ကမ္ဘာ့ဖလားအုပ်စုနောက်ဆုံးပွဲတွင် မက်ဆီကို အရန်ခုံတွင် ထိုင်ခိုင်းကာ အနားပေးလာမှာ ဖြစ်ပေမဲ့ ကမ္ဘာ့ဖလားဂိုးသွင်းဘုရင်ရဲ့ ရမ်သမ်ပျောက်ဆုံးလာမှာ စိုးရိမ်နေကြ
====================
လီယွန်နယ်မက်ဆီဟာ အာဂျင်တီးနားရဲ့ ဂျော်ဒန်နှင့် ကမ္ဘာ့ဖလားအုပ်စုနောက်ဆုံးပွဲစဉ်မှာ အရန်ခုံမှာ ထိုင်လာပါမယ်။
မက်ဆီဟာ ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲ ၂ ပွဲတွင် ၅ ဂိုးသွင်းကာ ကမ္ဘာ့ဖလားဂိုးသွင်းဘုရင်စာရင်းကို ဦးဆောင်ထားနိုင်သူ ဖြစ်ပါတယ်။
ယခုအခါ အာဂျင်တီးနားနည်းပြလီယွန်နယ်စကာလိုနီက မက်ဆီမှာ ပွဲထွက်လူစာရင်းတွင် ပါဝင်လာမှာ မဟုတ်ကြောင်း၊ သို့ရာတွင် ပွဲနှောင်းပိုင်းတွင် ပါဝင်ကစားလာနိုင်ကြောင်း ဆိုသွားပါတယ်။
စကာလိုနီက "လီယို အရန်ခုံမှာ ထိုင်ပါမယ်။ ဘယ်လို ခင်းကျင်းလာမယ်ဆိုတာကိုတော့ ပြောမှာ မဟုတ်ပါဘူး။ ပြီးတော့ လီယို ပွဲနှောင်းပိုင်းမှာ အနည်းငယ်ကစားလာမယ်"လို့ ပြောကြားသွားပါတယ်။
ယခုကဲ့သို့ မက်ဆီကို အရန်ခုံတွင် ထားမှာ အရာက မက်ဆီကို ကြည့်လိုမှုကြောင့် ကွင်းအတွင်း ရောက်လာကြမဲ့ ဘောလုံးပရိသတ်များအတွက် စိတ်ပျက်စရာ ဖြစ်နေပါတယ်။
အာဂျင်တီးနားပွဲရဲ့ ကမ္ဘာ့ဖလားလက်မှတ်များက အနည်းဆုံး ပေါင် ၆၀၀ မှ အများဆုံး ပေါင် ၈၀၀၀ ဝန်းကျင်အထိ ရှိနေပါတယ်။
အာဂျင်တီးနားဟာ ၃၂ သင်း ရှုံးထွက်အဆင့်သို့ တက်ရောက်ထားပြီးဖြစ်ကာ ကိတ်ဗာဒီနှင့် ရင်ဆိုင်ကစားရပါမယ်။
စကာလိုနီဟာ တိုက်စစ်မှူးလူသာရိုမာတီနက်ဇ်ကိုလည်း အနားပေးလာမှာ ဖြစ်ရာ တိုက်စစ်တွင် နီကိုပက်ဇ်နှင့် ဂျူလီယန်အယ်ဗာရက်ဇ်တို့ကို အသုံးပြုလာဖို့ ရှိနေပါတယ်။
တဖက်တွင် စကာလိုနီဟာ အသက် ၃၉ နှစ်ရှိ လီယွန်နယ်မက်ဆီအား ဂျော်ဒန်နှင့် ပွဲတွင် လုံးဝ အသုံးမပြုဘဲထားပါက ရမ်သမ်ပျောက်ဆုံးသွားမှာကိုလည်း စိုးရိမ်နေပါတယ်။
မက်ဆီဟာ ဂျော်ဒန်နှင့်ပွဲတွင်လည်း မကစားပါက နောက်ဆုံး ဩစတြီးယားနှင့်ပွဲမှ လာမဲ့ ဇူလိုင်လ ၃ ရက်နေ့အထိ ၁၁ ရက်တိုင်တိုင် ပွဲမကစားဘဲ ရှိနေမည်ဖြစ်ရာ ရမ်သမ်ပျောက်ဆုံးလာမှာ စိုးရိမ်နေရပါတယ်။