ဟော်မုဇ် ရေလက်ကြား ပြန်လည်ဖွင့်လှစ်ပေးရန် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် တိုက်တွန်း

ဟော်မုဇ် ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်ပေးရန် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က တနင်္လာနေ့တွင် တောင်းဆိုလိုက်သည်။
ပင်လယ်ရေကြောင်းနယ်ပယ်အတွင်းရှိ ရေလမ်းကြောင်းများ ဘေးကင်းလုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ လုံခြုံရေးကောင်စီ၏ ပွင့်လင်းမြင်သာသော ဆွေးနွေးပွဲတစ်ခုတွင် သူက "ဟော်မုဇ် ရေလက်ကြားကို ဖြတ်သန်းသွားလာနိုင်တဲ့ ရေကြောင်းသွားလာခွင့်ဆိုင်ရာ အခွင့်အရေးနဲ့ လွတ်လပ်ခွင့်တွေကို လေးစားရပါမယ်။ ဒီမူဝါဒတွေကို အပြည့်အဝနဲ့ နှောင့်နှေးကြန့်ကြာမှုမရှိဘဲ လိုက်နာကြရပါမယ်" ဟု ပြောကြားခဲ့သည်။
ဂူတာရက်စ်က "သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို ကျွန်တော် အယူခံဝင် တောင်းဆိုချင်ပါတယ်။ ရေလက်ကြားကို ဖွင့်ပေးပါ၊ သင်္ဘောတွေကို ဖြတ်သန်းခွင့်ပေးပါ၊ အခွန်အခတွေ မကောက်ခံပါနဲ့၊ ခွဲခြားဆက်ဆံမှုတွေ မလုပ်ပါနဲ့၊ ကုန်သွယ်မှုကို ပြန်လည်စတင်ခွင့်ပေးပြီး ကမ္ဘာ့စီးပွားရေးကို အသက်ရှူချောင်ခွင့် ပေးလိုက်ပါ" ဟု ပြောကြားသည်။
မတ်လအစောပိုင်းကတည်းက ဟော်မုဇ် ရေလက်ကြားမှတစ်ဆင့် သင်္ဘောသွားလာမှုများ ပြတ်တောက်သွားခြင်းသည် ကမ္ဘာ့စွမ်းအင်လုံခြုံရေး၊ စားနပ်ရိက္ခာ ထောက်ပံ့မှုနှင့် ကုန်သွယ်ရေးတို့ကို ထိခိုက်စေခဲ့ကြောင်း သူက ပြောကြားခဲ့သည်။
ဟော်မုဇ် ရေလက်ကြားသည် ကမ္ဘာ့အရေးအပါဆုံး ရေကြောင်းဖြတ်သန်းရာ နေရာတစ်ခုဖြစ်သည်။ ၎င်းသည် ကမ္ဘာ့ရေနံကုန်သွယ်မှု၏ ငါးပုံတစ်ပုံခန့်၊ ကမ္ဘာ့သဘာဝဓာတ်ငွေ့ရည် (LNG) ၏ ငါးပုံတစ်ပုံနှင့် နိုင်ငံတကာတွင် ကုန်သွယ်နေသော မြေသြဇာများ၏ သုံးပုံတစ်ပုံနီးပါးကို သယ်ယူပို့ဆောင်ပေးနေသည့် လမ်းကြောင်းဖြစ်သည်။ ဘေးကင်းပြီး အဟန့်အတားမရှိ ဖြတ်သန်းသွားလာနိုင်ခြင်းသည် စီးပွားရေးအရရော လူသားချင်းစာနာထောက်ထားမှုအရပါ မဖြစ်မနေ လိုအပ်သောအချက်ဖြစ်ကြောင်း ကုလသမဂ္ဂအကြီးအကဲက ပြောသည်။
ဟော်မုဇ် ရေလက်ကြားမှတစ်ဆင့် သင်္ဘောသွားလာမှု ပြတ်တေ-ာက်သွားခြင်းသည် ရုတ်တရက် စီးပွားရေးရို-က်ခတ်မှုကို ဖြစ်ပေါ်စေပြီး လူတိုင်းတွင် ထိခိုက်နစ်နာမှုများ ရှိနေကြောင်း၊ စွမ်းအင်နှင့် ကုန်စည်ဈေးကွက်များအတွင်း ပြင်းထန်သော မတည်ငြိမ်မှုများ၊ သယ်ယူပို့ဆောင်ရေးနှင့် အာမခံစရိတ်များ မြင့်တက်လာမှုများအပြင် ကိုဗစ်-၁၉ နှင့် ယူကရိန်းအကျပ်အတည်းနောက်ပိုင်း အဆိုးရွားဆုံး ထောက်ပံ့ရေးကွင်းဆက် ပြတ်တောက်မှုများ ဖြစ်ပေါ်နေကြောင်း ဂူတာရက်စ်က ဆိုသည်။
"ဒီဖိအားတွေဟာ လောင်စာဆီပြတ်လပ်တာ၊ ကုန်စည်ပြတ်လပ်တာကနေတစ်ဆင့် အစားအစာပြတ်လပ်တဲ့အထိ ဆက်တိုက်ဖြစ်လာနေပါတယ်။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထိခိုက်မှုတွေဟာလည်း မြင့်တက်နေပါတယ်" ဟု သူက ပြောသည်။ "ဒီအကျပ်အတည်းဟာ စိုက်ပျိုးရေးရာသီနဲ့ တိုက်ဆိုင်နေပါတယ်။ အချိန်ကြာမြင့်စွာ ပြတ်တောက်နေမယ်ဆိုရင် ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာ အရေးပေါ်အခြေအနေကို ဖြစ်ပေါ်စေနိုင်ပြီး အထူးသဖြင့် အာဖရိကနဲ့ အာရှတောင်ပိုင်းက သန်းပေါင်းများစွာသော ပြည်သူတွေကို ငတ်မွတ်မှုနဲ့ ဆင်းရဲမွဲတေမှုထဲကို တွန်းပို့သလို ဖြစ်ပါလိမ့်မယ်။"
ဤဝန်ထုပ်ဝန်ပိုးကို ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများနှင့် ကျွန်းနိုင်ငံလေးများက အဆိုးရွားဆုံး ခံစားရကြောင်း၊ အဆိုပါနိုင်ငံများသည် ရေကြောင်းမှ ကုန်စည်တင်သွင်းမှုကို အားထားနေရပြီး ၎င်းတို့ကြောင့် မဟုတ်ဘဲ ဖြစ်ပေါ်လာသော ရိုက်ခတ်မှုကို တုံ့ပြန်နိုင်စွမ်း အနည်းဆုံးဖြစ်ကြောင်း သူက ပြောကြားခဲ့သည်။
ယခုအချိန်သည် ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ရန်၊ ဆွေးနွေးညှိနှိုင်းရန်နှင့် ယုံကြည်မှု တည်ဆောက်ရန် လိုအပ်သည့်အချိန်ဖြစ်ကြောင်း ပြောကြားပြီး ဘုံသဘောတူညီချက်များ ရှာဖွေနိုင်ရန် ကူညီပေးသွားမည်ဟု ဂူတာရက်စ်က ကမ်းလှမ်းခဲ့သည်။
ထို့အပြင် နိုင်ငံတကာဥပဒေများကို လေးစားရန်၊ ရေကြောင်းမလုံခြုံမှု၏ အရင်းအမြစ်များကို ဖြေရှင်းရန်နှင့် ဆွေးနွေးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို နက်နက်ရှိုင်းရှိုင်း လုပ်ဆောင်သွားရန်လည်း တောင်းဆိုခဲ့သည်။
"သမုဒ္ဒရာဟာ ထိပ်တိုက်ရင်ဆိုင်မှု ဒါမှမဟုတ် ဖိအားပေးမှုတွေ ရှိတဲ့နေရာ မဖြစ်သင့်ဘဲ ငြိမ်းချမ်းရေးနဲ့ ပူးပေါင်းဆောင်ရွက်မှု နယ်မြေဖြစ်ရပါမယ်။ ဒါဟာ ကျွန်တော်တို့ ရွေးချယ်ပြီး လုပ်ဆောင်ရမယ့် အချိန်ပါပဲ" ဟု ဂူတာရက်စ်က နိဂုံးချုပ် ပြောကြားခဲ့သည်။

image

မေလလယ်တွင် မုတ်သုံလေစတင်ဝင်ရောက်မည်ဖြစ်ပြီး မုန်တိုင်းငယ်တစ်ကြိမ် ဖြစ်ပေါ်နိုင်ဟု မိုး/ဇလခန့်မှန်း

​၂၀၂၆ ခုနှစ်၊ မေလအတွင်း အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံသို့ အဆင့်ဆင့်ဝင်ရောက်လာမည်ဖြစ်ကာ ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းငယ်တစ်ကြိမ် ဖြစ်ပေါ်နိုင်ကြောင်း မိုး/ဇလ၏ ယနေ့ ထုတ်ပြန်ချက်အရ သိရသည်။
မုတ်သုံလေဝင်ရောက်မည့် ကာလများအနေဖြင့် ​မေ (၁၃) ရက်မှ မေ (၁၈) ရက်အထိ မြန်မာနိုင်ငံတောင်ပိုင်း၊​ မေ (၁၉) ရက်မှ (၂၄) ရက်အထိ မြစ်ဝကျွန်းပေါ်ဒေသ ၊​ မေ (၂၅) ရက်မှ မေ (၃၀) ရက်အထိ မြန်မာနိုင်ငံအလယ်ပိုင်း၊​မေ (၃၁) ရက်မှဇွန် (၅) ရက်အထိ မြန်မာနိုင်ငံမြောက်ပိုင်းတို့ဖြစ်ကြောင်း ဆိုသည်။
​နေပြည်တော်၊ ရန်ကုန်၊ မန္တလေးအပါ အဝင် မြို့ကြီးအချို့တွင် ပုံမှန်ထက် အပူချိန် ၁.၅ ဒီဂရီဆဲလ်စီးယပ်ခန့် ပိုနိုင်ကြောင်းအသိပေးထားသည်။
ထို့အပြင် မိုးရွာသွန်းမှုကြောင့် ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ရေများသည် လက် ရှိရေမှတ်ထက် (၅) ပေမှ (၁၂) ပေခန့်အထိ မြင့်တက်လာနိုင်ကြောင်းသိရသည်။

image

ဖားကန့် -နန့်ယား - ကားမိုင်းလမ်းမှာ ခရီးသည်တင်ကား ပစ်ခံရပြီး သေဆုံးနဲ့ဒဏ်ရာရရှိခဲ့သလို ခရီးသည်တင်ကား ခြောက်စီးကို လက်နက်ကိုင်အဖွဲ့က ဖမ်းသွား

ဖားကန့် - နန့်ယား - ကားမိုင်းလမ်းကို KIA က သွားလာခွင့် ရက်အကန့်အသတ်မရှိ ပိတ်လိုက်ပြီးနောက် အဲဒီလမ်းပိုင်းမှာ ခရီးသည်တင်ကားတစီး ပစ်ခတ်ခံခဲ့ရပြီး ခရီးသည်တင်ကား တချို့ကိုလည်း KIA က ဖမ်းဆီးထားတယ်လို့ ဒေသခံတွေနဲ့ ကားသမားတွေဆီက သိရပါတယ်။
မနေ့ကဧပြီ ၂၆ ရက်နေ့မှာ ကားမိုင်းလမ်းကနေ ဖားကန့်ကိုတက်လာတဲ့ ခရီးသည်တင်ကား ခြောက်စီးကို KIA အဖွဲ့က ဖမ်းဆီးသွားတာဖြစ်ပြီး ဒီနေ့အထိ ကားရော လူတွေပါ ပြန်လွှတ်ပေးတာ မရှိသေးဘူးလို့ သိရပါတယ် ။
ဧပြီ ၂၄ ရက်နေ့မှာက ဖားကန့် - နန့်ယား - ကားမိုင်းလမ်းမှာ ခရီးသွားကားတစီးပစ်ခတ်ခံရတာဖြစ်ပြီး အဆိုပါပစ်ခတ်မှုကြောင့် အမျိုးသမီး တယောက်သေဆုံးကာ အမျိုးသားတယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
" အဖမ်းခံထားရတဲ့ ကားခြောက်စီးကတော့ ဖားပြင် ဘောလုံးကွင်းထဲမှာ ရပ်ထားတယ် သိရတယ်။ လူတွေကတော့ မသိဘူး ။ အဲဒီကားတွေက ဖားကန့် - ကားမိုင်းလမ်းကနေ တက်လာတဲ့ကားတွေပါ ။ လုံးခင်း အုပ်စု မမုံဘက်မှာ အဆွဲခံရတာ ။ အရင်ရက်က ခရီးသည်တင်ကား ပစ်ခတ်ခံရတာကတော့ ဖားကန့် - နန့်ယား - ကားမိုင်းလမ်းမှာဖြစ်တာ ။ ပစ်ခံရတဲ့နေရာက စစ်တပ်ဂိတ် နဲ့ဝေးတယ်။ " လို့ ကားသမားတယောက်က ပြောပါတယ် ။
ဖားကန့် - နန့်ယား - ကားမိုင်းလမ်းကို စစ်တပ်က ထိန်းချုပ်ထားတာဖြစ်ပြီး လမ်းတလျှောက်လုံးမှာ စစ်ဆေးရေးဂိတ်တွေ ရှိပေမယ့်လည်း KIA ပူးပေါင်းတပ်တွေ ဘက်က ဝင်ရောက်ပစ်ခတ်သွားတာဖြစ်တယ်လို့ ဒေသခံနဲ့ကားသမားတွေ ပြောပြချက်အရ သိရပါတယ်။
ဖားကန့် - နန့်ယား - ကားမိုင်းလမ်းကိုတော့ ဧပြီ ၂၂ ရက်နေ့ကစပြီး ရက်အကန့်အသတ်မရှိသွားလာခွင့် ပိတ်ထားကြောင်း KIA တပ်ရင်း ၆ က ထုတ်ပြန်ထားတာဖြစ်ပါတယ်။
အဲဒီလို သတိပေးထုတ်ပြန်ခဲ့ပေမယ့် ခရီးသည်တင်ကားနဲ့ကုန်တင်ကားတွေက သွားလာမှုရှိခဲ့တာဖြစ်ပြီး ဧပြီ ၂၄ ရက်နေ့ ခရီးသည်တင်ကားတစီး ပစ်ခတ်ခံရပြီးနောက်မှာတော့ ကား အသွားအလာ ကျဲသွားတယ်လို့ သိရပါတယ်။
လက်ရှိမှာ ကားသမားတချို့ကတော့ မိသားစုစားဝတ်နေရေးအတွက် မဖြစ်မနေ လုပ်ကိုင်ရမယ့် အခြေအနေရှိလို့ အသက်နဲ့ရင်းပြီး ခရီးစဥ်ကို
သတိထားပြီး ပြေးဆွဲနေကြရတယ်လို့ ဆိုပါတယ်။
" ထွက်တဲ့ကားကတော့ ထွက်နေသေးတယ်။ ဒါပေမယ့် နည်းသွားတယ်။ ရင်ခုန်စွာမောင်းရတာပေါ့ ။ ရှေ့နားရောက်ရင် ဘယ်ကထွက်လာပြီး တားမလဲ ၊ ပစ်ခတ်သံဘယ်နေရာကထွက်လာမလဲ ဆိုပြီးစိုးရိမ်စိတ်နဲ့တော့မောင်းရတာပေါ့။ ခါတိုင်းဆိုရင်တော့ ကားပေါ်မှာ သီချင်းငြိမ့်ငြိမ့်နဲ့ ခုတော့ တိတ်ဆိတ်ပြီး နားစွင့်ပြီးမောင်းရတာ ။ ကားမိုင်း ကျော်မှ အသက်ဘေးကလွတ်ပြီဆိုပြီးတော့ ထခုန်မတတ်ပျော်ရတာ ။ " လို့ ဖားကန့် - မန္တလေး ပြေးဆွဲနေတဲ့ ကားသမားတယောက်က ပြောပါတယ်။
အစိုးရတပ်တွေက ဖားကန့်ဒေသကို စစ်အင်အားဖြည့်တင်းဖို့အတွက် ဖားကန့် - ကားမိုင်းလမ်းကို သုံးပြီး အဓိက ဝင်ရောက်ကာ စစ် အင်အားဖြည့်တင်းနေတဲ့ အတွက် အဆိုပါလမ်းကို ပြည်သူတွေသွားလာခွင့် KIA က ပိတ်လိုက်တာ ဖြစ်တယ်လို့ သိရပါတယ် ။
လက်ရှိမှာ အစိုးရတပ်ဖွဲ့ဝင်တွေ နဲ့ ပြည်သူ့စစ်အဖွဲ့တွေပေါင်းပြီး အင်အားအများအပြားနဲ့ ဖားကန့်ဒေသကို စစ်ကြောင်းထိုး နယ်မြေရှင်းလင်းခြင်းကို လုပ်ဆောင်နေတဲ့အတွက် လုံးခင်းကျေးရွာအုပ်စုကို အပြည့်အဝ ပြန်လည်ထိန်းချုပ်နိုင်တဲ့အခြေအနေရှိ ပြီး KIA ပူးပေါင်းတပ်တွေဟာ တပ်ဆုတ်နေရ တယ်လို့ သိရပါတယ်။

image

ကုန်ကျစရိတ် နှစ်ဆတက်လာတဲ့အတွက် မိုးစပါးစိုက်ဖို့ တောင်သူတွေ ဒုက္ခရောက် ၊ အနိမ့်ဆုံးစပါးစျေး သိန်း ၂၀ ရဖို့လိုအပ်

လတ်တလော ဖြစ်ပေါ်နေတဲ့ စက်သုံးဆီစျေး မြင့်တက်မှု အခြေအနေအရ ထွန်စက်မောင်းခနူန်းထားတွေ နှစ်ဆလောက်အထိမြင့်တက်သွားတာကြောင့် မိုးစပါးစိုက်ပျိုးကြမယ့် တောင်သူတွေ ဒုက္ခရောက်နေကြရတယ်လို့ တောင်သူတွေဆီက သိရပါတယ် ။
ဒါအပြင် စိုက်ပျိုးရေးကဏ္ဍအတွက် အဓိက မဖြစ်မနေအသုံးပြုရတဲ့ ဓာတ်မြေဩဇာ စျေးနူန်းတွေလည်းမြင့်တက်လာတဲ့အပြင် စိုက်ပျိုးရေးဆေးစျေးနူန်းပါ မြင့်တက်လာတဲ့ အခြေအနေကြောင့် တောင်သူတွေအနေနဲ့ မိုးစပါးစိုက်ပျိုးဖို့အတွက် အခက်ကြုံနေကြရတာ ဖြစ်ပါတယ်။
စိုက်ပျိုးစရိတ် နှစ်ဆလောက်အထိမြင့်တက်သွားပြီး အချိန်တန် စပါးရိတ်သိမ်းချိန်မှာ စပါးစျေး ကျဆင်းနေပါက အရှုံးကို ထပ်မံရင်ဆိုင်ရနိုင်တဲ့ အခြေအနေတွေကြောင့် တောင်သူတွေမှာ မိုးစပါးစိုက်ဖို့ အဘက်ဘက်ကနေ စဥ်းစားစိတ်ပူနေကြရတာ ဖြစ်တယ်လို့ သိရပါတယ် ။
" မကြာခင် မိုးစပါးစိုက်ရတော့မယ်။ အခုသိရသလောက် လယ်ထွန်စက်မောင်းခက အစိုးရကထုတ်ပေးတဲ့ ဒီဇယ်ရလို့ မောင်းရမယ်ဆိုရင် ရိုတာတစပ်ကို တသိန်းနှစ်​သောင်း လို့ ပြောတယ်။ သူတို့ဘာသာ ပြင်ပပေါက်စျေးနဲ့ ဝယ်ပြီး မောင်းရတာဆိုရင် တသိန်းခွဲ လောက်အထိ ရှိနိုင်တယ်။ အရင်က ရိုတာတစပ်မှ ရှစ်​သောင်းပဲရှိတာလေ။ ပြီးတော့မြေဩဇာစျေးကလည်း အကုန်တက်တယ်။ အကုန် တသိန်းအထက်မှာပဲရှိတယ်။ ၁၅ ပတ်လည်ကတော့ စျေးအမြင့်ဆုံးပေါ့ ။ စပါးကလည်း တဧကို မြေဩဇာ အနည်းဆုံး နှစ်အိတ်တော့ထည့်မှ ၊ မြေခံလေးကလည်း ထည့်ထားမှ ထွက်သင့်သလောက်ထွက်တာ ။ ရာသီဥတု မိုးလေမှန်ဖို့ကလည်း လိုသေးတယ်။ လယ်သမားက အရဲစွန့်စိုက်ရတာ။ ခုကုန်ကျစရိတ်ကနှစ်ဆလောက်ဖြစ်မယ်ဆို ခုဖြစ်နေတဲ့ စပါးစျေးနဲ့မကိုက်ဘူး ။ဒီမိုးစပါးသာ ထပ်ရှုံးရင် လယ်သမားတွေ နလန်မထူနိုင်တော့ဘူး ။ " လို့ ပဲခူးတိုင်း အနောက်ပိုင်းက တောင်သူတယောက်က ပြောပါတယ်။
ဒါကြောင့် တောင်သူတချို့ကတော့ မိုးစပါးစိုက်ပျိုးရာမှာ ကုန်ကျစရိတ်သက်သာဖို့အတွက် လယ်ယာမြေကို ထွန်စက်နဲ့ထွန်ယက်ခြင်းအစား နွားနဲ့ထွန်ယက် စိုက်ပျိုးခြင်း ၊ ဂွန်နောင်း လို့ခေါ်တဲ့ မြေကိုထွန်ယက်နိုင်တဲ့ စက်အသေးနဲ့ မောင်းခြင်း ၊ မြေကိုထွန်ယက်ခြင်းမပြုတော့ဘဲ စပါးစေ့တိုက်ရိုက်ပက်ကြဲခြင်းနည်းလမ်းကို အသုံးပြုဖို့ စီစဥ်နေကြတယ်လို့ သိရပါတယ်။
ဒါအပြင် ဓာတ်မြေဩဇာကိုလည်း လျှော့ချသုံးစွဲ သွားဖို့ စီစဥ်နေကြပေမယ့် အမှန်တကယ်လျှော့ချသုံးရင် စပါးအထွက်နူန်း သိသိသာသာလျော့ကျပြီး အရှုံးကို ရင်ဆိုင်ရနိုင်တယ်လို့လည်း ဆိုပါတယ်။
" ထွန်စက်မောင်းရင် ၁၀ ဧကကို ၁၅၀၀၀၀၀ ရှိမယ်။ နွားသမားငှား ထွန်ရင်အဲလောက်မကျနိုင်ဘူး။.နောက်တခုက ဂွန်နောင်းဆိုလည်း ရတယ်။ စိတ်တော့ရှည်ရတာပေါ့။ထွန်စက်လိုတော့ ၁၀ ဧကကို တရက်တည်း မပြီးဘူး။ ဒါမှ ကုန်ကျစရိတ်ကတွက်ကြည့်လို့များနေသေးရင် နောက်ဆုံးမိုးရွာချိန်ကို လူငှားနဲ့ စပါးလိုက်ကြဲမယ်။ မိုးရွာတော့ စပါး​စေ့ကလည်း မြေကြီးကပ်သွားပြီ။ တခုပဲ ခိုကောက်မှာ ကြောက်ရသေးတယ်။ လယ်သမားဆိုတော့ စပါးစိုက်ရမှာ တာဝန်ကြီးလိုကို ဖြစ်နေတော့ မရှုံးအောင် ကြံရဖန်ရတာပဲ။ ဒါလည်း မိုးလေကဖျက် အထွက်ကကျပြီး စျေးကွက်ကပါ မနှစ်က ကျလိုက်တော့ ရှုံးတာပါပဲ ။ ငွေတင်ရှုံးတာမဟုတ်ဘူး ။အချိန်ရော လုပ်အား ၊စိတ်အား အကုန်ပဲ ။ မြေဩဇာမသုံးရင် စပါးမရဘူး။ တဧက ၄၀ ၊ ၅၀ ထွက်ရင် ဘာမှမကျန်ဘူး ။ ရှုံးတာနဲ့မထူးဘူး ။ " လို့ ဧရာဝတီတိုင်း တောင်သူတယောက်က ပြောပါတယ်။

image

ချဲလ်ဆီးသတင်းပေါက်ကြားမှုများကို အဆုံးသတ်ရမည်ဟု ယာယီနည်းပြမက်ဖာလိန်းပြောကြားလာ
==================

ချဲလ်ဆီးယာယီနည်းပြကာလမ်မက်ဖာလိန်းက အသင်းအတွင်း သတင်းပေါက်ကြားမှုကို အဆုံးသတ်ရမည်ဖြစ်ကြောင်း ပြောကြားလာပါတယ်။
အသက် ၃၈ နှစ်ရှိ မက်ဖာလိန်းဟာ ဘရိုက်တန်ကို ၃-၀ ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် ထုတ်ပယ်ခြင်းခံခဲ့ရတဲ့ လီယမ်ရိုဆင်နီယာနေရာမှာ အစားထိုးခန့်အပ်ခြင်းခံခဲ့ရပါတယ်။
ဘရိုက်တန်နှင့်ပွဲမတိုင်မီ ချဲလ်ဆီးမှ ဂျာအိုပီဒရိုနှင့် ကိုးလ်ပါလ်မာတို့ လွဲချော်မယ်ဆိုတဲ့ သတင်းမှာ နောက်ခံလူမာ့ခ်ကူကူရယ်လာရဲ့ ဆံသဆရာရဲ့ X အကောင့်မှ တဆင့် ပေါက်ကြားမှု ဖြစ်ခဲ့ပါတယ်။
ယင်းမတိုင်မီ ချဲလ်ဆီးဟာ ပီအက်စ်ဂျီကို နှစ်ကျော့ပေါင်းရလဒ် ၈-၂ ဖြင့် ရှုံးနိမ့်တဲ့ ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့်ပွဲစဉ်များတုန်းကလည်း အသင်းသတင်းပေါက်ကြားမှုများ ဖြစ်ခဲ့ပြီးဖြစ်ပါတယ်။
ရာသီအကုန်အထိ ယာယီနည်းပြအဖြစ် ကိုင်တွယ်လာမယ့်မက်ဖာလိန်းဟာ ချဲလ်ဆီးပထမဆုံးပွဲအဖြစ် ယနေ့ည လိဒ်နှင့် အက်ဖ်အေဖလားဆီမီးဖိုင်နယ်ပွဲစဉ်အား စတင် ကိုင်တွယ်သွားပါမယ်။
ရိုဆင်နီယာလက်အောက်တွင် လက်ထောက်နည်းပြအဖြစ်လည်း ဆောင်ရွက်ခဲ့တဲ့ မက်ဖာလိန်းက "ဒါက ကျွန်တော်တို့ စောင့်ကြည့်ခဲ့တဲ့ အရာပါ။ ဒါကို ရပ်တန့်ဖို့ လိုတယ်။ ဒါက အရေးပါတယ်ဆိုတဲ့အကြောင်း သူတို့နဲ့ စကားပြောခဲ့တယ်။ နောက်ထပ် မဖြစ်လာအောင်လည်း လုပ်ထားတယ်"လို့ ပြောကြားသွားပါတယ်။

image

လာလီဂါဖလားဆွတ်ခူးရေး လက်တစ်ကမ်းအလိုသို့ ရောက်လာတဲ့ ဘာစီလိုနာ
=====================

မားကပ်စ်ရက်ဖို့ဒ်ရဲ့ ဂိုးနဲ့အတူ ဘာစီလိုနာဟာ ဂီတာဖေးကို အနိုင်ယူကာ လာလီဂါဖလား နှစ်ကြိမ်ဆက် ဆွတ်ခူးရေး လက်တစ်ကမ်းအလိုသို့ ရောက်လာပြီ ဖြစ်ပါတယ်။
ယူနိုက်တက်မှ အငှားဖြင့် လာရောက်ကစားနေတဲ့ ရက်ဖို့ဒ်ဟာ ဒုတိယပိုင်းတွင် တန်ပြန်တိုက်စစ်မှ တဆင့် လွတ်လွတ်ကျွတ်ကျွတ် ဆွဲပြေးပြီးနောက် အနိမ့်ဘောကန်သွင်းပြီး အနိုင်သေချာစေမယ့် ဒုတိယဂိုးကို သွင်းယူခဲ့တာလည်း ဖြစ်ပါတယ်။
သောကြာနေ့တုန်းက ရီးရဲလ်မက်ဒရစ်တို့ ဘက်တစ်နှင့် တစ်ဂိုးစီသရေကျမှုအား အခွင့်အရေးယူလာနိုင်မှုနှင့်အတူ ဘာစီလိုနာဟာ ရမှတ် ၁၁ မှတ်အထိ ဖြတ်ကာ လာလီဂါအား ဦးဆောင်ထားနိုင်ပြီဖြစ်ပါတယ်။
ဘာစီလိုနာဟာ ရာသီသိမ်းရန် ၅ ပွဲတည်းသာ ကစားရန် ကျန်တော့တဲ့အချိန်တွင် ၁၁ မှတ်ဖြတ်ထားနိုင်တာ ဖြစ်ပြီး ၂၉ ကြိမ်မြောက် အမှတ်ပေးဖလား ဆွတ်ခူးရန် လက်တစ်ကမ်းအလိုသို့ ရောက်လာပြီပဲ ဖြစ်ပါတယ်။
မနေ့ညကပွဲတွင် ဘာစီလိုနာဟာ ပွဲချိန် ၄၅ မိနစ်တွင် ပီဒရိုရဲ့ ဖန်တီးမှုကနေ အလယ်တန်းတိုက်စစ်သမားဖာမင်လိုပက်ဇ်က ဦးဆောင်ဂိုးသွင်းခဲ့ပါတယ်။
ရက်ဖို့ဒ်ဟာ လာမိန်းယာမဲလ် မပါဝင်ပေမယ့်လည်း ယခုပွဲမှာ အရန်ခုံမှာသာ ထိုင်နေခဲ့ရပြီး ပွဲချိန်တစ်နာရီရောက်မှ ရိုးနီဘာ့ဂ်ဂျီနေရာမှာ လူစားလဲလှယ်ကစားခွင့်ရခဲ့ပါတယ်။
ဒါပေမယ့် ရက်ဖို့ဒ်ဟာ တန်ပြန်တိုက်စစ်ကနေ ရောဘတ်လီဝန်ဒေါ့စကီးရဲ့ပေးပို့မှုကနေ လာလီဂါ ၇ ဂိုးမြောက်ဂိုးအား သွင်းယူခဲ့ပါတယ်။

image

ဆန်းဒါးလန်းနှင့်ပွဲတွင် ဂိုးသွင်းယူပြီးနောက် ကောင်းကင်ကို လက်ညိုးထိုးကာ ကွယ်လွန်သွားရှာပြီဖြစ်တဲ့ မိခင်ကို ရည်စူးခဲ့တဲ့ အင်ဒါဆင်
===================

အီးလီးယော့အင်ဒါဆင်ဟာ ဆန်းဒါးလန်းနှင့်ပွဲတွင် ဂိုးသွင်းယူပြီးနောက် ကွယ်လွန်သွားရှာပြီဖြစ်တဲ့ မိခင်ဖြစ်သူကို ရည်စူးခဲ့ပါတယ်။
အင်္ဂလန်စတားဟာ ဆန်းဒါးလန်းကို ၅-၀ ဂိုးဖြင့် အနိုင်ရတဲ့ပွဲရဲ့ အချိန်ပိုတွင် ပဥ္စမမြောက်ဂိုးကို သွင်းယူခဲ့ပါတယ်။ ယင်းဂိုးက အင်ဒါဆင်အတွက် မိခင်ကွယ်လွန်ပြီးနောက် ပထမဆုံးသွင်းယူတဲ့ဂိုးလည်း ဖြစ်ပါတယ်။
အင်ဒါဆင်ဟာ မိခင် ကွယ်လွန်သွားမှုကြောင့် ပေါ်တိုကို ၁-၀ ဂိုးဖြင့် အနိုင်ရရှိကာ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်တဲ့ပွဲစဉ်အား လွဲချော်ခဲ့သူလည်း ဖြစ်ပါတယ်။
သူဟာ ပြီးခဲ့တဲ့အပတ်အကုန်တုန်းက ဘန်လေအား အနိုင်ရတဲ့ပွဲစဉ်မှာ နော်တင်ဟမ်ဖောရက်စ်အတွက် ပြန်လည် ကစားလာနိုင်ခဲ့ပါတယ်။
အဆိုပါပွဲစဉ်တွင် နော်တင်ဟမ်ဖောရက်စ်ဟာ အင်ဒါဆင်ရဲ့ မိခင်ဟီလန်အင်ဒါဆင်အတွက် တစ်မိနစ် ငြိမ်သက်ကာ ဝမ်းနည်းခြင်းအထိမ်းအမှတ် ပြုလုပ်ခဲ့ပါတယ်။

image

ချဲလ်ဆီးနည်းပြရာထူးအတွက် ရေပန်းစားနေမှုအပေါ် ဖာဘဂရီက်စ် တုံ့ပြန်လာ
=====================

ကိုမိုအသင်းပိုင်ရှင်က ပရီးမီးယားလိဂ်ထိပ်သီးကလပ်ချဲလ်ဆီးအား ကိုင်တွယ်လိုပါက တားဆီးသွားမှာ မဟုတ်ကြောင်း ပြောကြားလာခဲ့ပေမယ့်လည်း ချဲလ်ဆီးစတားဟောင်းဆက်စ်ဖာဘရီဂက်စ်က ကိုမိုနည်းပြရာထူးအတွက်ပေါ်တွင်သာ အပြည့်အဝ အာရုံစိုက်နေကြောင်း ပြောကြားလာပါတယ်။
ချဲလ်ဆီးဟာ ဗုဒ္ဓဟူးနေ့တုန်းက လီယမ်ရိုဆင်နီယာကို ထုတ်ပယ်လိုက်ပြီးနောက် နည်းပြသစ် စတင်ရှာဖွေနေပါတယ်။
ရိုဆင်နီယာဟာ ပရီးမီးယားလိဂ် ၅ ပွဲဆက် ဂိုးမသွင်းနိုင်ဘဲ ရှုံးနိမ့်ပြီးနောက် ၁၀၆ ရက်တည်းသာ ကိုင်တွယ်ရပြီးနောက် ချဲလ်ဆီးနည်းပြရာထူးမှ ထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။
ချဲလ်ဆီးဟာ ရာသီအကုန်အထိ ကိုင်တွယ်ရန် ယာယီနည်းပြအဖြစ် ကာလမ်မက်ဖာလိန်းအား ခန့်အပ်ထားပါတယ်။ မက်ဖာလိန်းဟာ တနင်္ဂနွေနေ့တွင် ဝင်ဘာလေကွင်းတွင် လိဒ်နှင့် ရင်ဆိုင်ရမယ့် အက်ဖ်အေဖလားဆီမီးဖိုင်နယ်ပွဲစဉ်အား စတင် ကိုင်တွယ်လာပါမယ်။
ဖာဘရီဂက်စ်ဟာ နည်းပြဘဝ ပထမဆုံးကိုင်တွယ်တဲ့ စီးရီးအေကလပ် ကိုမိုတွင် အထင်ကြီးစရာကောင်းအောင် လုပ်ပြထားပြီး အသင်းဟောင်းချဲလ်ဆီးနှင့် အာဆင်နယ်နည်းပြရာထူးအတွက် ရေပန်းစားနေပါတယ်။
အသက် ၃၈ နှစ်ရှိ ဖာဘရီဂက်စ်ဟာ ၂၀၁၄ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း ချဲလ်ဆီးတွင် ကစားစဉ်အတွင်း ပရီးမီးယားလိဂ်ဖလား ၂ ကြိမ်၊ အက်ဖ်အေဖလား ၁ ကြိမ်၊ ယူရိုပါလိဂ်ဖလား ၁ ကြိမ်၊ လိဂ်ဖလား ၁ ကြိမ် ဆွတ်ခူးထားနိုင်ပါတယ်။
ဒါပေမယ့် ဖာဘရီဂက်စ်ဟာ ကိုမိုရဲ့ လက်ကျန် စီးရီးအေ ၅ ပွဲအပေါ်တွင်သာ အာရုံစိုက်နေပါတယ်။ ကိုမိုဟာ ဥရောပဝင်ခွင့် တိုက်ပွဲဝင်နေပြီး တနင်္ဂနွေနေ့တွင် ဂျီနိုအာနှင့် ရင်ဆိုင်ကစားရပါမယ်။
ကိုမိုဥက္ကဌမာဝန်ဆူဝါဆိုက လွတ်လပ်စွာ ဆုံးဖြတ်နိုင်ကြောင်း ပြောဆိုခဲ့မှုအပေါ် ဖာဘရီဂက်စ်က "ဒါနဲ့ပတ်သက်ပြီး ဘာမှ ပြောစရာ မရှိပါဘူး။ အခုအချိန်မှာ ဒါကို‌ တွေးနေရင် မိုက်မဲရာ ကျပါမယ်။ ကျွန်တော်ကတော့ လာမယ့် ဂျီနိုအာပွဲကိုပဲ အာရုံစိုက်နေတယ်။ ကိုမိုမှာ နည်းပြချုပ်အဖြစ် ကျွန်တော့်စာမျက်နှာဆက်ရေးမယ်လို့ ယုံကြည်တယ်။ လာမယ့်ပွဲတွေအပေါ်မှာပဲ အာရုံစိုက်တယ်။ လာမယ့် ၅ ပွဲနဲ့ ကလပ်သမိုင်းမှာ ပထမဆုံးဥရောပဝင်ခွင့်ရရေးကို ကျော်ပြီး အခြားအရာတွေကို စဉ်းစားနေရင် မိုက်မဲရာ ကျပါလိမ့်မယ်။ ကျွန်တော့်ဥက္ကဌက ကျွန်တော့်ကို အရမ်းတန်ဖိုးထားတဲ့အကြောင်းလွဲရင် ကျန်တဲ့ပြောစကားကို မကြားမိသလို မြင်လည်း မမြင်ပါဘူး"လို့ ပြောကြားသွားပါတယ်။
မကြာသေးမီတုန်းက အင်တာဗျူးတစ်ခုတွင် ကိုမိုဥက္ကဌက ဖာဘရီဂက်စ်အနေဖြင့် ပျော်ရွှင်မယ်ဆိုပါက လွတ်လပ်စွာ ထွက်ခွာသွားနိုင်ကြောင်း ပြောဆိုခဲ့ဖူးပါတယ်။

image

ပင်နယ်တီသုံးလုံးကာကွယ်ကာ တူရကီတွင် ဆုဖလားဖြင့် အဆုံးသတ်နိုင်မယ့် အခွင့်အရေး ရရှိနေတဲ့ ယူနိုက်တက်ဂိုးသမားအိုနာနာ
====================

အင်ဒရေအိုနာနာဟာ ပင်နယ်တီအဆုံးအဖြတ်တွင် ပင်နယ်တီ ၃ ကြိမ်ကာကွယ်ပြီး ထရက်ဇွန်စပေါ်ကို တူရကီဖလားဆီမီးဖိုင်နယ်သို့ ပို့ဆောင်လာပြီး ယူနိုက်တက်သို့ ပြန်ချိန်တွင် ဆုဖလားတစ်လုံးဖြင့် ပြန်နိုင်မယ့် အခွင့်အရေး ပိုင်ဆိုင်လာပါတယ်။
အင်တာမီလန်မှာတုန်းက ပင်နယ်တီသူရဲကောင်းဖြစ်ခဲ့တဲ့ အိုနာနာဟာ ယူနိုက်တက်မှာ ကစားစဉ်တုန်းကလည်း ကိုပင်ဟေဂင်နှင့် ချန်ပီယံလိဂ်တွင် အရေးပါတဲ့ ပင်နယ်တီ ၂ ကြိမ် ကာကွယ်ဖူးသလို ဆောက်သမ်တန်နှင့် ပရီးမီးယားလိဂ်ပွဲမှာလည်း ပင်နယ်တီ ကာကွယ်ဖူးပါတယ်။
ကင်မရွန်းလက်ရွေးစင်ဟာ ထရက်ဇွန်စပေါ်သို့ အငှားဖြင့် မပြောင်းမီ ယူနိုက်တက်အတွက် နောက်ဆုံးကစားတဲ့ ဩဂုတ်လတုန်းက ဂရမ်စဘီအား ရှုံးနိမ့်တဲ့ ခါရာဘောင်ဖလားပွဲမှာလည်း ပင်နယ်တီ တစ်ကြိမ် ကာကွယ်ခဲ့ပါသေးတယ်။
အိုနာနာဟာ ကြာသပတေးနေ့ညတုန်းက ဆမ်ဆန်းစပေါ်နှင့် ပွဲမှာတော့ ပွဲချိန် မိနစ် ၁၂၀ အတွင်း ဂိုးမရှိသရေကျပြီးနောက် ပင်နယ်တီ အဆုံးအဖြတ်ကန်ချိန်မှာတော့ ပင်နယ်တီ ၃ ကြိမ်အထိ ကာကွယ်ကာ ထရက်ဇွန်စပေါ်ကို တူရကီဖလားဆီမီးဖိုင်နယ်သို့အထိ ပို့ဆောင်လာပါတယ်။
ထရက်ဇွန်စပေါ်ဟာ မေလ ၁၃ ရက်နေ့မှာ တူရကီဖလားဆီမီးဖိုင်နယ်အဖြစ် ဂျန်ဂလာဘာလီဂီနှင့် ကစားရမှာ ဖြစ်ပြီး ဗိုလ်လုပွဲသို့ တက်ရောက်နိုင်မယ်ဆိုရင် ဘီဆစ်တပ် (သို့မဟုတ်) ကွန်ယာစပေါ်နှင့် ရင်ဆိုင်ကစားရပါမယ်။
ထရက်ဇွန်စပေါ်ဟာ ယူနိုက်တက်မှ အငှားဖြင့် လာကစားနေတဲ့ အိုနာနာကို အသင်းတွင် ဆက်ထိန်းထားလိုနေပေမယ့် ပြောင်းရွှေ့ကြေး ပေါင်သန်း ၃၀ တောင်းဆိုမှုကြောင့် အခက်တွေ့နေပါတယ်။
တဖက်တွင် အိုနာနာကို ဘီဆစ်တပ်၊ မိုနာကိုအပြင် ဆော်ဒီကလပ်တွေကလည်း ခေါ်ယူရန် စိတ်ဝင်စားနေပါတယ်။
အိုနာနာဘက်က အိုးထရက်ဖို့ဒ်တွင် ဆက်ကစားလိုနေသေးပေမယ့်လည်း ယူနိုက်တက်ကတော့ နွေရာသီမှာ ရောင်းချရန် ကြိုးပမ်းလာပါမယ်။
သူဟာ ယူနိုက်တက်နှင့် ၂ နှစ်စာချုပ်ကျန်နေသေးပြီး တစ်ပတ်လုပ်ခ ပေါင် ၁၂၀၀၀၀ ရရှိနေပါတယ်။
အသက် ၃၀ နှစ်ရှိ ဂိုးသမားဟာ ယူနိုက်တက်သို့ ပြန်လာပါက နံပါတ်တစ်ဂိုးသမားနေရာအတွက် ဆန်နီလမ်မန်နှင့် ယှဉ်ပြိုင်ရပါမယ်။
ဒါပေမယ့် ယူနိုက်တက်ဘက်က အိုနာနာကို အသင်းတွင် ဆက်ထားရန် ဆန္ဒမရှိဘဲ ရောင်းချလိုနေပါတယ်။

image

YouTube ဗီဒီယိုဟောင်းများကို ပြသကာ စပါးစ်စတားများရဲ့တန်းမဆင်းရရေး တိုက်ပွဲအတွက် စိတ်ဓာတ်မြှင့်တင်ပေးမှု ပြုလုပ်လာတဲ့ ရောဘတ်တိုဒီဇာဘီ
=====================

ရောဘတ်တိုဒီဇာဘီဟာ စပါးစ်စတားများရဲ့ YouTube ဗီဒီယိုဟောင်းများကို ပြသကာ တန်းမဆင်းရရေး တိုက်ပွဲအတွက် စိတ်ဓာတ်မြှင့်တင်ပေးမှု ပြုလုပ်လာပါတယ်။
အီတလီလူမျိုးနည်းပြဟာ ဒီဇင်ဘာလနှောင်းပိုင်းကတည်းက ပရီးမီးယားလိဂ်တွင် နိုင်ပွဲပျောက်ဆုံးကာ စိတ်ဓာတ်ပိုင်း အဆုံးစွန်အထိ ရောက်နေကာ တန်းဆင်းရမယ့် အခြေအနေကြုံနေရတဲ့ စပါးစ်ကစားသမားများကို စိတ်ဓာတ်မြှင့်တင်ရေး ကြိုးပမ်းလာတာလည်း ဖြစ်ပါတယ်။
ရောဘတ်တိုဒီဇာဘီဟာ ယနေ့ညတွင် တန်းဆင်းထားရပြီးဖြစ်တဲ့ ဝုဗ်နှင့်ပွဲမတိုင်မီ စပါးစ်စတားများရဲ့ ယခင်တုန်းက အကောင်းဆုံးခြေစွမ်းဖြင့် ကစားခဲ့တဲ့ YouTube ဗီဒီယိုဟောင်းများကို ပြသကာ စိတ်ဓာတ်မြှင့်တင်လာတာပါ။
ဘရိုက်တန်နှင့် မာဆေးနည်းပြဟောင်းက "အပြုသဘောဆောင်နေဖို့ လိုတယ်။ အရင်ကောင်းခဲ့တာတွေကို အမှတ်ရပြီး အပြုသဘောဆောင်နေဖို့ လိုတယ်။ ကျွန်တော့်စကားလုံးတွေက မလုံလောက်ပါဘူး။ ကစားသမားတွေရဲ့ အကောင်းဆုံးပုံစံ ထွက်ပေါ်လာဖို့ အကောင်းဆုံးအဖြေရှာရမယ်။ တခါတလေ ဗီဒီယိုတစ်ပုဒ်နဲ့ ဖြစ်သွားတယ်။ တခါတလေ စကားလုံးတွေနဲ့ အဖြေတွေ့သွားတယ်။ တခါတလေ ဝိုင် သို့မဟုတ် ဘီယာတစ်ခွက်နဲ့ အဖြေရသွားတယ်။ တခါတလေ ဗီဒီယိုတွေကို ဆန်းစစ်ပြီး တွေ့တယ်။ တခါတလေ အခြားကလပ်တွေမှာ သူတို့ လုပ်ပြခဲ့တာတွေနဲ့ အဖြေရှာတွေ့တယ်။ ရန်ဒယ်ကိုလိုမူအာနီကို ညာတောင်ပံမှာ သုံးတယ်ဆိုရင် သူက အရင်တုန်းက ဒီနေရာမှာ ကစားခဲ့ဖူးလို့ပါ။ YouTube ကို သွားပြီး 'ကိုလိုမူအာနီ ဖရန့်ဖတ်'လို့ ရိုက်ရှာကြည့်လိုက်ပါ။ ဒီနေရာမှာ သူ ကောင်းကောင်းကစားတာ တွေ့ရပါလိမ့်မယ်။ ဒီနေရာကနေ ဂိုးတွေလည်း အများကြီး သွင်းခဲ့တယ်။ ကျွန်တော်က ရုံးခန်းထဲမှာ အလုပ်လုပ်မနေဘူးဆိုရင်တောင် ကစားသမားတွေရဲ့ အချက်အလက် တခုခုကို ရှာဖွေနေဖို့က အရေးကြီးတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့မှာ အချိန်မရှိဘူး၊ စဉ်းစားလို့ ရသမျှ အားလုံးကို လုပ်ရမယ်"လို့ ပြောကြားသွားပါတယ်။
အမှတ်ပေးဇယားအဆင့် ၁၈ နေရာမှာ ရပ်တည်နေတဲ့ စပါးစ်ဟာ ရာသီသိမ်းရန် ၅ ပွဲတည်းသာလိုတော့တဲ့အချိန်တွင် တန်းဆင်းဇုန်ပြင်ပမှ ဝက်စ်ဟမ်းနှင့် ၂ မှတ်တည်းသာ ကွာဟနေပါတယ်။
တဖက်တွင် ဘယ်နောက်ခံလူဒိုင်နက်စ်တီအူဒိုဂီနှင့် ဂိုးသမားဗီကာရီယိုတို့မှာ ဒဏ်ရာပြဿနာကြောင့် ယနေ့ည Molineux ပွဲစဉ်ကို လွဲချော်လာကြပါမယ်။
ဒါ့အပြင် ဒူးဒဏ်ရာကြောင့် ၈ လကြာ အနားယူခဲ့ရပြီးနောက် ဘရိုက်တန်နှင့် သရေကျတဲ့ပွဲတွင် လူစာရင်းတွင် ပါဝင်ခဲ့တဲ့ ဂျိမ်းစ်မက်ဒီဆင်မှာလည်း ဝုဗ်နှင့်ပွဲစဉ်တွင်လည်း ပါဝင်ကစားလာနိုင်ဦးမှာ မဟုတ်သေးပါဘူး။

image