ရွှေဘိုမြို့ကိုဗဟိုပြုပြီး အင်အားအနည်းငယ်ရှိငလျင် လှုပ်ခတ်
ရွှေဘိုမြို့ကိုဗဟိုပြု၍ ယနေ့ ဇွန် ၂၄ ရက်နံနက်ပိုင်းက အင်အားအနည်းငယ်ရှိသောငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။
ရွှေဘိုမြို့၏ အရှေ့ဘက်(၈)မိုင်ခန့်အကွာ၊ အနက်(၁၄) ကီလိုမီတာကိုဗဟိုပြု၍ အင်အား မဂ္ဂနီကျူ့(၄ ဒသမ ၀)အဆင့်ရှိ အင်အားအနည်းငယ်ရှိသောငလျင်သည် နံနက် ၁၀ နာရီ ၂၈ မိနစ် ၁၇ စက္ကန့်ကလှုပ်ခတ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ငလျင်လှုပ်ခတ်မှုကို မန္တလေးမြေငလျင်စခန်းကတိုင်းထွာရရှိခဲ့ခြင်းဖြစ်ကြောင်း မိုးဇလ၏မြေငလျင်ထုတ်ပြန်ချက်အရ သိရသည်။