မော်လိုက်မြို့ကိုဗဟိုပြု၍ အင်အားအနည်းငယ်ရှိသော ငလျင်တစ်ခုလှုပ်ခတ်ခဲ့မှု ယနေ့ ဧပြီ ၂၁ ရက်နံနက်ပိုင်းကဖြစ်ပွားခဲ့

ယနေ့ ဧပြီ ၂၁ ရက်နံနက်ပိုင်းက မော်လိုက်မြို့ကိုဗဟိုပြု၍ အင်အားအနည်းငယ်ရှိသော ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

မော်လိုက်မြို့၏ အရှေ့တောင်ဘက်(၂၈)မိုင်ခန့်အကွာ၊ အနက်(၁၀၆)ကီလိုမီတာကိုဗဟိုပြု၍ အင်အားရစ်(ခ်) တာစကေး(၄ ဒသမ ၅)အဆင့်ရှိ အင်အားအနည်းငယ်ရှိသောငလျင်တစ်ခု နံနက် ၆ နာရီ ၃၈ မိနစ် ၂၆ စက္ကန့်က လှုပ်ခတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ငလျင်လှုပ်ခတ်ခဲ့မှုကို ကန့်ဘလူမြေငလျင်စ ခန်းမှတိုင်းထွာရရှိခဲ့ခြင်းဖြစ်သည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

image

ရွှေတိဂုံစေတီတော်တွင် (၄၃) ကြိမ်မြောက် မဟာဗောဓိညောင်ရေသွန်းပွဲ ကျင်းပမည်

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် (၄၃) ကြိမ်မြောက် မဟာဗောဓိညောင်ရေသွန်းပွဲတော်ကို လာမည့် ဧပြီ ၃၀ ရက်၊ ကဆုန်လပြည့်နေ့ နံနက် ၇ နာရီမှ စတင်၍ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း စေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့မှ သိရသည်။

အဆိုပါ ပွဲတော်၏ ဖွင့်ပွဲအခမ်းအနားကို စေတီတော်ရင်ပြင် အင်္ဂါထောင့်ရှိ မဟာဗောဓိညောင်ပင်၌ ကျင်းပမည်ဖြစ်ပြီး ရွှေတိဂုံစေတီတော် ဩဝါဒါစရိယ ဆရာတော်ကြီးများ၊ ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်များ၊ ဂေါပကအဖွဲ့ရုံးမှ ဝန်ထမ်းများနှင့် ဗုဒ္ဓဝေယျာဝစ္စအသင်းများ ပါဝင်ဆောင်ရွက်သွားမည်ဖြစ်သည်။

“မဟာဗောဓိညောင်ရေသွန်းပွဲတော်ကို နှစ်စဉ် ကျင်းပလာတာဖြစ်ပြီး ယခုနှစ်တွင် (၄၃) ကြိမ်မြောက်အဖြစ် ဆက်လက်ကျင်းပသွားမှာ ဖြစ်ပါတယ်။ ပွဲတော်နဲ့အတူ စေတနာရှင်များရဲ့ စတုဒီသာအလှူပွဲများလည်း ပါဝင်မှာဖြစ်ပါတယ်” ဟု ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်တစ်ဦးက​ပြောသည်။

ထို့ပြင် ပွဲတော်နေ့တွင် ဘုရားဖူးပြည်သူများအနေဖြင့် ရင်ပြင်တော်ထောင့်လေးထောင့်ရှိ မဟာဗောဓိညောင်ပင်များ၌ လွယ်ကူစွာ ညောင်ရေသွန်းလောင်း ပူဇော်နိုင်ရန်အတွက် ဗုဒ္ဓဝေယျာဝစ္စအသင်းများနှင့် ဝန်ထမ်းများက ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

image

အမေရိကန်ဗီဇာ လျှောက်ထားသူများအနေဖြင့် ဆိုရှယ်မီဒီယာအကောင့်များကို Public သို့ပြောင်းထားရမည်ဟု ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး ကြေညာ

A-3, C-3 ဗီဇာ၊ G-5၊ H1-B၊ H-3၊ H-1B နှင့် H-3 တို့၏ မှီခိုသူများဖြစ်သော H-4၊ F၊ M၊ J၊ K-1၊ K-2၊ K-3၊ Q၊ R-1၊ R-2၊ S၊ T သို့မဟုတ် U ဗီဇာအမျိုးအစား လျှောက်ထားသူအားလုံးသည် အမေရိကန်ပြည်ထောင်စု၏ ဥပဒေအရ မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုရန်နှင့် ဝင်ရောက်ခွင့်ဆိုင်ရာ အရည်အချင်းများကို စစ်ဆေးရန်အတွက် လိုအပ်သော အချက်အလက်များကို စစ်ဆေးနိုင်ရန် မိမိတို့၏ ဆိုရှယ်မီဒီယာအကောင့်အားလုံး၏ Privacy Setting (ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံရေးဆက်တင်) ကို Public (အများပြည်သူ မြင်တွေ့နိုင်သောစနစ်) သို့ ပြောင်းထားရမည်ဖြစ်ကြောင်းနှင့်၊ အကယ်၍ လိုက်နာဆောင်ရွက်ခြင်း မရှိပါက ဗီဇာလျှောက်ထားမှုကို စစ်ဆေးဆုံးဖြတ်ရာတွင် ကြန့်ကြာမှုများ ရှိနိုင်ကြောင်း ဘန်ကောက်မြို့အခြေစိုက် ထိုင်းနိုင်ငံဆိုင်ရု အမေရိကန်သံရုံးက ကြေညာထားသည်။

image

လူငယ်ရေးရာကဏ္ဍများကို အရှိန်အဟုန်မပျက် ထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် လူငယ်ရေးရာဝန်ကြီးဌာနအဖြစ် ပြောင်းလဲပြင်ဆင်၍ အသစ်ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်

နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် လူငယ်များ တက်တက်ကြွကြွပူးပေါင်းပါဝင်လာစေရန်နှင့် လူငယ်ရေးရာကဏ္ဍများကို အရှိန်အဟုန်မပျက် ထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် လူငယ်ရေးရာဝန်ကြီးဌာနအဖြစ် ပြောင်းလဲပြင်ဆင်၍ အသစ်ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်ကြောင်း လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်းက ပြောသည်၊

ယမန်နေ့က နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းအပေါ် လူငယ်ရေးရာဝန်ကြီးဌာန ဝန်ထမ်းများကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်း ထပ်ဆင့်ရှင်းလင်းသည့်အချိန်တွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

လူငယ်ကဏ္ဍမြှင့်တင်ပေးမည်ဆိုလျှင် မျိုးဆက်အလိုက် တိုးတက်ပြောင်းလဲအောင်လုပ်ရမည်ဖြစ်သည့်အတွက် အချိန်ယူရမည်ဖြစ်ပါကြောင်း၊ အစကတည်းက စနစ်တကျနှင့် အခြေခံကောင်းရန် လိုပါကြောင်း၊ ထို့အပြင် အသက်အရွယ်၊ အဆင့်အတန်းအလိုက် ရှိသင့်ရှိထိုက်သည့် အတွေးအခေါ်၊ အယူအဆ၊ ဆင်ခြင်သုံးသပ်မှုနှင့် ဆင်ခြင်တုံတရားပြည့်ဝသည့် လူငယ်များဖြစ်အောင် ပြုစုပျိုးထောင်ပေးကြရမည်ဖြစ်ကြောင်း လည်း ဒေါက်တာမောင်သင်း ကပြောသည်။

ဒီမိုကရေစီပြည်ထောင်စုအဖြစ် တည်ဆောက်နိုင်ရန်အတွက် ထူးချွန်ထက်မြက်သည့် အသိပညာရှင်၊ အတတ်ပညာရှင်၊ လူ့စွမ်းအားအရင်းအမြစ်များ အများအပြားလိုအပ်ပါကြောင်း၊ ပြည်ထောင်စုဝန်ကြီး က ပြောကြားခဲ့ကြောင်း သိရသည်။

အကြောင်းအမျိုးမျိုးကြောင့် ကျောင်းမနေနိုင်သည့် လူငယ်များ အများအပြားရှိပြီ လူငယ်များဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတကာအဆင့်မီပညာရေးရရှိပြီး လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မဏ္ဍိုင်ထားရမည်ဖြစ်၍ ပညာရည်မြင့်မားအောင် ပညာရေးကဏ္ဍကို ဝိုင်းဝန်းမြှင့်တင်ဆောင်ရွက်ပေးသွားကြရမည်ဖြစ်ပါကြောင်း၊ ပညာနိမ့်သူများ၊ ပညာမဲ့သူများ၊ အသိပညာနိမ့်ကျသူများနှင့် နိုင်ငံကို တည်ဆောက်၍မရနိုင်ပါကြောင်း၊ လူငယ်များသည် နိုင်ငံ၏အနာဂတ်၊ နိုင်ငံ၏အင်အား၊ နိုင်ငံကို တည်ဆောက်မည့်သူများဖြစ်၍ လူငယ်ကဏ္ဍကိုလည်း မြှင့်တင်ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်း က ပြောကြားခဲ့ကြောင်း သိရသည်။

image

မိုးမကျမီကာလအတွင်း သဘာဝဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကြိုတင်ဆောင်ရွက်နိုင်ရေးနှင့် စက်သုံးဆီအချိန်မီရရှိစေရေး၊ သွင်းအားစုများအချိန်မီရရှိစေရေး ဧရာဝတီတိုင်းဝန်ကြီးချုပ် မှာကြား

ဧရာဝတီတိုင်းဒေသကြီးအတွင်း ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ မိုးမကျမီကာလအတွင်း သဘာဝဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကြိုတင်ဆောင်ရွက်နိုင်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် မိုးမကျမီကာလအတွင်း သဘာဝဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကြိုတင်ဆောင်ရွက်နိုင်ရေး နှင့်စက်သုံးဆီအချိန်မီရရှိစေရေး၊ သွင်းအားစုများအချိန်မီရရှိစေရေး ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်က မှာကြားခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ မိုးမကျမီကာလအတွင်း သဘာဝဘေးကြိုတင် ကာကွယ်ရေးလုပ်ငန်းများ ကြိုတင်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဧပြီ ၂၀ ရက် ညနေပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၁)တွင် ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ နှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

အဆိုပါအစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က မိမိတို့တိုင်းဒေသကြီးသည် သဘာဝဘေးအန္တရာယ်များကို နှစ်စဉ်ရင်ဆိုင်နေရသည့် တိုင်းဒေသကြီး ဖြစ်ကြောင်း၊ ဆည်၊ မြောင်း၊ တာတမံများ၊ ရေငံတားတာများလည်း များပြားသည့်အတွက် ဆည်၊ တာတမံများ၏ ကြံ့ခိုင်ရေး၊ ယိုစိမ့်မှုများ၊ ကျိုးပေါက်မှုများ မဖြစ်စေရေးကိုလည်း စစ်ဆေး ဆောင်ရွက်ရန်လိုကြောင်း၊ ဧရာဝတီမြစ်၊ ငဝန်မြစ်စသည့်မြစ်ချောင်းပေါများရာလည်းဖြစ်တဲ့အတွက်ကမ်းပြိုမှု ကာကွယ်ရေးလုပ်ငန်းများကိုလည်း ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိရန်လိုပါကြောင်း၊ တည်ဆောက်ရေးလုပ်ငန်းများ အနေဖြင့်လည်း အရည်အသွေး ပြည့်မှီနေဖို့လိုကြောင်း သက်ဆိုင်ရာ မြို့နယ်၊ ခရိုင်၊ ဒေသအလိုက် လုပ်ငန်းဆောင်ရွက်မှုများနှင့် သဘာဝဘေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်မည့်အစီအမံများ စီစဉ်ဆောင်ရွက် ထားရှိရန်လိုပါ ကြောင်း ပြောကြားသည်။

ထို့ပြင် လမ်းပန်းဆက်သွယ်ရေးများ ကောင်းမွန်စေရေး၊ မိုးရာသီကာလအတွင်း စိုက်ပျိုးရေးလုပ်ငန်းများ အချိန်မီဆောင်ရွက်နိုင်ရေး၊ စက်သုံးဆီအချိန်မီရရှိစေရေး၊ သွင်းအားစုများအချိန်မီရရှိစေရေး၊ စာရင်းဇယားများ တိကျမှန်ကန်မှု ရှိစေရေးအလေးထားဆောင်ရွက်ကြရန်မှာကြားခဲ့ကြောင်း သိရသည်။

image

အီရန်အပေါ် စစ်ရေးအရေးယူမှုများ ပြန်လည်စတင်ရန် အသင့်ရှိကြောင်း ထရမ့်ပြောကြား

အကယ်၍ နှစ်ဖက်အကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် သက်တမ်းကုန်ဆုံးသွားပြီး သဘောတူညီချက်အသစ် မရရှိခဲ့ပါက အီရန်အပေါ် စစ်ရေးအရ အရေးယူမှုများ ပြန်လည်စတင်ရန် အသင့်ရှိကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်သည်။

ရက်သတ္တနှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သည် နောက်ထပ် သဘောတူညီချက်များ မရဘဲ သက်တမ်းကုန်ဆုံးသွားပါက မည်သို့ဖြစ်လာမည်နည်းဟူသော PBS သတင်းဌာန၏ မေးမြန်းမှုကို "အဲဒီအခါကျရင် ဗုံးတွေ အများကြီး စပေါက်တော့မှာပေါ့" ဟု သူက ဖြေကြားခဲ့သည်။

ယင်းနှင့်ပတ်သက်၍ ဝါရှင်တန်နှင့် တီဟီရန်တို့သည် အစ္စလာမ္မာဘတ်မြို့တွင် ဆွေးနွေးပွဲများ ဆက်လက်ပြုလုပ်ရန် သဘောတူညီထားကြောင်း အမေရိကန်သမ္မတက မှတ်ချက်ပြုခဲ့သည်။ သို့သော်လည်း အီရန်ဘက်မှ ပါကစ္စတန်မြို့တော်သို့ ကိုယ်စားလှယ်အဖွဲ့ စေလွှတ်မည်၊ မစေလွှတ်မည်ကိုမူ အသေအချာ မပြောနိုင်ကြောင်း ၎င်းက ဝန်ခံခဲ့သည်။ "ကျွန်တော် မသိဘူး။ ဆိုလိုတာက သူတို့ အဲဒီမှာ ရှိနေသင့်တာပေါ့။ ကျွန်တော်တို့ကတော့ အဲဒီမှာရှိနေဖို့ သဘောတူထားပြီးသားပါ။ သူတို့ဘက်ကတော့ သဘောမတူဘူးလို့ ပြောနေကြပေမဲ့ မဟုတ်ပါဘူး၊ ဒါက စီစဉ်ထားပြီးသားပါ။ သူတို့ ရောက်မလာဘူးဆိုရင်လည်း ကိစ္စမရှိပါဘူး" ဟု ထရမ့်က အခိုင်အမာ ပြောကြားခဲ့သည်။

အစ္စလာမ္မာဘတ်ရှိ ညှိနှိုင်းရေးမှူးများထံမှ ဘာကို မျှော်လင့်သနည်းဟု မေးမြန်းရာတွင် သမ္မတက "ရိုးရိုးလေးပါပဲ။ အီရန်မှာ နျူကလီးယားလက်နက် လုံးဝ မရှိစေရဘူး" ဟု ပြန်လည်ဖြေကြားခဲ့သည်။ တစ်ချိန်တည်းမှာပင် အီရန်နှင့် ဆွေးနွေးသည့် အမေရိကန်ကိုယ်စားလှယ်အဖွဲ့တွင် ပါဝင်သော ၎င်း၏ သားမက်ဖြစ်သူ ဂျာရက် ကွပ်ရှ်နာသည် ဆော်ဒီအာရေဗျနှင့် အရှေ့အလယ်ပိုင်းရှိ အခြားနိုင်ငံများတွင် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နေခြင်းကြောင့် အကျိုးစီးပွား ပဋိပက္ခရှိနေသည်ဟူသော ပြောဆိုချက်များကို ငြင်းဆိုခဲ့သည်။

"ကျွန်တော်တို့ ညှိနှိုင်းနေတာက အီရန်မှာ နျူကလီးယားလက်နက် မရှိစေရဘူးဆိုတဲ့ အချက်ကလွဲလို့ တခြားဘာမှ မရှိပါဘူး။ သူ (ကွပ်ရှ်နာ) က ဆော်ဒီတွေနဲ့ ဆွေးနွေးပွဲမှာ မပါဝင်ပါဘူး။ သူက အရှေ့အလယ်ပိုင်းမှာ စီးပွားရေးရှိတာ မှန်ပေမဲ့ အခုချိန်မှာတော့ အဲဒီလုပ်ငန်းတွေမှာ သူ မပါဝင်တော့ပါဘူး" ဟု သမ္မတက ပြောကြားခဲ့သည်။ အီရန်နှင့် ညှိနှိုင်းမှုများသည် နျူကလီးယားလက်နက် မရရှိရေးကိစ္စ တစ်ခုတည်းသာ ဖြစ်သည်ဟု ၎င်းက ဆိုသော်လည်း၊ အီရန်၏ ဒုံးကျည်အစီအစဉ်နှင့် ပြည်ပရှိ လက်နက်ကိုင် အဖွဲ့အစည်းများကို ထောက်ပံ့နေမှုများ အစရှိသည့် အမေရိကန်၏ ကျယ်ပြန့်သော တောင်းဆိုချက်များ ပါဝင်ခြင်း ရှိ၊ မရှိကိုမူ ရှင်းရှင်းလင်းလင်း ပြောဆိုခဲ့ခြင်း မရှိပေ။

နိုင်ငံအတွင်း ဓာတ်ဆီဈေးနှုန်းများသည် လာမည့်နှစ်မှသာ တစ်ဂါလန်လျှင် ၃ ဒေါ်လာအထိ ကျဆင်းနိုင်ကြောင်း အမေရိကန် စွမ်းအင်ဝန်ကြီး ခရစ်ရိုက်၏ ခန့်မှန်းချက်နှင့် ပတ်သက်၍ ထရမ့်က "ကျွန်တော် သူနဲ့ လုံးဝ သဘောထားကွဲလွဲပါတယ်" ဟု ဆိုသည်။ "အကယ်၍ (အီရန်နဲ့ ဖြစ်နေတဲ့ အစ္စရေး-အမေရိကန် စစ်ပွဲ) သာ ပြီးဆုံးသွားမယ်ဆိုရင် ဈေးနှုန်းတွေက အရှိန်အဟုန်နဲ့ ထိုးကျသွားလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်" ဟု ၎င်းက ရှင်းပြခဲ့သည်။

Politico သတင်းဌာန၏ ဖော်ပြချက်အရ ရီပတ်ဘလစ်ကန်ပါတီမှ ဗျူဟာမှူးများသည် နိုင်ငံအတွင်း စက်သုံးဆီဈေးနှုန်းများ မကျဆင်းပါက လာမည့် နိုဝင်ဘာလ ကြားဖြတ်ရွေးကောက်ပွဲတွင် ရှုံးနိမ့်နိုင်ကြောင်း တွက်ဆထားကြသည်။ အိမ်ဖြူတော်နှင့် နီးစပ်သည့် ဗျူဟာမှူးများအနေဖြင့် ယင်းအခြေအနေ မည်သို့ဖြစ်လာနိုင်သည်ကို ကောင်းစွာ သိရှိထားကြသည်ဟုလည်း အလေးပေး ဖော်ပြထားသည်။

"လက်တွေ့အခြေအနေက အပြောအဆိုတွေထက် ပိုအရေးကြီးပါတယ်။ အကယ်၍ ဓာတ်ဆီဈေး တစ်ဂါလန် ၃ ဒေါ်လာ ဖြစ်မလာဘူးဆိုရင် ကျွန်တော်တို့ သေရချည်ရဲ့" ဟု အိမ်ဖြူတော်နှင့် နီးစပ်သူတစ်ဦးက Politico သို့ ပြောကြားခဲ့သည်။

အမေရိကန် မော်တော်ကားအသင်း (AAA) ၏ အချက်အလက်များအရ လက်ရှိတွင် အမေရိကန်၌ ဓာတ်ဆီတစ်ဂါလန် ပျမ်းမျှဈေးမှာ ၄.၀၄၂ ဒေါ်လာ ဖြစ်သည်။ စွမ်းအင်ဝန်ကြီး ရိုက်ကမူ ပြီးခဲ့သည့်အပတ်က ဓာတ်ဆီဈေးသည် လာမည့်နှစ်မှသာ ၃ ဒေါ်လာသို့ ရောက်ရှိနိုင်ကြောင်း ဝန်ခံပြောကြားထားသည်။

image

အစိုးရအဖွဲ့၏ ရက်ပေါင်း(၁၀၀)အတွင်း ဦးစားပေးဆောင်ရွက်မည့် လုပ်ငန်းစီမံချက်များ

အစိုးရအဖွဲ့၏ ရက်ပေါင်း(၁၀၀)အတွင်း ဦးစားပေးဆောင်ရွက်မည့် လုပ်ငန်းစီမံချက်များနှင့်ပတ်သက်၍ ယနေ့ ဧပြီ ၂၀ ရက်တွင်ကျင်းပခဲ့သည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး၌ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ကပြောကြားခဲ့သည်။

ရက်ပေါင်း(၁၀၀)အတွင်း ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနမှ တောင်သူလယ်သမားများကို ချေးငွေနှုန်းထားတိုးမြှင့်ရေးစီမံချက်အနေဖြင့် ချေးငွေများတိုးမြှင့်ထုတ် ပေးမည်ဖြစ်ကာ စပါး၊ ဂျုံ၊ ချည်မျှင်ရှည်ဝါတို့အား (၃) သိန်းကျပ်အထိ၊ အခြားသီးနှံ (၁၈)မျိုးကို (၂)သိန်းခွဲကျပ်အထိ၊ ပန်းနှမ်း၊ ဆီ မုန်ညှင်း၊ ဂုံလျှော် တို့အား (၁) သိန်းခွဲကျပ်အထိတိုးမြှင့်ချေးပေးမည်ဖြစ်ပြီး လယ်ယာသုံးစက်ကိရိယာချေးငွေအား ကျပ်သိန်း (၃,၀၀၀)အထိတစ်ကဏ္ဍ၊ ကျပ်သိန်း(၃,၀၀၀)အထက်ဖြစ်ပါက တစ်ကဏ္ဍပေးမည်ဖြစ်သည်။

လမ်းပန်းဆက်သွယ်ရေးတွင် အနီးစခန်းလေဆိပ်အ ဆင့်မြှင့်တင်ခြင်းကို ပြီးပြတ်အောင်ဆောင်ရွက်ခြင်း၊ ပို့ကုန်နှစ်ဆတိုးမြှင့်ရန် ပို့ဆောင်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ သိုလှောင်ရုံများကို ဦးစားပေးတည်ဆောက်ခြင်း၊ ရထားလမ်းများအားလုံးကိုအဆင့်မြှင့်တင်ရာ၌ လတ်တလောတွင် ရန်ကုန်-မန္တလေးလမ်း၊ ရန်ကုန်-မော်လမြိုင်လမ်း၊ ရန်ကုန် -ပြည်လမ်းတို့အ ဆင့်မြှင့်တင်ခြင်း၊ မြစ်ကြီးနား-မိုးကောင်း-မိုးညှင်းရ ထားလမ်း၌ တံတားပြင်ဆင်ခြင်းများ၊ လမ်းပြင်ဆင်ခြင်းများ၊ ရထားစက်ခေါင်းများ၊ တွဲများ၊ စက်ရုံများအ ဆင့်မြှင့်တင်ခြင်းတို့ကိုဆောင်ရွက်သွားမည်ဖြစ်သည်။

ဆက်သွယ်ရေးကဏ္ဍတွင် မိုဘိုင်းစခန်းအသစ်(၂၇)ခုတိုးချဲ့၍ စခန်း(၉)ခု၌ 4 G LTE အဆင့်မြှင့်တင်ခြင်း၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ ကျေးလက်ရေရရှိရေးလုပ်ငန်း၊ ဆိုလာရေတင်စနစ်ဖြင့် သောက်သုံးရေနှင့် စိုက်ပျိုးရေရရှိရေးလုပ်ငန်း၊ ပညာ ရေးဝန်ကြီးဌာနမှ သုတေသနစွမ်းရည်မြှင့်တင်သည့် ရှေ့ပြေးတက္ကသိုလ်များအဖြစ် Nay Pyi Taw State Academy ၊ ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်တို့တွင် Research and Activation များကိုရှေ့ပြေးတက္က သိုလ်များအဖြစ်သတ်မှတ်ဆောင်ရွက်ခြင်းတို့ကိုပြု လုပ်သွားမည်ဖြစ်သည်။

၂၀၂၆- ၂၀၂၇ ပညာသင်နှစ်မှစ၍ အလယ်တန်းတန်းပညာအ ဆင့်တွင် စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးပညာရပ်များထည့်သွင်းသင်ကြားပေးခြင်း၊ ပြည်သူ့နီတိနှင့် စာရိတ္တပညာရပ်များကို အခြေခံပညာကျောင်းများတွင် အဓိကအနေဖြင့် လူငယ်များအကျင့်စာရိတ္တမြင့်မားစေရေးအတွက် ထည့်သွင်းသင်ကြားပေးခြင်း၊ ဗလငါးတန်နှင့်ပြည့်ဝသည့် ကျောင်းများဖြစ်စေရန် အ ခြေခံပညာကဏ္ဍတွင် Smart School နှင့် Football for School Program ကို အားကစားနှင့် လူငယ်ရေးရာဝန် ကြီးဌာန၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့နှင့် ပေါင်း စပ်၍ ရက်ပေါင်း(၁၀၀)အတွင်း ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းနှင့် ရှမ်းပြည်နယ်တို့ရှိ ကျောင်းများ၌ Pilot Project အနေဖြင့်ဆောင်ရွက်ခြင်း ၊ မူကြိုကျောင်းများကို အဆင့်မြှင့်တင်ခြင်းများပြုလုပ်သွားမည်ဖြစ်သည်။

ကျန်းမာရေးဝန်ကြီးဌာနမှ ပြည်နယ်နှင့် တိုင်း/ခရိုင်/မြို့ နယ်(၅၀)တွင် ဒု-ကျန်းမာရေးဦးစီးမှူးများခန့်အပ်၍ ကျန်းမာရေးမြှင့်တင်ခြင်း၊ နေပြည်တော်၊ ရန်ကုန်၊ မန္တ လေးမြို့တို့ရှိ နှလုံးဆေးကုသရေးဌာနများတွင် လူနာတစ်သိန်းအတွက် နှလုံးရောဂါကာကွယ်ရေးအန္တရာယ် အကဲဖြတ်ပေးသည့် ဆေးကုသမှုများကို တရုတ်နိုင်ငံနှင့်ပူးပေါင်းဆောင်ရွက်ခြင်း၊ တိုင်းနှင့် ပြည်နယ်များရှိသူနာပြုကျောင်းများကို သူနာပြုသိပ္ပံများအဖြစ် အ ဆင့်မြှင့်တင်ခြင်၊ အခြားကဏ္ဍပေါင်းစုံတိုးတက်ရေးဆောင်ရွက်ခြင်းတို့ကိုလည်းပြုလုပ်သွားမည်ဖြစ် သည်။

ထို့အတူ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ် ရေးကဏ္ဍများအပြင် သဘာဝဘေးအန္တရာယ်နှင့် ပဋိပ က္ခများကြောင့် ထိခိုက်ပျက်စီးခဲ့ရသော အစိုးရအ ဆောက်အအုံ၊ လမ်း၊ တံတား၊ ဆက်သွယ်ရေးအခြေခံအဆောက်အဦများကို ပြန်လည်ထူထောင်ပေးသွားမည်ဖြစ်ကာ ငလျင်ကြောင့်ပျက်စီးသွားသည့် နိုင်ငံ့ဝန်ထမ်းအိမ်ရာအဆောက်အဦများ အမြန်ဆုံးပြီးစီးအောင်ဆောင်ရွက်ရန်၊ နိုင်ငံတော်၏ဘဏ္ဍာငွေများကိုအလေ အလွင့်မရှိ ထိရောက်အကျိုးရှိအောင်စနစ်တကျသုံးစွဲရန် နိုင်ငံတော်သမ္မတက မှာကြားသည်။

ထို့ပြင် အစိုးရအဖွဲ့အနေဖြင့် တိုင်းပြည်အတွက်ကောင်းအောင်ဆောင်ရွက်ရာ၌ တစ်ဦးချင်း၏ဖြတ်သန်းလာခဲ့သည့်အတွေ့အကြုံများပေါင်းစပ်၍ အကောင်းဆုံးဖြစ်အောင်ဆောင်ရွက်ပြီး နိုင်ငံနှင့်ပြည်သူ့အကျိုးအတွက် ဖော်ဆောင်ပေးနိုင်ရန်လိုကာ တိုင်းပြည်အတွက်ကောင်းအောင်ဆောင်ရွက်မည်ဟူသည့် စိတ်ဖြင့် ကြံ စည်လုပ်ကိုင်ဆောင်ရွက်ကြစေလိုပြီး ဖွံ့ဖြိုးမှုနောက် ကျနေသည့် ပြည်နယ်နှင့် တိုင်းများကိုဦးစားပေး၍ ထူ ထောင်ရေးလုပ်ငန်းများ၊ ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန် နိုင်ငံတော်သမ္မတက တိုက်တွန်းပြောကြားခဲ့သည်။

image

နိုင်ငံ၏ပညာရေးကဏ္ဍကိုမြှင့်တင်ပြီး နိုင်ငံသူ၊ နိုင်ငံသားများ၏ စိတ်နေစိတ်ထား(Mind Set)မြင့်မားလာအောင်ဆောင်ရွက်ရမည်ဟု နိုင်ငံတော်သမ္မတပြော

နိုင်ငံ၏ပညာရေးကဏ္ဍမြှင့်တင်ရေးနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ ဧပြီ ၂၀ ရက်တွင်ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး၌ ပြောကြားခဲ့ခြင်းဖြစ်သည်။

ပညာရေးအားနည်းမှုများကြောင့် အသိပညာအားနည်းမှုများဖြစ်ပေါ်လာရာမှတစ်ဆင့် နိုင်ငံရေးပြဿနာများ ဖြစ်ပေါ်လာကာ မြန်မာနိုင်ငံ၏ ပညာရေးအားနည်း ချက်ကိုအသုံးချ၍ ပြည်တွင်း၊ ပြည်ပမှ နိုင်ငံရေးသမားများက ၎င်းတို့အကျိုးအတွက် သွေးထိုးလှုံ့ဆော်အသုံးချလုပ်ဆောင်ခဲ့သဖြင့် နိုင်ငံ၏ပညာရေးကဏ္ဍကိုမြှင့်တင်ပြီး နိုင်ငံသူ၊ နိုင်ငံသားများ၏ စိတ်နေစိတ်ထား (Mind Set)မြင့်မားလာအောင်ဆောင်ရွက်ရမည်ဟု ပြောသည်။

ထို့ပြင် မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍသည် လွတ်လပ် ရေးမရမှီနှင့် လွတ်လပ်ရေးရပြီးချိန်တို့၌ ပညာရေးအား နည်းချက်များရှိခဲ့၍ "အ"သုံးလုံးလှုပ်ရှားမှုများဆောင် ရွက်ခဲ့ရမှု၊ ကျောင်းပညာသင်ကြားရေးမှာ လူများစုပညာရေးဖြစ်ခဲ့သော်လည်းကောင်းမွန်ခဲ့မှု၊ နိုင်ငံတကာအဆင့်မီ ပညာရှင်များထွက်ပေါ်ခဲ့မှုတို့ကိုရှင်းလင်းပြောကြားခဲ့သည်။

ယခုအချိန်၌ သက်ဆိုင်ရာဘာသာရပ်များအလိုက် ပြည်ပနိုင်ငံများမှမဟုတ်ဘဲ ပြည်တွင်း၌ပင်အောင်မြင်သော ကျွမ်းကျင်ပါရဂူဘွဲ့ရရှိသူများစွာရှိမှု၊ ပြည်ပနိုင်ငံများ၌ ပညာတော်သင်သွားရောက်ပြီး D.Sc ဘွဲ့ရရှိသူ များလည်းရှိ၍ လူအများစုပညာရေးများတိုးတက်လာစေရန် ပညာရေးနှင့်ပတ်သက်၍ ပြုပြင်ပြောင်းလဲမှုများဆောင်ရွက်မြှင့်တင်ပေးရန်လည်း ရှင်းလင်းပြောကြားသည်။

" မိမိတို့အနေနဲ့ နိုင်ငံတော်ဘဏ္ဍာငွေတွေကို ပညာရေးကဏ္ဍမှာပိုမိုတိုးမြှင့်ရင်းနှီးမြှုပ်နှံရပါမယ်။ ပညာရေးကဏ္ဍတိုးတက်ဖို့ ၂၀၂၆ ဘဏ္ဍာရေးနှစ်မှာ ပညာရေးဝန်ကြီးဌာနအတွက် နိုင်ငံတော်ဘဏ္ဍာငွေရဲ့ (၆ ဒသမ ၉၂)ရာခိုင်နှုန်း၊ တခြားဝန်ကြီးဌာနတွေက ပညာရေးကဏ္ဍတွေပါဝင်ရင် နိုင်ငံတော်ဘဏ္ဍာငွေက (၉ ဒသမ ၂၂)ရာခိုင်နှုန်းကိုအသုံးပြုသွားမှာပါ။ လာမယ့် ဘဏ္ဍာ ရေးနှစ်မှာလည်း ပညာရေးကဏ္ဍအတွက် နိုင်ငံတော်ဘ ဏ္ဍာငွေရဲ့ (၁၀)ရာခိုင်နှုန်းထက်မနည်းတိုးမြှင့်အသုံးပြုသွားမှာပါ။ လာမည့်တစ်နှစ်ကျော်မှာ နိုင်ငံတော်ဘဏ္ဍာငွေရဲ့ (၁၅)ရာခိုင်နှုန်းအထိတိုးမြှင့်မယ်။ မိမိတို့အစိုးရ အဖွဲ့တာဝန်ယူဆောင်ရွက်တဲ့ ငါးနှစ်တာကာလအတွင်းမှာ (၂၀)ရာခိုင်နှုန်းအထိ တိုးမြှင့်ဆောင်ရွက်သွားပါမယ်" ဟု နိုင်ငံတော်သမ္မတက ပြောသည်။

ထို့ကြောင့် ပညာရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံခြင်းသည် နိုင်ငံတော်၏အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်း နှီးမြှုပ်နှံခြင်း၊ နိုင်ငံအတွက် တန်ဖိုးအရှိဆုံးသော ရင်း နှီးမြှုပ်နှံခြင်းပင်ဖြစ်၍ ပညာရေးကဏ္ဍမြှင့်တင်ရန် တိုင်းနှင့် ပြည်နယ်များအလိုက် ကျောင်းနေရာခိုင်နှုန်းများမြင့်တက်လာစေရေး၊ တန်းစဉ်ကူးပြောင်းမှုများ လျော့နည်းမှုမရှိစေရေးဆောင်ရွက်ရန်လိုကာ "အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းက”ဆိုသည့်အ တိုင်းမျိုးချစ်စိတ်ဓာတ်ရှိသည့်၊ စည်းကမ်းကောင်းမွန်မှုရှိသည့် လူငယ်များကိုအခြေခံပညာကျောင်းများမှမွေးထုတ်ပေးရန်လိုသည်ဟု နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။

image

PDF များ ရက်ပေါင်း(၁၀၀)အတွင်း အလင်းဝင်ရန်ဖိတ်ခေါ်ခဲ့သည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်

လာမည့် ဇူလိုင် ၃၁ ရက်တွင်ပြည့်မည့် အစိုးရအဖွဲ့ရက်ပေါင်း(၁၀၀)အတွင်း PDF များအလင်းဝင်ကြရန် နိုင်ငံ တော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ ဧပြီ ၂၀ ရက်တွင်ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအ ဝေး၌ ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။

PDF များနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးခြင်းနှင့် ငြိမ်း ချမ်းရေးအတွက်အလင်းဝင်ရန်ပြောထားကာ လက်ရှိအချိန်တွင်လည်း အလင်းဝင်လာသူအများအပြားရှိပြီး အလင်းဝင်ရန်တောင်းဆိုခြင်းများရှိရာ မိမိတို့အနေဖြင့်ကြိုဆိုသည်ဟု ပြောသည်။

" PDF နဲ့ပတ်သက်ပြီး ရက်ပေါင်း ၁၀၀ အတွင်းမှာလာပြီးငြိမ်းချမ်းရေးအတွက်လာကြပါ။ ဒီကာလအတွင်းမှာ ဥပဒေဘောင်အတွင်းဝင်လာကြဖို့ဖိတ်ခေါ်ပါတယ်။ နိုင် ငံရေးအရလည်း ဘာမှခိုင်လုံတဲ့အကြောင်းပြချက်မဟုတ်ပါဘူး။ PDF တွေအနေနဲ့ အသုံးချမခံရအောင်နေကြဖို့ပြောလိုပါတယ်"ဟု နိုင်ငံတော်သမ္မတက ပြော သည်။

ထို့ပြင် ငြိမ်းချမ်းရေးအတွက် NCA လက်မှတ်ရေးထိုးထားသည့်အဖွဲ့များ၊ NCA လက်မှတ်ရေးထိုးထားခြင်းမရှိသည့်အဖွဲ့များကို ဇူလိုင် ၃၁ ရက်နေ့မတိုင်မီတွေ့ဆုံဆွေးနွေးရန်ဖိတ်ခေါ်ကာ မိမိတို့အနေဖြင့် ငြိမ်းချမ်းရေးလိုချင်ပြီး တိုင်းပြည်တည်ငြိမ်အေးချမ်းမှုမရှိပါက ဖွံ့ ဖြိုးရေးကိစ္စများကို လုပ်ဆောင်နိုင်မည်မဟုတ်ဟု ပြောသည်။

" ငြိမ်းချမ်းရေးလုပ်မှသာ တည်ငြိမ်အေးချမ်းမှုရှိမှသာ ဖွံ့ဖြိုးရေးလုပ်ငန်းကလုပ်လို့ရတယ်။ ရှေ့ကတည် ဆောက်ရေးလုပ်ငန်းလုပ်သွား နောက်ကအဖျက်လုပ် ငန်းတွေပါလာရင် သမင်မွေးရင်း၊ ကျားစားရင်း ဆိုသလိုဖြစ်နေမှာပါ။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ငြိမ်းချမ်းရေးမှာလည်း မဖြစ်နိုင်တာတွေလျှောက်တောင်းဆိုပြီး ကိုယ့်အဖွဲ့အစည်းတည်တံ့ခိုင်မြဲရေးအတွက်လုပ်နေတယ်ဆိုရင် မှားသွားမယ်။ ကျွန်တော်တို့အနေနဲ့လည်းလုပ်သင့်လုပ်ထိုက်တာတွေကိုတော့ နိုင်ငံတော်အနေနဲ့လုပ်ရမှာတွေရှိလာပါလိမ့်မယ်"ဟု နိုင်ငံတော်သမ္မတက ပြောသည်။

ထို့ပြင် လက်မှတ်ရေးထိုးထားပြီး သဘောတူညီချက်ယူထားခြင်းများရှိကာ ဥပမာအနေဖြင့် (၄၃)ချက်သ ဘောတူညီထားခြင်း၊ NCA လက်မှတ်ရေးထိုးဆွေးနွေးခဲ့သည့် Union Accord ရထားသောသဘောတူညီချက်များကို လာမည့် ပြည်ထောင်စုလွှတ်တော်များ၌တင်ပြ ၍ အပိုင်းလိုက်ဆောင်ရွက်သွားမည်ဟု နိုင်ငံတော်သမ္မ တ ဦးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။

image

ပဲခူးတိုင်း၏ ဆဋ္ဌမအကြိမ်မြောက် မြန်မာ့နှစ်သစ်ကူးတရားအလှူတော်(တတိယည)တွင် ပဲခူးမြို့၊ သာသနာ့ဇောတိကစာသင်တိုက် ပဓာနနာယကဆရာတော်တရားဟောကြားတော်မူ

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲမှကြီးမှူးကျင်းပသည့် ဆဋ္ဌမအကြိမ်မြောက် မြန်မာနှစ်သစ်ကူးတရားအလှူတော် ဓမ္မသဘင်ပွဲ(တတိယည)ကို ဧပြီ ၁၉ ရက်က ဆင်ယင်ကျင်းပခဲ့သည်။

ပဲခူးတိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့် ဇနီး၊ တိုင်းလွှတ်တော်ဥက္ကဋ္ဌနှင့် ဇနီး၊ တာဝန်ရှိသူများနှင့် တရားနာပရိသတ်များအား ပဲခူးမြို့၊ သာသနာ့ဇောတိကစာသင်တိုက်ပဓာနနာယကဆရာတော် ဘဒ္ဒန္တဇနိတ (အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ)က "သြဝါဒကထာ"ခေါင်းစဥ်ဖြင့် နိဗ္ဗာန်ရောက်ကြောင်းတရားတော်များကို ဟောကြားတော်မူခဲ့သည်။

ထို့နောက် ပဲခူးတိုင်းဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဓမ္မပူဇာအလှူငွေကျပ်(၇၅)သိန်းနှင့် လှူဖွယ်ပစ္စည်းများကို ဆရာတော်ထံဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်ချအမျှအတမ်းပေးဝေခဲ့ကြသည်။

image