ငှက်က ငှက်သဘာဝအတိုင်း တောင်ပံဖြန့်ပြီး ပျံတယ်။
နေရောင်က သူ့လုပ်နေကျအတိုင်း အလင်းရောင်ပေးတယ်။
ဓာတ်ပုံဆရာက သူ ရိုက်စရာရှိတယ်။
အားလုံးဆက်စပ်မိသွားတဲ့အချိန်မှာတော့ ရွှေရောင်တောင်ပံတွေနဲ့ လေထဲပျံနေတဲ့ ငှက်ပုံတပုံရတယ်။
ဖန်တီးယူလို့မရဘူး။ လုပ်ယူလို့မရဘူး။ အချိန်ရယ်၊ ပေးထားချက်ရယ်၊ သဘာဝတရားရယ်၊ ဓာတ်ပုံရအောင် ရိုက်ခွင့်ရယ်။ စက္ကန့်ပိုင်းလေးအတွင်းမှာ အားလုံး နေသားတကျလေးနဲ့ ရိုက်ခွင့်ရလိုက်ဖို့ပဲ။

image

ဝက်သားချဉ်စပ် Soup

ဝက်သားများကို သကြား ဆား အရသာမှုန့် ဂျင်း ရေ ထည့်ပြီး နူးသည်အထိပြုတ်။ နူးပြီဆိုမှ စားနိုင်သလောက် ရေအနည်းငယ်ထက်ထည့်။ အပေါ်ကဝေ့တက်လာတဲ့အမဲဖတ်တွေဖယ်ထုပ်ပစ်ပါ။ ရှောက်ရွက် ကြက်သွန်မြိတ် ငရုတ်သီးစ်ိမ်း ခရမ်းချဉ်သီးစိတ် နံနံပင် ညှပ်ထည့်။ ငရုတ်ကောင်းမှုန့်လေးဖြူးပြီး ရှုးရှဲစားလို့ရပါပြီနော်။ ရှယ်ဘဲ။

image

ဘာကြောင့် ကျနော်တို့ common kingfisher ကို အမြဲတမ်း ဓာတ်ပုံရိုက်ဖို့ ကြိုးစားကျတာလည်းဆိုတော့ သူ့ရဲ့ အရောင်အသွေးလှပမှုအပြင် ကျွမ်းကျွမ်းကျင်ကျင်နဲ့ငါးဖမ်းတဲ့ သူ့ရဲ့ စကေးလ်ကိုလည်း ကြိုက်လို့ပါ။
ဒီပုံထဲမှာပါတဲ့ မောင်ကင်း လှ မလှ ဆိုတာ ကြည့်ရှုသူတွေပဲဆုံးဖြတ်ကြပါ။ 😊

image

image

အမေရိကန်အစိုးရ ပိတ်သိမ်းထားမှု အဆုံးသတ်စေမယ့် ဥပေဒကြမ်း အထက်လွှတ်တော် အတည်ပြုပြီ

အမေရိကန် အထက်လွှတ်တော်ဟာ သမိုင်းတလျှောက် အကြာဆုံး အစိုးရပိတ်သိမ်းမှုကို အဆုံးသတ်စေနိုင်တဲ့ အရေကြီးတဲ့ ဘဏ္ဍာရေးဥပ‌ဒေကြမ်းတရပ်ကို အတည်ပြုလိုက်ပါတယ်။
တနင်္လာနေ့ညနေပိုင်းက ပြုလုပ်ခဲ့တဲ့ မဲခွဲဆုံးဖြတ်မှုမှာ ထောက်ခံမဲ ၆၀ ၊ ကန့်ကွက်မဲ ၄၀ နဲ့ အတည်ပြုလိုက်တာဖြစ်ပြီး ရီပါပလီကန်အမတ်တွေနဲ့အတူ ဒီမိုကရက်တစ်ပါတီမှ နိုင်ငံရေးသဘောထား ကွဲလွဲခဲ့တဲ့ အမတ် ရှစ်ယောက်တို့ကလည်း ထောက်ခံမဲပေးခဲ့ကြပါတယ်။
သဘောတူညီချက်အရ ဇန်နဝါရီလကုန်အထိ အစိုးရလုပ်ငန်းများတွေအတွက် ရန်ပုံငွေထောက်ပံ့သွားမှာ ဖြစ်ပါတယ်။ သဘောတူညီချက်ကို သမ္မတထရန့်က လက်မှတ်ရေးထိုးနိုင်ဖို့အတွက် အောက်လွှတ်တော်က ဥပဒကြေမ်းကို အတည်ပြုရဦးမှာဖြစ်ပါတယ်။
ဒီမိုကရက်တစ်အမတ် ရှစ်ယောက်က ရီပါပလီကန်များဘက်မှ ပါဝင်ပြီး အစိုးရဝန်ထမ်းတွေ အလုပ်ပြန်လုပ်နိုင်ဖို့နဲ့ အရေးကြီးဝန်ဆောင်မှုတွေ ပြန်လည်စတင်နိုင်ဖို့ ညှိနှိုင်းမှုပြီးနောက် သဘောတူညီချက်အတွက် နီးစပ်ခဲ့တာဖြစ်ပါတယ်။
ကင်တပ်ကီပြည်နယ်မှ ရီပါဘလီကန်အမတ် ရန်ဒ်ပေါလ် တယောက်ကတော့ ဒီမိုကရက်တစ်အများစုနဲ့ အတူ ဥပဒေကြမ်းကို ကန့်ကွက်မဲပေးခဲ့ပါတယ်။ ဥပဒေကြမ်း ရေးဆွဲရာမှာ အဓိကအခန်းကဏ္ဍမှပါဝင်ခဲ့တဲ့ ရီပါပလီကန်ဆီးနိတ်အမတ် ဆူဇန်ကော်လင်းက "ကျွန်မတို့အစိုးရကို ပြန်ဖွင့်တော့မယ်။ ဗဟိုအစိုးရဝန်ထမ်းတွေ သူတို့ရသင့်ရထိုက်တဲ့ လစာတွေကို ရရှိစေမှာဖြစ်ပါတယ်" လို့ ပြောပါတယ်။
ရက်ပေါင်း ၄၁ ကြာမြင့်ခဲ့ပြီး လေကြောင်းခရီးစဉ်များစွာ နှောင့်နှေးစေကာ ဝန်ထမ်းထောင်ချီကို လုပ်ငန်းခွင် ခေတ္တရပ်ဆိုင်းထားရပြီး လူသန်းပေါင်းများစွာ အရေးကြီးစားနပ်ရိက္ခာအကူအညီတွေ ဆုံးရှုံးမယ့် အခြအနေနဲ့ ရင်ဆိုင်စေခဲ့ရပါတယ်။
ဥပဒေကြမ်းကို ရီပါပလီကန်တွေကြီးစိုးထားတဲ့ အောက်လွှတ်တော်က ဗုဒ္ဓဟူးနေ့မှာ စတင်ဆွေးနွေးမှာဖြစ်ပြီး လုပ်ငန်းစဉ်ဘယ်လောက်ကြာမယ်ဆိုတော့ ရှင်းလင်းစွာ မသိရသေးပါဘူး။ အောက်လွှတ်တော်မှာ ရီပါပလီကန်ကြီးစိုးတယ်ဆိုပေမယ်ံ့ အမတ်နေရာနှစ်နေရာပဲ သာလွန်နေတာကြောင့် မဲတမဲဆီတိုင်းက အရေးပါနေပါတယ်။

image

ဆိပ်ဖြူက တံတားအင်ဂျင်နီယာတယောက် လက်နက်ကိုင်အဖွဲ့ ဖမ်းခံရပြီး ငါးရက်ကြာတဲ့အထိ အဆက်အသွယ် ပြတ်နေ

မကွေးတိုင်း ၊ ဆိပ်ဖြူမြို့နယ် တံတားဦးစီးဌာန၊ တံတားအထူးအဖွဲ့(၅)မှ အငယ်တန်း အင်ဂျင်နီယာ တယောက် ကျောက်ပန်းတောင်း မြို့နယ်ဘက်မှာ လက်နက်ကိုင်အဖွဲ့ တခုရဲ့ ဖမ်းဆီးခြင်း ခံရပြီးနောက် ငါးရက်ကြာတဲ့အထိ အဆက်အသွယ် ပြတ်နေတယ် လို့သိရပါတယ်။
" ဘယ်အဖွဲ့က ဖမ်းတယ်ဆိုတာတော့ မသိရသေးဘူး ။ ရဲတပ်ဖွဲ့ နဲ့ တပ် ဘက်ကတော့ လိုက် စုံစမ်း ရှာနေပါတယ် ။ ခုထိတော့ အဆက်အသွယ်မရသေးဘူး သိရတယ် ။ " လို့ လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူ ကပြောပါတယ်။
ဖမ်းဆီးခံရသူကတော့ အငယ်တန်းအင်ဂျင်နီယာ ၁ (မြို့ပြ) ဦးဇော်လင်း ဆိုသူ ဖြစ်ပြီး နိုဝင်ဘာလ ၆ ရက်နေ့က တောင်သာမြို့နယ် ဝဲလောင်ရွာကို သွားရောက်ချိန် ကျောက်ပန်းတောင်းမြို့နယ်ထဲမှာ ဖမ်းဆီးခံလိုက်ရတာ ဖြစ်တယ်လို့ သိရပါတယ် ။
" ဝဲလောင်မှာ သူ့မိဘတွေရှိတယ် ။ အဲဒီကို သွားတာမှာ လမ်းမှာ အဖမ်းခံလိုက်ရတာ လို့သိရတယ်။ သူသွားမှာကို ကြိုသိလို့ သတင်းပေးလို့ ဖမ်းခံရတာ မျိုးလို့ ထင်မိတယ်။ ဘယ်လိုကြောင့် ဖမ်းလဲတော့ ကျွန်တော်တို့ လည်းသေချာမသိဘူး ။ ဝန်ထမ်းတွေ ခရီးသွားရမှာ တောင်မလုံခြုံတော့ဘူး ။ " လို့ ဆိပ်ဖြူက အစိုးရဝန်ထမ်းတယောက် ကပြောပါတယ်။
နိုဝင်ဘာလ ၅ ရက်နေ့ကလည်း မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ် မုန်းဇလဲကျေးရွာက မိသားစုလိုက်ဖြစ်တဲ့ ဦးအောင်ခင်ညွန့်နဲ့ ဇနီးဖြစ်သူ ဒေါ်ဇင်မို့မို့ထွန်း၊ သားဖြစ်သူ မောင်မြတ်ဘုန်းခန့်(၁၂ နှစ်)၊ ဦးဇော်ဝင်းမောင်နဲ့ ဇနီးဖြစ်သူ ဒေါ်သန်းသန်းမူ၊ ဦးခင်မောင်အေး နဲ့ညီမဖြစ်သူဒေါ်နှင်းရီ၊ ဒေါ်ခင်ပို တို့ ရှစ် ယောက်ကို လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးခံရပြီး ပြန်မလွတ်လာသေးဘူး လို့သိရပါတယ်။
မကွေးတိုင်း၊ စလင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ အဖွဲ့ဝင် ဦးသက်ဝေထွန်းဆိုသူလည်း အောက်တိုဘာ ၃၁ ရက်နေ့က စလင်းမြို့နယ်ကနေ ဆင်ဖြူကျွန်းမြို့ကို ဆိုင်ကယ် နဲ့ တယောက်တည်း သွားစဥ် လက်နက်ကိုင်အဖွဲ့တခုရဲ့ ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။
ဒီရက်ပိုင်းအတွင်းမှာ မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်ထွေအုပ် ရုံးအကူဝန်ထမ်း ဖြစ်တဲ့ ကိုအောင်ဇော်မိုးဆိုသူလည်း ရွှေဘိုတက္ကသိုလ်မှာ အဝေးသင်တက်ရောက်ဖို့သွားစဉ် မုံရွာမြို့အနီးမှာ လက်နက်ကိုင်အဖွဲ့တခုရဲ့ ဖမ်းဆီးခြင်း ခံခဲ့ရမှု ရှိထားတယ်လို့ သိရပါတယ်။
အလားတူ မန္တလေးတိုင်း၊ တောင်သာမြို့နယ်မှာ တာဝန်ကျနေတဲ့ ရဲတပ်သား စိုင်းခွန်ကျော်ရဲ့ဇနီးဖြစ်သူ ဒေါ်အေးအေးခိုင် နဲ့ သားဖြစ်သူ အသက် ၁၀ နှစ်အရွယ် မောင်စိုင်းကိုကို၊ သမီးဖြစ်သူ အသက်ကိုးလအရွယ် မနန်းရွှေပိုးဖြူသန့် တို့ကိုလည်း မလှိုင်မြို့မဈေးမှာ ဈေးဝယ်နေစဉ် လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးမှု ဖြစ်ပွားခဲ့ တယ်လို့ သိရပါတယ်။

image

ဧရာဝတီတိုင်းထဲက စစ်ဘေးရှောင်​တွေ အရေးပေါ် အကူအညီလိုအပ်နေ

ဧရာဝတီတိုင်းထဲက စစ်ဘေးရှောင်​တွေဟာ စားနပ်ရိက္ခာတွေနဲ့ ဆောင်းကာလအသုံးအဆောင်တွေအရေးပေါ် အကူအညီလိုအပ်နေတယ်လို့ စစ်ရှောင်အရေးကူညီပေးနေတဲ့ အဖွဲ့အစည်းတွေဆီကသိရပါတယ်။
''တချို့စစ်ရှောင်တွေက မြို့ပေါ်ကမိသားစုတွေဆီမှာနေတယ်။ တချို့စစ်ရှောင်တွေက​တော့ သူ့တို့အစီအစဉ်နဲ့သူတို့ တောတောင်တွေထဲမှာနေတယ်။တချို့ကလည်းဘုန်းကြီးကျောင်းတွေမှာနေတယ်။ အခုအကူအညီလိုအပ်နေတာက
တောတောင်တွေထဲမှာနေတဲ့ စစ်ရှောင်တွေနဲ့ဘုန်းကြီး ကျောင်းတွေမှာနေတဲ့စစ်ရှောင်တွေပါ။စားစရာအပြင် ဆောင်းတွင်းဝတ် အဝတ်အထည်တွေပါ လိုအပ်နေတာ။ စစ်ရှောင်နေရတဲ့ ကာလလည်း ကြာလာတာနဲ့ လှူတန်းတဲ့သူ မရှိတော့စစ်ဘေးရှောင်တွေတော်တော် ခက်ခဲနေတာ" 'လို့ စစ်ရှောင်အရေး ကူညီပေးနေသူကပြောပါတယ်။
အဲ့ဒီ စစ်ဘေးရှောင်တွေဟာ ရခိုင်ပြည်နယ် ၊ သံတွဲ ၊ အမ်းနဲ့ ဂွမြို့နယ်တွေကထွက်ပြေးလာကြတဲ့စစ်ဘေးရှောင်တွေအပြင် ဧရာဝတီတိုင်းထဲက လေးမျက်နှာ ၊ ရေကြည် ၊ ကျုံပျော် ၊ အင်္ဂပူ ၊ ငါးသိုင်းချောင်း ၊ သာပေါင်းစတဲ့ ဒေသ တွေကတိုက်ပွဲတွေကြောင့် စစ်ရှောင်နေရတဲ့သူတွေဖြစ်ပြီး စစ်ဘေးရှောင်ဦးရေ သောင်းဂဏန်းအထိရှိတယ်လို့ သိရပါတယ်။
''လက်ရှိ အချိန်အထိတိုက်ပွဲရှိနေတော့ စစ်ရှောင်တွေက ထပ်ထပ်တိုးလာနေတာ။ လေးမျက်နှာနဲ့ အင်္ဂပူမြို့နယ်က စစ်ရှောင်တွေဆိုကွင်းကောက်မြို့ဘက်မှာလာရှောင်နေတယ်။ တချို့တွေက လေးမျက်နှာမြို့နယ်၊ ကွင်းကြီးအုပ်စု၊ လဲခုံကြီးကျေးရွာချောင်းဘေး သဲခုံမှာသူတို့အစီအစဉ်နဲ့ သူတို့တဲထိုးနေကြတယ်။ အဓိက စား​သောက်စရာ​တွေလိုနေတာ''လို့ ဒေသခံတယောက်က ပြောပါတယ်။
အဲ့ဒီစစ်ရှောင်တွေဟာ ၂၀၂၅ခုနှစ် ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလကတည်းက စစ်ဘေးရှောင်နေရတဲ့သူတွေပါသလို လတ်တလော တိုက်ပွဲတွေကြောင့်ထွက်ပြေးလာသူတွေ လည်းပါပြီး ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေနဲ့ ကိုယ်ဝန်ဆောင် မိခင်တွေလည်းပါတယ်လို့ သိရပါတယ်။
ဒါ့အပြင် ၂၀၂၅ ခုနှစ် စက်တင်ဘာလနဲ့ အောက်တိုဘာလ အတွင်း ထပ်တိုးစစ်ရှောင်တွေထဲမှာ ဘယ်အဖွဲ့ကထောင်ထားမှန်းမသိတဲ့ မိုင်းထိ ဒဏ်ရာရရှိထားသူတွေ ၊လက် နက်ကြီး ကျည်ထိမှန်ထားသူတွေနဲ့လေကြောင်းတိုက် ခိုက်မှုကြောင့် ဒဏ်ရာရရှိထားသူတွေလည်းရှိတယ်လို့ သိရပါတယ်။
ဧရာဝတီတိုင်းထဲမှာ လတ်တလောအနေနဲ့ လေးမျက်နှာမြို့နယ် အစပ်က စက်စက်ယိုရွာနဲ့ နဂါးရစ်တောင်အကြား မှာရှိတဲ့ တိုက်ပွဲဖြစ်ပွားနေပြီး လေကြောင်းတိုက်ခိုက်မှုဖြစ် ပွားခဲ့တာကြောင့်လူသေဆုံး၊ ထိခိုက်မှုတွေဖြစ်တဲ့အခြေ အနေအထိရှိတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
ဒါ့အပြင် အင်္ဂပူနဲ့ သာပေါင်း ရခိုင်ရိုးမအစပ်က ကျေး ရွာတွေမှာ စစ်ကြောင်းထိုးနေတဲ့ အစိုးရတပ်နဲ့ ဒေသတွေ လက်နက်ကိုင်အဖွဲ့တွေ မကြာခဏတိုက်ပွဲဖြစ်ပွားတာတွေ ရှိတယ်လို့ အခြေအနေကို သိရှိတဲ့ ဒေသခံတွေဆီက သိရပါတယ်။
အစိုးရတပ်အနေနဲ့ ရေကြည်မြို့နယ်ထဲက ရေနံ့သာဂိတ် ကနေ ဆန်၊ စက်သုံးဆီ၊ ဆေးဝါးနဲ့ လျှပ်စစ်ပစ္စည်းတွေ အပါအဝင် ကုန်နဲ့လူအဝင်အထွက်ကိုကန့်သတ် စစ်ဆေးနေသလို လုံခြုံရေးအတွက် ငါးသိုင်းချောင်း အမြောက်တပ် အမတ - ၃၄၄ နဲ့ ကုန်းပြင်တိုက်နယ်ကျေးရွာအုပ်စုတွေ ဘက်မှာလည်း မြို့အတွင်း အဝင်အထွက်ကိုတားဆီး စစ်ဆေးနေပြီ မသင်္ကာဖွယ်တွေ့ရှိပါက ဝင်ထွက်ခွင့်ပိတ်ပင်တာတွေ တင်းတင်းကျပ်ကျပ်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

image

အိုင်အက်စ် ချေမှုန်းရေးအတွက် အမေရိကန်ဦးဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့နဲ့ ဆီးရီးယား ပူးပေါင်းမယ်

ဆီးရီးယားနိုင်ငံဟာ အိုင်အက်စ်အဖွဲ့ကို ချေမှုန်းရေးအတွက် အမေရိကန်ဦးဆောင်တဲ့ နိုင်ငံတကာ ညွန့်ပေါင်းအဖွဲ့နဲ့ ပူးပေါင်းမှာဖြစ်ပြီး ဒါလိုပါဝင်ခွင့်ပြုလိုက်တာဟာ အရှေ့အလယ်ပိုင်းမှာ အမေရိကန်နိုင်ငံခြားရေးမူဝါဒ အပြောင်းအလဲတခု ဖြစ်ကြောင်း အစိုးရထိပ်တန်းတာဝန်ရှိသူက ပြောပါတယ်။
သမ္မတဒေါ်နယ်ထရန့်ဟာ အိမ်ဖြူတော်မှာ ဆီးရီးယားသမ္မတ အာမက်အယ်လ်ရှာရာနဲ့ တွေ့ဆုံပြီးနောက် ဒီကြေညာချက် ထွက်ပေါ်လာတာဖြစ်ပြီး သမိုင်းမှာ ဆီးရီးယားခေါင်းဆောင် တယောက် အိမ်ဖြူတော်ကို ပထမဆုံးလာရောက်မှုလည်း ဖြစ်ပါတယ်။
ဆီးရီးယား သမ္မတ အယ်လ်ရှာရာက ဒီခရီးစဉ်ဟာ အမေရိကန်နဲ့ ပူးပေါင်းဆောင်ရွက်မယ့် ခေတ်သစ်ရဲ့ အစဖြစ်တယ်လို့ Fox သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောပါတယ်။ မကြာသေးမီကအထိ အမေရိကန်အစိုးရက အကြမ်းဖက်သမားအဖြစ် သတ်မှတ်ခံခဲ့ရတဲ့ အယ်လ်ရှာရာအပေါ် သမ္မတထရန့်က ထောက်ခံမှုတွေ ပြသခဲ့ပါတယ်။
ဆီးရီးယားဟာ လက်ရှိသဘောတူညီချက်အရ အိုင်အက်စ်အဖွဲ့နဲ့ ဆက်နွယ်နေတဲ့ အဖွဲ့တွေကို နှိမ်နင်းဖို့နဲ့ အရှေ့အလယ်ပိုင်းကို ပြည်ပစစ်သွေးကြွတွေ ဝင်ရောက်မှုကို တားဆီးရေး ရည်ရွယ်တဲ့ ကမ္ဘာလုံးဆိုင်ရာမဟာမိတ်အဖွဲ့မှာ ပါဝင်တဲ့ ၉၀ ခုမြောက်နိုင်ငံ ဖြစ်လာတော့မှာပါ။
အမေရိကန်ဘဏ္ဍာရေးဌာနဟာ နိုင်ငံခြားရေးဌာန၊ ကူးသန်းရောင်းဝယ်ရေးဌာနတွေနဲ့အတူ ဆီးရီးယားအပေါ် စီးပွားရေးကန့်သတ်ချက်တွေကို ရုပ်သိမ်းဖိုနဲ ရင်းနှီးမြှုပ်နှံမှုတွေ ခွင့်ပြုမယ့် အစီအမံအသစ်တွေကို ကြေညာမယ်လို့ သမ္မတနှစ်ယောက် ထိပ်သီးဆွေးနွေးပွဲအပြီးမှာ တာဝန်ရှိသူတွေက ပြောပါတယ်။
ဆီးရီးယားကို အလွန်အောင်မြင်တဲ့ နိုင်ငံဖြစ်လာစေချင်တယ်လို့ ထရန့်က ထိပ်သီးဆွေးနွေးအပြီးမှာဆိုပါတယ်။ လက်ရှိဆီးရီးယားခေါင်းဆောင်ဟာ ဒါကိုအကောင်အထည်ဖော်နိုင်မယ်ထင်တယ်လို့လည်း သူက ပြောပါတယ်။ ဆီးရီးယားနဲ့ အမေရိကန်အကြား ၂၀၁၂ ခုနှစ်မှာ သံတမန်ဆက်ဆံရေး ဖြတ်တောက်ခဲ့ပေမယ့် ယခုအခါမှာတော့ ဝါရှင်တန်မှာ ဆီးရီးယားသံရုံး ပြန်လည်ဖွင့်လှစ်ခွင့် ပြုတော့မှာ ဖြစ်ပါတယ်။

image

ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး စင်္ကာပူသို့လာရောက်လည်ပတ်မည်

ကမ္ဘောဒီးယား ဒုတိယဝန်ကြီးချုပ် နိုင်ငံခြားရေး ၀န်ကြီး ပါ့ခ် ဆို့ခွန် သည် စင်ကာပူနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး ဒေါက်တာ ဗီဗီယန် ဘလာခရစ်နန် ၏ ဖိတ်ကြားချက်အရ နိုဝင်ဘာလ ၁၂ ရက် နေ့မှ ၁၃ ရက် နေ့အထိ စင်ကာပူနိုင်ငံသို့ သွားရောက်မည်ဖြစ်သည်။
၎င်း၏ ခရီးစဉ်အတွင်း ဆို့ခွန်သည် စင်္ကာပူ ဝန်ကြီးချုပ် လောရင့် ဝေါင် နှင့် တွေ့ဆုံမည်ဖြစ်သည်။
ကမ္ဘောဒီးယားနှင့် စင်္ကာပူတို့အကြား အလားအလာရှိသော ကဏ္ဍအသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုခိုင်မာလာစေရန်နှင့် ကမ္ဘောဒီးယားနှင့် စင်ကာပူနိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ရန် ဒေါက်တာ ဘာလာခရစ်နန်နှင့်လည်း နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးမည်ဖြစ်သည်။
ဤတရားဝင်ခရီးစဉ်သည် နှစ်နိုင်ငံအကြား ခိုင်မာပြီး ရေရှည်တည်မြဲသော ချစ်ကြည်ရင်းနှီးမှုနှင့် အပြန်အလှန်အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုကို ထပ်လောင်းအတည်ပြုပြီး ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် သာယာဝပြောရေးတို့အတွက် မိတ်ဖက်ဆက်ဆံရေးကို မြှင့်တင်ရန် ၎င်းတို့၏ တူညီသောကတိကဝတ်ကို ထင်ဟပ်စေပါသည်။
ယခုနှစ်တွင် ကမ္ဘောဒီးယားနှင့် စင်ကာပူတို့ သံတမန်ဆက်ဆံရေး နှစ် ၆၀ ပြည့် အထိမ်းအမှတ်အဖြစ် ကမ္ဘောဒီးယားနှင့် စင်ကာပူနိုင်ငံတို့၏ ခရီးစဉ်သည် အထူးအရေးကြီးပါသည်။

image

မြို့တော်‌ဒေလီမှာ လေထုညစ်ညမ်းမှု ကိုင်တွယ်ဖြေရှင်းဖို့ လူရာပေါင်းများစွာ ဆန္ဒပြ

အိန္ဒိယနိုင်ငံ မြို့တော်‌ဒေလီနဲ့ အနီးတစ်ဝိုက်ရှိ လေထုအရည်အသွေး ဆက်လက်ဆိုးရွားလာနေချိန်မှာ ဒီကိစ္စကို အစိုးရအနေနဲ့ ကိုင်တွယ်ဖြေရှင်းဖို့ ဒေလီမြို့ရှိ လူရာပေါင်းများစွာဟာ တနင်္ဂနွေနေ့မှာ လမ်းပေါ်ထွက်ဆန္ဒပြခဲ့ကြပါတယ်။
အစိုးရအနေနဲ့ ဆိုးရွားပြင်းထန်တဲ့ အဆင့်ကို ရောက်ရှိနေတဲ့ လေထုညစ်ညမ်းမှုကို ထိန်းချုပ်ဖို့ ကလေးတွေအပါအဝင် အရွယ်စုံလူတွေဟာ ဆိုင်းဘုတ်တွေကိုင်ဆောင်ကာ ကြွေးကြော်သံတွေနဲ့အတူ တောင်းဆိုခဲ့ကြပါတယ်။
မြို့ အထင်ကရနေရာတခုမှာတော့ င် ဆန္ဒပြသူတွေ စုဝေးခွင့်မရှိတာကြောင့် ရဲတပ်ဖွဲ့ဟာ လူ ၈၀ ခန့်ကို ခေတ္တဖမ်းဆီးခဲ့ပါတယ်။ လေထုညစ်ညမ်းမှုဟာ အိန္ဒိယမြောက်ပိုင်း အထူးသဖြင့် ဆောင်းရာသီတွေမှာ ပြန်လည်ဖြစ်ပွားနေတဲ့ ပြဿနာတခုဖြစ်ပါတယ်။
မနေ့က ဆန္ဒပြပွဲဟာ ဒီပြဿနာနဲ့ပတ်သက်ပြီး နှစ်များစွာအတွင်း ပထမဆုံး ဆန္ဒပြမှု အကြီးအကျယ် လုပ်ဆောင်တာလည်း ဖြစ်ပါတယ်။ "ကျတော်တို့ရဲ့ အဆုတ်တွေ ပျက်စီးနေပါတယ်။ အစိုးရအနေနဲ့ ဖြေရှင်းချက်မတွေ့မချင်း ကျန်းမာရေးအရေးပေါ်အခြေအနေ ကြေညာသင့်တယ်" လို့ ဆန္ဒပြသူတယောက်က PTI သတင်းဌာနသို့ ပြောပါတယ်။
ဒေလီနဲ့ ဆင်ခြေဖုံး‌ဒေသတွေရှိ လေထုအရည်အသွေးဟာ ယာဉ်တွေကနေ ထုတ်လွှတ်တဲ့ ဓာတ်ငွေ့တွေ၊ ဖုန်မှုန့်တွေနဲ့ စက်မှုလုပ်ငန်းမှညစ်ညမ်းပစ္စည်းတွေကြောင့် တနှစ်တာပတ်လုံး အရည်အသွေးကျဆင်းနေသည်။
ဒါအပြင် အိမ်နီးချင်းပြည်နယ်တွေရှိ လယ်သမားတွေကလည်း သီးနှံအကြွင်းအကျံတွေကို မီးရှို့တာ၊ လေတိုက်နှုန်းနည်းတာကြောင့် ညစ်ညမ်းလေထုဟာ မြေပြင်အနီးတည်ရှိနေတာတွေကြောင့် ဆောင်းရာသီမှာ ဒီပြဿနာ ပိုမိုဆိုးရွားလေ့ရှိပါတယ်။

image