13 w - Translate

နှစ်တွေဟာ
သင်ခန်းစာနှစ်ခုကိုပဲ
သင်ကြားပေးခဲ့ပါတယ်။
အစဥ်တည်မြဲတဲ့သူမရှိဘူး ဆိုတာရယ်
ဆက်လက်ရွေ့လျားရမယ် ဆိုတာရယ်။

13 w - Translate

🌶 လွယ်ကူတဲ့ ကြက်ဥတစ်လုံးတည်းပါတဲ့ ဒီနည်းလမ်းက ငရုတ်သီးတွေကို ခူးမနိုင်လောက်အောင် အသီးသီးစေတာကို အခုမှပဲ သိတော့တယ်။ အပင်တစ်ပင်လုံး အသီးတွေ ပြည့်ကျပ်နေလို့ အကိုင်းတွေတောင် နိမ့်ကျနေတယ်လို့ ပြောလို့ရတယ်။
ငရုတ်သီး၊ ဟင်းသီးဟင်းရွက် ဒါမှမဟုတ် သစ်သီးဝလံစိုက်တဲ့သူတိုင်း ဒီနည်းကို စမ်းကြည့်စေချင်ပါတယ်။ အိမ်မှာ ကိုယ်တိုင် အလွယ်တကူ လုပ်နိုင်တဲ့ အပွင့်ပွားစေ၊ အသီးပွားစေတဲ့ ဓာတ်မြေသြဇာ ချက်နည်းပါ။
အသုံးပြုမည့် ပစ္စည်းများ
ကြက်ဥအစိမ်း ၁ လုံး
နွားနို့အစိမ်း (အချိုမပါ) သေတ္တာငယ် ၁ ဘူး (၂၀၀ မီလီလီတာ)
ဒိန်ချဉ် (Yogurt Drink) ပုလင်းငယ် ၁ ပုလင်း (၈၅ မီလီလီတာခန့်)
သကြား (အဖြူ သို့မဟုတ် အနီ) လက်ဖက်ရည်ဇွန်း တစ်ဝက်
အရသာမှုန့် အနည်းငယ် (လက်ဖက်ရည်ဇွန်း ၁ ဇွန်းခန့်)
ရိုးရှင်းသော ပြုလုပ်နည်း
ပါဝင်ပစ္စည်းအားလုံးကို ခွက်တစ်ခုထဲ ထည့်ပြီး မွှေပါ သို့မဟုတ် ပုလင်းထဲထည့်ပြီး လှုပ်ခါပေးပါ။
ပုလင်းထဲ ထည့်ပြီး အဖုံးကို လေဝင်လေထွက်ရှိအောင် လျော့ရဲရဲ ပိတ်ကာ ၃ ရက် ထားပြီး အချဉ်ဖောက်ပါ။
အချဉ်ဖောက်နေစဉ်အတွင်း ဖြစ်ပေါ်လာသော ဓာတ်ငွေ့များကို ထုတ်လွှတ်နိုင်ရန် အဖုံးကို ဖြည်းညှင်းစွာ ဖွင့်ပေးပါ။
အသုံးပြုပုံ
အရွက်များ ဖြန်းရန်: ဇွန်းကြီး (ထမင်းစားဇွန်း) ၁ ဇွန်းကို ရေ ၁ လီတာနဲ့ ရောပြီး တစ်ပတ်လျှင် ၁-၂ ကြိမ် ပက်ဖြန်းပါ။
ပင်ခြေ လောင်းရန်: ဇွန်းကြီး (ထမင်းစားဇွန်း) ၂ ဇွန်းကို ရေ ၅-၁၀ လီတာနဲ့ ရောပြီး မြေကြီးထဲကို တစ်ပတ်လျှင် ၁ ကြိမ် လောင်းပေးပါ။
ထပ်ဆောင်း အကြံပြုချက် သင့် စိုက်ခင်းနေရာမှာ ပုရွက်ဆိတ် ဒါမှမဟုတ် ပိုးမွှားဒုက္ခပေးတာရှိရင်၊ ဖျန်းဆေးဖျန်းဖို့အတွက် ရောထားတဲ့ အထဲကို ပန်းကန်ဆေးဆပ်ပြာရည် ၁ ဇွန်း ထပ်ထည့်လိုက်ပါ။ ဒါက ပိုးမွှားငယ်လေးတွေကို နှင်ထုတ်ရာမှာ အရမ်းကောင်းပါတယ်။
ဒီနည်းလမ်းက ငရုတ်သီးအပြင် ခရမ်းချဉ်သီး၊ သံပုရာသီး၊ ဖရုံသီး ဒါမှမဟုတ် အရွက်စားပင် အစရှိတဲ့ အပင်အမျိုးမျိုးအတွက် အသုံးပြုနိုင်ပါတယ်။ အပင်ကို သန်မာစေခြင်း၊ အပွင့်မြန်စေခြင်း၊ အသီးကောင်းစေခြင်းနဲ့ ဂရုစိုက်ရတာ ပိုမိုလွယ်ကူစေပါတယ်။
အိမ်မှာပဲ စမ်းလုပ်ပြီး သိမ်းထားလိုက်ပါ။ ငွေကုန်ကြေးကျ သက်သာတဲ့အပြင် စိတ်ချရပြီး မျှော်မှန်းထားတာထက် ပိုတဲ့ ရလဒ်တွေ ရရှိစေပါလိမ့်မယ်။

image

ဝက်အူမ ချဉ်စပ်
ဝက်အူမကြီး ၃၀သား
ခရမ်းချဉ်သီး ၁၀သား
ကြက်သွန်နီ ၂လုံး(နုတ်နုတ်စင်း)
ကြက်သွန်ဖြူ ၄မွှာ (ထောင်းထားပါ)
ဂျင်း ၂ပြားခန့်( ။ )
ခရမ်းချဉ်သီးဆောစ့် ၃ဇွန်းခန့်
ကော်မှုန့် အနည်းငယ်
ငံပြာရည် ။
ဆား ။
သံပုရာသီး ၁လုံး
ငရုတ်သီးစိမ်း ၄တောင့်ခန့်
တရုတ်နံနံ ၂ပင်ခန့်
ငရုတ်ပုထောင်း အနည်းငယ်
တရုတ်မဆလာ ။
အူမကြီးကိုရေစင်စင်ဆေး၍အိုးကင်ပူကပ်ပါ။အချွဲများကုန်သွားသည်အထိခရင်းဖြင့်လှန်၍မွှေပေးပါ။
ရလျှင် ဆား သံပုရာသီး နှင့် နာနာနယ်ဆေးပြီး ဆား သကြား
တရုတ်မဆလာ နှင့်နယ်ထားပါ။
ပြီးလျှင် pressure cooker ဖြင့် ရေနို့ဆီဘူး ၁လုံးခွဲခန့်
ထည့်ပြီး နာရီဝက်ခန့်ပေါင်းပါ။
ဆတ်တောက်တောက်စားချင်လျှင်ရေလျော့ပါ။ရလျင်အရွယ်တော်လှီးထားပါ။
ဆီပူတွင် ကြက်သွန်နီ ဖြူ ဂျင်း ငရုတ်ပုတောင့်ဖြင့်ဆီသတ်ပါ
ခရမ်းချဉ်သီးထည့်၍ကြေအောင်ရေအနည်းငယ်ထည့်ပြီးမွှေပေးပါ။ခရမ်းချဉ်သီးလိပ်သွားလျှင် သကြား ငံပြာရည် ဆောစ့်
ထည့်ပြီး အူမကြီးထည့်ကာ ရေအနည်းငယ်ထည့်၍တည်ပါ။
ရေအနည်းငယ်ကျန်လျှင် ကော်မှုန့်ရေဖျော်ထည့်ပါ။
ငရုတ်သီးစိမ်း သံပုရာသီး တရုတ်နံနံအုပ်၍ ရပါပြီရှင်။
ကျေးဇူးတင်ပါတယ်ရှင်။

image

တကယ်ဘာအထာမှန်းကို မသိပါဘူးဆို

image

ကွန်ပျူတာနှေးရခြင်း အဓိက အကြောင်းရင်းများ။ 🐢
1. Hardware ဆိုင်ရာ အကြောင်းရင်းများ
- RAM မလုံလောက်ခြင်း - Program တွေ အများကြီးဖွင့်ထားရင် RAM ပြည့်သွားတတ်ပါတယ်
- Hard Disk ပြဿနာ - Traditional HDD တွေက SSD တွေထက် ပိုနှေးပါတယ်
- Processor အားနည်းခြင်း - အသစ်ပေါ်တဲ့ Software တွေက Processor ပိုစားပါတယ်
- Overheating - ကွန်ပျူတာအပူလွန်ကဲရင် Performance ကျဆင်းတတ်ပါတယ်
2. Software ဆိုင်ရာ အကြောင်းရင်းများ
- Startup Program များလွန်းခြင်း - စဖွင့်ဖွင့်ချင်း Auto-run ဖြစ်နေတဲ့ Program တွေများနေခြင်း
- Virus/Malware ရှိနေခြင်း - မလိုလားအပ်တဲ့ Software တွေ ဝင်ရောက်နေခြင်း
- Disk Fragmentation - HDD သုံးရင် File တွေ ကဏန်းဖြန့်နေခြင်း
- Outdated Driver များ - Hardware အတွက် Driver လေးနေခြင်း
#ဖြေရှင်းနည်းများ 🧠
ချက်ချင်းလုပ်ဆောင်နိုင်သော အဆင့်များ
1. Restart လုပ်ပါ
- ရိုးရှင်းပေမယ့် အထိရောက်ဆုံးနည်းလမ်းတစ်ခုပါ
- Memory leak တွေကို ရှင်းလင်းပေးနိုင်ပါတယ်
2. Background Program များကို ပိတ်ပါ
- Task Manager (Ctrl+Shift+Esc) ဖွင့်ပြီး မလိုအပ်တဲ့ Program တွေကို End Task လုပ်ပါ
3. Startup Program များကို လျှော့ချပါ
- Task Manager > Startup tab မှာ မလိုအပ်တဲ့ Program တွေကို Disable လုပ်ပါ
အဆင့်မြင့် ဖြေရှင်းနည်းများ
4. Virus Scan စစ်ဆေးပါ
- Windows Defender သို့မဟုတ် Antivirus Software နဲ့ Scan ဖတ်ပါ
5. Disk Cleanup လုပ်ပါ
- Start menu မှာ "Disk Cleanup" ရိုက်ရှာပြီး Temporary files တွေကို ရှင်းလင်းပါ
6. Hardware Upgrade စဉ်းစားပါ
- RAM တိုးခြင်း
- HDD ကနေ SSD သို့ ပြောင်းခြင်း
- Laptop သုံးရင် Cooling pad သုံးခြင်း
ရေရှည်ထိန်းသိမ်းရန်
7. Regular Maintenance
- လစဉ် Disk Cleanup လုပ်ခြင်း
- Driver တွေ Update လုပ်ခြင်း
- Software တွေကို Latest version သို့ Update လုပ်ခြင်း
8. Storage Space စီမံခန့်ခွဲခြင်း
- Hard disk မှာ 15-20% Free space ချန်ထားပါ
- File တွေကို External drive သို့ ရွှေ့သိမ်းခြင်း
#အထူးအကြံပြုချက် 🧠
အကယ်၍ ဒီနည်းလမ်းတွေနဲ့ မသက်သာရင် System Restore သို့မဟုတ် Windows Reset လုပ်ဖို့ စဉ်းစားသင့်ပါတယ်။ ဒါပေမယ့် ဒီနည်းလမ်းတွေက Data တွေ ပျက်စီးနိုင်တာမို့ Backup အရင်လုပ်ဖို့ အရေးကြီးပါတယ်။
𝑪𝒐𝒎𝒑𝒖𝒕𝒆𝒓 𝑶𝒏𝒍𝒊𝒏𝒆 𝑻𝒓𝒂𝒊𝒏𝒊𝒏𝒈

image
13 w - Translate

ခက်ခဲကြမ်းတမ်းခဲ့တဲ့ ငယ်ဘဝအမှတ်တရအကြောင်း ထုတ်ပြောလာခဲ့တဲ့ နာမည်ကြီးထိုင်ဝမ်မင်းသမီးရှုချီ
So Close ဇာတ်ကားနဲ့ လူသိများပြီး အလှနတ်ဘုရားမလို့ တင်စားရလောက်တဲ့ နာမည်ကြီးမင်းသမီးချော ရှုချီဟာ အခုလိုနာမည်ကြီးမင်းသမီးမဖြစ်ခင် သူ့ငယ်ဘဝဟာ ပင်ပန်းဆင်းရဲလှပါတယ်။ မကြာသေးခင်က အင်တာဗျူးတစ်ခုမှာ သူ့ကို ငယ်ရွယ်တဲ့မိန်းကလေးတစ်ယောက်အဖြစ်ကနေ ရင့်ကျက်တဲ့အမျိုးသမီးတစ်ယောက်အဖြစ်ကူးပြောင်းသွားတဲ့အချိန် ထူးခြားတဲ့အခိုက်အတန့်တစ်ခုရှိခဲ့လားလို့ မေးမြန်းခံခဲ့ရပါတယ်။ ရှုကျီက "ကျွန်မ ငယ်ငယ်တုန်းကတည်းက ကျွန်မရဲ့မှတ်ဉာဏ်ထဲမှာ ကျွန်မဟာအရွယ်ရောက်ပြီးသားသူဖြစ်နေပြီးပါပြီ"တဲ့။
သူ့ရဲ့ငယ်ဘဝအမှတ်တရတွေကိုလည်း ပြန်ပြောဖြစ်ခဲ့ပါတယ်။ သူ့ရဲ့ငယ်ဘဝအမှတ်တရကတော့ မနက် ၆ နာရီ အိပ်ယာထရတယ်၊ အသက် ၅ နှစ်- ၆ နှစ်လောက်ဆိုတော့ သူ မူကြိုပဲရှိသေးတယ်၊ တစ်မိသားစုလုံးအတွက် ဆန်ပြုတ်ချက်ပေးရတယ်လို့ ရှုကျီက ပြောပါတယ်။
သူ ပထမဆုံးအခေါက် ဆန်ပြုတ်ချက်တော့ ဆန်ပြုတ်က ကောင်းကောင်းမကျက်ခဲ့ဘူး။ အဲ့ကြောင့်မို့ ဆိုးရွားစွာ ရိုက်နှက်ခံခဲ့ရတယ်။ ရိုက်နှက်မခံရရင် ထပ်ခါထပ်ခါ ပြင်းပြင်းထန်ထန်ဆူငေါက်တယ်လို့ဆိုပါတယ်။ သူ မနက် ၆ နာရီထပြီး မနက်စာပြင်ပြီးရင် ကျောင်းဝတ်စုံဝတ်ပြီး ရေဗူးဆွဲကာ ကျောင်းကားမှီဖို့ တစ်ယောက်တည်းသွားခဲ့ရတယ်။ ဒီအခိုက်အတန့်တွေက အခု သူ့ခေါင်းထဲမှာရှိတဲ့ ငယ်ဘဝအမှတ်တရတွေပါတဲ့။
ရှုကျီက သူ့ရဲ့ခက်ခဲကြမ်းတမ်းတဲ့ငယ်ဘဝအကြောင်း ပြောတာ ဒါဟာ ပထမဆုံးအကြိမ်တော့မဟုတ်ပါဘူး။ အရင်ကလည်း အရက်စွဲနေတဲ့ သူ့အဖေက စိတ်မတည်ငြိမ်ဘူး။ မကြာခဏ ရိုက်နှက်ဆူငေါက်တယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ ရှုကျီကို ရခဲ့တဲ့ သူ့အမေက မိခင်ဘဝဟာ သူ့ရဲ့အိပ်မက်နောက်လိုက်ဖို့ တားဆီးထားတယ်ဆိုပြီး မကျေမနပ်ဖြစ်ခဲ့တယ်။ ရှုကျီက သူ့အဖေ စိတ်ခံစားချက်ကောင်းမကောင်းကို အိမ်ပြန်လာလို့ တံခါးသော့ဖွင့်တဲ့အသံကို နားထောင်ပြီး သိလာခဲ့တယ်။ ဒေါသထွက်ပြီး သူ့အဖေအိမ်ပြန်လာတဲ့အချိန်တိုင်း ဗီရိုထဲမှာ ပုန်းနေခဲ့ရတယ်လို့ ရှုကျီပြောပြခဲ့ဖူးပါတယ်။

image
13 w - Translate

ကိုယ်ချင်းစာတရားဆိုတာ

ထွေထွေထူးထူး မဟုတ်ပါဘူး

ငါပြောသလို သူပြောလာရင် ခံနိုင်ပါ့မလား

ငါပြုမူသလို သူပြုမူလာရင် လက်ခံနိုင်ပါ့မလား

ဒီလောက်ပါပဲ။

13 w - Translate

ရုံးပတီသီးကို အဓိကအားဖြင့် ဟင်းချက်ရာတွင်လည်းကောင်း၊ အတို့အမြှုပ်အဖြစ် အစိမ်းစားရန်အတွက်လည်းကောင်း အသုံးပြုကြသည်။ မြန်မာ့ဆေးကျမ်းများအရ ရုံးပတီသီးသည် ကျိချွဲသော သတ္တိရှိပြီး လေနှင့် သလိပ်ကို ပျက်စေနိုင်သော်လည်း၊ အကြောအခြင်တို့ကို လေးလံတောင့်တင်းစေတတ်သည်ဟု ဆိုကြသည်။ ရုံးပတီပင်စည်မှ လျှော်မျှင်များကိုလည်း ထုတ်လုပ်ကြသည်။ ရုံးပတီသီးသည် ပူနွေးသော ရာသီဥတုကို နှစ်သက်သော သီးနှံဖြစ်သည်။
မြေပြင်ဆင်ခြင်း
• မြေအမျိုးအစား: ရုံးပတီသီးသည် အသင့်အတင့်ကောင်းမွန်သော မြေတွင် ဖြစ်ထွန်းပြီး ဖွယ်သောမြေ ကို ပိုမိုနှစ်သက်သည်။
• မြေချဉ်ငံဓာတ်: မြေချဉ်ငံဓာတ် pH (၆.၀-၆.၈) အတွင်း စိုက်ပျိုးနိုင်သည်။
• မြေသြဇာထည့်သွင်းခြင်း: မြေပြင်ချိန်တွင် တစ်ဧကလျှင် နွားချေး (၁၀) တန် နှုန်း ထည့်သွင်းပေးပါ။
• ထွန်ယက်ခြင်း: ထွန်ရေးညက်အောင် မွှေပြီး ကြမ်းတုံးရိုက်၍ စိုက်ကြောင်းဖော်ပေးပါ။
• ဘောင်စိုက်ခြင်း: မိုးရာသီတွင် ရေဝပ်မှု မဖြစ်စေရန်အတွက် ဘောင်ဖြင့် စိုက်ပျိုးသင့်သည်။
• ဓာတ်မြေသြဇာနှုန်းထား: တစ်ဧကအတွက် ယူရီးယား ၁ အိတ်၊ တီစူပါ ၁ အိတ်၊ ပိုတက်ရှ် ၁ အိတ် တို့ကို သုံးစွဲရန် လိုအပ်ပါသည်။
စိုက်ပျိုးခြင်း
• မျိုးစေ့ပြင်ဆင်ခြင်း: ရုံးပတီစေ့ကို မစိုက်ပျိုးမီ (၁၂) နာရီခန့် ရေစိမ် ပေးပါ။ ရေပေါ်တွင် ပေါ်နေသော အစေ့များကို ဖယ်ရှားပစ်ရမည်။
• စိုက်သည့်အကွာအဝေး: ရာသီပေါ်မူတည်၍ ပင်ကြား/တန်းကြား (၃ x ၁) ပေ ထား၍ စိုက်ပျိုးသည်။
• အပင်ဦးရေ: တစ်ဧကလျှင် အပင်ဦးရေ (၁၀,၀၀၀ မှ ၄၀,၀၀၀) အထိ ရရှိအောင် စိုက်ပျိုးသင့်ပါသည်။
အပင်ပြုစုခြင်း
• ပေါင်းမြက်ကာကွယ်ခြင်း: ရုံးပတီတွင် ဗိုင်းရပ်စ်ရောဂါ ကျရောက်လေ့ရှိသောကြောင့် အပင်ငယ်စဉ်ကပင် ပေါင်းကင်းစင်အောင် ဆောင်ရွက်ရပါမည်။
• ရေပေးသွင်းခြင်း: ရုံးပတီသည် ရေငတ်ဒဏ်ကို အသင့်အတင့် ခံနိုင်ရည်ရှိသော်လည်း အစိုဓာတ်ထိန်းသိမ်းနိုင်အား ကောင်းသောမြေတွင် စိုက်ပျိုးပါက အထွက်နှုန်း ပိုကောင်းသည်။ အလွန်ပူပြင်းသော ရာသီတွင် ရေသွင်းပေးရန် လိုအပ်သည်။
• ပိုးမွှားကာကွယ်ခြင်း: အဓိက ကျရောက်သော ပိုးမွှားများမှာ သီးလုံးဖောက်ပိုး နှင့် ပျပိုး များဖြစ်၍ ထိသေအာနိသင်နှင့် ပင်လုံးပြန့်အာနိသင်ရှိသော ပိုးသတ်ဆေးများဖြင့် ပက်ဖျန်း ကာကွယ်ပါ။
ဆွတ်ခူးခြင်း
• အကောင်းဆုံး ဆွတ်ခူးချိန်: စားသုံးရန် အကောင်းဆုံးအဆင့်မှာ ပန်းပွင့်ပြီး (၆-၇) ရက်သား ဖြစ်သည်။
• ဆွတ်ခူးပုံ: တစ်ပတ်ကြာလျှင် စတင် ဆွတ်ခူးပေးရမည်။ ထို့နောက် ၂ ရက်ခြားတစ်ကြိမ် ဆက်လက် ဆွတ်ခူးပါ။
• ရာသီပူပြင်းမှု၏ အကျိုးသက်ရောက်မှု: ရာသီဥတု အလွန်ပူပြင်းပါက ရင့်မှည့်မှု မြန်သောကြောင့် နေ့စဉ် ဆွတ်ခူးပေးရန် လိုအပ်ပါသည်။
• အထွက်နှုန်း: တစ်ဧက စိုက်ပျိုးပါက ပိဿာ (၁,၀၀၀ မှ ၃,၀၀၀) အထိ ရရှိနိုင်ပါသည်။

image
13 w - Translate

Bozzo-in-the-Woods (2025)
+++++++++++
ထိတ်လန့်သည်းဖို Horror နဲ့ Comedy ဟာသ တွဲဖက်ကြည့်ချင်တဲ့သူတွေအတွက်
ရွေးချယ်လို့ ရမယ့် ဇာတ်ကားလေး တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
သွေးသံရဲရဲ သတ်ဖြတ်ခန်းတွေလည်း ပါသလို မထော်မနန်းတွေကို မှင်သေသေနဲ့
သရုပ်ဆောင်နိုင်ကြတဲ့ သရုပ်ဆောင်တွေကြောင့်လည်း ခွီမိမှာ သေချာပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့ ဘိုဇိုလို့ အမည်ရတဲ့ လူရွှင်တော် လူပြက်ကောင် ဝိဉာဉ်မိစ္ဆာဟာ
တောထဲမှာ သောင်းကျန်းနေပြီး တောစခန်းအလည်ထွက်လာသူ မှန်သမျှကို ရက်ရက်စက်စက်
သတ် သူ့ဝိဉာဉ် အာဟာရ ဖြည့်တင်းနေပါတယ်။
တစ်ဖက်ကလည်း သူသတ်ပြီးတဲ့ သားကောင်တွေကို ဇွန်ဘီလိုမျိုး အသွင်ပြောင်းပြီး ကျန်သူတွေကို
တိုက်ခိုက်ဝါးမြိုခိုင်းပါသေးတယ်။
သူ့ကို နှိမ်နင်းပြီးတော့ မိစ္ဆာလက်ထဲက ‘လာဇရက်ကျမ်း’ကို ယူဖို့အတွက် စစ်တပ်ကနေ
ထိပ်တန်းလျှို့ဝှက်မစ်ရှင်အနေနဲ့ တောထဲကို အဖွဲ့သားတွေနဲ့အတူ ရောက်ရှိလာတာကတော့
တိုက်ခိုက်သတ်ဖြတ်ရေးမှာ နာမည်ကြီးတဲ့ လက်မရွံ့ဒုဗိုလ်မှူး စကိုင်လာပါ။
ဉာဏ်နီဉာဏ်နက်များတဲ့ ဘိုဇိုမိစ္ဆာလူပြက်ကောင်နဲ့ သူတို့တွေ တောထဲမှာ ဘယ်လိုတွေ့ဆုံကြမလဲ...
မိစ္ဆာလက်ထဲက ကျမ်းကို အရယူနိုင်မလား မိစ္ဆာလက်ထဲကိုပဲ သူတို့တွေ အသက်ပေးလိုက်ရမလား ဆိုတာကိုတော့…..။
File Size… (3.15G / (1.67
Quality… WEB-DL 1080p HEVC /720p
Format…mkv / mp4
Duration…1h 44m
Genre … Action , Fantasy , Horror
Subtitle….Myanmar Subtitle (Hard Sub)

image

မင်္ဂလာပါ---
၂၇-၁၀-၂၀၂၅ ရက်နေ့
=================
အောက်မှာဖော်ပြထားတာကတော့ မနက်ဖြန်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့ကြီးများ၏ အမြင့်ဆုံးအပူချိန်၊ အနိမ့်ဆုံးအပူချိန်နှင့် မိုးလေဝသခန့်မှန်းချက်တို့ပဲဖြစ်ပါတယ်-----

image