ကိတ်ဗာဒီနဲ့ပွဲမှာ ဆာလာကို အနားပေးသွားမယ်လို့ အီဂျစ်ဘောလုံးအဖွဲ့ချုပ် အတည်ပြု

အီဂျစ်ဘောလုံးအဖွဲ့ချုပ်က ဒီနေ့ည ယှဉ်ပြိုင်ကစားမယ့် ကိတ်ဗာဒီနဲ့ပွဲမှာ အသင်းခေါင်းဆောင် တိုက်စစ်မှူး ဆာလာ ပါဝင်မှာမဟုတ်ဘဲ အနားပေးသွားမယ်လို့ အတည်ပြုကြေညာခဲ့ပါတယ်။
အီဂျစ်အသင်းဟာ အခုလ နိုင်ငံတကာရက်သတ္တပတ်မှာ ကိတ်ဗာဒီ၊ အီရန်၊ ဥဇဘက်ကစ္စတန်တို့နဲ့အတူ အယ်လ်အိန်းအင်တာနေရှင်နယ်ဖလားလို့ အမည်ရတဲ့ ခြေစမ်းပြိုင်ပွဲကို ယှဉ်ပြိုင်ကစားနေတာပါ။
အဲဒီပြိုင်ပွဲကို ယူအေအီးနိုင်ငံက အိမ်ရှင်အဖြစ် ပြုလုပ်နေတာဖြစ်ပြီး ဆီမီးဖိုင်နယ်အဆင့်က စတင်တဲ့ ဒီပြိုင်ပွဲမှာ အီဂျစ်က ဥဇဘက်ကစ္စတန်ကို (၀-၂)ဂိုးနဲ့ ရှုံးခဲ့တာကြောင့် ကိတ်ဗာဒီနဲ့ တတိယလုပွဲသာ ယှဉ်ပြိုင်ရတော့မှာဖြစ်ပြီး အီရန်နဲ့ ဥဇဘက်ကစ္စတန်က ဗိုလ်လုပွဲကစားရမှာပါ။
ဆာလာဟာ ဥဇဘက်ကစ္စတန်ကို ရှုံးနိမ့်တဲ့ပွဲမှာ ပွဲချိန်ပြည့်ပါဝင်ကစားခဲ့ပေမဲ့ ကိတ်ဗာဒီနဲ့ပွဲမှာ ပါဝင်မှာမဟုတ်ကြောင်း အီဂျစ်ဘောလုံးအဖွဲ့ချုပ်က ကြေညာခဲ့ပြီး တောင်ပံကစားသမား ဇီဇိုနဲ့ ကွင်းလယ်ခံစစ်ကစားသမား ဖာသီတို့လည်း ဒဏ်ရာပြဿနာကြောင့် ပါဝင်နိုင်မှာမဟုတ်ကြောင်း အတည်ပြုခဲ့ပါတယ်။
အီဂျစ်အသင်းဟာ အောက်တိုဘာလ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေ ယှဉ်ပြိုင်စဉ်ကလည်း ဆာလာကို တစ်ပွဲသာ အသုံးပြုခဲ့ကြောင်း သိရပါတယ်။

image

ကရင်ပြည်နယ် တည်ငြိမ်အေးချမ်းမှု ပျက်ယွင်းအောင်လုပ်ဆောင်နေသူများသည် ကရင်ပြည်နယ်အတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်းများပင်ဖြစ်ကြောင်း ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြား

အွန်လိုင်းငွေကြေးလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားလုပ်ငန်းများ လုပ်ဆောင်လျက်ရှိသည့် မြန်မာ-ထိုင်းနယ်စပ်အနီးရှိ KK park နေရာအား အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အပြီးပြတ်ရှင်းလင်း ဆောင်ရွက်သွားမည်ဟုဆို
ကရင်ပြည်နယ် တည်ငြိမ်အေးချမ်းမှု ပျက်ယွင်းအောင် လုပ်ဆောင်နေသူများသည် ကရင်ပြည်နယ်အတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်းများပင်ဖြစ်ကြောင်း ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောကြားသည်။
နိုဝင်ဘာ ၁၅ ရက် နံနက်ပိုင်းတွင် ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်မိရပ်ဖများအား တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများအား ဆွေးနွေးပြောကြားရာတွင် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
ကရင်ပြည်နယ်သည် နိုင်ငံလွတ်လပ်ရေးရပြီးချိန်ကတည်းက လက်နက်ကိုင်သောင်းကျန်းမှုများကြောင့် တည်ငြိမ်အေးချမ်းမှုများ ပျက်ယွင်းပြီး ပြည်နယ်အတွင်း နေထိုင်သည့် ပြည်သူများထိခိုက်သကဲ့သို့ နိုင်ငံတော်အနေဖြင့်လည်း ထိခိုက်မှုများ ရှိကြောင်း၊ ကရင်ပြည်နယ်တည်ငြိမ်အေးချမ်းမှု ပျက်ယွင်းအောင်လုပ်ဆောင်နေသူများသည် ကရင်ပြည်နယ်အတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်းများ ပင်ဖြစ်ကြောင်း၊ တည်ငြိမ်အေးချမ်းမှုရှိမှသာလျှင် ပညာသင်ကြားနိုင်မည်၊ ပြည်သူများ၏ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကိုဆောင်ရွက်နိုင်မည်၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
ထို့ကြောင့် ပြည်နယ်၏ဖွံ့ဖြိုးတိုးတက်မှုကို ဖျက်စီးနေသည့် တည်ငြိမ်အေးချမ်းမှု ပျက်ယွင်းအောင် ဆောင်ရွက်နေမှုများကို ပြည်နယ်အတွင်း နေထိုင်ကြသူများအနေဖြင့် နည်းလမ်းပေါင်းစုံဖြင့် ကာကွယ်ဆောင် ရွက်သွားကြရန်လိုကြောင်း၊ နိုင်ငံတော်အနေဖြင့် ကရင်ပြည်နယ်အတွင်း ဒေသတည်ငြိမ် အေးချမ်းမှုပျက်ယွင်းအောင် လုပ်ဆောင်နေမှုများကို ရှင်းလင်းဆောင်ရွက်လျက်ရှိကြောင်း၊ အွန်လိုင်းငွေကြေးလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားလုပ်ငန်းများ လုပ်ဆောင်လျက်ရှိသည့် မြန်မာ-ထိုင်းနယ်စပ်အနီးရှိ KK park နေရာအား တပ်မတော်အနေဖြင့် ရှင်းလင်းဆောင်ရွက်နေပြီး အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အပြီး ပြတ်ရှင်းလင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောကြားသည်။
ကရင်ပြည်နယ် အေးချမ်းသာယာပြီး ငြိမ်းချမ်းပါစေကြောင်း၊ ကရင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံ တော်အနေဖြင့် စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မကြာမီကာလအတွင်း ရွေးကောက်ပွဲကျင်းပ ပြုလုပ်တော့မည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲပြီးဆုံးပြီးချိန်တွင် ရွေးကောက်ခံကိုယ်စားလှယ်များနှင့် အစိုးရအသစ်ဖြင့် နိုင်ငံတော်တာဝန်ကို ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောကြားသည်။
မိမိတို့အနေဖြင့် ပြည်သူများ လိုလားချက်ဖြစ်သည့် ဒီမိုကရေစီစနစ်ပေါ်တွင် ဆက်လက်လျှောက်လှမ်း သွားမည်ဖြစ်ကြောင်း၊ ကောင်းမွန်သည့် ရွေးကောက်ခံကိုယ်စားလှယ်များဖြင့် ကောင်းမွန်သည့် နိုင်ငံရေးလမ်းကြောင်းကို ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ နယ်မြေတည်ငြိမ်အေးချမ်းမှုရှိသည့် ဒေသများတွင် တိုးတက်မှုများရရှိနိုင်မည်ဖြစ်သကဲ့သို့ တည်ငြိမ်အေးချမ်းချမ်းမှုမရှိသည့်ဒေသများတွင် မည်သည့်နိုင်ငံရေးစနစ်ကို ကျင့်သုံးသည်ဖြစ်စေဖွံ့ဖြိုးတိုးတက်မှုများရရှိနိုင်မည် မဟုတ်ကြောင်း ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောကြားသည်။

image

မြန်မာ-ရုရှား နှစ်နိုင်ငံ စစ်ရေယာဉ်များ ပင်လယ်ပြင်၌ ရေကြောင်းလုံခြုံရေးဆိုင်ရာလေ့ကျင့်ခန်းများ လက်တွေ့ ပူးပေါင်းဆောင်ရွက်ခဲ့ဟုဆို

မြန်မာ-ရုရှား နှစ်နိုင်ငံ စစ်ရေယာဉ်များ ပင်လယ်ပြင်၌ ရေကြောင်းလုံခြုံရေးဆိုင်ရာလေ့ကျင့်ခန်းများ လက်တွေ့ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
တတိယအကြိမ် မြန်မာ-ရုရှား ရေကြောင်းလုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်းဆောင်ရွက်ရန်နှင့် ချစ်ကြည်ရေး ခရီးလည်ပတ်ရန် နိုဝင်ဘာ ၁၀ ရက်တွင် ရန်ကုန်မြို့သို့ ရောက်ရှိနေသော ရုရှားရေတပ် Pacific Fleet မှ စစ်ရေယာဉ် သုံးစီးတို့သည် ပင်လယ်ပြင်၌ လက်တွေ့လေ့ကျင့်ခန်းများဆောင်ရွက်ရန် တပ်မတော်(ရေ)မှ စစ်ရေယာဉ်များနှင့် အတူ နိုဝင်ဘာ ၁၃ ရက်၊ နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်းမှ လေ့ကျင့်ခန်းဧရိယာသို့ ထွက်ခွာခဲ့ကြကြောင်း သိရသည်။
ထိုသို့ ထွက်ခွာရာတွင် တပ်မတော်(ရေ) မှအရာရှိကြီးများ၊ အရာရှိ၊ စစ်သည်များ၊ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် ရုရှားရေတပ်မှ ဒုတိယရေတပ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး Aleksei Anatolievich Kilashko မြန်မာနိုင်ငံဆိုင်ရာ ရုရှားစစ်သံမှူးနှင့်တာဝန်ရှိသူများက ပို့ဆောင်နှုတ်ဆက်ကြကြောင်း သိရသည်။
ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် ရုရှားရေတပ်မှ ဒုတိယရေတပ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး Aleksei Anatolievich Kiiashko ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၁၁ ရက် ညနေပိုင်းတွင် တပ်မတော်(ရေ)မှ စစ်ဦးစီးအရာရှိချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး အေးမင်းထွေးနှင့် အဖွဲ့ဝင်များအား ဧရာဝတီရေတပ်စခန်းဌာနချုပ်၊ အရာရှိရိပ်သာ၌ လာရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။

image

မြန်မာနိုင်ငံအနေဖြင့် အွန်လိုင်းအသုံးပြုလိမ်လည်မှုများ တိုက်ဖျက်ရန် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုကို အရှိန်မြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ပြောကြား

တရုတ်-မြန်မာ-ထိုင်း-ကမ္ဘောဒီးယား-လာအိုနှင့် ဗီယက်နမ်နိုင်ငံတို့အကြား ပထမအကြိမ် အွန်လိုင်းလိမ်လည်မှု ပူးပေါင်းတိုက်ဖျက်ရေးဆိုင်ရာ ဝန်ကြီးအဆင့်အစည်းအဝေး ကျင်းပခဲ့ကြောင်း သိရသည်။
နိုဝင်ဘာ ၁၄ ရက်က တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့ရှိ Hai Geng (ဟိုင်ဂင်)ဟိုတယ်၌ တရုတ်-မြန်မာ-ထိုင်း-ကမ္ဘောဒီးယား-လာအိုနှင့်ဗီယက်နမ်နိုင်ငံတို့အကြား ပထမအကြိမ် အွန်လိုင်းလိမ်လည်မှု ပူးပေါင်းတိုက်ဖျက်ရေးဆိုင်ရာ ဝန်ကြီးအဆင့် အစည်းအဝေးကို ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အစည်းအဝေးတွင် သဘာပတိဖြစ်သူ တရုတ်နိုင်ငံ၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၊ လက်ထောက်ဝန်ကြီး မစ္စတာ လျိုကျုံးယီ က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံ၊ မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံတို့မှ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များက အမှာစကား အသီးသီး ပြောကြားခဲ့ကြကြောင်း သိရသည်။
မြန်မာနိုင်ငံအနေဖြင့် အွန်လိုင်းအသုံးပြုလိမ်လည်မှုများတိုက်ဖျက်ရန် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုကို အရှိန်မြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ လိမ်လည်မှုကွန်ရက်များနှင့် ရာဇဝတ်ဂိုဏ်းများကို ပြတ်ပြတ်သားသားနှိမ်နင်းဖယ်ရှားရန်၊ အဆိုပါကွန်ရက်များ၌ပိတ်မိနေသူများကိုကယ်ဆယ်ရန်၊ ဒေသတွင်းတရားဥပဒေစိုးမိုးရေးကိုထိန်းသိမ်းရန်အထူးအလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အွန်လိုင်းအသုံးပြုလိမ်လည်မှုတိုက်ဖျက်ရေးသည် လန်ချန်း-မဲခေါင်အသိုက်အဝန်း၏ ဘုံတာဝန်ဖြစ်ကြောင်း၊ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးယန္တရားသည် စိန်ခေါ်မှုများကိုရင်ဆိုင်နိုင်မည့် ပလက်ဖောင်းတစ်ရပ်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်ကျော်ကျော် က အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

image

တရုတ်အစိုးရက ၎င်း၏နိုင်ငံသားများကို ဂျပန်သို့ ခရီးသွားလာခြင်းမပြုရန် အကြံပြု

တရုတ်(တိုင်ပေ)ကို တိုက်ခိုက်ဖွယ်ရှိမှုနှင့်ပတ်သက်ပြီး ဂျပန်ဝန်ကြီးချုပ်သစ်၏မှတ်ချက်များကြောင့် သံတမန်ရေးရန်စမှုများ ပေါ်ပေါက်ခဲ့ပြီးနောက် တရုတ်အစိုးရက ၎င်း၏နိုင်ငံသားများကို ဂျပန်သို့ ခရီးသွားလာခြင်းမပြုရန် အကြံပြုခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံက ပိုင်ဆိုင်ကြောင်း ပြောဆိုထားသည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရကျွန်းကို အင်အားသုံးခြင်းသည် ဂျပန်မှ စစ်ရေးတုံ့ပြန်မှုကို ဖြစ်ပေါ်စေနိုင်ကြောင်း ဝန်ကြီးချုပ် ဆာနေးတာကာအီချီက နိုဝင်ဘာ ၇ ရက်တွင် ပါလီမန်၌ ပြောကြားခဲ့သည်။
တရုတ်အစိုးရက ဂျပန်သံအမတ်ကြီးကို ဆင့်ခေါ်ခဲ့ကြောင်း နိုဝင်ဘာ ၁၄ ရက်တွင်ပြောကြားခဲ့ပြီး "မသင့်လျော်သော" နှင့် ယခုအခါ ဖယ်ရှားလိုက်ပြီဖြစ်သော အွန်လိုင်းပို့စ်တစ်ခုအပြီးတွင် ဂျပန်အစိုးရကလည်း တရုတ်သံအမတ်ကြီးကို ဆင့်ခေါ်ခဲ့သည်။
နီးစပ်သည့် ဂျပန်ကျွန်းမှ ကီလိုမီတာ ၁၀၀ ခန့်ကွာဝေးသည့် တရုတ်(တိုင်ပေ)အပေါ် ၎င်း၏သဘောထားသည် ပြောင်းလဲမှုမရှိကြောင်း ဂျပန်အစိုးရက ပြောကြားခဲ့သည်။

image

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို မြှင့်တင်ရန် ထရန့်က ထိုင်းနှင့် ကမ္ဘောဒီးယားကို တိုက်တွန်း

အရှေ့တောင်အာရှ အိမ်နီးချင်းများဖြစ်သည့် ထိုင်းနှင့် ကမ္ဘောဒီးယားကြား နယ်စပ်တွင် ပဋိပက္ခများ ထပ်မံဖြစ်ပွားခဲ့ပြီးနောက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို မြှင့်တင်ရန် ထိုင်းနှင့်ကမ္ဘောဒီးယားကို တိုက်တွန်းခဲ့ ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားခဲ့သည်။
ထရန့်သည် အာရှခရီးစဉ်အတွင်း အောက်တိုဘာ ၂၆ ရက်က ထိုင်းနှင့် ကမ္ဘောဒီးယားကြား ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုမှု အခမ်းအနားကို တက်ရောက်ခဲ့သည်။
ထရန့်က အဆိုပါ ငြိမ်းချမ်းရေးစာချုပ်သည် ကမ္ဘာတစ်ဝန်းတွင် ၎င်း၏ အားထုတ် ကြိုးပမ်းမှုများကြောင့် ရရှိခဲ့သည့် ငြိမ်းချမ်းရေးသဘောတူညီမှုများထဲတွင် တစ်ခုအပါအဝင်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ၎င်းအနေဖြင့် ငြိမ်းချမ်းရေးနိုဘယ်ဆု ရရှိသင့်ကြောင်း ယူဆခဲ့သည်။
သို့သော် ထိုင်းနှင့် ကမ္ဘောဒီးယားနယ်စပ်တွင် မြေမြှုပ်မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးနောက် နိုဝင်ဘာ ၁၀ ရက်တွင် ထိုင်းအာဏာပိုင်များက ကမ္ဘောဒီးယားနှင့် ငြိမ်းချမ်းရေး သဘောတူညီချက်ကို ဆိုင်းငံ့ခဲ့သည်။

image

နိုင်ငံတော်အစိုးရနှင့် ငြိမ်းချမ်းရေးရယူထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် ၎င်းတို့၏ကိုယ်ကျိုးစီးပွားအတွက် တရားမဝင် ကုန်သွယ်မှုများတွင် ပါဝင်ပတ်သက်လျက်ရှိကြောင်း ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြား

အွန်လိုင်းအသုံးပြုလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှု ကျူးလွန်နေသူများ အခြေပြုဆောင်ရွက်လျက်ရှိသည့် အခြေခံအဆောက်အဦများကိုပါ ဖယ်ရှားရှင်းလင်းခြင်းများ ဆောင်ရွက်လျက်ရှိပြီး ဆက်လက်၍ အမြစ်ပြတ်ချေမှုန်း ရှင်းလင်းသွားမည်ဟုဆို

နိုင်ငံတော်အစိုးရနှင့် ငြိမ်းချမ်းရေးရယူထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် နိုင်ငံတော်အပေါ် သစ္စာစောင့်သိမှုမရှိဘဲ ၎င်းတို့၏ကိုယ်ကျိုးစီးပွားအတွက် တရားမဝင် ကုန်သွယ်မှုများတွင် ပါဝင်ပတ်သက်လျက်ရှိကြောင်း ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
ယနေ့(နိုဝင်ဘာ ၁၆ ရက်) နံနက်ပိုင်းတွင် မော်လမြိုင်မြို့ရှိ ပြည်နယ်ခန်းမ၌ မွန်ပြည်နယ်ရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ် အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိ မြို့ဖများအား တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ ဆွေးနွေး ပြောကြားရာတွင် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
နယ်စပ်ဒေသများ၌ တည်ငြိမ်အေးချမ်းမှုအားနည်းလာသဖြင့် အချို့သော နယ်စပ်ဂိတ်များကို ပိတ်ထားရကြောင်း၊ အချို့သော ဝန်ထမ်းများ၊ နိုင်ငံတော်အစိုးရနှင့် ငြိမ်းချမ်းရေးရယူထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အနေဖြင့် နိုင်ငံတော် အပေါ်သစ္စာစောင့်သိမှုမရှိဘဲ ၎င်းတို့၏ကိုယ်ကျိုးစီးပွားအတွက် တရားမဝင် ကုန်သွယ်မှုများတွင် ပါဝင်ပတ်သက်လျက်ရှိကြောင်း ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
ထိုကဲ့သို့ တရားမဝင်ကုန်သွယ်မှုများဆောင်ရွက်ခြင်းဖြင့် နယ်စပ်ဒေသများရှိ လက်နက်ကိုင်အဖွဲ့အစည်းများကို သက်ဆိုးရှည်စေနိုင်မည်ဖြစ်သကဲ့သို့ နိုင်ငံတော်အနေဖြင့်လည်း ရသင့်ရထိုက်သည့် အခွန်အခများ ရရှိမှုမရှိသည့်အတွက် ထိခိုက်နစ်နာရလျက်ရှိကြောင်း၊ အလားတူ နယ်စပ်ဒေသများ၌ အွန်လိုင်းအသုံးပြုလိမ်လည်မှု (Online Scam) နှင့် အွန်လိုင်းလောင်း ကစားမှု (Online Gambling) ကျူးလွန်နေသူများမရှိစေရေး အလေးထားဆောင်ရွက်လျက်ရှိပြီး ၎င်းတို့အခြေပြုဆောင်ရွက်လျက်ရှိသည့် အခြေခံ အဆောက်အဦများကိုပါ ဖယ်ရှားရှင်းလင်းခြင်းများ ဆောင်ရွက်လျက်ရှိပြီး ဆက်လက်၍အမြစ်ပြတ်ချေမှုန်း ရှင်းလင်းသွားမည်ဖြစ်ကြောင်း ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောကြားသည်။

image

ဗီယက်နမ်အလယ်ပိုင်း ဘတ်စ်ကားတိမ်းမှောက်မှု ၆ ဦးသေဆုံး
----------------------

ဗီယက်နမ်အလယ်ပိုင်းမှာ နိုဝင်ဘာလ ၁၆ ရက်နေ့က ဘတ်စ်ကားတစ်စီးတိမ်းမှောက်မှုကြောင့် အနည်းဆုံး လူ ၆ ယောက်သေဆုံးခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာတွေကဖော်ပြခဲ့တာကို ကိုးကားပြီး Reuters သတင်းမှာဖော်ပြ ထားပါတယ်။
လူ ၃၂ ယောက်တင်ဆောင်လာတဲ့ အဆိုပါ ဘတ်စ်ကားဟာ ဒါလတ်မြို့ကနေ နာထရန့်မြို့ကို အသွား ယာဉ်တိမ်း မှောက်မှုဖြစ်ပွားခဲ့တာလို့ VnExpress သတင်းမှာဖော်ပြထားပါတယ်။ အဲဒီ ဘတ်စ်ကားတစ်စီး တိမ်းမှောက်စဉ် အတွင်း မိုးသည်းထန်စွာရွာသွန်းပြီးမြေပြိုမှုတွေလည်းဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
VnExpress ထုတ်ပြန်ချကတော့ ဗီယက်နမ်အလယ်ပိုင်းမှာ နိုဝင်ဘာလ ၁၆ ရက်နေ့က ဘတ်စ်ကားတစ်စီး တိမ်း မှောက်မှုကြောင့် လူ ၆ ယောက် သေဆုံးခဲ့တဲ့အပြင် ၉ ယောက်လည်း ပျောက်ဆုံးနေတယ်လို့သိရပါတယ်။ လူ ၉ ယောက်ပျောက်ဆုံးနေတဲ့အပြင် ခရီးသည်နှစ်ယောက်ကလည်း မြေပြိုမှုကြောင့် ရွှံ့နဲ့ ကျောက်တုံးတွေကြားမှာ နစ်မြုပ်နေပြီး ပိတ်မိနေဆဲဖြစ်တယ်လို့သိရပါတယ်။

image

အိုင်ယာလန်နှင့်ပွဲတွင် အနီကတ်ပြသခြင်းခံရပြီးနောက် ပေါ်တူဂီလေ့ကျင့်ရေးစခန်းမှ အသင်းခေါင်းဆောင်ခရစ္စတီယာနိုရော်နယ်ဒို ထွက်ခွာ
========================

ခရစ္စတီယာနိုရော်နယ်ဒိုဟာ အိုင်ယာလန်နှင့်ပွဲတွင် အနီကတ်ပြသခြင်းခံရပြီးနောက် ပေါ်တူဂီလေ့ကျင့်ရေးစခန်းမှ ထွက်ခွာလာခဲ့ပါတယ်။
ရော်နယ်ဒိုဟာ ကြာသပတေးနေ့တုန်းက ဒဗ္ဗလင်တွင် ကစားတဲ့ပွဲစဉ်တွင် ဒါရာအိုရှီးယားကို တံတောင်ဖြင့် တွက်ခဲ့မှုအတွက် တိုက်ရိုက်အနီကတ်ပြသထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။
Al Nassr နှင့် ပေါ်တူဂီအသင်းခေါင်းဆောင်ဟာ ပေါ်တူဂီအတွက် ကစားစဉ် ပထမဆုံးအကြိမ် အနီကတ်ပြထုတ်ပယ်ခြင်းခံခဲ့ရတာလည်း ဖြစ်ပါတယ်။
တစ်ယောက်အလျှော့ဖြင့် ကစားခဲ့ရတဲ့ ပေါ်တူဂီဟာလည်း အိုင်ယာလန်ကို ၂-၀ ဂိုးဖြင့် အရေးနိမ့်သွားခဲ့ပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုဟာ ယင်း တိုက်ရိုက်အနီကတ်ပြစ်ဒဏ်ကြောင့် အနည်းဆုံး ၂ ပွဲပယ်ခံလာရမှာ ဖြစ်ပြီး ၃ ပွဲအထိလည်း တိုးမြှင့်ချမှတ်ခြင်းခံရနိုင်မှုနှင့်အတူ ကမ္ဘာ့ဖလားအဖွင့်ပွဲ ၂ ပွဲအထိ လွဲချော်လာနိုင်ပါတယ်။
အိုင်ယာလန်နည်းပြဟိုင်မာဟေးလ်ဂရမ်ဆင်နှင့်လည်း ပြဿနာတက်ခဲ့တဲ့ ရော်နယ်ဒိုဟာ တနင်္ဂနွေနေ့ည အာမေးနီးယားနှင့်ပွဲကို သေချာပေါက်လွဲချော်ပါမယ်။
ယနေ့တွင် A Bola ရဲ့ ဖော်ပြလာမှုအရ ခရစ္စတီယာနိုရော်နယ်ဒိုဟာ ပေါ်တူဂီလေ့ကျင့်ရေးစခန်းမှ အိမ်ပြန်ပို့ခံလာရကြောင်း သိရပါတယ်။
သူဟာ ယခုနှစ် ပေါ်တူဂီရဲ့ နောက်ဆုံးပွဲကို ပရိသတ်အဖြစ်ပင် ပွဲကြည့်စင်မှ အားပေးလာမှာ မဟုတ်ပါဘူး။
သူဟာ ဆော်ဒီသို့ ပြန်ကာ Al Nassr ရဲ့လာမယ့် Al Khaleej နှင့်ပွဲအတွက် ပြင်ဆင်လာမယ်လို့ ယူဆရပါတယ်။

image

ပိုလန်ကို သရေကျပြီး ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်သလောက် ရှိသွားပြီ ဖြစ်တဲ့ နယ်သာလန်
====================

နယ်သာလန်ဟာ ဝါဆောတွင် ပိုလန်နှင့် တစ်ဂိုးစီသရေကျပြီးနောက် ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ရေး သေချာသလောက် ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။
နယ်သာလန်ဟာ အုပ်စု(G) နောက်ဆုံးပွဲမတိုင်မီ ပိုလန်ကို ရမှတ် ၃ မှတ်ဖြတ်ထားနိုင်ပြီး ဂိုးကွာခြားချက် ၁၃ ဂိုးအထိ ရှိထားပါတယ်။
ပလေးအော့ဖ်အတွက် နေရာ သေချာသွားခဲ့တဲ့ ပိုလန်ဟာ ရောဘတ်လီဝန်ဒေါ့စကီးရဲ့ ဖန်တီးမှုကနေ ဂျာကော့ဘ်ကာမင်စကီးရဲ့ ဘတ်ဗာဘရုဂျန်ရဲ့ ပေါင်ကြားအောက်က သွင်းယူတဲ့ ဂိုးဖြင့် ပွဲကို ဦးဆောင်နိုင်ခဲ့ပါတယ်။
ဒါပေမယ့် ရော်နယ်ကိးမန်းရဲ့ နယ်သာလန်ဟာ ဒွန်ယဲလ်မာလန်ရဲ့ ခေါင်းတိုက်ချက် ကာကွယ်လိုက်မှုကနေ အံထွက်လာတဲ့ ဘောလုံးကို နိုင်ငံအတွက် ဂိုးအများဆုံးသွင်းယူထားသူ မမ်ဖစ်ဒီပေးက ပိတ်သွင်းယူခဲ့လို့ ချေပဂိုး ရရှိခဲ့ပါတယ်။
ဒီဂိုးက အသက် ၃၁ နှစ်ရှိ ကိုရင်သီယန်တိုက်စစ်သမားအတွက် ကမ္ဘာ့ဖလားခြေစစ်ပွဲ ၈ ဂိုးမြောက်ဂိုးဖြစ်ပြီး ဥရောပဇုန်မှာ ဟာလန်းပြီးလျှင် ဒုတိယဂိုးအများဆုံးသွင်းယူထားသူအဖြစ် ရပ်တည်နေပါတယ်။
နယ်သာလန်ဟာ နောက်ဆုံး ခြေစစ်ပွဲအဖြစ် အိမ်ကွင်းမှာ လစ်သူယေးနီးယားနှင့် ကစားရမယ့်ပွဲမှာ သရေကျရန်သာ လိုပြီး တကယ်လို့ ရှုံးနိမ့်မယ်ဆိုရင်တောင် ပိုလန်တို့ မော်တာကို ၁၃ ဂိုးပြတ် အနိုင်ရမှသာ ခြေစစ်ပွဲ မအောင်မြင်လာတော့မှာလည်း ဖြစ်ပါတယ်။
တဖက်တွင် ဖင်လန်က သောကြာနေ့ အစောပိုင်းတုန်းက မော်တာကို ၁-၀ ဂိုးဖြင့် အရေးနိမ့်မှုနှင့်အတူ ကမ္ဘာ့ဖလားမျှော်လင့်ချက် အဆုံးသတ်သွားပါတယ်။

image