ဒဏ်ရာရရှိနေတဲ့ ကော်နာဘရက်ဒလေအား အရှက်တဖွယ် အပြုအမူ ပြုလုပ်ခဲ့မှုအတွက် မာတင်နယ်လီ တောင်းပန်လာ
=======================

အာဆင်နယ်တိုက်စစ်သမားဂါဘရီရယ်မာတင်နယ်လီဟာ မနေ့ညက လီဗာပူးနှင့်ပွဲတွင် ဒဏ်ရာရရှိနေတဲ့ နောက်ခံလူကော်နာဘရက်ဒလေကို ကွင်းအပြင်သို့ ဆွဲထုတ်ရန် ကြိုးပမ်းခဲ့မှုအတွက် တောင်းပန်မှု ပြုလုပ်ခဲ့ပါတယ်။
ဘရက်ဒလေဟာ ကြာသပတေးနေ့ညတုန်းက အမ်းမရိတ်ကွင်းတွင် အာဆင်နယ်နှင့် ဂိုးမရှိသရေကျတဲ့ပွဲစဉ်တွင် ဒဏ်ရာရရှိသွားခဲ့ပါတယ်။
ဘရက်ဒလေဟာ ပြေးလွှားစဉ် ချော်လဲကာ ဒဏ်ရာရရှိသွားခဲ့တာ ဖြစ်ပြီး မာတင်နယ်လီက သူ့ကို ကွင်းအတွင်းမှ ဒေါသတကြီး ဆွဲထုတ်ရန် ကြိုးပမ်းခဲ့ပါတယ်။
Sky Sports တွင် ဘောလုံးပွဲဝေဖန်သူအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဂယ်ရီနဗီးလ်က မာတင်နယ်လီရဲ့ လုပ်ရပ်မှာ အရှက်စရာလုပ်ရပ် ဖြစ်ကြောင်း အပြင်းအထန် ဝေဖန်ပြောကြားခဲ့သလို တောင်းပန်သင့်ကြောင်းလည်း ပြောဆိုသွားခဲ့ပါတယ်။
ဘရက်ဒလေဟာ လူနာတင်ထမ်းစင်ဖြင့် ကွင်းအပြင်သို့ ထွက်ခွာခဲ့ရပြီး ပွဲအပြီးတွင် ဂျိုင်းထောက်ဖြင့် အမ်းမရိတ်ကွင်းမှ အသင်းဘတ်စ်ကားသို့ ထွက်ခွာခဲ့ရပါတယ်။
မာတင်နယ်လီက "ကော်နာနဲ့ ကျွန်တော့်အကြား စကားပြောထားတာ ရှိပါတယ်။ ပြီးတော့ သူ့ကို တောင်းပန်ပြီးပါပြီ။ ပွဲရှိန်မြင့်တဲ့ကာလမှာ ဘယ်လိုကြောင်းကြောင့် သူ အပြင်းအထန် ဒဏ်ရာရသွားသလဲ ကျွန်တော် တကယ်ပဲ နားမလည်ပါဘူး။ ဒီတုံ့ပြန်မှုအတွက် တကယ်ပဲ တောင်းပန်ကြောင်း ပြောဆိုလိုပါတယ်။ အမြန်ဆုံးသက်သာလာပါစေလို့ ကော်နာအတွက် ဆုတောင်းပေးလိုက်ပါတယ်"လို့ ဆိုသွားပါတယ်။
တဖက်တွင် လီဗာပူးနည်းပြအန်းဆလော့ကမူ မာတင်နယ်လီမှာ ကော်နာဘရက်ဒလေ ဒဏ်ရာဘယ်လောက် ပြင်းထန်စွာ ရရှိသွားတယ်ဆိုတာ မသိမှုနှင့်အတူ ယင်းသို့ ပြုမူခဲ့ခြင်းဖြစ်မျှသာဖြစ်တယ်လို့ ဆိုထားပါတယ်။
မာတင်နယ်လီက ကော်နာဘရက်ဒလေအား ကွင်းအပြင်းသို့ ဆွဲထုတ်ရန် ကြိုးပမ်းမှုနှင့်အတူ နှစ်ဖက်အသင်းများအကြား ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပါတယ်။ မာတင်နယ်လီဟာ ယင်းလုပ်ရပ်အတွင်း ဒိုင်လူကြီးရဲ့ အဝါကတ်ပြသခြင်းခံခဲ့ရပါတယ်။

image

ဘာစီလိုနာနှင့် El Clasico စပိန်စူပါဖလားဗိုလ်လုပွဲပွဲစဉ်တွင် ကိုင်လီယန်ဘက်ပေး ပါဝင်လာမည်
====================

ရီးရဲလ်မက်ဒရစ်ဟာ တနင်္ဂနွေနေ့ ဘာစီလိုနာနှင့် ကစားရမယ့် စပိန်စူပါဖလားဗိုလ်လုပွဲမတိုင်မီ ကိုင်လီယန်ဘက်ပေး အသင်းနှင့် ပူးပေါင်းလာမှုနှင့်အတူ သတင်းကောင်း ကြုံနေရပါတယ်။
ပြင်သစ်စူပါစတားဟာ ဒူးဒဏ်ရာပြဿနာကြောင့် ကြာသပတေးနေ့ညတုန်းက အက်သလက်တီကိုအား ၂-၁ ဖြင့် အနိုင်ရတဲ့ စပိန်စူပါဖလားဆီမီးဖိုင်နယ်ပွဲစဉ်အား လွဲချော်ခဲ့ပါတယ်။
ဒါပေမယ့် သူဟာ လေ့ကျင့်ခန်းကောင်းစွာ ပြုလုပ်နိုင်မှုနှင့်အတူ တနင်္ဂနွေနေ့ ဘာစီလိုနာနှင့် ရင်ဆိုင်ရမယ့် El Clasico ပွဲမတိုင်မီ ဆော်ဒီသို့ အရောက် ပြန်လာခဲ့ပြီ ဖြစ်ပါတယ်။
အက်သလက်တီကိုအား အနိုင်ရတဲ့ပွဲအပြီးတွင် အလွန်ဆိုက "မနက်ဖြန် သူ ခရီးထွက်လာပါမယ်။ သူ့မှာ ကစားနိုင်တဲ့ အခြေအနေမျိုး ရှိလား ကြည့်ရပါဦးမယ်။ သူ ပိုကောင်းလာနေပါတယ်။ ကောင်းကောင်းလေ့ကျင့်နိုင်တယ်။ အခြေအနေကတော့ ကောင်းပါတယ်။ သူ့ကို အသုံးပြုဖို့က အခြားကစားနိုင်တဲ့သူတွေလိုပဲ အခွင့်အရေးအတူတူပါပဲ"လို့ ပြောကြားသွားပါတယ်။
ဒါ့အပြင် အလွန်ဆိုက ဘက်ပေး ပြန်လည် ကစားလာနိုင်မှုက ဘာစီလိုနာနှင့်ပွဲကို ကွဲပြားလာစေမှာ ဖြစ်ကြောင်းလည်း ပြောကြားသွားပါတယ်။

image

မိုက်ကယ်ကိန်းရဲ့ အနီကတ်အယူခံပယ်ချခြင်းခံခဲ့ရမှုအပေါ် အဲဗာတန် အံ့ဩစိတ်ပျက်ရ
===================

အဲဗာတန်က ဝုဗ်နှင့်ပွဲစဉ်မှ နောက်ခံလူမိုက်ကယ်ကိန်းရဲ့ အနီကတ် အယူခံအား အက်ဖ်အေရဲ့ ပယ်ချခြင်းခံခဲ့ရမှုကြောင့် အံ့ဩသင့်၊ စိတ်ပျက်ရကြောင်း ဆိုလာပါတယ်။
အသက် ၃၂ နှစ်ရှိ ဗဟိုနောက်ခံလူမိုက်ကယ်ကိန်းဟာ ဗုဒ္ဓဟူးနေ့တုန်းက ဝုဗ်နှင့် တစ်ဂိုးစီသရေကျတဲ့ပွဲစဉ်တွင် ဝုဗ်ရဲ့ တိုလူအေရိုကိုဒေးရဲ့ ဆံပင်ကို ဆွဲမှုကြောင့် VAR ရဲ့ စစ်ဆေးခြင်းခံရပြီးနောက် အနီကတ်ပြထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။
သူဟာ ယင်းအနီကတ်ကြောင့် ၃ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံလာရပြီး စနေနေ့ ဆန်းဒါးလန်းနှင့် အက်ဖ်အေဖလားတတိယအဆင့်ပွဲစဉ်အပြင် အက်စတွန်ဗီလာ၊ လိဒ်တို့နှင့် ပရီးမီးယားလိဂ်ပွဲစဉ်များကိုလည်း လွဲချော်လာပါမယ်။
အဲဗာတန်က မိုက်ကယ်ကိန်းရဲ့ အယူခံပယ်ချခံရမှုကြောင့် စိတ်ပျက်ရကြောင်း ကြေညာချက်ထုတ်ပြန်လာပြီးနောက် ဒေးဗစ်မိုယက်စ်ကလည်း အက်ဖ်အေအယူခံကော်မတီဝင် ၃ ဦးအပေါ် ဒေါသထွက်ရကြောင်း ဆိုသွားပါတယ်။
ဒါ့အပြင် မိုယက်စ်က အာဆင်နယ်နှင့် လီဗာပူးပွဲစဉ်တွင် ဒဏ်ရာရရှိနေတဲ ကော်နာဘရက်ဒလေအား ကွင်းအတွင်းမှ ဒေါသတကြီးဆွဲထုတ်တဲ့ မာတင်နယ်လီလုပ်ရပ်နှင့်လည်း နှိုင်းယှဉ်ပြောကြားသွားပါသေးတယ်။

image

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် စက္ကူစက်ရုံ (သာပေါင်း) ကိုကြည့်ရှုစစ်ဆေး
အရည်အသွေးကောင်းမွန်သည့် စက္ကူများထုတ်လုပ်နိုင်ရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်ရန်မှာကြား

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ ဇန်နဝါရီ ၉ ရက်ည နေပိုင်းတွင် မြန်မာစီးပွားရေးကော်ပိုရေးရှင်း၏ စက္ကူစက်ရုံ (သာပေါင်း) ကို ကြည့်ရှုစစ်ဆေးခဲ့သည်။
စက်ရုံတာဝန်ရှိသူများက စက်ရုံသမိုင်းအကျဉ်း၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ လမ်းညွှန်မှာကြားချက်များအားလိုက်နာဆောင်ရွက်ပြီးစီးမှု၊ စက်ရုံဆိုင်ရာအချက်အလက်များနှင့် ဝန်ထမ်းများခန့်အပ်ထားရှိမှု၊ ဘဏ္ဍာရေးနှစ်အလိုက် ဝင်ငွေ၊ အသုံးစရိတ်နှင့် အမြတ်/အရှုံးနှိုင်းယှဉ်မှု၊ သတင်းစာစက္ကူများထုတ်လုပ်ခဲ့မှုနှင့် ဖြန့်ဖြူးရောင်းချမှု၊ တန် (၆၀) သတင်းစာစက္ကူစက်ရုံတွင် သတင်းစာထုတ်လုပ်မှုလုပ်ငန်းစဉ်များနှင့် ထုတ်လုပ်ဖြန့်ဖြူးလျက်ရှိမှုတို့ကို ရှင်းလင်းတင်ပြခဲ့ကြသည်။
ထို့ပြင် တန် (၅၀) အဆင့်မြင့်စက္ကူစက်ရုံတွင် အဆင့်မြင့်စက္ကူထုတ်လုပ်မှုလုပ်ငန်းစဉ်များနှင့် စမ်းသပ်ထုတ်လုပ်နေမှု၊ တန် (၆၀) ဝါးပျော့ဖတ်စက်ရုံတွင် ဝါးပျော့ဖတ်များစမ်းသပ်ထုတ်လုပ်လျက်ရှိမှု၊ တန် (၄၀) လောင်စာတောင့်စက်ရုံတွင် လောင်စာတောင့်များထုတ် လုပ်မှုလုပ်ငန်းစဉ်များနှင့် ထုတ်လုပ်နေမှု၊ ရည်မှန်းချက်တာဝန်များကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားမည့်အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြသည်။
ထို့နောက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ နိုင်ငံတော်အနေဖြင့် ပြည်တွင်းလိုအပ်ချက်ရှိနေသည့် စက္ကူအမျိုးမျိုးကို နှစ်စဉ်ပြည်ပမှတင်သွင်းနေရသဖြင့် စက္ကူထုတ်လုပ်မှုလုပ်ငန်းများ အောင်မြင်အောင်ဆောင်ရွက်ခြင်းဖြင့် ပြည်ပမှတင်သွင်းမှုများကိုလျှော့ချနိုင်မည်ဖြစ်ကာ နိုင်ငံခြားငွေသုံးစွဲမှုများကိုလည်းလျှော့ချနိုင်မည်ဖြစ်ပြီး စက်မှုကုန်ကြမ်းများဖြစ်သည့် သစ်၊ ဝါးများလိုအပ်မှုကို ဖြည့်တင်းပေးနိုင်ရန် သစ်၊ ဝါးများစိုက်ပျိုးခြင်းဖြင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုကို အထောက်အကူဖြစ်စေပြီး ဒေသခံပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများကိုလည်း ဖန်တီးပေးနိုင်မည်ဟု ပြောသည်။
ထို့ပြင် စက္ကူထုတ်လုပ်ရန်အခြေခံလိုအပ်ချက်ဖြစ်သည့် ပျော့ဖတ်ရရှိရေးသည်အရေးကြီးပြီး အရည်အသွေးကောင်းမွန်သည့် စက္ကူများထုတ်လုပ်နိုင်ရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်ကြရန်လည်း မှာကြားခဲ့သည်။
ထို့နောက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ဝါးပျော့ ဖတ်ထုတ်လုပ်ရေးစက်ရုံ၌ ဝါးကုန်ကြမ်းများအား အဆင့်ဆင့်ကြိတ်ခွဲခြင်း၊ ရေနွေးငွေ့ဖြင့်ပေါင်းခံခြင်း၊ အရောင်ချွတ်ခြင်းလုပ်ငန်းများနှင့် ပျော့ဖတ်ရရှိလာမှု လုပ်ငန်းစဉ်အဆင့်ဆင့်ဆောင်ရွက်နေမှု၊ တန် (၅၀) အဆင့်မြင့်စက္ကူစက်ရုံတွင် အဆင့်မြင့်စက္ကူထုတ်လုပ်မှု လုပ်ငန်းစဉ်အဆင့်ဆင့်နှင့် ထုတ်လုပ်ထားသည့် အဆင့်မြင့်စက္ကူများ၊ တန် (၆၀) သတင်းစာစက္ကူစက်ရုံတွင် သတင်းစာစက္ကူထုတ်လုပ်နေမှု လုပ်ငန်းစဉ်အဆင့်ဆင့်၊ စွမ်းအင်လောင်စာတောင့်စက်ရုံတွင် လောင်စာတောင့် ထုတ်လုပ်နေမှုအဆင့်ဆင့်တို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။

image

သမိုင်းဝင် မဟာမကုဋရံသီဆံတော်ရှင်မြတ်မော်တင်စေတီတော်မြတ်ကြီးကို နိုင်ငံတော် ယာယီသမ္မတဖူးမြှော်ကြည်ညို

စေတီတော်ပရိဝုဏ်နှင့် သာသနိကအဆောက်အဦးများအတွင်း ရေဝင်ရေထွက်ကောင်းမွန်စေရေးဆောင်ရွက်ရန်မှာကြား
နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ ဇန်နဝါရီ ၉ ရက်က ဟိုင်းကြီးကျွန်းမြို့ရှိ သမိုင်းဝင် မဟာမကုဋရံသီဆံတော်ရှင်မြတ်မော်တင်စေတီတော်မြတ်ကြီးကို ဖူးမြှော်ကြည်ညိုခဲ့သည်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတမှ စေတီတော်ရင် ပြင်တော်တိုးချဲ့ခြင်း၊ ပြုပြင်မွမ်းမံတည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်ခဲ့မှုကို ကြည့်ရှုစစ်ဆေးပြီး စေတီတော်ပရိဝုဏ်နှင့် သာသနိကအဆောက်အဦးများအတွင်း ရေဝင်ရေထွက်ကောင်းမွန်စေရေးနှင့် သန့်ရှင်းသပ္ပါယ်ကြည်ညိုဖွယ်ဖြစ်စေရေးဆောင်ရွက်ရန်၊ တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ရာ၌ ရာသီဥတုဒ-ဏ်ခံနိုင်မှုရှိစေရေး စနစ်တကျတွက်ချက်ဆောင်ရွက်ရန်၊ ဘုရားဖူးလာသူများ အဆင်ပြေစွာတည်းခိုနေထိုင်နိုင်ရေးစီမံဆောင်ရွက်ရန်နှင့်မှာကြားခဲ့သည်။
ထို့ပြင် နိုင်ငံတော်ယာယီသမ္မတမှ စေတီတော်ကြီးအတွက် ဘက်စုံအလှူတော်ငွေများပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့ဝင်များကလက်ခံရယူခဲ့ကြပြီး ဓမ္မလက်ဆောင်ပြန်လည်ပေးအပ်ခဲ့ကြသည်။

image

ဘုတလင်မြို့၌ မဲဆန္ဒရှင်များထံ မဲစာရင်းအမှတ်စဉ်နှင့်မဲရုံအမှတ်ဖြတ်ပိုင်းများ အိမ်တိုင်ရာရောက် ‌ဖြန့်ဝေပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့ရှိ မဲဆန္ဒရှင်များထံ မဲစာရင်းအမှတ်စဉ်နှင့်မဲရုံအမှတ်ဖြတ်ပိုင်းများ အိမ်တိုင်ရာရောက် ‌ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။
ဘုတလင်မြို့နယ်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အပိုင်း(၂)ကို ယခုလ (၁၁)ရက်တွင် ကျင်းပပြုလုပ်မည်ဖြစ်ရာ မဲဆန္ဒရှင်ပြည်သူများ ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် အချိန်ကြန့်ကြာမှုမရှိ‌စေရန်နှင့် ဆန္ဒမဲပေးရာတွင် လွယ်ကူလျင်မြန်စေရေးနှင့် မဲဆန္ဒရှင်များ၏ မဲစာ ရင်းအမှတ်စဉ်များ ကြိုတင်သိရှိနိုင်ရေးတို့အတွက် ဘုတလင်မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ ခွဲ အဖွဲ့ဝင်များ ၊ ရပ်ကျေး ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက တစ်အိမ်တက်ဆင်း (Door to Door) စနစ်ဖြင့် တိုကင်စာရွက်များ လိုက်လံပေးဝေခြင်းဖြစ်သည်။
အဆိုပါ တိုကင်စာရွက်များတွင် မဲရုံအလိုက် မဲဆန္ဒရှင် အမည်၊ အဘအမည်၊ မဲစာရင်းအမှတ်စဉ်နှင့် မဲရုံအမှတ်ပါရှိသော စာရွက်ဖြတ်ပိုင်းများကို တာဝန်ရှိသူများက အိမ်တိုင်ရာရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

image

မုဒုံမြို့နယ်အတွင်းမှ မီးဘေးသင့် အိမ်ခြေ (၅၀) ကျော်မှ မီးဘေးသင့်ပြည်သူများကို ထောက်ပံ့ကူညီမှုများ ပေးအပ်

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကတုံးပေါ်ကျေးရွာ၌ ဇန်နဝါရီလ (၈) ရက် မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့သည့် မီးလေ-ာင်ကျွမ်းမှုကြောင့် မီးဘေးသင့်ခဲ့သည့် အိမ်ခြေ (၅၇) လုံးမှ မီးဘေးသင့်ပြည်သူများကို လူကယ်ပြန် ဝန်ကြီးဌာနကိုယ်စားပြည်နယ် အစိုးရအဖွဲ့က သွားရောက်ထောက်ပံ့ကူညီပေးခဲ့ကြောင်း သိရသည်။
ယနေ့ ဇန်နဝါရီလ (၉) ရက် နံနက်ပိုင်းတွင် မွန်ပြည်နယ်အစိုးရအဖွဲ့က ကတုံးပေါ်ကျေးရွာ ဘုန်းကြီးကျောင်းတွင် ယာယီနေထိုင်နေသည့် မီးဘေးသင့်ပြည်သူများကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ကိုယ် စား မွန်ပြည်နယ် အစိုးရအဖွဲ့က သွားရောက်လှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ထိုသို့ လှူဒါန်းရာတွင် အိမ်ထောင်စု တစ်စုလျှင် နှစ်သိန်းကျပ်၊ ပြည်သူတစ်ဦးလျှင် ဆန်ဖိုး (၅၀၀၀) ကျပ်နှုန်းနှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးပါ ပလပ်စတစ်ပုံ (၅၇) ပုံး စုစုပေါင်း ငွေကျပ်သိန်း (၁၁၇,၂၄၀,၉၄၆) ကျပ်နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ငွေကျပ် (၃၀) သိန်း၊ မွန် ပြည်နယ်ကြက်ခြေနီအသင်းက ထောက်ပံ့ရေးပစ္စည်းများလှူဒါန်းခဲ့ကြောင်း သိရသည်။
ထို့ပြင် မုဒုံမြို့နယ်ရှိ အလှူရှင်များအပါအဝင် မုဒုံမြို့နယ်ကယ်ဆယ်ရေးအသင်းများ၊ မော်လမြိုင်မြို့ကယ်ဆယ်ရေးအသင်းများကလည်း မီးဘေးသင့်ပြည်သူများအတွက် ဆန်၊ ရေသန့်၊ အဝတ်အစား၊ ခေါက်ဆွဲခြောက်များသွား ရောက်လှူဒါန်းရန် စီစဥ်လျက်ရှိကြောင်း သိရသည်။

image

နိုင်ငံရေးသည် ပညာရေးနှင့်ဆက်နွယ်လျက်ရှိပြီး နိုင်ငံအတွင်း ပညာတတ်လူသားအရင်းအမြစ်များပေါကြွယ်ဝမှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကိုဆောင်ရွက်နိုင်မည်

နိုင်ငံရေးသည် ပညာရေးနှင့်ဆက်နွယ်လျက်ပြီး နိုင်ငံအတွင်း ပညာတတ်လူသားအရင်းအမြစ်များပေါကြွယ်ဝမှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကိုဆောင်ရွက်နိုင်မည်ဟု နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဇန်နဝါရီ ၉ ရက်က အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ ဟိုင်းကြီးကျွန်းတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကားပြောကြားစဥ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ပညာရေးကို အလေးထားမြှင့်တင်ခြင်းဖြင့် နိုင်ငံတော်၏အနာဂတ်ကို ကောင်းမွန်အောင်ဖော်ဆောင်ကြရမည်ဖြစ်ပြီး အတန်းပညာရှိမှသာ အတတ်ပညာနှင့် အသိပညာများရရှိနိုင်မည်ဖြစ်ကာ အတတ်ပညာသည်လူတော်ဖြစ်စေနိုင်ပြီး အသိပညာသည်လူကောင်းဖြစ်စေနိုင်၍ လူတော်လူကောင်းများဖြစ်လာစေရေး အတတ်ပညာသာမက အသိပညာများပါကြွယ်ဝသည့် လူသားအရင်းအမြစ်ကောင်းများရရှိလာစေရေးဆောင်ရွက်ကြရမည်ဟု ပြောသည်။
" ဒါ့ကြောင့် ငယ်ရွယ်စဉ်ကလေးဘဝတည်းက ပညာအားပြည့်ဝစွာသင်ကြားနိုင်ဖို့ဆောင်ရွက်ပေးကြဖို့လိုပါတယ်။ နိုင်ငံရေးဟာ ပညာရေးနဲ့ဆက်နွယ်နေတာကြောင့် နိုင်ငံအတွင်းမှာ ပညာတတ်လူသားအရင်းအမြစ်တွေပေါကြွယ်ဝမှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်"ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
ထိုကြောင့် နိုင်ငံ၏ ပညာရေးကဏ္ဍကိုမြှင့်တင်နိုင်ရန်အတွက် KG+9 အဆင့်အထိမဖြစ်မနေသင်ကြားနိုင်ရေးဆောင်ရွက်ပေးနေခြင်းသည် နိုင်ငံတော်၏ ပညာ ရေးကဏ္ဍအဆင့်မြင့်တင်နေခြင်းဖြစ်၍ စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ကာ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် စက်မှုပညာများတတ်ကျွမ်းသည့် လူသားအရင်းအမြစ်များမွေးထုတ်ပေးနိုင်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုအခြေခံပညာကျောင်းများကိုလည်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး လာမည့် ပညာသင်နှစ်တွင်လည်း Grade-7 မှ Grade-9 အထိ ကျောင်းသား၊ ကျောင်းသူများအား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုပညာရပ်များကို အခြေခံအဖြစ် သင်ကြားပေးနိုင်ရန် ဆွေးနွေးဆောင်ရွက်လျက်ရှိသည်ဟု ပြော သည်။
ထို့ပြင် နိုင်ငံတော်အနေဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် နယ်နိမိတ်သဘောတူညီချက်များထားရှိပြီးဖြစ်ရာ နယ်စပ်ဒေသများနှင့် တိုင်းရင်းသားဒေသများ ဖွံ့ဖြိုးတိုး တက်ရေးအတွက် ၎င်းဒေသများ၌ တည်ငြိမ်အေးချမ်းမှုရှိရန်နှင့် ပညာတတ်များပေါကြွယ်ဝရန်မဖြစ်မနေလိုအပ်မည်ဖြစ်၍ ပညာရေးအားနည်းသည့်ဒေသများတွင် ပညာတတ်များပေါကြွယ်ဝစေရန် ပညာရေးကိုအားပေးဆောင်ရွက်ပေးလျက်ရှိသည်ဟု ပြောသည်။
ထိုသို့ တိုင်းရင်းသားအခွင့်အရေးများရရှိအောင်ပညာရည်မြှင့်တင်ခြင်းလုပ်ငန်းများကိုဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိရာ တိုင်းရင်းသားများအနေဖြင့် တိုင်းရင်းသားအခွင့်အရေး၊ ဒီမိုကရေစီအခွင့်အရေးကို မှန်မှန်ကန်ကန်ရှုမြင်သုံးသပ်နိုင်ရေးဆောင် ရွက်ပေးကြရမည်ဖြစ်ကာ နောင်တက်လာမည့် အစိုးရလက်ထက်တွင်လည်း ပညာရည်မြင့်မားရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ရန်လိုအပ်သည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။

image

နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့တွင်ပြုလုပ်မည့် တရား ရုံးကြားနာပွဲ၌ မြန်မာနိုင်ငံက (၂)ကြိမ်လျှောက်လဲမည်

နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့၊ အပြည်ပြည်ဆိုင်ရာတရားရုံး၌ ဇန်နဝါရီ ၁၂ ရက်မှ ဇန်နဝါရီ ၂၉ ရက်အထိပြုလုပ်မည့် တရားရုံးကြားနာပွဲတက်ရောက်ရန် နိုင်ငံ တော်သမ္မတရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီးဦးကိုကိုလှိုင်၊ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီး၊ ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးတို့ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့ ဇန်နဝါရီ ၉ ရက်နံနက်ပိုင်းက ရန်ကုန်မြို့မှ နယ်သာလန်နိုင်ငံသို့ ထွက်ခွာသွားခဲ့ကြောင်း သိရသည်။
အဆိုပါ တရားရုံးကြားနာပွဲ၌ မြန်မာနိုင်ငံအနေဖြင့် ဇန်န ဝါရီ ၁၆ ရက်မှ ၂၀ ရက်အထိ၊ ဇန်နဝါရီ ၂၈ ရက်မှ ဇန် နဝါရီ ၂၉ ရက်အထိ နှစ်ကြိမ်လျှောက်လဲမည်ဖြစ် ကြောင်း သိရသည်။

image

နိုင်ငံတော် ယာယီသမ္မတမှ သာပေါင်းမြို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များနှင့် ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးပြောကြားခဲ့

နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေး ချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ ဇန်နဝါရီ ၉ ရက်က ဧရာဝတီ တိုင်း၊ သာပေါင်းမြို့ရှိ မြို့နယ်အဆင့်ဌာနဆိုင်ရာတာ ဝန်ရှိသူများ၊မြို့မိမြို့ဖများအားတွေ့ဆုံခဲ့သည်။
ထိုသို့ တွေ့ဆုံပြီးနောက် ဒီဇင်ဘာ ၂၈ ရက်က ရွေး ကောက်ပွဲအပိုင်း(၁)ကျင်းပပြီးစီးခဲ့မှု၊ နိုင်ငံတကာမှ စောင့်ကြည့်လေ့လာရေးအဖွဲ့များလာရောက်လေ့လာခဲ့ပြီး ကောင်းမွန်သည့်သုံးသပ်ချက်များရရှိခဲ့မှု၊ ရွေး ကောက်ပွဲအပိုင်း(၂)နှင့် အပိုင်း(၃)ကို မကြာမီအချိန်အတွင်းဆက်လက်ကျင်းပရန်ဆောင်ရွက်နေမှုတို့ကို ဆွေးနွေးပြောကြားသည်။
" ဆန္ဒမဲပေးရာမှာ ဒေသအကျိုး၊ နိုင်ငံအကျိုးကိုသယ် ပိုးဆောင်ရွက်နိုင်သူ၊ တို့တာဝန်အရေးသုံးပါးကို လိုက် နာစောင့်ထိန်းနိုင်သူ၊ နိုင်ငံတည်ရှိနေသရွေ့ တည်တံ့ခိုင်မြဲစွာတည်ရှိနေမယ့် တပ်မတော်နဲ့လက်တွဲပြီး နိုင်ငံ တော်ရဲ့ ကောင်းရာကောင်းကျိုးကိုဆောင်ရွက်နိုင်မယ့် ကိုယ်စားလှယ်လောင်းတွေကိုရွေးချယ်ဆန္ဒမဲပေးဖို့လိုအပ်ပါတယ်။ နိုင်ငံတော်ကို ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ ဆက်လက်လျှောက်လှမ်းလိုသူတွေအနေနဲ့ ရွေး ကောက်ပွဲကျင်းပချိန်မှာ ဆန္ဒမဲတွေပေးကြဖို့လိုပါတယ် "ဟု နိုင်ငံတော် ယာယီသမ္မတက ပြောသည်။
ထို့ပြင် နိုင်ငံတော် ယာယီသမ္မတမှ သာပေါင်းမြို့နယ် အတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတိုးတက်စေရေးအတွက် လိုအပ်သည်များကို စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ အကူအညီများတောင်းခံနိုင်မှု၊ စိုက်ပျိုးမွေးမြူရေးကဏ္ဍ၊ ပညာရေးကဏ္ဍ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုအခြေခံပ ညာအထက်တန်းကျောင်းများကို ခရိုင်များအလိုက်ဖွင့်လှစ်သင်ကြားပေးလျက်ရှိမှု၊ သာပေါင်းဒေသဖွံ့ဖြိုးတိုး တက်ရေးအတွက် အစိုးရမှလိုအပ်သည်များကိုဖြည့် ဆည်းပေးမည့်အကြောင်းနှင့် ကျန်းမာရေးကဏ္ဍ၊ ဒေ သမှစိုက်ပျိုးထုတ်လုပ်သည့်ဆန်များကို တန်ဖိုးမြင့်ဆန်များထုတ်လုပ်နိုင်ရန်လိုအပ်မှု၊ ဆီထွက်သီးနှံများဖြစ်သည့် နှမ်း၊ မြေပဲ၊ နေကြာ၊ ပဲပုတ်တို့ကိုတိုးချဲ့စိုက်ပျိုးစေလိုမှုတို့ကို ဆွေးနွေးပြောကြားသည်။
ထို့အတူ စိုက်ပျိုးရေးလုပ်ငန်းများတိုးတက်စေရေးအ တွက် မျိုးကောင်းမျိုးသန့်များရရှိရန်၊ စိုက်ပျိုးရန်ကောင်းမွန်သည့် မြေအမျိုးအစားဖြစ်စေရေး မြေပြုပြင်ခြင်းလုပ်ငန်းများဆောင်ရွက်ရန်၊ သွင်းအားစုများထည့်သွင်းရန်၊ စိုက်ပျိုးရေလုံလောက်စွာရရှိစေရေး လျှပ်စစ်မြစ်ရေတင်လုပ်ငန်းများဆောင်ရွက်ရန်၊ ဝါးကိုတန်ဖိုးမြှင့်ပစ္စည်းများအဖြစ် ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ရန်တို့ကိုလည်း ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတမှ တွေ့ဆုံပွဲတက်ရောက်လာသည့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ ဖများနှင့် ဒေသခံများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့သည်။

image