Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ကင်းပုံသီး ငပိချက် (အချွဲကင်းပြီး ကြွပ်ကြွပ်မွှေးမွှေး ဆီပြန်လက်ရာ)
🛒 ပါဝင်ပစ္စည်းများ
အဓိကအမယ်: ကင်းပုံသီး (အလယ်မှ ထက်ခြမ်းခြမ်းထားပါ)
အနှစ်အတွက်: ကြက်သွန်ဖြူ၊ ကြက်သွန်နီ (နုတ်နုတ်စင်းထားပါ)၊ ခရမ်းချဉ်သီး (နုတ်နုတ်စင်းထားပါ)
အရသာအတွက်: ငပိစိမ်းစား (အနည်းငယ်)၊ ငရုတ်သီးစိမ်းမှုန့် (အရောင်တင်)၊ ဆား၊ ကြက်သားမှုန့်
အခြေခံ: ဆီ၊ ဆနွင်း၊ ရေ
👩🍳 ပြုလုပ်ပုံအဆင့်ဆင့်
၁။ ကင်းပုံသီး ပြင်ဆင်ခြင်း (အရေးကြီးအဆင့်):
ကင်းပုံသီးကို ထက်ခြမ်းခြမ်းပြီး အစေ့များထွက်သွားစေရန် အပေါက်စိတ်သော ဇကာဖြင့် တိုက်ချ (သို့မဟုတ်) ပွတ်ချပေးပါ။
ရလာသော ကင်းပုံသီးများကို ဇလုံတစ်ခုထဲထည့်၊ ဆားအနည်းငယ်ဖြူးပြီး အကျိအချွဲများ ထွက်လာသည်အထိ သေချာနယ်ပေးပါ။
ပြီးလျှင် ရေစင်အောင်ဆေးချပြီး ဇကာဖြင့် ရေစစ်ထားပါ။
၂။ အနှစ်ဆီသတ်ခြင်း:
အိုးထဲတွင် ဆီပူလာလျှင် ဆနွင်းခတ်ပြီး နုတ်နုတ်စင်းထားသော ကြက်သွန်ဖြူ၊ နီတို့ကို ထည့်၍ ဆီသတ်ပါ။ ကြက်သွန်အရောင် ပြောင်းလာပြီဆိုလျှင် နုတ်နုတ်စင်းထားသော ခရမ်းချဉ်သီးများကို ထည့်မွှေပါ။
၃။ အရသာသွင်းခြင်း:
ခရမ်းချဉ်သီးလေးများ နွမ်းလာလျှင် ငရုတ်သီးမှုန့်နှင့် ငပိစိမ်းစားတို့ကို ထည့်ပါ။ ရေအနည်းငယ်၊ ဆားနှင့် ကြက်သားမှုန့်တို့ ထည့်ကာ ဟင်းအိုးပွက်ပွက်ဆူလာသည်အထိ ခေတ္တစောင့်ပါ။
၄။ ကင်းပုံသီးချက်ခြင်း:
ဟင်းအိုးဆူလာလျှင် ရေစစ်ထားသော ကင်းပုံသီးများကို ထည့်ပါ။ ကင်းပုံသီးလေးများ နူးအိပြီး အရည်ခမ်းကာ ဆီပြန်လာသည်အထိ တည်ပေးလိုက်ပါက အနံ့မွှေးပျံ့လှသော ကင်းပုံသီးငပိချက်ကို ရရှိပါပြီ။
💡 စားကောင်းစေမယ့် Tips လေးများ
အချွဲထုတ်ခြင်း: ဆားနဲ့နယ်ပြီး အချွဲထုတ်လိုက်တာက ကင်းပုံသီးကို ဟင်းချက်တဲ့အခါ ပွစိစိမဖြစ်စေဘဲ စားတဲ့အခါမှာ ပိုမိုကြွပ်ရွစေပါတယ်ရှင်။
မီးအရှိန်: ကင်းပုံသီးထည့်ပြီးနောက် မီးအေးအေးနဲ့ ဆီပြန်အောင် စိတ်ရှည်ရှည်ချက်ပေးရင် ငပိရဲ့အရသာက ကင်းပုံသီးထဲထိ စိမ့်ဝင်သွားမှာပါရှင်။
ခန္ဓာကိုယ်တွင်း အပူငြိမ်းစေမယ့် အအေးစာလေးများ.....
လူသားတစ်ယောက် အတွက် ကိုယ်တွင်း အပူချိန်ဟာ ပျှမ်းမျှ၉၈ဒသမ၆ ဒီဂရီဖြစ်ပြီး ရာသီ ဥတုပေါ်မူတည်၍ ၄င်းပမာဏ ထက် အပူချိန် အတက်အကျ အနည်းငယ်ပြောင်းလဲတတ်ပါတယ်။
ကိုယ်တွင်းအပူများတာကို ဆေး ပညာလောကမှာ 'Heat Stress' လို့ခေါ်ကြပြီး ခန္ဓာကိုယ်တွင်း အပူ ချိန်က သူ့အလိုလိုအေးသွားတာမျိုး မရှိတတ်ပါဘူး။ လိုအပ်တာထက် အပူချိန်များနေတဲ့အခါ ပိန်ချုံးလာ ခြင်း၊ ကြွက်တက်ခြင်း၊ လျှာ-နှုတ် ခမ်းတွေသာမက အရေပြားပေါ်မှာ အဖုအပိမ့်တွေထွက်လာခြင်း၊ ဝက် ခြံထွက်ခြင်း၊ ခေါင်းမူးဝေခြင်း၊ ပျို့ အန်ခြင်းတို့အပြင် ခန္ဓာကိုယ်တွင်း ကလီစာတွေကိုပါ ပျက်စီးစေနိုင် ပါတယ်။
ရေခဲရည်များ၊ ရေနွေး-စွပ် ပြုတ် စတဲ့အရည်ပူပူများ၊ နေပူပူ ထဲ အချိန်အကြာကြီးသွားလာခြင်း၊ ငရုတ်သီး-ချင်း-မျှစ်ချဉ်-ငရုတ် ကောင်း-ပတဲကောစတဲ့ ပူပူလောင် လောင် အစပ်တွေစားခြင်း၊ ရေ သောက်နည်းခြင်းတို့က ကိုယ်တွင်း အပူရှိန် မြင့်တက်လာစေလို့(အထူး) ရှောင်ကြဉ်ပေးရမယ့် အစားအ သောက်တွေဖြစ်ပါတယ်။ ခန္ဓာကိုယ်တွင်း အပူငြိမ်းအေးစေဖို့အတွက် အဓိကေဆးကေတာ့ ရေဝဝ သောက်၍ တစ်နေ့ကို ရေနှစ်ကြိမ် ချိုးပေးခြင်းပါပဲ။
(မိုးရာသီမှလွဲ၍ ချမ်းအေးတဲ့ ဆောင်းရာသီနဲ့ နွေ ပူပူတို့မှာ ခန္ဓာကိုယ်တွင်း အပူ ဓာတ်များသူတွေအနေနဲ့ ယခင်က ထက် ရေပိုသောက်ရင်း၊ နေ့စဉ် စားသမွ် အစားအစာတွေထဲမှာ ရေဓာတ်ကြွယ်ဝတဲ့ အေအးစာ လေးတွေကို ဖြည့်စွက်စာအဖြစ် စားသုံးသင့်ပါတယ်) ဖရဲသီး။ လူ့ခန္ဓာကိုယ်ရဲ့ သုံးပုံ နှစ်ပုံကို အရည်ဓာတ်နဲ့ ဖွဲ့စည်း တည်ဆောက်ထားပါတယ်။ဖရဲသီး ထဲမွာ ရေဓာတ် ၉ဝ ရာခိုင်နှုန်း ကျော်ပါရှိတာကြောင့် အပူငြိမ်း အေးစေတဲ့ အကောင်းဆုံးသီးနှံ ဖြစ်ပါတယ်။
သခြားသီး။
သခွားသီးလေးတွေမှာ ရေဓာတ်ကြွယ်ဝစွာပါရှိလို့ ခန္ဓာကိုယ်ကို ထိထိရောက်ရောက် အေးမြစေပါတယ်။ ဒါကြောင့် တန်ဖိုးနည်း သခွားသီးလေးတွေ ကို နေ့စဉ်စားပေးသင့်ပါတယ်။
ပူဒီနာရွက်။
ပူဒီနာရွက်ဟာ ခန္ဓာ ကိုယ်တွင်းကို အေးမြစေတာကြောင့် မြန်မာ၊ အိန္ဒိယ၊ ဗီယက်နမ်၊ မကာ အိုစတဲ့ အာရှတိုက်တစ်ခွင်ရှိ ရှေးတိုင်းရင်းဆေးဆရာကြီးများက ပူဒီနာပင်များကိုအပူငြိမ်းဆေးအဖြစ် ဆေးဝါးဖော်စပ်လာခဲ့ကြပါတယ်။
မုန်လာဥအဖြူ။
အဖြူရောင် မုန် လာဥလေးတွေမှာ ဗီတာမင်စီပါ ရှိတဲ့အပြင် ကိုယ်တွင်းအပူရှိန်ကို တိုက်ထုတ်ပေးနိုင်တဲ့ ဓာတ္တိုး ဆန့်ကျင်ပစ္စည်းတွေအလုံအလောက် ပါရှိနေပါတယ်။ ဒါကြောင့်'Heat Stress'ကို တိုက်ထုတ်ပေးနိုင်တဲ့ မုန်လာဥအဖြူတွေကို စားဖြစ် အောင်စားပေးပါ။
နှမ်း။
နှမ်းစေ့လေးတွေက အပူ ငြိမ်းအေးစေတဲ့ အိမ်တွင်းဆေး ဝါးတစ်မျိုးဖြစ်တာကြောင့် နှမ်း စားရင်း ရေများများသောက်ပါ။ (နှမ်းပျစ်၊ နှမ်းယိုလေးတွေကလဲ အပူငြိမ်းအေးစေအောင် အထောက် အပံ့ပေးပါတယ်)
စမုန်စပါး။
စမုန်စပါးအစေ့လေး တွေကို သောက်ရေခွက်ထဲ တစ်ညလောက် စိမ်ထားပြီး နံနက်အိပ်ရာထတဲ့ အခါ ရေသောက်ရင်း အဖတ်တွေပါ ကုန်အောင်ဝါးစားပေးပါ။တစ်နေ့ တာလုံး အပူငြိမ်းအေးစေနိုင်တဲ့ အပြင် ခံတွင်းရနံ့ကိုပါ ရှင်းသန့်စေ ပါတယ်။
အုန်းစိမ်းရည်။
အုန်းသီးစိမ်းနုနုမှ ရတဲ့ အုန်းစိမ်းရည်ဟာလဲ ခန္ဓာ ကိုယ်တွင်း အပူငြိမ်းစေတဲ့ဆေး ကောင်းတစ်လက်ဖြစ်တာမို့ ကိုယ် တွင်းအပူဓာတ်များသူတွေနဲ့ကိုယ် ဝန်ဆောင်မိခင်လောင်းများ မှီဝဲသင့် ပါတယ်။ရေဓာတ်ခန်းခြောက်ခြင်း မှလဲ ကာကွယ်ပေးပါတယ်။
သလဲသီး။
သလဲသီးနဲ့ သလဲသီး ဖျော်ရည်တွေက ခန္ဓာကိုယ်ကို အေးမြပြီး ကိုယ်တွင်းအပူတွေကို သူ့အလိုလိုစုပ်ယူပစ်တာမို့နေ့စဉ် စားသုံးသင့်တဲ့ သီးနှံတစ်ခုပါပဲ။
ဘိန်းစေ့။
ဥပမာ-ဘိန်းမုန့်၊ ဆနွင်းမကင်းစတဲ့ သရေစာမုန့်တွေမှာ အသုံးပြုလေ့ရှိတဲ့ ဘိန်းစေ့လေး တွေကလဲ ကိုယ်ပူရှိန်ကို ပုံမှန်ဖြစ် အောင် အထောက်အပံ့ပေးပါတယ်။ ညအိပ်ရာဝင်ခါနီး ဘိန်းစေ့လက် တစ်ဆုပ်စာဝါးစားပြီး ရေသောက် အိပ်တဲ့အခါ နှစ်ခြိုက်စွာအိပ်မော ကျစေတဲ့အပြင် နောက်တစ်နေ့တာ လုံး အပူငြိမ်းအေးစေပါတယ်။
ပဲနံ့သာပင်အစေ့။
ရှေးရှေးကစလို့ ယနေ့ထိတိုင် အိန္ဒိနိုင်ငံမှာ အပူ ငြိမ်းဆေးတိုင်းရင်းကုထုံးဖြင့် ပဲနံ့ သာပင် အစေ့တွေကိုအသုံးပြုလျက် ရှိပါတယ်။ (ပဲနံ့သာပင်အစေ့လေး တွေကို အိန္ဒိယပရဆေးဆိုင်တွေမှာ ဝယ်ယူရရှိနိုင်ပါတယ်)
နွားနို့။
ကိုယ်တွင်းအပူငြိမ်းလိုသူများ ကျိုချက်ပြီးနွားနို့ကို အအေးခံ၍ နံနက်တိုင်းသောက်ပေးပါ။(သို့မဟုတ်)နွားနို့ကို ပျားရည်အနည်း ငယ်ခတ်၍ သောက်နိုင်ပါတယ်။ သံပရာသီး။ နံနက်အိပ်ရာထ သံပ ရာရည်တစ်ခွက် သောက်ခြင်းက လဲ ကိုယ်တွင်းအပူငြိမ်းအေးစေရုံ မျှမက နေရထိုင်ရတာပေါ့ပါး လန်းဆန်းလာပြီး တစ်နေကုန် သက်လုံကောင်းစေပါတယ်။
"အားလုံးပဲ ကျန်းမာပျော်ရွှင်သော ဘဝကိုပိုင်ဆိုင်နိုင်ကြပါစေ.....
သင် ချစ်ခင်ရတဲ့မိတ်ဆွေ၊ အပေါင်းသင်းများကိုလည်း မျှဝေပေးခြင်းဖြင့် ကျန်းမာရေးကုသိုလ်ယူနိုင်ပါ....."
Creative Writing Courses Market to Reach $6.7 Billion by 2032 with 10.2% CAGR Growth
The Creative Writing Courses Market is expanding rapidly as digital education platforms, universities, and professional training institutes capitalize on growing interest in storytelling, content creation, and publishing careers. The market was valued at approximately $2.8 billion in 2023 and is projected to reach nearly $6.7 billion by 2032, registering a compound annual growth rate (CAGR) of 10.2% between 2024 and 2032. Globally, more than 18 million learners are enrolled in creative writing programs, compared with 9.6 million in 2015, reflecting an 87% increase in student participation over eight years.
Read More -> https://marketintelo.com/repor....t/creative-writing-c
အရက်အမျိုးမျိုးနဲ့ ယစ်မျိုးသက်ဝင် ပစ္စည်းတွေကို ပရိုမိုးရှင်း၊ ကံစမ်းမဲနဲ့ အွန်လိုင်းကနေ ရောင်းချခွင့် တားမြစ်
မတ် ၈ - ၂၀၂၆
အရက်အမျိုးမျိုး အပါအဝင် ဘီယာ၊ ဝိုင်၊ ထန်းရည်၊ တည်အရက် အစရှိတဲ့ ယစ်မျိုးသက်ဝင် ပစ္စည်းတွေကို ပရိုမိုးရှင်း၊ ကံစမ်းမဲနဲ့ အွန်လိုင်းကနေ ရောင်းချခွင့် တားမြစ်လိုက်တယ်လို့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက မနေ့ မတ် ၇ ရက်၊ ရက်စွဲနဲ့ ပြဋ္ဌာန်းလိုက်တဲ့ ယစ်မျိုးဥပဒေမှာ ထည့်သွင်း ဖော်ပြထားပါတယ်။
ယစ်မျိုးဥပဒေကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၂၇ အရ ပြဋ္ဌာန်းလိုက်တာဖြစ်ပြီး အမိန့်ကြော်ငြာစာထုတ်ပြန်ပြီး သတ်မှတ်တဲ့နေ့ကစလို့ အာဏာ တည်စေရမယ်လို့ အသိပေးထားပါတယ်။
ယစ်မျိုးဥပဒေ ပုဒ်မ ၆၉၊ ပုဒ်မခွဲ (ဃ) မှာ ဘယ်သူမဆို အရက် (ဒါမှမဟုတ်) ယစ်မျိုးသက်ဝင်ပစ္စည်းကို အရောင်းပမာဏ မြင့်တက်စေဖို့ ပုံမှန်ဈေးနှုန်းအောက် လျှော့ရောင်းတာ၊ နမူနာပေးကမ်းတာ၊ ကံစမ်းမဲအစီအစဉ် ပြုလုပ်တာ (ဒါမှမဟုတ်) ဝယ်ယူမှုအပေါ် အပိုဆောင်း လက်ဆောင် ပေးကမ်းခြင်းနဲ့ ရောင်းချခြင်းမပြုရလို့ ပြဋ္ဌာန်းထားပါတယ်။
ဒါအပြင် ပုဒ်မ ၆၉၊ ပုဒ်မခွဲ (က) အရ အရက် (ဒါမှမဟုတ်) ယစ်မျိုးသက်ဝင်ပစ္စည်းကို အလိုအလျောက် ရောင်းချစက်နဲ့ မရောင်းချဖို့၊ ပုဒ်မခွဲ (ခ) မှာ အွန်လိုင်းစနစ်နဲ့ မရောင်းချဖို့၊ ပုဒ်မခွဲ (ဂ) မှာ ကြော်ငြာဆိုင်းဘုတ် စိုက်ထူတာ၊ ရေးဆွဲဖော်ပြပြီး ကြော်ငြာတာ၊ ကြော်ငြာချိတ်ဆွဲတာ၊ ကြော်ငြာကပ်တာ၊ ကြော်ငြာလက်ကမ်းစာရွက် ဝေငှတာ (ဒါမှမဟုတ်) တခြား တနည်းနည်းနဲ့ ကြော်ငြာတာတွေ မပြုလုပ်ဖို့ကိုလည်း ပြဋ္ဌာန်းထားပါတယ်။
“ဒီလို ဥပဒေတွေ ထုတ်တာကို ကြိုဆိုပါတယ်။ သို့သော် ထုတ်ထားတဲ့ ဥပဒေအတိုင်း အမှန်တကယ် ကြပ်မတ် အရေးယူနိုင်မယ် ဆိုရင်တော့ ပိုကောင်းတာပေါ့။ ဟိုးအရင်ကလည်း အရက်တွေ၊ ဘီယာတွေကို ရုပ်သံချန်နယ်လ်မှာ မကြော်ငြာရဘူးဆိုပြီး တားမြစ်လိုက်တာ ရှိခဲ့ဖူးတယ်။ အဲဒီအချိန် ကြော်ငြာတွေ အားလုံး ရပ်သွားပေမယ့် ကနေ့အထိ ရုပ်သံမှာ ကြော်ငြာခွင့်ရနေတဲ့ အရက် နာမည်တခုကတော့ ရှိနေဆဲပါ။ အခု ထုတ်လိုက်တဲ့ ဥပဒေအတိုင်း အားလုံးတပြေးညီ ကြပ်မတ် ဆောင်ရွက်နိုင်မယ် ဆိုရင် အကောင်းဆုံးပါပဲ” လို့ စီးပွားရေး လုပ်ငန်းရှင် တယောက်က ပြောပါတယ်။
လက်ရှိ ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေအရ ဘယ်သူမဆို ပုဒ်မ ၆၉ မှာပါတဲ့ တားမြစ်ချက် တရပ်ရပ်ကို ဖောက်ဖျက် ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရပါက ခြောက်လထက်မပိုတဲ့ ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ်သိန်း ၁၀၀ ကနေ အများဆုံး ကျပ်သိန်း ၃၀၀ အထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။
ဒါအပြင် ပုဒ်မ ၇၂ အရ ရောင်းချခြင်းဆိုင်ရာ ယစ်မျိုးလိုင်စင်ရှိသူ ဘယ်သူမဆို အရက်ရောင်းချတဲ့ နေရာမှာ အမျိုးသမီးကို ခိုင်းစေတာ၊ ခိုင်းစေခွင့် ပြုတာတွေ မပြုလုပ်ဖို့လည်း ပြဋ္ဌာန်းထားပါတယ်။
ဒါအပြင် ပုဒ်မ ၅၆ အရ ထန်းရည်ကိုလည်း ယစ်မျိုးလိုင်စင် ရရှိသူထံ ရောင်းချခြင်း (ဒါမှမဟုတ်) သယ်ယူ ပို့ဆောင်ခြင်းမှတပါး ဘယ်သူမှ လိုင်စင်မရှိဘဲ စီးပွားဖြစ်အလို့ငှာ ဖြန့်ဖြူးခြင်း၊ ရောင်းချခြင်း (ဒါမှမဟုတ်) သယ်ယူပို့ဆောင်ခွင့် လက်မှတ်မပါဘဲ သယ်ယူပို့ဆောင်ခွင့် မပြုရလို့ သတ်မှတ် ပြဋ္ဌာန်းထားပါတယ်။
စီးပွားဖြစ်အလို့ငှာ ဖြန့်ဖြူးခြင်း၊ ရောင်းချခြင်း (ဒါမှမဟုတ်) သယ်ယူပို့ဆောင်ခြင်း ဆိုတာဟာ လီတာ ၅၀ ထက်ပိုပြီး ဖြန့်ဖြူးရောင်းချခြင်း (ဒါမှမဟုတ်) သယ်ယူ ပို့ဆောင်ခြင်းကို ဆိုလိုတာဖြစ်ပြီး ပြုလုပ်လိုပါက သက်ဆိုင်ရာ ယစ်မျိုးလိုင်စင် (ဒါမှမဟုတ်) သယ်ယူပို့ဆောင်ခွင့် လက်မှတ် လျှောက်ထား ရယူရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။
အဲဒီ တားမြစ်ချက်တွေကို ကျူးလွန်ကြောင်း ပြစ်မှု ထင်ရှားပါက ခြောက်လထက်မပိုတဲ့ ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်း ၅၀ ထက် မပိုတဲ့ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်လုံးဖြစ်စေ ချမှတ်နိုင်တယ်လို့ ဥပဒေ ပြဋ္ဌာန်းချက်မှာ ဖော်ပြထားပါတယ်။
“လီတာ ၅၀ ဆိုတာ ဘူးအနေနဲ့ဆိုရင် ရေသန့်ဘူး ၅၀၊ ပျမ်းမျှပေါ့။ ထန်းရေအိုး တအိုးကို ၃ လီတာပတ်လည် ရှိမှာပါ။ ထန်းရည် ၁၇ အိုးဆိုရင် လီတာ ၅၀ ပေါ့။ ဒါကို ယစ်မျိုးလိုင်စင် လျှောက်ထားရမယ်ဆိုရင် Fl 12 ချပေးမှာလား၊ FL 17 လျှောက်ထားရမှာလား။ ယစ်မျိုးလိုင်စင် တခုကို သိန်း ၃၀၀ ကနေ သိန်း ၆၀၀ တပတ်လည်ရှိတယ်။ ဒါဆိုရင် အညာဘက်က ထန်းတောပိုင်တဲ့ ထန်းရည်ဆိုင်တွေ အကုန် ယစ်မျိုးလိုင်စင် လျှောက်ထားရမယ့် သဘောပဲ” လို့ ပြည်သူတယောက်က ပြောပါတယ်။
ဥပဒေကနေ နည်းဥပဒေ တဆင့်ချင်း သွားကြရတဲ့နေရာမှာ အောက်ခြေနဲ့ ကိုက်ညီမှုမရှိတဲ့ ဥပဒေမျိုးတွေက တကယ်ကို ကျဥ်းထဲကျပ်ထဲ ရောက်စေပြီး ပြဿနာ ဖြစ်စေနိုင်တယ်လို့ သူက ပြောပါတယ်။
“တခါတလေကျရင် မြေပြင်နဲ့ ဥပဒေ အံဝင်ခွင်ကျ ရှိရဲ့လား၊ မရှိလားဆိုတာကို ဥပဒေထုတ်တဲ့သူတွေ သိစေချင်လိုက်တာ။ ယစ်မျိုးလိုင်စင်ထဲ ထန်းရည်ကိုပါ ထည့်ရင်တော့ ထန်းလျက် ချက်တဲ့သူလည်း မလွတ်လောက်တော့ဘူး” လို့ သူက ပြောပါတယ်။
အခု အသစ်ပြဋ္ဌာန်းလိုက်တဲ့ ယစ်မျိုးဥပဒေမှာ အခန်း ၁၈ ခန်း၊ ပုဒ်မ ၉၉ ခု ပါဝင်ပြီး ပြစ်ဒဏ်တွေအဖြစ် အနိမ့်ဆုံး ထောင်ဒဏ် တလကနေ အမြင့်ဆုံး ထောင်ဒဏ် သုံးနှစ်အထိ၊ အနိမ့်ဆုံး ငွေဒဏ် ကျပ် ၁၀ သိန်းကနေ အမြင့်ဆုံး ငွေဒဏ် ကျပ် သိန်း ၁၀၀၀ အထိ ချမှတ်နိုင်ဖို့ ပြဋ္ဌာန်းထားကို တွေ့ရပါတယ်။
ဒါအပြင် လက်ရှိ ပြဋ္ဌာန်းထားတဲ့ ဥပဒေ တရပ်ရပ်နဲ့ ပြစ်ဒဏ်စီရင်ခြင်း ခံရပါက တရားရုံးအနေနဲ့ ပြစ်မှုနဲ့ သက်ဆိုင်တဲ့ အရက် (ဒါမှမဟုတ်) ယစ်မျိုးသက်ဝင်ပစ္စည်းနဲ့ ပစ္စည်းကိရိယာတွေကို ဖျက်စီးခြင်း (ဒါမှမဟုတ်) ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်းအပြင် ပြစ်မှုကျူးလွန်ရာမှာ အသုံးပြုတဲ့ တိရစ္ဆာန်၊ မော်တော်ယာဉ်၊ ရေယာဉ်နဲ့ အခြားယာဉ်တွေကိုလည်း ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်း ပြုလုပ်ရမှာ ဖြစ်တယ်လို့ ယစ်မျိုးဥပဒေမှာ ထည့်သွင်း ဖော်ပြထားပါတယ်။
တာမွေမှာ ရဲအယောင်ဆောင်ပြီး ရွှေဆိုင်အတွင်း ဝင်ရောက်လုယက်ရန် ကြံစည်မှုဖြစ်
မတ် ၈ - ၂၀၂၆
ရန်ကုန်တိုင်း၊ တာမွေမြို့နယ်မှာ ဒီကနေ့ မတ် ၈ ရက်၊ မနက်ပိုင်းက ရဲအယောင်ဆောင်ထားသူ တယောက် ရွှေဆိုင်တဆိုင်အတွင်း ဝင်ရောက်လုယက်ရန် ကြံစည်မှု ဖြစ်ပွားခဲ့တယ်လို့ ဒီဖြစ်စဉ်ကို သိရှိသူတွေက ပြောပါတယ်။
အဲဒီ ဖြစ်စဉ်ဟာ တာမွေမြို့နယ်၊ ဗညားဒလလမ်း၊ အောင်မင်္ဂလာလမ်းထိပ်၊ ယုဇနအိမ်ရာ၊ တိုက် (၀၀၈) A1ရှိ “ချိန်ကင်း” ရတနာရွှေဆိုင်မှာ ဒီကနေ့ မနက် ၉ နာရီခွဲဝန်းကျင်က ဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ရဲအယောင်ဆောင်ထားသူက သူဟာ တာမွေစခန်းက ဒုရဲအုပ် အောင်ဘိုဘိုဖြစ်ပြီး ချိန်ကင်း ရွှေဆိုင်မှာ ရွှေအတုတွေ ရောင်းချနေတာကို သိရှိရတဲ့အတွက် ဖမ်းဆီး အရေးယူဖို့ ရောက်လာတာဖြစ်ကြောင်း ပြောဆိုခဲ့တယ်လို့ ဒီဖြစ်စဉ်ကို သိရှိသူတယောက်က ပြောပါတယ်။
“သူက ဆိုင်ဝန်ထမ်း အမျိုးသမီးတယောက်ကို လက်ထိပ်ခတ်ပြီး သက်သေခံပစ္စည်း သိမ်းမယ့်ပုံစံနဲ့ ခင်းကျင်းထားတဲ့ ရွှေထည်တွေကို လုယက်ဖို့ပြင်တာ။ အဲဒီအချိန် လက်ထိပ်ခတ်ခံထားရတဲ့ ဝန်ထမ်းက ဆိုင်အပြင်ထွက်ပြေးပြီး အော်ဟစ် အကူအညီတောင်းလို့ ပတ်ဝန်းကျင်က ဝိုင်းပြီး ဖမ်းတဲ့အချိန် သူ့ကိုယ်သူ ရဲအရာရှိလို့ ပြောတဲ့သူက ထွက်ပြေးသွားတယ်” လို့ သူက ပြောပါတယ်။
ရဲအယောင်ဆောင်ထားသူဟာ ဆိုင်ကိုမလာခင် အဲဒီဆိုင်က မန်နေဂျာကို အရင်ဆုံး ဖုန်းဆက်ပြီး ရွှေအတု ရောင်းချတဲ့ကိစ္စ ဖြေရှင်းဖို့ တာမွေရဲစခန်းကို ခဏလာခဲ့ဖို့ ပြောဆိုခဲ့တာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
“ဆိုင်နဲ့ တာမွေရဲစခန်းက သွားမယ်ဆို ၁၅ မိနစ်လောက်ပဲ ကြာတယ်။ မန်နေဂျာ ထွက်သွားပြီးချိန် သူရောက်လာတော့ ဆိုင်မှာ ဝန်ထမ်း အမျိုးသမီးတယောက်ပဲ ကျန်ခဲ့တာ။ ပြီးတော့ အရေးယူမယ်ဆိုပြီး အဲဒီ ဝန်ထမ်းကို လက်ထိပ်နှစ်ခု ခတ်ခဲ့တာ။ ပတ်ဝန်းကျင်က ဝိုင်းဖမ်းလို့ အဲဒီလူ လွတ်သွားပြီး နောက်ပိုင်းမှာလည်း ခွေးဘီလူးကားနဲ့ လူနှစ်ယောက်က အရိပ်အကဲကြည့်တဲ့ ပုံစံနဲ့ ဆိုင်ရှေ့ကနေ ကားဖြတ်မောင်းသွားတာ တွေ့ရတယ်” လို့ သူက ပြောပါတယ်။
ရဲအယောင်ဆောင်ပြီး ရွှေဆိုင်အတွင်း ဝင်ရောက်လာသူဟာ အသက် ၂၀ ဝန်းကျင်အရွယ်ရှိပြီး အင်္ကျီအမည်း၊ ဘောင်းဘီအမည်း ဝတ်ဆင်ထားတယ်လို့ သူက ပြောပါတယ်။
“ဒီဖြစ်စဉ်မှာ လုယက်တဲ့သူရဲ့ ဖုန်းတလုံးနဲ့ လက်ထိပ်နှစ်ခု ကျန်ခဲ့တယ်။ လုယက်မှုဖြစ်ပြီး မနက် ၁၀ နာရီခွဲအချိန်မှာ ဆိုင်ကို ရဲတွေရောက်လာတယ်။ သက်သေခံပစ္စည်းတွေကို သိမ်းသွားတယ်။ ရဲတွေကတော့ ဖုန်းကိုဖွင့်ရင် ဒေတာပျက်မယ်ပြောတယ်” လို့ သူက ပြောပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ နေ့လယ် ၂ နာရီဝန်းကျင်မှာ တာမွေရဲစခန်းမှာ အမှုဖွင့် တိုင်ကြားခဲ့တာမှာ ပစ္စည်း ပါမသွားတဲ့အတွက် လုယက်မှုနဲ့ အမှုဖွင့်လို့မရသလို မတရား ချုပ်နှောင်မှုနဲ့လည်း အမှုဖွင့် အရေးယူလို့ မရကြောင်း ရဲစခန်းက ပြန်လည် ပြောဆိုခဲ့တယ်လို့ သူက ပြောပါတယ်။
“စခန်းကတော့ ရဲအယောင်ဆောင်မှုနဲ့ပဲ အမှုတင်လို့ရမယ် ပြောလို့ ရဲစခန်းမှာတော့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးတော့ ပေးခဲ့တယ်။ စခန်းက အမှုဖွင့်တယ်ဆိုရင် အလုပ်ရှုပ်မယ်ဆိုတဲ့အကြောင်းလည်း ပြောတယ်။ လိုက်ပါ ကူညီဆောင်ရွက်ပါ၊ ဖမ်းဆီးရမိဖို့ကလည်း ခက်ခဲနိုင်တယ်လို့ ပြောတယ်” လို့ သူက ပြောပါတယ်။
ဒီဖြစ်စဉ်ကို အတည်ပြုနိုင်ဖို့ တာမွေရဲစခန်းက တာဝန်ကျရဲအရာရှိကို VOM က ဆက်သွယ် မေးမြန်းခဲ့ပေမယ့် “ဖြေပိုင်ခွင့် မရှိဘူး” လို့ ပြန်လည် ပြောဆိုခဲ့တာကြောင့် ဒီအကြောင်းအရာနဲ့ ပတ်သက်လို့ VOM အနေနဲ့ သီးခြား အတည်ပြုချက် ရယူနိုင်ခြင်း မရှိသေးပါဘူး။
အဲဒီ “ချိန်ကင်း” ရတနာရွှေဆိုင်မှာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ မတ်လအတွင်းကလည်း လူယက်မှုတခု ဖြစ်ပွားခဲ့တယ်လို့ သိရပြီး ကျူးလွန်သူကို ရွှေဆိုင်က ဖမ်းဆီးပြီး ရဲလက်ကို အပ်ခဲ့ပေမယ့် အမှုမဖွင့်တဲ့အတွက် အခင်းဖြစ်ပြီး နောက်တနေ့မှာ ရဲစခန်းက ကျူးလွန်သူကို ပြန်လည် လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။