23 w - Translate

Medical Spa Software Market: Growth Strategies Explained

The Medical Spa Software Market is entering a phase of sustained expansion as medical spas worldwide increasingly adopt digital tools to enhance operational efficiency, patient engagement, and revenue management. From 2026 to 2034, the market is anticipated to witness consistent growth, supported by evolving industry requirements, rising client expectations, and continuous technological advancements. As medical spas blend clinical treatments with wellness services, software solutions are becoming a foundational component of modern spa management.

For More: https://www.theinsightpartners.....com/reports/medical

Medical Spa Software Market Size, Share, Scope (2026 - 2034)

The report on the medical spa software market provides a detailed analysis of market size, forecast, and strategic insights for the 2026-2034 period.

မအူပင်မှာ စက်သုံးဆီဆိုင် မီးလောင်လို့ တယောက်သေပြီး ငါးယောက် စိုးရိမ်ရ

ဧရာဝတီတိုင်း ၊ မအူပင်မြို့နယ်၊ အမှတ် (၅) ရပ်ကွက်၊ (၇)လမ်းက စက်သုံးဆီ အရောင်းဆိုင် တခုမှာ ဒီကနေ့ ဇန်နဝါရီ ၆ ရက်နေ့ ၊ နေ့လယ် ၁၂ နာရီ ၂၅ မိနစ်က မီးလောင်မှု ဖြစ်ပွားပြီး တယောက် သေဆုံးကာ နောက်ထပ် ငါး​ယောက် လည်း ထိခိုက်ဒဏ်ရာ အပြင်းအထန် ရရှိခဲ့တယ်လို့ သိရပါတယ်။

မီးလောင်မှု အတွင်း ထိခိုက်ဒဏ်ရာ ရရှိသူ ငါးယောက်က အမျိုးသမီး တယောက်နဲ့ အမျိုးသား လေးယောက် ဖြစ်ပြီး မီးလောင်ဒဏ်ရာ ပြင်းထန်တဲ့အတွက် မအူပင်ဆေးရုံမှာ အတွင်းလူနာ အဖြစ် အရေးပေါ် ကူသမှု ခံယူနေရတယ်လို့ သိရပါတယ်။

" မီးလောင်မှု ဖြစ်စဥ်က ဓာတ်ဆီ ပေပါထဲကနေ ဆီလှယ်ရင်း ပွတ်တိုက်မှု ဖြစ်ပြီး မီးစတင်လောင် တာပါ။ ဒဏ်ရာတွေက အကုန်လုံး မီးလောင်ဒဏ်ရာတွေနဲ့ ချည်းပဲ ။ဒဏ်ရာပြင်းထန် တယ် ။ အတွင်းလူနာနဲ့ ကုနေတုန်းပဲ ။စက်သုံးဆီ ဆိုင်ဆိုတော့ မီးအားပြင်းတယ်။ ကျွန်တော်တို့ ရောက်တော့ မီးက တအားပြင်းနေပြီ။ အထဲမှာ ဆီသိုလှောင်ကန် နှစ်ကန်လည်း အတွင်းထဲထိ ဝင်ငြှိမ်းရမယ်။ အနီးကပ် ဝင်ငြှိမ်းရတော့ ဘေးတွေတော့ မကူးခဲ့ပါဘူး ။ " လို့ မအူပင်မြို့နယ် မီးသတ်ဦးစီး ဌာနမှူးက ပြောပါတယ်။

မီးလောင်မှုအတွင်း သေဆုံးသူက အမျိုးသား တယောက်ဖြစ်ပြီး စက်သုံးဆီ အရောင်းဆိုင်မှာ ဓာတ်ဆီ လာဝယ်သူ ဖြစ်ကြောင်း ၊ ထိခိုက်ဒဏ်ရာရရှိ သူတွေကတော့ ဆီဆိုင်က အရောင်းဝန်ထမ်း တွေ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ မီးလောင်မှုကိုတော့ မအူပင် မြို့နယ် မီးသတ် စခန်းမှ မီးသတ်ယာဉ်(၅)စီး ၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေက မီးငြှိမ်းသတ်ခဲ့တာ ဖြစ်ပြီး မီးငြိမ်းသတ်ချိန် ၁၅ မိနစ်ကျော်လောက်သာ ကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။

ဝက်လက်နဲ့ ခင်ဦးမြို့နယ်မှာ လေကြောင်း တိုက်ခိုက်မှုကြောင့် ၁၀ ယောက် သေဆုံးပြီး ၁၀ ယောက်ကျော် ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ဝက်လက်နဲ့ ခင်ဦးနယ်မှာ နှစ်ရက်အတွင်း လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ၁၀ ယောက် သေဆုံးပြီး ၁၀ ယောက်ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ မြေပြင်ကယ်ဆယ်ရေး လုပ်ဆောင်နေသူတွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။

ဝက်လက်မြို့နယ်မှာ ဒီကနေ့ ဇန်နဝါရီ ၆ ရက်၊ မနက် ၉ နာရီ ၄၇ မိနစ်ဝန်းကျင်ကနေ စတင်ကာ မြို့အရှေ့တောင်ခြမ်းက ပေါက်ကံဘူတာ ဘောလုံးကွင်း အနောက်ဘက်ရှိ ရပ်ကွက်တွေနဲ့ ရေသောက်ကန်ရွာ ဘုန်းကြီးကျောင်းမှာ လေကြောင်း တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တာလို့ သိရပြီး ငါးယောက် သေဆုံးကာ တယောက် ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

“လေကြောင်းတိုက်ခိုက်မှု သုံးကြိမ် ဖြစ်သွားတာပါ။ လူထိခိုက် သေဆုံးတာတွေအပြင် စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနဲ့ နေအိမ် ပျက်စီးသွားတာတွေလည်း ရှိတယ်” လို့ ဒေသတွင်း သတင်းရင်းမြစ် တယောက်က ပြောပါတယ်။

အဲဒီလိုပဲ ခင်ဦးမြို့နယ်မှာလည်း မနေ့ ဇန်နဝါရီ ၅ ရက်၊ ညပိုင်းက လေကြောင်း တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး ငါးယောက် သေဆုံးကာ ၁၀ ယောက်ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ မြေပြင်ကယ်ဆယ်ရေး လုပ်ဆောင်နေသူတွေက ပြောပါတယ်။

ခင်ဦးနယ် အရှေ့ခြမ်း၊ လမ်းဆုံအရှေ့ဘက်ရှိ ကုန်းကြီးကျေးရွာ စာသင်ကျောင်းနဲ့ အဲဒီကျောင်းနဲ့ ကပ်လျက်က ဆီသိုလှောင်ခြံမှာ မနေ့ ည ၈ နာရီ ၂၈ မိနစ်ဝန်းကျင်က လေကြောင်း တိုက်ခိုက်မှု ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

“သေဆုံး ငါးယောက်က နေရာမှာတင် ပွဲချင်းပြီး ဖြစ်သွားတာ။ ဒီနေ့ပဲ သင်္ဂြိုဟ်ဖို့ လုပ်နေပါပြီ။ ဒဏ်ရာရတဲ့ သူတွေထဲမှာလည်း ပြင်းထန်အဆင့်တွေ တော်တော်များများပါတယ်။ အခု လုံခြုံတဲ့နေရာမှာ လိုအပ်တဲ့ ဆေးကုသမှုတွေ လုပ်ပေးနေပါတယ်” လို့ မြေပြင်ကယ်ဆယ်ရေး လုပ်ဆောင်နေသူက ပြောပါတယ်။

မနေ့ ဇန်နဝါရီ ၅ ရက်နေ့က ခင်ဦးမြို့နယ်အပြင် ကောလင်း၊ ကျွန်းလှနဲ့ ကသာမြို့နယ်တွေမှာလည်း လေကြောင်း တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ကသာမြို့အတွင်း မနေ့ နေ့လယ် ၁ နာရီ ၄၆ မိနစ်ဝန်းကျင်နဲ့ ၁ နာရီ မိနစ် ၅၀ ဝန်းကျင်က ဖြစ်ပွားခဲ့တဲ့ လေကြောင်း တိုက်ခိုက်ခံရမှုတွေမှာတော့ တယောက် သေဆုံးကာ တယောက် ထိခိုက်ဒဏ်ရာ (စိုးရိမ်ရ) ရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီ လေကြောင်း တိုက်ခိုက်မှုဟာ ကသာမြို့ မြောက်ဘက်ခြမ်းက အောင်မြေသာစည်၊ စေတီကုန်းကျေးရွာတွေနဲ့ ကသာမြို အရှေ့ဘက်ကမ်း ပုလွေကျေးရွာတွေဘက်မှာ ဖြစ်ပွားခဲ့တာလို့ သိရပြီး ပုလွေကျေးရွာက နေအိမ် လေးလုံးလည်း ထိခိုက် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ နှစ်ကုန်ပိုင်းဖြစ်တဲ့ ဒီဇင်ဘာလ အတွင်းကလည်း စစ်ကိုင်းတိုင်းရှိ စစ်ကိုင်း၊ ရွှေဘို၊ မုံရွာ၊ ချောင်းဦး၊ ယင်းမာပင်၊ ကနီ၊ မင်းကင်း၊ ရေဦး၊ ဘုတလင်၊ ဝက်လက်၊ ဒီပဲယင်း၊ ကောလင်း၊ ကန့်ဘလူ၊ ကျွန်းလှ၊ ကသာနဲ့ ဗန်းမောက် စတဲ့ မြို့နယ် ၁၆ မြို့နယ်မှာ လေကြောင်း တိုက်ခိုက်မှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့ပြီး စုစုပေါင်း သေဆုံးသူ ၈၈ ယောက်ဝန်းကျင် ရှိခဲ့ကာ ဒဏ်ရာရသူ အယောက် ၁၇၀ ဝန်းကျင် ရှိခဲ့တယ်လို့ သိရပါတယ်။

ကသာမြို့ ၈ ရပ်ကွက်မှာ မီးလောင်မှု နေအိမ် ၁၅ လုံးထက် မနည်း ရှိထားပြီး ခုထိလည်း မီးမငြိမ်းသေး

စစ်ကိုင်းတိုင်း ၊ ကသာမြို့ ၊ ရပ်ကွက် ၈ မှာ နေအိမ်တွေ မီးလောင် ကျွမ်းမှု ဖြစ်ပွားနေပြီး ဒီကနေ့ ဇန်နဝါရီ ၆ ရက်နေ့အထိ မီးလောင်ကျွမ်း နေဆဲ ဖြစ်တယ်လို့ စုံစမ်း သိရှိရပါတယ်။

အဆိုပါ ရပ်ကွက် ၈ က ၊ ကသာမြို့ရဲ့ တောင်ဘက်ခြမ်းမှာ ရှိတာဖြစ်ပြီး နေအိမ်တွေ မီးလောင်မှု အခြေအနေ နဲ့ ပတ်သက်ပြီး နေအိမ် ၁၅ လုံးလောက် မီးလောင်ပျက်စီး သွားကြောင်း ကနဦးသိရှိရပါတယ်။

ရပ်ကွက် ၈ မှာက မနေ့က ဇန်နဝါရီ ၅ ရက်နေ့ ၊ နေ့လယ်ပိုင်း လောက်ကတည်းက စပြီး နေအိမ်တွေ မီးလောင် ကျွမ်းနေတာ ဖြစ်ကြောင်း ၊ ရပ်ကွက်မှာ နေထိုင်တဲ့ ဒေသခံ မရှိတော့ တဲ့အပြင် စစ်ရေး အခြေအနေ အရလည်း မီးငြိမ်း သတ်နိုင်ခြင်း မရှိဘဲ ဖြစ်နေတယ် လို့ သိရပါတယ်။

" လေယာဥ်ကြဲ တာက မနေ့က ၂ နာရီ ဝန်းကျင်ပါ။ ရပ်ကွက် ၈ မှာက တာရိုးတန်း ၊ ပိန္နဲကုန်း ၊ စေတီကုန်း ၊ နတ်ကြီးကုန်းဆိုပြီး အပိုင်းတွေ ခွဲထားတယ် ။ အခုလောင်နေတာ နတ်ကြီးကုန်း နဲ့ စေတီကုန်း ဘက် လို့သိရတယ်။ ရပ်ကွက် ၈ ဆိုတာက ရွာ တွေကို ပေါင်းစည်း ထားတာပေါ့။ အကုန်လုံး ရပ်ကွက်လုပ်လိုက်တာ ။ မီးက ခုမနက်က ၁၀ နာရီလောက် ထိတော့ မငြိမ်းသေးဘူး ။ငြှိမ်းမယ့် သူလဲ မရှိဘူးလေ။ လောင်တာ ကုန်မှပဲ ငြိမ်းမယ့် သဘောထင်ပါတယ် ။အိမ်ခြေ အတိအကျ အတည် ပြုလို့ မရပါဘူး ။ ဘယ်သူမှ သွားမကြည့်ရဲတဲ့ နေရာဖြစ်နေလို့ပါ ။ " လို့ ကသာ မြို့ထဲ ကျန်နေခဲ့သူနဲ့ အဆက်အသွယ် ရှိတဲ့ ဒေသခံက ပြောပါတယ်။

ကသာ မြို့မှာ ဇန်နဝါရီ ၃ ရက်နေ့ ကတည်းက ဇန်နဝါရီ ၆ ရက်နေ့ အထိ အစိုးရတပ်နဲ့ KIA ပူးပေါင်း တပ်တွေအကြား အပစ်ခတ် ရပ်ပြီး တိုက်ပွဲ ဖြစ်ပွားခြင်း မရှိပေမယ့် ဒရုန်းနဲ့ ဗုံးကြဲ ခြင်း ၊ လေကြောင်းကနေ ဗုံးကြဲမှုက ရံဖန်ရံခါ တော့ ရှိနေဆဲ ဖြစ်တယ်လို့ သိရပါတယ် ။

" ကသာ အခြေအနေ ကောင်းပါတယ် ။ ဒရုန်းတော့ တခါ တခါ ကြဲချတယ် ။ဒီနေ့လည်း ကြဲတာ သီဟိုခြံဘက် ကျတယ် ။မြို့ပြင်ပေါ့ ။ " လို့ သူက ထပ်ပြောပါတယ် ။

တိုက်ပွဲ ရပ်သွားတဲ့အတွက် ကသာမြို့ပေါ်မှာ ဘူတာ စျေးမှာ စျေးသည်တချို​့ စျေးရောင်းချမှု ရှိနေသလို ရောင်းဝယ် သွားလာ လှုပ်ရှားမှုလည်း ရှိလာတယ်လို့ သိရပါတယ်။

ကသာမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် ကသာမြို့ခံ အများစုဟာ နေရပ်စွန့်ခွာပြီး တောတောင်ထဲ အပါအဝင် မိုးညှင်း ၊ မြစ်ကြီးနား ၊ မော်လူး ၊ နဘား ၊မဲဇာ ၊ ရွှေကူ ၊ အင်းတော် မြို့ တို့ကို စစ်ဘေးရှောင် ခဲ့ကြရပြီး ငွေကြေး ပြည့်စုံပြီး မြို့ကနေ အစောဆုံး ထွက်ခွာ နိုင်ခဲ့သူကတော့ ရန်ကုန် နဲ့ မန္တလေး ကို စစ်ရှောင် နေကြရ တယ်လို့ သိရပါတယ်။

ကသာ စစ်ရှောင်အများစုဟာ မြို့ပြ ဧရိယာ ပျက်စီးဆုံးရှုံး မှု ဖြစ်မှာကို စိုးရိမ်နေ ကြပါတယ်။

ကသာမြို့ဟာ ခရီးသွား လုပ်ငန်းကို ဖွံ့ဖြိုးတိုးတတ်ဖို့ ရည်ရွယ် ထားတဲ့မြို့ တခုဖြစ်ပြီး ကမ္ဘာကျော် စာရေးဆရာကြီး ဂျော့အိုဝဲလ်ရဲ့ ဗြိတိသျှခတ် ကျန်သမိုင်းဝင် အဆောက် အအုံတွေရှိ တဲ့အတွက် မြို့နေဒေသခံ တွေက မြို့ပြဧရိယာ ပျက်စီးဆုံးရှုံးသွားမှာကိုစိုးရိမ် နေကြတာ ဖြစ်တယ်လို့ သိရပါတယ် ။

" ကသာမြို့ အရှေ့ဘက်ကမ်း နဲ့ ကသာမြို့(အောင်ပုံရွာ) ဘက်တွေမှာ‌ ထိခိုက်၊ သေဆုံး ဒဏ်ရာ ပြင်းထန် ရရှိခဲ့သူ တွေ ရှိခဲ့တယ် ။ တိုက်ပွဲကြီး ပုံစံဖြစ်လာ လို နေ့စဉ် လေယာဉ်တွေလာရောက် ဗုံးကြဲ နေသလို၊ အသေခံ ဒရုန်း လည်း ဝဲချတာမို့ နှစ်ဘက် ထိခိုက်သေဆုံးတာ တွေလည်း ရှိလာပါတယ်။ စေတီကုန်း၊ မိဿလင်း၊ ကြံ တောဘက်နေအိမ်တွေ နဲ့ အထက(၂)ကျောင်း ၊ တောင်ပေါ်ဘုန်းကြီးကျောင်း၊တပ်ဦးကျောင်း မီးလောင်ထား တာရှိနေ ပါတယ်။ " လို့ တောတောင် ထဲမှာ စစ်ရှောင်နေသူ ကသာ ဒေသခံက ပြောပါတယ် ။

စစ်ပွဲကြောင့် ကသာမြို့ခံတွေ စစ်ရှောင် နေရချိန်မှာ မြို့ထဲ ထားခဲ့ရတဲ့ နေအိမ် တချို့မှာ ဖောက်ထွင်း ခံရပြီး ပစ္စည်း ခိုးယူမှု တွေ ​ဖြစ်ပွားကာ နေအိမ် မီးရှိုး ဖျက်ဆီးခံရ တဲ့အထိ ပင်ရှိလာ နေတယ်လို့ သိရပါတယ်။

" ရပ်ကွက် ၅ က တအိမ်ကတော့ ဝင်ဖောက်ထွင်း ခိုးယူပြီး မီးရှို့ ခံရတယ် " လို့ ကသာ နယ်ခံက ပြောပါတယ် ။

ကသာမြို့မှာ ၂၀၂၅ ခုနှစ် ၊ ဒီဇင်ဘာ ၂၇ ရက်နေ့ ညပိုင်းက စပြီး တိုက်ပွဲစတင် ဖြစ်ပွား ခဲ့တာဖြစ်ပြီး အဲဒီနောက် ဒီဇင်ဘာ ၂၈ ၊ ၂၉ ၊ ၃၀ ၊ ၃၁ ရက် နဲ့ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁ ၊ ၂ ရက်နေ့အထိ ​ ဆက်တိုက် တိုက်ပွဲတွေ ဖြစ်ပွားခဲ့ ပြီးနောက် ဒီကနေ့ အထိ တိုက်ပွဲ ငြိမ်နေတာ ဖြစ်တယ် လို့သိရပါတယ်။

ကသာမှာ တိုက်ပွဲ ငြိမ်သွားပေမယ့် မြို့အဝင် အထွက် ကိုတော့ ပိတ် ထားဆဲ ဖြစ်တယ်လို့ လည်းသိရပါတယ်။

မူဆယ် ၁၀၅ မိုင်မှာ တပ်ပြေးနဲ့ မူးယစ်ဆေးဝါး သုံးစွဲ၊ ရောင်းချသူတွေကို ဖမ်းဆီး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မြောက်ပိုင်းမဟာမိတ် ညီနောင် ၃ ဖွဲ့ ထိန်းချုပ်ထားတဲ့ မူဆယ် ၁၀၅ မိုင်မှာ တပ်ပြေးနဲ့ မူးယစ်ဆေးဝါး သုံးစွဲ၊ ရောင်းချသူတွေကို ပြီးခဲ့တဲ့ ၂၀၂၅ ဒီဇင်ဘာလကုန်ရက်တွေကတည်းက ဖမ်းဆီး နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။

“တချို့ TNLA စစ်သားတွေ တပ်ပြေးပြေးလို့ လိုက်ဖမ်းတာ။ တချို့က ဘိန်းစားတွေ၊ မူးယစ်ဆေးဝါးရောင်းသူတွေကို နေအိမ်တွေမှာ လာဖမ်းတာပါ” လို့ ဒေသခံအမျိုးသား တယောက်က ပြောပါတယ်။

ညအချိန် အိမ်တံခါးတွေ ရိုက်ချိုးပြီး လူဖမ်းတာတွေပြုလုပ်တယ်ဆိုတာနဲ့ ဖမ်းသွားတဲ့ အကြောင်း မသိရဘူးဆိုတာတော့ မဟုတ်ဘူးလို့ သူက ပြောပါတယ်။

“ဘယ်သူက ဘိန်းစားလဲဆိုတာ ညည ဆိုရင် လိုက်ပြပြီး တကယ် ဖမ်းတဲ့ အချိန်ကျတော့ လိုက်ပြတဲ့ လူတွေတော့ မပါတော့ဘူး။” လို့ ဒေသခံအမျိုးသမီး တယောက်က ပြောပါတယ်။

ဘိန်းစားတွေကို လိုက်ဖမ်းတာဖြစ်ပြီး စစ်သားတွေပဲ လာဖမ်းခေါ်သွားတာလို့ သူက ပြောပါတယ်။

နောက်ထပ်ဒေသခံ အမျိုးသမီး တယောက်ကလည်း ၁၀၅ မိုင်မှာ လူ လိုက်ဖမ်းနေတာ AA တပ်ဖွဲ့ မဟုတ်ပဲ MNDAA တပ်ဖွဲ့တွေဖြစ်ပြီး မူးယစ်ဆေးဝါးနဲ့ ပတ်သက်သူ ဖြစ်နိုင်ကာ ရိုက်နှက်တာကြမ်းတယ်လို့ ပြောပါတယ်။

MNDAA တပ်ဖွဲ့တွေကတော့ ပြစ်မှု သေချာရင် တန်း လာဖမ်းပြီး လာဖမ်းပြီဆိုရင် ဘာမှ ပြန်ပြောချိန် မပေးသလို ပြန်မေးတာတွေလုပ်ရင် အဖမ်းခံရသူက ပိုအရိုက်ခံရတယ်လို့ ဆိုပါတယ်။

MNDAA တပ်ဖွဲ့နဲ့ နီးစပ်သူကတော့ မူဆယ် ၁၀၅ မိုင်မှာ မူးယစ်ဆေးဝါး သုံးစွဲသူနဲ့ ရောင်းချသူ တွေ၊ လူကုန်ကူးသူတွေကို ဖမ်းဆီး အရေးယူနေတာရှိတယ်လို့ ပြောပါတယ်။

လက်ရှိမှာတော့ မူဆယ် ၁၀၅ မိုင်မှာ မြောက်ပိုင်း မဟာမိတ်ညီနောင် တပ်ဖွဲ့တွေဖြစ်တဲ့ AA, MNDAA နဲ့ TNLA တပ်ဖွဲ့တွေရဲ့ အုပ်ချုပ်ရေး ယန္တရား လည်ပတ်နေတာ ဖြစ်ပါတယ်။

အရှေ့မြောက် နယ်စပ် ကုန်သွယ်ရေးလမ်း အသက်ပြန်ဝင်လာ​တော့မလား

မူဆယ် ၁၀၅ မိုင်ဒေသမှာ ဒီနေ့ ဇန်နဝါရီလ ၆ ရက်နေ့ မနက်ပိုင်းကစပြီး ထူးခြားတဲ့ လှုပ်ရှားမှုတွေ တွေ့မြင်လာရပါတယ်။

မြောက်ပိုင်းမဟာမိတ် ညီနောင်သုံးဖွဲ့ဖြစ်တဲ့ AA၊ MNDAA၊ TNLA တို့ ထိန်းချုပ်ထားတဲ့ မူဆယ် ၁၀၅ မိုင် နယ်မြေအတွင်းက ကိုးကန့် MNDAA ရုံးတွေမှာ မြန်မာနိုင်ငံ​တော်အလံ စတင်လွှင့်ထူလာတာကို တွေ့ရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“မြန်မာအလံက MNDAA ရုံးမှာပဲ လွှင့်တာတွေ့တယ်။ တခြားနေရာမှာ မလွှင့်ဘူး” လို့ သူက ပြောပါတယ်။

အလံလွှင့်ထူထားတာကို AA နဲ့ တခြားအဖွဲ့တွေ ရှိတဲ့နေရာတွေမှာ မတွေ့ရဘဲ MNDAA နဲ့ သက်ဆိုင်တဲ့ ရုံးတွေမှာပဲ တွေ့ရတာ ဖြစ်ပါတယ်။

တဖက်မှာလည်း လားရှိုးမြို့ ရှောင်လမ်းကနေ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အပြင် တရုတ်နယ်စပ် ကျင်စန်းကျော့အထိ MNDAA ရဲ့ စစ်ဆေးရေးဂိတ်တွေ ဆက်လက်ရှိနေဆဲ ဖြစ်ပါတယ်။

နယ်စပ် ကုန်သွယ်ရေး လမ်းမတလျှောက်က MNDAA တဖွဲ့တည်း အုပ်ချုပ်နေတဲ့ နယ်မြေတွေကတော့ လားရှိုးမြို့ ရှောင်လမ်းအနီး ကျေးရွာတွေ၊ လားရှိုးမြို့နယ်အတွင်းရှိ ရွာအချို့၊ သိန္နီမြို့နယ်၊ ကွတ်ခိုင်မြို့ တခြမ်းနဲ့ ကျင်စန်းကျော့ဒေသတွေ ဖြစ်ပါတယ်။

ဒါ့အပြင် KIA ထိန်းချုပ်နယ်မြေဖြစ်တဲ့ နမ့်ဖတ်ကာ၊ နမ့်အွမ်ရွာတွေမှာလည်း MNDAA စခန်းတွေ ချထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

MNDAA တပ်ဖွဲ့က တရုတ်နိုင်ငံရဲ့ ကြားဝင်မှုနဲ့ အစိုးရတပ်နဲ့ အပစ်အခတ် ရပ်ထားတာ ဖြစ်သလို ဒီလို အခြေအနေတွေကြောင့် MNDAA နဲ့ အစိုးရတပ်တို့ ပူးပေါင်းလာနိုင်ခြေ ရှိလာမလားဆိုတာကို ဒေသခံတွေက အကဲခတ်နေကြပါတယ်။ ဒါပေမယ့် ဒီကိစ္စနဲ့ ပတ်သက်ပြီး တရားဝင် ထုတ်ပြန်ချက်တော့ မရှိသေးပါဘူး။

MNDAA နဲ့ အစိုးရတပ်ဖွဲ့တွေဟာ အတူတူ ရှိမနေကြဘူးလို့ ဆိုပေမယ့် ထိစပ်နေတဲ့ စစ်ဆေးရေးဂိတ်တွေမှာတော့ တဖက်နဲ့ တဖက် လှမ်းမြင်နေရတဲ့ အနေအထား ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လားရှိုးမြို့အတွင်းမှာလည်း နှစ်ဖက်တွေ့ဆုံတာတွေ မကြာခဏ ရှိနေတယ်လို့ ဆိုပါတယ်။

အစိုးရတပ်ဖွဲ့က MNDAA တပ်ဖွဲ့ကို လောက်ကိုင်အထိ ဆုတ်ခွာဖို့ တောင်းဆိုထားတာရှိပေမယ့် သိန္နီမှာ MNDAA နဲ့ တရုတ် လုပ်ငန်းရှင်တွေရဲ့ ရင်းနှီးမြှုပ်နှံမှု အဆောက်အဦ အများအပြားတွေ့နေရပြီး ဆောက်လုပ်နေဆဲဖြစ်ကာ သိန္နီမြို့ကနေ MNDAA တပ်ဖွဲ့တွေ ဆုတ်ခွာသွားမယ့် အခြေအနေမရှိဘူးလို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။

“လက်ရှိ ဆောက်လက်စ မြင်နေရတဲ့ အဆောက်အဦရဲ့ စီးပွာရေးလုပ်ငန်း၊ အခွန်အကောက်တွေနဲ့ ပတ်သက်ပြီး နောက်ပိုင်း အစိုးရတပ်နဲ့ MNDAA တပ်ဖွဲ့တို့ ပြန်ညှိရမယ့် သဘော တွေ့ရတယ်” သူက ပြောပါတယ်။

သိန္နီ - ကွမ်းလုံ လမ်းကနေ သွားရတဲ့ MNDAA ထိန်းချုပ်ထားရာ ချင်းရွှေဟော် နယ်စပ်ဂိတ် ကနေတော့ နေ့စဉ် ပို့ကုန် ကားအစီး ၂၀၀ ခန့် တင်ပို့မှုရှိနေကြောင်း MNDAA ဘက်က ဇန်နဝါရီလ ၄ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။

ကုန်သည်တွေနဲ့ ကားသမားတွေ အနေနဲ့တော့ လမ်းသွားလာလို့ ရနေပြီး ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်နဲ့ ၂၀၂၅ ခုနှစ် အစပိုင်းကထက် အစိုးရ ထိန်းချုပ်ရာ မြို့အဝင်အထွက် ကန့်သတ်ချက်တွေ လျော့လာတယ်လို့ ပြောကြပါတယ်။

အထူးသဖြင့် တရုတ်ဘက် ရွှေလီ နယ်စပ်မှာတော့ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ကစပြီး ကုန်စည် ကန့်သတ်ချက်တွေကို ဖြေလျှော့လိုက်တယ်လို့ နယ်စပ် ကုန်သည်တွေက ပြောပါတယ်။

“အရင်တုန်းက တရုတ်ဘက်က ကန့်သတ်ထားတဲ့ ပစ္စည်းတွေ အားလုံးကို ဖြေလျှော့လိုက်ပြီလို့ သိရတယ်။ ဘယ် နယ်စပ်ဂိတ်မှ မကန့်သတ်တော့ဘူး” လို့ နယ်စပ်ကုန်သည် လုပ်ငန်းရှင်တဦးက ပြောပါတယ်။

တရုတ်–မြန်မာ နယ်စပ်ဂိတ်တွေရှိတဲ့ မုံးကိုး၊ ကြူကုတ် (ပန်ဆိုင်း) နယ်စပ်ဂိတ်တွေကိုပါ ကန့်သတ်ချက် ဖြေလျှော့လိုက်တဲ့အထဲ ပါဝင်တယ်လို့ သိရပါတယ်။

ရွှေလီ ကုန်သွယ်ရေးဇုန်အောက်မှာရှိတဲ့ ကျယ်ဂေါင်၊ နောင်တောင်း (လုံတောက်)၊ ဝမ်တိန်၊ မန်မန်း (ကျင်စန်းကျော့) လမ်းကြောင်းတွေကို ဇန်နဝါရီလ ၁ ရက်နေ့ မနက်က စပြီး ကုန်ပစ္စည်းတွေကို ပုံမှန်အတိုင်း သယ်ယူခွင့် ပြန်လည်ပေးလိုက်တာ ဖြစ်ပါတယ်။

အရင်က ပို့ကုန်အဖြစ် ကန့်သတ်ထားတဲ့ မီးစက်တွေ၊ ဆိုလာ လျှပ်စစ်ပစ္စည်းတွေ၊ ဆက်သွယ်ရေး ပစ္စည်းတွေကိုပါ အားလုံး ဖြေလျှော့လိုက်တာ ဖြစ်ပြီး တရုတ်ဘက်က ကုန်သွယ်ရေး ပြန်စဖို့ အချက်ပြလာတာလို့ နယ်စပ်လုပ်ငန်းရှင်တွေက ပြောပါတယ်။

ဒါပေမယ့် မြန်မာဘက်ခြမ်းမှာတော့ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ မန္တလေးတိုင်းကို သွားတဲ့ လမ်းပိုင်းတွေမှာ အစိုးရတပ်ရဲ့ “တရားမဝင် ကုန်စည် တိုက်ဖျက်ရေး” စီမံချက်ကြောင့် ဖမ်းဆီးတာတွေ ဆက်လက် ရှိနေဆဲဖြစ်တဲ့အတွက် တရုတ်ဘက်က ဝင်လာတဲ့ ကုန်စည်အချို့ လမ်းမှာပဲ ပိတ်မိနေဆဲ ဖြစ်သလို ဖမ်းခံရတာတွေလည်း ရှိနေပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့က အစိုးရတပ်ဖွဲ့နဲ့ MNDAA တပ်ဖွဲ့တို့ လားရှိုးမြို့ ဆင်နှစ်ကောင် ဟိုတယ်မှာ တွေ့ဆုံ ဆွေးနွေးခဲ့ပြီးနောက် အခုနှစ်ဆန်း ဇန်နဝါရီလ ၁ ရက်နေ့က လားရှိုး–သီပေါ လမ်းမပေါ်မှာရှိတဲ့ MNDAA စစ်ဆေးရေးဂိတ်တွေကို ဆုတ်ခွာလာတာတွေ ရှိနေပါတယ်။

သီပေါ တံတားပေါ်က ဂိတ်ကို သီပေါ ၉ မိုင် လမ်းဆုံအထိ ဆုတ်ခွာထားသလို လားရှိုးမြို့အဝင် မယ်ဟန် ဂိတ်ကိုလည်း လမ်းမပေါ်ကနေ ဆုတ်ခွာထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါပေမယ့် ကျေးရွာအတွင်းမှာတော့ MNDAA တပ်ဖွဲ့တွေ ဆက်လက် တပ်စွဲထားဆဲ ဖြစ်ပါတယ်။

ဒီလို တရုတ်ဘက်က ကန့်သတ်ချက် ဖြေလျှော့လာတာတွေ၊ နယ်စပ်ကုန်သွယ်ရေး လမ်းမပေါ်ရှိ MNDAA ဂိတ်စခန်းတွေ ဆုတ်ခွာလာတာတွေကြောင့် အရှေ့မြောက် နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းတွေ ပြန်လည် ဖွင့်လှစ်လာနိုင်မလားဆိုပြီး ဒေသခံတွေ၊ ကုန်သည်တွေ၊ ယာဉ်မောင်းတွေက စောင့်ကြည့် အကဲခတ်နေကြပါတယ်။

ဒါပေမယ့် လက်ရှိအချိန်အထိ အုပ်ချုပ်ရေးပိုင်းမှာ ထင်ရှားတဲ့ အပြောင်းအလဲတော့ မတွေ့ရသေးပါဘူး။

ပဲခူးအနောက်ခြမ်း ၊ ရန်ကုန် - ပြည်ကားလမ်းမမှာ တိုက်ပွဲဖြစ်နေလို့ ကားတွေရာချီပိတ်မိနေ

ပဲခူးတိုင်း အနောက်ပိုင်း ၊ မင်းလှမြို့နယ် နဲ့ လက်ပံတန်း မြို့နယ်အကြား ၊ ရန်ကုန် - ပြည် ကားလမ်းမပေါ်မှာ အစိုးရတပ်နဲ့ ဒေသတွင်း လက်နက်တပ်ဖွဲ့ တွေအကြား တိုက်ပွဲ ဖြစ်ပွားနေတယ် လို့ သိရပါတယ် ။

ဒီကနေ့ ဇန်နဝါရီ ၇ ရက်နေ့ မနက် ၄ နာရီလောက် ကတည်းက ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး တိုက်ပွဲကြောင့် ရန်ကုန် - ပြည် ကားလမ်း ဖြတ်သန်း သွားလာ ခွင့် ပိတ်ထားတဲ့ အတွက် ကားတွေ ရာနဲ့ချီ ပိတ်မိနေတယ် လို့သိရပါတယ်။

" ခုတိုက်ပွဲ ဖြစ်နေတာ မင်းလှမြို့နယ်ထဲက စစ်ကွင်း တိုက်နယ် နဲ့ လက်ပံတန်း မြို့နယ် ကြားမှာ ဖြစ်နေတာပါ။ လမ်းပိုင်း ကတော့ ခုထိ ပိတ်ထားတုန်းပဲ ။ မဖွင့်သေး ဘူး။ ပစ်ခတ်မှုတွေက မနက်က စဖြစ်တာ ခုထိ ရှိနေတုန်းပဲ ။ လမ်းပိတ်ထားတော့ ရန်ကုန်ဘက် ခြမ်းရော ၊ ပြည်ဘက်ခြမ်းမှာပါ နှစ်ဘက်လုံးမှာ ကားတွေ ပိတ်မိနေတာ ပေါ့ ။ " လို့ လက်ပံတန်း ဒေသခံက ပြောပါတယ် ။

ရန်ကုန် - ပြည်လမ်း ပေါ်မှာ တိုက်ပွဲ ဖြစ်ပွား နေတဲ့အပြင် လမ်းမပေါ်မှာ လည်း သစ်ပင်တွေ လှဲချထားမှု ရှိ ပြီး တိုက်ပွဲက နေ့လယ် ၁၁ နာရီအထိ ဖြစ်ပွားကာ ပစ်ခတ်မှုတွေ ရှိနေဆဲဖြစ် တယ်လို့ သိရပါတယ် ။

" မနက် ၄ နာရီထဲက တအုန်းအုန်း နဲ့စကြားတာ ။ အခု ၁၁ နာရီအထိ ပစ်နေကြတုန်းပဲ ။ ဒီလောက်ကြာတာ ခုမှကြုံဖူးတာပါ ။ " လို့ မြို့ခံ တယောက်က ပြောပါတယ်။

တိုက်ပွဲ ဖြစ်ပွားရာ အနီးဝန်းကျင် နေထိုင်သူ တွေအနေနဲ့ ကတော့ လတ်တလောမှာ ထွက်ပြေး တိမ်းရှောင် နေကြရတယ်လို့ သိရပါတယ်။

၂၀၂၅ ခုနှစ် ၊ ဇွန်လ ၁၆ ရက် ညပိုင်းကလည်း မင်းလှမြို့နယ် ၊ ရန်ကုန် - ပြည်လမ်းမပေါ်မှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲ အကြားမှာ ခရီးသွား သုံးယောက် လက်နက်ထိမှန် သေဆုံးခဲ့ပြီး တယောက်ပြင်းထန် ဒဏ်ရာရရှိမှု ရှိခဲ့တယ်လို့ သိရပါတယ် ။

23 w - Translate

Tattoo

ဆင်ဖြူကျွန်း ရဲစခန်းနားက ပြည်သူတွေ ချက်ချင်း ဘေးလွတ်ရာ ရှောင်ဖို့ အသိပေး

မကွေးတိုင်း၊ ဆင်ဖြူကျွန်းမြို့နယ် အတွင်းက ရဲစခန်း ပတ်ချာလည်ရှိ ပြည်သူတွေအားလုံး လွတ်ကင်းရာကို အမြန်ဆုံး ရှောင်ကြဖို့ ဒေသတွင်း လက်နက်ကိုင် တပ်တွေ‌က ဒီကနေ့ ဇန်နဝါရီ ၇ ရက်၊ မနက် ၉ နာရီဝန်းကျင်က အသိပေးချက် ထုတ်ပြန်လိုက်ပါတယ်။

“အခု ချက်ချင်း လွတ်ကင်းရာကို အမြန်ဆုံး (အမြန်ဆုံး) ရှောင်ပေးပေးကြပါရန် လေးစားစွာ မေတ္တာရပ်ခံအပ်ပါတယ်။ အခု ချက်ချင်း ရှောင်ပေးကြပါ။ အမြန်ဆုံး ဘေးလွတ်ရာကို ရှောင်ကြပါ။ အရေးပေါ် သတိပြုပါ” လို့ ဒေသတွင်း လက်နက်ကိုင် တပ်တွေ‌ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဆင်ဖြူကျွန်းမြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၃ ရက်နေ့လောက်စပြီး တိုက်ပွဲတွေ ငြိမ်သက်နေခဲ့တာဖြစ်ပြီး အစိုးရတပ်တွေဟာ ဆင်ဖြူကျွန်းမြို့ရှိ အသီရိဘုရား၊ မဟာစေတီလှဘုရား၊ ရဲစခန်းနဲ့ နွယ်တမယ်ရွာထိပ် စတဲ့ နေရာ လေးနေရာမှာ တပ်စွဲထားတယ်လို့ သိရပါတယ်။

ဆင်ဖြူကျွန်းရဲ့ လတ်တလော အခြေအနေနဲ့ ပတ်သက်လို့ စစ်ရေး သတင်းရင်းမြစ် တယောက်က “မနက်ဖြန် ဇန်နဝါရီ ၈ ရက်နေ့ ဆင်ဖြူကျွန်းကို ပြန်တိုက်မယ်လို့တော့ လက်နက်ကိုင် တပ်တွေဘက်က သတင်း ရထားပါတယ်။ ဒီသတင်း အတိအကျရယ်လို့တော့ မပြောလိုပါဘူး။ ဒါပေမယ့် ဒေသခံတွေအနေနဲ့ လုံခြုံရေး အထူးဂရုစိုက်ဖို့ လိုပါတယ်။ စားစရာ သောက်စရာတချို့ ဝယ်လို့ရတုန်း ဝယ်ထားကြစေချင်တယ်” လို့ ပြောပါတယ်။

ဆင်ဖြူကျွန်းမြို့ အပါအဝင် မကွေးတိုင်းရှိ စလင်း၊ ပေါက်၊ ပွင့်ဖြူ၊ ဆိပ်ဖြူအပါအဝင် မြို့နယ် ခြောက်မြို့နယ်မှ စစ်တပ်စခန်းတွေကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၃ ရက်နေ့မှ စတင်ကာ ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ (NUG ) ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန (MOD) က ဒီဇင်ဘာ ၂၈ ရက်နေ့မှာ သတင်း ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

တိုက်ပွဲတွေကြောင့် လက်ရှိ ဆင်ဖြူကျွန်းမြို့မှာ မြို့ပေါ် အပါအဝင် အနီးဝန်းကျင်က နွယ်တမယ်၊ ဇီးကုန်း၊ ရွာသာကုန်း၊ မကျည်းကုန်း၊ သီးကုန်း စတဲ့ ကျေးရွာတွေက ဒေသခံ လေးသောင်းကျော် ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတယ်လို့လည်း သိရပါတယ်။

“ဒီ စစ်ရှောင်တွေက ဘာပစ္စည်းမှ ယူချိန်မရဘဲ ထွက်လာခဲ့ကြရတဲ့ သူတွေပါ။ အဲဒါကြောင့် စားဝတ်နေရေး အတော့်ကို ခက်ခဲနေကြပါတယ်။ အထူသဖြင့် ဆင်ဖြူကျွန်း နွယ်တမယ်ရွာက စစ်ရှောင်တွေ ပိုပြီး ခက်ခဲနေကြတယ်။ အားလုံးဝိုင်းပြီး ကူညီပေးစေလိုပါတယ်” လို့ စစ်ရှောင်အရေး ကူညီဆောင်ရွက်နေသူက ပြောပါတယ်။

ဆင်ဖြူကျွန်း ဒေသခံအများစုဟာ လက်ရှိမှာ စလင်းမြို့ဘက်ကို တိမ်းရှောင်နေကြသလို စလင်းဘက်ကို မရောက်ဘဲ လမ်းခုလတ်မှာ တိမ်းရှောင်နေရသူတွေလည်း ရှိနေပြီး ရာသီဥတု အေးတာကြောင့် အစားအစာအပြင် စောင်နဲ့ အနွေးထည်တွေပါ လိုအပ်နေတယ်လို့ သိရပါတယ်။

ရွှေဘို - စစ်ကိုင်းလမ်းဘက်မှာ ပေါ်တာဆွဲခံရတဲ့သတင်းတွေကြောင့် စပယ်ယာ ခေါ်ဖို့ခက်ခဲလာ

ရွှေဘို - စစ်ကိုင်းလမ်းဘက်မှာ ကုန်တင်ကား စပယ်ယာတွေပါ ပေါ်တာဆွဲခံရတယ်ဆိုတဲ့ သတင်းတွေကြောင့် စပယ်ယာ ခေါ်ဖို့ ခက်ခဲလာကြောင်း ကုန်တင်ယာဉ်မောင်းတွေဆီက သိရပါတယ်။

“အခုက စပယ်ယာ ခေါ်ဖို့ ခက်နေတာ။ ကုန်တင်ကား စပယ်ယာတွေ ပေါ်တာဆွဲခံရတာရှိလို့ ဘယ်သူမှ မလိုက်ရဲဘူးဖြစ်နေတာ” လို့ ကုန်တင် ယာဉ်မောင်း တယောက်က ပြောပါတယ်။

ပြီးခဲ့တဲ့ နှစ်ရက်၊ သုံးရက် ခန့်က စစ်ကိုင်းက အသိကား နှစ်စီးက ကားစပယ်ယာတွေ ပေါ်တာ ဆွဲတာပါသွားတာမှာ တယောက်က ရွေးနိုင်ခဲ့ပေမယ့် နောက်တယောက်က ပိုက်ဆံ သိန်း ၂၀၀ တောင်းလို့ ချက်ချင်း မရှိတာကြောင့် မရွေးနိုင်တာကို အခု ပြန်သွားရွေးမယ်ဆိုတော့ ရွေးမရတော့ဘူးလို့ သိရတယ်။

“တပ် ကနေ ဆွဲသွားတာ။ ကားဆရာတွေပဲ ကျန်ခဲ့တယ်။ စပယ်ယာတွေ ပါသွားတယ်။” လို့ သူက ပြောပါတယ်။

ကုန်တင်ကားကြီးတွေကျတော့ စပယ်ယာမပါရင်လည်း ယာဉ်ထိန်းရဲ အဖွဲ့က ဒဏ်ရိုက်တယ်လို့ သူက ပြောပါတယ်။

ဆီဘောက်ဆာကားတွေက လူကြီးတွေနဲ့ ဆက်စပ်မှု ရှိနေတာကြောင့် ကားစပယ်ယာတွေ ဆွဲခံရပေမယ့် ပြန်လွှတ်ပေးပေမယ့် ကုန်တင်ကားကြီး စပယ်ယာတွေကတော့ အဆွဲခံရတာ ရိုးရာလိုတောင် ဖြစ်နေပြီလို့ သူက ပြောပါတယ်။

“ရွှေဘိုရော စစ်ကိုင်းရော ဆွဲတယ်။ စစ်ကိုင်းက ပြည်သူ့စစ်ကလည်း ကားလေးနဲ့ မောင်းပြီးတော့ တွေ့တဲ့ ကားကြီးကို ခေါ်တာ။ ပြီးရင် စပယ်ယာ ဆွဲထားတာ။ စပယ်ယာထားခဲ့မလား၊ ပိုက်ဆံပေးမလားပေါ့” လို့ ကုန်သည် တယောက်ကလည်း ပြောပါတယ်။

စပယ်ယာ မပါတဲ့ ကုန်တင်ကားကြီးတွေက တဂိတ်ကို သုံးသောင်း၊ လေးသောင်း စီ ဒဏ်ကြေးဆောင်ရတယ်လို့ သူက ပြောပါတယ်။

စပယ်ယာတွေ မကြာခဏ အဲဒီလို ဆွဲခံရတာကြောင့် တချို့ကားတွေက စပယ်ယာခေါ်ရခက်လာတဲ့ အပြင် တာဝန်ယူမှု၊ တာဝန်ခံမှု ကြီးလာတာကြောင့် ဒဏ်ကြေးပဲ ပေးဆောင်လိုက်တာလည်း ရှိတယ်လို့ သူက ရှင်းပြပါတယ်။

စစ်ကိုင်း - ရွှေဘို မိန်းလမ်းမကြီးကို ပိတ်ထားတာ လေး၊ ငါးလ ခန့် ရှိပြီဖြစ်တာကြောင့် လမ်းကြမ်း ကနေ သွားရလို့ စပယ်ယာမပါရင် ပိုအခက်ကြုံရသလို စပယ်ယာပါရင်လည်း ပေါ်တာဆွဲခံရမှာ စိုးရိမ်နေရတယ်လို့ ကုန်တင်ယာဉ်မောင်းတွေက ပြောပါတယ်။