Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
Baby Snacks Market to Reach $18.6 Billion by 2034 at 8.1% CAGR Driven by Premium Nutrition Trends
The Baby Snacks market is experiencing rapid expansion, fueled by rising parental focus on infant nutrition and convenience-based feeding solutions. In 2024, the Baby Snacks market was valued at approximately $9.2 billion, increasing from $8.1 billion in 2022, reflecting a year-over-year growth rate of 7.8%. With increasing demand for organic and fortified products, the market is projected to reach $18.6 billion by 2034, registering a CAGR of 8.1% from 2025 to 2034.
Read More -> https://marketintelo.com/report/baby-snacks-market
Hypnotherapy in Hong Kong | Ellen McNally | Hypnosis Clinic nearby
If you're searching for Hypnotherapy near me in Hong Kong, get in touch with Ellen McNally - A Certified Hypnotherapist. Best hypnosis treatment at a fair cost.
Click to Know More: https://www.hypnosisinhongkong.com/
Air Springs Market to Hit $9.8 Billion by 2032 at 7.2% CAGR Driven by 110 Million Vehicle Output
The global Air Springs market was valued at approximately $5.2 billion in 2023 and is projected to reach $9.8 billion by 2032, expanding at a CAGR of 7.2%. Rising commercial vehicle production, which exceeded 28 million units in 2023, along with increasing adoption in railways and industrial applications, is fueling demand. Global air springs unit shipments surpassed 95 million units in 2023, reflecting a 6.4% year-over-year increase.
Read More -> https://marketintelo.com/report/air-springs-market
ပို့ကုန်ရငွေ ပြန်မသွင်းလို့ ဦးတေဇနဲ့ သားဖြစ်သူအပြင် ကုမ္ပဏီ ၂၈၇ ခုက လုပ်ငန်းရှင်တွေကို အမည်ပျက်စာရင်းသွင်း
၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်၊ မတ်လကုန်အထိ ပြည်ပကို ပို့ကုန်တင်ပို့ခဲ့ပြီး ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ဖို့ ကျန်ရှိနေတဲ့ ကုမ္ပဏီ ၂၈၇ ခုနဲ့ လုပ်ငန်းရှင်တွေကို အမည်ပျက်စာရင်း (Blacklist) ထည့်သွင်းလိုက်တယ်လို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က မနေ့ ဧပြီ ၄ ရက်မှာ ထုတ်ပြန် ကြေညာထားပါတယ်။
ဗဟိုဘဏ်က ထုတ်ပြန်လာတဲ့ အမည်ပျက်စာရင်းထဲမှာ ထူးထရေးဒင်းကုမ္ပဏီလည်း ပါဝင်လာတာတွေ့ရပြီး ဥက္ကဋ္ဌ ဦးတေဇနဲ့ ဒါရိုက်တာ အဖွဲ့ဝင်တွေဖြစ်တဲ့ သားဖြစ်သူ ဦးပြည့်ဖြိုးတေဇအပြင် ဦးမိုးသက်တင်၊ ဦးသီဟ၊ ဦးရာဇာထွေးတို့ကိုလည်း Blacklist ထည့်သွင်းထားပါတယ်။
ဒါနဲ့ပတ်သက်လို့ စီးပွားရေး လုပ်ငန်းရှင်တယောက်က “အလုပ် လုပ်တဲ့အခါမှာ အမှန်တကယ် အခက်အခဲ ရှိနေလို့ ပို့ကုန်ရငွေ ပြန်မဝင်နိုင်တာလည်း ရှိပါတယ်။ ဒါပေမယ့် တချို့ကျတော့လည်း အပြင်မှာ လည်ပတ်ပြီးတော့ ငွေကို လှည့်ကစားချင်လို့ မသွင်းတာတွေလည်း တွေ့နေရတယ်။ ဘယ်လို အကြောင်းတရားတွေပဲ ရှိနေပါစေ။ ပို့ကုန်ရငွေ ပြန်မသွင်းဘူး ဆိုတာက နိုင်ငံတော်အတွက် အလွန်ကို နစ်နာနိုင်စေနိုင်တဲ့ အချက်ပါ” လို့ ပြောပါတယ်။
ပို့ကုန်ရငွေ ပြန်လည် ဝင်ရောက်နိုင်ခြင်း မရှိပါက ဗဟိုဘဏ်အတွင်း နိုင်ငံခြားငွေတွေ ပြန်လည်စီးဝင်မှု နည်းပါးကာ နိုင်ငံရဲ့ နိုင်ငံခြားငွေအရန် (Foreign Exchange Reserve) ကို ထိခိုက်စေနိုင်တယ်လို့ သူက ပြောပါတယ်။
အကျိုးဆက်အနေနဲ့ နိုင်ငံခြားငွေရှားပါးမှု၊ ဒေါ်လာဈေး စံချိန်တင်မြင့်တက်မှုနဲ့ ကုန်ဈေးနှုန်း ကြီးမြင့်မှုတို့ကို တိုက်ရိုက် ဖြစ်ပေါ်စေနိုင်ပြီး စက်သုံးဆီနဲ့ ဆေးဝါးကဲ့သို့သော မရှိမဖြစ် သွင်းကုန်တွေအတွက် ငွေကြေးလိုအပ်ချက်ကို ကြီးထွားစေနိုင်ကာ တိုင်းပြည်စီးပွားရေးကို ကျဆင်းစေနိုင်တယ်လို့ သူက ပြောပါတယ်။
“အရေးယူခံရပြီ ဆိုရင်တော့ Bank တွေ၊ Kpay တွေ အကုန်ပိတ်သွားနိုင်တယ်။ ပြည်ပထွက်ခွာခွင့် ပိတ်မယ်၊ ကုမ္ပဏီလိုင်စင်နဲ့ ပို့ကုန်သွင်းကုန် လက်မှတ်တွေ အပိတ်ခံရမယ်။ အမှုဖွင့် အရေးယူတာလည်း ခံရနိုင်တယ်။ ဖမ်းဝရမ်းထုတ်တာ ရှိနိုင်တယ်။ မမိရင် ဝရမ်းပြေးအဖြစ် ကြေညာခံရနိုင်တယ်” လို့ သူက ပြောပါတယ်။
နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၃၈ - ခ နဲ့ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုစည်းမျဉ်း အပိုဒ် - ၃၅ အမိန့်ကြော်ငြာစာအမှတ် ၂၇/၂၁၂၃ တို့မှာ အာရှနိုင်ငံတွေဆီ တင်ပို့ခြင်းဖြစ်ပါက ပို့ကုန်တင်ပို့တဲ့နေ့မှ ရက်ပေါင်း ၃၀ အတွင်း၊ အာရှနိုင်ငံတွေမှအပ တခြားနိုင်ငံတွေကို တင်ပို့ခြင်းဖြစ်ပါက ပို့ကုန်တင်ပို့တဲ့နေ့မှ ရက်ပေါင်း ၆ဝ အတွင်း ပို့ကုန်ရငွေတွေကို ဘဏ်စာရင်းထဲ မပျက်မကွက် ထည့်သွင်းရမယ်လို့ ပြဋ္ဌာန်းထားတာ ဖြစ်ပါတယ်။
နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေ (FEML) အခန်း (၁၁)၊ ပုဒ်မ ၃၈ - ၁ မှာ “မည်သူမျှ ပို့ကုန်ရငွေအားလုံးကို သတ်မှတ်ကာလအတွင်း နိုင်ငံတော်အတွင်းရှိ ယင်း၏ ဘဏ်ငွေစာရင်းသို့ နိုင်ငံခြားသုံးငွေဖြင့် ထည့်သွင်းရန် ပျက်ကွက်ခြင်းမရှိစေရ” လို့ ဖော်ပြထားပြီး ဒီတားမြစ်ချက်ကို ဖောက်ဖျက် ကျူးလွန်ပါက FEML ပုဒ်မ ၄၂ - က အရ “ထိုသူကို တနှစ်ထက်မပိုသည့် ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ် လုံးဖြစ်စေ ချမှတ်ရမည်” လို့လည်း ပြဋ္ဌာန်းထားပါတယ်။
“မြန်မာ့စီးပွားရေးက ကပ်ဆိုက်နေတာ ကြာပြီလေ။ အတော် လုပ်ရကိုင်ရကြပ်တဲ့ အခြေအနေကို ရောက်နေတာ။ Export လုပ်နိုင်ဖို့ ဆိုတာကလည်း နယ်စပ်လမ်းကြောင်းတွေ ကောင်းဖို့လိုတယ်။ ရေကြောင်းက သိပ်အလုပ်မဖြစ်ဘူး။ ဒီတော့ Export ပမာဏ လျော့ကျနေတာပေါ့။ နောက်ပြီး အစိုးရဆီမှာ ဘဏ်စာရင်းဖွင့်ပြီး ဆောင်ရွက်ရတာကလည်း ငွေလဲနှုန်းက အဓိက ပြဿနာဖြစ်နေတယ်။ အစိုးရသစ်လက်ထက်မှာ ဒါနဲ့ပတ်သက်လို့ မူဝါဒတွေ ပြောင်းပေးလာမယ် ဆိုရင်တော့ အားလုံးအတွက် လုပ်သာကိုင်သာ ရှိလာမယ်၊ အခွင့်အရေးကောင်းတွေ ရလာနိုင်မယ်လို့ မျှော်လင့်ရပါတယ်” လို့ ပို့ကုန်သွင်းကုန် လုပ်ငန်းရှင် တယောက်က ပြောပါတယ်။
ပို့ကုန်ရငွေ ပြန်လည် ဝင်ရောက်ခြင်း မရှိတာနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ အရေးယူမှုတွေ လုပ်ဆောင်လျက်ရှိတာမှာ အမေရိကန်ဒေါ်လာ သန်း ၅၀ ကျော်ဖိုး ပြန်လည် ပေးသွင်းခြင်းမရှိတဲ့ ပဲတင်ပို့တဲ့ လုပ်ငန်းရှင်တချို့ကို ဖမ်းဆီးထားတယ်လို့ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်နေ့က ထုတ်ပြန် ကြေညာခဲ့ပါတယ်။
ဒါအပြင် ၂ဝ၁၆ ခုနှစ်မှ ၂ဝ၂ဝ ပြည့်နှစ်အထိ ကာလအတွင်း ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ဖို့ ကျန်ရှိနေတဲ့ ကုမ္ပဏီ ၁၉၇ ခုနဲ့ အဲဒီကုမ္ပဏီတွေရဲ့ ဒါရိုက်တာအဖွဲ့ဝင်တွေကို Blacklist ထည့်သွင်းလိုက်တယ်လို့ ဗဟိုဘဏ်က ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဇွန် ၃၀ ရက်မှာ ထုတ်ပြန် ကြေညာခဲ့ပါတယ်။