ရေနံကုန်သွယ်မှုတွင် ဒေါ်လာအစား ယွမ်ကို အသုံးပြုလာနိုင်ကြောင်း UAE က အမေရိကန်အား သတိပေး

အီရန်ပဋိပက္ခ ကြာရှည်လာပါက မိမိတို့၏ ဒေါ်လာအရန်ငွေများအပေါ် ဖိအားဖြစ်စေနိုင်ကြောင်း အာရပ်စော်ဘွားများပြည်ထောင်စု (UAE) က အမေရိကန်အား သတိပေးလိုက်ပြီးနောက် တရုတ်ယွမ်ငွေကဲ့သို့သော အခြားရွေးချယ်စရာ ငွေကြေးများဖြင့် ရေနံကုန်သွယ်ရန် လမ်းဖွင့်ပေးလိုက်ခြင်းဖြစ်ကြောင်းဆိုသည်။

ပင်လယ်ကွေ့ဒေသ၏ အဓိက ဘဏ္ဍာရေးဗဟိုချက်တစ်ခုဖြစ်သည့် UAE ထံမှ ထွက်ပေါ်လာသော ဤအရိပ်အယောင်သည် ဒေသတွင်း တင်းမာမှုများ မြင့်တက်လာခြင်းကြောင့် ကမ္ဘာ့စွမ်းအင်စျေးကွက်တွင် ဒေါ်လာကို စွန့်ခွာရန် အရှိန်အဟုန် မြန်ဆန်လာနိုင်သည်ဟူသော စိုးရိမ်မှုကို မီးမောင်းထိုးပြနေသည်။ လက်ရှိဖြစ်ပွားနေသော တင်းမာမှုများကြားတွင် ဒေါ်လာအသုံးပြုမှု လျှော့ချရေး ကြိုးပမ်းမှုမှာ အရှိန်အဟုန်သစ် ရရှိလာဖွယ် ရှိနေသည်။

အကယ်၍ ပဋိပက္ခကြောင့် စီးပွားရေးအကျပ်အတည်း ပိုမိုနက်ရှိုင်းလာပါက ဘဏ္ဍာရေးဆိုင်ရာ ဘေးကင်းလုံခြုံရေးကွန်ရက် တစ်ခု ဖော်ဆောင်ပေးရန် UAE အာဏာပိုင်များက ဝါရှင်တန်သို့ တောင်းဆိုထားကြောင်းကိုလည်း အမေရိကန်အရာရှိများကို ကိုးကား၍ The Wall Street Journal က ရေးသားထားသည်။

အဆိုပါ ဆွေးနွေးမှုများအရ ဆက်တိုက်ဖြစ်ပွားနေသော ရန်လိုမှုများသည် ကမ္ဘာ့ဘဏ္ဍာရေးဗဟိုချက်အဖြစ် UAE ၏ ရပ်တည်မှုကို အားနည်းစေခြင်း၊ နိုင်ငံခြားအရန်ငွေများ လျော့နည်းလာခြင်းနှင့် နိုင်ငံအား တည်ငြိမ်သော ရင်းနှီးမြှုပ်နှံမှုနယ်မြေအဖြစ် ရှုမြင်ထားကြသော ရင်းနှီးမြှုပ်နှံသူများကို လက်တွန့်သွားစေခြင်းတို့ ဖြစ်လာနိုင်သည်ဟု စိုးရိမ်နေကြကြောင်း သိရသည်။

UAE အနေဖြင့် ယခုအချိန်အထိ စစ်ပွဲ၏ အဆိုးရွားဆုံး စီးပွားရေးရိုက်ခတ်မှုများကို ရှောင်လွှဲနိုင်ခဲ့သော်လည်း အရင်းအနှီးစီးဆင်းမှုနှင့် ဘဏ္ဍာရေးတည်ငြိမ်မှုကို အနှောင့်အယှက်ဖြစ်စေနိုင်သည့် ဖြစ်နိုင်ခြေရှိသော တုန်လှုပ်မှုများအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေကြောင်း အမေရိကန်အရာရှိများက ပြောကြားခဲ့သည်။

ပြီးခဲ့သည့်သီတင်းပတ်အတွင်း ဝါရှင်တန်တွင် ပြုလုပ်ခဲ့သော အစည်းအဝေးများ၌ UAE ဗဟိုဘဏ်အုပ်ချုပ်ရေးမှူး Khaled Mohamed Balama သည် အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Scott Bessent အပါအဝင် အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ဗဟိုဘဏ် အရာရှိများနှင့် တွေ့ဆုံစဉ် ငွေကြေးအစားထိုးအလဲအလှယ်ပြုလုပ်သည့် အစီအစဉ်တစ်ရပ် ဖြစ်လာနိုင်ခြေကို တင်ပြခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

အကယ်၍ ဒေါ်လာပြတ်လပ်မှု ဖြစ်ပေါ်လာပါက နိုင်ငံအနေဖြင့် ရေနံရောင်းချမှုများနှင့် အခြားသော အရောင်းအဝယ်များကို တရုတ်ယွမ်ငွေ အပါအဝင် အခြားရွေးချယ်စရာ ငွေကြေးများဖြင့် လုပ်ဆောင်ရန် ဖိအားပေးခံရနိုင်ကြောင်း UAE အရာရှိများက ၎င်းတို့၏ အမေရိကန်အရာရှိများအား ပြောကြားခဲ့သည်။ ထိုသို့သော အပြောင်းအလဲသည် ဒေါ်လာက လွှမ်းမိုးထားသည့် ကမ္ဘာ့ရေနံကုန်သွယ်မှုစနစ်မှ သိသာထင်ရှားသော ခွဲထွက်မှုတစ်ခု ဖြစ်လာမည်ဖြစ်သည်။

image

မြန်မာသံရုံး၏ လုပ်ငန်းဆောင်တာများကို မည်သည့်လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းကိုမှ ကြားခံဆောင်ရွက်ရန် တာဝန်ပေးထားခြင်းမရှိဟု ဆိုးလ်မြို့ရှိ မြန်မာသံရုံးထုတ်ပြန်

ကိုးရီးယားနိုင်ငံ၊ ဆိုးလ်မြို့ရှိ မြန်မာသံရုံးအနေဖြင့် သံရုံး၏ လုပ်ငန်းဆောင်တာများကို မည်သည့်လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းကိုမှ ကြားခံဆောင်ရွက်ရန် တာဝန်ပေးထားခြင်းမရှိဟု ယနေ့ (ဧပြီ ၂၀) တွင် ထုတ်ပြန်သည်။

သံရုံးဆိုင်ရာ ကိစ္စရပ်များကို သံရုံးကသာ ဆောင်ရွက်ပေးလျက်ရှိနေခြင်းဖြစ်ကာ ယင်းသို့ဆောင်ရွက်ရာ၌ လျှောက်ထားသူများက ပူးတွဲတင်ပြလာသော အထောက်အထား၊ အချက်အလက်များ ပြည့်စုံမှန်ကန်မှုရှိမရှိ စိစစ်ပြီး အချိန်မကြန့်ကြာစေရန် ဆောင်ရွက်လျက်ရှိသည်ဟုလည်း ဆိုသည်။

ထို့ကြောင့် မြန်မာ သံရုံး၏ လုပ်ငန်းဆောင်တာများကို မည်သည့်လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းကိုမှ ကြားခံဆောင်ရွက်ရန် တာဝန်ပေးခြင်းမရှိပါကြောင်း ထုတ်ပြန်ထားခြင်း ဖြစ်သည်။

image

ပွင့်ဖြူနှင့် စလင်းမြို့နယ်တို့မှ လေဘေးသင့်သူများကို အိမ်‌ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး ထောက်ပံ့

သဘာဝဘေးဖြစ်ပွားလာပါက ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာနများနှင့်ပေါင်းစပ်၍ အမြဲတစေလေ့ကျင့်ကြရန် မကွေးတိုင်းဝန်ကြီးချုပ်မှာကြား

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်နှင့် စလင်းမြို့နယ်တို့၌ ယမန်နေ့ ဧပြီ ၁၉ ရက်ညနေ ၅ နာရီခန့်က မိုးသက်လေပြင်းတို-က်ခတ်၍ နေအိမ်ပျ-က်စီးမှုများဖြစ်ပေါ်ခဲ့သဖြင့် မကွေးတိုင်းဝန်ကြီးချုပ်ဦးတင်ကိုကိုမှ ယနေ့ ဧပြီ ၂၀ ရက်နံနက်ပိုင်းက လေဘေးသင့်သူများကို အိမ်‌ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

စလင်းမြို့နယ်အတွင်း မိုးသက်လေပြင်းတို-က်ခတ်မှုကြောင့် ရပ်ကွက်(၁)ခုနှင့် ကျေးရွာ(၆)ရွာရှိ နေအိမ် (၄၈)လုံးမှာလုံးဝပျ-က်စီး၊ နေအိမ်(၂၃၈)လုံးမှာ တစ်စိတ်တစ်ပိုင်းပျ-က်စီးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေကျပ်(၁၆,၇၀၀,၀၀၀)သိန်း၊ လေဘေးသင့်သူ(၇၈၇)ဦးအတွက် နှစ်ပတ်စာစားနပ်ရိက္ခာဆန်ဖိုးငွေကျပ် (၃,၉၃၅,၀၀၀) သိန်း၊ ထိခိုက်ဒ-ဏ်ရာရသူ(၁)ဦးအတွက် ငွေကျပ်(၅၀,၀၀၀)တို့ကိုထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ထို့ပြင် အိမ်ထောင်စု(၄၈)စုစာအတွက် ငွေကျပ် (၅,၀၆၈,၅၄၄)သိန်းတန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုးကိုလည်း လေဘေးသင့်သူများကိုထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ထို့အတူ တိုင်းဝန်ကြီးချုပ်က ဒေသခံများအနေဖြင့် သဘာဝဘေးဖြစ်ပွားလာပါက အလျင်အမြန်တုံ့ပြန်နိုင်ရန် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာနများနှင့်ပေါင်းစပ်၍ အမြဲတစေလေ့ကျင့်ဆောင်ရွက်ထားကြရန်တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် တိုင်းဝန်ကြီးချုပ်က ပွင့်ဖြူမြို့နယ်အတွင်း လေပြင်းတို-က်ခတ်မှုကြောင့် ထိခိုက်ပျ-က်စီးမှုများနှင့် ရှင်းလင်းနေကြမှုများ၊ ဒေသခံတောင်သူများအား ပြည်တွင်းထုတ်ဒီဇယ်ဆီများ လယ်ယာလုပ်ငန်းခွင်အရောက်အထူးသက်သာသောဈေးနှုန်းဖြင့် တို-က်ရို-က်ဖြန့်ဖြူးရောင်းချပေးနေမှုတို့ကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

image

အထူးဒေသ(၁)ရှိ ပြည်ထောင်စုလမ်းမကြီး၏ ကွတ်ခိုင်-နမ့်ဖတ်ကာသွားလမ်းပိုင်းတွင် မြေပြိုကျနေမှုများကိုပြန်လည်ပြုပြင်

အထူးဒေသ(၁)၊ ကွတ်ခိုင်ခရိုင်ရှိ ပြည်ထောင်စုလမ်းမကြီး၏ ကွတ်ခိုင်-နမ့်ဖတ်ကာသွားလမ်းပိုင်း နေရာ(၃) ခုတွင် မြေပြိုမှုများဖြစ်ပွားခြင်း၊ အချို့မြေပြိုသည့်နေရာများ၌ လမ်းမျက်နှာပြင်အက်ကွဲမှုများဖြစ်ပေါ်ခြင်းများရှိနေ၍ အထူးဒေသအုပ်ချုပ်ရေးကော်မတီမှ ဦးဆောင်ကာ ဧပြီ ၁၇ ရက်မှစပြီးပြန်လည်ပြုပြင်လျက်ရှိကြောင်း သိရသည်။

လုပ်ငန်းသုံးစက်ယန္တရားများ၊ အလုပ်သမားများနှင့်ပြန်လည်ပြုပြင်မှုများကို လမ်းပန်းဆက်သွယ်ရေးအမြန်ဆုံးပြန်လည်ကောင်းမွန်စေရန်နှင့် သွားလာရေး ဘေးကင်းစေရန်အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့ကြောင့် လမ်းအသုံးပြုသူများအနေဖြင့် ပြုပြင်ထိန်းသိမ်းရေးဆောင်ရွက်နေသည့် လမ်းပိုင်းများသို့ရောက်ရှိချိန်၌ အရှိန်လျှော့မောင်းနှင်ရန်၊ ဂရုစိုက်ရန်နှင့် လုပ်ငန်းခွင်ရှိ လမ်းစည်းကမ်းထိန်းသိမ်းရေးညွှန်ကြားချက်များကိုလိုက်နာကာ ဘေးကင်းလုံခြုံသောသွားလာမှုဖြစ်စေရန်၊ ယာဉ်မတော်တဆဖြစ်မှုများလျှော့ချနိုင်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်လည်း အထူးဒေသ(၁)အုပ်ချုပ်ရေးကော်မတီက နှိုးဆော်ထားကြောင်း သိရသည်။

image

ဝက်စ်ဟမ်းကို ဂိုးပြတ်ရှုံးနိမ့်တဲ့ပွဲအပြီးတွင် အဝတ်အစားလဲခန်းအတွင်းမှာ ဝုဗ်ကစားသမား ၂ ဦး လက်ပါတဲ့အထိ ခိုက်ရန်ဖြစ်ပွား
====================
ဝုဗ်စတားများဖြစ်ကြတဲ့ တိုလူအေရိုကိုဒါရီနှင့် မာတီယပ်စ်မာနေးတို့ဟာ ဝက်စ်ဟမ်းအား ၄-၀ ဂိုးဖြင့် ရှုံးနိမ့်တဲ့ပွဲအပြီးတွင် အဝတ်အစားလဲခန်းအတွင်းမှာ လက်ပါတဲ့အထိ ခိုက်ရန်ဖြစ်ပွားခဲ့ကြကြောင်း သတင်းထွက်ပေါ်နေပါတယ်။

ဝုဗ်ဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားကြမ်းခင်းတွင် ရပ်တည်နေပြီး ချန်ပီယံရှစ်သို့ တန်းဆင်းရရန် သေချာသလောက်ရှိနေတဲ့အနေအထားတွင် ရှိပါတယ်။

Express & Star ရဲ့ ဖော်ပြလာမှုအရ ပွဲအပြီး အဝတ်အစားလဲခန်းအတွင်းတွင် ယင်းပွဲစဉ်မှာ လူစားဝင်ရောက်ကစားခဲ့ကြတဲ့ အသက် ၂၅ နှစ်ရှိ အေရိုကာဒါရီနှင့် အသက် ၁၈ နှစ်ရှိ မာနေးတို့ ခိုက်ရန် ဖြစ်ပွားခဲ့ကြကြောင်း သိရပါတယ်။

အစောပိုင်းတုန်းက ယင်းကစားသမားနှစ်ဦးတို့ဟာ နှုတ်ဖြင့်သာ အပြန်အလှန် ပြောဆိုနေခဲ့ကြတာပါ။

ဒါပေမယ့် နောက်ပိုင်းတွင် လက်ပါလာခဲ့ပြီး အေရိုကာဒါရီက ပိုမိုရန်လိုတဲ့ အပြုအမူ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

အေရိုကိုဒါရီဟာ ယင်းဖြစ်ရပ်ကြောင့် ဝုဗ်ရဲ့ ဒဏ်ရိုက်ခြင်းခံခဲ့ရပြီး စနေနေ့တုန်းက လိဒ်အား ၃-၀ ဂိုးဖြင့် ရှုံးနိမ့်တဲ့ပွဲတွင် ပါဝင်ကစားခွင့်မရဘဲ အရေးယူခံခဲ့ရပါတယ်။

တိုက်စစ်မှူးအေရိုကာဒါရီဟာ နွေရာသီတုန်းက ဂျန့်မှ ၄ နှစ်စာချုပ်ဖြင့် ပြောင်းလာပြီးနောက် ၃၃ ပွဲကစားထားရာမှာ ၆ ဂိုးသွင်းပြီး ၂ ကြိမ်ဖန်တီးထားပါတယ်။

ကွင်းလယ်ဖန်တီးရှင်မာနေးက ရော့ဒယ်မှ ဝုဗ်အကယ်ဒမီသို့ ပြောင်းလာပြီးနောက် ပြီးခဲ့တဲ့ရာသီမှ စတင်ကာ ဝုဗ်ပထမအသင်းသို့ တက်လှမ်းခွင့်ရရှိကာ ၂၆ ပွဲတွင် ၂ ဂိုးသွင်းပြီး ၂ ကြိမ်ဖန်တီးထားပါတယ်။

မာနေးဟာ နွေရာသီတွင် အသင်းပြောင်းမယ်လို့ ယုံကြည်ရသူ ဖြစ်ပြီး နိုင်ငံပြောင်းကစားဖို့ ရှိနေသူလည်း ဖြစ်ပါတယ်။

သူဟာ အင်္ဂလန်ယူ-၁၈ အတွက် ကစားခဲ့ပေမယ့်လည်း နောက်ပိုင်းတွင် ပေါ်တူဂီယူ-၂၁ အသင်းအတွက် ပြောင်းကစားနေသူ ဖြစ်ပါတယ်။

image

မန်စီးတီးကို ရှုံးနိမ့်ပေမယ့် အာဆင်နယ်တွင် ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးနိုင်ခြေ ၇၃ ရာခိုင်နှုန်းရှိနေသေးတယ်လို့ စူပါကွန်ပျူတာဟောကိန်းထုတ်လာ
===================
အာဆင်နယ်ဟာ မနေ့ညတုန်းက မန်ချက်စတာတိုက်ပွဲမှာ ကျရှုံးခဲ့ပေမယ့်လည်း မီခေးလ်အာတီတာတို့ရဲ့ အုပ်စုကို ဒီစစ်ပွဲမှာ အနိုင်ရမယ်လို့ မှတ်တမ်းအချက်အလက်ဂုရုOpta ရဲ့ စူပါကွန်ပျူတာက ဟောကိန်းထုတ်နေတုန်း ဖြစ်ပါတယ်။

မန်စီးတီးဟာ တနင်္ဂနွေနေ့ညတုန်းက အီတီဟတ်ကွင်းမှာ ၂-၁ ဖြင့် အနိုင်ရပြီးနောက် အာဆင်နယ်နှင့် ၃ မှတ်အကွာသို့ ချဉ်းကပ်လာနိုင်ခဲ့ပါတယ်။

မန်စီးတီးဟာ ကြားရက် ဘန်လေနှင့်ပွဲစဉ်မှာ အနိုင်ရလာမယ်ဆိုရင် အာဆင်နယ်ကို ဂိုးကွာခြားချက်အသာဖြင့် အမှတ်ပေးဇယားထိပ်ဆုံးနေရာကို လွဲပြောင်းရယူလာပါမယ်။

တဖက်မှာ Opta ရဲ့ စူပါကွန်ပျူတာကတော့ အာဆင်နယ်ကို ပရီးမီးယားလိဂ်ချန်ပီယံဖြစ်နိုင်ခြေများစွာရှိနေသေးတယ်လို့ ဆိုလာပါတယ်။

အာဆင်နယ်ဟာ မန်စီးတီးနှင့်ပွဲမတိုင်မီတုန်းက ပရီးမီးယားလိဂ်ချန်ပီယံဖြစ်နိုင်ခြေ ၈၅.၂ ရာခိုင်နှုန်းအထိ ရရှိထားပြီး မန်စီးတီးကတော့ ၁၄.၈ ရာခိုင်နှုန်းပဲ ရှိထားပါတယ်။

အီတီဟတ်တိုက်ပွဲအပြီးမှာတော့ အပြောင်းအလဲတော့ ဖြစ်လာပါတယ်။ Opta က အာဆင်နယ်ကို ၂၂ နှစ်အတွင်း ပထမဆုံးပရီးမီးယားလိဂ်ချန်ပီယံဖြစ်နိုင်ခြေ ၇၃ ရာခိုင်နှုန်းပေးထားဆဲ ဖြစ်ပါတယ်။ မန်စီးတီးကလည်း ချန်ပီယံဖြစ်နိင်ခြေ ၂၇ ရာခိုင်နှုန်းသို့ မြင့်တက်လာပါတယ်။

မန်စီးတီးဟာ လက်ကျန် ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ အာဆင်နယ်နှင့် နှိုင်းယှဉ်လျှင် ပွဲကြပ်တွေ ပိုကစားရပါမယ်။

မန်စီးတီးဟာ ပရီးမီးယားလိဂ် လက်ကျန် ၆ ပွဲအဖြစ် ဘန်လေ(အဝေး)၊ အဲဗာတန်(အဝေး)၊ ဘရန့်ဖို့ဒ်(အိမ်)၊ ဘုန်းမောက်(အဝေး)၊ ပဲလေ့စ်(အိမ်)၊ ဗီလာ(အိမ်)တို့ ကစားရပါမယ်။

အာဆင်နယ်က လက်ကျန် ၅ ပွဲမှာ နယူးကာဆယ်(အိမ်)၊ ဖူလ်ဟမ်(အိမ်)၊ ဝက်စ်ဟမ်း(အဝေး)၊ ဘန်လေ(အိမ်)၊ ပဲလေ့စ်(အဝေး)တို့ ဖြစ်ပါတယ်။

ဒါကို ကြည့်ရင် အာဆင်နယ်ရင်ဆိုင်ရမယ့် အသင်းတွေက ဇယားအောက်ပိုင်းက အသင်းတွေ ဖြစ်ပြီး မန်စီးတီးရင်ဆိုင်ရမယ့်အသင်းတွေက လာမယ့်ရာသီ ဥရောပဝင်ခွင့်အတွက် တိုက်ပွဲဝင်နေတဲ့အသင်းတွေ ဖြစ်နေပါတယ်။

တကယ်လို့များ လက်ကျန်ပွဲအားလုံးကို နှစ်သင်းလုံး အနိုင်ရလာမယ်ဆိုရင်တောင် အာဆင်နယ်က အသင်းငယ်တွေနှင့် ရင်ဆိုင်ရတာ ဖြစ်လို့ ဂိုးပိုသွင်းပြီး ဂိုးကွာခြားချက်အသာစီး ရလာနိုင်ပါသေးတယ်။

image

လီဗာပူးနှင့် စာချုပ်သစ်ချုပ်ဆိုရန် နီးစပ်နေပြီဖြစ်ကြောင်း ကိုနာတေး အတည်ပြုလာ
=====================
အီဘရာဟီမာကိုနာတေးက လီဗာပူးနှင့် စာချုပ်သစ်ချုပ်ဆိုရေး သဘောတူညီမှု ရရှိရန် နီးစပ်နေပြီး အန်ဖီးလ်တွင် ဆက်ရှိနေရန် ကြီးမားတဲ့ အခွင့်အရေး ရှိနေကြောင်း အတည်ပြု‌ ပြောကြားလာပါတယ်။

ပြင်သစ်ဗဟိုနောက်ခံလူဟာ ရက်ဘူးလ်လိုက်ဇစ်မှ ပေါင် ၃၅ သန်းဖြင့် ၅ နှစ်စာချုပ်ဖြင့် ရောက်လာခဲ့ပြီးနောက် ယခုရာသီအကုန်တွင် စာချုပ်သက်တမ်းကုန်ဆုံးပါမယ်။

တနင်္ဂနွေနေ့ မာဆေးဆိုက်ဒါဘီပွဲစဉ်အပြီးမှာတော့ အသက် ၂၆ နှစ်ရှိ ကိုနာတေးက "လူတွေ ပြောနေတာတွေ အများကြီးပါ။ ဒါပေမယ့် ကျွန်တော်တို့ ကလပ်နဲ့ ရေရှည်စကားပြောလာပြီးတဲ့နောက် သဘောတူညီမှုရဖို့ နီးစပ်နေပြီ ဖြစ်ပါတယ်။ လူတွေက အမြန်ဆုံးဖြစ်စေချင်နေကြတယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ လမ်းကြောင်းကောင်းပေါ်မှာ ရှိနေပါတယ်"လို့ ပြောကြားသွားပါတယ်။

ဆက်လက်ပြီး ကိုနာတေးက "လာမယ့်ရာသီမှာ ဒီမှာ ဆက်ရှိနေဖို့ အခွင့်အရေးကြီး ရှိနေတာ သေချာပါတယ်။ ဒါက ကျွန်တော် အမြဲတမ်း ဖြစ်စေချင်တဲ့အရာပါ။ စာချုပ်ကိစ္စပြေလည်ဖို့ စောင့်နေပါတယ်။ ဒါပေမယ့် အားလုံးအဆင်ပြေသွားပြီးချိန်ကျရင် လူတွေ အများကြီး ပြောဆိုနေခဲ့ကြတဲ့ စက်တင်ဘာ၊ နိုဝင်ဘာတုန်းက ရစ်ချက်(အားကစားဒါရိုက်တာရစ်ချက်ဟုချ်)ကို ကျွန်တော်ပြောခဲ့တာကို မေးမြန်းနိုင်ပါတယ်။ သူကလည်း အားလုံးနှုတ်ဆိတ်သွားဖို့ တခုခု ပြောပါလိမ့်မယ်။ သူ ပြောချင်တဲ့အချိန်ကျရင် မြင်လာရမှာပါ။ ကျုပ်ကတော့ ဒီလိုပဲ ဖြစ်စေချင်တယ်"လို့ ပြောကြားသွားပါတယ်။

ကိုနာတေးဟာ လီဗာပူးသို့ ပြောင်းလာပြီးနောက် ပရီးမီးယားလိဂ်ပွဲ ၁၁၃ ပွဲကစားထားကာ ပရီးမီးယားလိဂ်ဖလား၊ အက်ဖ်အေဖလားနှင့် လိဂ်ဖလားတို့ ဆွတ်ခူးထားနိုင်ပါတယ်။

လီဗာပူးဟာ ယခုရာသီမှာ ဆုဖလားလက်မဲ့ ရာသီတစ်ခု ကြုံလာမှာ ဖြစ်ပေမယ့်လည်း ချန်ပီယံလိဂ်ဝင်ခွင့် ရရှိရေး အခြေအနေကောင်းနေတုန်း ဖြစ်ပါတယ်။

image

ပါရာဂွေးဒါဘီပွဲစဉ်တွင် ရဲတပ်ဖွဲ့က ရာဘာကျည်အသုံးပြုကာ ပစ်ခတ်မှုကြောင့် ပွဲကို ရပ်ဆိုင်းလိုက်ရ
======================
တနင်္ဂနွေနေ့တုန်းက ပါရာဂွေးအဆင့်မြင့်တန်းလိဂ်ရဲ့ ထိပ်သီး ၂ သင်းဆုံတွေ့တဲ့ပွဲစဉ်တွင် ပရိသတ်များနှင့် ရဲတပ်ဖွဲ့အကြား ခိုက်ရန် ဖြစ်ပွားပြီးနောက် ပွဲကို ရပ်ဆိုင်းလိုက်ရပါတယ်။

ရဲတပ်ဖွဲ့ဝင်များက အဆန်စီယိုအခြေစိုက်အသင်းများဖြစ်ကြတဲ့ အိုလမ်ပီယာနှင့် စာရိုပေါ်တီနိုတို့ရဲ့ Superclasico ပွဲစဉ်တွင် ရဲတပ်ဖွဲ့များက ပွဲကြည့်စင်သို့ ရော်ဘာကျည်များ၊ မျက်ရည်ယိုဗုံးများဖြင့် ပစ်ခတ်မှုကြောင့် ရာပေါင်းများစွာသော ပရိသတ်တို့ ကွင်းအတွင်း ထွက်ပြေးခဲ့ရပါတယ်။

မျက်မြင်များရဲ့အဆိုအရ Defensores del Chaco Stadium ကွင်းပွဲစဉ်တွင် စာရိုပေါ်တီနိုပရိသတ်များရှိရာ ပွဲကြည့်စင်မှ ပရိသတ်များက မီးရှူးများ ပစ်ဖောက်ရာမှ ပြဿနာစတင်ခဲ့ကြောင်း သိရပါတယ်။

ရဲတပ်ဖွဲ့ဝင်များဟာ ပရိသတ် ၁၀၀ ဝန်းကျင်ခန့် ဖမ်းဆီးထိန်းသိမ်းထားပြီး ပရိသတ် ဘယ်လောက်များများ ဒဏ်ရာရရှိသွားတယ်ဆိုတာ မသိရသေးပါဘူး။ ဒါ့အပြင် ရဲတပ်ဖွဲ့ဝင် အနည်းဆုံး ၆ ဦး ဒဏ်ရာရရှိသွားပြီး တစ်ဦးမှာ ပြင်းထန်ကြောင်း သိရပါတယ်။

ဒေသတွင်း ဆေးရုံတစ်ခုမှ ပြောရေးဆိုခွင့် ရှိသူ ဒေးဗစ်တိုရာလက်စ်က "ရဲတပ်ဖွဲ့ဝင်တွေက ခေါင်းဒဏ်ရာတွေ၊ ပြတ်ရှဒဏ်ရာတွေ၊ ထိုးသွင်းဒဏ်ရာတွေလို့ ယူဆရတဲ့ဒဏ်ရာတွေအပြင် အခြားဒဏ်ရာတွေ ရခဲ့ကြတယ်"လို့ ပြောကြားသွားပါတယ်။

ရဲတပ်ဖွဲ့ကလည်း ပွဲကြည့်စင် လုံခြုံရေးအတွက် ချက်ချင်း လုပ်ဆောင်ခဲ့တာ ဖြစ်ပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမယ်လို့ ကြေညာထားပါတယ်။

အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ အိုလမ်ပီယာနှင့် ဒုတိယနေရာမှ စာရိုပေါ်တာနိုတို့အကြား ရမှတ် ၆ မှတ်ကွာဟနေပါတယ်။

ပါရာဂွေးဘောလုံးအဖွဲ့ချုပ်ရဲ့ စည်းမျဉ်းအရ ပရိသတ်များကြောင့် ရပ်ဆိုင်းလိုက်ရတဲ့ပွဲကို ၃-၀ ဖြင့် အနိုင်ရစေပါတယ်။

အိုလမ်ပီယာဥက္ကဌက စာရိုပေါ်တာနိုပရိသတ်များကြောင့် ပွဲကို ရပ်ဆိုင်းခဲ့ရခြင်းဖြစ်ရာ ၎င်းတို့အသင်းမှာ ၃ မှတ်ရသင့်ကြောင်း ဆိုထားပြီး စာရိုပေါ်တာနိုကလည်း အိုလမ်ပီယာအနေဖြင့် ကွင်းကို လုံခြုံရေး ရှိအောင် လုပ်ဆောင်ထားသင့်ကြောင်း ဆိုထားပါတယ်။

image

မန်စီးတီးနှင့် အာဆင်နယ်တို့ရဲ့ ပရီးမီးယားလိဂ်ဖလားတိုက်ပွဲကို အဆုံးအဖြတ်ပေးလာမယ့်ပွဲအား ဝိန်းရွန်းနီ ခန့်မှန်းလာ
=======================
ဝိန်းရွန်းနီက အသင်းဟောင်းက အာဆင်နယ်အား ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးနိုင်အောင် အကူအညီပေးလာမယ်လို့ ပြောကြားလာပါတယ်။

မန်စီးတီးဟာ အီတီဟတ်တွင် အာဆင်နယ်ကို ၂-၁ ဖြင့် အနိုင်ရရှိပြီးနောက် ဗုဒ္ဓဟူးနေ့ ဘန်လေနှင့်ပွဲစဉ်တွင် အနိုင်ရရှိလာပါက ဂိုးကွာခြားချက်ဖြင့် ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ဦးဆောင်လာနိုင်မယ့် အခွင့်အရေး ရရှိထားပါတယ်။

ပရီးမီးယားလိဂ်ဖလားအတွက် တိုက်ပွဲကို လက်ကျန် ပရီးမီးယားလိဂ်ပွဲ ၅ ပွဲက ဆုံးဖြတ်လာမှာ ဖြစ်ပြီး အာဆင်နယ်က မန်စီးတီးနှင့်စာလျှင် ပွဲအနည်းငယ်ချောင်နေတယ်လို့ ယူဆရပါတယ်။

မန်စီးတီးရဲ့ ပွဲများထဲမှ တစ်ပွဲတွင် မေလ ၄ ရက်နေ့တွင် ဝိန်းရွန်းနီရဲ့ အသင်းဟောင်းအဲဗာတန်ကို အဝေးကွင်းတွင် သွားကစားရမယ့်ပွဲလည်း ရှိနေပါတယ်။

အဲဗာတန်နှင့် ယူနိုက်တက်ဂန္ထဝင်တိုက်စစ်မှူးက "ပွတ်ကာသီကာ ဖြစ်လာလိမ့်မယ်။ အာဆင်နယ်က ပွဲပိုချောင်တယ်လို့ ထင်တယ်။ သူတို့ ပွဲအားလုံး အနိုင်ရလာမယ်။ မန်စီးတီးက နည်းနည်းပွဲကြပ်တယ်လို့ ထင်တယ်။ အဲဗာတန်နဲ့ပွဲမှာ ရမှတ် နှစ်မှတ်ဆုံးရှုံးလာနိုင်တယ်လို့ ထင်တယ်"လို့ Match Of The Day အစီအစဉ်တွင် ပြောကြားသွားပါတယ်။

ဝိန်းရွန်းနီက အာဆင်နယ်မှာ လက်ကျန်ပွဲအားလုံး အနိုင်ရလာမှာ ဖြစ်ပြီး မန်စီးတီးက လက်ကျန် ၅ ပွဲတွင် ၄ ပွဲအနိုင်ရလာကာ အဲဗာတန်နှင့် အဝေးကွင်းပွဲတွင် သရေကျလာမယ်လို့ ခန့်မှန်းထားပါတယ်။

အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်းက အာဆင်နယ်မှ ရမှတ် ၈၅ မှတ်ဖြင့် မန်စီးတီးကို ၂ မှတ်ဖြတ်ကာ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်လာမယ်လို့ ဟောကိန်းထုတ်သွားပါတယ်။

အာဆင်နယ်ဟာ နောက်ဆုံးပြည်တွင်းပွဲ ၄ ပွဲလုံး အရေးနိမ့်ထားပြီး ပရိသတ်များမှာ နောက်ဆုံး ၃ ရာသီ ဒုတိယအဖြစ်ဖြင့် ရပ်တည်ခဲ့ရသကဲ့သို့ အဆုံးသတ်လာမည်ကို စိုးရိမ်နေကြရပြီလည်း ဖြစ်ပါတယ်။

image

အီတီဟတ်တွင် "ယုဒ"လို့ ခေါ်ဝေါ်လာတဲ့ မန်စီးတီးပရိသတ်ကို ဒေါသတကြီး တုံ့ပြန်ခဲ့တဲ့ ဂျေဆူး
======================
ဂါဘရီရယ်ဂျေဆူးဟာ သူ့ကို 'ယုဒ'လို့ ခေါ်ဝေါ်တဲ့ မန်စီးတီးပရိသတ်အား 'ဒီမှာ ဆုဖလား ၁၁ လုံးရခဲ့တယ်'လို့ တုံ့ပြန်ပြောကြားခဲ့ပါတယ်။

အသက် ၂၉ နှစ်ရှိ ဘရာဇီးတိုက်စစ်မှူးဟာ တနင်္ဂနွေနေ့ညတုန်းက မန်စီးတီးအား ၂-၁ ဂိုးဖြင့် ရှုံးနိမ့်တဲ့ပွဲစဉ်တွင် အရန်စာရင်းထဲမှာသာ ပါဝင်ခဲ့ပြီး ဝင်ကစားခွင့်မရခဲ့ပါဘူး။

သူဟာ ဒုတိယပိုင်းတွင် ကွင်းဘေးတွင် သွေးပူလေ့ကျင့်ခန်းပြုလုပ်စဉ် မန်စီးတီးပရိသတ်တစ်ဦးရဲ့ အော်ဟစ်ပြောဆိုခြင်းခံခဲ့ရပါတယ်။

မန်စီးတီးပရိသတ်တစ်ဦးက "ယုဒ ပွဲရလဒ် ဘယ်လိုလဲကွ၊ ယုဒ၊ ယုဒ"လို့ အော်ဟစ်ခဲ့ပါတယ်။

ထိုအခါ ဂျေဆူးကလည်း ယင်းပရိသတ်ဆီသို့ ဦးတည်လမ်းလျှောက်သွားပြီး ကိုယ့်ကိုယ်ကို လက်ညှိုးထိုးကာ 'ငါ ဒီမှာ ဆုဖလား ၁၁ လုံးရခဲ့တယ်ကွ"လို့ တုံ့ပြန်ခဲ့ပါတယ်။

ဘရာဇီးတိုက်စစ်မှူးဟာ ၂၀၁၇ ခုနှစ် ဇန်နဝါရီလတွင် ပါးမီးရပ်စ်မှ မန်စီးတီးသို့ ပြောင်းလာခဲ့သူ ဖြစ်ပါတယ်။

သူဟာ မန်စီးတီးအတွက် ၂၃၆ ပွဲကစားခဲ့ရာတွင် ၉၅ ဂိုးသွင်းယူပေးခဲ့သူ ဖြစ်ပြီး ကလပ်သမိုင်းတွင် ဂိုးအများဆုံးသွင်းယူထားသူများစာရင်းမှာ အဆင့် ၁၃ နေရာမှာ ရပ်တည်နေပါတယ်။

သူဟာ မန်စီးတီးနှင့်အတူ ပရီးမီးယားလိဂ်ဖလား ၄ ကြိမ်အပါအဝင် ဆုဖလား ၁၁ လုံး ရရှိခဲ့ပြီး လွန်ခဲ့တဲ့လေးနှစ်တုန်းက အာဆင်နယ်သို့ ပြောင်းရွှေ့ကြေး ပေါင် ၄၅ သန်းဖြင့် ၄ နှစ်စာချုပ်ဖြင့် ပြောင်းလာခဲ့ပါတ

image