ဗီနီရှပ်စ်နှင့် အာလင်းဟာလန်းတို့ ကမ္ဘာ့ဖလားမတိုင်မီ ထိပ်တိုက်တွေ့လာနိုင်
=====================

ဗီနီရှပ်စ်ဂျူနီယာနှင့် အာလင်းဟာလန်းတို့ဟာ နိုင်ငံတကာပွဲမှာ ထိပ်တိုက်တွေ့ဆုံလာဖို့ ရှိနေပြီ ဖြစ်ပါတယ်။ ဘရာဇီးဘောလုံးအဖွဲ့ချုပ်ဟာ ၂၀၂၆ ကမ္ဘာ့ဖလားမတိုင်မီ ပြင်ဆင်တဲ့အနေဖြင့် နော်ဝေနှင့် ခြေစမ်းပွဲကစားရန် စီစဉ်နေပြီ ဖြစ်ပါတယ်။
မန်စီးတီးဂိုးသွင်းစက်ဟာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် ၁၆ ဂိုးအထိ သွင်းယူကာ ဂိုးအများဆုံးသွင်းယူသူအဖြစ် ရပ်တည်ခဲ့သူ ဖြစ်ပြီး ၁၉၉၈ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်အောင် စွမ်းဆောင်ထားနိုင်ပါတယ်။
ယခုအခါ ဘရာဇီးလက်ရွေးစင်အသင်းအားကစားဒါရိုက်တာရိုဒရီဂိုကာတာနိုက ၂၀၂၆ ကမ္ဘာ့ဖလားမတိုင်မီ နော်ဝေနှင့် ခြေစမ်းပွဲကစားရန် ဘောလုံးအဖွဲ့ချုပ်နှစ်ခုအကြား ဆွေးနွေးနေကြောင်း အတည်ပြုလာပါတယ်။
ကာတာနိုက "နောက်ဆုံးခြေစမ်းပွဲအတွက် ဆွေးနွေးနေတုန်းပါ။ ဦးစားပေးတစ်ခု ရှိတယ်။ ဒါပေမယ့် ညှိနှိုင်းနေတုန်းပါ။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ ပထမဦးစားပေးက နော်ဝေလက်ရွေးစင်အသင်းပါ။ သူတို့က အခုအချိန်မှာ တောင့်တင်းတဲ့အသင်းဖြစ်ပါတယ်"လို့ ပြောကြားသွားပါတယ်။
နော်ဝေအသင်းမှာ ဘရာဇီးအသင်း အနိုင်မရဖူးတဲ့ တစ်သင်းတည်းသော အသင်းလည်း ဖြစ်ပါတယ်။
ယင်းနှစ်သင်းအကြား ပထမဆုံးအကြိမ်အဖြစ် ၁၉၈၈ ခုနှစ်တွင် စတင်တွေ့ဆုံခဲ့ပြီး ၁၁ ဂိုးစီသရေကျခဲ့ပါတယ်။ ယင်းနောက် ၁၉၉၇ ခုနှစ်တွင် Ullevaal Stadium မှာ တွေ့ဆုံခဲ့ရာ နော်ဝေက ၄-၂ ဖြင့် အနိုင်ရခဲ့ပါတယ်။ ယင်းနောက် ၁၉၉၈ ကမ္ဘာ့ဖလားတွင် ဆုံတွေ့ခဲ့ရာမှာလည်း နော်ဝေကပင် ၂-၁ ဖြင့် အနိုင်ရခဲ့ပါတယ်။
၂၀၂၆ ကမ္ဘာ့ဖလားအုပ်စုအဆင့်တွင် ဘရာဇီးက အုပ်စု (C) တွင် မော်ရိုကို၊ ဟေတီ၊ စကော့တလန်နှင့် တွေ့ဆုံနေပြီး နော်ဝေကလည်း အုပ်စု(I) တွင် ပြင်သစ်၊ ဆီနီဂေါ၊ ဖီဖာပလေးအော့ဖ် ၂ တို့နှင့် တစ်အုပ်စုတည်း ကျနေပါတယ်။

image