မြန်မာနိုင်ငံကို ကမ္ဘာ့စားနပ်ရိက္ခာဖြည့်ဆည်းပေးနိုင်သည့် နိုင်ငံအဖြစ် တည်ဆောက်မည့် ရေရှည်မဟာဗျူဟာ ချမှတ်
စားရေရိက္ခာမူဝါဒကော်မရှင် (၁/၂၀၂၆) အစည်းအဝေးတွင် နိုင်ငံ၏ စားနပ်ရိက္ခာလုံခြုံရေးနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍများ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြန်မာနိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်က မူဝါဒဆိုင်ရာ လမ်းညွှန်ချက် (၉) ရပ်ကို ချမှတ်ခဲ့သည်။
မူဝါဒများအရ နိုင်ငံနှင့် ဒေသအလိုက် စားနပ်ရိက္ခာဖူလုံမှုရရှိရေး၊ ပြည်ပသွင်းကုန်အစားထိုး ထုတ်လုပ်နိုင်ရေး၊ အရည်အသွေးမြင့်၍ အထွက်နှုန်းကောင်းသော စိုက်ပျိုးထုတ်လုပ်မှု တိုးမြှင့်ရေးနှင့် ဂျုံ၊ ဆီထွက်သီးနှံများကို ပြည်တွင်းတွင် လုံလောက်စွာ စိုက်ပျိုးထုတ်လုပ်နိုင်ရေးကို အဓိကဦးစားပေး ဆောင်ရွက်သွားမည်ဖြစ်သည်။
ထို့ပြင် မွေးမြူရေးကဏ္ဍ အားကောင်းလာစေရေး၊ ခေတ်မီစိုက်ပျိုးရေးနည်းပညာနှင့် စက်မှုလယ်ယာစနစ်များ အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော်ရေး၊ သုတေသနလုပ်ငန်းများ တိုးမြှင့်ရေးနှင့် ကျွမ်းကျင်လုပ်သားများမှ ပညာရှင်များအထိ လူ့စွမ်းအားအရင်းအမြစ် (HR) ဖွံ့ဖြိုးရေးကိုလည်း အလေးထားဆောင်ရွက်သွားမည်ဖြစ်ပါသည်။
အထူးသဖြင့် "မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် စားနပ်ရိက္ခာဖြည့်ဆည်းပေးနိုင်သည့် နိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်ရမည်"ဟူသည့် ရည်မှန်းချက်ကို မူဝါဒ၏ အဓိကပန်းတိုင်အဖြစ် သတ်မှတ်ထားသည်။
-နိုင်ငံနှင့် ဒေသအလိုက် စားနပ်ရိက္ခာဖူလုံရေးအပြည့်အဝ ရရှိစေရေး။
-ပြည်ပသွင်းကုန်အစားထိုး ထုတ်လုပ်နိုင်ရေးနှင့် ဆီထွက်သီးနှံ စိုက်ပျိုးမှုတိုးချဲ့ရေး။
-အရည်အသွေးမြင့်၊ အထွက်နှုန်းကောင်းသည့် စိုက်ပျိုးထုတ်လုပ်မှု ရည်မှန်းချက်များ ပြည့်မီရေး။
-ဂျုံကို ပြည်တွင်းတွင် လုံလောက်စွာ စိုက်ပျိုးထုတ်လုပ်၍ ဂျုံစားသုံးမှု မြှင့်တင်ရေး။
-နို့စားနွားနှင့် အသားစားနွားအပါအဝင်မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး။
-ခေတ်မီစိုက်ပျိုးရေးနည်းပညာနှင့် စက်မှုလယ်ယာစနစ်အကောင်အထည်ဖော်ရေး။
-သုတေသနနှင့် ဆန်းသစ်တီထွင်မှုအားကောင်းစေရေး။
-လူ့စွမ်းအားအရင်းအမြစ် (HR)ဖွံ့ဖြိုးရေးနှင့် Skill Labor မှ ပညာရှင်များအထိ စနစ်တကျ မွေးထုတ်ရေး။
-မြန်မာနိုင်ငံကို ကမ္ဘာ့စားနပ်ရိက္ခာဖြည့်ဆည်းပေးနိုင်သည့် နိုင်ငံအဖြစ် တည်ဆောက်ရေး ကို ရေရှည်မဟာဗျူဟာ ရည်မှန်းချက်အဖြစ် သတ်မှတ်ထားခြင်း။
ယင်းမူဝါဒလမ်းညွှန်ချက်များသည်စားနပ်ရိက္ခာလုံခြုံရေး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်ပသွင်းကုန်လျှော့ချရေးနှင့် မြန်မာနိုင်ငံကို ကမ္ဘာ့စားနပ်ရိက္ခာထုတ်လုပ်ဖြည့်ဆည်းနိုင်သည့် နိုင်ငံတစ်နိုင်ငံအဖြစ် မြှင့်တင်တည်ဆောက်ရေးကို ဦးတည်ထားသည့် မူဝါဒလမ်းညွှန်ချက်များဖြစ်ကြောင်း တွေ့ရသည်။