ရီးရဲလ်မက်ဒရစ်နည်းပြဘဝကို ကယ်တင်ရန် တစ်ပွဲတည်းသာ အခွင့်အရေးရရှိလာတဲ့ အလွန်ဆို
=====================

ဇာဘီအလွန်ဆိုဟာ ရီးရဲလ်မက်ဒရစ်နည်းပြရာထူးအား ကယ်တင်ရန် တစ်ပွဲတည်းသာ အခွင့်အရေးပေးခြင်းခံလာရပါတယ်။
အလွန်ဆိုဟာ ဆဲလ်တာဗီဂိုအား ၂-၀ ဂိုးဖြင့် ရှုံးနိမ့်တဲ့ပွဲစဉ်တွင် အသင်းရဲ့ ဆိုးရွားလှတဲ့ ခြေစွမ်းကြောင့် အနာဂတ်မရေမရာ ဖြစ်လာတာလည်း ဖြစ်ပါတယ်။
စပိန်မီဒီယာများရဲ့ဖော်ပြမှုအရ ရီးရဲလ်မက်ဒရစ်စီနီယာအရာရှိများဟာ ဆဲလ်တာဗီဂိုနှင့်ပွဲအပြီး တစ်နာရီအကြာတွင်ပင် အရေးပေါ် အစည်းအဝေး ပြုလုပ်ခဲ့ပြီး လာမယ့်ပွဲရလဒ်အပေါ် မူတည်ပြီး အလွန်ဆိုရဲ့အနာဂတ်ကို ဆုံးဖြတ်လာကြောင်း သိရပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ နောက်ဆုံးလာလီဂါပွဲ ၅ ပွဲတွင် ၁ ပွဲတည်းသာ အနိုင်ရရှိထားပြီး ထိပ်ဆုံးမှ ဘာစီလိုနာနှင့် ရမှတ် ၅ မှတ်အထိ ကွာဟနေပါတယ်။
ရီးရဲလ်မက်ဒရစ်တာဝန်ရှိသူများဟာ တွေဆုံဆွေးနွေးမှု ပြုလုပ်ပြီးနောက် လာမယ့် မန်စီးတီးနှင့်ပွဲတွင် ရလဒ်ကောင်း မရရှိလာပါက အလွန်ဆိုကို ထုတ်ပယ်ရန် ဆုံးဖြတ်လာကြပြီလည်း ဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ အလွန်ဆိုကို ထုတ်ပယ်ပြီးပါက နည်းပြဟောင်းဇီဒန်း (သို့မဟုတ်) လီဗာပူးနည်းပြဟောင်းဂျာဂင်ကလော့ပ်အား ခန့်အပ်ရန်ပါ စဉ်းစားထားကြပြီးလည်း ဖြစ်ပါတယ်။
အလွန်ဆိုဟာ ယခုရာသီ ရီးရဲလ်မက်ဒရစ်အသင်းအဝတ်အစားလဲခန်းကို ထိန်းချုပ်ထားနိုင်ခြင်း မရှိဘဲ ကစားသမားအချို့ရဲ့ ဆန့်ကျင်ခြင်းခံနေရသူလည်း ဖြစ်ပါတယ်။
အလွန်ဆိုကို ဆန့်ကျင်ကြသူများစာရင်တွင် ဗီနီရှပ်စ်ဂျူနီယာ၊ ရိုဒရီဂို၊ ဗယ်ဗာဒီ၊ ကာမာဗန်ဂါ၊ ဖာလန်းမန်ဒီတို့ မပါဝင်နေပါတယ်။
ယခုအခါ ရီးရဲလ်မက်ဒရစ်တာဝန်ရှိသူများဟာ ဗုဒ္ဓဟူးနေ့ည မန်စီးတီးနှင့်ပွဲတွင် နိုင်ပွဲ ရရှိလာခြင်း မရှိပါက အလွန်ဆိုကို ထုတ်ပယ်လာကြတော့မှာလည်း ဖြစ်ပါတယ်။

image