်သမုဒ္ဒရာအတွင်းရှိ ရုရှားအလံတင် Marinera သင်္ဘောပေါ်သို့ အမေရိကန်တပ်ဖွဲ့ဝင်များ တက်ရောက်စီးနင်းခဲ့သည့် သတင်းများနှင့်ပတ်သက်၍ မော်စကိုအနေဖြင့် အနီးကပ်စောင့်ကြည့်လျက်ရှိကြောင်း ထုတ်ပြန်ခဲ့သည်။ အမေရိကန်ဘက်အနေဖြင့် သင်္ဘောအမှုထမ်းများအပေါ် သင့်လျော်ပြီး လူသားဆန်စွာ ဆက်ဆံရန်၊ ၎င်းတို့၏ အခွင့်အရေးနှင့် အကျိုးစီးပွားများကို တိကျစွာ လိုက်နာရန်နှင့် ၎င်းတို့အား မိခင်နိုင်ငံသို့ အမြန်ဆုံးပြန်နိုင်ရေးအတွက် မည်သည့်အတားအဆီးမျှ မပြုလုပ်ရန် ရုရှားက တောင်းဆိုထားသည်။

image