ရော်နယ်ဒိုထက် ၁၀ ဆ ကြွယ်ဝချမ်းသာကာ အချမ်းသာဆုံးဘောလုံးသမားဖြစ်လာပြီးနောက် ချားလ်ဘုရင်နှင့် ဆုံတွေ့ခွင့်ရခဲ့တဲ့ အာဆင်နယ်စတားဟောင်း
==================
အာဆင်နယ်နှင့်ပြင်သစ်စတားဟောင်းမက်သရူးဖလာမီနီဟာ ဘက်ကင်ဟမ်နန်းတော်သို့ သွားရောက်ကာ ချားလ်ဘုရင်(၃)ဖြင့် ဆုံတွေ့ခွင့်ရခဲ့ပါတယ်။

အသက် ၄၂ နှစ်ရှိ ဖလာမီနီဟာ မာဆေး၊ အေစီမီလန်၊ ခရစ္စတယ်ပဲလေ့စ်နှင့် ဂီတာဖေးတို့တွင်လည်း ကစားခဲ့သူ ဖြစ်ပြီး ၂၀၁၉ ခုနှစ်တွင် ကစားသမားဘဝမှ အနားယူခဲ့ပါတယ်။

သူဟာ ကစားသမားဘဝမှ အနားယူပြီးနောက် ဇီဝဓာတုဗေဒကုမ္ပဏီ GFBiochemicals အား ပူးတွဲတည်ထောင်ခဲ့ပါတယ်။ ယင်းလုပ်ငန်းက ၂၀၀၈ ခုနှစ်နောက်ပိုင်းတွင် ဈေးကွက်ကြီးမားသထက် ကြီးမားလာပြီး နောက်ပိုင်းနှစ်များတွင် ပိုမိုအရေးပါလာခဲ့ပါတယ်။

ဖလာမီနီဟာ ယင်းကုမ္ပဏီတွင် စီအီးအိုအဖြစ် ဆောင်ရွက်နေသူ ဖြစ်ပြီး ပေါင် ၁၀ ဘီလီယံကြွယ်ဝချမ်းသာသူလည်း ဖြစ်ပါတယ်။

သူဟာ ယခင်တုန်းကလည်း ချားလ်ဘုရင်နှင့် တွေ့ဆုံခဲ့ဖူးသူ ဖြစ်ပါတယ်။

တဖက်တွင် GFBiochemicals ဟာ သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သော လီဗူလီနစ်အက်ဆစ်ထုတ်လုပ်မှုအား တိုးမြှင့်ထုတ်လုပ်နေပါတယ်။ ယင်းအက်ဆစ်မှာ ဆပ်ပြာကဲ့သို့သော ထုတ်ကုန်များကို ထုတ်လုပ်ရာတွင် CO2 ကို ၈၀ ရာခိုင်နှုန်းအထိ လျှော့ချပေးစေပါတယ်။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများတွင် ရှေ့တန်းမှ လုပ်ဆောင်နေတဲ့ ဖလာမီနီဟာ အာဆင်နယ်ကစားဖော်ဟောင်းမီဆတ်အိုဇေးလ်နှင့်လည်း တွဲဖက်ကာ UNITY အမည်ရှိ ပစ္စည်းထောက်ပံ့ရေးကုမ္ပဏီတစ်ခုကိုလည်း တည်ထောင်ထားပါတယ်။

ဖလာမီနီဟာ အသက် ၁၅ နှစ်အရွယ်ကတည်းက အပင်အခြေခံ အစားအသောက်များကို စားသုံးလာသူဖြစ်ပြီး ယင်းအချက်ကြောင့် ကျန်းမာတဲ့ဘဝကို ပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်။

image

ဒန်ဆိုအား လူမျိုးရေးခွဲခြားမှုများအပေါ် ရဲစခန်းတွင် စပါးစ်အမှုဖွင့်ထား
=====================
စပါးစ်ဟာ စနေနေ့တုန်းက ဘရိုက်တန်နှင့် ၂ ဂိုးစီသရေကျတဲ့ပွဲအပြီးတွင် နောက်ခံလူကီဗင်ဒန်ဆိုအား ဆိုရှယ်မီဒီယာများပေါ်တွင် လူမျိုးရေးခွဲခြားမှု ပြုလုပ်မှုများအပေါ် ရှုတ်ချလာပါတယ်။

ယင်းပွဲတွင် ဒန်ဆိုရဲ့အမှားမှ တဆင့် ဘရိုက်တန်ရဲ့ ဂျော်ဂျီနီယိုရုတာက အချိန်ပိုတွင် ချေပဂိုးသွင်းသွားခဲ့ပါတယ်။ စပါးစ်ဟာ ဘရိုက်တန်နှင့် သရေကျမှုကြောင့် တန်းဆင်းဇုန်အတွင်းမှာ ရပ်တည်ခဲ့ရပါတယ်။

စပါးစ်ဟာ ယင်းပွဲအပြီးတွင် အသက် ၂၇ နှစ်ရှိ နောက်ခံလူအား လူမျိုးရေးခွဲခြားဆဲဆိုမှုများအပေါ် ရဲတပ်ဖွဲ့နှင့် အာဏာပိုင်များထံ တိုင်ချက်လည်း ဖွင့်ထားပါတယ်။

ပရီးမီးယားလိဂ်က ယခုအပတ်ပရီးမီးယားလိဂ်ပွဲစဉ်များတွင် ဘောလုံးလောကအတွင်း ခွဲခြားဆက်ဆံမှု ပပျောက်ရေး No Room For Racism အစီအစဉ် ပြုလုပ်နေစဉ်အတွင်း ဒန်ဆိုမှာ လူမျိုးရေးခွဲခြားဆက်ဆံမှု ခံလာရတာလည်း ဖြစ်ပါတယ်။

ဩစတြီးယားနောက်ခံလူဒန်ဆိုကမူ ခွဲခြားဆက်ဆံမှု ခံရမှုက သူ့အပေါ် တစုံတရာ ရိုက်ခတ်လာမှာ မဟုတ်ကြောင်း သတ္တိရှိစွာ ဆိုထားပါတယ်။

ယခုရာသီတွင် ပရီးမီးယားလိဂ်တွင် လူမျိုးရေးခွဲခြားဆက်ဆံမှုများ ရှိနေဆဲ ဖြစ်ပြီး ဖေဖော်ဝါရီလတုန်းက တစ်ပတ်တည်းတွင်ပင် ကစားသမား ၄ ဦးအထိ လူမျိုးရေးခွဲခြားဆက်ဆံခြင်းခံခဲ့ရပါတယ်။

image

အာဆင်နယ်ကို မန်စီးတီး အနိုင်ရရှိသွားပြီးနောက် ပရီးမီးယားလိဂ်ရာသီ ဘယ်လို ဇာတ်သိမ်းလာမယ်ဆိုတာ စူပါကွန်ပျူတာ ဟောကိန်းထုတ်လာ
===================
အာဆင်နယ်ဟာ အီတီဟတ်မှာ မန်စီးတီးကို ၂-၁ ဖြင့် အရေးနိမ့်ပြီးနောက် ပရီးမီးယားလိဂ်ဖလားဆွတ်ခူးရေးအပေါ် ထိန်းချုပ်ထားနိုင်ခြင်း မရှိတော့ပါဘူး။

အာဆင်နယ်ဟာ ပြီးခဲ့တဲ့အပတ်အထိ ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးရေး အခြေအနေအကောင်းဆုံးဖြစ်နေခဲ့တဲ့အသင်းပါ။ ဒါပေမယ့် အခုတော့ မဟုတ်တော့ပါဘူး။

အာဆင်နယ်ဟာ လွန်ခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်တုန်းက အမှတ်ပေးဇယားကို ၉ မှတ်ဖြတ်ပြီး ဦးဆောင်ထားနိုင်ခဲ့ပေမယ့် ယခုအခါမှာတော့ ၃ မှတ်တည်းသာ ဖြတ်ထားနိုင်ပါတော့တယ်။

မန်စီးတီးဟာ ပွဲလျှော့ ၁ ပွဲကစားထားပြီး ကြားရက်မှာ ဘန်လေကို အနိုင်ရလာမယ်ဆိုရင် အမှတ်ပေးဇယားကို ဂိုးကွာခြားချက်ဖြင့် ဦးဆောင်လာနိုင်တော့မှာ ဖြစ်ပါတယ်။

ယခုအခါ FindSisterSites ရဲ့ စူပါကွန်ပျူတာ BETSiE က ပရီးမီးယားလိဂ်ရာသီ ဘယ်လို သိမ်းလာမယ်ဆိုတာ ဟောကိန်းထုတ်လာပါတယ်။

BETSiE က မန်စီးတီးက အာဆင်နယ်ကို ၁ မှတ်ဖြတ်ပြီး ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်လာမယ်လို့ ဟောကိန်းထုတ်လာပါတယ်။

BETSiE က မန်စီးတီးကို ၈၃ မှတ်ဖြင့် ချန်ပီယံဖြစ်လာမယ်လို့ ဆိုထားပြီး အာဆင်နယ်ကို ၈၂ ဖြင့် ဒုတိယအဖြစ်ဖြင့်သာ ကျေနပ်လာရမယ်လို့ ဆိုထားပါတယ်။

ဂွါဒီယိုလာရဲ့ မန်စီးတီးဟာ ၂၀၂၃-၂၄ ရာသီတုန်းက ၈ မှတ်ပြတ်နေတဲ့အနေအထားကနေ ၂ မှတ်ဖြတ်ပြီး ချန်ပီယံဖြစ်ခဲ့ဖူးသလို ၂၀၂၂-၂၃ ရာသီတုန်းကလည်း ၆ မှတ်ဖြတ်အနေအထားကနေ ၅ မှတ်ဖြတ်ကာ အာဆင်နယ်ကို နောက်ကောက်ချခဲ့ဖူးပါတယ်။

ဒါ့အပြင် BETSiE က ယူနိုက်တက်ကို အဆင့် ၃ ၊ ဗီလာကို အဆင့် ၄ နှင့် လီဗာပူးကို အဆင့် ၅ အသီးသီး ရပ်တည်ကာ ချန်ပီယံလိဂ်ဝင်ခွင့်ရလာမယ်လို့ ဆိုထားပါတယ်။

BETSiE က ချဲလ်ဆီးကို အဆင့် ၆၊ ဘရန့်ဖို့ဒ်ကို အဆင့် ၇ ၊ ဘုန်းမောက်ကို အဆင့် ၈ နှင့် ဘရိုက်တန်ကို အဆင့် ၉ နေရာမှာ ရပ့်တည်လာမယ်လို့ ဟောကိန်းထုတ်ထားပါသေးတယ်။

တဖက်တွင် BETSiE က စပါးစ်ကို အဆင့် ၁၈ နေရာမှာ ရပ်တည်ပြီး ချန်ပီယံရှစ်သို့ တန်းဆင်းရမယ်လို့ ဆိုထားပါတယ်။ စပါးစ်နှင့်အတူ ဘန်လေ၊ ဝုဗ်တို့လည်း တန်းဆင်းရပါမယ်။

ဝက်စ်ဟမ်းနှင့် နော်တင်ဟမ်ဖောရက်စ်တို့ကတော့ ပရီးမီးယားလိဂ်မှာ ဆက်လက် ရှင်သန်ခွင့်ရလာမယ်လို့ BETSiE က ဟောကိန်းထုတ်ထားပါတယ်။

image

မာဆေးဆိုက်နိုင်ပွဲတွင် စိုးရိမ်စရာ ဒဏ်ရာရရှိပြီးနောက် ဆေးရုံတက်ခဲ့ရတဲ့ လီဗာပူးဂိုးသမား
===================
လီဗာပူးနည်းပြအန်းဆလော့က တနင်္ဂနွေနေ့ည မာဆေးဆိုက်ဒါဘီပွဲတွင် စိုးရိမ်စရာ ဒဏ်ရာရရှိခဲ့တဲ့ ဂိုးသမားဂျော်ဂျီမာမာဒက်ရှ်ဗီလီကို ဆေးရုံသို့ ပို့ခဲ့ရကြောင်း အတည်ပြုသွားပါတယ်။

ဂျော်ဂျီယာလက်ရွေးစင်ဂိုးသမားဟာ အဲဗာတန်အား ၂-၁ ဖြင့် အနိုင်ရတဲ့ပွဲတွင် ဒဏ်ရာရရှိပြီးနောက် လူနာတင်ထမ်းစဉ်ဖြင့် ကွင်းပြင်သို့ ထုတ်ခဲ့ရပါတယ်။

လီဗာပူးဟာ နံပါတ် ၁ ဂိုးသမားအလစ်ဆင် ဒဏ်ရာကြောင့် အနားယူနေရချိန်တွင် ဗလင်စီယာဂိုးသမားဟောင်းလည်း ဒဏ်ရာရရှိလာမှုနှင့်အတူ ဂိုးသမားနေရာအတွက် စိုးရိမ်စရာ ရှိလာပါတယ်။

ဒတ်ချ်လူမျိုးနည်းပြက "သူ့ကို ဆေးရုံသို့ ခေါ်သွားတယ်။ သူတို့ ပြောပြလို့ ကျွန်တော် သိရတာ။ ကာလရှည်နားရမယ့် ဒဏ်ရာတော့ မဟုတ်ပါဘူး။ လာမယ့်အပတ်မှာ သူ ကစားနိုင်မလား ကြည့်ရမယ်"လို့ ပြောကြားသွားပါတယ်။

မာမာဒက်ရှ်ဗီလီဟာ ဒုတိယပိုင်းတွင် ဘီတိုက အဲဗာတန်အတွက် ချေပဂိုးသွင်းယူစဉ် တိုက်မိခဲ့တာ ဖြစ်ပြီး ဆက်မကစားနိုင်ခဲ့ပါဘူး။

သူဟာ ကွင်းအတွင်း အချိန်အတန်ကြာ ဆေးကုသမှု ခံယူပြီးနောက် လူနာတင်ထမ်းစဉ်ဖြင့် ကွင်းအပြင်သို့ ထွက်ခဲ့ရပါတယ်။

လီဗာပူးနည်းပြဆလော့ဟာ မာမာဒက်ရှ်ဗီလီမှာ ပွဲဆက်မကစားနိုင်မှုနှင့်အတူ တတိယဦးစားပေးဂိုးသမားဖရက်ဒီဝုဒ်မန်းကို အသုံးပြုခဲ့ရပါတယ်။ နွေရာသီတွင် ရောက်လာတဲ့ အသက် ၂၉ နှစ်ရှိ တတိယဦးစားပေးဂိုးသမားဟာ ပထမဆုံးပရီးမီးယားလိဂ်ပွဲ ကစားခွင့်ရလာခဲ့တာလည်း ဖြစ်ပါတယ်။

image

နောက်ဆုံးမာဆေးဆိုက်ဒါဘီပွဲတွင် ဂိုးသွင်းယူနိုင်ပြီးနောက် စတီဗင်ဂျရတ်ရဲ့ စံချိန်ကို လိုက်မီလာတဲ့ မိုဟာမက်ဆာလက်
====================
လီဗာပူးစူပါစတားမိုဟာမက်ဆာလက်ဟာ စတီဗင်ဂျရတ်ရဲ့ မာဆေးဆိုက်ဒါဘီဂိုးသွင်းစံချိန်ကို လိုက်မီလာခဲ့ပြီ ဖြစ်ပါတယ်။

အီဂျစ်စူပါစတားဟာ တနင်္ဂနွေနေ့ညတုန်းက အဲဗာတန်ကို ၂-၁ ဖြင့် အနိုင်ရတဲ့တွင် ၉ ဂိုးမြောက် မာဆေးဆိုက်ဒါဘီဂိုးအား သွင်းယူခဲ့ပါတယ်။

လီဗာပူးဟာ အသင်းခေါင်းဆောင်ဗာဂယ်ဗန်ဒိုက်ရဲ့ မိနစ် ၁၀၀ ခေါင်းတိုက်အနိုင်ဂိုးဖြင့် အဖိုးတန် ရမှတ် ၃ မှတ်ရရှိကာ ချန်ပီယံလိဂ်ဝင်ခွင့် ထိပ်ဆုံး ၅ သင်းစာရင်းဝင်ရေး အခြေအနေကောင်းလာပါတယ်။

လီဗာပူးတွင် နောက်ဆုံးရာသီကစားလာတဲ့ မိုဟာမက်ဆာလက်ဟာ ၂-၁ ဖြင့် အနိုင်ရတဲ့ပွဲတွင် အဖွင့်ဂိုးကို သွင်းခဲ့တာ ဖြစ်ပါတယ်။

ယင်းဂိုးက ဆာလက်အတွက် မာဆေးဆိုက်ဒါဘီ ၉ ဂိုးမြောက်ဂိုး ဖြစ်ပါတယ်။ ယင်းဂိုးကြောင့် ဆာလက်ဟာ စတီဗင်ဂျရတ်နှင့်အတူတူ မာဆေးဆိုက်ဒါဘီတွင် ဂိုးအများဆုံးသွင်းယူသူအဖြစ် ပူးတွဲ ရပ်တည်လာပါတယ်။

ဒါ့အပြင် ဆာလက်ဟာ အဲဗာတန်ရဲ့ Hill Dickinson Stadium တွင် ကစားတဲ့ မာဆေးဆိုက်ဒါဘီပွဲတွင် ပထမဆုံးဂိုးသွင်းယူနိုင်တဲ့ ကစားသမားလည်း ဖြစ်လာပါတယ်။

လီဗာပူးဟာ မာဆေးဆိုက်ဒါဘီနိုင်ပွဲကြောင့် ရမှတ် ၅၅ မှတ်ဖြင့် အဆင့် ၅ နေရာမှာ ရပ်တည်နေပြီး ချဲလ်ဆီး၊ ဘရန့်ဖို့ဒ်၊ ဘုန်းမောက်တို့အား ရမှတ် ၇ မှတ်ဖြတ်ထားနိုင်ပါတယ်။

image

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ

(၂၀၂၆ - ဧပြီ ၂၁ ၊ နံနက် ၁၀ နာရီ)

-ကမ္ဘာ့ရွှေဈေး
တအောင်စ ၄၈၀၄ ဒေါ်လာ

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း

- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၇,၁၀၀,၀၀၀ ကျပ်

ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၁၀,၇၂၀,၀၀၀ ကျပ်
ဝယ်ဈေး ၁၀,၆၈၀,၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၁၀,၃၂၀,၀၀၀ ကျပ်
ဝယ်ဈေး ၁၀,၂၈၀,၀၀၀ ကျပ်

* စနစ်သစ်
(၁ိ - ၁၆.၃၂၉၃၂၅ ဂရမ် = ၁၂၀ ရွေး)

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၁၀,၆၀၀,၀၀၀ ကျပ်
ဝယ်ဈေး ၁၀,၅၆၀,၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၁၀,၂၀၀,၀၀၀ ကျပ်
ဝယ်ဈေး ၁၀,၁၆၀,၀၀၀ ကျပ်

“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”

(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)

#နိုင်ငံခြားငွေလဲလှယ်နှုန်း

-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၆၆၃ ကျပ်

ပြင်ပပေါက်စျေး

-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၂၄၅ ကျပ်
ဝယ်ဈေး - ၄၁၃၅ ကျပ်

-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၃၁၀ ကျပ်
ဝယ်ဈေး - ၃၂၁၀ ကျပ်

-ယူရို
ရောင်းဈေး - ၅၀၀၅ ကျပ်
ဝယ်ဈေး - ၄၈၇၅ ကျပ်

-ထိုင်းဘတ်
ရောင်းဈေး - ၁၃၂.၄၅ ကျပ်
ဝယ်ဈေး - ၁၂၉.၀၃ ကျပ်

-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၇၄ ကျပ်
ဝယ်ဈေး - ၁၀၄၆ ကျပ်

-တရုတ်ယွမ်
ရောင်းဈေး - ၆၂၃ ကျပ်
ဝယ်ဈေး - ၆၀၇ ကျပ်

-ဂျပန်ယန်း
ရောင်းဈေး - ၂၆.၇ ကျပ်
ဝယ်ဈေး - ၂၆.၀၁ ကျပ်

-အိန္ဒိယရူပီး
ရောင်းဈေး - ၄၅.၆၃ ကျပ်
ဝယ်ဈေး - ၄၄.၄၅ ကျပ်

-ကိုရီးယားဝမ်
ရောင်းဈေး - ၂.၈၉ ကျပ်
ဝယ်ဈေး - ၂.၈၁ ကျပ်

-စတာလင်ပေါင်
ရောင်းဈေး - ၅၇၄၅ ကျပ်
ဝယ်ဈေး - ၅၅၉၅ ကျပ်

-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၃၀၄၄ ကျပ်
ဝယ်ဈေး - ၂၉၆၅ ကျပ်

-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၁၁၃ ကျပ်
ဝယ်ဈေး - ၃၀၃၂ ကျပ်

-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၄၃ ကျပ်
ဝယ်ဈေး - ၅၂၉ ကျပ်

-ယူအေအီး
ရောင်းဈေး - ၁၁၅၇ ကျပ်
ဝယ်ဈေး - ၁၁၂၇ ကျပ်

ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။

image

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ
**************************************
🇲🇲 ရည်ညွှန်းလက်လီဈေးနှုန်းများ
💢ရန်ကုန်မြို့
💢မန္တလေးမြို့
💢နေပြည်တော်
💢တိုင်းဒေသကြီး/ ပြည်နယ်မြို့တော်များ

image

image

AI နည်းပညာသုံးမျက်လှည့်ပြကွက်အစီအစဉ်များထည့်သွင်းကျင်းပသည့် Shopping in China 2026 Guangxi “33 Consumption Festival"တွင် မြန်မာသံရုံးပါဝင်ပြသ

နန်နင်းမြို့တွင် ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ စီးပွားရေးရာဦးစီးဌာနမှဦးစီး၍ AI နည်းပညာသုံးမျက်လှည့်ပြကွက်အစီအစဉ်များထည့်သွင်းထားသော Shopping in China 2026 Guangxi “33 Consumption Festival"ဖွင့်ပွဲကို ဧပြီ ၁၇ ရက်ကကျင်းပရာ နန်နင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ်ဒေါ်ခိုင်ဆုလင်းတက်ရောက်ခဲ့သည်။
ကွမ်ရှီးဒေသ၏ အမှတ်တံဆိပ်များ၊ ဒေသထွက်ကုန်များနှင့် စားသုံးသူများအတွက်အထူးခံစားခွင့်များ၊ AI နည်းပညာသုံး နွေဦးအားလပ်ရက်နှင့် ကွမ်ရှီးတွင်ပျော်ရွှင်ဖွယ်ဈေးဝယ်ခြင်း၊ ကမ္ဘာနှင့်ချိတ်ဆက်မည့် စမတ်နည်းပညာများ၊ အွန်လိုင်းဈေးဝယ်ပလက်ဖောင်းမှ အထူးဈေးရောင်းအစီအစဉ်များပါဝင်သော ပွဲတော်ကိုဖွင့်လှစ်ခဲ့သည်။
ထို့အတူ ပွဲတော်၌ အာဆီယံအဆင့်မြင့်ထုတ်ကုန်များရွေးချယ်မှုအစီအစဉ်များ၊ AI နည်းပညာသုံးမျက်လှည့် ပြကွက်အစီအစဉ်၊ စတိုးဆိုင်ပေါင်းထောင်ချီနှင့် ကုန်ပ စ္စည်းပေါင်းသန်းချီပါဝင်မည့် အစီအစဉ်များ၊ နယ်စပ်ဖြတ်ကျော်ငွေပေးချေမှုစနစ်များလည်းပါဝင်သည်။
ဈေးပွဲတော်၌ မြန်မာနိုင်ငံအပါအဝင် အာဆီယံနိုင်ငံများ၏ ထွက်ကုန်ပစ္စည်းများခင်းကျင်းပြသထားသည်။

image

ပုသိမ်မြို့တွင် နေအိမ်မီးလေ-ာင်မှုဖြစ် (၁၀)မိနစ်ကျော်ကြာငြှိမ်းသ-တ်ခဲ့ရကာ ပျ-က်စီးမှုများဖြစ်ပေါ်ခဲ့

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ရှိ နေအိမ်တစ်လုံးတွင် ယနေ့ ဧပြီ ၁၉ ရက်နံနက် ၂ နာရီ ၁၅ မိနစ်ခန့်က မီးလေ-ာင်မှုဖြစ်ပွားခဲ့ကြောင်း မီးသ-တ်တပ်ဖွဲ့ထံမှ သိရသည်။
ပုသိမ်မြို့၊ အမှတ်(၁၄)ရပ်ကွက်၊ ဉမ္မာဒန္တီ(၂)လမ်းရှိ နေ အိမ်တစ်လုံးတွင်မီးလေ-ာင်မှုဖြစ်ပွား၍ မီးသ-တ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသ-တ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက ငြှိမ်းသတ်ခဲ့ကြရာ နံနက် ၂ နာရီ ၂၈ မိနစ်၌မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
ထို့နောက် သက်ဆိုင်ရာမီးသ-တ်တပ်ဖွဲ့တာဝန်ရှိသူများက စတင်လောင်ကျွမ်းရသည့်အကြောင်းရင်းနှင့် ပျ-က်စီးဆုံးရှုံးမှုတန်ဖိုးကို စစ်ဆေးလျက်ရှိကြောင်း သိရသည်။

image