13 w - Translate

Tattoo ideas

image
13 w - Translate

The U.S. Border Patrol is coming under criticism from Chicago residents who claim federal agents disrupted a children's Halloween parade over the weekend, allegedly with aggressive tactics and tear gas during an immigration enforcement incident.
On Saturday, Border Patrol agents converged on the Old Irving Park neighborhood on the city's Northwest Side to conduct an immigration enforcement raid. Neighborhood residents claimed the agents interrupted a children's Halloween parade and allegedly deployed tear gas without warning on residents trying to intervene.
Read more: https://abcnews.visitlink.me/1U5AhN

image
13 w - Translate

◾️မြန်မာ့ငြိမ်းချမ်းရေးကြိုးပမ်းမှုများတွင်အာဆီယံကတဖြည်းဖြည်းတိုးတက်လာကြောင်းမလေးရှားဝန်ကြီးချုပ်ပြော
မြန်မာနိုင်ငံဆိုင်ရာ ဘုံသဘောတူညီချက် (၅)ရပ်(5PC)အကောင်အထည်ဖော်မှုတွင်အာဆီယံက တဖြည်းဖြည်း တိုးတက်မှုရှိလာကြောင်း မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်ကယမန်နေ့တွင် ပြောကြားသည်။
ဒေသတွင်းအုပ်စုသည် အဖွဲ့ဝင်နိုင်ငံအားလုံး စုပေါင်းသဘောတူထားသည့်5PC အောက်ရှိ ကျယ်ပြန့်သော ကန့်သတ်ချက်များအတွင်း ဆက်လက်ပါဝင်ဆောင်ရွက်သွားမည်ဟု ယခုနှစ်အတွက် အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် ဝန်ကြီးချုပ်အန်ဝါက ပြောကြားသည်။
“ဟုတ်ပါတယ်၊ ပစ်ခတ်မှုတွေတော့ ရှိနေပါတယ်၊ ဒါပေမယ့် ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း ဖြစ်ပွားခဲ့တာနဲ့ နှိုင်းယှဉ်ရင် အများကြီး သေးငယ်ပါတယ်။ ကျွန်တော်တို့မှာ မြန်မာနိုင်ငံ ဒါမှမဟုတ် အာဆီယံအတွင်းက ဒုက္ခသည် ၂၀၀,၀၀၀ ရှိပါတယ်၊ ဒါပေမယ့် ပြီးခဲ့တဲ့ တစ်နှစ်အတွင်းမှာတော့ ဒီလိုပြဿနာတွေနဲ့ ကြုံတွေ့ခဲ့ရတာ မရှိပါဘူး။” ဟု ယမန်နေ့တွင်ကျင်းပသည့် (၄၇) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး၏ပြင်ပတွင်ပြုလုပ်သည့် Bloomberg စီးပွားရေးထိ ပ်သီး အ စည်းအဝေးအဖွင့်ညစာစားပွဲတွင် ၎င်းက ပြောကြားသည်။
အာဆီယံဘုံသဘောတူညီချက်အောက်တွင် သတ်မှတ်ထားသော စည်းကမ်းချက်များထဲမှ တစ်ခုမှာ နိုင်ငံရေး ကွဲပြားမှုများ၊ သို့မဟုတ် အုပ်စုများ မည်သို့ပင်ရှိစေကာမူ မြန်မာနိုင်ငံအနေဖြင့် လူသား ချင်း စာနာထောက်ထားမှု အကူအညီများအတွက် အပြည့်အဝ ဝင်ရောက်ခွင့်ပြုရမည် ဖြစ်သည်ဟု အန်ဝါက ပြောကြားသည်။
"လူ့အခွင့်အရေးအကြောင်း ပြောတဲ့အခါ ကျေနပ်စရာတော့ မဟုတ်ပါဘူး၊ ဒါပေမယ့် ကျွန်တော့်အတွက်တော့ တဖြည်းဖြည်းချင်း တိုးတက်မှုတစ်ခုလို့ မြင်ပါတယ်။ ကျွန်တော်တို့ ဆက်လက်ပါဝင်ဆောင်ရွက်မယ်ဆိုရင် ဖြေရှင်းဖို့ အထောက်အကူဖြစ်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။" ဟု ၎င်းကဆိုသည်။
သတင်း-စံတော်ချိန်ဒစ်ဂျစ်တယ်
ကိုးကား- Bernama
#ပြည်တွင်းသတင်း

image

မာလီနိုင်ငံမှာ တိုက်ခိုက်ရေးသမားတွေက လောင်စာဆီပိတ်ဆိုထားတာကြောင့် ကျောင်းတွေ ပိတ်ထားရ
မာလီနိုင်ငံမှာ အစိုးရဆန့်ကျင်ရေး JNIMလက်နက်ကိုင်အဖွဲ့က လောင်စာဆီ တင်သွင်းမှုကို ပိတ်ဆို့ထားတာကြောင့် စာသင်ကျောင်းတွေနဲ့ တက္ကသိုလ်တွေကို စစ်အစိုးရက နှစ်ပတ်ကြာ ပိတ်ထားဖို့ အမိန့်ပေးခဲ့ကြောင်း သိရပါတယ်။

မာလီနိုင်ငံဟက ကုန်းတွင်းပိတ်နိုင်ငံဖြစ်တာကြောင့် လောင်စာဆီတင်သွင်းမှုကို ပိတ်ဆို့လိုက်တာဟာ နိုင်ငံရဲ့ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးအဖက်ဖက်က ထိခိုက်နိုင်ကြောင်း နိုင်ငံတကာ လေ့လာသုံးသပ်သူတွေက ရိုက်တာကိုပြောပါတယ်။

ပညာရေးဝန်ကြီး Amadou Sy Savane က ကျောင်းတွေကို နိုဝင်ဘာ ၉ ရက်အထိ ပိတ်ထားမှာဖြစ်ပြီး နိုဝင်ဘာ ၁၀ ရက်မှာ အတန်းတွေပြန်ဖွင့်နိုင်ဖို့အတွက် လောင်စာဆီ ပုံမှန်ပြန်လည်ရရှိရေး တတ်နိုင်သမျှ ဆောင်ရွက်ပေးမှာဖြစ်ကြောင်း ပြောကြား ထားပါတယ်။

အယ်လ်ကေးဒါးအဖွဲ့ခွဲ JNIM လက်နက်ကိုင်အဖွဲ့ဟာ ဆီနီဂေါနဲ့ အိုင်ဗရီကို့စ် နိုင်ငံတွေက တင်သွင်းတဲ့ လောင်စာဆီတွေကို ပိတ်ဆို့ထားဖို့ ကြေညာပြီး နှစ်လအကြာမှာ အခုလိုအခက်အခဲတွေကြုံရတာလည်းဖြစ်ပါတယ်။

image
13 w - Translate

As the second-longest federal government shutdown in U.S. history approaches its fourth week, the future of Supplemental Nutrition Assistance Program benefits (SNAP) is in peril, causing some to call for a change of plans come Halloween.
Nonprofit groups, parents and dietitians are among those calling on community members to hand out nonperishable food items along with candy on Halloween, in order to potentially assist some of the 42 million Americans currently served by SNAP.
Read more: https://abcnews.visitlink.me/fEZOvh

image
13 w - Translate

Tyler Robinson, the man accused of murdering conservative activist Charlie Kirk, will be allowed to wear civilian clothing during pretrial hearings, a Utah judge ruled on Monday.
At the same time, the judge denied a request from the suspect to appear during the proceedings without any restraints.
Read more: https://abcnews.visitlink.me/YMTCXx

image

ဂါဇာမှာ ကျန်ရှိနေတဲ့ အစ္စရေးဓါးစာခံအလောင်းတွေ ICRC နဲ့ အီဂျစ် ပူးပေါင်းရှာဖွေ

ဂါဇာမှာ ကျန်ရှိနေသေးတဲ့ အစ္စရေးဓါးစာခံတွေရဲ့ ရုပ်အလောင်းတွေကို နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ (ICRC ) နဲ့အတူ အီဂျစ်နိုင်ငံကလည်း ပူးပေါင်းရှာဖွေနေပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကတော့ ဟားမတ်စ်အနေနဲ့ ရုပ်အလောင်းတွေကို မြန်မြန်ပြန်ပို့ရန်နဲ့ မဟုတ်ပါက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာပါဝင်တဲ့ ပါဝင်တဲ့ အခြားနိုင်ငံတွေက အရေးယူဆောင်ရွက်လိမ့်မယ်လို့ သတိပေးထားပါတယ်။
အီဂျစ်အဖွဲ့ဟာ အလောင်းများကို ရှာဖွေဖို့ ICRC နဲ့ ပူးပေါင်းဆောင်ရွက်ခွင့် ရရှိထားပြီး အဝါရောင်မျဉ်း ကျော်လွန်ပြီး ရှာဖွေဖို့အတွက် တူးဖော်စက်တွေနဲ့ ထရပ်ကားတွေကို အသုံးပြုမယ်လို့ အစ္စရေးတာဝန်ရှိသူတွေက ပြောပါတယ်။
အဝါရောင်မျဉ်းဟာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ပထမအဆင့်ရဲ့ တစိတ်တပိုင်းအဖြစ် အစ္စရေး ဆုတ်ခွာသွားတဲ့ ဂါဇာ မြောက်ပိုင်း ၊ တောင်ပိုင်းနဲ့ အရှေ့ဘက်တစ်လျှောက် ဖြတ်သန်းသွားတဲ့ နယ်နိမိတ်ကို အမှတ်အသားပြုထားတာဖြစ်ပါတယ်။
ယခုအချိန်အထိ အစ္စရေးဟာ အဲဒီမျဉ်းကိုကျော်လွန်ပြီး ဘယ်အဖွဲ့ကိုမှ ဝင်ခွင့်မပြုသေးပါဘူး။ အီဂျစ်ဟာ ကာတာ၊ တူရကီတို့နဲ့ အတူ ယခုလအစောပိုင်းက အီဂျစ်အပန်းဖြေစခန်း ရှာမ်အယ်လ်ရှိတ် ဂါဇာအပစ်ရပ် လက်မှတ်ထိုးခဲ့တဲ့ နိုင်ငံထဲမှာ ပါဝင်ပါတယ်။
ICRC ကလည်း ဓားစာခံတွေ ပြန်ပို့ရာမှာ အဓိကနေရာကနေ ပါဝင်ပတ်သက်နေပါတယ်။
ဟားမတ်စ်ဟာ ဓါးစာခံတွေ သို့မဟုတ် သေဆုံးသွားသူတွေကို အစ္စရေးတပ်ထံ တိုက်ရိုက်လွှဲပြောင်းခြင်းမပြုဘဲ ICRC ကို လွှဲပြောင်းပေးအပ်ပြီး ဂါဇာမှတဆင့် အစ္စရေးကို ပို့ဆောင်တာဖြစ်ပါတယ်။ လက်ရှိမှာတော့ အလောင်း ၁၃ လောင်း ကျန်ရှိနေပါတယ်။
အစ္စရေးရဲ့ ပြင်းထန်တဲ့ ဗုံးကြဲတိုက်ခိုက်မှု နှစ်နှစ်ကျော်ကြာပြီးနောက် ဂါဇာ နယ်မြေရဲ့ ၈၄% အထိ ပျက်စီးသွားတယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။ ကျန်ရှိနေတဲ့ ဓားစာခံအလောင်းတွေကို ပြန်လည်ရယူဖို့ အကောင်းဆုံးလုပ်ဆောင်နေပေမယ့် အပျက်အစီးတွေအောက်မှာ ရှာဖွေဖို့အခက်အခဲနဲ့ရင်ဆိုင်နေရတယ်လို့ ဟားမတ်စ်တို့က ပြောဆိုထားပါတယ်။

image
13 w - Translate

◾️ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်းနှစ်ဦးတည်း ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် ၈၀ ကျော်ရှိ
လာမည့်အထွေထွေရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်းနှစ်ဦးတည်းသာယှဉ်ပြိုင်ကြရမည့် မဲဆန္ဒနယ်စုစုပေါင်း ၈၁ ခုရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်ထားသည့် အချက်အလက်များအရသိရသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်ထားသော အတည်ပြုကိုယ်စားလှယ်လောင်းစာရင်း များအရ လွှတ်တော်သုံးရပ်အတွက် နိုင်သူအကုန်ယူ(FPTP)စနစ်မဲဆန္ဒနယ်များတွင် ပြိုင်ဘက် ကိုယ်စားလှယ်လောင်းနှစ်ဦးတည်းသာယှဉ်ပြိုင်ရမည့် မဲဆန္ဒနယ် ၈၀ ကျော်ပါဝင်နေခြင်းဖြစ်သည်။
ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၃၃ ခု၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်ခြောက်ခု၊ တိုင်းရင်းသားရေးရာ ကိုယ်စားလှယ်နေရာအပါအဝင် တိုင်းနှင့်ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် ၄၂ ခုတို့တွင် ပြိုင်ဘက်နှစ်ဦး တည်းသာရှိနေသည်။
အဆိုပါမဲဆန္ဒနယ်များအားလုံးတွင် ပြည်ခိုင်ဖြိုးပါတီဝင်ကိုယ်စားလှယ်လောင်းများက ပြိုင်ဘက်အဖြစ် ပါဝင်နေပြီး အခြားပါတီဝင်ကိုယ်စားလှယ်လောင်းများ၊ တစ်သီးပုဂ္ဂလများနှင့် ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
ပြိုင်ဘက်နှစ်ဦးတည်းရှိသည့် မဲဆန္ဒနယ်များသည် ရှမ်းပြည်နယ်တွင် အများဆုံးရှိနေပြီး ကချင်၊ ကယား၊ ချင်း၊ ရခိုင် စသည့်ပြည်နယ်များနှင့် စစ်ကိုင်း၊ မကွေးနှင့် တနင်္သာရီတိုင်းတို့တွင်လည်း ပြိုင်ဘက်နှစ်ဦး တည်းယှဉ်ပြိုင်ရွေးချယ်ခံမည့် မဲဆန္ဒနယ်များပါဝင်သည်။
အထက်ပါမဲဆန္ဒနယ် ၈၀ ကျော်အနက် ၂၈ နေရာတွင် ပြည်ခိုင်ဖြိုးပါတီနှင့် ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီတို့ထိပ်တိုက်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ဇိုမီး၊ ချင်း၊ ရခိုင်၊ နာဂ၊ ဓနု၊ ပအိုဝ်း၊ လီဆူ၊ တိုင်းလိုင် (ရှမ်းနီ)၊ “ဝ” စသည့် တိုင်းရင်းသားဒေသနှင့်လူမျိုးစုအခြေပြုပါတီများနှင့် ပြည်ခိုင်ဖြိုးပါတီတို့ ထိပ်တိုက်ယှဉ်ပြိုင်ရမည့် မဲဆန္ဒနယ်များလည်းပါဝင်သည်။
ထို့ပြင် တိုင်းနှင့်ပြည်နယ်အားလုံး၌ ပါဝင်ယှဉ်ပြိုင်သည့် ပါတီများဖြစ်သော ပြည်သူ့ရှေ့ဆောင်ပါတီ၊ တစည၊ ပြည်သူ့ပါတီတို့အပြင် ကိုယ်စားလှယ်လောင်းများနှင့် ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်းများ နှစ်ဦးတည်းယှဉ်ပြိုင်ကြမည့် မဲဆန္ဒနယ်အချို့၊ တစ်သီပုဂ္ဂလကိုယ်စားလှယ်လောင်းနှင့် ပြည်ခိုင်ဖြိုးကိုယ် စားလှယ်လောင်းတို့ယှဉ်ပြိုင်ရမည့် မဲဆန္ဒနယ်အချို့ကိုလည်းတွေ့ရသည်။
ကော်မရှင်ကအတည်ပြုထုတ်ပြန်ထားသော ကိုယ်စားလှယ်လောင်းစာရင်းများအရ ကိုယ်စားလှယ် လောင်းတစ်ဦးတည်းသာ အမည်စာရင်းတင်သွင်းထားသော မဲဆန္ဒနယ် ၃၁ ခုရှိပြီး ယင်းတို့အနက် ၂၈ ခု တွင်ပြည်ခိုင်ဖြိုးပါတီဝင်များသာရှိကာ ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ၊ အာခါအမျိုးသား ဖွံဖြိုးတိုးတက်ရေးပါတီ၊ “ဝ”အမျိုးသားပါတီ တို့လည်း တစ်နေရာစီပါဝင်သည်။
ရွေးကောက်ပွဲဆိုင်ရာဥပဒေများအရ အဆိုပါမဲဆန္ဒနယ်များတွင် ရွေးကောက်ပွဲကျင်းပရန်မလိုတော့ဘဲ လက်ရှိအမည်စာရင်းတင်သွင်းထားသည့် တစ်ဦးတည်းသော ကိုယ်စားလှယ်လောင်းများကိုသာ အနိုင်ရ အမတ်အဖြစ် သတ်မှတ်မည်ဖြစ်သည်။
ကိုယ်စားလှယ်လောင်းတစ်ဦးတည်းသာ ရှိနေသည့် မဲဆန္ဒနယ်များအနက်မှ အချို့သည် ပြည်သူ့ပါတီက ပါဝင်ယှဉ်ပြိုင်ရန် ကြိုးစားခဲ့သည့်နေရာများဖြစ်ပြီး ကိုယ်စားလှယ်လောင်းစာရင်းတင်သွင်းရန် သဘော တူထားသူများကပြန်ရုတ်သိမ်းသွားသဖြင့် အမည်စာရင်းမတင်နိုင်ခဲ့ကြောင်း ပြည်သူ့ပါတီဥက္ကဌ ဦးကိုကိုကြီးက ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။
ကျန်ရှိနေသော နိုင်သူအကုန်ယူ (FPTP)စနစ် မဲဆန္ဒနယ်များတွင် ကိုယ်စားလှယ်လောင်း အနည်းဆုံး သုံးဦးမှ ၁၀ ဦးဝန်းကျင်အထိယှဉ်ပြိုင်ကြမည်ဖြစ်ပြီး အချိုးကျကိုယ်စားပြုစနစ် PR မဲဆန္ဒနယ်များ တွင်မူ ကိုယ်စားလှယ်လောင်း ၃၀ ဝန်းကျင်အထိ ဦးစားပေးအလိုက် အမည်စာရင်းများ ပေးသွင်းထား ကြသည်။
အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ ၅၆ခုနှင့် တစ်သီး ပုဂ္ဂလတို့မှ ကိုယ်စားလှယ်လောင်း စုစုပေါင်း ၅၀၀၀ နီးပါး ယှဉ်ပြိုင်မည်ဖြစ်ပြီး လာမည့် ဒီဇင်ဘာ ၂၈ ရက်တွင်ကျင်းပမည့် ပထမဆုံး အသုတ် ရွေးကောက်ပွဲကို မြို့နယ်ပေါင်း ၁၀၀ ကျော်၌ ကျင်းပမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ကြေညာထားသည်။
သတင်း/ဓာတ်ပုံ- စံတော်ချိန်ဒစ်ဂျစ်တယ်
#ပြည်တွင်းသတင်း

image

◾️အမေရိကန်ရေတပ်တိုက်လေယာဉ်နှင့် ရဟတ်ယာဉ် တောင်တရုတ်ပင်လယ်တွင် တစ်ရက်တည်း ပျက်ကျ
အမေရိကန်ရေတပ်မှ တိုက်လေယာဉ်တစ်စင်းနှင့် ရဟတ်ယာဉ်တစ်စင်းသည် ယမန်နေ့က နာရီဝက်သာခြား၍ တောင်တရုတ်ပင်လယ်တွင် ပျက်ကျခဲ့ကြောင်း နှင့် နှစ်စင်းစလုံးမှ တပ်ဖွဲ့ဝင်များအားလုံးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း အမေရိကန်ပစိဖိတ်ရေတပ်အုပ်စု က ပြောကြားသည်။
အမေရိကန်ရေတပ်မှ MH-60R ပင်လယ်စွန် ရဟတ်ယာဉ်တစ်စင်းသည် ပုံမှန်ပျံသန်းမှုများလုပ်ဆောင်နေစဉ် ဒေသစံတော်ချိန် ၂ နာရီ ၄၅ မိနစ်တွင် ပျက်ကျသွားခဲ့သည်ဟု ပစိဖိတ်ရေတပ်အုပ်စု က ထုတ်ပြန်ချက်တစ်ရပ်တွင် ပြောကြားသည်။
ယင်းရဟတ်ယာဉ်သည် အမေရိကန်လေယာဉ်တင်သင်္ဘော USS Nimitz ပေါ်တွင်ပါခဲ့ပြီး ရေပြင်တိုက်ခိုက်ရေးရဟတ်ယာဉ်အုပ်စု ၇၃ မှ ဖြစ်ကြောင်း နှင့် အဆိုပါ ရဟတ်ယာဉ်ပေါ်တွင် လိုက်ပါခဲ့သူ အဖွဲဝင် သုံးဦးကို ကယ်ဆယ်ခဲ့ကြောင်း သိရသည်။
တစ်နေ့တည်း ဒုတိယမြောက်ဖြစ်ရပ်တွင် F/A-18F Super Hornet တိုက်လေယာဉ်တစ်စီးပါဝင်ပြီး တိုက်ခိုက်‌ရေးလေယာဉ်အုပ်စု ၂၂ ၏ တိုက်ကြက်ဖနီကြီးများ ဟု ခေါ်ဆိုသော အဖွဲ့မှဖြစ်သည်။
အဆိုပါ တိုက်လေယာဉ်သည်လည်း ပုံမှန်လေ့ကျင့်ပျံသန်းနေစဉ် ဒေသစံတော်ချိန် ၃ နာရီ ၁၅ မိနစ်တွင် ပျက်ကျခဲ့ကြောင်း သိရသည်။
ယင်းလေယာဉ်မှ လေယာဉ်မှူးနှင့် လက်ထောက်တို့ ဘေးကင်းစွာ ခုန်ထွက်နိုင်ခဲ့ကြပြီး ၎င်းတို့ကို လေယာဉ်တင်သင်္ဘောမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ က ကယ်တင်ခဲ့သည်။
ဖြစ်ရပ်နှစ်ခုတွင် ပါဝင်ခဲ့သူအားလုံး ဘေးကင်းပြီး တည်ငြိမ်စွာရှိကြကြောင်း ရေတပ်ထုတ်ပြန်ချက်က ပြောပြီး ပျက်ကျရခြင်းအကြောင်းရင်းများကိုလည်း စုံစမ်းစစ်ဆေးနေသည်။
၁၉၇၅ ခုနှစ်မှ စ၍ တပ်တော်ဝင်ခဲ့သော USS Nimitz သည် ၎င်းအတွက် နောက်ဆုံးခရီးစဉ်တွင် ပါဝင်နေခြင်းဖြစ်ပြီး ပင်လယ်နီမှ ‌ရေကြောင်းသင်္ဘောများအား ဟူသီတို့ တိုက်ခိုက်နေခြင်းများကို ဟန့်တားရန် အမေရိကန်စစ်ဘက်၏စစ်ဆင်ရေး တစ်စိတ်တစ်ပိုင်းအဖြစ် အရှေ့အလယ်ပိုင်းတွင် လှုပ်ရှားခဲ့ပြီးနောက် အောက်တိုဘာ ၁၇ ရက် တွင်တောင်တရုတ်ပင်လယ်သို့ ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။
သတင်း-ရဲမင်း
ကိုးကား-UPI
#နိုင်ငံတကာသတင်း

image
13 w - Translate

#ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း
◾️မြန်မာရွေးကောက်ပွဲအတွက် လေ့လာစောင့် ကြည့်ရေးအဖွဲ့ စေလွှတ်ရေးစဉ်းစားပေးရန် အာဆီယံကို အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို အဆိုပြု
မြန်မာနိုင်ငံ၌ကျင်းပမည့်အထွေထွေရွေးကောက်ပွဲ ပွင့်လင်းမြင်သာမှုရှိစေရေးအတွက် ရွေးကောက်ပွဲအကဲခတ်အဖွဲ့စေလွှတ်ဖြန့်ကြက်ရေးကို စဉ်းစားပေးရန် အင်ဒိုနီးရှားသမ္မတ ပရာဘိုဝိုဆူဘီယန်တိုကအောက်တိုဘာ၂၆ရက်တွင် အာဆီယံအဖွဲ့ကို တိုက်တွန်းထားကြောင်း သိရသည်။
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော်၌ အောက်တိုဘာ ၂၆ရက်တွင် ကျင်းပခဲ့သော (၄၇)ကြိမ်မြောက် အာဆီယံထိပ်သီးညီလာခံတွင် အင်ဒိုနီးရှားသမ္မတက အထက်ပါအတိုင်း
တိုက်တွန်းခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံ၏အခြေအနေမှာစိုးရိမ်ဖွယ်အနေအထားတွင်ရှိနေဆဲဖြစ်ရာလာမည့်ဒီဇင်ဘာလအတွင်းကျင်းပရန် စီစဉ်ထားသည့် အထွေထွေရွေးကောက်ပွဲအပါအဝင်နောက်ဆုံးဖြစ်ပေါ်ပြောင်းလဲမှု များကို မိမိတို့အနေဖြင့် အနီးကပ်စောင့်ကြည့်နေကြောင်းအင်ဒိုနီးရှားသမ္မတက ထုတ်ဖော်ပြောကြားခဲ့သည်။
ယင်းအပြင် နိုင်ငံရေးအပြောင်းအလဲ ကာလ တစ်လျှောက် ဒီမိုကရေစီ သဘောတရားများ ခိုင်မာစွာကျင့်သုံးနိုင်ရေးနှင့် ပွင့်လင်းမြင်သာမှုရှိရေးတို့ အရေးကြီးသည်ဖြစ်ရာမြန်မာနိုင်ငံက ကျင်းပမည့်ရွေးကောက်ပွဲအတွက်လေ့လာ စောင့်ကြည့်ရေးအဖွဲ့တစ်ဖွဲ့ စေလွှတ်ရေးအစီအစဉ်ကို ထည့်သွင်းစဉ်းစားရန်အင်ဒိုနီးရှားသမ္မတ ပရာဘိုဝိုကအာဆီယံအဖွဲ့ကို အဆိုပြုခဲ့သည်။
ထိုနည်းတူ မြန်မာနိုင်ငံတည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေးကြိုးပမ်းမှုများအတွက် အချက်ငါးချက်ပါအာဆီယံဘုံသဘောတူညီ ချက်သည်အဓိက လမ်းညွှန်မူဘောင်အဖြစ်ဆက်ရှိနေမည်ဖြစ်ကြောင်းအင်ဒိုနီးရှားသမ္မတက အတည်ပြုထားသည်။
အလားတူမြန်မာနိုင်ငံ၌အဓိပ္ပာယ်ပြည့်၀သည့်ဆွေးနွေးပွဲများကျင်းပနိုင်ရေးအတွက်နောက်ခံအခြေအနေတစ်ရပ်အဖြစ်အပစ်အခတ်ရပ်စဲရေးကိုမိမိတို့အနေဖြင့်ဆက်လက်တောင်းဆိုကြရမည်ဖြစ်ကြောင်း အင်ဒိုနီးရှားသမ္မတကပြောကြားခဲ့သည်။
ကိုးကား-အင်တာရာ

image