ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ချန်လှပ်ခံရတဲ့ အသည်းကွဲမှုကို ချစ်သူနှင့် လက်ထပ်ကာ ဖာထေးလာတဲ့ အင်္ဂလန်စတား
=======================
မန်စီးတီးနောက်ခံလူရီကိုလီဝစ်ဟာ ချစ်သူနှင့် လက်ထပ်ပွဲ ကျင်းပလာခဲ့ပြီ ဖြစ်ပါတယ်။
အသက် ၂၁ နှစ်ရှိ နောက်ခံလူဟာ သောမတ်စ်တူချယ်ရဲ့ အင်္ဂလန်ရဲ့ ကမ္ဘာ့ဖလားလူစာရင်းတွင် ချန်လှပ်ခြင်းခံခဲ့ရသူလည်း ဖြစ်ပါတယ်။
ဒါပေမဲ့ အင်္ဂလန်ရဲ့ ကမ္ဘာ့ဖလားလူစာရင်းတွင် ချန်လှပ်ခြင်းခံခဲ့ရမှုနှင့်အတူ လူငယ်နောက်တန်းအစွန်လူဟာ လူမှုဘဝကို ပိုမို အာရုံစိုက် လုပ်ဆောင်လာနိုင်ခဲ့ပါတယ်။
လီဝစ်ဟာ ဇူလိုင်လ ၇ ရက်နေ့တုန်းက ချစ်သူအမီလီယာနှင့် လက်ထပ်ခဲ့တဲ့ ဓာတ်ပုံများကို ဆိုရှယ်မီဒီယာတွင် တင်ကာ ပရိသတ်များကို အသိပေးလာပါတယ်။
၎င်းတို့နှစ်ဦး ဘယ်လောက်အထိ လက်တွဲလာကြသလဲဆိုတာ မသိရပေမဲ့ ၎င်းတို့ဟာ ပရိသတ်များရဲ့ ချစ်ခြင်းကို ရရှိခဲ့ကြပါတယ်။
သူဟာ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အင်္ဂလန်စတားများဖြစ်ကြတဲ့ နီကိုအိုရိုင်လီနှင့် မော်ဂန်ရိုဂျာတို့ရဲ့ ဂုဏ်ပြုစကားပြောဆိုခြင်းခံခဲ့ရသလို မန်စီးတီးစတားများရဲ့ ဂုဏ်ပြုစကားပြောဆိုခြင်းခံခဲ့ရပါတယ်။
လီဝစ်ဟာ အင်္ဂလန်အတွက် နောက်ဆုံးကစားခွင့်ရခဲ့တာ ၂၀၂၃ ခုနှစ်က ဖြစ်ပါတယ်။
သူဟာ ၂၀၂၃ နှင့် ၂၀၂၄ ခုနှစ်တုန်းက မန်စီးတီးအသင်း ပရီးမီးယားလိဂ်ဖလား ရရှိစဉ်တုန်းက အရေးပါတဲ့သူအဖြစ် ကစားခဲ့သူလည်း ဖြစ်ပါတယ်။
ဒါပေမဲ့ သူဟာ ပြီးခဲ့တဲ့ရာသီမှာတော့ ပရီးမီးယားလိဂ်ပွဲ ၁၁ ပွဲတည်းသာ ကစားခွင့်ရရှိခဲ့ပြီးနောက် အင်္ဂလန်အသင်းမှာ ချန်လှပ်ခံလာခဲ့ရပါတယ်။