21 w - Translate

Global Carsharing Insurance Market Set for Strong Growth Through 2035

The global Carsharing Insurance market is witnessing rapid growth as the shared mobility sector expands worldwide. Carsharing insurance provides tailored coverage for short-term vehicle rentals, protecting both providers and users while accommodating flexible usage patterns. With urbanization, increased adoption of shared mobility services, and evolving insurance models, carsharing insurance is emerging as a key component of the modern automotive and insurance ecosystem.

Read Full Research Study: https://marketintelo.com/repor....t/carsharing-insuran

Carsharing Insurance Market Research Report 2033
marketintelo.com

Carsharing Insurance Market Research Report 2033

As per our latest market intelligence, the Global Carsharing Insurance market size was valued at $2.1 billion in 2024, and is forecasted to hit $7.6 billion by 2033, growing at a robust CAGR of 15.2%.

မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင် ဖြေဆိုပူဇော်ပွဲ စာဖြေရက်ကြေညာ

မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင်အဖွဲ့ တေရသမ (၁၃)ကြိမ်မြောက်သုတစုံလင်ဗုဒ္ဓဝင် ဖြေဆိုပူဇော်ပွဲ ကျောင်းစာဖြေဌာနများ၏ မူလတန်းနှင့် အလယ်တန်းအတွက် စာဖြေဆိုရက်ကို ယခင်သတ်မှတ်ထားသည့် ၃-၁-၂၀၂၆ ရက်ကို ပယ်ဖျက်၍၁၀-၁-၂၀၂၆ ရက် နံနက် ၉ နာရီတွင် ပြောင်းလဲကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သို့ဖြစ်ရာ ဖြေဆိုမည့် ကျောင်းသား၊ကျောင်းသူများ စာရင်းဖြည့်သွင်းရန် Google Form Link အား စာသင်ကျောင်းများစုံညီ Viber Group မှတစ်ဆင့် ဖြန့်ဝေသွားမည်ဖြစ်ပြီး ဖြေဆိုကျောင်းသား၊ ကျောင်းသူာရင်းများကို ၂၈-၁၂-၂၀၂၅ ရက်အထိ နောက်ဆုံးထား၍ လက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
အလားတူ ဗုဒ္ဓဝံသဒီပလိုမာတန်းကို အောင်မြင်ပြီးမြောက်သူများအနေဖြင့် ဆက်လက်ဖြေဆို ပူဇော်ရမည့် ပထမအကြိမ် အဆင့်မြင့် ဗုဒ္ဓဝံသဒီပလိုမာတန်းကို ရဟန်း၊ ရှင်သာမဏေ၊ သီလရှင်၊ လူပုဂ္ဂိုလ်များသည် လာမည့်ဒီဇင်ဘာ ၁၄ ရက်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖြေဆိုပူဇော်ကြမည်ဖြစ်သည်။
အဆင့်မြင့် ဗုဒ္ဓဝံသဒီပလိုမာတန်း (၁/၂၀၂၅)ကို ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်ရှိ ဇမ္ဗူသီရိ ဗိမာန်တော်နှင့် ပဲခူးတိုင်းဒေသကြီးဒိုက်ဦးမြို့နယ် သံတံတားရပ်ကွက်ရှိ မဟာဝိဇိတာရာမ အလံပြကျောင်း စသည့်စာဖြေဌာနတို့တွင် ဖြေဆိုရမည်ဖြစ်သည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင်အဖွဲ့(ဗဟို) စာမေးပွဲ ဦးဆောင်ကျင်းပရေးကော်မတီက ထုတ်ပြန်သည့်စာရင်းအရ ရန်ကုန်တိုင်းဒေသကြီး စာဖြေ ဌာနတွင် ၁၅၃ ဦး၊ ပဲခူးတိုင်းဒေသကြီး
ဒိုက်ဦးမြို့ စာဖြေဌာနတွင် ၆၁ ဦးဖြစ်ကြောင်း သိရသည်။

image

တရုတ်တိုက်လေယာဉ်များ ဒုံးပစ်လွှတ်မှုထိန်းချုပ်ရေးရေဒါဖြင့် ဂျပန်တိုက်လေယာဉ်များကို ချိန်ရွယ်

ဂျပန်နိုင်ငံ အိုကီနာဝါကျွန်းစုအနီး ပေါ်ပေါက်ခဲ့သော ဖြစ်စဉ်နှစ်ခု၌ တရုတ်တိုက်လေယာဉ်များက ဂျပန်တိုက်လေယာဉ်များကို ဒုံးကျည်ပစ်လွှတ်မှု ထိန်းချုပ်ရေး ရေဒါစနစ်ဖြင့်ချိန်ရွယ်ခဲ့ကြောင်း ဂျပန် ကာကွယ်ရေးဝန်ကြီး ရှင်ဂျီရိုကိုအိဇူမီက ဒီဇင်ဘာ၇ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။
တရုတ်တိုက်လေယာဉ်များ၏အထက်ပါ လုပ်ရပ်မှာ လွန်စွာအန္တရာယ်များသည်ဖြစ်ရာ ဂျပန်နိုင်ငံအနေဖြင့် တရုတ်အစိုးရထံ ကန့်ကွက်စာပေးပို့ထားကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီးက ပြောကြားခဲ့သည်။
ဒုံးကျည်ပစ်လွှတ်မှု ထိန်းချုပ်ရေး ရေဒါစနစ်ဖြင့် အခြားလေယာဉ်တစ်စင်းကို ချိန်ရွယ်မှုသည် စစ်လေယာဉ်တစ်စင်းက ပြုလုပ်နိုင်သောဘေးအန္တရာယ် အများဆုံး ခြိမ်းခြောက်မှုတစ်မျိုး ဖြစ်သည်။
တရုတ်တိုက်လေယာဉ်များကဂျပန် တိုက်လေယာဉ်များအားဒုံးကျည်ပစ်လွှတ်မှု ထိန်းချုပ်ရေး
ရေဒါစနစ်ဖြင့် ချိန်ရွယ်ခဲ့မှုများသည်ဒီဇင်ဘာ ၆ ရက်တွင် အိုကီနာဝါကျွန်းစုအနီး ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းဂျပန်ကာကွယ်ရေးဝန်ကြီးက ပြောကြားထားသည်။
အထက်ပါဖြစ်စဉ်နှစ်ရပ်စလုံးတွင် ပါဝင်ခဲ့ကြသည့် တရုတ်တိုက်လေယာဉ်များမှာ လျောင်းနင်းလေ
ယာဉ်တင်သင်္ဘောပေါ်မှ ပျံတက်လာသော ဂျေ-၁၅အမျိုးအစား တိုက်လေယာဉ်များဖြစ်ကြောင်း ဂျပန်တာဝန်ရှိသူများ၏ အဆိုအရ သိရသည်။
တရုတ်(တိုင်ပေ)နှင့် ပတ်သက်၍ ဂျပန်ဝန်ကြီးချုပ် ဆာနာအိတာကာအိချီ၏ ပြောကြားချက်များကြောင့်တရုတ်နှင့် ဂျပန် နှစ်နိုင်ငံဆက်ဆံရေးမှာ လက်ရှိတွင် တင်းမာလျက်ရှိသည်။
တရုတ်နိုင်ငံအနေဖြင့် တရုတ်(တိုင်ပေ)ကို စစ်ရေးအရ တိုက်ခိုက်ခဲ့ပါက ဂျပန်နိုင်ငံ၏ စစ်ရေးတုံ့ပြန်မှုနှင့် ရင်ဆိုင်ရနိုင်ကြောင်း ဂျပန်ဝန်ကြီးချုပ်တာကာအိချီက နိုဝင်ဘာ ၇ ရက်တွင်ပြောကြားထားသည်။

image

မုံရွာမြို့ရာကျော်သာစံဆရာတော်ကြီးအန္တိမအဂ္ဂိစျာပနပူဇာကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ သာစံကျောင်းတိုက်၏ ဦးစီးပဓာန နာယက ၊ သက်တော် (၁၀၂)နှစ်၊ ဝါတော် (၈၂) ဝါရှိ ရာကျော် သာစံဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိစျာပနပူဇာကို ဒီဇင်ဘာလ (၇) ရက်၊ မွန်းလွဲ (၂) နာရီခွဲက ကျင်းပခဲ့သည်။
"ဆရာတော်ကြီး ဘဝနတ်ကျောင်း ပြောင်းရွေ့သွားတာ အင်မတန်မှ ဝမ်းနည်းမိတယ်။ ဝမ်းနည်းတဲ့ကြားက လုပ်စရာရှိတာတွေကိုတော့ ပြည့်ပြည့်စုံစုံနဲ့ ဆရာသမားရဲ့ နောက်ဆုံးဆန္ဒကို ဖော်ဆောင်နိုင်တဲ့အတွက် ကျေနပ်ပါတယ်"ဟု သာစံကျောင်း၏ ဒုတိယ ဆရာတော်ဖြစ်လာသည့် ဦးသြသဓကမိန့်ကြားသည်။
ဆရာတော်ကြီး၏ အန္တိမအဂ္ဂိစျာပန ပူဇာအခန်းအနားကို ဒီ ဇင်ဘာ (၆)ရက်နှင့် (၇)ရက်တို့တွင်ကျင်းပရာ သာစံကျောင်းတိုက်အတွင်း ပထမရက် ဒီဇင်ဘာ (၆)ရက် မွန်းတည့် (၁၂) နာရီက ရုပ်ကလာပ်တော် စံကျောင်းချ အခမ်းအနားကျင်းပခဲ့ပြီး ဇင်မာအောင်(အားမာန်သစ်အငြိမ့်) အဖွဲ့က ညနေ(၃) နာရီအထိ ဧယာဥ်ကျူးနှင့် အငြိမ့်ကပြဖျော်ဖြေခဲ့သည်။
စျာပနအခန်းအနားကို ဒီဇင်ဘာ (၇)ရက် ၊ နံနက် (၈)နာရီတွင် ဆရာတော် (၁၀)ပါးပင့်၍ ကျင်းပခဲ့ပြီး နံနက် (၁၀) နာရီအထိ ပင့်သံဃာအပါး (၁၇၀)ကို ဆွမ်းကပ်ကာလှူဖွယ်များဆက်ကပ်လှုဒါန်းခဲ့သည်။
ထိုနောက် နံနက် (၉)နာရီခွဲမှစ၍ မွန်းလွဲ(၂)နာရီအထိ ဇင်မာအောင်(အားမာန်သစ်အငြိမ့်) အဖွဲ့က ဧယာဥ်ကျူးနှင့် အငြိမ့်ကပြဖျော်ဖြေခဲ့သည်။
ဆရာတော်ကြီး ရုပ်ကလာပ်တော်ကို အဂ္ဂိစျာပနကျင်းပရာ ချင်းတွင်းမြစ်သဲသောင်ပြင်သို့ မွန်းလွဲ(၂)နာရီခွဲတွင် စတင်ပင့်ဆောင်ပြီး လောင်တိုက်တည်နေရာမဏ္ဍပ်တွင် ညနေ(၃) နာ ရီခွဲအချိန် မီးပူဇော်ခဲ့ကြသည်။
မနက်ဖြန် ဒီဇင်ဘာလ (၈)ရက် ၊ နံနက် (၇)နာရီခွဲတွင် ဆရာတော်ကြီး၏ အရိုးတော်၊ပြာတော်ကောက်ယူရန် သာစံကျောင်းမှ ထွက်ခွာကြမည်ဖြစ်ပြီး (၈)နာရီတွင် အရိုးတော်ပြာတော်ကောက်ယူကာ ကရဝိတ်ဖောင်တော်ဖြင့် ချင်းတွင်းမြစ်အနောက်ဖက်ကမ်းသို့ ပင့်ဆောင်ကြမည်ဖြစ်သည်။
ထို့နောက် ဆရာတော်ကြီး၏ ဇာတိ မိုးကြိုးပြင်ရွာကျောင်း ဆရာတော်နှင့် တပည့် ဒါယကာ၊ ဒါယိကာမများက ကမ်း နားမှ မိုးကြိုးပြင်ရွာသို့ ပင့်ဆောင်ကြမည် ဖြစ်သည်။

image

မင်းလက်ပံ တိုက်ပွဲကြောင့် မြန်မာ - ထိုင်းနယ်စပ်အခြေအနေက အလွန်စိုးရိမ်ရတဲ့ အခြေအနေဖြစ်နေတယ်လို့ KNU ထုတ်ပြန်အသိပေးလာ

ကရင်ပြည်နယ် ၊ မြဝတီမြို့နယ် ၊ မင်းလက်ပံဘက်မှာ တိုက်ပွဲတွေ ပြင်းထန်လာနေပြီး ထိုင်း နဲ့ မြန်မာ နယ်စပ်က ပြည်သူတွေအတွက် အလွန်စိုးရိမ်ရတဲ့ အခြေအနေကို ရောက်ရှိလာနေတယ်လို့ KNU က ဒီဇင်ဘာ ၆ ရက်မှာ စာထုတ် အသိပေးထားပါတယ်။
မင်းလက်ပံဒေသ တိုက်ပွဲ အခြေအနေကြောင့် ထိုင်းအာဏာပိုင်တွေက လတ်တလောမှာ သောင်ရင်းမြစ် ကမ်းကူးဂိတ်တွေကို ယာယီ ပိတ်ထားသလို မြဝတီ - မင်းလက်ပံ လမ်းကြောလည်း ပိတ်ထားတဲ့အတွက် မင်းလက်ပံဘက်က ကျားဖြန့်နဲ့ ဒေသခံ အချို့ အခက်ကြုံနေကြရတယ်လို့ သိရပါတယ်။
ဒီဇင်ဘာ ၆ ရက်နေ့ ည ၁၀ နာရီလောက်ကလည်း မြဝတီမြို့၊ အမှတ်(၁)ရပ်ကွက်၊ ချစ်ကြည်ရေးတံတားထိပ် (သိန်းသန်းစတိုးအနီး) ဘုရင့်နောင်လမ်း နဲ့ ပတ္တမြား လမ်းထောင့်မှာ ပေါက်ကွဲမှု ဖြစ်ပွါးခဲ့တယ်လို့ သိရပါတယ် ။
" ဟုတ်တယ် ။ ညက ချစ်ကြည်ရေးတံတား ထိပ်မှာ ပေါက်ကွဲမှု ဖြစ်တယ် ။ လူထိခိုက်တာတော့ မရှိဘူး ။ အခုက မင်းလက်ပံဘက်က အခြေအနေကြောင့် ကမ်းကူးဂိတ်လည်း ခုနှစ်ရက်ပိတ်ထားတယ်။ တံတား ၁ ပဲဖွင့်ထားတယ်။ မင်းလက်ပံဘက်က သွားလို့လည်း မရဘူး ။ အခြေအနေတွေ ရှုပ်ထွေးနေတယ် သိရတယ်။ မင်းလက်ပံက မြဝတီကနေ သွားမယ်ဆိုရင် AA ဆိုက် ၊ KK Park တွေ ဖြတ်ပြီးမှ ရောက်တာ ။ မင်းလက်ပံဘက်က ကျားဖြန့်ဆိုက်ကိုလည်း KNU က ဝင်စီးပြီး သိမ်းထားတာရှိတယ် ။ အခြေအနေတွေကတော့ ရှုပ်နေတယ် ။ " လို့ ဒေသခံ စစ်ရေးသတင်း ရင်းမြစ်က ပြောပါတယ်။
ဒီဇင်ဘာ ၆ ရက်နေ့က KNU က ဖမ်းဆီးထိန်းသိမ်းထားတဲ့ Shunda park ငွေလိမ်ဂိုဏ်းဝန်း အတွင်းကို လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ပြီး KNU ရဲ့ မြေပြင်အကဲဖြတ် အဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ KNU ထုတ်ပြန်ချက်အရ သိရပါတယ်။
ဒီဇင်ဘာ ၅ ရက် နေ့ကလည်း ထိုင်းနိုင်ငံ ဘက်ခြမ်းကို လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ပြီး ထိုင်းပြည်သူ အချို့ထိခိုက်ဒဏ်ရာ ရရှိမှု ရှိခဲ့သလို မင်းလက်ပံဒေသမှာလည်း လက်နက်ကြီး ကျရောက်ပေါက်ကွဲမှု ရှိခဲ့တယ်လို့ သိရပါတယ် ။
ဒီဇင်ဘာ ၃ ရက်ကလည်း မင်းလက်ပံတိုက်ပွဲကြောင့် ထိုင်းဘက်ခြမ်းကို လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ပြီး လူနေအိမ် ကိုးလုံး ထိခိုက်ပျက်စီး မှုရှိခဲ့တယ်လို့ သိရပါတယ် ။
အဆိုပါ အခြေအနေတွေကြောင့် လုံခြုံရေးအခြေအနေတွေ ကာကွယ် စောင့်ရှောက်ဖို့အတွက် KNLA ကရင်အမျိုးသား တပ်မတော်ကို KNU က အာဏာအပ်လိုက်ကြောင်း ဖော်ပြထားပါတယ်။
" KNLA ကို အာဏာအပ်လိုက်တယ်ဆိုတော့ ဘာတွေ ဆက်ဖြစ်မလဲ မပြောတတ်ဘူး ။ ထိုင်းကလည်း နောက်တခါ လက်နက်ကြီးကျရင် ပြန်ပြီး တုံ့ပြန်မယ်ဆိုပြီး ပြောနေတယ် ။ နယ်စပ်အခြေအနေက ရှုပ်နေတဲ့သဘောရှိတယ်။ စစ်တပ်ကလည်း ကျားဖြန့်တွေကို ဒီတခါတော့ တကယ်လုပ်နေတဲ့ပုံတွေ့ရတယ်။ အဆောက်အဦ တွေပါ ဖျက်ဆီးနေကြတာ ။ " လို့ သူက ဆက်ပြီး ပြောပါတယ်။
DKBA ထိန်းချုပ်နယ်မြေထဲက မင်းလက်ပံဒေသရှိ shunda park ငွေလိမ်ဂိုဏ်းကိုတော့ နိုဝင်ဘာ ၂၁ ရက်မှာ KNU တပ်က စတင် ထိန်းချုပ်ခဲ့တာဖြစ်ပြီး ဖမ်းဆီးထိန်းသိမ်း ရမိခဲ့တဲ့ ကျားဖြန့်လုပ်သားတွေထဲက ၂၄၀၀ ကျော်ကို ထိုင်းနိုင်ငံကို ပို့ဆောင်ခဲ့တယ်လို့သိရပါတယ်။
လက်ရှိမှာ မင်းလက်ပံဘက် ဒေသကို ထိန်းချုပ်နိုင်ဖို့အတွက် အစိုးရတပ်တွေက မြေပြင်စစ်ကြောင်း ၊ လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်မှု ၊ လေကြောင်း တိုက်ခိုက်မှု သုံးပြီး ထိုးစစ်ဆင် တိုက်ခိုက်နေတာ ဖြစ်တယ်လို့ သိရပါတယ် ။

image

ကမ္ဘာ့အရှည်ကြာဆုံး လေကြောင်းခရီးစဉ်ကို တရုတ် စတင်
----------------------

တရုတ်အခြေစိုက် China Eastern လေကြောင်းလိုင်းဟာ မိုင်ပေါင်း (၁၂,၄၀၀)အကွာအဝေးကို (၂၉)နာရီကြာ ပျံသန်းပြီး ကမ္ဘာ့အရှည်ကြာဆုံး စီးပွားဖြစ် လေယာဥ်ခရီးစဉ်ကို စတင်လိုက်တယ်လို့ Newsweek သတင်းမှာ ဖော်ပြထားပါတယ်။ ဒီဇင်ဘာ(၄)ရက်မှာ တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ကနေ အာဂျင်တီးနားနိုင်ငံ ဗျူနိုအေရီမြို့ကို ပျံသန်းခဲ့တဲ့ ဒီလေယာဥ်ခရီးစဥ်ဟာ ကမ္ဘာ့အရှည်ကြာဆုံးအဖြစ် စံချိန်သစ်တင်ခဲ့တာ ဖြစ်ပါတယ်။
ခရီးစဥ် တစ်လျှောက် လေယာဉ်ဆီဖြည့်ဖို့နဲ့ အမှုထမ်းတွေ အလှည့်ကျ လဲလှယ်ဖို့ နယူးဇီလန်နိုင်ငံ အုတ်ကလန် မြို့မှာ (၂) နာရီကြာ ခေတ္တရပ်နားခဲ့တယ်လို့ သိရပါတယ်။ ရှန်ဟိုင်းကနေ ဗျူနိုအေရီကို ပျံသန်းတဲ့ ခရီးစဥ်ဟာ အချိန်(၂၅) နာရီကျော် ကြာမြင့်ခဲ့ပြီး အပြန်ခရီးစဥ်က (၄)နာရီ ပိုကြာခဲ့ကာ (၂၉)နာရီအထိ ကြာမြင့်ခဲ့တာပါ။ ဒီခရီးစဉ်ကို ကမ္ဘာ့အရှည်ကြာဆုံး လေယာဥ်ခရီးစဥ်အဖြစ် သတ်မှတ်ကြပါတယ်။
China Eastern ရဲ့ ဒီဝန်ဆောင်မှုက အရင် စံချိန်တင်ထားတဲ့ စင်ကာပူလေကြောင်းလိုင်းရဲ့ နယူးယော့ခ်နဲ့ စင်ကာ ပူကြား (၁၉)နာရီကြာ တိုက်ရိုက် လေယာဥ် ခရီးစဉ်ရဲ့ စံချိန်ကို ချိုးဖျက်သွားခဲ့ပါတယ်။ ဩစတြေးလျလေကြောင်း လိုင်း Qantas ကလည်း ဆစ်ဒနီမြို့နဲ့ လန်ဒန်မြို့ကြား (၂၂)နာရီကြာ ပျံသန်းမဲ့ လေယာဥ်ခရီးစဉ်အသစ်ကို ၂၀၂၇ ခုနှစ်မှာ စတင်ဖို့ စီစဉ်နေတယ်လို့ ကြေညာထားပြီး အရှည်ကြာဆုံးလေယာဥ်ခရီးစဉ်ပြိုင်ပွဲတွေ ဆက်ရှိနေမယ်လို့ ယူဆရပါတယ်။

image

ဆီးဂိမ်းပြိုင်ပွဲ၏ ဖိတ်ကြားခံပုဂ္ဂိုလ်ဖြစ်သော ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ထိုင်းနိုင်ငံသို့ထွက်ခွာ

(၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲအား ဖိတ်ကြားခံပုဂ္ဂိုလ်အဖြစ်တက်ရောက်မည့် မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ယနေ့ ဒီဇင်ဘာ ၇ ရက်နေ့လည်ပိုင်းက ရန်ကုန်လေဆိပ်မှတစ်ဆင့် ထိုင်းနိုင်ငံသို့ထွက်ခွာသွားခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်အား ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းအားကစားနှင့်လူငယ်ရေးရာအထောက်အကူပြုလုပ်ငန်းကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကပို့ဆောင်ခဲ့ကြကြောင်း သိရသည်။
ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်နှင့်အတူ ပြန်ကြားရေးဝန်ကြီးဌာန ဒု-ဝန်ကြီး ဦးရဲတင့်၊ ရန်ကုန်တိုင်း လူမှုရေးရာဝန်ကြီးဦးဌေးအောင်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ်ဦးမျိုးကျော်သူနှင့် အဖွဲ့ဝင်များလိုက်ပါသွားခဲ့ကြကြောင်း သိရသည်။

image

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား အကောင်အထည်ဖော်ဆောင်ရွက်နေမှုကိုဆွေးနွေး

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား အကောင်အထည်ဖော်ဆောင်ရွက်နေမှုကို နိုင်ငံတော်ဝန်ကြီးချုပ်ဦးညိုစောနှင့် ထိုင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး H.E.Mr. Sihasakm Phuangketkeow တို့ဆွေးနွေးခဲ့ကြသည်။
နိုင်ငံတော်ဝန်ကြီးချုပ်ဦးညိုစောမှ ထိုင်းနိုင်ငံခြားရေးဝန်ကြီး H.E.Mr. Sihasakm Phuangketkeow အား ယနေ့ ဒီဇင်ဘာ ၇ ရက်မွန်းလွဲပိုင်းက နေပြည်တော်၌လက်ခံတွေ့ဆုံခဲ့သည်။
တွေ့ဆုံစဉ် နှစ်နိုင်ငံကြားချစ်ကြည်ရင်းနှီးမှုနှင့် သံတမန်ဆက်ဆံမှု ပိုမိုတိုးတက်ခိုင်မာစေရေး၊ နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ်ရေး၊ နှစ်နိုင်ငံကုန်သွယ်ရေး၊ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား အကောင်အထည်ဖော်ဆောင်ရွက်မှုများကို ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် မြန်မာနိုင်ငံ၏ လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရန် ဥပဒေနှင့်အညီအလေးထားဆောင်ရွက်နေမှု၊ ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် အ ပြုသဘောဆောင်သော ပူးပေါင်းဆောင်ရွက်မှုများ အရှိန်မြှင့်တင်ဆောင်ရွက်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးချစ်ဆွေ၊ ဒု-ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီးနှင့် အဖွဲ့ဝင်များတက်ရောက်ခဲ့ကြသည်။

image

မြန်မာ-ထိုင်း နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံ

တရားမဝင်ဂိတ်များမှတစ်ဆင့် နယ်စပ်ဖြတ်ကျော် တရားမဝင်ကုန်သွယ်မှုများကြောင့် ဖြစ်ပေါ်သည့် နောက်ဆက်တွဲ ဆိုးကျိုးများနှင့် မတည်ငြိမ်မှုများအား ဆွေးနွေး
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ နှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆီဟဆက်ဖူဝန်ကေ့ကဲ့ဝို့ နှင့် ယနေ့ ဒီဇင်ဘာ(၇)ရက်နေ့ ၌ နေပြည်တော် တွင် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထိုင်းနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် နယ်စပ်ဒေသမှ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများအား မြန်မာအစိုးရက အမြစ်ဖြတ် တိုက်ဖျက်လျက်ရှိရာတွင် မြန်မာနှင့် အိမ်နီးချင်းနိုင်ငံများအကြား ထိရောက်သောပူးပေါင်းဆောင်ရွက်မှု၏ အရေးပါမှုကို ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ကပြောကြားခဲ့သည်။
ထိုနောက် နှစ်နိုင်ငံကိစ္စရပ်များဖြေရှင်းရန်နှင့် အပြန်အလှန်အကျိုးစီးပွားကို မြှင့်တင်ရန် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားမည့် နည်းလမ်းများအား ဆွေးနွေးခဲ့ကြပြီး နှစ်နိုင်ငံသာယာဝပြောရေးအတွက် နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် မြန်မာနိုင်ငံအနေဖြင့် ထိုင်းနိုင်ငံအတွက် အစဉ်တံခါးဖွင့်ထားပါကြောင်း ပြည်ထောင်စုဝန်ကြီး ကပြောကြားခဲ့သည်။
မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့သည် အိမ်နီးချင်းများဖြစ်ကြ ပြီး၊ နှစ်နိုင်ငံအကြား တူညီသောယဉ်ကျေးမှုဓလေ့ထုံးတမ်းများ၊ လူမှုဆက်နွှယ်မှုများနှင့် စီးပွားရေးအရ အခိုင်အမာအပြန်အလှန်အမှီသဟဲပြုမှုတို့ဖြင့် ချည်နှောင်ထားကြောင်း၊ ယင်းဆက်နွယ်မှုများသည် နှစ်နိုင်ငံအကြား မိတ်ဖက်ဆက်ဆံရေးမြှင့်တင်ရန် ခိုင်မာအားကောင်းသည့် အခြေခံ အုတ်မြစ်ဖြစ်ကြောင်း အတည်ပြု ခဲ့ကြသည်။
နှစ်နိုင်ငံနယ်စပ်တစ်လျှောက် တည်ငြိမ်အေးချမ်းရေးနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု ထိန်းသိမ်းရေး၏ အရေးပါမှုကို အလေးပေးဆွေးနွေးခဲ့ကြပြီး ယင်းသည် နှစ်နိုင်ငံ နယ်စပ်နေအသိုက်အဝန်းများ သာယာဝပြောရေးအတွက် မရှိမဖြစ်လိုအပ်ကြောင်း လည်း ပြောကြားဆွေးနွေးခဲ့ခြင်းလည်း ဖြစ်သည်။

image

ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိ

မန္တလေးတိုင်းဒေသကြီး၌ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်‌ရေး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဆင့်ဆင့်နှင့် ပေါင်းစပ်ပြီး လုံခြုံရေးသတိ၊ အသိတို့ဖြင့် စနစ်တကျကြပ်မတ်ဆောင်ရွက်သွားကြရန် တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုးက ပြောသည်။
ယမန်နေ့က မန္တလေးမြို့တွင်ကျင်းပသည့် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
ရွေးကောက်ပွဲအတွက် လိုအပ်သည်များကို အချိန်နှင့်တပြေးညီ ဖြည့်ဆည်းဆောင်ရွက်ပေးနေကြောင်းလည်း ဗိုလ်မှူးကြီးနေလင်းစိုးက ပြောသည်။
လက်ရှိ မဲဆန္ဒရှင်မှန်ကန်စေရေးအတွက် စာရင်းများကို မြို့နယ်များအလိုက် တစ်အိမ်တက်ဆင်း တိုက်ဆိုင်စိစစ်မှုများလုပ်ဆောင်နေပြီး အီလက်ထရောနစ်မဲပေးစက်များကိုလည်း ရွေးကောက်ပွဲကျင်းပမည့် မြို့နယ်များသို့ ပို့ဆောင်ပေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။
ရွေးကောက်ပွဲအပိုင်း (၁) ကျင်းပရန် ရက်ပေါင်း (၂၀) သာ လိုအပ်တော့ကြောင်းလည်း သိရသည်။
ရွေးကောက်ပွဲ အပိုင်း (၁) ကို ဒီဇင်ဘာ (၂၈) ရက်နေ့၌ မြို့နယ် (၁၀၂) မြို့နယ်၌ စတင်ကျင်းပမည်ဖြစ်ပြီး အပိုင်း (၂) ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ (၁၁) ရက်နေ့ မြို့နယ် (၁၀၀) မြို့နယ်တွင် ကျင်းပမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အသိပေးထုတ်ပြန်ထားသည်။

image