ရီးရဲလ်မက်ဒရစ်သို့ ၄ နှစ်စာချုပ်ဖြင့် ပြောင်းလာမဲ့ ပြင်သစ်ဗဟိုနောက်ခံလူကိုနာတေး
===================
ရီးရဲလ်မက်ဒရစ်ဟာ လီဗာပူးမှ ထွက်ခွာလာတဲ့ ပြင်သစ်လက်ရွေးစင်ဗဟိုနောက်ခံလူအီဘရာဟမ်ကိုနာတေးကို ၄ နှစ်စာချုပ်ဖြင့် ခေါ်ယူရန် သဘောတူညီမှု ရရှိသွားပြီ ဖြစ်ပါတယ်။
အသက် ၂၇ နှစ်ရှိ နောက်ခံလူဟာ လီဗာပူးနှင့် စာချုပ်သစ်ချုပ်ဆိုရေး ဆွေးနွေးခဲ့ပေမဲ့လည်း သဘောတူညီမှု မရရှိပြီးနောက် ပြီးခဲ့တဲ့ရာသီအကုန်တွင် ထွက်ခွာလာသူလည်း ဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ်က ကိုနာတေးကို ၂၀၃၀ ခုနှစ် ဇွန်လ ၃၀ ရက်နေ့အထိ ၄ နှစ်စာချုပ်ဖြင့် ခေါ်ယူရန် သဘောတူညီမှု ရရှိသွားပြီ ဖြစ်ကြောင်း ကြေညာလာပါတယ်။
ပြင်သစ်နှင့်အတူ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်နေတဲ့ ကိုနာတေးဟာ ၂၀၂၁ ခုနှစ်တွင် လိုက်ဇစ်မှ ပေါင် ၃၅ သန်းဖြင့် ပြောင်းလာပြီးနောက် လီဗာပူးအတွက် ၁၈၃ ပွဲကစားခဲ့ကာ ပရီးမီးယားလိဂ်ဖလား၊ အက်ဖ်အေဖလားနှင့် လိဂ်ဖလား ၂ လုံး ရရှိခဲ့ပါတယ်။
ဂျိုဆေးမော်ရင်ဟိုအား နည်းပြသစ်အဖြစ် ပြန်လည်ခန့်အပ်ထားတဲ့ ရီးရဲလ်မက်ဒရစ်ဟာ ယခုနွေရာသီတွင် ဘာနာဒိုဆေးလ်ဗားနှင့် မာ့ခ်ကူကူရယ်လာတို့ကိုလည်း ခေါ်ယူအားဖြည့်ထားပြီး ဖြစ်ပါတယ်။