လူတွေဟာ နီးလွန်းရင် မမြင်နိုင်ကြတော့ဘူး
အထူးသဖြင့် ကိုယ့်ဘေးနားက
လူတွေရဲ့ တန်ဖိုးကိုပေါ့
ကိုယ့်အပေါ် အမြဲကောင်းတဲ့သူကို
ကြာလာတော့
သာမှန်ဖြစ်စဉ်တစ်ခုလို
အရေးမကြီးသလို
သဘောထားမိကြတယ်
ဒါဟာ
သူ့စေတနာကို စော်ကားခြင်း တစ်မျိုးပဲ
တန်ဖိုးကို နားမလည်ဘူး
ကိုယ်ရင်ဖွင့်တိုင်း
နားထောင်ပေးတဲ့ သူ့ရဲ့တန်ဖိုး
ကိုယ်ခက်ခဲတိုင်း ကူညီတတ်တဲ့ သူ့ရဲ့တန်ဖိုး
ဒါတွေကို
လစ်လျှူရှုမိတယ်
ဒါဟာ နီးကပ်လွန်းလို့ မမြင်တာ
လွယ်လွယ်ရနေလို့ ပေါသွားတာလို့ပဲ ထင်ပါတယ်
ဒါ့ကြောင့်နဲ့ပဲ လူတွေဟာ
ကိုယ့်အပေါ် နှစ်တွေများစွာတိုင်
ကောင်းပေးခဲ့သူကို ပစ်ပြီး …
မနေ့တနေ့ကမှ တွေ့တဲ့ လူတစ်ယောက်ဆီ
ပါသွားတတ်ကြတယ်
ကိုယ်တိုင်ကရော အဲ့သလို လူမျိုးဖြစ်နေမလား
ကိုယ်စာပို့တိုင်း Reply တန်းပြန်ပေးတာဟာ
သူ့အတွက် အရေးကြီးလို့ မဟုတ်ဘူး
ကိုယ့်အပေါ် အလေးထားတဲ့စိတ်ရှိလို့
တန်ဖိုးထားလို့ပဲ
ကိုယ်ချိန်းတဲ့အခါတိုင်း
အမြဲလာတွေ့ပေးတာဟာ
သူအမြဲအားနေလို့ မဟုတ်ဘူး
သူ့ရဲ့ လုပ်စရာတစ်ချို့ကို ဖျက်ထား
ခဲ့ရတာလဲ ဖြစ်မှာပဲ ။
ကိုယ်လိုအပ်တိုင်း အကူညီပေးတာဟာ
သူသိပ်အဆင်ပြေနေလို့ မဟုတ်ဘူး
ကိုယ့်ကို အဆင်ပြေစေချင်တာ
ကိုယ်ပြောသမျှတိုင်း နားထောင်ပေးတာဟာ
သူ့မှာပြောစရာ မရှိလို့ မဟုတ်ဘူး
ကိုယ့်ရဲ့ မပြည့်ဝမှုတွေကို
သည်းခံပေးတာဟာ နုံအလို့ မဟုတ်ဘူး
ဆုံးရှုံးသွားမှ တန်ဖိုးနားလည်မဲ့သူ မဖြစ်စေနဲ့
ကိုယ်သိရှိနားလည်ချိန်ဆို သူတို့ဟာ
သင့်ဘေးနားမှာ
ရှိနေတော့မှာ မဟုတ်ဘူး
ကိုယ့်အတွက် အဖိုးတန်တဲ့ အရာတွေဟာ
ကိုယ့်ဘေးနားမှာပဲ ရှိနေတတ်ပါတယ်
ကိုယ့်အပေါ် ကောင်းပေးသူ
နွေးထွေးသူတွေကို
တန်ဖိုးထားဆက်ဆံပါ
ဒီလိုလူမျိုးဟာ
ဘဝမှာ များများစားစား မတွေ့ရတတ်ပါဘူး။
#စာတို