ဆရာဝန်ရဲ့ အကြံပေးမှုအား ငြင်းပယ်ကာ ဆန်းတို့စ်အား တန်းမဆင်းရအောင် ကယ်တင်ခဲ့ပြီးနောက် ခွဲစိတ်ကုသမှု ခံယူရတော့မယ့် နေမာ
==================

နေမာဟာ ဒူးဒဏ်ရာဖြင့် ဆန်းတို့စ်အသင်း တန်းမဆင်းရရေးအတွက် အရဲစွန့်ကစားကာ ကယ်တင်ခဲ့ပေမယ့်လည်း ယခုအခါ ဒဏ်ရာကို ခွဲစိတ်ကုသမှု ပြုလုပ်ရတော့မှာ ဖြစ်လို့ ကမ္ဘာ့ဖလားနေရာ လက်လွှတ်လာရဖို့ ရှိနေပြီ ဖြစ်ပါတယ်။
အသက် ၃၃ နှစ်ရှိ နေမာဟာ ၇၉ ဂိုးဖြင့် ဘရာဇီးသမိုင်းတွင် ဂိုးအများဆုံးသွင်းယူသူအဖြစ် ပီလီရဲ့ စံချိန်ကို ရိုက်ချိုးကာ စံချိန်သစ်ရေးထိုးထားသူ ဖြစ်ပါတယ်။ ဒါပေမယ့် သူဟာ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအား လွဲချော်ရတော့မယ့် အခြေအနေနှင့် ကြုံနေပါတယ်။
နေမာဟာ ဒဏ်ရာပြဿနာရှိနေပေမယ့်လည်း တနင်္ဂနွေနေ့တုန်းက ခရူဇီယိုအား ၃-၀ ဂိုးဖြင့် အနိုင်ရတဲ့ပွဲတွင် ပွဲချိန်ပြည့် ကစားကာ တန်းမဆင်းရေး ကူညီပေးခဲ့ပါတယ်။
သူဟာ ဆရာဝန်များက ပွဲမကစားရန် အကြံပေးခဲ့ကြပေမယ့်လည်း ငြင်းပယ်ကာ ပါဝင်ကစားခဲ့တာလည်း ဖြစ်ပါတယ်။ ယခုအခါမှာတော့ သူဟာ ဒဏ်ရာကို ခွဲစိတ်ကုသမှုခံယူရတော့မှာလည်း ဖြစ်ပါတယ်။
ယင်းပွဲအပြီးတွင် နေမာဟာ ဒူးထောက်ချခဲ့ပြီး တစ်ကွင်းလုံးကလည်း သူ့အမည်ကို သံပြိုင်အော်ဟစ်ဂုဏ်ပြုခဲ့ကြပါတယ်။
ဆန်းတို့ဟာ ၂၀၂၃ ခုနှစ်တွင် ကလပ်သမိုင်းတွင် ပထမဆုံးအကြိမ် တန်းဆင်းခဲ့ရပြီးနောက် ချက်ချင်းတန်းပြန်တက်လာနိုင်ခဲ့တာပါ။
ဆန်းတို့စ်ဟာ နေမာ ပြန် ရောက်လာပေမယ့်လည်း တန်းမဆင်းရရေး ထပ်မံ တိုက်ပွဲဝင်ခဲ့ရပါတယ်။
ဒါပေမယ့် ဆန်းတိုစ်ဟာ နေမာရဲ့ ခြေစွမ်းပြမှုနှင့်အတူ နောက်ဆုံးလိဂ်ပွဲစဉ်များတွင် ရလဒ်ကောင်း ရရှိပြီး တန်းဆင်းရမယ့်အရေးမှ လွတ်မြောက်ခဲ့ပါတယ်။ နေမာဟာ ဆန်းတို့စ်ရဲ့ ရာသီသိမ်းပွဲ ၅ ပွဲဆက် ရှုံးပွဲမရှိမှတ်တမ်း ရရှိအောင် ၅ ဂိုးသွင်းပြီး ၁ ဂိုးသွင်းကာ ကူညီခဲ့ပါတယ်။
ဒါပေမယ့် နေမာဟာ ဆန်းတို့စ်အသင်း တန်းမဆင်းရရေး အတွက် ဒဏ်ရာရှိနေတဲ့ကြားမှ ပွဲကစားမှုနှင့်အတူ ဒဏ်ရာကို ခွဲစိတ်ကုသမှု ခံယူလာရတော့မှာလည်း ဖြစ်ပါတယ်။
တဖက်တွင် ဘရာဇီးနည်းပြအန်ဆယ်လော့တီက နေမာအနေဖြင့် ၂၀၂၆ ရာသီသစ်တွင် အကောင်းဆုံးကစားနိုင်ပါက ရွေးချယ်ခွင့် ရှိနေဆဲ ဖြစ်ကြောင်း ပြောကြားထားပါတယ်။

image