စပိန်ရှုံးပွဲတွင် လူစားလဲမခံရမီ ပွဲကို ဆက်ကစားလိုခဲ့ကြောင်း ကော့တွိုက်စ် ဖွင့်ဟလာ
====================

သီဘောက်ကော့တွိုက်စ်က ကမ္ဘာ့ဖလားကွာတားဖိုင်နယ်တွင် စပိန်ကို ရှုံးနိမ့်ပြီးနောက် လူစားလဲလှယ်ခြင်းမခံရမီ ပွဲကို ဆက်ကစားရန် ကြံ့ခိုင်မှုရှိနေခဲ့ကြောင်း ပြောကြားလာပါတယ်။
ရီးရဲလ်မက်ဒရစ်ဂိုးသမားဟာ ကြွက်တက်ခြင်း (သို့မဟုတ်) ပေါင်ကြွက်သားဒဏ်ရာရရှိကာ ပွဲချိန် ၇၁ မိနစ်မှာ လူစားလဲလှယ်ခဲ့ရပါတယ်။
သူဟာ လူစားလဲလှယ်ပြီး ကွင်းထဲမှာ ထွက်ခွာလာချိန်တွင် မျက်ရည်ကျနေခဲ့ပါတယ်။
လူစားလဲလှယ်ပြီး ၂ မိနစ်အကြာတွင် လူစားဝင်ရောက်လာတဲ့ ဆန်နီလမ်မန်က ဘောလုံးအား ကာကွယ်ရာတွင် မီခေးလ်မီရီနိုကို ခင်းပေးသလို ဖြစ်သွားပြီး အနိုင်ဂိုးပေးလိုက်ရပါတယ်။
ယူနိုက်တက်ဂိုးသမားဟာ ဘယ်ဂျီယံအတွက် ၃ ပွဲမြောက်ကစားခဲ့တာပါ။
ပွဲအပြီးတွင် ကောတွိုက်စ်က ၎င်းမှာ ဘောလုံးကန်တင်ဘော မပြုလုပ်နိုင်ခြင်းမျှသာ ဖြစ်ပြီး ကစားဖော်များသာ ကူညီပါက ပွဲကို ဆက်ကစားနိုင်ကြောင်း ဖွင့်ဟပြောကြားလာပါတယ်။
ကော့တွိုက်စ်က "စိတ်မကောင်းဖြစ်မိတယ်။ ကျွန်တော် ကောင်းနေခဲ့တယ်။ စပိန်ကို တားဆီးနိုင်တယ်လို့ ခံစားနေခဲ့ရတယ်။ နည်းပြအဖွဲ့ကို ဘောလုံး ကန်တင်ချိန်မှာ နာကျင်မှု ခံစားရတယ်လို့ ပြောခဲ့တယ်။ ဂိုးပေါက်မှာ နေပြီး ကစားဖို့ ဘာပြဿနာမျှ မရှိဘူးလို့ ပြောခဲ့တယ်။ အဆုံးမှာ မန်နေဂျာက ကျွန်တော့်ကို လူစားလဲဖို့ ဆုံးဖြတ်ခဲ့တယ်။ ဘာပြဿနာမှ မရှိပါဘူး။ ဆန်နီလမ်မန်ကလည်း လှပတဲ့ အနာဂတ်ပိုင်ဆိုင်ထားတဲ့ အရမ်းကောင်းတဲ့ဂိုးသမားပါ။ ဒီအခိုက်အတန့်ကြောင့် သူ ပိုပြီး သန်မာလာပါလိမ့်မယ်"လို့ ပြောကြားသွားပါတယ်။
ဒါပေမဲ့ ကော့တွိုက်စ်ဟာ လူစားလဲလှယ်မှု၊ ဂိုးပေးလိုက်ရမှုတို့အတွက် လမ်မန်နှင့် နည်းပြရူဒီဂါစီယာတို့ကို အပြစ်တင်ရန် ငြင်းဆိုသွားပါတယ်။

image