Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
>>> (၄) 📖 အဆိပ် 📖 လွန်းထားထား ရဲ့ ဝတ္ထုအသစ်ကလေးပါ...။ အဆိပ်...လို့ ရိုးရိုးလေးပဲ နာမည်ပေးထားပါတယ်..။ ခုခေတ်လူငယ်လေးတွေထဲမှာ..ဖြစ်လေ့ဖြစ်ထရှိတဲ့ အဖြစ်အပျက်ကလေးတွေကို..
ရိုးရိုးလေးပဲ ရေးဖွဲ့ထားပါတယ်...။
‘တချို့သော အဆိပ်တွေဟာ
အဆိပ်လို့ မထင်ရအောင်
အရောင်အသွေး အနံ့အရသာမျိုးစုံဖြင့်
သွေးဆောင်ဖြားယောင်း ချယ်လှယ်တတ်ကြပါရဲ့...၊
ချိုမြရှတတဲ့ အဆိပ်ရည်ဟာ
ဘဝတစ်ခုလုံး
အဆိပ်သင့် လောင်ကျွမ်းသွားလောက်အောင်
ပြင်းထန်တတ်မှန်း
သူတို့ကြိုသိခဲ့မယ်ဆိုရင်...
လွတ်လပ်နှောင်ဖွဲ့ကင်းတဲ့ ကြိုးကလေးနှစ်ချောင်း အငြိမှာ... ဆက်ထုံးကလေး ဖြစ်လာတယ်...။ တချို့ ဆက်ထုံးတွေက လှပတယ်... မခိုင်မြဲဘူး... ပြေလျော့ဖို့ လွယ်ကူတယ်။ တချို့သော ဆက်ထုံးတွေကတော့ ခိုင်ခိုင်မြဲမြဲတော့ နှောင်ဖွဲ့ထားပါရဲ့... ဒါပေမယ့်... မလှပဘူးလေ...’ တဲ့။
အောင်မြေရယ်၊ ကမ္ဘာရယ်၊ ယဉ်သကိုရယ် … ဒီသူငယ်ချင်းသုံးယောက်က ငယ်ပေါင်းရင်းချာ သူငယ်ချင်းတွေပေမဲ့ တစ်ယောက်နဲ့ တစ်ယောက် စရိုက်သဘာဝချင်း မတူညီကြသူတွေပါ။
ပိုက်ဆံစုပြီး အမြတ်တနိုးဝယ်ထားတဲ့ ဂစ်တာလေးကို တီးခတ်ပြီး အနုပညာခံစားမှုတွေနဲ့ ငြိမ့်ငြိမ့်လေး နေတတ်တဲ့ အောင်မြေ …
လူမှုကွန်ယက်ပေါ်မှာ Follower များပြီး အနုပညာအလုပ် ဘာတစ်ခုမှ မလုပ်ဘဲနဲ့ မော်ဒယ်လ်တစ်ယောက်လို ကျော်ကြားနေတဲ့ ကမ္ဘာ …
အောင်မြင်တဲ့ ဒီဇိုင်နာတစ်ယောက်ဖြစ်ဖို့ ရည်မှန်းချက်ကြီးကြီးရှိတဲ့ ကောင်မလေးက … ယဉ်သကို …
ဆယ်တန်းအောင်ပြီး အဝေးသင်တက်ရင်း ဘဝရဲ့ ဖြစ်ချင်တဲ့ အိပ်မက်ကိုယ်စီနဲ့ သူငယ်ချင်းသုံးယောက် ဘဝလမ်းပေါ် လျှောက်ကြရင်း ဘယ်လို ကြုံဆုံဖြစ်ပျက်မလဲဆိုတာ စိတ်ဝင်စားစရာပါနော်။
သူငယ်ချင်းသံယောဇဉ်၊ အောင်မြင်မှုနဲ့ ကျရှုံးမှု၊ ချစ်ခြင်းတရားရဲ့ စေစားရာ၊ မာယာရဲ့ အဆိပ်၊ အချစ်ရဲ့ အဆိပ်၊ စတဲ့ စတဲ့ ခံစားမှု အတက်အကျ အနိမ့်အမြင့်တွေနဲ့ လှလှပပ ဖန်တီးရေးဖွဲ့ထားတဲ့ ဒီစာအုပ်လေးက စာချစ်သူတွေအတွက် စိတ်ကျေနပ်မှု အပြည့်အဝ ပေးစွမ်းနိုင်မယ့် စာအုပ်လေး ဖြစ်မှာသေချာပါတယ်။
တချို့သော အဆိပ်တွေဟာ..အဆိပ်လို့ မထင်ရအောင် ဖြားယောင်းညှို့မြှူလွန်းလို့...
လှပစွာယစ်မူးတတ်တဲ့ လူငယ်ကလေးတွေအတွက်..
ကဲ … အခုပဲ မှာယူထားလိုက်ရအောင်နော်။
---------------------------------------------------