ပရိသတ်တွေကို တံတွေးဖြင့် ထွေးတဲ့ မီဘရီကို အက်ဖ်အေစွဲချက်တင်လာ
ဘန်လေအလယ်တန်းကစားသမားဟန်နီဘယ်မီဘရီဟာ ပြီးခဲ့တဲ့လတုန်းက လိဒ်ပရိသတ်များကို တံတွေးဖြင့် ထွေးခဲ့မှုအတွက် အက်ဖ်အေရဲ့ စွဲချက်တင်ခြင်းခံလာရပါတယ်။
အသက် ၂၂ နှစ်ရှိ မီဘရီဟာ အောက်တိုဘာလ ၁၈ ရက်နေ့ Turf Moor တွင် ၂-၀ ဖြင့် အနိုင်ရတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ရဲ့ ၈၃ မိနစ်တွင် လူစားဝင်ရောက် ကစားခဲ့တာလည်း ဖြစ်ပါတယ်။
ဒါပေမယ့် သူဟာ လူစားဝင်ရောက်မှု မပြုလုပ်မီ ၁၆ မိနစ်အလို သွေးပူလေ့ကျင့်ခန်းဆင်းနေစဉ် အထက်ပါ အဖြစ်အပျက် ဖြစ်ခဲ့တာပါ။
လန်ကက်ရှ်ရှိုင်းယားရဲတပ်ဖွဲ့ဟာ အဝေးကွင်းပွဲကြည့်စင်မှ ပရိသတ်တစ်ဦးရဲ့ တိုင်ကြားမှု ရရှိပြီးနောက် ပြီးခဲ့တဲ့လမှ စတင်ကာ အဖြစ်အပျက်ကို စုံစမ်းစစ်ဆေးခဲ့ပါတယ်။
ယခုအခါ ယူနိုက်တက်အကယ်ဒမီကစားသမားဟောင်းဟာ အက်ဖ်အေရဲ့ စွဲချက်တင်ခြင်းခံလာရပြီး နိုဝင်ဘာလ ၂၈ ရက်နေ့ သောကြာနေ့ နောက်ဆုံးထားကာ ချေပရပါမယ်။
တူနီးရှားလက်ရွေးစင်ဟာ ၂၀၂၄ ခုနှစ် ဩဂုတ်လတွင် ယူနိုက်တက်မှ ဘန်လေသို့ ပေါင် ၉.၄ သန်းဖြင့် ပြောင်းလာခဲ့သူပါ။
သူဟာ ဘန်လေအတွက် ပြိုင်ပွဲအရပ်ရပ် ပွဲ ၅၀ ကစားထားကာ ၁ ဂိုးသွင်းထားပါတယ်။