Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
◾️ပြည်သူ့ရှေဆောင်ပါတီဥက္ကဋ္ဌပါဝင်ယှဉ်ပြိုင်ခွင့်မရှိတော့သော်လည်း ပါတီအတွက်စိတ်ဓာတ်ကျစရာမရှိဟုဆို
ပါတီဥက္ကဌဒေါ်သက်သက်ခိုင်ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့်မရှိတော့သော်လည်း ပါဝင်ယှဉ်ပြိုင် မည့်ကိုယ်စာလှယ်လောင်းများအနေဖြင့် စိတ်ဓာတ်အားလျော့စရာမရှိကြောင်း ပြည်သူ့ရှေ့ဆောင်ပါတီ ဒုဥက္ကဋ္ဌ ဦးစောဟန်အေးကပြောသည်။
“ကျွန်တော်တို့ပါတီကစုပေါင်းဆောင်ရွက်တဲ့ပါတီတစ်ခုပါ။ တစ်ယောက်မရှိလို့မဖြစ်ဘူးဆိုတာမရှိပါဘူး။ ဥပမာအနေနဲ့ပြောရရင် ရထားခေါင်းတွဲပြုတ်သွားလို့ ရထားထွက်လို့မရဘူးဆိုတာမရှိဘူး။ ဆက်သွားလို့ ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ပါတီမှာ ဒေါ်သက်သက်ခိုင်အစိုးရအဖွဲ့ထဲမှာ လေးနှစ် တာဝန်ထမ်းဆောင်နေတဲ့အချိန်မှာတောင်ကျွန်တော်တို့ပါတီကဆက်လက်ရှင်သန်ပြီးတော့ ပါတီမှတ်ပုံတင်တောင်အသစ်ပြန်တင်နိုင်သေးတာပဲ။ ဒါကြောင့် ကျွန်တော်တို့ပါတီဝင်တွေရော၊ ကိုယ်စာလှယ်လောင်းတွေပါရွေးကောက်ပွဲမှာ ပါတီဥက္ကဋ္ဌမပါဝင်နိုင်ပေမယ့် အားလျော့သွားစရာမရှိပါဘူး" ၎င်းကပြောသည်။
ဒေါ်သက်သက်ခိုင်သည် ရန်ကုန်တိုင်းဒေသကြီးအမျိုးသားလွှတ်တော် FPTP မဲဆန္ဒနယ် အမှတ်(၂)တွင် ဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်းတင်သွင်းခဲ့သော်လည်း UEC ကရွေးကောက်ပွဲဥပဒေပုဒ်မ ၈ (ဃ) ပါ ပြဋ္ဌာန်းချက်နှင့်ငြိစွန်းသဖြင့် ပြီးခဲ့သည့်အောက်တိုဘာ ၂၁ ရက်တွင် ကိုယ်စားလှယ်လောင်းအဖြစ်မှ ပယ်ဖျက်ကြောင်း ထုတ်ပြန်ခဲ့သည်။
ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်သည် ဘဏ်ချေးငွေကြွေးကျန်နှင့်ပတ်သက်ပြီး ရွေးကောက်ပွဲပါဝင်ယှဉ်ပြိုင်ခွင့်ရရေးအတွက် အောက်တိုဘာ ၃၀ ရက်တွင် ကမ္ဘောဇဘဏ်သို့ ကျပ်ငွေ သိန်းပေါင်းငါးသောင်းပေးသွင်းခဲ့ပြီး ရွေးကောက်ပွဲကော်မရှင်ထံသို့ အသနားခံစာတင်ပြခဲ့သော်လည်း ထပ်မံပယ်ချခံခဲ့ရသည်။
သတင်း - ပိုင်လေး
ဓာတ်ပုံ-PPP
◾️နှစ်ဖက်တင်းမာမှုများမြင့်တက်နေစဉ် တရုတ်သင်္ဘောအုပ်စု ဂျပန်အုပ်ချုပ်သော ကျွန်းများအနီးမှ ခုတ်မောင်း
ဂျပန်ဝန်ကြီးချုပ်၏ ထိုင်ဝမ်နှင့်ပတ်သက်သောမှတ်ချက်စကားများကြောင့် နှစ်နိုင်ငံကြား တင်းမာမှုများမြင့်တက်နေစဉ် တရုတ်ကမ်းရိုးတန်းအစောင့်တပ်ဖွဲ့မှ ရေယာဉ်အုပ်စုတစ်စုသည် ဂျပန်ကစီမံခန့်ခွဲနေသော ဆင်ကာကူကျွန်းစုအနီး ရေပြင်မှ ဖြတ်သန်းသွားခဲ့ပြီး ယင်းမှာ အခွင့်အရေးစည်းကြပ်သည့်ကင်းလှည့်မှု ဖြစ်ကြောင်း တရုတ်ကမ်းရိုးတန်းအစောင့်တပ်ဖွဲ့ က ထုတ်ပြန်ပြောကြားသည်။
ထိုင်ဝမ်အား တရုတ်က တိုက်ခိုက်ခဲ့ပါက တိုကျိုထံမှ စစ်ရေးအရတုံ့ပြန်မှု ဖြစ်ပေါ်လာနိုင်ကြောင်း ဂျပန်ဝန်ကြီးချုပ် မစ္စက်ဆာနာအဲ တာကာအိချိက နိုဝင်ဘာ ၇ ရက်တွင် ပါလီမန်၌ ပြောကြားခဲ့ပြီးနောက် တရုတ်နှင့်ဂျပန်ကြား သံတမန်ရေး တင်းမာမှု မြင့်တက်လာခဲ့သည်။
ယင်းမှတ်ချက်များကြောင့် ပေကျင်းထံမှ ဒေါသတကြီးတုံ့ပြန်မှုများ ဖြစ်ပေါ်ခဲ့သလို တာကာအိချိက ၎င်း၏ပြောကြားမှုကို တစ်နည်းနည်းဖြင့် ပြန်ရုပ်သိမ်းရန် ပေကျင်းက မျှော်လင့်ထားသည်။
တရုတ်က ထိုင်ဝမ်အား ၎င်းတို့၏ကိုယ်ပိုင်နယ်မြေအဖြစ် သဘောထားကာ ယင်းကျွန်းနိုင်ငံအား ပြန်လည်ရယူရေး အင်အားသုံးမည့်အလားအလာကိုလည်း ပစ်ပယ်မထားပေ။ ပေကျင်း၏ ပိုင်ဆိုင်ကြောင်း ပြောဆိုမှုများကို ပယ်ချထားသော ထိုင်ဝမ်သည် ဂျပန်မှ မိုင် ၇၀ ခန့်သာ ကွာဝေးကြောင်း သိရသည်။
တရုတ်ကမ်းရိုးတန်းအစောင့်တပ်မှ ရေယာဉ်အုပ်စုသည် ဒိုင်အိုယုကျွန်းစုရေပြင်တွင် ကင်းလှည့်ခဲ့ကြောင်း နှင့် ယင်းမှာ ၎င်းတို့၏ အကျိုးစီးပွားနှင့် လုပ်ပိုင်ခွင့်များအတွက် တရုတ်ကမ်းရိုးတန်းအစောင့်တပ်မှ လုပ်ဆောင်သော ဥပဒေနှင့်ညီညွတ်သည့် အော်ပရေးရှင်းဖြစ်ကြောင်း ထုတ်ပြန်ချက်က ပြောကြားသည်။
ဂျပန်က ဆင်ကာကူ ဟု ခေါ်ပြီး တရုတ်က ဒိုင်အိုယု ဟု ခေါ်ဝေါ်ကြသော ကျွန်းစုများနှင့် ပတ်သက်၍ တရုတ်နှင့်ဂျပန်တို့ အကြိမ်ကြိမ် ငြိစွန်းခဲ့ကြသည်။
မှတ်ချက်ပေးရန် တောင်းဆိုမှုကို ပေကျင်းမြို့မှ ဂျပန်သံရုံးက ချက်ခြင်း မတုံ့ပြန်ခဲ့ကြောင်း ရိုက်တာသတင်းက ဆိုသည်။
တာကာအိချိ ၏ မှတ်ချက်များထွက်ပေါ်လာခဲ့ပြီးနောက်တွင် ဂျပန်သည် တရုတ်ထံမှ ဖိအားများပိုမိုရင်ဆိုင်လာခဲ့ရပြီး ‘သူ့ဘာသာပြူထွက်လာတဲ့ ညစ်ပတ်တဲ့ ခေါင်းကို ဖြတ်ပစ်ရမယ်’ ဟု အိုဆာကာမြို့ တရုတ်ကောင်စစ်ဝန်အကြီးအကဲ က ပြောကြားခဲ့ရာ တိုကျိုထံမှ တရားဝင်ကန့်ကွက်မှု ထွက်ပေါခဲ့သည်။
ထို့နောက်တွင် နှစ် နှစ်ကျော်ကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် ပေကျင်းက ဂျပန်သံအမတ်ကြီးအား ဆင့်ခေါ်၍ ကန့်ကွက်ခဲ့သည်။ ဂျပန်၏ စစ်ရေးအရ ကြားဝင်မှုရှိခဲ့ပါကလည်း အောင်မြင်မည်မဟုတ်ကြောင်း တရုတ်စစ်ဘက်ကလည်း ကြေညာခဲ့သည်။
သောကြာနေ့တွင် ဂျပန်နိုင်ငံသို့ သွားရောက်လည်ပတ်ခြင်းမပြုကြရန် တရုတ် က ၎င်းတို့၏ နိုင်ငံသားများကို သတိပေးခဲ့ရာ သင့်တင့်လျောက်ပတ်သောအတိုင်းအတာများ လုပ်ဆောင်ရန် တိုကျိုက ပေကျင်းအား တိုက်တွန်းခဲ့သော်လည်း အကျယ်ချဲ့၍ မပြောပေ။
ဂျပန်သို့ သွားရောက်သည့် လက်မှတ်များအား ငွေပြန်အမ်းယူနိုင်ကြောင်း သို့မဟုတ် အခြားခရီးစဉ်များနှင့် အခမဲ့ လဲလှယ်နိုင်ကြောင်း တရုတ်လေကြောင်းလိုင်း သုံးလိုင်းက ယမန်နေ့ စနေနေ့က ပြောကြားသည်။
ကိုးကား-Reuters
New York Jets player Kris Boyd is in critical condition after being shot in Midtown Manhattan early Sunday morning, according to police and the team.
Read more: https://abcnews.visitlink.me/CzApWW