ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် မှန်စီရွှေချခြင်းကို စာရင်းကောက်ယူ

ဘုရားတန်ဆောင်း၊ ပြာဿဒ်နှင့် ဇရပ်များ မှန်စီရွှေချခြင်းဆိုင်ရာလုပ်ဆောင်ပုံအဆင့်ဆင့်ကို ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ်စာရင်းကောက်ယူရန် ရွှေတိဂုံစေတီတော်မြတ်ကြီးရင်ပြင်၌ မှန်စီရွှေချနေမှုများကို ကွင်းဆင်းမှတ်တမ်းတင်ခဲ့ကြောင်း သိရသည်။

ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ရန်ကုန်ဌာနခွဲ)ဝန်ထမ်းများမှ ယနေ့ ဖေဖော်ဝါရီ ၂၄ ရက်တွင် ကွင်းဆင်းမှတ်တမ်းတင်ခဲ့ကြကြောင်း သိရသည်။

image
23 ပတ် - ဘာသာပြန်ပါ။

ICRC မှမြန်မာနိုင်ငံတွင် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများရှိ

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)မှ မြန် မာနိုင်ငံတွင်ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများရှိနေခြင်းကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန် ကြီးဦးသန်းဆွေနှင့် ICRC ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Arnaud de Baecque တို့ ဖေဖော် ဝါရီ ၂၃ ရက်နံနက်ပိုင်းက တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

၎င်းတို့နှစ်ဦးသည် မြန်မာနိုင်ငံ၌ ICRC မှ ၂၀၂၅ ခုနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့်လုပ်ငန်းများ၊ ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများကို ဆွေးနွေးခဲ့ကြသည်။

image
23 ပတ် - ဘာသာပြန်ပါ။

ဒလသို့ ပြေးဆွဲနေသည့် YBS ယာဉ်များ မထွက်ခွာခင် သေချာစွာစစ်ဆေးရမည်

ရန်ကုန်မြို့မှ ဒလမြို့သို့ပြေးဆွဲနေသည့် YBS ယာဉ်များ မထွက်ခွာခင် သေချာစွာစစ်ဆေးရန် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က ညွှန်ကြားထားကြောင်း YRTC မှ သိရသည်။

ဒလတိုးဂိတ်၌ YBS ယာဉ်ပေါ်မှ ကလေးငယ်တစ်ဦးပြုတ်ကျ‌ေ-သဆုံးပြီးနောက်ပိုင်း ယင်းကဲ့သို့ ညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၂၃ ရက်ညနေပိုင်းက ဒလတိုးဂိတ်၌ YBS ယာဉ်ပေါ်က‌ ကလေးငယ်တစ်ဦး ပြုတ်ကျ‌ေ-သဆုံးခဲ့ကြောင်း၊ အဆိုပါကလေးငယ်သည် အသက် (၅) နှစ်သာရှိသေးပြီး အဒေါ်ဖြစ်သူနှင့် ရန်ကုန်ဘက် ဝါဖြေရန်သွားရောက်ပြီး အပြန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

‌ေ-သဆုံးသွားသည့်ကလေးငယ်အတွက် သက်ဆိုင်ရာယဉ်လိုင်းကုမ္ပဏီမှ လျော်ကြေးငွေပေးသွားမည်ဖြစ်ပြီး ယာဉ်မောင်းကိုလည်း အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

ရန်ကုန်မြို့မှ ဒလမြို့သို့ YBS ယာဉ်အစီးရေ ၃၀ ဖြင့် ပြေးဆွဲပေးနေခြင်းဖြစ်သည်။

image
23 ပတ် - ဘာသာပြန်ပါ။

ပုသိမ်မြို့ ဘိုးဘွားရိပ်သာတွင် အဘိုးအဘွား ၃၇ ဦးစောင့်ရှောက်ထားရှိပြီး အလှူရှင်များ၏ နေ့စဥ်လှူဒါန်းမှုများဖြင့် ရပ်တည်နေ

ပုသိမ်မြို့ ဘိုးဘွားရိပ်သာတွင် အဘိုးအဘွား ၃၇ ဦးစောင့်ရှောက်ထားရှိပြီး အလှူရှင်များ၏ နေ့စဥ်လှူဒါန်းမှုများဖြင့် ရပ်တည်နေကြောင်း အဆိုပါဘိုးဘွားရိပ်သာမှ သိရသည်။

ပုသိမ်မြို့၊ ဘိုးဘွားရိပ်သာကို စက်တော်ရာဘုရားဝန်းအတွင်း ပုသိမ်မြို့ခံ သူဌေးများနှင့် ပြည်သူများ စုပေါင်းလှူဒါန်းမှုဖြင့် ၁၉၈၂ ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့ကာ အဘိုး၊ အဘွား ၅၀ဦးထိ လက်ခံနိုင်ကြောင်း သိရသည်။

လက်ရှိအချိန်အတွင် အဘိုး ၁၃ဦးနှင့် အဘွား၂၄ဦး လက်ခံစောင့်ရှောက်ပေးထားပြီး တစ်နေ့လျှင် ထမင်းနှစ်ကြိမ်၊အဆာပြေအဟာရ နှစ်ကြိမ်ကျွေးမွေးလျက်ရှိကြောင်း၊ ယင်းသို့ကျွေးမွေးသည့် တစ်နေ့တာကုန်ကျစားရိတ်အနေဖြင့် ကျပ် ၄၅၀၀၀၀ ကျသင့်ကြောင်း သိရသည်။

ဘိုးဘွားရိပ်သာသို့ အလှူရှင်များမှ တစ်နေ့စာ လှူဒါန်းမှုများရှိသကဲ့သို့ တစ်ကြိမ်စာအနေဖြင့်သာ တတ်နိုင်သမျှ လှူဒါန်းမှုများလည်းရှိကြောင်း၊ အကျွေးအမွေးအစီအစဥ်နှင့် ကုန်ကျစားရိတ်များကို တစ်ပတ်စာအစီအစဉ်နှင့် ဖော်ပြပေးထားကြောင်းသိရသည်။

ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် အလှူရှင်များ၏လှူဒါန်းမှုကို ဆေးပဒေသာပင် စိုက်ထူပေးထားပြီး ပုံမှန်အားဖြင့် ဗုဒ္ဓဟူးနေ့တိုင်း သမားတော်များက လာရောက်ကြည့်ရှုစစ်ဆေးမှုများ ပြုလုပ်ပေးလေ့ရှိကာ
ဘိုးဘွားများ နာမကျန်းဖြစ်ပါက လာရောက်ကုသပေးလေ့ရှိကြောင်း သိရသည်။

ပုသိမ်ပြည်သူ့ဆေးရုံမှလည်း ဆေးရုံတက်ရောက်သည့်ရိပ်သာမှ ဘိုးဘွားများကို ဆေးအခမဲ့(foc) ဖြင့် ကုသပေးကြောင်းသိရသည်။

image
23 ပတ် - ဘာသာပြန်ပါ။

မျက်စိရောဂါအထူးကုဆေးရုံကြီး(ရန်ကုန်)တွင် ပြသလိုပါက အွန်လိုင်းမှကြိုတင်စာရင်းသွင်းနိုင်

ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ နတ်မောက်ရပ်ကွက်၊ နတ်မောက်လမ်းရှိ မျက်စိရောဂါအထူးကုဆေးရုံကြီး (ရန်ကုန်)တွင် ထိပ်တန်းမျက်စိအထူးကုဆရာဝန်ကြီးများမှ စက်ကိရိယာအစုံအလင်ဖြင့် (၂၄)နာရီကုသပေးလျက်ရှိကြောင်း သိရသည်။

ရုံးဖွင့်ရက်များတွင်မျက်ခွံ၊ မျက်ရည်လမ်းကြောင်းနှင့် မျက်လုံးအိမ်ပိုင်းဆိုင်ရာ မျက်စိရောဂါအထူးစမ်းသပ်ခြင်း၊ မြင်လွှာနှင့် မျက်စိနောက်ခန်းဆိုင်ရာ မျက်စိအထူးစမ်းသပ်ခြင်းတို့ကို ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသာပတေး၊ သောကြာနေ့များတွင် မျက်ကြည်လွှာဆိုင်ရာ မျက်စိအထူးစမ်းသပ်ခြင်း၊ တနင်္လာ၊ အင်္ဂါ၊ ကြာသာပတေး၊ သောကြာနေ့များတွင် ရေတိမ်ရောဂါမျက်စိအထူးစမ်းသပ်ခြင်း၊ တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသာပတေးနေ့များတွင် ကလေးမျက်စိရောဂါဆိုင်ရာမျက်စိအထူးစမ်းသပ်ခြင်းတို့ကိုလည်းပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

အရေးပေါ်ဌာနကိုလည်း ၂၄ နာရီဖွင့်လှစ်ထားရှိကြောင်း သိရသည်။

ထို့ပြင် မျက်စိအထူးကုဆေးရုံကြီး၏ ပထမထပ်( ဆောင်တွင် ကလေးမျက်စိစွေရောဂါများ၊ မွေးရာပါကလေးမျက်စိရောဂါများ၊ မြင်လွှာကင်ဆာရောဂါများ၊ မွေးရာပါအတွင်းတိမ်ရောဂါ၊ ထိခို-က်အတွင်းတိမ်ရောဂါ၊ မွေးကင်းစကလေးမြင်လွှာသွေးကြောပွားရောဂါတို့ကိုလည်း စမ်းသပ်ခြင်း၊ ကုသခြင်းများ၊ ခွဲစိတ်ခြင်းများအား သက်ဆိုင်ရာဆရာဝန်ကြီးများကကုသပေးလျက်ရှိကြောင်း သိရသည်။

မျက်တွင်းမှန်ဘီလူးထည့်မရသူများ၊ မျက်တွင်းမှန်ဘီလူးဆိုင်းကြိုးပြုတ်နေသူများကိုလည်း ခေတ်မီနည်းပညာဖြင့် မှန်ဘီလူး ပြန်လည်ထည့်ပေးခြင်း၊ ကိုယ်ခံအားကျဆင်းသောရောဂါများနှင့် သွေးလေးဖက်နာရောဂါများကြောင့် နောက်ဆက်တွဲဖြစ်သော မျက်တွင်းရောင်ရောဂါများကိုလည်းကုသပေးလျက်ရှိကြောင်း သိရသည်။

ထို့ကြောင့် ကုသမှုခံယူလိုသော မျက်စိဝေဒနာရှင်များအနေဖြင့် Online မှတစ်ဆင့်(သို့) ဖုန်း ၀၉ ၈၈၈၆၂၉၉၅၄ ၊ ၀၉ ၇၅၅၈၉၈၀၀၈ ၊ ၀၉ ၈၈၈၆၂၉၉၄၅ ၊ ၀၉ ၈၈၈၆၂၉၉၅၄ တို့သို့ဆက်သွယ် ၍ ဘိုကင်တင်နိုင်ကြောင်း သိရသည်။

Online ကြိုတင်ဘွတ်ကင်တင်လိုသူများအနေဖြင့် 𝐂𝐚𝐫𝐞𝐌𝐞 𝐏𝐚𝐭𝐢𝐞𝐧𝐭 𝐀𝐩𝐩 ကို 𝐏𝐥𝐚𝐲𝐬𝐭𝐨𝐫𝐞 / 𝐀𝐩𝐩 𝐒𝐭𝐨𝐫𝐞 တို့တွင်ဒေါင်းလုခ်ဆွဲကာ ဘိုကင်တင်နိုင်ပြီး အွန်လိုင်းဘိုကင်တင်ထားကြောင်းကို ဆေးရုံရောက်ရှိပါကပြရမည်ဖြစ်ကာ အသေးစိတ်သိရှိလိုပါက ဖုန်း ၀၉ ၉၇၃၈၀၀၀၄၄ နှင့် ၀၉ ၉၄၁၅၅၅၉၅၅ တို့သို့ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။

image
23 ပတ် - ဘာသာပြန်ပါ။

ကမ္ဘောဒီးယားနိုင်ငံရောက် မြန်မာနိုင်ငံသား(၁၆၈)ဦးကိုပြန်လည်ခေါ်ဆောင်

ကမ္ဘောဒီးယားနိုင်ငံ၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုများတွင်ပါဝင်ခဲ့သော မြန်မာနိုင်ငံသား(၁၆၈)ဦးကို ဖေဖော်ဝါရီ ၂၃ ရက်က မြန်မာနိုင်ငံသို့ နှစ်သုတ်ခွဲ၍ ပြန်လည်ခေါ်ဆောင်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ မြန်မာနိုင်ငံသား(၁၆၈)ဦးသည် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာမြန်မာသံရုံးသို့ရောက်ရှိနေကြခြင်းဖြစ်ပြီး ၎င်းတို့အနက် (၈၇)ဦးကို တပ်မတော်လေယာဉ်ဖြင့် မြိတ်မြို့၊ (၈၁)ဦးကို တပ်မတော်လေယာဉ်ဖြင့် ရန်ကုန်မြို့ပြန်လည်ခေါ်ဆောင်ပေးခဲ့ကြောင်း သိရသည်။

မြိတ်မြို့သို့ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများအား တာဝန်ရှိသူများကတွေ့ဆုံပြီး ရန်ကုန်မြို့သို့ တပ်မတော်လေယာဥ်ဖြင့် ဆက်လက်ပို့ဆောင်ပေးခဲ့ကြပြီး ရန်ကုန်မြို့သို့ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများကိုလည်း တာဝန်ရှိသူများကတွေ့ဆုံကာ ရန်ကုန်မြို့ရှိ စုရပ်နေရာသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ ကမ္ဘောဒီးယားနိုင်ငံမှ ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများအား တာဝန်ရှိသူများက လို အပ်သည့်ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများ စာရင်းကောက်ယူခြင်း၊ လိုအပ်သည့် စစ်ဆေးမှုများပြုလုပ်ကာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက် လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်အစိုးရမှ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးသို့ရောက်ရှိနေသော မြန်မာနိုင်ငံသားများအား မြန်မာ့လေကြောင်းလိုင်း(MAI)၊ တပ်မတော်လေယာဉ်များဖြင့်ပြန်လည်ခေါ်ဆောင်ပေးလျက်ရှိရာ ဖေဖော်ဝါရီ ၇ ရက်အထိ မြန်မာနိုင်ငံသား(၁,၀၈၆)ဦးရောက်ရှိခဲ့ပြီးဖြစ်ကာ ဖေဖော်ဝါရီ ၂၃ ရက်တွင်လည်း မြန်မာနိုင်ငံသား(၁၆၈)ဦးကို ပြန်လည်ခေါ်ဆောင်ပေးခဲ့သဖြင့် မြန် မာနိုင်ငံသား(၁,၂၅၄)ဦး ပြန်လည်ရောက်ရှိခဲ့ပြီးဖြစ် ကြောင်း သိရသည်။

image
23 ပတ် - ဘာသာပြန်ပါ။

လဝက မှ ဌာနပိုင်ဇင်ယော်(ရေယာဥ်)များဖြင့် ရေ ကြောင်းဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေ

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဌာနပိုင်ဇင်ယော်(ရေယာဥ်)များဖြင့် ရေကြောင်းဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများကိုဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ဌာနပိုင်ဇင်ယော်(ရေယာဥ်)များကို ရန်ကုန် တိုင်း၊ ကျောက်တံတားမြို့နယ်၊ Yangon Innovation Centre (YIC)ရှေ့ရှိ ကျန်းမာရေးဆိပ်ခံတံတား၌ ဆိုက် ကပ်ထားရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်မှ ဖေဖော်ဝါရီ ၂၃ ရက်နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်မှ အကြီးစားပြင်ဆင်ပြီးဖြစ်သည့် ဇင်ယော်ရေယာဉ် (၁)၊ (၂)၊ (၃)တို့တွင် ဝန် ထမ်းများတာဝန်ထမ်းဆောင်မှု၊ ရေယာဉ်စက်ခန်းနှင့် တက်မခန်းများ၊ ရေယာဉ်လူဝင်မှုစစ်ဆေးရေးတာဝန်ထမ်းဆောင်မည့် ကုန်းပတ်များနှင့် ဝန်ထမ်းများရေ ယာဉ်ပေါ်တွင် လိုက်ပါစီးနင်းနိုင်ရေးစီစဉ်ထားမှု၊ မီးဘေးနှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်တားဆီးနိုင်ရေး စိစစ်ထားရှိမှုတို့ကိုကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

image
23 ပတ် - ဘာသာပြန်ပါ။

မြစ်ကြီးနားလေဆိပ်ကို ခေတ္တပိတ်ထားမည်
လေယာဥ်ခရီးစဥ်များအမြန်ဆုံးပြန် လည်ပြေးဆွဲနိုင်ရန်ဆောင်ရွက်နေ

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၀ ရက်ညပိုင်းက ကချင်ပြည်နယ်၊ မြစ်ကြီးနားလေဆိပ်၌ မြန်မာအမျိုးသားလေကြောင်းလိုင်း(MNA)၏ ခရီးသည်တင်လေယာဉ်အား KIA နှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များမှ FPV suicide drone များဖြင့်ပ-စ်ခတ်တို-က်ခိုက်ခဲ့၍ ပျ-က်စီးမှုအချို့ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်၌ လေဆိပ်ရှိ လေယာဉ်ရပ်နားနေရာတွင်လည်း အနည်းငယ်ပျ-က်စီးခဲ့သဖြင့် မြစ်ကြီးနားလေဆိပ်၏ လေယာဉ်ပျံသန်းပြေးဆွဲမှုများအား ခေတ္တရပ်နားထားရန် လေယာဉ်မှူးအသိပေးစာ(NOTAM)ထုတ်ပြန်ထားကြောင်း သိရသည်။

ထို့ကြောင့် အများပြည်သူခရီးသွားလာရေးနှင့်ကုန်စည် စီးဆင်းမှုမြန်ဆန်စေရေးတို့အတွက် ပုံမှန်အတိုင်းလေယာဉ်ပျံသန်းပြေးဆွဲနိုင်ရေးအတွက် တာဝန်ရှိသူများက အမြန်ဆောင်ရွက်လျက်ရှိကြောင်း အမျိုးသားကာ ကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့မှ အသိပေးခဲ့ကြောင်း သိရသည်။

image
23 ပတ် - ဘာသာပြန်ပါ။

ဖောရက်စ်နိုင်ပွဲကို လွဲချော်ခဲ့တဲ့ ဖလိုရီယန်ဝါ့ဇ်ရဲ့ ဒဏ်ရာအခြေအနေကို အန်းဆလော့ဖွင့်ဟလာ
===================
အန်းဆလော့က တနင်္ဂနွေနေ့ညတုန်းက နော်တင်ဟမ်ဖောရက်စ်အား ၁-၀ ဂိုးဖြင့် အနိုင်ရတဲ့ပွဲမတိုင်မီ သွေးပူလေ့ကျင့်ခန်းအစီအစဉ်တွင် ဒဏ်ရာရရှိကာ ပွဲလူစာရင်းမှ နုတ်ထွက်ခဲ့ရတဲ့ ဖလိုရီယန့်ဝါ့ဇ်ရဲ့ ဒဏ်ရာမှာ ပြင်းထန်ခြင်း မရှိကြောင်း အတည်ပြုလာပါတယ်။

ဂျာမနီလက်ရွေးစင်ကစားသမားဟာ သွေးပူလေ့ကျင့်ခန်းအစီအစဉ်တွင် ဒဏ်ရာရရှိကာ လူစာရင်းမှ နုတ်ထွက်ခဲ့ရပါတယ်။

အန်းဆလော့ဟာ လေဗာကူဆင်စတားဟောင်းနေရာတွင် ကာတစ်ဂျုံးစ်နှင့် အစားထိုးခဲ့ပြီး ၉၆ မိနစ်တွင် အလက်ဆစ်မက်အယ်လစ်စတာသွင်းယူတဲ့ တစ်လုံးတည်းသောဂိုးဖြင့် ၁-၀ ဖြင့် အနိုင်ရရှိခဲ့ပါတယ်။

ပွဲအပြီးတွင် အန်းဆလော့က "အရမ်း ဆိုးရွားတယ်လို့ မထင်ပါဘူး။ ဒါပေမယ့် သွေးပူလေ့ကျင့်ခန်းလုပ်ချိန်မှာ ကျောနာကျင်လာခဲ့တယ်။ ၁၀၀ ရာခိုင်နှုန်း ဖြစ်မနေဘူး၊ ၁၀၀ ရာခိုင်နှုန်းနားမှာတောင် ရှိမနေပါဘူး။ ဒီလိဂ်မှာ ၆ လ၊ ၇ လ ၈ လကစားပြီးတဲ့နောက် ဘောလုံးဘယ်လောက်ပဲ ကောင်းကောင်း ကြံ့ခိုင်မှုပြည့်ဖို့ ဘယ်လောက် အရေးကြီးတယ်ဆိုတာ သူ သိသွားပါပြီ။ ဒီတော့ သူ့ကို မသုံးဖို့ ဆုံးဖြတ်ခဲ့တယ်။ လာမယ့်အပတ်မှာ အသင်းနဲ့အတူ ပြန်ပါလာဖို့ မျှော်လင့်ပါတယ်။ ဒါပေမယ့် ဘယ်လို ဖြစ်လာမလဲဆိုတာ ဘယ်သူမှ မသိပါဘူး"လို့ ပြောကြားသွားပါတယ်။

မနေ့ညကပွဲတွင် မက်အယ်လစ်စတာဟာ အနိုင်ဂိုး မသွင်းမီ ၅ မိနစ်တုန်းကလည်း ဂိုးသွင်းခဲ့ပေမယ့်လည်း လက်ထိပြီး ပြန်အံကာ ဂိုးဝင်သွားကြောင်း တွေ့ရပြီးနောက် ငြင်းပယ်ခြင်းခံခဲ့ရသူလည်း ဖြစ်ပါတယ်။

လီဗာပူးဟာ ဖောရက်စ်နိုင်ပွဲကြောင့် အဆင့် ၄ နေရာမှ ချဲလ်ဆီးနှင့် ရမတ်တူညီလာကာ ဂိုးကွာခြားချက်ဖြင့် အဆင့် ၆ နေရာမှာ ရပ်တည်လာပါတယ်။

image
23 ပတ် - ဘာသာပြန်ပါ။

LAFC နှင့် မေဂျာလိဂ်အဖွင့်ပွဲ ရှုံးပွဲတွင် ဒိုင်လူကြီးအဝတ်အစားလဲခန်းသို့ ဒေါသတကြီး ဝင်ရောက်ခဲ့တဲ့ မက်ဆီကို မေဂျာလိဂ် အရေးယူမည်မဟုတ်
======================
မေဂျာလိဂ်အဖွဲ့ချုပ်က အင်တာမိုင်ယာမီရဲ့ LAFC အား ရှုံးနိမ့်တဲ့ မေဂျာလိဂ်အဖွင့်ပွဲစဉ် ရှုံးပွဲအပြီးတွင် ဒိုင်လူကြီး အဝတ်အစားလဲခန်းအတွင်းသို့ ဒေါသတကြီး ဝင်ရောက်ခဲ့တဲ့ လီယွန်နယ်မက်ဆီရဲ့ ဖြစ်ရပ်အား စုံစမ်းစစ်ဆေးမှု ပြုလုပ်ပြီးနောက် စည်းကမ်းချိုးဖောက်ခြင်း မရှိကြောင်း တွေ့ရကာ အရေးယူလာမှာ မဟုတ်ကြောင်း ကြေညာလာပါတယ်။

ဆိုရှယ်မီဒီယာတွင် ထွက်ပေါ်လာတဲ့ ဗီဒီယိုဖိုင်အရ မက်ဆီဟာ ပွဲအပြီးတွင် ဒိုင်လူကြီး အဝတ်အစားလဲခန်းသို့ ဒေါသတကြီး ဝင်ရောက်ရန် ကြိုးပမ်းခဲ့ပြီး ထူးထူးခြားခြား ယခင်တုန်းက ပြဿနာရှာလေ့ရှိတဲ့ လူးဝစ်ဆွာရက်ဇ်က ကြားဝင် ဆွဲခဲ့ပါတယ်။

ဒါပေမယ့် မေဂျာလိဂ်နှင့် ပရော်ဖက်ရှင်နယ်ဒိုင်အဖွဲ့ချုပ်က ဒိုင်လူကြီးအဝတ်အစားလဲခန်းမှာ ကန့်သတ်နယ်မြေမဟုတ်ကြောင်းနှင့် မက်ဆီမှာလည်း ဝင်ရောက်ခဲ့ခြင်း မရှိကြောင်း တွေ့ရပါတယ်။

လက်ရှိ မေဂျာလိဂ်ချန်ပီယံ အင်တာမိုင်ယာမီဟာ LA Memorial Coliseumin Los Angeles ကွင်းတွင် ပရိသတ် ၇၅၀၀၀ ရှေ့မှောက်မှာ LAFC အား ၃-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပါတယ်။

ပွဲအပြီးတွင် မက်ဆီဟာ ဒိုင်လူကြီးအဝတ်အစားလဲခန်းသို့ ဒေါသတကြီး ဝင်ရောက်ခဲ့ပြီး လူးဝစ်ဆွာရက်ဇ်က ဝင်ဆွဲနေတာ တွေ့ရပါတယ်။

ဒါပေမယ့် မေဂျာလိဂ်အဖွဲ့ချုပ်က မက်ဆီမှာ မည်သည့်ကန့်သတ်အခန်းသို့မျှ ဝင်ရောက်ခဲ့ခြင်း မရှိကြောင်းနှင့် ယင်းအခန်းမှာလည်း ဒိုင်လူကြီးအဝတ်အစားလဲခန်း (သို့မဟုတ်) ကန့်သတ်ဧရိယာမဟုတ်ကြောင်း ကြေညာလာပါတယ်။

တဖက်တွင် ဒိုင်လူကြီးကလည်း ပွဲပြီးအစီရင်ခံစာတွင်းတွင် ဒိုင်လူကြီးအဝတ်အစားလဲခန်းအတွင်းသို့ မက်ဆီ ဝင်ရောက်ကြောင်းကို ထည့်သွင်းရေးသားခဲ့ခြင်း မရှိပါဘူး။

image