ထိုင်းနိုင်ငံဘုရင်မင်းမြတ်၏ မယ်တော်မိဖုရားကြီး ကံတော်ကုန်သွားခဲ့ခြင်းအတွက် ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်း ဝမ်းနည်းကြောင်းမှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအစိုးရကိုယ်စား နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်းက ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံရုံး၌ ဖွင့်လှစ်ထားသည့် ဝမ်းနည်းကြောင်းမှတ်တမ်းစာအုပ်၌ လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။

ပြည်ထောင်စုဝန်ကြီးသည် ထိုင်းနိုင်ငံသံရုံးမှ သံအမတ်ကြီးနှင့် တာဝန်ရှိသူများအား သံရုံးဧည့်ခန်းမတွင် တွေ့ဆုံနှုတ်ဆက်၍ ထိုင်းနိုင်ငံ ဘုရင်မင်းမြတ်၏ မယ်တော်မိဖုရားကြီး Her Majesty Queen Sirikit ကံတော်ကုန်သွားခဲ့ခြင်းအပေါ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ အစိုးရကိုယ်စား ဝမ်းနည်းကြောင်းနှင့် စာနာထောက်ထားပါကြောင်း သတင်းစကားပြောကြားပြီး ဝမ်းနည်းကြောင်း မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးခဲ့ခြင်းလည်း ဖြစ်သည်။

ထိုင်းနိုင်ငံဘုရင်မင်းမြတ်၏ မယ်တော်မိဖုရားကြီး Her Majesty Queen Sirikit သည် ကံတော်ကုန်ချိန်တွင် အသက် ၉၃ နှစ် ရှိပြီဖြစ်ကြောင်း သိရှိရသည်။

image

ဆီးဂိမ်းပြိုင်ပွဲတွင် ဆုတံဆိပ်ဆွတ်ခူးရရှိသော စက်ဘီးအားကစားသမားကို သိန်း ၂၀၀ တန်ဖိုးရှိ Professional Racing Bicycle နှင့် ဆုကြေး ချီးမြှင့်မည်

ထိုင်းနိုင်ငံတွင် ကျင်းပမည့် ၃၃ ကြိမ်မြောက် SEA GAMES 2025 ပြိုင်ပွဲတွင် ရွှေ၊ ငွေ သို့မဟုတ် ကြေး ဆုတံဆိပ် တစ်ခုခုရရှိသည့် စက်ဘီးအားကစားသမားအတွက် မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ် (MCF) ဥက္ကဋ္ဌ ဦးခင်မောင်ဝင်း မှ ချီးမြှင့်မည် ဖြစ်သည်။
လက်ရှိတွင် ပြိုင်ပွဲအတွက် အမျိုးသမီးလက်ရွေးစင်အသင်း (Criterium & Road Race)အနေဖြင့် မလှလှနွယ်၊ မ သွယ်ဇင်ဟန်တို့ ပါဝင်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

အမျိုးသားလက်ရွေးစင်အသင်း( Individual Time Trial - ITT, Road Race & Criterium)
အတွက် ကိုရှိုင်းထက်အောင်၊ ကိုရှင်းထက်အောင်၊ ကိုရဲမြတ်ကျော်၊ ကိုဝေလျှံအောင်၊ ကိုမင်းလက်ယာတို့ ပါဝင်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

ထို ရွေးချယ်ခံအားကစားသမားများသည် မကြာမီရက်ပိုင်းအတွင်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ ပြိုင်ပွဲကြိုတင်ပြင်ဆင်ရေးစခန်း (Race Preparation Camp) သို့ ထွက်ခွာသွားမည်လည်း ဖြစ်သည်။

အရှေ့တောင်အာရှ ဆီးဂိမ်းပြိုင်ပွဲကို ဒီဇင်ဘာလ (၉) ရက်မှ (၂၀) ရက်နေ့အထိ ထိုင်းနိုင်ငံ (ဘန်ကောက်/ချောင်ဘူရီ/ဆောင်ခလာ) မြို့များတွင် ကျင်းပသွားမည်လည်း ဖြစ်သည်။

မိုးစပါးအသစ်စျေး ရှစ်သိန်းခွဲ ကျပ်ထိပြန်ကျလို့ တောင်သူတွေ အကြွေးမကျေတဲ့အထိ အရှုံးပေါ်

မိုးစပါးအသစ်စျေးနူန်းတွေ ပြန်လည်ကျဆင်းလာနေတာကြောင့် တောင်သူတွေ အရှုံးပေါ်ပြီး စိုက်ပျိုးစရိတ်ကြွေး​တောင် အ​ကြေမဆပ်နိုင်တဲ့ အခြေအနေတွေအထိ ရင်ဆိုင်နေကြရတယ်လို့တောင်သူတွေဆီက သိရပါတယ်။

လက်ရှိမှာ မိုးစပါးအသစ်တွေကို ရန်ကုန်တိုင်း ၊ ပဲခူးတိုင်းအနောက်ပိုင်း ၊ ဧရာဝတီတိုင်းဒေသကြီးတို့မှာ ရိတ်သိမ်းနေကြပြီး ဒေသအလိုက် စပါးတင်း ၁၀၀ ကို ကျပ်ငါးသောင်း မှ သုံးသိန်း ကျပ်လောက်အထိ စျေးနူန်း ထိုးကျဆင်းသွားတာဖြစ်တယ်လို့ သိရပါတယ်။

ပဲခူးအနောက်ခြမ်း ပြည်ခရိုင်မှာဆိုရင် မိုးစပါးအသစ်စျေးနူန်းဟာ ပြီးခဲ့တဲ့ ရက်ပိုင်းလောက်တုန်းက စပါး ပေါင် ၅၀ ရှိ တင်း ၁၀၀ ကို ဆယ့်တစ်သိန်းငါးသောင်းကျပ်အထိစျေးပေါက်ခဲ့ပေမယ့် အောက်တိုဘာ ၂၇ ရက်မှာတော့ စပါးတင်း ၁၀၀ ကိုမှ ရှစ်သိန်းငါးသောင်းကျပ်နူန်းသာစျေးတန်းရှိတော့တယ်လို့ သိရပါတယ်။

" ပထမရက်တုန်းက ၁၁ သိန်းခွဲပေါက်တယ်။နောက်တော့ ၁၁ သိန်းစျေးဖြစ်တယ်။ တနေ့ကထပ်ကျတယ်ဆိုပြီး ဆယ်သိန်းငါး​သောင်း ဖြစ်သွားတယ်။ အခုဒီနေ့မေးတော့ ၈သိန်း ခွဲပဲရှိတော့တယ်တဲ့။ ဒါတောင် ရိတ်ပြီးစပါးတိုင်းမဝယ်ဘူး။စပါးအစိမ်းစေ့မပါမှ၊ မိုးမမိမှ ၊စပါးအဖျင်းမများမှ ဝယ်မှာလို့ပြောတယ်။ စပါးစျေးဒီလောက်ကျနေတော့ တောင်သူတွေ ဒုက္ခရောက်ကုန်ပြီပေါ့။စပါးစျေးကမနှစ်ကနဲ့ဆိုရင် ထက်ဝက်လောက်ကျသွားတာ။အကြွေးနဲ့ယူပြီးစိုက်ရသူတွေ၊ လယ်အငှားလုပ်ရသူတွေ အကြွေးတောင်မကြေဘူး။အကုန်ဒုက္ခရောက်နေပြီ။" လို့ ပြည်မြို့နယ်မှာ စပါးစိုက်တောင်သူတယောက်ကပြောပါတယ်။

စပါးစျေးက မနှစ်က မိုးစပါးအသစ်ရိတ်သိမ်းချိန်မှာ အနိမ့်ဆုံး ဆယ့်ခြောက်သိန်းငါးသောင်း ကျပ်စျေးပေါက်ခဲ့ပြီး ယခုနှစ်မှာ ရှစ်သိန်းငါးသောင်း ကျပ်သာစျေးရှိတာကြောင့် ​ပြီးခဲ့တဲ့နှစ်နဲ့ယှဥ်ပါက စပါး ၁၀၀ ကို ရှစ်သိန်းကျပ်နူန်း ထက်ဝက်နီးပါး စျေးလျော့ကျသွားတာဖြစ်တယ်လို့သိရပါတယ်။

စပါးစျေးနူန်း ထက်ဝက်နီးပါး ကျဆင်းသွားပေမယ့် စပါးစိုက်ပျိုးမှုကုန်ကျစရိတ်နူန်းထားက အရင်နှစ်ထက် ကုန်ကျစရိတ်ပိုပြီး များကြောင်း ၊ လယ်သမားအများစုက စပါးစိုက်ပျိုးဖို့အတွက် အကြွေးစနစ်နဲ့ မြေဩဇာ ၊ စိုက်ပျိုးရေးဆေး ၊ မျိုးစပါး ဝယ်ယူသုံးစွဲရတဲ့အပြင် အချို့ကမူ လယ်ယာမြေကို ငှားရမ်းလုပ်ကိုင်ကြရတဲ့အတွက် စပါးစျေးနူန်း ရှစ်သိန်းငါးသောင်း ကျပ်ဆိုတာက တောင်သူတွေအတွက် စိုက်ပျိုးစရိတ်​တောင်မရတဲ့ အရှုံးပေါ်စေတဲ့ စျေးတန်းဖြစ်တယ်လို့သိရပါတယ်။

စပါးစျေးနူန်းက သက်ဆိုင်ရာ ဒေသအလိုက် ကုန်သည် နဲ့ ဒေသပွဲစား ဆိုသူတွေရဲ့ ဝယ်ယူမှု ၊စျေးနူန်းသတ်မှတ်မှုအပေါ်မှာသာ မူတည်ပြီး စျေးကွက်တခုဖြစ်နေကြောင်း ၊ မြို့နယ်တခုနဲ့တခုမှာ ဖြစ်ပေါ်တဲ့ စျေးနူန်းကလည်း ကွာခြားမှုရှိနေတယ်လို့သိရပါတယ်။

လက်ရှိမှာ စပါးစျေးကျနေတဲ့အပြင် ဝယ်ယူသူလည်း ရှားကြောင်း ၊ တောင်သူတွေမှာ စပါးကို အကျစျေးနူန်းနဲ့ရောင်းချဖို့ကို ဝယ်လက်မရှိတဲ့အတွက် စပါးရိတ်သိမ်းဖို့ အခက်ကြုံနေကြရတယ်လို့သိရပါတယ်။

" စပါးရောင်းချပေမယ့် အဝယ်မရှိဘူး။စျေးတက်လာတယ်ဘာညာလျှောက်ပြောနေပေမယ့် မြေပြင်ကျဝယ်သူတောင်မရှိဘူး။ပွဲစားပါးစပ်ကထွက်တာက စျေးဖြစ်နေတယ်။စျေးကျဝယ်လည်း ဘယ်သူ့တိုင်ရမလဲမသိဘူး။အခုစပါးစျေးဒီလောက်ကျနေတာ ဘယ်သူမှလည်းအဖက်မလုပ်ကြဘူး။မနှစ်က နွေစပါး ၊ အခုမိုးစပါး ဆက်တိုက်ရှုံးတော့တောင်သူတွေ ဘာလုပ်ရတော့မလဲ ။ " လို့ ဧရာဝတီတိုင်း စပါးစိုက်တောင်သူတယောက်ကပြောပါတယ်။

ဒီနှစ်မိုးစပါးမှာ ရာသီဥတု မမှန်တဲ့အတွက် စပါးအထွက်နူန်းကလည်း သိသိသာသာလျော့ကျခဲ့တာကြောင့် တောင်သူတွေမှာ အရှုံးပိုပြီး ကြီးမားခဲ့ပါတယ်။မိုးစပါး စိုက်ခင်း တဧကကို စပါးစိုက်ပျိုးချိန်ကနေ ရိတ်သိမ်းချိန်အထိဆိုရင် ခြောက်သိန်းကျပ်လောက်ကုန်ကျမှုရှိတယ်လို့ သိရပါတယ်။

စပါးစျေးကွက် ကျဆင်းမှုနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံဆန်စပါးအဖွဲ့ချုပ် MRF ကတော့ စပါးစျေးမြင့်တက်ဖို့အတွက် ဆန်ပြည်ပတင်ပို့မှုကို တိုးမြီင့်တင်ပိုနိုင်ရေး ဆောင်ရွက်နေသလို သက်ဆိုင်ရာ ဒေသအလိုက် ဆန်စက်တွေနဲ့လည်း ချိတ်ဆက်ပြီး စပါးဝယ်ယူပေးဖို့ လုပ်ဆောင်ထားတယ်လို့သိရပါတယ်။

" စပါးအမျိုးအစား/အရည်အသွေး/အစိုဓါတ်ကို မူတည်ပြီး ဆန်စက်များကို ဝယ်ပေးဖို့ ပြောထားပါတယ်။ တောင်သူများကိုလည်း ဆန်စက်ပိုင်များကို တိုက်ရိုက်ရောင်းဖို့ ၊ စုပေါင်း ရောင်းဖို့ အကြံပြုထားပါတယ်။မြို့နယ် သိရရင် စပါးဝယ်ပေးဖို့ ပြောပေးနိုင်ပါတယ်။" လို့ MRF မှ တာဝန်ရှိသူကပြောပါတယ်။

ဒါပေမယ့်လည်း မြေပြင်မှာတော့ ဆန်စက်တွေဘက်က စပါးဝယ်ယူမယ့်အကြောင်းနဲ့ စျေးနူန်းကို အသိပေးထုတ်ပြန်တာမျိုးမရှိတာကြောင့် တောင်သူတွေအနေနဲ့ ဆန်စက်တွေကို ရောင်းချနိုင်ခြင်းမရှိဘဲ ရွာတွေမှာ လှည့်ပတ်ဝယ်ယူတဲ့ ပွဲစား၊ကုန်သည် တွေကိုပဲ ရရာစျေးနဲ့ရောင်းချနေ​ကြရတယ်လို့သိရပါတယ်။

စပါးစျေးကွက်ဆက်တိုက်ကျ ဆင်းလာတဲ့အခြေအနေတွေကြောင့် တောင်သူတွေကတော့ လာမယ့် နွေရာသီမှာ နွေစပါးစိုက်ပျိုးမှုကို မလုပ်တော့ဖို့ ဆုံးဖြတ်ထားကြတာကိုတွေ့ရပါတယ်။

နှစ်စဥ် မိုးစပါးရိတ်သိမ်းချိန်ရာသီရောက်တိုင်း တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးအဖွဲ့က မိုးစပါးရည်ညွှန်းစျေးနူန်းကို သတ်မှတ်လေ့ရှိရာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနီစ်တုန်းက ရည်ညွှန်စျေးအဖြစ် စပါး တင်း ၁၀၀ ကို အနိမ့်ဆုံး ကိုးသိန်းငါးသောင်းကျပ်နူန်း ဝယ်ယူဖို့ သတ်မှတ်ထုတ်ပြန်ခဲ့ပါတယ်။

ဒီနှစ်မိုးစပါးရိတ်သိမ်းချိန်မှာတော့ အခုနိုဝင်ဘာလကုန်အထိ မိုးစပါးရည်ညွှန်းစျေးနူန်းကို သတ်မှတ်ထုတ်ပြန်လာခြင်းမရှိသေးပါဘူး။

တောင်သူတွေကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ စျေးနူန်း​က အရှုံးပေါ်နေတာကြောင့် ခေတ်နဲ့အညီ တောင်သူတွေအတွက် ဖြစ်သင့်ဖြစ်ထိုက်တဲ့ နူန်းထားတခုကို သတ်မှတ်ပေးဖို့ ဆန္ဒရှိနေကြပါတယ်။

image

ယခုနှစ်အတွင်း ကမ္ဘာ့အပြင်းထန်ဆုံးမုန်တိုင်း ဂျမေကာကို ဝင်ရောက်တိုက်ခတ်တော့မယ်

ယခုနှစ်အတွင်း ကမ္ဘာ့အပြင်းထန်ဆုံးမုန်တိုင်းကြီးတခု ဂျမေကာနိုင်ငံကို ဦးတည်တိုက်ခတ်နေတာကြောင့် အာဏာပိုင်တွေက သတိပေးချက်တွေ ထုတ်ပြန်ထားသလို ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်နေပါတယ်။

လေတိုက်နှုန်း တနာရီ ၁၇၅ မိုင်အထိရှိတဲ့ ဟာရီကိန်းမယ်လီဆာဟာ အဆင့်-၅ အဖြစ် သတ်မှတ်ထားပြီး ပိုမိုအားကောင်းလာကာ အင်္ဂါနေ့အစောပိုင်းမှာ ကာရစ်ဘီယံကျွန်းနိုင်ငံဖြစ်တဲ့ ဂျမေကာကို ဝင်ရောက်ဖွယ်ရှိပါတယ်။

လက်ရှိမှာတော့ ဂျမေကာမှာ လူသုံးယောက်သေဆုံးခဲ့ပြီး ဟေတီနဲ့ ဒိုမီနီကန်တို့မှာလည်း လူလေးယောက် သေဆုံးခဲ့ပါတယ်။ မယ်လီဆာရဲ့ အရှိန်ကြောင့် အချို့ဒေသတွေမှာ မိုးသည်းထန်စွာရွာသွန်းနိုင်ပြီး အသက်အန္တရာယ်ရှိတဲ့ ရေကြီးမှုနဲ့ မြေပြိုမှုတွေ ဖြစ်နိုင်ခြေကို တိုးမြင့်စေနိုင်ကြောင်း ကျွမ်းကျင်သူတွေက သတိပေးပါတယ်။

အမေရိကန်အခြေစိုက် အမျိုးသားဟာရီကိန်းစင်တာ (NHC) မှ နောက်ဆုံးရရှိတဲ့ အချက်အလက်တွေအရ အမြင့်ဆုံးလေတိုက်နှုန်းနဲ့ ဗဟိုဖိအားနိမ့်ကျမှုအရ မယ်လီဆာဟာ ယခုနှစ်အတွင်း ကမ္ဘာ့အပြင်းထန်ဆုံးမုန်တိုင်းဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိအင်အားအရ ၁၈၅၁ ခုနှစ်မှာ မှတ်တမ်းတွေ စတင်ချိန်ကစပြီး ဂျမေကာကို ဝင်ရောက်တိုက်ခတ်တဲ့ အပြင်းထန်ဆုံးဟာရီကိန်းလို့ ဆိုကြပါတယ်။ ဟာရီကိန်းမဝင်ရောက်မီ တနင်္လာနေ့ညနေပိုင်းမှာ မုန်တိုင်းနဲ့ ဆက်စပ်သောသေဆုံးမှု သုံးယောက်ရှိတယ်လို့ ဂျမေကာ ကျန်းမာရေးဝန်ကြီးက ပြောပါတယ်။

တနင်္လာနေ့ ညနေ ၆ နာရီက နောက်ဆုံးထုတ်ပြန်တဲ့ သတိပေးချက်မှာတော တနင်္လာနေ့ညနဲ့ အင်္ဂါနေ့အစောပိုင်းမှာ အသက်အန္တရာယ်ရှိတဲ့ လေပြင်းတိုက်ခတ်မှု၊ ရေကြီးမှုနဲ့ မုန်တိုင်းဒီရေတွေ ဖြစ်ပေါ်လာနိုင်ကြောင်း သတိပေးထားပါတယ်။

မယ်လီဆာသည် လက်ရှိမှာ မြို့တော်ကင်းစတန်ရဲ့ အနောက်တောင်ဘက် ၁၄၅ မိုင်အကွာတွင် ရှိနေပြီး အနောက်-အနောက်မြောက် ကို တနာရီလျှင် သုံးမိုင်နှုန်းနဲ့ ရွေ့လျားနေပါတယ်။ အင်္ဂါနေ့အထိ အသက်အန္တရာယ်ရှိတဲ့ ရုတ်တရက်ရေကြီးမှုနဲ့ မြေပြိုမှုတွေ ဖြစ်ပေါ်လာနိုင်တာကြောင့် နေအိမ်ပြင်ပမထွက်ကြဖို့ သတိပေးထုတ်ပြန်ထားပါတယ်။

image

ကမ္ဘာအသက်အကြီးဆုံး သမ္မတဖြစ်သူ ရွေးကောက်ပွဲမှာ ရှစ်ကြိမ်မြောက် အနိုင်ရပြန်

ကင်မရွန်းနိုင်ငံမှာ အသက် ၉၂ နှစ်အရွယ် သမ္မတ ပေါလ်ဘိုင်ယာဟာ အငြင်းပွားဖွယ်ရာ သမ္မတရွေးကောက်ပွဲမှာ ရှစ်ကြိမ်မြောက်သက်တမ်းအတွက် အနိုင်ရရှိခဲ့တယ်လို့ ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ပါတယ်။

ကမ္ဘာ့အသက်အကြီးဆုံး နိုင်ငံ့ခေါင်းဆောင်ဖြစ်သူ ပေါလ်ဘိုင်ယာဟာ ထောက်ခံမဲ မဲအရေအတွက်၏ ၅၃ ဒဿမ ၇ ရာခိုင်နှုန်းရရှိခဲ့ပြီး အတိုက်အခံခေါင်းဆောင် အစ်ဆာတီချီရိုမာဘာကာရီက ၃၅ ဒဿမ ၂ ရာခိုင်နှုန်းနဲ့ အနိုင်ရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ကြေငြာချက်မထုတ်ပြန်မီမှာ သမ္မတဘိုင်ယာရဲ့ မဟာမိတ်ဟောင်းဖြစ်တဲ့ ဘာကာရီက ရွေးကောက်ပွဲမှာ သူအနိုင်ရကြောင်း အခိုင်အမာပြောကြားခဲ့ပေမယ့် လက်ရှိအာဏာရ ကင်မရွန်းပြည်သူ့ဒီမိုကရက်တစ် လှုပ်ရှားမှုပါတီက ပယ်ချခဲ့ပါတယ်။

အောက်တိုဘာ ၁၂ ရက်နေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲဟာ လူအသေအပျောက်ရှိတဲ့ အကြမ်းဖက်မှုတွေပါ ဖြစ်ပွားခဲ့ပြီး မကြာသေးမီရက်တွေအတွင်း ဘာကာရီကို ထောက်ခံသူ ရာပေါင်းများစွာသည် မြို့အတော်များများမှာ ဆန္ဒပြပွဲတွေပြုလုပ်ခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပါတယ်။

သမ္မတ ပေါလ်ဘိုင်ယာကတော့ သူ့ကို နောက်တကြိမ်ထပ်မံယုံကြည့်ပေးလို့ မဲဆန္ဒရှင်တွေကို ကျေးဇူးတင်တယ်လို့ ဆိုပါတယ်။ မိမိတို့ အတူတကွ ငြိမ်းချမ်း၊ စည်းလုံးညီညွတ်ပြီး ကြွယ်ဝချမ်းသာတဲ့ ကင်မရွန်းနိုင်ငံကို တည်ဆောက်ဖို့ အသေအချာ လုပ်ဆောင်ကြလိမ့်မယ်လို့ မျှော်လင့်ကြောင်း သမ္မတက ကြေညာချက်မှာပြောပါတယ်။

တနင်္ဂနွေနေ့မှာတော့ ကင်မရွန်းနိုင်ငံရဲ့ စီးပွားရေးမြို့တော် ဒူအာလာမှာ ဆန္ဒပြပွဲတွေအတွင်း အနည်းဆုံး လူလေးယောက် သေဆုံးခဲ့ပါတယ်။ ဆန္ဒပြသူတွေဟာ ရဲစခန်းတွေကို တိုက်ခိုက်ခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့တွေဟာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ခဲ့ကြောင်း ပြောဆိုထားပါတယ်။

image

အာရှအမျိုးသမီး ချန်ပီယံလိဂ် အုပ်စုကြပ်အတွင်းကျရောက်နေသည့် မြန်မာကိုယ်စားပြု ISPE အမျိုးသမီးအသင်း

အာရှအမျိုးသမီးချန်ပီယံလိဂ်ပြိုင်ပွဲ (2025–2026 AFC Women's Champions) ၌ မြန်မာကိုယ်စားပြု ISPE အမျိုးသမီးအသင်းသည် အုပ်စုကြပ်အတွင်း ကျရောက်နေသည်ကို တွေ့မြင်ရသည်။

ISPE အမျိုးသမီးအသင်းသည် အာရှအမျိုးသမီး ချန်ပီယံလိဂ် ခြေစစ်ပွဲအဆင့်တွင် (၃) ပွဲကစား (၃) ပွဲအနိုင်ယူကာ အုပ်စုတို-က်ရို-က်အဆင့်ကို တက်ရောက်လာခဲ့ခြင်းလည်း ဖြစ်သည်။

ထို့ကြောင့် နိုဝင်ဘာ (၉)ရက်မှ (၁၅)ရက်အထိ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခဲ့ကျင်းပမည့် အာရှအမျိုးသမီး ချန်ပီယံလိဂ် (2025–26 AFC Women's Champions League) ပြိုင်ပွဲတွင် ISPE အမျိုးသမီးအသင်းမှာ အုပ်စု (ဂ) တွင် ကျရောက်နေသည်။

အာရှအင်အားကြီး အသင်းကြီးများဖြစ်ကြသည့် တောင်ကိုရီးယားကလပ် ဆူဝမ် (Suwon) ၊ ဂျပန်ကလပ် တိုကျိုဗာဒီ ဘယ်လီဇာ (Tokyo Verdy Beleza) နှင့် မြောက်ကိုရီးယားကလပ် နယ်ဂိုယမ် (Naegoh yang)အသင်းတို့ဖြင့် ယှဉ်ပြိုင်ကစားသွားကြရမည်ဖြစ်သည်။

လာမည့် နိုဝင်ဘာ (၉)ရက် မြန်နာစံတော်ချိန် ည(၇)နာရီတွင်ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးကွင်း၌ တောင်ကိုရီးယားကလပ် ဆူဝမ် (Suwon)အသင်း၊ နိုဝင်ဘာ (၁၂)ရက် ညနေ(၃)နာရီတွင် ဂျပန်ကလပ် တိုကျိုဗာဒီ ဘယ်လီဇာ (Tokyo Verdy Beleza)အသင်း၊ နိုဝင်ဘာ (၁၅)ရက် ည(၇) နာရီတွင် မြောက်ကိုရီးယားကလပ် နယ်ဂိုယမ် (Naegoh yang)အသင်းတို့နှင့် ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်သည်။

image

AFC Challenge League အုပ်စုအဖွင့်မှာ တိုင်နန်စီးတီးအသင်းကို (၂) ဂိုး (၁) ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရသည့် ရှမ်းယူနိုက်တက်အမျိုးသားအသင်း

AFC Challenge League အုပ်စုအဖွင့်ပွဲစဥ်တွင် ရှမ်းယူနိုက်တက်အသင်းနှင့် တရုတ်တိုင်ပေကလပ် တိုင်နန်စီးတီးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ (၂) ဂိုး (၁) ဂိုင်းဖြင့် ရှမ်းယူနိုက်တက်အသင်း ရှုံးနိမ့်ခဲ့သည်။

ယမန်နေ့ အောက်တိုဘာ(၂၆)ရက်က အင်ဒိုနီးရှားနိုင်ငံရှိ ဒေဝယူနိုက်တက်အသင်း၏ အိမ်ကွင်းဖြစ်သည့် Sport Centre Kelapa Dua Tangerang Stadium မှာ ယှဉ်ပြိုင်ကစားခဲ့ကြခြင်းဖြစ်သည်။

ပွဲစဉ် ပထမပိုင်းမှာ တိုင်နန်စီးတီးအသင်းက ဦးဆောင်ဂိုး (၂) ဂိုးသွင်းယူခံ့ပြီး ဒုတိယပိုင်းပွဲချိန်တွင် ရှမ်းယူနိုက်တက်အသင်းမှ ကျောနံပတ် (၃) ရဲမင်းသူက ချေပဂိုး (၁) ဂိုး ပြန်လည်သွင်းယူပေးခဲ့ခြင်းလည်းဖြစ်သည်။

ရှမ်းယူနိုက်တက်အသင်းသည် လာမည့် အောက်တိုဘာ (၂ ၉) ရက် ၌ ဒုတိယမြောက်အုပ်စုပွဲစဉ်အဖြစ်ကမ္ဘောဒီးယားကလပ် ဖနွမ်းပင်ခရောင်းအသင်းနှင့် ထပ်မံယှဉ်ပြိုင်သွားရဦးမည်ဖြစ်သည်။

image