မိုးကုတ်မှာ ကျောက်တူးသူ အယောက် ၂၀၀ ကျော် ဖမ်းဆီးခံရ

မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ မနေ့ ဇန်ဝါရီ ၂၅ ရက်၊ ညပိုင်းနဲ့ ဒီကနေ့ ဇန်နဝါရီ ၂၆ ရက်၊ မနက်ပိုင်းက ကျောက်တူးသူ အယောက် ၂၀၀ ကျော် ဖမ်းဆီးခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မိုးကုတ်ဂေါက်ကွင်းနဲ့ အဲဒီ မြို့နယ်ထဲက အကျဉ်းထောင် အနောက်ဘက်မှာရှိတဲ့ ချောင်းအတွင်း ‌ကျောက်တူးနေသူ အရပ်သားတွေကို အစိုးရတပ်က ဝင်ရောက် ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
“ဒီနေ့ မနက် ၉ နာရီခွဲလောက်က မိုးကုတ်မြို့က အကျဉ်းထောင် အနောက်ဘက်မှာရှိတဲ့ ချောင်းထဲ ခနဲ (ကျောက်) ဆေးနေကြတဲ့သူတွေ အယောက် ၅၀ ဝန်းကျင် အဖမ်းခံခဲ့ရတာ။ သူတို့တွေက တရက်ကို ကျပ် ငါးသောင်းပေးပြီး လုပ်ရပေမယ့် ပိုက်ဆံယူတဲ့သူက တဖွဲ့၊ ဖမ်းတဲ့သူကတဖွဲ့ ဖြစ်နေတာ” လို့ ဒေသခံတယောက်က ပြောပါတယ်။
မိုးကုတ်ဂေါက်ကွင်းမှာ တယောက်ကို တည ကျပ် တသိန်းပေးပြီး ကျောက်တူးဖို့ မတတ်နိုင်ကြတဲ့သူတွေဟာ အကျဉ်းထောင် အနောက်ဘက်မှာရှိတဲ့ ချောင်းထဲမှာ အရဲစွန့်ပြီး ရှာဖွေ စားသောက်နေကြရတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
“အခု ပြန်လွတ်လာကြပါပြီ။ စျေးသွားတဲ့သူတချို့ပါ အဖမ်းခံလိုက်ရသေးပေမယ့် ချက်ချင်းတော့ ပြန်လွှတ်ပေးတယ်။ ခနဲဆေးသူတွေရဲ့ ဆိုင်ကယ်နဲ့ ပစ္စည်းတွေ သိမ်းထားတယ်လို့ ကြားပါတယ်” လို့ သူက ပြောပါတယ်။
အဲဒီလိုပဲ မနေ့ ဇန်နဝါရီ ၂၅ ရက်၊ ညပိုင်းကလည်း မိုးကုတ်ဂေါက်ကွင်းမှာ တရားမဝင် ကျောက်ခိုးတူးနေသူတွေကို အစိုးရစစ်ကြောင်းမှ ဝင်ရောက်ဖမ်းဆီးရာ အယောက် ၂၀၀ ကျော် ဖမ်းမိတယ်လို့ သိရပါတယ်။
“သူတို့တွေလည်း ပြန်လွတ်လာကြပါပြီ။ စက်တွေ၊ ပစ္စည်းတွေကတော့ အသိမ်းခံထားရတယ်။ ဒီက အရပ်သားတွေကလည်း လုပ်စရာအလုပ်က ရှားပါးနေတော့ ရရာအလုပ် လုပ်နေကြရတာ။ ခနဲဆေးတယ် ဆိုတာက ရေစီးနဲ့ မျောပါလာတဲ့ ကျောက်တွေကို ဆန်ခါနဲ့စစ်ပြီး စုတာပါ” လို့ နောက်ထပ် ဒေသခံတယောက်က ပြောပါတယ်။
မိုးကုတ်မြို့ရှိ ပတ္တမြားမြေဂေါက်ကွင်း မြေနေရာကို လုပ်ငန်းရှင်တွေက ကျောက်မျက်တူးဖော်ခွင့် ရရှိနိုင်ဖို့ အစိုးရအဆက်ဆက်မှာ ကြိုပမ်းခဲ့ဖူးပေမယ့်လည်း မြို့မိမြို့ဖတွေနဲ့ ဒေသခံ ပြည်သူတွေရဲ့ ကန့်ကွက်မှုတွေကြောင့် တူးဖော်ခွင့် မရရှိခဲ့ဘူးလို့ သိရပါတယ်။
မိုးကုတ်မြို့မှာ ကျောက်အများဆုံး ထွက်ရှိတဲ့ ဂေါက်ကွင်းအနီးက ကျောက်တွင်းတွေမှာ အသေးစားလုပ်ကွက်ကို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့ကစပြီး တအာင်းလွတ်မြောက်ရေးတပ်မတော် (TNLA) က မြို့ခံတချို့ကို လုပ်ကိုင်ခွင့် ပြုထားတာ ဖြစ်တယ်လို့ မိုးကုတ်မြို့ခံတွေက ပြောပါတယ်။
TNLA က နိုဝင်ဘာ ၂၀ ရက်နေ့မှာ မိုးကုတ်မြို့ကနေ အပြီးထွက်ခွာဖို့ ပြင်ဆင်ချိန် မြို့အတွင်းက မထွက်ခွာခင် အရည်ကျောက်တွေ အများဆုံးထွက်တဲ့ မိုးကုတ်ဂေါက်ကွင်းမှာ လုပ်ကိုင်ခွင့် ပြုလိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။
မိုးကုတ်ဂေါက်ကွင်းဟာ မြို့အနောက်ဘက်မှာ တည်ရှိပြီး ဧက ၂၀၀ နီးပါး အကျယ်အဝန်းရှိကာ အဲဒီ ဂေါက်ကွင်းကို သဘာဝပတ်ဝန်းကျင် မပျက်စီးရေးအတွက် အစိုးရအဆက်ဆက် ထိန်းသိမ်းထားခဲ့တာဖြစ်ပြီး ကျောက်မျက် ကုမ္ပဏီကြီးဖြစ်တဲ့ ဦးပိုင်ကုမ္ပဏီတောင် တူးဖော်ခွင့်မရခဲ့တဲ့နေရာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
TNLA ထိန်းချုပ်ပြီး နောက်ပိုင်းမှာ စက်ယန္တရားတွေ အသုံးပြုကာ သယံဇာတ တူးဖော်ခြင်းတွေ ဆောင်ရွက်ခဲ့တဲ့အတွက် မိုးကုတ်မြို့က ပတ္တမြားမြေ ဂေါက်ကလပ် မြေနေရာဟာ အရင်က ဂေါက်ကွင်းမြေနေရာ ဖြစ်ခဲ့ဖူးတာကိုတောင် မှတ်မိနိုင်ခြင်းမရှိတဲ့ အနေအထားအထိ ပျက်စီးမှုတွေ ဖြစ်ပွားခဲ့တယ်လို့‌ အစိုးရက ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၄ ရက်နေ့က သတင်း ထုတ်ပြန်ထားပါတယ်။

image

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ
***********************************************
🇲🇲 ရည်ညွှန်းလက်လီဈေးနှုန်းများ
💢ရန်ကုန်မြို့
💢မန္တလေးမြို့
💢နေပြည်တော်
💢တိုင်းဒေသကြီး/ ပြည်နယ်မြို့တော်များ

image

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ
( ၂၀၂၆ - ဇန်နဝါရီ ၂၇ ၊ နံနက် ၁၀ နာရီ)

#ရွှေဈေး
-ကမ္ဘာ့ရွှေဈေး
တအောင်စ ၅၀၆၅ ဒေါ်လာ
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း
- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၆,၀၀၀,၀၀၀ ကျပ်
ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၁၀,၅၇၀,၀၀၀ ကျပ်
ဝယ်ဈေး ၁၀,၅၃၀,၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၁၀,၁၇၀,၀၀၀ ကျပ်
ဝယ်ဈေး ၁၀,၁၃၀,၀၀၀ ကျပ်
* စနစ်သစ်
(၁ိ - ၁၆.၃၂၉၃၂၅ ဂရမ် = ၁၂၀ ရွေး)
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၁၀,၄၅၀,၀၀၀ ကျပ်
ဝယ်ဈေး ၁၀,၄၁၀,၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၁၀,၀၅၀,၀၀၀ ကျပ်
ဝယ်ဈေး ၁၀,၀၁၀,၀၀၀ ကျပ်
“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”
(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)
#နိုင်ငံခြားငွေလဲလှယ်နှုန်း
-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၆၅၇ ကျပ်
ပြင်ပပေါက်စျေး
-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၀၂၀ ကျပ်
ဝယ်ဈေး - ၃၉၂၀ ကျပ်
-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၁၆၀ ကျပ်
ဝယ်ဈေး - ၃၀၈၀ ကျပ်
-ယူရို
ရောင်းဈေး - ၄၇၈၀ ကျပ်
ဝယ်ဈေး - ၄၆၆၀ ကျပ်
-ထိုင်းဘတ်
ရောင်းဈေး - ၁၂၉.၀၃ ကျပ်
ဝယ်ဈေး - ၁၂၅.၇၉ ကျပ်
-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၁၄ ကျပ်
ဝယ်ဈေး - ၉၈၉ ကျပ်
-တရုတ်ယွမ်
ရောင်းဈေး - ၅၇၈ ကျပ်
ဝယ်ဈေး - ၅၆၃ ကျပ်
-ဂျပန်ယန်း
ရောင်းဈေး - ၂၆.၀၆ ကျပ်
ဝယ်ဈေး - ၂၅.၄၁ ကျပ်
-အိန္ဒိယရူပီး
ရောင်းဈေး - ၄၃.၈၈ ကျပ်
ဝယ်ဈေး - ၄၂.၇၈ ကျပ်
-ကိုရီးယားဝမ်
ရောင်းဈေး - ၂.၇၈ ကျပ်
ဝယ်ဈေး - ၂.၇၁ ကျပ်
-စတာလင်ပေါင်
ရောင်းဈေး - ၅၅၀၅ ကျပ်
ဝယ်ဈေး - ၅၃၇၀ ကျပ်
-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၇၈၆ ကျပ်
ဝယ်ဈေး - ၂၇၁၆ ကျပ်
-ကနေဒါဒေါ်လာ
ရောင်းဈေး - ၂၉၃၄ ကျပ်
ဝယ်ဈေး - ၂၈၆၀ ကျပ်
-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၁၆ ကျပ်
ဝယ်ဈေး - ၅၀၃ ကျပ်
-ယူအေအီး
ရောင်းဈေး - ၁၀၉၅ ကျပ်
ဝယ်ဈေး - ၁၀၆၇ ကျပ်
ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။

image

ဂျိုဟန်ခရိုက်ဖ်ကို ကိုင်တွယ်ခဲ့တဲ့ ဘောလုံးသမိုင်းတွင် အကြီးကျယ်ဆုံးနည်းပြများထဲမှ တစ်ဦးဖြစ်တဲ့ ဂန္ထဝင်နည်းပြကြီးမှာ စပိုင်တစ်ဦး ဖြစ်နေ
======================

ဂန္ထဝင်နည်းပြစတီဖင်ကိုဗစ်မှာ ရိုမေးနီးယားရဲ့ လူမုန်းများတဲ့ လျို့ဝှက်ရဲတပ်ဖွဲ့ Securitate တွင် အလုပ်လုပ်ခဲ့တဲ့ စပိုင်တစ်ဦး ဖြစ်ကြောင်း သိရပါတယ်။
ကိုဗစ်ဟာ အေဂျက်စ်ကို ၁၉၇၂ နှင့် ၁၉၇၃ ခုနှစ် ဥရောပဖလားတို့ ဆွတ်ခူးနိုင်အောင် ဦးဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။
သူဟာ အေဂျက်စ်ကို ကိုင်တွယ်စဉ်အတွင်း ဒတ်ချ်စူပါစတားဂျိုဟန်ခရိုက်ဖ်အပါအဝင် စူပါစတားများကို ကိုင်တွယ်ခဲ့သူလည်း ဖြစ်ပါတယ်။
ကိုဗစ်ဟာ ပြင်သစ်နှင့် ရိုမေးနီးယားအသင်းတို့ကိုလည်း ကိုင်တွယ်ခဲ့သလို မိုနာကို၊ ပါနာသီနိင်ကို့စ်၊ စတူအာဘူခါရက်တို့ကိုလည်း ကိုင်တွယ်ခဲ့ပါတယ်။
ကိုဗစ်ဟာ အသက် ၇၄ နှစ်အရွယ် ၁၉၉၅ ခုနှစ်တုန်းက ကွယ်လွန်သွားခဲ့ပြီး ဘောလုံးသမိုင်းတွင် အကြီးကျယ်ဆုံးနည်းပြများထဲမှ တစ်ဦးအဖြစ် သတ်မှတ်ခံထားရသူလည်း ဖြစ်ပါတယ်။
ဒါပေမယ့် ရိုမေးနီးယားသတင်းစာတစ်စောင်ရဲ့ ဖော်ပြလာမှုအရ ကိုဗစ်မှာ ကမ္ဘာ့ကြောက်စရာအကောင်းဆုံးစပိုင်အဖွဲ့အစည်းများထဲ တစ်ခုထံမှ ၈ နှစ်တိုင်တိုင် ငွေကြေး ရယူကာ အလုပ်လုပ်ပေးခဲ့ကြောင်း သိရပါတယ်။
Gazeta Sporturilor က ကိုဗစ်မှာ ဗာဆယ်မန်တီနူဆိုတဲ့ အမည်ကို အသုံးပြုကာ ၁၉၅၅ ခုနှစ်မှ ၁၉၆၃ ခုနှစ်အတွင်း အလုပ်လုပ်ခဲ့ကြောင်း လျို့ဝှက်ဖိုင်များအရ ဖော်ထုတ်လာပါတယ်။
လျို့ဝှက်ဖိုင်များတွင် ဂန္ထဝင်နည်းပြကိုယ်တိုင်ရေးထားတဲ့ "ရန်လိုတဲ့ အဖွဲ့အစည်းများ က လုပ်ဆောင်တဲ့ အမှောင့်အဖျက်လုပ်ငန်းများအကြောင်းကို ကျွန်တော် သိသမျှ နိုင်ငံတော်လုံခြုံရေးအဖွဲ့အစည်းများထံ ကြိုတင်အသိပေးရန် ကျွန်တော်ဆန္ဒအလျောက် ကတိပြုပါတယ်။ ဆွေးမျိုး သို့မဟုတ် မိတ်ဆွေများအတွက်လည်း ခြွင်းချက် မရှိစေရပါ"လို့ စာလည်း ပါဝင်ပါတယ်။
ဒါ့အပြင် ယင်းမှတ်တမ်းများတွင် ကိုဗစ်ရဲ့ လုပ်ဆောင်မှုများအပေါ်တွင် မှတ်ချက်ပြုထားတဲ့ လုံခြုံရေးအရာရှိသူများရဲ့ စာရွက် ၃၁ ရွက်လည်း ပါဝင်ပါတယ်။
ကိုဗစ်ဟာ သူနည်းပြအဖြစ် လုပ်ဆောင်နေစဉ်အတွင်း ကစားသမားများ၊ နည်းပြအဖွဲ့ဝင်များနှင့် ပတ်သက်ပြီး သတင်းပို့ရတယ်လို့ ယုံကြည်ရပါတယ်။
ကိုဗစ်ဟာ ရိုမေးနီးယားကွန်မြူနစ်ပါတီတွင် အလုပ်လုပ်နေစဉ်အတွင်း ကွဲပြားတဲ့ ဒေသတွင်းကလပ် ၃ ခုကို ကိုင်တွယ်ခဲ့ပါတယ်။
ရိုမေးနီးယားထောက်လှမ်းရေးအဖွဲ့ Securitate ကို ၁၉၄၈ ခုနှစ်တွင် တည်ထောင်ခဲ့တာ ဖြစ်ပြီး ကမ္ဘာ့ကြောက်စရာအကောင်းဆုံးထောက်လှမ်းရေးအဖွဲ့များထဲမှ တစ်ခုအဖြစ် သတ်မှတ်ခံထားရပါတယ်။
ရိုမေးနီးယားသမ္မတနီကိုလေချောင်ဆက်စ်ကူ လက်ထက်တွင် ယင်းထောက်လှမ်းရေးအဖွဲ့ကြောင့် ထောင်ပေါင်းများစွာသော လူများ သေဆုံးခဲ့ရပြီး ၁၉၈၉ ခုနှစ်တွင် အဖွဲ့ကို ဖျက်သိမ်းခဲ့ပါတယ်။

image

အေဘရာဟမ်ကို ပေါင် ၁၁ သန်းဖြင့် အပြီးသတ်ဝယ်ယူပြီး ဗီလာထံ ထပ်မံ ရောင်းချရန် ပြင်နေတဲ့ ဘီဆစ်တပ်
====================

ဘီဆစ်တပ်ဟာ တမ်မီအေဘရာဟမ်အား ရိုးမားထံမှ ပေါင် ၁၁.၂ သန်းဖြင့် အပြီးသတ် ဝယ်ယူပြီး အက်စတွန်ဗီလာထံ ထပ်ဆင့်ရောင်းချရန် စီစဉ်နေပါတယ်။
အင်္ဂလန်တိုက်စစ်မှူးဟာ သောကြာနေ့တွင် ဗြိတိန်သို့ ပြန်လည် ရောက်ရှိလာပြီးနောက် စနေနေ့တုန်းက ဆေးစစ်ဆေးမှု ခံယူခဲ့ပါတယ်။
ဘီဆစ်တပ်ဟာ ဗီလာဘက်က ပေါင် ၁၈ သန်းဖြင့် အပြီးသတ် ဝယ်ယူရန် သဘောတူညီလာမှုနှင့်အတူ ယခုကဲ့သို့ ရိုးမားထံမှ အပြီးသတ်ဝယ်ယူပြီး ရောင်းချလာမှာလည်း ဖြစ်ပါတယ်။
အင်္ဂလန်အတွက် ၁၁ ပွဲကစားထားတဲ့ အေဘရာဟမ်ဟာ ဘီဆစ်တပ်အတွက် ၂၄ ပွဲ ကစားခဲ့ရာမှာ ၁၂ ဂိုးသွင်းပေးထားသူ ဖြစ်ပါတယ်။
အသက် ၂၈ နှစ်ရှိ ဘီဆစ်တပ်ဟာ ၂၀၂၁ ခုနှစ်တွင် ချဲလ်ဆီးမှ ရိုးမားသို့ ပေါင် ၃၄ သန်းဖြင့် ပြောင်းရွှေ့ပြီးနောက် ပွဲ ၁၂၀ ကစားကာ ၃၉ ဂိုးသွင်းယူပေးခဲ့ကာ ၂၀၂၂ ခုနှစ် ကွန်ဖရင့်လိဂ်ဖလား ရရှိအောင် ကူညီခဲ့ပါတယ်။
သူဟာ ၂၀၂၄-၂၅ ရာသီတုန်းက အေစီမီလန်သို့ အငှားဖြင့် သွားကစားစဉ် ၄၄ ပွဲကစားခဲ့ရာမှာ ၁၀ ဂိုးသွင်းယူခဲ့ပါတယ်။
သူဟာ ၂၀၁၈-၁၉ ရာသီတုန်းက ဗီလာသို့ အငှားဖြင့် သွားကစားစဉ် ၃၇ ပွဲတွင် ၂၅ ဂိုးသွင်းကာ ပရီးမီးယားလိဂ်သို့ တန်းတက်နိုင်ရေး ကူညီခဲ့သူ ဖြစ်ပါတယ်။

image

ကမ္ဘာ့ဖလားပြိုင်ပွဲကြောင့် နှစ် ၃၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် ပုံမှန်မဟုတ်တဲ့ ရာသီကြိုခရီးစဉ် စီစဉ်လာရတဲ့ ယူနိုက်တက်
=====================

ယူနိုက်တက်ဟာ နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် စကင်ဒီနေးဗီးယားသို့ ရာသီကြိုခရီးစဉ် ထွက်ရန် ပြင်ဆင်နေပါတယ်။
ယူနိုက်တက်ဟာ ဟယ်ဆင်ကီနှင့် ဂိုသန်ဘတ်တို့တွင်‌ ခြေစမ်းပွဲကစားရန် စီစဉ်နေပြီး ယင်းပွဲများမှာ အမြဲတမ်းနည်းပြသစ်အောက် ပထမဆုံးပွဲများ ဖြစ်လာပါမယ်။
လက်ရှိအချိန်တွင် ယူနိုက်တက်ဟာ စကင်ဒီနေးဗီးယားခရီးစဉ်အတွက် ဆွေးနွေးနေတုန်း ဖြစ်ပါတယ်။ ဒါပေမယ့် ယူနိုက်တက်ဟာ အမေရိကန်၊ ကနေဒါနှင့် မက္ကဆီကိုတို့က ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပလာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားကြောင့် ယခုကဲ့သို့ ပုံမှန်မဟုတ်တဲ့ ရာသီကြိုခရီးစဉ် စီစဉ်လာရတာလည်း ဖြစ်ပါတယ်။
ယူနိုက်တက်အတွက် နောက်ဆုံးအကြိမ် ဖင်လန်ရဲ့ မြို့တော်ဟယ်ဆင်ကီသို့ သွားရောက်ကာ Hjk Helsinki နှင့် ကစားခဲ့တာ ၁၉၉၅ ခုနှစ် ဥရောပဖလားတုန်းက ဖြစ်ပါတယ်။
ဂိုသန်ဘတ်မှာ ၁၉၉၄ ခုနှစ်တုန်းက ယူနိုက်တက်အား ချန်ပီယံလိဂ်မှ ဖြုတ်ချခဲ့ဖူးပါတယ်။ ယူနိုက်တက်ဟာ ၂၀၁၂ ခုနှစ်တွင် ဆွီဒင်နိုင်ငံရဲ့မြို့တော်သို့ ပြန်ရောက်လာပြီး ဘာစီလိုနာနှင့် ခြေစမ်းပွဲကစားခဲ့သလို လေးနှစ်အကြာတွင် ဂါလာတာစာရေးနှင့် ခြေစမ်းခဲ့ပါတယ်။
ကမ္ဘာ့ဖလားဗိုလ်လုပွဲကို ဇူလိုင်လ ၁၉ ရက်နေ့တွင် ကစားလာမှာ ဖြစ်ပြီး ၁၉၆၆ ကမ္ဘာ့ဖလားနောက်ပိုင်း နောက်အကျဆုံး ဖြစ်လာမှာ ဖြစ်ပါတယ်။
ဒါကြောင့်လည်း ယူနိုက်တက်ဟာ ရာသီကြိုခြေစမ်းပွဲ ခရီးစဉ်အတွက် အပြောင်းအလဲ ပြုလုပ် စီစဉ်လာရတာပါ။
ယူနိုက်တက်ဟာ ပြီးခဲ့တဲ့သုံးရာသီဆက် အမေရိကန်သို့ ရာသီကြိုခြေစမ်းပွဲ သွားကစားခဲ့ပြီး ကမ္ဘာဖ့လားကြောင့် လေးရာသီဆက် ကစားရန် ခက်ခဲနေပါတယ်။
ဒါကြောင့် ယူနိုက်တက်ဟာ ဗြိတိန်နှင့် အိုင်ယာလန်ပြင်ပတွင် ၎င်းတို့ရဲ့ ပရိသတ်အကြီးမားဆုံးရှိရာ နေရာများထဲမှ တစ်ခုဖြစ်တဲ့ စကင်ဒီနေးဗီးယားသို့ သွားရန် ဖြစ်လာခဲ့တာပါ။
ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ ရာသီကြိုခြေစမ်းပွဲ ခရီးစဉ် ၄ ကြိမ်တွင် နော်ဝေသို့ သုံးကြိမ် သွားဖူးသလို ဆွီဒင်သို့ ၁ ကြိမ်သွားဖူးကာ ပရိသတ်ပိုမိုတိုးပွားရေး လုပ်ဆောင်ခဲ့ဖူးပါတယ်။
ယူနိုက်တက်ဟာ စကင်ဒီနေးဗီးယားသို့ ပုံမှန်သွားလေ့ရှိပေမယ့်လည်း ၂၀၁၂ ခုနှစ်တုန်းက နော်ဝေနှင့် ဆွီဒင်သို့သာ သွားခဲ့တာပါ။
ဒါပေမယ့် ယူနိုက်တက်အတွက် ကြီးမားတဲ့ ပြဿနာရှိနေတာကတော့ စကင်ဒီနေးဗီးယားမှ ကွင်းများမှာ သေးငယ်ပြီး လက်မှတ်ပမာဏအကန့်အသတ်ဖြင့်သာ ရောင်းချလာနိုင်မှာ ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ ၂၀၁၆ ခုနှစ်နောက်ပိုင်းတွင် နော်ဝေသို့ ၅ ကြိမ်၊ ဆွီဒင်သို့ ၂ ကြိမ် သွားခဲ့ဖူးပါတယ်။
ယူနိုက်တက်ဟာ အော်စလိုရှိ Ullevaal Stadium တွင် ၄ ပွဲ၊ ထရွန်ဟိမ်းရှိ Lerkendal Stadium ကွင်းတွင် ၁ ပွဲကစားခဲ့ပါတယ်။
ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက စတောဟုမ်းတွင် လိဒ်နှင့် ဂိုးမရှိသရေကျတဲ့ပွဲဖြင့် ရာသီကြိုခရီးစတင်ခဲ့သလို ၂၀၁၆ ခုနှစ်တုန်းကလည်း ဂိုသန်ဘတ်တွင် ဂါလာတာစာရေးနှင့် ကစားခဲ့ပါတယ်။
ယူနိုက်တက်တို့ တကယ်တမ်း စကင်ဒီနေးဗီးယားရာသီကြိုခြေစမ်းပွဲကစားခဲ့တာ ၁၉၉၈ ခုနှစ်က ဖြစ်ပါတယ်။ ထိုစဉ်တုန်းကလည်း ယူနိုက်တက်ဟာ ကမ္ဘာ့ဖလားကြောင့် ပုံမှန်မဟုတ်တဲ့ ရာသီကြိုခြေစမ်းပွဲကစားစဉ် စီစဉ်ခဲ့ရတာ ဖြစ်ပြီး ယင်းရာသီတွင် ဆုဖလား ၃ လုံး ဆွတ်ခူးတဲ့အထိ အောင်မြင်ခဲ့ပါတယ်။
အဲလက်စ်ဖာဂူဆန်ရဲ့အသင်းဟာ ၁၉၉၈ ပြင်သစ်ကမ္ဘာ့ဖလားအပြီးတွင် ဗာလီရန်ဂါ၊ ဘရွန်ဘီ၊ ဘရန်းတို့တွင် ခြေစမ်းပွဲကစားခဲ့ပါတယ်။

image

ဟယ်ရီကိန်းအား စာချုပ်သစ်ချုပ်ဆိုရန် ဘိုင်ယန်မြူးနစ်ဆွေးနွေးနေ
=====================

ဘိုင်ယန်မြူးနစ်အားကစားဒါရိုက်တာမက်စ်ဘာလ်က ဂျာမန်ကလပ်မှာ ဟယ်ရီကိန်းအား စာချုပ်သက်တမ်းတိုးရေး ဆွေးနွေးနေပြီ ဖြစ်ကြောင်း အတည်ပြုလာပါတယ်။
အသက် ၃၂ နှစ်ရှိ အင်္ဂလန်အသင်းခေါင်းဆောင်ဟာ ၂၀၂၃ ခုနှစ် ဩဂုတ်လတွင် စပါးစ်မှ ယူရိုသန်း ၁၀၀ ဖြင့် ဘိုင်ယန်မြူးနစ်သို့ ၄ နှစ်စာချုပ်ဖြင့် ပြောင်းခဲ့သူ ဖြစ်ပါတယ်။
ကိန်းဟာ ဘိုင်ယန်မြူးနစ်သို့ ရောက်လာပြီးနောက် ၁၂၆ ပွဲကစားထားရာမှာ ၁၁၉ ဂိုးသွင်းယူပြီး အကြိမ် ၃၀ ဖန်တီးမှုပြုလုပ်ပေးထားပါတယ်။ သူဟာ ကစားသမားဘဝ ပထမဆုံးဆုဖလားအဖြစ် ၂၀၂၄-၂၅ ဘွန်ဒက်စ်လီဂါဖလားဆွတ်ခူးနိုင်အောင်လည်း ကူညီထားပါတယ်။
မက်စ်အီဘာလ်က "ဟယ်ရီနဲ့ စကားပြောနေတယ်။ ကျွန်တော်တို့ ဆွေးနွေးနေပါတယ်။ တချိန်ကျရင် ဆုံးဖြတ်ချက်တစ်ခု ချလာမယ်ဆိုတာ လူတိုင်း သိပါတယ်"လို့ ပြောကြားသွားပါတယ်။
အောက်တိုဘာလတုန်းက အင်တာဗျူးတစ်ခုတွင် ဟယ်ရီကိန်းက ဘိုင်ယန်မြူးနစ်တွင် ဆက်ရှိနေရန် သေချာသလောက်ရှိနေပြီး ပရီးမီးယားလိဂ်သို့ ပြန်လိုတဲ့ ဆန္ဒနည်းပါးနေကြောင်း ပြောကြားသွားခဲ့ဖူးပါတယ်။
သူဟာ ယခုရာသီတွင် ဗင်းဆင့်ကွန်ပနီရဲ့အသင်းအတွက် ပွဲ ၃၀ ကစားထားရာမှာ ၃၄ ဂိုးသွင်းထားနိုင်ပါတယ်။ သူဟာ ဘွန်ဒက်စ်လီဂါ ၁၉ ပွဲတွင် ၂၁ ဂိုးအထိ သွင်းထားကာ ဘွန်ဒက်စ်လီဂါတစ်ရာသီတည်းတွင် ဂိုးအများဆုံးသွင်းထားတဲ့ ရောဘတ်လီဝန်ဒေါ့စကီးရဲ့ ၄၁ ဂိုးစံချိန်အား ရိုက်ချိုးနိုင်ရန် ပစ်မှတ်ထားနေပါတယ်။
ဟယ်ရီကိန်းဟာ ယခုရာသီတွင် ချန်ပီယံလိဂ်တွင်လည်း အဆင့် ၂ နေရာမှာ ရပ်တည်နိုင်အောင် ဘိုင်ယန်မြူးနစ်အား ကူညီထားပါတယ်။
ဘိုင်ယန်အမှုဆောင်ချုပ်ဂျန်ခရစ္စတီယန်ဒရီးဆင်ကလည်း "ဟယ်ရီက ကျွန်တော်တို့အပေါ်မှာ ကြီးမားတဲ့ ယုံကြည်မှု ရှိတယ်။ မြူးနစ်မှာလည်း သက်တောင့်သက်သာ ဖြစ်နေတယ်။ သူနဲ့ သူ့မိသားစု ဒီမှာ အထိုင်ကျနေပါပြီ။ ဒီတော့ ကျွန်တော်တို့အနေနဲ့ အရမ်းအလျှင်စလို လုပ်ဖို့ မလိုပါဘူး"လို့ ပြောကြားသွားပါတယ်။

image

လီယွန်နယ်မက်ဆီရဲ့ ကျောနံပါတ် ၁၀ အင်္ကျီကို ရရှိပြီးနောက် မျက်ရည်ကျခဲ့တဲ့ ပြိုင်ဘက်ကစားသမား
=====================

လီယွန်နယ်မက်ဆီရဲ့ အာဂျင်တီးနားအင်္ကျီပဲ ဖြစ်ဖြစ်၊ အင်တာမိုင်ယာမီအင်္ကျီပဲ ဖြစ်ဖြစ် ကစားသမားတိုင်း လိုချင်တဲ့အရာတွေက တစ်ခု ဖြစ်ပါတယ်။ အာဂျင်တီးနားဂန္ထဝင်ကစားသမားအတွက် ပွဲပြီးတိုင်း အတောင်းခံရဆုံးအရာ ဖြစ်ပါတယ်။
အလန်ကန်တီရိုးဟာလည်း မက်ဆီရဲ့ ၂၀၂၆ ခုနှစ် ပထမဆုံးပွဲအပြီးမှာ အလွန်ကံကောင်းစွာပင် ကျောနံပါတ် ၁၀ အင်္ကျီကို ရရှိသွားခဲ့ပါတယ်။
Alianza Lima တိုက်စစ်မှူးဟာ အင်တာမိုင်ယာမီနှင့် ခြေစမ်းပွဲအပြီးမှာ အကြီးမားဆုံးဆုလာဘ်အဖြစ် မက်ဆီရဲ့ အင်္ကျီကို ပိုင်ဆိုင်ခွင့် ရရှိခဲ့ပြီး ယင်းဆုလာဘ်အတွက် ဝမ်းသာမျက်ရည်ကျခဲ့ရပါတယ်။
ဂျာဗီးယားမာရှေးယာနိုကိုင်တွယ်နေတဲ့ အင်တာမိုင်ယာမီဟာ ရာသီသစ်အတွက် ပြင်ဆင်တဲ့အနေဖြင့် ခြေစမ်းပွဲများ ကစားနေပြီး ပထမဆုံးပွဲအဖြစ် ပီရူးကလပ် Alianza Lima နှင့် ရင်ဆိုင်ခဲ့ရာမှာ ၃-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပါတယ်။
ပွဲအပြီးတွင် ကန်တီရိုးဟာ ကံကောင်းထောက်မစွာပင် မက်ဆီနှင့် အင်္ကျီလဲလှယ်နိုင်ခဲ့ပါတယ်။ သူဟာ မက်ဆီရဲ့ အင်္ကျီကို ပိုင်ဆိုင်ခွင့် ရရှိမှုနှင့်အတူ မျက်ရည်ကျတဲ့အထိ ဝမ်းသာပျော်ရွှင်ခဲ့ပါတယ်။
၎င်းက "မက်ဆီက ကျွန်တော့်ရဲ့ အိုင်ဒေါပါ။ သူ့ကို လေးစားအားကျပြီး ကြိုးစားခဲ့လို့ ဒီကနေလို အချိန်မျိုးအထိ ရောက်လာတာပါ။ သူ့အင်္ကျီကို တောင်းဆိုခွင့်ရတာကိုက ဂုဏ်ယူစရာပါ။ အရိုးသားဆုံး ပြောရရင် အရမ်းစိတ်လှုပ်ရှားရတယ်။ အိမ်မှာ ဘောင်ခတ်ပြီး သိမ်းထားမယ်"လို့ ပြောကြားသွားပါတယ်။
ဒါ့အပြင် ပျော်လွန်းလို့ ကျလာတဲ့ မျက်ရည်စများနှင့်အတူ ၎င်းက "ပွဲပြီးတော့ သူ့ကို နှုတ်ဆက်ခဲ့တယ်။ ဒါလုပ်ဖို့ အချိန်များစွာ‌ စောင့်ဆိုင်းလာခဲ့ရတာပါ။ သူ့ကို နှုတ်ဆက်ခွင့်ရတာကိုက အရမ်းပီတိဖြစ်ရတယ်။ တစ်ကွင်းထဲ အတူတူ ကစားခွင့်ရတာ ဂုဏ်ယူစရာပါ။ သူ့ရဲ့ နှိမ့်ချမှုကို ခင်ဗျားတို့ မြင်နိုင်ပါတယ်။ ကလေးတွေကို ဘယ်လို ကူညီနေမြင်နိုင်ပါတယ်။ ကျွန်တော့်အိပ်မက်တစ်ခု ပြည့်သွားပါပြီ"လို့ ပြောကြားသွားပါတယ်။

image

လိုင်ယွန်အတွက် ဟက်ထရစ်သွင်းယူကာ သမိုင်းမှတ်တမ်းရေးထိုးလာတဲ့ အန်းဒရစ်
==================

ရီးရဲလ်မက်ဒရစ်မှ အငှားဖြင့် လာရောက်ကစားနေတဲ့ အန်းဒရစ်ဟာ မက်ဇ်ကို ၅-၂ ဂိုးဖြင့် အနိုင်ရတဲ့ပွဲတွင် ဟက်ထရစ်သွင်းယူပြီးနောက် လိုင်ယွန်သမိုင်းတွင် အသက်အငယ်ဆုံးဟက်ထရစ်သွင်းယူနိုင်သူအဖြစ် သမိုင်းမှတ်တိုင်သစ် စိုက်ထူလာပါတယ်။
ယခု ဆောင်းရာသီ အပြောင်းအရွှေ့ဈေးကွက်တွင် ရီးရဲလ်မက်ဒရစ်မှ အငှားဖြင့် လာရောက်ကစားနေတဲ့ အန်းဒရစ်ဟာ ပေါ်လိုဖွန်ဆီကာကိုင်တွယ်နေတဲ့ လိုင်ယွန်အတွက် ဟက်ထရစ်သွင်းယူကာ နိုင်ပွဲ ယူဆောင်ပေးပြီး လီဂူး ၁ အဆင့် ၄ နေရာတွင် ရပ်တည်နိုင်အောင် ကူညီပေးထားနိုင်ပါတယ်။
သူဟာ ဒီဇင်ဘာလတွင် လိုင်ယွန်သို့ ရောက်လာပြီးနောက် လိုင်ယွန်အတွက် ပြိုင်ပွဲအရပ်ရပ် ပထမဆုံး ၃ ပွဲတွင် ၄ ဂိုးအထိ သွင်းထားနိုင်ပါတယ်။
ဘရာဇီးတိုက်စစ်မှူးဟာ မက်ဇ်ပွဲတွင် ဟက်ထရစ်သွင်းယူပြီးနောက် အသက် ၁၉ နှစ်နှင့် ၁၈၈ ရက်ဖြင့် လိုင်ယွန်သမိုင်းတွင် အသက်အငယ်ဆုံးဟက်ထရစ်သွင်းယူသူ ဖြစ်လာပါတယ်။
သူဟာ ဘားနတ်လာကွမ်ဘီရဲ့ ၁၉ နှစ်နှင့် ၁၉၆ ရက်စံချိန်ကို ရိုက်ချိုးလာတာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် အန်းဒရစ်ဟာ ၂၁ ရာစုအတွင်းတွင် ဂျီရီမီမီနက်ဇ်(၁၇ နှစ်နှင့် ၂၆၀ ရက်)၊ ကိုင်လီယန်ဘက်ပေး(၁၈ နှစ်နှင့် ၅၃ ရက်)၊ အူစမာနီဒမ်ဘီလီ(၁၈ နှစ်နှင့် ၂၉၆ ရက်)တို့ပြီးလျှင် အသက်အငယ်ဆုံး လီဂူး ၁ ဟက်ထရစ်ရှင်အဖြစ်လည်း သမိုင်းမှတ်တမ်းရေးထိုးလာပါတယ်။
သူဟာ မက်ဇ်နှင့်ပွဲတွင် ဂိုးပေါက်တည့်ကန်ချက် ၆ ကြိမ်အထိ ပြုလုပ်နိုင်ပြီးနောက် ကလပ်သမိုင်းတွင် လီဂူး ၁ မှာ တစ်ပွဲတည်းတွင် ဂိုးပေါက်တည့်ကန်ချက်အများဆုံးကစားသမားအဖြစ် အလက်ဇန္ဒားလာကာဇက်တီ(၂၀၀၆-၀၇ မိုနာကိုနှင့်ပွဲ)နှင့်အတူ မှတ်တမ်းတင်လာပါတယ်။

image

ခံစစ်ပြဿနာကြုံနေရမှုကြောင့် အမေ့ခံ နောက်ခံလူအား အငှားချထားရာမှ ပြန်ခေါ်ကာ ဖြေရှင်းလာတဲ့ ချဲလ်ဆီး
======================

ချဲလ်ဆီးဟာ ဒေါ့မွန်တွင် အငှားချထားတဲ့ နောက်ခံလူအေရွန်အန်ဆယ်မီနိုအား ပြန်လည်ခေါ်ယူလာပါတယ်။
အသက် ၂၀ နှစ်ရှိ အာဂျင်တီးနားနောက်ခံလူဟာ ဂျာမနီတွင် အငှားဖြင့် သွားကစားစဉ် ခြေစွမ်းပြကစားနေသူလည်း ဖြစ်ပါတယ်။
ချဲလ်ဆီးဟာ ဗဟိုခံစစ်ပြဿနာ ကြုံနေရမှုအား အပူတပြင်းဖြေရှင်းရန် လိုအပ်နေမှုနှင့်အတူ အန်ဆယ်မီနိုအား ပြန်လည်ခေါ်ယူလာတာပါ။
အန်ဆယ်မီနိုဟာ ဒေါ့မွန်အတွက် ပထမဆုံးကစားတဲ့ ပွဲစဉ်တွင် လှပတဲ့ လျှောထိုးဖျက်ထုတ်မှု ပြုလုပ်နိုင်ခဲ့မှုနှင့်အတူ ဒေါ့မွန်ပရိသတ်များရဲ့ “El Tackle” လို့ ချစ်စနိုးခေါ်ဝေါ်ခြင်းခံထားရသူလည်း ဖြစ်ပါတယ်။
ဒေါ့မွန်ဟာ နွေရာသီတွင် နစ်ကလပ်စ်ဆူးအား လက်လွှတ်ရမှာ ဖြစ်လို့ အန်ဆယ်မီနိုကို လာမယ့်ရာသီအထိ ဆက်ထိန်းထားလိုခဲ့ပေမယ့်လည်း ယခုအခါ ဇန်နဝါရီတွင်ပင် လက်လွှတ်လာရပြီ ဖြစ်ပါတယ်။
အန်ဆယ်မီနိုဟာ ဒေါ့မွန်တွင် ဘွန်ဒက်စ်လီဂါအတွေ့အကြုံအပြင် ချန်ပီယံလိဂ်အတွေ့အကြုံလည်း ရရှိလာသူ ဖြစ်ပြီး ချဲလ်ဆီးရဲ့ ဘယ်ခြမ်းဗဟိုခံစစ်အတွက် ရွေးချယ်စရာတစ်ဦး ဖြစ်လာပါမယ်။
ချဲလ်ဆီးဟာ ရန်းနက်စ်နောက်ခံလူဂျီရီမီဂျက်ကေးအား ခေါ်ယူရေး ကြိုးပမ်းခဲ့ပေမယ့်လည်း ပြောင်းရွှေ့ကြေးများစွာ တောင်းဆိုခြင်းခံရမှုနှင့်အတူ အငှားချထားတဲ့ ကစားသမားအား ပြန်လည်ခေါ်ဆောင်ကာ ဖြေရှင်းလာတာပါ။

image