20 ပတ် - ဘာသာပြန်ပါ။

Blue Force Tracking Market Set for Strong Growth Amid Modern Defense Advancements
Global Market Overview

The Blue Force Tracking market is experiencing robust growth, driven by the increasing need for real-time situational awareness in defense operations. Blue Force Tracking (BFT) systems provide military personnel with real-time location data of friendly forces, enhancing operational coordination, minimizing fratricide, and improving mission outcomes. These systems integrate GPS, satellite communication, and advanced software analytics to deliver critical battlefield intelligence.The global blue force tracking market was valued at USD 1.8 billion in 2025 and is projected to reach USD 3.4 billion by 2030, growing at a CAGR of 12.4% during the forecast period.

Read Full Research Study: https://marketintelo.com/repor....t/blue-force-trackin

Blue Force Tracking Market Research Report 2033
marketintelo.com

Blue Force Tracking Market Research Report 2033

As per our latest market intelligence, the Global Blue Force Tracking market size was valued at $1.21 billion in 2024, and is forecasted to hit $2.89 billion by 2033, growing at a CAGR of 10.1%.
20 ပတ် - ဘာသာပြန်ပါ။

Baked Chips Market Insights: Innovation, Segments, and Top Companies

The Baked Chips Market is gaining steady traction as consumers worldwide shift toward healthier snacking options without compromising on taste and convenience. With growing awareness around nutrition, lifestyle-related health issues, and clean-label products, baked chips have emerged as a preferred alternative to traditional fried snacks. As a result, the market is expected to witness consistent growth between 2025 and 2031, supported by product innovation, expanding distribution channels, and evolving consumer preferences.

For More: https://www.theinsightpartners.....com/reports/baked-c

20 ပတ် - ဘာသာပြန်ပါ။

Solar Street Lighting Market Insights: Technology Trends and Top Players

The global Solar Street Lighting Market is witnessing strong momentum as cities, municipalities, and commercial establishments increasingly adopt sustainable infrastructure solutions. Driven by rising energy demand, rapid urbanization, and strong policy support for renewable energy, solar street lighting has emerged as a reliable, cost-effective, and environmentally friendly alternative to conventional grid-based lighting systems. Between 2025 and 2031, the market is expected to grow at a robust pace, supported by technological innovation and expanding smart city initiatives worldwide.

For More: https://www.theinsightpartners.....com/reports/solar-s

20 ပတ် - ဘာသာပြန်ပါ။

ယူနိုက်တက်သို့ ပြောင်းရေး တံခါးဖွင့်လာနိုင်တဲ့ ပါလ်မာကို လက်ရှောင်နေရန် ချဲလ်ဆီးနည်းပြသတိပေးပြောကြားလာ
=======================
လီယမ်ရိုဆင်နီယာက မန်ချက်စတာယူနိုက်တက်သို့ ပြောင်းရွှေ့ရေး တံခါးဖွင့်ပေးလာနိုင်တဲ့ ကိုးလ်ပါလ်မာမှာ ချဲလ်ဆီးတွင် ထိလို့မရတဲ့ ကစားသမားဖြစ်ကြောင်း သတိပေးပြောကြားလာပါတယ်။
ပြီးခဲ့တဲ့အပတ်တုန်းက ကိုးလ်ပါလ်မာမှာ လန်ဒန်တွင် အထိုင်မကျမှုနှင့်အတူ မွေးရပ်ဇာတိ မန်ချက်စတာသို့ ပြန်လိုနေပြီး အိုးထရက်ဖို့ဒ်သို့ ပြောင်းရန် စဉ်းစားနေကြောင်း သတင်းထွက်ပေါ်ခဲ့ပါတယ်။
ကိုးလ်ပါလ်မာဟာ ငယ်စဉ်တုန်းက ယူနိုက်တက်ပရိသတ်တစ်ဦးဖြစ်ပေမယ့် မန်စီးတီးအကယ်ဒမီထွက် တစ်ဦး ဖြစ်ပါတယ်။
ဒါပေမယ့် ချဲလ်ဆီးနည်းပြက အသက် ၂၃ နှစ်ရှိ အင်္ဂလန်လက်ရွေးစင်ကစားသမားမှာ စတမ်းဖို့ဒ်ဘရစ်ချ်တွင် ပျော်ရွှင်နေကြောင်း ဆိုသွားပါတယ်။
ပါလ်မာဟာ ပေါင်ကြွက်သားဒဏ်ရာကြောင့် ချဲလ်ဆီးနှင့် နောက်ဆုံး၂ ပွဲကို လွဲချော်ခဲ့ပေမယ့်လည်း နေပယ်တွင် နာပိုလီနှင့် ရင်ဆိုင်ရမယ့် ပွဲမှာတော့ ပါဝင်ကစားလာပါမယ်။
ရိုဆင်နီယာက "သူ့ကို ထိမရတဲ့သူလား၊ သူ ပျော်နေသလားဆိုတော့ ဟုတ်ပါတယ်။ ဟုတ်ပါတယ်။ ရှင်ရှင်းလေးပါ။ ကိုးလ်ပါလ်မာက ဒီအုပ်စုမှာ အခြားကစားသမားအများကြီးတွေလိုပဲ တကယ့်ကို ကြီးကျယ်တဲ့ ကစားသမားပါ။ ကိုးလ် ဒီမှာ ရှိနေပါတယ်။ သူ အရမ်းပျော်တယ်။ ကွင်းထဲသို့ သူ ပြန်ဝင်လာတာ မြင်ရဖို့ မစောင့်နိုင်တော့ပါဘူး။ ကိုးလ် အရမ်းပျော်နေတယ်။ သူနဲ့လည်း စကားတွေ အများကြီး ပြောထားတယ်။ ကျွန်တော်တို့ရဲ့အတွေးတွေက အသင်းကို ဘယ်လိုကောင်းအောင် လုပ်မလဲ၊ သူ့ကို ဘယ်လို ကောင်းအောင် လုပ်မလဲ၊ သူ့ကို ဘယ်လို ကူညီမလဲဆိုတာပဲ တွေးပါတယ်။ သူကလည်း ဒီမှာ ရှိနေတာကို သဘောကျတယ်။ သူက ချဲလ်ဆီးကစားသမားတစ်ဦး ဖြစ်ချင်သူပါ"လို့ ပြောကြားသွားပါတယ်။
ကိုးလ်ပါလ်မာဟာ မန်စီးတီးမှ ပေါင် ၄၂.၅ သန်းဖြင့် ပြောင်းလာသူ ဖြစ်ပြီး ချဲလ်ဆီးနှင့် ၂၀၃၃ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသူ ဖြစ်ပါတယ်။
သူဟာ ချဲလ်ဆီးအတွက် ပွဲ ၁၁၀ ကစားထားရာမှာ ၄၈ ဂိုးသွင်းပြီး ၂၈ ကြိမ် ဖန်တီးထားပါတယ်။
သူဟာ အင်္ဂလန်အသင်းတွင် ပုံမှန် ရွေးချယ်ခံနေရပြီး ၁၂ ပွဲကစားခွင့်ရထားပါတယ်။
ချဲလ်ဆီးဟာ ချန်ပီယံလိဂ်အမှတ်ပေးဇယားအဆင့် ၈ နေရာမှာ ရပ်တည်နေပြီး နာပိုလီအား အနိုင်ရရှိလာပါက ၁၆ သင်း ရှုံးထွက်အဆင့်သို့ တိုက်ရိုက်တက်ရောက်နိုင်ပါမယ်။

image
20 ပတ် - ဘာသာပြန်ပါ။

ခံစစ်ပြဿနာကြောင့် အလယ်တန်းကစားသမားကို ဗဟိုခံစစ်မှာ ပြောင်းအသုံးပြုလာမယ့် လီဗာပူးနည်းပြအန်းဆလော့
=====================

လီဗာပူးနည်းပြအန်းဆလော့က ယနေ့ည ကွာရာဘတ်နှင့် ချန်ပီယံလိဂ်လိဂ်နောက်ဆုံးပွဲစဉ်တွင် ကစားသမားရွေးချယ်ရန် နည်းပါးနေမှုနှင့်အတူ အလယ်တန်းကစားသမားတစ်ဦးအား ဗဟိုခံစစ်သမားအဖြစ် အသုံးပြုလာနိုင်ကြောင်း ဝန်ခံသွားပါတယ်။
လီဗာပူးဟာ ယနေ့ည အန်ဖီးလ်ပွဲစဉ်တွင် အနိုင်ရရှိပါက ၁၆ သင်းရှုံးထွက်အဆင့်သို့ တိုက်ရိုက်တက်ရောက်လာနိုင်ပါမယ်။ ဒါပေမယ့် လီဗာပူးဟာ ဒဏ်ရာပြဿနာကြောင့် တောင့်တင်းတဲ့လူစာရင်းဖြင့် ပွဲထုတ်ရန် ခက်ခဲနေပါတယ်။
လက်ရှိအချိန်တွင် ဂျိုးဂိုမက်ဇ်မှာ အသေးစားဒဏ်ရာရရှိနေသလို အီဘရာဟမ်ကိုနာတေးမှာလည်း ဖခင်သေဆုံးမှုကြောင့် လီဗာပူးရဲ့ နောက်ဆုံးပွဲ ၂ ပွဲကို လွဲချော်ထားသလို ကွာရာဘတ်နှင့်ပွဲကိုလည်း လွဲလာပါဦးမယ်။
ယင်းသို့ ပြဿနာကြုံနေပေမယ့်လည်း လီဗာပူးနည်းပြအန်းဆလော့ဟာ ဇန်နဝါရီအပြောင်းအရွှေ့တွင် ကစားသမားခေါ်ယူရန် အစီအစဉ်မရှိဘဲ အလယ်တန်းကစားသမားတစ်ဦးကို ဗဟိုခံစစ်မှာ‌ ပြောင်းလဲ ကစားစေကာ ဖြေရှင်းလာဖို့ ရှိနေပါတယ်။
ဗဟိုခံစစ်တွင် ကစားဖူးတဲ့ အတွေ့အကြုံရှိတဲ့ ကွင်းလယ်ခံစစ်သမားဝါတာရူအန်ဒိုအား ခံစစ်တွင် အသုံးပြုလာနိုင်သလားလို့ မေးမြန်းလာချိန်တွင် အန်းဆလော့က "သူက ဒဏ်ရာကြောင့် တော်တော်နားခဲ့ရတယ်။ ဘုန်းမောက်နဲ့ပွဲမှာ တော်တော်ကစားခဲ့ရတယ်။ မနက်ဖြန်ပွဲပြီးလို့ သုံးရက်ကျရင် နောက်တစ်ပွဲကစားရဦးမယ်။ လူစာရင်း ဆုံးဖြတ်တဲ့အခါ ဒီအချက်ကြောင့်ပဲ ဆုံးဖြတ်တာ မဟုတ်ပါဘူး။ ဗျူဟာပိုင်းအရလည်း ပါဝင်ပါတယ်။ ဗဟိုခံစစ်သမားက ဗဟိုခံစစ်သမား အဖြစ်ပဲ ကစားမယ်လို့ အာမမခံနိုင်ပါဘူး။ ဗဟိုခံစစ်သမား ရွေးစရာရင် အလယ်တန်းသမားကို သုံးနိုင်ပါတယ်"လို့ ပြောကြားသွားပါတယ်။
ယခုရာသီတွင် လီဗာပူးရဲ့အကောင်းဆုံးကစားသမားအဖြစ် ခြေစွမ်းပြနေတဲ့ ဆိုဘိုဆလိုင်းမှာ ပြီးခဲ့တဲ့လများတွင် ညာနောက်ခံလူအဖြစ် ကစားလာသူ ဖြစ်ပြီး အန်းဆလော့က သူ့ကို ဗဟိုခံစစ်အပါအဝင် နေရာတိုင်းနီးပါးတွင် အသုံးပြုရန် စဉ်းစားထားကြောင်းလည်း ဆိုသွားပါတယ်။

image
20 ပတ် - ဘာသာပြန်ပါ။

ပီအက်စ်ဂျီနှင့် စာချုပ်သစ်ချုပ်ဆိုရေး အန်းနရစ် တံခါးဖွင့်ပေးလာမှုနှင့်အတူ ကြီးမားတဲ့ ထိုးနှက်ချက်ကြုံလာတဲ့ ယူနိုက်တက်
====================

ယူနိုက်တက်ရဲ့ လူးဝစ်အန်းနရစ်အား ခန့်အပ်ရေး မျှော်လင့်ချက်မှာ ကြီးမားတဲ့ ထိုးနှက်ချက်ကြုံလာရပြီ ဖြစ်ပါတယ်။ စပိန်လူမျိုးနည်းပြဟာ ၂၀၂၇ ခုနှစ်တွင် ကုန်ဆုံးမယ့်စာချုပ်အား သက်တမ်းတိုးချုပ်ဆိုရေး ပီအက်စ်ဂျီထံ တံခါးဖွင့်ပေးလာပါတယ်။
ယူနိုက်တက်ပစ်မှတ် အန်းနရစ်ဟာ ပဲရစ်တွင် အထိုင်ကျနေမှုနှင့်အတူ ပီအက်စ်ဂျီအသင်းအား ကာလရှည်ကြာ ကိုင်တွယ်ရန် ဆုံးဖြတ်လာတာလည်း ဖြစ်ပါတယ်။
Les Parisen ရဲ့ ဖော်ပြလာမှုအရ လူးဝစ်အန်းနရစ်ရဲ့ ကိုယ်စားလှယ်များနှင့် ပီအက်စ်ဂျီတာဝန်ရှိသူများအကြား စာချုပ်သက်တမ်းတိုးချုပ်ဆိုရေး ဆွေးနွေးမှုမှာ စတင် နေပြီဖြစ်ကြောင်း သိရပါတယ်။
ပီအက်စ်ဂျီဟာ လူးဝစ်အန်းနရစ်အား စာချုပ်သက်တမ်းတိုးချုပ်ဆိုကာ အနာဂတ်နှင့်ပတ်သက်ပြီး ထွက်ပေါ်နေတဲ့ ကာလာဟလများကို အဆုံးသတ်လိုနေပါတယ်။
ယူနိုက်တက်ဟာ ရူဘင်အမိုရမ်အား ထုတ်ပယ်လိုက်ပြီး ယာယီနည်းပြအဖြစ် မိုက်ကယ်ကာရစ်ကို ခန့်အပ်ထားပြီး နွေရာသီတွင် အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ရေးအတွက် အန်းနရစ်၊ ပိုချက်တီနိုအပါအဝင် ထိပ်တန်းနည်းပြများအား လျာထားထားပါတယ်။
လူးဝစ်အန်းနရစ်ဟာ ၂၀၂၅ ခုနှစ်တုန်းက ပီအက်စ်ဂျီအား ကလပ်သမိုင်းတွင် ပထမဆုံးချန်ပီယံလိဂ်ဖလား ရရှိအောင် ဦးဆောင်ပေးနိုင်ခဲ့မှုနှင့်အတူ လက်ရှိ ကမ္ဘာ့အကောင်းဆုံးနည်းပြအဖြစ် သတ်မှတ်ခြင်းခံထားရသူလည်း ဖြစ်ပါတယ်။
သူဟာ ပီအက်စ်ဂျီသို့ ရောက်လာပြီးနောက် ယခင်ကဲ့သို့ စူပါစတားကစားသမားများကိုသာ မမှီခိုတော့ဘဲ လူငယ်ပါရမီရှင်များအား မြေတောင်မြှောက်ပေးကာ ကလပ်ရဲ့ ရေရှည်စီမံကိန်းအား အောင်မြင်စွာ တည်ဆောက်ထားနိုင်သူလည်း ဖြစ်ပါတယ်။

image

ငလျင်ဒဏ်သင့်ဒေသများအတွက် အလှူငွေ ကျပ်သန်း၉ထောင်ကျော် ရရှိခဲ့
---------------------------------------------------------------------

‎မန္တလေးငလျင်ကြီးဒဏ်သင့် ဒေသတွေအတွက် နယ်ပယ်အသီးသီးက အလှူငွေ ကျပ်သန်း ၉ ထောင်ကျော် ကောက်ခံရရှိခဲ့တယ်လို့ မြန်မာနိုင်ငံတရုတ်ကုန်သည်များအသင်းချုပ် ဥက္ကဋ္ဌ ဦးအိုင်ထွန်းက ပြောပါတယ်။
ဇန်နဝါရီ ၂၈ ရက်က ရန်ကုန်မြို့ရှိ Yangon Convention Centerမှာ ကျင်းပတဲ့ မြန်မာနိုင်ငံ တရုတ်ကုန်သည်များအသင်းချုပ်တည်ထောင်ခြင်း (၁၁၇) နှစ်ပြည့် ဂုဏ်ပြုမိတ်ဆုံစားပွဲနဲ့ မန္တလေးငလျင်ကြီးဘေးမှာ လှူဒါန်းခဲ့တဲ့ အလှူရှင်တွေ၊ စေတနာ့ ဝန်ထမ်းတွေကို ဂုဏ်ပြုလွှာပေးအပ်တဲ့ အခမ်းအနားမှာ အခုလိုပြောကြားခဲ့တာပါ။
‎မန္တလေးငလျင်ကြီးဒဏ်သင့်ဒေသတွေအတွက် ကောက်ခံရရှိတဲ့ အလှူငွေတွေအားလုံးကို ဒေသခံ ပြည်သူတွေထံ အရောက်ပို့ဆောင်ခဲ့ပြီး ဆေးဝါးကုသမှုတွေနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကိုလည်း အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ ဦးအိုင်ထွန်းက ပြောပါတယ်။
‎မြန်မာနိုင်ငံတရုတ်ကုန်သည်များအသင်းချုပ်အနေနဲ့ မြန်မာ-တရုတ် ကုန်သွယ်မှု မြှင့်တင်ရေးကို တစ်ဆင့်တိုးမြှင့် ဆောင်ရွက်ရာမှာ နိုင်ငံ့စီးပွားရေးမဏ္ဍိုင်တည်ဆောက်ရေးနဲ့ လူမှုအကျိုးပြုပရဟိတလုပ်ငန်းတွေကိုလည်း တက်ကြွစွာ လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
‎နိုင်ငံစီးပွားရေး တည်ငြိမ်ဖွံဖြိုးရေး၊ မြန်မာ-တရုတ် ချစ်ကြည်ရေး အစဉ်အလာ ကောင်းမွန်စေရေး စတဲ့ အကျိုးစီးပွားတွေအတွက် ပိုမိုကြီးမားတဲ့ ပံ့ပိုးကူညီမှုတွေ ထပ်မံ လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့လည်း ဦးအိုင်ထွန်းက ပြောပါတယ်။
‎အခုကျင်းပတဲ့အခမ်းအနားမှာ မန္တလေးငလျင်ကြီးဒဏ်သင့်ဒေသတွေမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ပါဝင်လှူဒါန်းခဲ့တဲ့ အသင်းအဖွဲ့တွေ၊ လူပုဂ္ဂိုလ်တွေကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက ဂုဏ်ပြု လက်မှတ်တွေ ပေးအပ်ချီးမြှင့်ပါတယ်။

image
20 ပတ် - ဘာသာပြန်ပါ။

လွှတ်တော်ကိုယ်စားလှယ်များ နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင်များ၏ ချီးမြှင့်ငွေနှင့် စရိတ်များကို တိုးမြှင့်သတ်မှတ်

လွှတ်တော်ကိုယ်စားလှယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင်များ၏ ချီးမြှင့်ငွေနှင့် စရိတ်များကို တိုးမြှင့်သတ်မှတ်ခဲ့ကြောင်း သိရသည်။
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီသည် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင်များ၏ ချီးမြှင့်ငွေနှင့် စရိတ်များဆိုင်ရာဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကို ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၇ အရ ယနေ့(ဇန်နဝါရီ ၂၈ ရက်)တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ထိုသို့ ပြင်ဆင်လိုက်သည့်ဥပ​ဒေအရ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင်များ၏ ချီးမြှင့်ငွေနှင့် စရိတ်များဆိုင်ရာ ဥပဒေပုဒ်မ ၆ တွင် ပါရှိသော “တည်းခို နေထိုင်စရိတ်ကျပ် ၅၀၀၀” ဆိုသည့် စကားရပ်ကို “တည်းခိုနေထိုင်စရိတ် ကျပ် ၈၀၀၀” ဆိုသည့် စကားရပ်ဖြင့် လည်းကောင်း၊ “အခြားအသုံးစရိတ် ကျပ် ၅၀၀၀" ဆိုသည့် စကားရပ်ကို “အခြား အသုံးစရိတ်ကျပ် ရဝဝဝ" ဆိုသည့် စကားရပ်ဖြင့် လည်းကောင်း အစားထိုးရမည်ဟု ​ဖော်ပြထားသည်။

image
20 ပတ် - ဘာသာပြန်ပါ။

ကမ္ဘောဒီးယားနိုင်ငံမှ မြိတ်မြို့သို့ တပ်မတော်လေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့သည့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများတွင် ပါဝင်ပတ်သက်သူ မြန်မာနိုင်ငံသား ၅၄၃ ဦးကို မြိတ်မြို့မှ ရန်ကုန်မြို့သို့ စစ်ရေယာဉ် (မုတ္တမ)ဖြင့် ဆက်လက်ပို့ဆောင်

ကမ္ဘောဒီးယားနိုင်ငံမှ မြိတ်မြို့သို့ တပ်မတော်လေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့သည့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများတွင် ပါဝင်ပတ်သက်သူ မြန်မာနိုင်ငံသား ၅၄၃ ဦးကို မြိတ်မြို့မှ ရန်ကုန်မြို့သို့ စစ်ရေယာဉ် (မုတ္တမ)ဖြင့် ဆက်လက်ပို့ဆောင်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံအစိုးရအနေဖြင့် ကမ္ဘောဒီးယားနိုင်ငံအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုများတွင် အကြောင်းအမျိုးမျိုးကြောင့် ပါဝင်ပတ်သက်သည်ဟု သံသယရှိသဖြင့် ကမ္ဘောဒီးယားနိုင်ငံ၊ ရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာဌာနများက ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာမြန်မာနိုင်ငံသံရုံးသို့ လွှဲပြောင်းပေးအပ်ခဲ့သည့် မြန်မာနိုင်ငံသားများကို ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင် ၏ လမ်းညွှန်မှာကြားချက်အရ မြန်မာနိုင်ငံသို့ပြန်လည် လွှဲပြောင်း ခေါ်ယူသည့် လုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိရာ ယနေ့(ဇန်နဝါရီ ၂၈ ရက်)အထိ မြန်မာနိုင်ငံသား ၇၂၉ ဦးကို အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်း(MAI)နှင့်တပ်မတော်လေယာဉ်များဖြင့် ပြန်လည်ခေါ် ဆောင်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ထိုသို့ ကမ္ဘောဒီးယားနိုင်ငံမှ ပြန်လည်ခေါ်ဆောင်ပေးခဲ့သည့် မြန်မာနိုင်ငံသားများ အနက် တပ်မတော်လေယာဉ်ဖြင့် မြိတ်မြို့သို့ ပြန်လည်ခေါ်ဆောင်ရောက်ရှိခဲ့သည့် မြန်မာနိုင်ငံသား ၅၄၃ ဦးကို မြိတ်မြို့မှ ရန်ကုန်မြို့သို့ ပို့ဆောင်ပေးနိုင်ရေး မြိတ်မြို့၊ ဆိပ်ငယ်တံတားမှ စစ်ရေယာဉ်များဖြင့်တင်ဆောင်၍ ကျွန်းစုမြို့နယ်၊ မော်တုံးကြီးကျေးရွာအနီးရှိပင်လယ်ပြင်၌ စောင့်ဆိုင်းနေသည့် စစ်ရေယာဉ် (မုတ္တမ)ပေါ်သို့ ပို့ဆောင်ပေးရာ ကမ်းရိုး တန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကျော်ကျော်ဟန်နှင့် တာဝန်ရှိသူများ၊ မြိတ်ခရိုင်/မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများက လိုက်လံကြည့်ရှု၍ လိုအပ်သည်များဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ စစ်ရေယာဉ်(မုတ္တမ)သည် ဇန်နဝါရီ ၂၇ ရက် ညပိုင်းတွင် စတင်ထွက်ခွာခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံမှ ပြန်လည်ခေါ်ဆောင်ပေးခဲ့သည့် မြန်မာနိုင်ငံသားများကို စစ်ရေယာဉ်ပေါ်တွင် တစ်ကိုယ်ရည်သုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်း၊ စားသောက်နေထိုင်မှုများအဆင်ပြေစေရေး အတွက်ဆောင်ရွက်ပေးခြင်းတို့ကို တာဝန်ရှိသူများက ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စစ်ရေယာဉ်(မုတ္တမ)သည် ယနေ့(ဇန်နဝါရီ ၂၈ ရက်)နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့ရှိ အမှတ်(၃)ဆိပ်ခံတံတားသို့ရောက်ရှိကြပြီး သန်လျင်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဌနှင့် အဖွဲ့ဝင်များမှ ကြီးကြပ်၍ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန သန်လျင်ခရိုင်ရုံးမှ တာဝန်ရှိသူများက လူဦးရေတိုက်ဆိုင်စစ်ဆေးခြင်း၊ သန်လျင်ခရိုင် ကျန်မာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကျန်းမာရေးမကောင်းသူများအား ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်း၊ ခရိုင်အတွင်းရှိဌာနဆိုင်ရာများက စားသောက် ဖွယ်ရာများအား တစ်ဦးချင်းပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် ပြန်လည်ခေါ်ဆောင်လာသော မြန်မာနိုင်ငံသားများကို ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့မှ စီစဉ်ပေးသော မော်တော်ယာဉ်များဖြင့် ရန်ကုန်မြို့ရှိ စုရပ်နေရာသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ကမ္ဘောဒီးယားနိုင်ငံမှ ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများအား သက်ဆိုင်ရာ တာဝန်ရှိသူများက လိုအပ်သည့် ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများ စာရင်းကောက်ယူခြင်းလုပ်ငန်းများ၊ လိုအပ်သည့် စစ်ဆေးမှုများ ဆောင်ရွက်ကာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်းသိရသည်။
နိုင်ငံတော်အစိုးရအနေဖြင့် ကမ္ဘောဒီးယားနိုင်ငံအတွင်း အွန်လိုင်းလိမ်လည် လောင်း ကစားမှုများတွင် အကြောင်းအမျိုးမျိုးကြောင့် ပါဝင်ပတ်သက်သည်ဟုသံသယရှိသဖြင့် ကမ္ဘောဒီးယားနိုင်ငံ၊ ရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာဌာနများက ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးသို့ လွှဲပြောင်းပေးအပ်ခဲ့သည့် မြန်မာနိုင်ငံသားများအနက် ဇန်နဝါရီ ၂၃ ရက်တွင် အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်း(MAI)ဖြင့် မြန်မာနိုင်ငံသား ၁၃၆ ဦးကိုလည်းကောင်း၊ ဇန်နဝါရီ ၂၅ ရက်တွင် အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်း (MAI)ဖြင့် ၅၀ ဦး၊ တပ်မတော်လေယာဉ်များဖြင့် ၃၈၀ ဦးကိုလည်းကောင်း၊ ဇန်နဝါရီ ၂၆ ရက်တွင် တပ်မတော်လေယာဉ်များဖြင့် ၁၆၃ ဦးကိုလည်းကောင်း အသီးသီးခေါ်ဆောင် ပေးခဲ့ပြီး စုစုပေါင်းမြန်မာနိုင်ငံသား ၇၂၉ ဦးကို ပြန်လည်ခေါ်ဆောင်ပေးနိုင်ခဲ့ပြီးဖြစ် ကြောင်း သိရသည်။
မြန်မာနိုင်ငံအစိုးရအနေဖြင့် နိုင်ငံတကာနှင့် တစ်ကမ္ဘာလုံးကိုအန္တရာယ်ပေးနေသည့် Online လိမ်လည်မှုများ၊ Online လောင်းကစားမှုများတိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အလေးထားတိုက်ဖျက်ဆောင်ရွက်လျက်ရှိပြီး Online Scam Center လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသူများနှင့် နောက်ကွယ်မှ ကြိုးကိုင်သော နိုင်ငံခြားသားများကို ဖော်ထုတ်ဖမ်းဆီးပြီး ထိထိရောက်ရောက် ပြင်းပြင်းထန်ထန်အရေးယူနိုင်ရေး အိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အပြင် အကြောင်း အမျိုးမျိုးကြောင့် မြန်မာနိုင်ငံအတွင်းသို့ ရောက်ရှိနေသည့် နိုင်ငံခြားသားများကိုလည်း လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ တရားဥပဒေနှင့်အညီ စစ်ဆေးကာ ပါဝင်ပတ်သက်သူများကို သက်ဆိုင်ရာ နိုင်ငံများသို့ပြန်လည်လွဲပြောင်းပေးအပ်သည့်အပြင် အဓိကပြစ်မှုကျူးလွန်ခဲ့သူများကိုလည်း ဖမ်းဆီးထိန်းသိမ်းပြီး သက်ဆိုင်ရာ အစိုးရအဖွဲ့ထံ တရားဝင်လွဲပြောင်းပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

image
20 ပတ် - ဘာသာပြန်ပါ။

ရွေးကောက်တင်မြှောက်ခံရပါက ထိုင်းနိုင်ငံရှိ မြန်မာ NGO များကို နှိမ်နင်းမည်ဟု Thai Pakdee ပါတီ ပြောကြား

ထိုင်းနိုင်ငံတွင် ဖေဖော်ဝါရီလအတွင်းပြုလုပ်မည့် အထွေထွေ​ရွေးကောက်ပွဲတွင် ရွေးကောက်တင်မြှောက်ခံရမည်ဆိုပါက ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းလုပ်သားများ၏ အခွင့်အရေးများအတွက် ဆောင်ရွက်ပေးနေသည့် မြန်မာ NGO များကို နှိမ်နင်းမည်ဟု ထိုင်းနိုင်ငံ၏ ကွန်ဆာဗေးတစ်ပါတီဖြစ်သည့် Thai Pakdee ပါတီက ပြောကြားခဲ့သည်။
Thai Pakdee ပါတီသည် ဇန်နဝါရီ ၂၇ ရက်တွင် ၎င်း၏ Facebool page ၌ မဲဆွယ်စည်းရုံးရေးဗီဒီယိုဖိုင်တစ်ခုတင်ခဲ့ပြီး အဆိုပါဗီဒီယိုဖိုင်ထဲတွင် ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ထိုင်းနိုင်ငံ၏ နယ်မြေအချို့ကို မြန်မာနိုင်ငံသားများ သိမ်းယူမည့်အရေးကို စိုးရိမ်ရသဖြင့် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ၏ အလုပ်သမားအခွင့်အရေးများအတွက် လှုပ်ရှားပေးနေပြီး အလုပ်သမားသမဂ္ဂများ ဖွဲ့စည်းရေးကို အကူအညီပေးနေသည့် မြန်မာ NGO များကို နှိမ်နင်းမည်ဖြစ်ကြောင်း Thai Pakdee ပါတီက ပြောကြားခဲ့သည်။
အမည်မဖော်ပြထားသည့် ထိုင်းနိုင်ငံရေးပါတီ ၂ ခုကလည်း အဆိုပါ NGO အဖွဲ့များကို ထောက်ပံ့ပေးခဲ့ကြောင်းလည်း Thai Pakdee ပါတီက ပြောကြားခဲ့သည်။
ထို့ပြင် Thai Pakdee ပါတီသည် ထိုင်းနိုင်ငံတွင် ဖြစ်ပွားနေသည့် လက်ရှိအခြေအနေကို ဥရောပနိုင်ငံများသို့ မွတ်ဆလင်ရွှေ့ပြောင်းနေထိုင်သူများ အများအပြားဝင်ရောက်သည့် အ​ခြေအနေနှင့် နှိုင်းယှဉ်ပြောကြားခဲ့သည်ဟု Khaosod English သတင်းဝက်ဘ်ဆိုက်၏ Facebook page တွင် ဖော်ပြခဲ့သည်။

image